ဘ၀ျခင္းျခားပါေစ ခ်စ္မွာ {COℳP...

Bởi KaiLoveDikaKaihun

11.4K 1.1K 112

dika kaisoo စိတ္ကူးယဥ္ဇာတ္လမ္းတစ္ပုဒ္ Xem Thêm

ဘ၀ျခင္းျခားပါေစ...ခ်စ္မွာ(1)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(2)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(4)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(5)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(6)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(7)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(8)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(9)(Z+U)
ဘဝျခင္းျခားပါေစ...ခ်စ္မွာ(10)(Z+U)
ဘ၀ျခင္းျခားပါေစ...ခ်စ္မွာ(11)(Z+U)
ဘ၀ျခင္းျခားပါေစ...ခ်စ္မွာ(12)(Z+U)
ဘ၀ျခင္းျခားပါေစ...ခ်စ္မွာ(13)(Z+U)
ဘ၀ျခင္းျခားပါေစ...ခ်စ္မွာ(14)(Z+U)
ဘ၀ျခင္းျခားပါေစ...ခ်စ္မွာ(Final)(Z+U)

ဘဝျခင္းျခားပါေစ...ခ်စ္မွာ(3)(Z+U)

815 95 5
Bởi KaiLoveDikaKaihun

''စိုးရြံ႕မိပါတယ္ မင္းသား....''

အိပ္ယာထကတည္းက ေသာင္းက်န္းေနသည့္ အိမ္ေရွ႕စံေၾကာင္႔ အပ်ိဳေတာ္ၾကီးမွာ ၾကမ္းႏွင္႔ေခါင္း ထိကပ္ေနသည္အထိ ေခါင္းကိုငုံ႔ထားရသည္။

ေတာ္ၾကာ မင္းၾကီးခ်ီးျမင္႔ထားသည့္ လက္စြဲေတာ္ဓါးျဖင္႔ လည္ကိုခုတ္လိုက္မွ ေသရြာျမန္းေနရမည္။

ဝုန္း....

ဒုန္း....

ဂလြမ္း.....

မ်က္ႏွာသစ္ေရေတြကို သြန္ခ်ျပီးေၾကးဇလံုၾကီးကို နန္းေဆာင္အျပင္ဘက္ ျပတင္းေပါက္မွ ပစ္ထုတ္လိုက္ျပန္ပါသည္။

အိပ္ယာေတြ ခန္းဆီးေတြကိုလည္း ဆဲြခ်ထားသျဖင့္ နန္းေဆာင္တခုလံုး ရစရာမရိွ စိုရဲြရႈပ္ပြေနသည္။

''သြား...!!! ထြက္သြားၾက..!! အကုန္လံုး ထြက္သြားၾကစမ္း...!!''

°~°~°~°~°~°~°~°~°~

''အိပ္ယာထထျခင္း အိမ္ေရွ႕စံ ေသာင္းက်န္းေနပါသည္..'' ဟု အိမ္ေရွ႕စံႏ္းေဆာင္မွ အထိန္းေတာ္ၾကီး အေၾကာင္းၾကားလာသျဖင့္ မင္းၾကီးလည္း ေရႊအိုေရာင္နဂါး၀တ္ရုံေတာ္ကို ထပ္၀တ္လိုက္ျပီး အိမ္ေရွ႕စံ နန္းေဆာင္သို႔ ၾကြခ်ီလာခ့ဲပါသည္။

အိမ္ေရွ႕စံရဲ႕ နန္းေဆာင္ထဲသို႔ပင္ မ၀င္ရေသး မင္းသားငယ္၏ အသံစူးစူးက ၾကိဳႏွင့္ေနျပီ

“သြား ထြက္သြား အကုန္လံုးထြက္သြားၾက"

“မင္းၾကီး ၾကြလာပါျပီ..."

Choiကုန္းကုန္း၏ သတိေပးသံေၾကာင့္ အိမ္ေရွ႕စံ နန္းေဆာင္တြင္ အမႈထမ္းေနၾကေသာ အပ်ိဳေတာ္မ်ား ကိုယ္ရံေတာ္မ်ား အထိန္းေတာ္မ်ား အားလံုး ျငိမ္သက္စြာ ေခါင္းငံု႔ၾကိဳဆိုေနၾကပါသည္။

မင္းၾကီးလည္း ပ်ာယီးပ်ာယာျဖင့္ မင္းသားေလးရဲ႕ နန္းေဆာင္ထဲ၀င္လာခ့ဲပါသည္။

“သြား ထြက္သြားၾကလို႔ေျပာေနတယ္ေလ"

“မင္း...မင္းသားေလး"

“ထြက္သြားလို႔ေျပာေနတာ မၾကားဘူးလား''

မင္းသားေလးက အပ်ိဳေတာ္ေတြကို ဟိန္းေဟာက္မာန္မဲၾကိမ္းေမာင္းေနဆဲ

“အိမ္ေရွ႕စံ...''

မင္းၾကီးကိုျမင္ေတာ႔ မင္းသားက ထိုင္ရာမွထ ေခါင္းငုံ႔ထားေပမ႔ဲ မ်က္ေမွာင္ကေတာ႔ ကုတ္ထားဆဲပင္

''ကဲ...အားလံုးအျပင္ထြက္ၾကေတာ့ မင္းသားမ်က္ႏွာသစ္ဖို႔ ကိုယ္ေတာ္ပဲ လုပ္ေပးလိုက္ပါ့မယ္"

“အမိန္႔ေတာ္အတိုင္းပါပဲ... မင္းၾကီး"

မင္းသားငယ္ရဲ႕အိပ္ေဆာင္ထဲတြင္ ႏွစ္ေယာက္တည္းက်န္ေတာ႔သည့္အခ်ိန္မွ

“ညီေတာ္က လိမၼာပါတယ္ကြယ္... လာ! ကိုယ္ေတာ္ မ်က္ႏွာသစ္ေပးမယ္"

“ဟင့္အင္း...!!"

အိမ္ေရွ႕စံက ႏႈတ္ခမ္းစူကာ ေခါင္းယမ္းျပသည္။

ဘာေတြအလိုမက်ေနပါလိမ့္...

မိစာၧေကာင္နဲ႔ေတြ႕ျပီးမွ မင္းသားေလးသည္ လူေကာင္းပကတိအတိုင္း က်န္းမာေနပါသည္။

ႏွလံုးအားနည္းတာလဲမရိွ အေမာေဖာက္တာလဲမရိွ ေမ့ေျမာျခင္းလည္း မရိွေတာ့... သမားေတာ္ Kim Jongdaeေပးသည့္ အၾကံက မွန္ေနသည္။

“ဘာေတြ အလိုမက်ျဖစ္ေနလဲ မင္းသားေလးရယ္ ကိုယ္ေတာ့္ကို ေျပာျပမွသိမွာေပါ့ကြယ္"

“ကိုယ္ရံေတာ္Kim ဘယ္မွာလဲမင္းၾကီး...ကြ်န္ေတာ္မ်ိဳး ကိုယ္ရံေတာ္Kimကို လိုခ်င္တယ္...ကိုယ္ရံေတာ္Kimကို ကြ်န္ေတာ့ကိုေပးပါ"

“ဘာမ်ားလဲလို႔ အိမ္ေရွ႕စံရယ္.... ေပးမွာေပါ့.... ဒီေန႔ပဲ ကိုယ္ရံေတာ္Kim ဒီနန္းေဆာင္မွာ အမႈထမ္းပါလိမ့္မယ္..."

“တ___တကယ္လား မင္းၾကီး!!"

“တကယ္ေပါ့ မင္းသားရယ္...ကဲ ကဲ မ်က္ႏွာသစ္ထားေတာ့ ခဏေန ကိုယ္ရံေတာ္Kim လာလိမ့္မယ္"

“ဟုတ္က့ဲ..."

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ေခါင္းျဖီးေပးမယ္ေနာ္ မင္းသားေလး"

အပ်ိဳေတာ္ၾကီးက ေရႊဘီးေလးကို ကိုင္ရင္း မင္းသားေလးကို ေခါင္းျဖီးေပးရန္ ခြင့္ေတာင္းလိုက္ပါသည္။

“ရတယ္..ကိုယ္ရံေတာ္Kimလာမွ ျဖီးခိုင္းလိုက္မယ္"

အပ်ိဳေတာ္ၾကီးလည္း လက္ထဲမွ ေရႊဘီးေလးကို ျပန္ခ်ထားလိုက္ျပီး

“အ့ဲဒါဆိုလည္း ၀တ္ရုံေတာ္လဲဖို႔ ျပင္လိုက္မယ္ေနာ္"

“ရတယ္ ဆန္းဂြန္း... ကိုယ္ရံေတာ္Kimလာမွ လဲခိုင္းလိုက္မယ္... ဆန္းဂြန္း လုပ္စရာမရိွရင္ ကြ်န္ေတာ္နဲ႔ ကိုယ္ရံေတာ္Kim မနက္စာစားဖို႔ စားဖိုေဆာင္မွာ သြားကူလိုက္ပါ"

အပ်ိဳေတာ္ၾကီးလည္း မင္းသားေလးမသိေအာင္ ႏွာေခါင္းရံႈ႕လိုက္ျပီး

“ေကာင္းပါျပီ မင္းသားေလး"

မင္းသားေလးနန္းေဆာင္မွ ထြက္ကာ စားဖိုေဆာင္သို႔ ထြက္လာခ႔ဲပါသည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ္ေရွ႕စံရဲ႕ နန္းေဆာင္ဆီ Kim Jongin သြားေနပါသည္။

လမ္းမွာေတြ႕ေသာ ပ်ိဳပ်ိဳအိုအို က်ားမ မေရြးအားလံုးရဲ႕ မ်က္လံုးေတြက သူ႕ဆီမွာ

~~ေခ်ာလိုက္တာ~~

~~အ့ဲဒီလက္ကေလးကို တခါေလာက္ကိုင္ဖူးခ်င္လိုက္တယ္~~

~~အ့ဲဒီရင္ခြင္ထဲ အဖက္ခံရရင္ ေက်နပ္ပါျပီ~~

~~ကိုယ္ရံေတာ္ေလးနဲ႔ တေခါက္ေလာက္ အိပ္လိုက္ရရင္ ေသေပ်ာ္ပါျပီ~~

အပ်ိဳေတာ္ေတြရဲ႕ စကားေတြက သူ႔နားထဲမွာ လ်ံထြက္ေနပါသည္။

အိမ္ေရွ႕စံ နန္းေဆာင္ေရွ႕အေရာက္တြင္ေတာ့...

“ကိုယ္ရံေတာ္Kim ေရာက္လာျပီလို႔ မင္းသားေလးကို ေလ်ာက္တင္လိုက္"

''ဟုတ္...ဟုတ္က႔ဲ''

မ်က္စိေရွ႕မွ ေယာက္်ားပီသေသာ လူညိဳေခ်ာၾကီး၏ အေျပာအၾကည့္ေတြေအာက္ လီကုန္းကုန္းတေယာက္ သတိမကပ္ ေမ်ာေနပါျပီ

“ကိုယ္ရံေတာ္kim ေတြ႕ခြင့္ေတာင္းေနပါတယ္ မင္းသား"

~°~°~°~°~°~°

~~ကိုယ္ရံေတာ္Kim! ကိုယ္ရံေတာ္Kim ေရာက္ေနျပီဆိုပါလား~~

အတြင္းခံ အျဖဴေရာင္ ၀တ္စုံေလးကို ေသသပ္ေအာင္ ဆဲြခ်လိုက္ျပီး...

“၀င္ခြင့္ေပးလိုက္ပါ"

နန္းေဆာင္ထဲသို႔၀င္ခြင့္ရသည္ႏွင့္ လီကုန္းကုန္းကို ေက်ာ္၍ မင္းသားေလးရဲ႕ နန္းေဆာင္ထဲ Kim Jongin ၀င္လာခ့ဲပါသည္။

“ေရာက္လာျပီလား ေမွ်ာ္ေနတာ"

စကားသံႏွင္႔အတူ သူ႕ရင္ခြင္ထဲကို ေျပး၀င္လာတ့ဲ လံုးလံုးေသးေသး ခႏၶာကိုယ္ေလးကို အလိုက္သင့္ ျပန္ဖက္ထားလိုက္ပါသည္။

~~မင္းသားေလး ရင္ေတြခုန္ေနတာလား~~

လူေသြးနံ႔ စိတ္ရဲ႕ဆာေလာင္မြတ္သိပ္မႈကို သူတြန္းကန္ေနရပါသည္။

မင္းသားေလးရဲ႕ လည္ပင္း ျဖဴျဖဴမွ ေသြးေၾကာၾကီးေတြက သူ႕ရဲ႕ဆာေလာင္မႈကို ဆြဲေဆာင္ကာ ႏိူးဆြေနၾကသည္။

သူ႔သြားစြယ္တို႔က ထိန္းခ်ဳပ္ေနသည့္ၾကားမွ ထြက္လာၾကပါသည္။

~~ဘယ္လို လုပ္ရမလဲ ငါ့ရဲ႕ သရုပ္မွန္ကို မင္းသားေလးသိလို႔မျဖစ္ဘူး~~

“မင္းကို ေတြ႕ေတြ႕ျခင္းကို ငါ႔စိတ္ထဲမွာ တမ်ိဳးပဲ...အရမ္းတြယ္တာမိတယ္ ကိုယ္ရံေတာ္Kim..."

မင္းသားေလးရဲ႕ စကားသံတိုးတိုးကို မတုန္႔ျပန္မိေတာ့ ရင္ခြင္ထဲတြင္ရိွေနေသာ မင္းသားေလးကို တြန္းထုတ္ပစ္လိုက္ျပီး နန္းေဆာင္ထဲမွ ေျပးထြက္လာခ့ဲပါသည္။

သူ႔ကို ကုတင္ေပၚတြန္းပစ္ခ့ဲျပီး နန္းေဆာင္ အျပင္ေျပးထြက္သြားတ့ဲ ကိုယ္ရံေတာ္Kimကို နားမလည္ႏိုင္...ဘာျဖစ္လို႔ ထြက္ေျပးသြားခ႔ဲတာလဲ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေသြး...

သူ...လူေသြး အရမ္းေသာက္ခ်င္ေနျပီ

လူသ႑န္လို ထိန္းခ်ဳပ္ႏိုင္သည္႔ စြမ္းအင္ေတြက ကုန္ခမ္းေနျပီ

လူေသြးကို မေသာက္သုံးရလ်ွင္ သိပ္မၾကာခင္ နန္းေတာ္တစ္ခုလံုး သူ႔သရုပ္မွန္ကို သိသြားၾကေတာ႔မည္။

ထို႔ေၾကာင္႔သူ႕အတြက္ သားေကာင္ျဖစ္ႏိုင္မည့္လူကို အေရးေပၚ ရွာေဖြေနရပါျပီ

ေတြ႕ျပီ ေရခ်ိဳးေဆာင္တြင္ ေရခ်ဳိးေနေသာ ေယာက္်ားပ်ိဳေလးတစ္ေယာက္

ေသြးတို႔သည္ ညီႇနံ႔မရိွပဲ လတ္ဆတ္ကာေမႊးပ်ံ႕ေနပါသည္။

သူလည္း ေဘးပတ္ဝန္းက်င္ကို အကဲခတ္လိုက္ျပီး ေရခ်ဳိးေဆာင္သို႔ ၀င္လိုက္ပါေတာ႔သည္။

“လူ...လူ"

Baekhyun တေယာက္ ေရခ်ိဳးေနရင္း လူဝင္လာသည္ ေတြ႔လိုက္သျဖင္႔ အားမာန္အျပည့္နဲ႔ ေအာ္ဟစ္လိုက္ေပမ့ဲ အသံတို႔သည္ လည္ပင္း၀မွ ထြက္မလာပါ

အေမႊးနံ႔တခု ပန္းေပါင္းစုံန႔ံတမ်ိဳးပဲ အသက္ရွဴလမ္းေၾကာင္းမွာ အားပါးတရ ရွဴရိႈက္လိုက္မိသည္။

ထိုခဏ၌ အသိတို႔က ေ၀၀ါးေထြျပားသြားခ႔ဲပါသည္။

သူ႔ခႏၶာကိုယ္အႏွံ႔ ပြတ္သပ္ေနသည့္ ေအးစက္စက္လက္တစုံ...

လည္တိုင္ဆီမွ သူစိမ္းလူရဲ႕ ေအးစက္ေနသည့္ အနမ္းေတြက အထက္ႏွင့္ေအာက္ ကူးခပ္ေနၾကသည္။

အသိစိတ္တို႔သည္ သူစိမ္းလူရဲ႕ အထိအေတြ႕ေတြၾကား မိွန္းေမာသာယာေနစဥ္ လည္တိုင္မွ တိရစၧာန္တေကာင္ ကိုက္ခဲခံလိုက္သလိုပါပဲ နာက်င္သြားပါသည္။

သို႔ေပမ႔ဲ႔ ထိုနာက်င္မႈက တခဏတာ...နာက်င္မႈေနာက္က ကပ္ပါလာသည္႔ စိတ္ရဲ႕သာယာမႈ... ေနာက္ဆံုးေတာ့ သူ႔တစ္ကိုယ္လံုး ႏႈန္းေခြက်သြားခ့ဲျပီး လက္ရိွေလာကႏွင့္ ေခတၱခဏအဆက္အသြယ္ ျပတ္သြားခ့ဲပါသည္။

စိတ္အဆာေျပသြားသည္မို႔ သြားစြယ္တို႔က ျပန္ဝင္သြားခ႔ဲျပီ ႏႈတ္ခမ္းတဝိႈက္ ေပပြသြားသည္႔ ေသြးတို႔ကို သုတ္လိုက္ျပီး...ရြဲ႕ေစာင္းတြန္႔ေၾကေနသည့္ အ၀တ္အစားမ်ားကို ျပန္လည္ဆဲြဆန္႔လိုက္ရင္း ေျခလွမ္းေတြက မင္းသားေလးရဲ႕ နန္းေဆာင္ဆီသို႔ ျပန္လည္ဦးတည္လိုက္ပါေတာ႔သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ျပန္လာျပီလား...? ကိုယ္ရံေတာ္Kim ခုနက ေမာင္မင္း ဘာျဖစ္သြားတာလဲ"

မင္းသားေလးက မ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္ သူ႔ကို ေမးေနသည္။

“စိုးရြံ႕မိပါတယ္ မင္းသားေလး...''

''မလိုပါဘူး...ေမာင္မင္း အဆင္ေျပရဲ႕လား...''

''ကြ်န္ေတာ္မ်ိဳး ဘာမွမျဖစ္ပါဘူး! မင္းသားေလး ေခါင္းမျဖီးရေသးဘူးမလား ကြ်န္ေတာ္မ်ိဳးျဖီးေပးမယ္"

“အြန္း.... ဒီမွာေခါင္းဘီး"

သူ႕လက္ထဲသို႔ ထည့္ေပးလာေသာ မင္းသားေလးရဲ႕ ေရႊေရာင္ေခါင္းဘီးေလးကို လွမ္းယူလိုက္ရင္း

“လာ!မင္းသားေလး ဒီထိုင္ခံုမွာထိုင္"

စားပဲြခံုေရွ႕တြင္ ခ်ထားေသာ မေဟာ္ဂနီေရာင္ေတာက္ေနသည့္ ထိုင္ခံုအ၀ိုင္းေလးတြင္ မင္းသားေလးကို ေပးထိုင္လိုက္ျပီး အညိဳေရာင္ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကို ညင္သာစြာ ျဖီးသင္ေပးေနမိသည္။

~~ဆံသားေလးေတြက သူအၾကိမ္ၾကိမ္ နမ္းရိႈက္ဖူးခ့ဲတ့ဲ ၾကင္ရာေတာ္Luရဲ႕ ဆံႏြယ္ေလးေတြအတိုင္ပါပဲလား~~

ေနာက္ေက်ာတြင္ ၀ဲက်ေနေသာ အညိဳေရာင္ ဆံႏြယ္ေလးမ်ားကို မင္းသားေလးမသိေအာင္ ခိုးနမ္းလိုက္သည္။

~~လြမ္းလိုက္တာ ၾကင္ရာေတာ္ရယ္ မင္းရဲ႕ ႏွလံုးသားဘယ္မွာရိွတယ္ဆိုတာ က်ဳပ္သိေပမ့ဲ မင္းရဲ႕ ခႏၶာကိုယ္ကို ဘယ္မွာဖြက္သိမ္းထားလဲဆိုတာ က်ဳပ္ရွာရဦးမယ္ ၾကင္ရာေတာ္...~~

ဆက္ရန္»»»

(unicode)

''စိုးရွံ့မိပါတယ် မင်းသား....''

အိပ်ယာထကတည်းက သောင်းကျန်းနေသည့် အိမ်ရှေ့စံကြောင့် အပျိုတော်ကြီးမှာ ကြမ်းနှင့်ခေါင်း ထိကပ်နေသည်အထိ ခေါင်းကိုငုံ့ထားရသည်။

တော်ကြာ မင်းကြီးချီးမြင့်ထားသည့် လက်စွဲတော်ဓါးဖြင့် လည်ကိုခုတ်လိုက်မှ သေရွာမြန်းနေရမည်။

ဝုန်း....

ဒုန်း....

ဂလွမ်း.....

မျက်နှာသစ်ရေတွေကို သွန်ချပြီးကြေးဇလုံကြီးကို နန်းဆောင်အပြင်ဘက် ပြတင်းပေါက်မှ ပစ်ထုတ်လိုက်ပြန်ပါသည်။

အိပ်ယာတွေ ခန်းဆီးတွေကိုလည်း ဆွဲချထားသဖြင့် နန်းဆောင်တခုလုံး ရစရာမရှိ စိုရွဲရှုပ်ပွနေသည်။

''သွား...!!! ထွက်သွားကြ..!! အကုန်လုံး ထွက်သွားကြစမ်း...!!''

°~°~°~°~°~°~°~°~°~

''အိပ်ယာထထခြင်း အိမ်ရှေ့စံ သောင်းကျန်းနေပါသည်..'' ဟု အိမ်ရှေ့စံန်းဆောင်မှ အထိန်းတော်ကြီး အကြောင်းကြားလာသဖြင့် မင်းကြီးလည်း ရွှေအိုရောင်နဂါးဝတ်ရုံတော်ကို ထပ်ဝတ်လိုက်ပြီး အိမ်ရှေ့စံရဲ့ နန်းဆောင်သို့ ကြွချီလာခဲ့ပါသည်။

အိမ်ရှေ့စံရဲ့ နန်းဆောင်ထဲသို့ပင် မဝင်ရသေး မင်းသားငယ်၏ အသံစူးစူးက ကြိုနှင့်နေပြီ

“သွား ထွက်သွား အကုန်လုံးထွက်သွားကြ"

“မင်းကြီး ကြွလာပါပြီ..."

Choiကုန်းကုန်း၏ သတိပေးသံကြောင့် အိမ်ရှေ့စံ နန်းဆောင်တွင် အမှုထမ်းနေကြသော အပျိုတော်များ ကိုယ်ရံတော်များ အထိန်းတော်များ အားလုံး ငြိမ်သက်စွာ ခေါင်းငုံ့ကြိုဆိုနေကြပါသည်။

မင်းကြီးလည်း ပျာယီးပျာယာဖြင့် မင်းသားလေးရဲ့ နန်းဆောင်ထဲဝင်လာခဲ့ပါသည်။

“သွား ထွက်သွားကြလို့ပြောနေတယ်လေ"

“မင်း...မင်းသားလေး"

“ထွက်သွားလို့ပြောနေတာ မကြားဘူးလား''

မင်းသားလေးက အပျိုတော်တွေကို ဟိန်းဟောက်မာန်မဲကြိမ်းမောင်းနေဆဲ

“အိမ်ရှေ့စံ...''

မင်းကြီးကိုမြင်တော့ မင်းသားက ထိုင်ရာမှထ ခေါင်းငုံ့ထားပေမဲ့ မျက်မှောင်ကတော့ ကုတ်ထားဆဲပင်

''ကဲ...အားလုံးအပြင်ထွက်ကြတော့ မင်းသားမျက်နှာသစ်ဖို့ ကိုယ်တော်ပဲ လုပ်ပေးလိုက်ပါ့မယ်"

“အမိန့်တော်အတိုင်းပါပဲ... မင်းကြီး"

မင်းသားငယ်ရဲ့အိပ်ဆောင်ထဲတွင် နှစ်ယောက်တည်းကျန်တော့သည့်အချိန်မှ

“ညီတော်က လိမ္မာပါတယ်ကွယ်... လာ! ကိုယ်တော် မျက်နှာသစ်ပေးမယ်"

“ဟင့်အင်း...!!"

အိမ်ရှေ့စံက နှုတ်ခမ်းစူကာ ခေါင်းယမ်းပြသည်။

ဘာတွေအလိုမကျနေပါလိမ့်...

မိစ္ဆာကောင်နဲ့တွေ့ပြီးမှ မင်းသားလေးသည် လူကောင်းပကတိအတိုင်း ကျန်းမာနေပါသည်။

နှလုံးအားနည်းတာလဲမရှိ အမောဖောက်တာလဲမရှိ မေ့မြောခြင်းလည်း မရှိတော့... သမားတော် Kim Jongdaeပေးသည့် အကြံက မှန်နေသည်။

“ဘာတွေ အလိုမကျဖြစ်နေလဲ မင်းသားလေးရယ် ကိုယ်တော့်ကို ပြောပြမှသိမှာပေါ့ကွယ်"

“ကိုယ်ရံတော်Kim ဘယ်မှာလဲမင်းကြီး...ကျွန်တော်မျိုး ကိုယ်ရံတော်Kimကို လိုချင်တယ်...ကိုယ်ရံတော်Kimကို ကျွန်တော့ကိုပေးပါ"

“ဘာများလဲလို့ အိမ်ရှေ့စံရယ်.... ပေးမှာပေါ့.... ဒီနေ့ပဲ ကိုယ်ရံတော်Kim ဒီနန်းဆောင်မှာ အမှုထမ်းပါလိမ့်မယ်..."

“တ___တကယ်လား မင်းကြီး!!"

“တကယ်ပေါ့ မင်းသားရယ်...ကဲ ကဲ မျက်နှာသစ်ထားတော့ ခဏနေ ကိုယ်ရံတော်Kim လာလိမ့်မယ်"

“ဟုတ်ကဲ့..."

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ခေါင်းဖြီးပေးမယ်နော် မင်းသားလေး"

အပျိုတော်ကြီးက ရွှေဘီးလေးကို ကိုင်ရင်း မင်းသားလေးကို ခေါင်းဖြီးပေးရန် ခွင့်တောင်းလိုက်ပါသည်။

“ရတယ်..ကိုယ်ရံတော်Kimလာမှ ဖြီးခိုင်းလိုက်မယ်"

အပျိုတော်ကြီးလည်း လက်ထဲမှ ရွှေဘီးလေးကို ပြန်ချထားလိုက်ပြီး

“အဲ့ဒါဆိုလည်း ဝတ်ရုံတော်လဲဖို့ ပြင်လိုက်မယ်နော်"

“ရတယ် ဆန်းဂွန်း... ကိုယ်ရံတော်Kimလာမှ လဲခိုင်းလိုက်မယ်... ဆန်းဂွန်း လုပ်စရာမရှိရင် ကျွန်တော်နဲ့ ကိုယ်ရံတော်Kim မနက်စာစားဖို့ စားဖိုဆောင်မှာ သွားကူလိုက်ပါ"

အပျိုတော်ကြီးလည်း မင်းသားလေးမသိအောင် နှာခေါင်းရှုံ့လိုက်ပြီး

“ကောင်းပါပြီ မင်းသားလေး"

မင်းသားလေးနန်းဆောင်မှ ထွက်ကာ စားဖိုဆောင်သို့ ထွက်လာခဲ့ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ရှေ့စံရဲ့ နန်းဆောင်ဆီ Kim Jongin သွားနေပါသည်။

လမ်းမှာတွေ့သော ပျိုပျိုအိုအို ကျားမ မရွေးအားလုံးရဲ့ မျက်လုံးတွေက သူ့ဆီမှာ

~~ချောလိုက်တာ~~

~~အဲ့ဒီလက်ကလေးကို တခါလောက်ကိုင်ဖူးချင်လိုက်တယ်~~

~~အဲ့ဒီရင်ခွင်ထဲ အဖက်ခံရရင် ကျေနပ်ပါပြီ~~

~~ကိုယ်ရံတော်လေးနဲ့ တခေါက်လောက် အိပ်လိုက်ရရင် သေပျော်ပါပြီ~~

အပျိုတော်တွေရဲ့ စကားတွေက သူ့နားထဲမှာ လျံထွက်နေပါသည်။

အိမ်ရှေ့စံ နန်းဆောင်ရှေ့အရောက်တွင်တော့...

“ကိုယ်ရံတော်Kim ရောက်လာပြီလို့ မင်းသားလေးကို လျောက်တင်လိုက်"

''ဟုတ်...ဟုတ်ကဲ့''

မျက်စိရှေ့မှ ယောက်ျားပီသသော လူညိုချောကြီး၏ အပြောအကြည့်တွေအောက် လီကုန်းကုန်းတယောက် သတိမကပ် မျောနေပါပြီ

“ကိုယ်ရံတော်kim တွေ့ခွင့်တောင်းနေပါတယ် မင်းသား"

~°~°~°~°~°~°

~~ကိုယ်ရံတော်Kim! ကိုယ်ရံတော်Kim ရောက်နေပြီဆိုပါလား~~

အတွင်းခံ အဖြူရောင် ဝတ်စုံလေးကို သေသပ်အောင် ဆွဲချလိုက်ပြီး...

“ဝင်ခွင့်ပေးလိုက်ပါ"

နန်းဆောင်ထဲသို့ဝင်ခွင့်ရသည်နှင့် လီကုန်းကုန်းကို ကျော်၍ မင်းသားလေးရဲ့ နန်းဆောင်ထဲ Kim Jongin ဝင်လာခဲ့ပါသည်။

“ရောက်လာပြီလား မျှော်နေတာ"

စကားသံနှင့်အတူ သူ့ရင်ခွင်ထဲကို ပြေးဝင်လာတဲ့ လုံးလုံးသေးသေး ခန္ဓာကိုယ်လေးကို အလိုက်သင့် ပြန်ဖက်ထားလိုက်ပါသည်။

~~မင်းသားလေး ရင်တွေခုန်နေတာလား~~

လူသွေးနံ့ စိတ်ရဲ့ဆာလောင်မွတ်သိပ်မှုကို သူတွန်းကန်နေရပါသည်။

မင်းသားလေးရဲ့ လည်ပင်း ဖြူဖြူမှ သွေးကြောကြီးတွေက သူ့ရဲ့ဆာလောင်မှုကို ဆွဲဆောင်ကာ နိူးဆွနေကြသည်။

သူ့သွားစွယ်တို့က ထိန်းချုပ်နေသည့်ကြားမှ ထွက်လာကြပါသည်။

~~ဘယ်လို လုပ်ရမလဲ ငါ့ရဲ့ သရုပ်မှန်ကို မင်းသားလေးသိလို့မဖြစ်ဘူး~~

“မင်းကို တွေ့တွေ့ခြင်းကို ငါ့စိတ်ထဲမှာ တမျိုးပဲ...အရမ်းတွယ်တာမိတယ် ကိုယ်ရံတော်Kim..."

မင်းသားလေးရဲ့ စကားသံတိုးတိုးကို မတုန့်ပြန်မိတော့ ရင်ခွင်ထဲတွင်ရှိနေသော မင်းသားလေးကို တွန်းထုတ်ပစ်လိုက်ပြီး နန်းဆောင်ထဲမှ ပြေးထွက်လာခဲ့ပါသည်။

သူ့ကို ကုတင်ပေါ်တွန်းပစ်ခဲ့ပြီး နန်းဆောင် အပြင်ပြေးထွက်သွားတဲ့ ကိုယ်ရံတော်Kimကို နားမလည်နိုင်...ဘာဖြစ်လို့ ထွက်ပြေးသွားခဲ့တာလဲ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သွေး...

သူ...လူသွေး အရမ်းသောက်ချင်နေပြီ

လူသဏ္ဍန်လို ထိန်းချုပ်နိုင်သည့် စွမ်းအင်တွေက ကုန်ခမ်းနေပြီ

လူသွေးကို မသောက်သုံးရလျှင် သိပ်မကြာခင် နန်းတော်တစ်ခုလုံး သူ့သရုပ်မှန်ကို သိသွားကြတော့မည်။

ထို့ကြောင့်သူ့အတွက် သားကောင်ဖြစ်နိုင်မည့်လူကို အရေးပေါ် ရှာဖွေနေရပါပြီ

တွေ့ပြီ ရေချိုးဆောင်တွင် ရေချိုးနေသော ယောက်ျားပျိုလေးတစ်ယောက်

သွေးတို့သည် ညှီနံ့မရှိပဲ လတ်ဆတ်ကာမွှေးပျံ့နေပါသည်။

သူလည်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ရေချိုးဆောင်သို့ ဝင်လိုက်ပါတော့သည်။

“လူ...လူ"

Baekhyun တယောက် ရေချိုးနေရင်း လူဝင်လာသည် တွေ့လိုက်သဖြင့် အားမာန်အပြည့်နဲ့ အော်ဟစ်လိုက်ပေမဲ့ အသံတို့သည် လည်ပင်းဝမှ ထွက်မလာပါ

အမွှေးနံ့တခု ပန်းပေါင်းစုံနံ့တမျိုးပဲ အသက်ရှူလမ်းကြောင်းမှာ အားပါးတရ ရှူရှိုက်လိုက်မိသည်။

ထိုခဏ၌ အသိတို့က ေ၀ဝါးထွေပြားသွားခဲ့ပါသည်။

သူ့ခန္ဓာကိုယ်အနှံ့ ပွတ်သပ်နေသည့် အေးစက်စက်လက်တစုံ...

လည်တိုင်ဆီမှ သူစိမ်းလူရဲ့ အေးစက်နေသည့် အနမ်းတွေက အထက်နှင့်အောက် ကူးခပ်နေကြသည်။

အသိစိတ်တို့သည် သူစိမ်းလူရဲ့ အထိအတွေ့တွေကြား မှိန်းမောသာယာနေစဉ် လည်တိုင်မှ တိရစ္ဆာန်တကောင် ကိုက်ခဲခံလိုက်သလိုပါပဲ နာကျင်သွားပါသည်။

သို့ပေမဲ့ ထိုနာကျင်မှုက တခဏတာ...နာကျင်မှုနောက်က ကပ်ပါလာသည့် စိတ်ရဲ့သာယာမှု... နောက်ဆုံးတော့ သူ့တစ်ကိုယ်လုံး နှုန်းခွေကျသွားခဲ့ပြီး လက်ရှိလောကနှင့် ခေတ္တခဏအဆက်အသွယ် ပြတ်သွားခဲ့ပါသည်။

စိတ်အဆာပြေသွားသည်မို့ သွားစွယ်တို့က ပြန်ဝင်သွားခဲ့ပြီ နှုတ်ခမ်းတဝှိုက် ပေပွသွားသည့် သွေးတို့ကို သုတ်လိုက်ပြီး...ရွဲ့စောင်းတွန့်ကြေနေသည့် အဝတ်အစားများကို ပြန်လည်ဆွဲဆန့်လိုက်ရင်း ခြေလှမ်းတွေက မင်းသားလေးရဲ့ နန်းဆောင်ဆီသို့ ပြန်လည်ဦးတည်လိုက်ပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ပြန်လာပြီလား...? ကိုယ်ရံတော်Kim ခုနက မောင်မင်း ဘာဖြစ်သွားတာလဲ"

မင်းသားလေးက မျက်စိပျက်မျက်နှာပျက်ဖြင့် သူ့ကို မေးနေသည်။

“စိုးရွံ့မိပါတယ် မင်းသားလေး...''

''မလိုပါဘူး...မောင်မင်း အဆင်ပြေရဲ့လား...''

''ကျွန်တော်မျိုး ဘာမှမဖြစ်ပါဘူး! မင်းသားလေး ခေါင်းမဖြီးရသေးဘူးမလား ကျွန်တော်မျိုးဖြီးပေးမယ်"

“အွန်း.... ဒီမှာခေါင်းဘီး"

သူ့လက်ထဲသို့ ထည့်ပေးလာသော မင်းသားလေးရဲ့ ရွှေရောင်ခေါင်းဘီးလေးကို လှမ်းယူလိုက်ရင်း

“လာ!မင်းသားလေး ဒီထိုင်ခုံမှာထိုင်"

စားပွဲခုံရှေ့တွင် ချထားသော မဟော်ဂနီရောင်တောက်နေသည့် ထိုင်ခုံအဝိုင်းလေးတွင် မင်းသားလေးကို ပေးထိုင်လိုက်ပြီး အညိုရောင် ဆံနွယ်ပျော့ပျော့လေးတွေကို ညင်သာစွာ ဖြီးသင်ပေးနေမိသည်။

~~ဆံသားလေးတွေက သူအကြိမ်ကြိမ် နမ်းရှိုက်ဖူးခဲ့တဲ့ ကြင်ရာတော်Luရဲ့ ဆံနွယ်လေးတွေအတိုင်ပါပဲလား~~

နောက်ကျောတွင် ဝဲကျနေသော အညိုရောင် ဆံနွယ်လေးများကို မင်းသားလေးမသိအောင် ခိုးနမ်းလိုက်သည်။

~~လွမ်းလိုက်တာ ကြင်ရာတော်ရယ် မင်းရဲ့ နှလုံးသားဘယ်မှာရှိတယ်ဆိုတာ ကျုပ်သိပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်မှာဖွက်သိမ်းထားလဲဆိုတာ ကျုပ်ရှာရဦးမယ် ကြင်ရာတော်...~~

ဆက်ရန်»»»

Đọc tiếp

Bạn Cũng Sẽ Thích

22K 1.5K 18
စည္းကမ္းတင္းျကပ္ျပီး ေအးစက္မာေက်ာေသာ အေခ်ဆ႐ာျကီး Tinနွင့္ ဗရုပ္သုတ္ခေနတတ္ျပီး စာလုပ္ရမွာေသေလာက္္ေအာင္ ေျကာက္ေသာ ေက်ာင္းသား Plan တို႔တစ္အိမ္ထဲတြင္အတူ...
7.9K 428 39
လောက ကြီးက အရာအားလုံးကို ငါမပိုင်ဆိုင်နိုင်ဘူး ဆိုရင်တောင် မင်းကိုတော့ ငါပိုင်ဆိုင်ချင်မိတယ် ။
9.9K 1.1K 27
"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"
873K 40.6K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...