လြန္ခ႔ဲေသာ ႏွစ္ေပါင္းႏွစ္ဆယ္...
တိုင္ျပည္ၾကီးႏွင္႔ အလြန္ေဝးလံေသာ ေတာတြင္းတေနရာတြင္ေတာ႔...
''ေျပး.....''
''သတ္!!!……………တစ္ေကာင္မွ မလြတ္ေစနဲ႔!!!''
အလစ္အငိုက္ ၀င္ေရာက္တိုက္ခိုက္ေသာ မဟူရာတပ္ သို႔မဟုတ္ ေသမင္းတမာန္ဆိုျပီး လွ်ဳိ႕၀ွက္ဖဲြ႕စည္းထားသည့္ မင္းၾကီး ဒိုဂ်င္းေျမာင္၏ ၀ံပုေလြတပ္ၾကီးသည္ ေသြးစုပ္လူသားမ်ိဳးႏြယ္စုတခုလံုးအား မည္းမည္းျမင္ရာ ကိုက္ျဖတ္သုတ္သင္ေနပါေတာ့သည္။
မထင္မွတ္ထားသည့္အခ်ိန္တြင္ ၀င္ေရာက္လာျပီး အလစ္အငိုက္ တိုက္ခိုက္ခံေနရေသာေၾကာင့္ ေသြးစုပ္လူသားမ်ားမွာ ဘာမွ ျပင္ဆင္ကာကြယ္ခ်ိန္မရလိုက္ပဲ ၀ံပုေလြတပ္မ်ား၏ လက္ထဲတြင္ အတုံုးအရုန္း အထိနာ အက်အဆံုးမ်ားေနၾကသည္။
||ေျပးၾက လူစုခြဲျပီးေျပးၾကေတာ့||
~~အူ၀ူး၀ူး၀ူး..ေ၀ါင္းးးဂယားး~~
ေသြးစုပ္လူသားတို႔၏ ေသြးပ်က္ေျခာက္ျခား ေအာ္သံဟစ္သံမ်ားႏွင္႔အတူ ၀ံပုေလြၾကီးမ်ားရဲ႕ ကိုက္သံဆဲြသံေတြကလည္း ေတာတြင္းတစ္ခုလံုး ကမၻာပ်က္ေနသည့္အလား ညံပြက္ေနၾကပါေတာ႔သည္။
''Jong...!!"
၀ံပုေလြသုံးေကာင္ႏွင့္ အေသအေၾကတိုက္ခိုက္ေနစဥ္ မိတ္ဖက္ျဖစ္သူ Xiao Lu၏ အားကိုးတၾကီး ေအာ္ေခၚသံေၾကာင့္ တိုက္ပဲြကို ျမန္ျမန္လက္စသတ္ျပီး ေနာက္သို႔လွည့္ၾကည့္လိုက္သည္။
ခ်ပ္ဝတ္တန္ဆာ အျပည္႔အစုံဝတ္ဆင္ထားသည့္ မင္းသားငယ္ေလးက Xiao Luကို ၀ံပုေလြေသြးျဖင့္ပက္ျဖန္းျပီး မရုန္းႏိုင္ေအာင္ခ်ဳပ္ထားသည္ကို ေတြ႕လိုက္ရပါသည္။
''Jong... ကြ်န္မကို ကယ္ပါဦး"
ၾကည့္ေနရင္းႏွင့္ပင္ မင္းသားငယ္က သူမကို ျမင္းေပၚတြန္းတင္ျပီး တိုက္ပဲြနယ္ေျမမွ ထြက္ခြာသြားခ့ဲပါေတာ႔သည္။
သူလည္း ဘာမွ်စဥ္းစားမေနေတာ့ပဲ သူမကို ေခၚတင္သြားတ့ဲ မင္းသားငယ္ေနာက္သို႔ ေျပးလိုက္လာခ႔ဲပါေတာ့သည္။
°~°~°~°~°~°~°~°~
နန္းေတာ္ထဲတြင္ ဟိုေနရာလူစုစု ဒီေနရာလူစုစု ေျပာေနသည့္အေၾကာင္းအရာက တစ္ခုတည္း...
“မင္းသားေလးကို ေစာင့္ေရွာက္ဖို႔ ကိုယ္ရံေတာ္တစ္ေယာက္ နန္းေတာ္ထဲ ေရာက္မယ္တ့ဲ"
အပ်ိဳေတာ္ေခါင္းေဆာင္ ဂင္ဆန္းဂြန္၏စကားေၾကာင့္ အျခားအပ်ိဳေတာ္မ်ား ႏွာေခါင္းရံႈ႕လိုက္ၾကသည္။
“ကိုယ္ရံေတာ္...ဟုတ္လား?? ေခါင္းေဆာင္ၾကီး..."
“ဟုတ္တယ္... ဘာျဖစ္လို႔လဲ"
“ဘာျဖစ္ရမွာလဲ ေခါင္းေဆာင္ၾကီးရဲ႕...မင္းသားေလးကျဖင့္ ေနမေကာင္းေနတာက ခပ္မ်ားမ်ား...အခုလည္း ေနမေကာင္းဘူးဆိုျပီး အိပ္ယာထဲလွဲေနတာ ခုနစ္ရက္ေလာက္ရိွေနျပီမလား..."
“ဟုတ္တယ္... ေခါင္းေဆာင္ၾကီးရဲ႕... အပ်ိဳေတာ္ယြန္း ေျပာတာအမွန္ပဲ... ေတာ္ဝင္သမားေတာ္ၾကီးေတြေတာင္ လက္ေလ်ာ့ထားျပီဆိုပဲ အမွန္ဆို ကိုယ္ရံေတာ္က မလိုေတာ့ပါဘူး"
''ေတာ္!! တိတ္ၾကစမ္း!! ဘယ္ကိုလာျပီး အတင္းေျပာေနၾကတာလဲ! နင္တို႔ေတြမွာ အသက္အပိုပါလာၾကတယ္ထင္တယ္ ဟုတ္လား..!!''
ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိေသာ Choiကုန္းကုန္း၏ ဆူပူက်ိန္းေမာင္းမႈေၾကာင့္ အပ်ိဳေတာ္တသိုက္ ေခါင္းငိုက္စိုက္ခ်ျပီး ျငိမ္ကုပ္သြားခ႔ဲၾကပါသည္။
''နင္တို႔အလုပ္မရွိဘူးလား... ကိုယ့္အလုပ္ကိုယ္သြားလုပ္ ၾကစမ္း..! ေနာက္ထပ္တခါ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ထပ္ေျပာသံၾကားရင္ ေျပာတ့ဲသူရဲ႕လွ်ာကို ငါကိုယ္တိုင္ျဖတ္ပစ္မယ္ ၾကားလား"
''...........''
အပ်ိဳေတာ္မ်ားမွာ ေၾကာက္လန္႔သျဖင္႔ အသံပင္ မထြက္ရဲၾက
“ေမးေနတယ္ေလ ၾကားလား!!"
''ဟုတ္!! ဟုတ္က့ဲ ေနာက္မျဖစ္ေစရပါဘူး ကုန္းကုန္းၾကီး...ကြ်န္ေတာ္မ်ိဳးမတို႔ မီးဖိုေဆာင္မွာ အလုပ္သြားလုပ္လိုက္ပါဦးမယ္"
အပ်ိဳေတာ္ေတြ အလွ်ဳိအလွ်ဳိျဖင့္ သူ႕အေရွ႕မွ ထြက္ခြာသြားၾကပါသည္။
“ဟူးးး နင္တို႔တေတြေတာ့ ႏႈတ္မေစာင္႔စည္းၾကတာေၾကာင့္ အသက္ေပ်ာက္ေတာ့မွာပဲ..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင္းၾကီး၏ ေရခ်ဳိးေဆာင္တြင္ အႏွစ္ႏွစ္ဆယ္ေက်ာ္ခန္႔ရိွျပီျဖစ္ေသာ သူ၏ဂ်ီးေညွာ္မ်ားကို သန္႔စင္သြားေအာင္ ေရခ်ဳိးသန္႔စင္လိုက္ပါသည္။
အဝတ္တင္သည့္ ဝါးတန္းေလးေပၚတြင္ သူ႕အတြက္ မင္းၾကီးစီစဥ္ေပးထားသည့္ ကိုယ္ရံေတာ္၀တ္စုံကို ၀တ္ဆင္ကာ မင္းၾကီးေရွ႕သို႔ထြက္လာခ့ဲပါသည္။
“ဒီမွာ ေမာင္မင္းအတြက္ ဆိတ္ေသြးစီစဥ္ေပးထားတယ္ ေသာက္လိုက္ပါဦး"
ေသြးျမင္သည္ႏွင့္ သူ႕မ်က္လံုးအိမ္တခုလံုး အနက္ေရာင္အျဖစ္ေျပာင္းသြားျပီး လက္သည္းမ်ားရွည္ထြက္လာကာ အစြယ္မ်ားလည္း ထြက္လာခ့ဲသည္။
စားပဲြေပၚတြင္တင္ထားေသာ ဆိတ္ေသြးပန္းကန္ကို အငမ္းမရေမာ့ေသာက္ပစ္လိုက္ပါသည္။
ခႏၶာကုိယ္ထဲသို႔ ေသြးမ်ား၀င္ေရာက္လည္ပတ္သြားသည္ႏွင့္
မဲြေျခာက္ေျခာက္ျဖစ္ေနေသာ သူ႔အသားအရည္တို႔သည္ စိုေျပ၀င္းမြတ္လာျပီး ရႈပ္ေထြးမဲြေျခာက္ေနေသာ ဆံပင္ဆံသားမ်ားသည္လည္း ပိုးသားေလးလိုေပ်ာ့ေပ်ာင္း နက္ေမွာင္လာခ့ဲပါသည္။
မ်က္စိေရွ႕တြင္ တမဟုတ္ျခင္း ေျပာင္းလဲေနေသာ ေသြးစုပ္လူသားဆိုသည္႔ သတၱဝါဆန္းကိုၾကည့္ျပီး အံ့ၾသမွင္တက္မိေနသူက မင္းၾကီး Do Junmyeon
“သိပ္အံ့ၾသေနလား မင္းၾကီး!!! တိရစၧာန္ေသြးမလို႔ ဒီေလာက္ပဲေျပာင္းလဲတာပါ လူေသြးဆိုရင္ ဒီထက္မက ေျပာင္းလဲသြားႏိုင္ပါတယ္... အခုေနခင္မ်ားရဲ႕ ေတာ္ဝင္ေသြးကို ေသာက္လိုက္ရရင္ေတာ့ အဟင္း...ဟင္း...ဟင္း"
“အ့ဲဒီေလာက္မလြယ္ဘူးေလ Kim jongin...က်ဳပ္လူေတြကို မွာထားျပီးသား က်ဳပ္ဟာ သာမန္ေရာဂါနဲ႔မဟုတ္ပဲ အေကာင္တေကာင္ကိုက္လို႔ ေသသြားခ့ဲမယ္ဆိုရင္ အိမ္ေရွ႕စံ မင္းသားေလးရဲ႕ ႏွလံုးသားကို ဓါးနဲ႔ထိုးပစ္ျပီး အဆုံးစီရင္လိုက္ပါလို႔ မွာထားျပီးပါျပီ အရာရာကို လက္လြတ္စပယ္မဆံုးျဖတ္ပါနဲ႔"
“အဟား...ဟား...ဟား...ဟား... ႏိုင္ငံကိုအုပ္ခ်ဳပ္ေနတ႔ဲ မင္းၾကီး ပီသပါေပရဲ႕... က်ဳပ္က စကားအျဖစ္ေျပာတာပါ မင္းၾကီးရယ္ အ့ဲဒီေလာက္ထိလည္း မစိုးရိမ္ပါနဲ႔"
“သတိဆိုတာ ပိုတယ္မရိွပါဘူး Kim jongin... မဟုတ္ဖူးလား"
“မွန္ပါတယ္... မွန္ပါတယ္... က်ဳပ္တို႔ လိုရင္းပဲ သြားၾကရေအာင္...ဘယ္မွာလဲ က်ဳပ္မိတ္ဖက္ရဲ႕ ႏွလုံုးသားနဲ႔ အသက္ရွင္ေနတ့ဲ မင္းသားေလးဆိုတာ"
“မင္းသားေလးဆီ က်ဳပ္လိုက္ပို႔ေပးပါ့မယ္.... အျပင္မွာ လူရိွလား!!"
မင္းၾကီးက အေပၚ၀တ္ ၀တ္ရုံလႊာကို ျပင္လိုက္ရင္း အျပင္မွလူကို လွမ္းေခၚလိုက္ပါသည္။
“ဟုတ္က့ဲ ကြ်န္ေတာ္မ်ိဳးတို႔ ေရာက္ပါျပီ မင္းၾကီး"
Choiကုန္းကုန္းက ေခါင္းကိုငုံ႔ျပီး မင္းၾကီးDoကို ရိုေသစြာ အေၾကာင္းျပန္လိုက္ပါသည္။
“ကဲ... ကုန္းကုန္းေရ ကိုယ္ေတာ္တို႔ မင္းသားေလးရဲ႕ နန္းေဆာင္ သြားၾကရေအာင္''
“ေကာင္းပါျပီ မင္းၾကီး"
“ကုန္းကုန္း အျပင္မွာ ခဏေစာင့္ေနပါ ခဏေနမွ က်ဳပ္ထြက္လာခ့ဲမယ္"
“ ေကာင္းပါျပီမင္းၾကီး မင္းသားေလးနန္းေဆာင္ကိုသြားဖို႔ က်ြန္ေတာ္မ်ိဳးစီစဥ္ထားလိုက္ပါ့မယ္"
ကုန္းကုန္းက ေခါင္းငံု႔အရိုအေသေပးကာ နန္းေဆာင္ျပင္သို႔ ျပန္လည္ထြက္သြားခ႔ဲပါသည္။
“ေရာ့!! က်ဳပ္ မင္းကို ဖမ္းမိတ့ဲအခ်ိန္တုန္းက မင္းဆီကယူထားတ့ဲ ေနသူရိယ ေက်ာက္မ်က္ရွင္"
မင္းၾကီး လွမ္းေပးသည့္ အနီေရာင္ေက်ာက္တံုးေလးကို အလ်င္အျမန္လွမ္းယူလိုက္သည္။
ဒီေက်ာက္တံုးေလးရိွမွ မိမိတို႔လို ေသြးစုပ္လူသားေတြအဖို႔ ေနေရာင္ထဲမွာ သာမန္လူေတြလို ေနႏိုင္သြားႏိုင္မည္မဟုတ္ပါလား
“အသင္႔ျဖစ္ျပီဆိုရင္ သြားၾကစို႔ Kim jongin"
“ေကာင္းပါျပီ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူ႕ဆီကို လာေနေသာ အသားညိဳညိဳ အရပ္ျမင့္ျမင့္ မ်က္လံုးမ်က္ခံုးေကာင္းေကာင္းႏွင္႔ ယာက္်ားပီသသည့္ မ်က္ႏွာပိုင္ရွင္ လူရြယ္တစ္ေယာက္
ခႏၶာကုိယ္တြင္ အဆီပိုေနသည္ဟူသည့္ ေနရာ တေနရာမွမေတြ႕ရေသာ လြန္စြာၾကည့္ေကာင္းလွပါသည္။
လမ္းေလွ်ာက္လိုက္တိုင္း အနက္ေရာင္ဆံႏြယ္ေပ်ာ့ေလးေတြက ေလထဲမွာ လူးလြန္႔သြားၾကသည္။
ၾကည့္ေကာင္းလွခ်ည္လား....
တျဖည္းျဖည္း နီးလာခ့ဲျပီ..
ဘယ္သူမ်ားပါလိမ္႔....
အနီးကပ္ေသခ်ာၾကည့္လိုက္ေသာအခါ...
''Jong....Jong....''
၀မ္းသာအားရ လွမ္းေခၚလိုက္ပါသည္။
“ႏိူးလာျပီ!! မင္းသားေလး သတိရလာျပီ!! သမားေတာ္၀မ္ မင္းသားေလးသတိရလာျပီ"
အိမ္ေရွ႕စံရဲ႕ နန္းေဆာင္တခုလံုး ရုတ္ရုတ္သည္းသည္းျဖစ္သြားခ႔ဲပါသည္။
ထိုအေျခအေနကို လွမ္းျမင္ေသာ မင္းၾကီးမွာ ခပ္မွန္မွန္ ေလ်ွာက္လွမ္းေနေသာ ေျခလွမ္းတို႔ကို အျမန္ႏႈန္းတင္လိုက္ပါသည္။
ဒုန္း..ဒုန္း...
ဒုန္း...ဒုန္း...
ဒုန္း...ဒုန္း...
ႏွလံုးခုန္သံေတြ အမ်ားၾကီးထဲကမွ ရင္းႏွီးခ႔ဲေသာ ဘ၀အဆက္ဆက္ေျပာင္းသြားခ့ဲလွ်င္ေတာင္ မေမ့ႏိုင္ေသာ ခ်စ္ဦးသူရဲ႕ ႏွလံုးခုန္သံေၾကာင့္ Jongin မ်က္စိကိုမိွတ္ျပီး ခံစားၾကည့္လိုက္ပါသည္။
ျငိမ္သက္တိတ္ဆိတ္ေအးခဲေနခ့ဲေသာ သူ႕ႏွလုံးသားထဲ အမ်ိဳးအမည္မသိတ႔ဲ လႈပ္ရွားမႈေလး လႈပ္ခတ္သြားခ႔ဲျပီး.....
“ဟုတ္တယ္!!! ဒါ...က်ဳပ္မိတ္ဖက္ Xiao Luရဲ႕ ႏွလံုးခုန္သံပဲ...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နန္းေဆာင္ထဲသို႔ ၀င္လာေသာ ၀တ္စုံအမည္းႏွင့္ လူကိုေတြ႕သည္ႏွင့္ သူ႕ရင္ေတြကဆုန္ေပါက္ လႈပ္ခုန္ေနပါသည္။
ဘာေၾကာင္႔လဲ?
ဘယ္သူလဲ?
“အိမ္ေရွ႕စံ! သတိရေနျပီလား...."
သူစိမ္းလူအေၾကာင္း စဥ္းစားေနရင္း အေနာက္မွ၀င္လာေသာ မင္းၾကီး၏အသံေၾကာင့္ သူ႔အေတြးစမ်ားကို ရပ္လိုက္ျပီး လွဲေနရာမွ ထထိုင္လိုက္ပါသည္။
“ဟုတ္က့ဲ! က်ြန္ေတာ္မ်ိဳး မင္းၾကီးကို အရိုအေသေပးပါတယ္...''
''မလိုပါဘူး အိမ္ေရွ႕စံရယ္...ေမာင္မင္း အိပ္ေပ်ာ္ေနတာ ခုနစ္ရက္ရိွျပီ! ကိုယ္ေတာ္ဘယ္ထိ စိတ္ပူရတယ္ မွတ္သလဲ....''
မင္းၾကီးမွာလည္း အိမ္ေရွ႕စံမင္းသားေလးရဲ႕ နံေဘးတြင္ ဝင္ထိုင္ကာ လက္ကေလးကို ေထြးဆုပ္လို႔ မခ်ိတင္ကဲ ေရရြတ္လိုက္သည္။
''မင္းၾကီးကို စိတ္ပူေစမိလို႔ စိုးရြံ႕မိပါတယ္ က်ြန္ေတာ္မ်ိဳးကို ခြင္႔လြတ္ေပးေတာ္မူပါ''
ခ်ိနဲ႔ေနသည္႔ ခႏၶာကို ေမ႔ေလ်ာ႔ေနဟန္ထင္ လွဲထိုင္ေနရာမွ ကုတင္ေပၚကထကာ မင္းၾကီးကို ေတာင္းပန္စကားဆိုေနတ႔ဲ မင္းသားေလးက ေခါင္းမာမည့္ပုံက အထင္းသား...
ေငြမွင္ေရာင္ ၀တ္ရုံေလးထပ္၀တ္ထားျပီး ပခံုးေပၚ ကပိုကရုိဝဲက်ေနတ့ဲ ဆံႏြယ္ရွည္ႏဲြ႕ႏဲြ႕ေလးေတြက နက္ေမွာင္မေနပဲ အညိဳရင့္ေရာင္ဘက္ကို သမ္းေနတယ္
ထူးျခားသည္က ႏႈတ္ခမ္းေလး...
အသည္းပံုႏႈတ္ခမ္းေလးက သူ႕ရင္ကို လႈပ္ခတ္ေစပါလား ျပဴး၀ိုင္း၀ိုင္း မ်က္လံုးေလးေတြနဲ႔ ေမာ့ၾကည့္ေနပံုေလးက ကေလးငယ္ေလးတေယာက္လို အျပစ္ကင္းလွပါ၏။
ေသခ်ာတာတခုက သူ႔ရဲ႕မိတ္ဖက္ Xiao Luရဲ႕ႏွလံုးသားေလးက မင္းသားေလးရဲ႕ ရင္ဘတ္ထဲမွာ ရွင္သန္ေနတယ္ဆိုတာပါပဲ..
လူျခင္းမသိေပမ့ဲ ႏွလံုးသားျခင္းသိသည္ဆိုတာ ဒါမ်ိဳးထင္ပါရဲ႕...သို႔ေပမ့ဲ မင္းသားေလးက က်ဳပ္ရဲ႕ၾကင္ယာေတာ္မွ မဟုတ္တာပဲကြယ္
မင္းရင္ဘတ္ထဲမွာ ရွင္သန္ေနတ့ဲ က်ဳပ္ခ်စ္သူရဲ႕ ႏွလံုးသားကို က်ဳပ္ျပန္ယူသြားျပီး က်ဳပ္ခ်စ္သူကို ျပန္ႏိူးထေစမယ္
ဒါက်ဳပ္ရဲ႕ ဆႏၵပဲ မင္းသားေလး....
°~°~°~°~°~°~°~°~
''ဟိုးအေနာက္မွာ ရပ္ေနတ႔ဲလူက??''
''သူကကစျပီး အိမ္ေရွ႕စံနန္းေဆာင္မွာ တာဝန္ထမ္းေဆာင္မ႔ဲ ကိုယ္ရံေတာ္အသစ္ပဲ...''
''ကိုယ္ရံေတာ္အသစ္...''
''ဒီေန႔ေတာ႔ အိမ္ေရွ႕စံ နားလိုက္ပါေတာ႔...ညေနမွ ကိုယ္ေတာ္လာၾကည့္ဦးမယ္...''
ဆက္ရန္»»»
(unicode)
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်...
တိုင်ပြည်ကြီးနှင့် အလွန်ဝေးလံသော တောတွင်းတနေရာတွင်တော့...
''ပြေး.....''
''သတ်!!!……………တစ်ကောင်မှ မလွတ်စေနဲ့!!!''
အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သော မဟူရာတပ် သို့မဟုတ် သေမင်းတမာန်ဆိုပြီး လျှို့ဝှက်ဖွဲ့စည်းထားသည့် မင်းကြီး ဒိုဂျင်းမြောင်၏ ဝံပုလွေတပ်ကြီးသည် သွေးစုပ်လူသားမျိုးနွယ်စုတခုလုံးအား မည်းမည်းမြင်ရာ ကိုက်ဖြတ်သုတ်သင်နေပါတော့သည်။
မထင်မှတ်ထားသည့်အချိန်တွင် ဝင်ရောက်လာပြီး အလစ်အငိုက် တိုက်ခိုက်ခံနေရသောကြောင့် သွေးစုပ်လူသားများမှာ ဘာမှ ပြင်ဆင်ကာကွယ်ချိန်မရလိုက်ပဲ ဝံပုလွေတပ်များ၏ လက်ထဲတွင် အတုံးအရုန်း အထိနာ အကျအဆုံးများနေကြသည်။
||ပြေးကြ လူစုခွဲပြီးပြေးကြတော့||
~~အူဝူးဝူးဝူး..ဝေါင်းးးဂယားး~~
သွေးစုပ်လူသားတို့၏ သွေးပျက်ခြောက်ခြား အော်သံဟစ်သံများနှင့်အတူ ဝံပုလွေကြီးများရဲ့ ကိုက်သံဆွဲသံတွေကလည်း တောတွင်းတစ်ခုလုံး ကမ္ဘာပျက်နေသည့်အလား ညံပွက်နေကြပါတော့သည်။
''Jong...!!"
ဝံပုလွေသုံးကောင်နှင့် အသေအကြေတိုက်ခိုက်နေစဉ် မိတ်ဖက်ဖြစ်သူ Xiao Lu၏ အားကိုးတကြီး အော်ခေါ်သံကြောင့် တိုက်ပွဲကို မြန်မြန်လက်စသတ်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။
ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသည့် မင်းသားငယ်လေးက Xiao Luကို ဝံပုလွေသွေးဖြင့်ပက်ဖြန်းပြီး မရုန်းနိုင်အောင်ချုပ်ထားသည်ကို တွေ့လိုက်ရပါသည်။
''Jong... ကျွန်မကို ကယ်ပါဦး"
ကြည့်နေရင်းနှင့်ပင် မင်းသားငယ်က သူမကို မြင်းပေါ်တွန်းတင်ပြီး တိုက်ပွဲနယ်မြေမှ ထွက်ခွာသွားခဲ့ပါတော့သည်။
သူလည်း ဘာမျှစဉ်းစားမနေတော့ပဲ သူမကို ခေါ်တင်သွားတဲ့ မင်းသားငယ်နောက်သို့ ပြေးလိုက်လာခဲ့ပါတော့သည်။
°~°~°~°~°~°~°~°~
နန်းတော်ထဲတွင် ဟိုနေရာလူစုစု ဒီနေရာလူစုစု ပြောနေသည့်အကြောင်းအရာက တစ်ခုတည်း...
“မင်းသားလေးကို စောင့်ရှောက်ဖို့ ကိုယ်ရံတော်တစ်ယောက် နန်းတော်ထဲ ရောက်မယ်တဲ့"
အပျိုတော်ခေါင်းဆောင် ဂင်ဆန်းဂွန်၏စကားကြောင့် အခြားအပျိုတော်များ နှာခေါင်းရှုံ့လိုက်ကြသည်။
“ကိုယ်ရံတော်...ဟုတ်လား?? ခေါင်းဆောင်ကြီး..."
“ဟုတ်တယ်... ဘာဖြစ်လို့လဲ"
“ဘာဖြစ်ရမှာလဲ ခေါင်းဆောင်ကြီးရဲ့...မင်းသားလေးကဖြင့် နေမကောင်းနေတာက ခပ်များများ...အခုလည်း နေမကောင်းဘူးဆိုပြီး အိပ်ယာထဲလှဲနေတာ ခုနစ်ရက်လောက်ရှိနေပြီမလား..."
“ဟုတ်တယ်... ခေါင်းဆောင်ကြီးရဲ့... အပျိုတော်ယွန်း ပြောတာအမှန်ပဲ... တော်ဝင်သမားတော်ကြီးတွေတောင် လက်လျော့ထားပြီဆိုပဲ အမှန်ဆို ကိုယ်ရံတော်က မလိုတော့ပါဘူး"
''တော်!! တိတ်ကြစမ်း!! ဘယ်ကိုလာပြီး အတင်းပြောနေကြတာလဲ! နင်တို့တွေမှာ အသက်အပိုပါလာကြတယ်ထင်တယ် ဟုတ်လား..!!''
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော Choiကုန်းကုန်း၏ ဆူပူကျိန်းမောင်းမှုကြောင့် အပျိုတော်တသိုက် ခေါင်းငိုက်စိုက်ချပြီး ငြိမ်ကုပ်သွားခဲ့ကြပါသည်။
''နင်တို့အလုပ်မရှိဘူးလား... ကိုယ့်အလုပ်ကိုယ်သွားလုပ် ကြစမ်း..! နောက်ထပ်တခါ ဒီအကြောင်းနဲ့ပတ်သက်လို့ ထပ်ပြောသံကြားရင် ပြောတဲ့သူရဲ့လျှာကို ငါကိုယ်တိုင်ဖြတ်ပစ်မယ် ကြားလား"
''...........''
အပျိုတော်များမှာ ကြောက်လန့်သဖြင့် အသံပင် မထွက်ရဲကြ
“မေးနေတယ်လေ ကြားလား!!"
''ဟုတ်!! ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး ကုန်းကုန်းကြီး...ကျွန်တော်မျိုးမတို့ မီးဖိုဆောင်မှာ အလုပ်သွားလုပ်လိုက်ပါဦးမယ်"
အပျိုတော်တွေ အလျှိုအလျှိုဖြင့် သူ့အရှေ့မှ ထွက်ခွာသွားကြပါသည်။
“ဟူးးး နင်တို့တတွေတော့ နှုတ်မစောင့်စည်းကြတာကြောင့် အသက်ပျောက်တော့မှာပဲ..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းကြီး၏ ရေချိုးဆောင်တွင် အနှစ်နှစ်ဆယ်ကျော်ခန့်ရှိပြီဖြစ်သော သူ၏ဂျီးညှော်များကို သန့်စင်သွားအောင် ရေချိုးသန့်စင်လိုက်ပါသည်။
အဝတ်တင်သည့် ဝါးတန်းလေးပေါ်တွင် သူ့အတွက် မင်းကြီးစီစဉ်ပေးထားသည့် ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ကာ မင်းကြီးရှေ့သို့ထွက်လာခဲ့ပါသည်။
“ဒီမှာ မောင်မင်းအတွက် ဆိတ်သွေးစီစဉ်ပေးထားတယ် သောက်လိုက်ပါဦး"
သွေးမြင်သည်နှင့် သူ့မျက်လုံးအိမ်တခုလုံး အနက်ရောင်အဖြစ်ပြောင်းသွားပြီး လက်သည်းများရှည်ထွက်လာကာ အစွယ်များလည်း ထွက်လာခဲ့သည်။
စားပွဲပေါ်တွင်တင်ထားသော ဆိတ်သွေးပန်းကန်ကို အငမ်းမရမော့သောက်ပစ်လိုက်ပါသည်။
ခန္ဓာကိုယ်ထဲသို့ သွေးများဝင်ရောက်လည်ပတ်သွားသည်နှင့်
မွဲခြောက်ခြောက်ဖြစ်နေသော သူ့အသားအရည်တို့သည် စိုပြေဝင်းမွတ်လာပြီး ရှုပ်ထွေးမွဲခြောက်နေသော ဆံပင်ဆံသားများသည်လည်း ပိုးသားလေးလိုပျော့ပျောင်း နက်မှောင်လာခဲ့ပါသည်။
မျက်စိရှေ့တွင် တမဟုတ်ခြင်း ပြောင်းလဲနေသော သွေးစုပ်လူသားဆိုသည့် သတ္တဝါဆန်းကိုကြည့်ပြီး အံ့သြမှင်တက်မိနေသူက မင်းကြီး Do Junmyeon
“သိပ်အံ့သြနေလား မင်းကြီး!!! တိရစ္ဆာန်သွေးမလို့ ဒီလောက်ပဲပြောင်းလဲတာပါ လူသွေးဆိုရင် ဒီထက်မက ပြောင်းလဲသွားနိုင်ပါတယ်... အခုနေခင်များရဲ့ တော်ဝင်သွေးကို သောက်လိုက်ရရင်တော့ အဟင်း...ဟင်း...ဟင်း"
“အဲ့ဒီလောက်မလွယ်ဘူးလေ Kim jongin...ကျုပ်လူတွေကို မှာထားပြီးသား ကျုပ်ဟာ သာမန်ရောဂါနဲ့မဟုတ်ပဲ အကောင်တကောင်ကိုက်လို့ သေသွားခဲ့မယ်ဆိုရင် အိမ်ရှေ့စံ မင်းသားလေးရဲ့ နှလုံးသားကို ဓါးနဲ့ထိုးပစ်ပြီး အဆုံးစီရင်လိုက်ပါလို့ မှာထားပြီးပါပြီ အရာရာကို လက်လွတ်စပယ်မဆုံးဖြတ်ပါနဲ့"
“အဟား...ဟား...ဟား...ဟား... နိုင်ငံကိုအုပ်ချုပ်နေတဲ့ မင်းကြီး ပီသပါပေရဲ့... ကျုပ်က စကားအဖြစ်ပြောတာပါ မင်းကြီးရယ် အဲ့ဒီလောက်ထိလည်း မစိုးရိမ်ပါနဲ့"
“သတိဆိုတာ ပိုတယ်မရှိပါဘူး Kim jongin... မဟုတ်ဖူးလား"
“မှန်ပါတယ်... မှန်ပါတယ်... ကျုပ်တို့ လိုရင်းပဲ သွားကြရအောင်...ဘယ်မှာလဲ ကျုပ်မိတ်ဖက်ရဲ့ နှလုံးသားနဲ့ အသက်ရှင်နေတဲ့ မင်းသားလေးဆိုတာ"
“မင်းသားလေးဆီ ကျုပ်လိုက်ပို့ပေးပါ့မယ်.... အပြင်မှာ လူရှိလား!!"
မင်းကြီးက အပေါ်ဝတ် ဝတ်ရုံလွှာကို ပြင်လိုက်ရင်း အပြင်မှလူကို လှမ်းခေါ်လိုက်ပါသည်။
“ဟုတ်ကဲ့ ကျွန်တော်မျိုးတို့ ရောက်ပါပြီ မင်းကြီး"
Choiကုန်းကုန်းက ခေါင်းကိုငုံ့ပြီး မင်းကြီးDoကို ရိုသေစွာ အကြောင်းပြန်လိုက်ပါသည်။
“ကဲ... ကုန်းကုန်းရေ ကိုယ်တော်တို့ မင်းသားလေးရဲ့ နန်းဆောင် သွားကြရအောင်''
“ကောင်းပါပြီ မင်းကြီး"
“ကုန်းကုန်း အပြင်မှာ ခဏစောင့်နေပါ ခဏနေမှ ကျုပ်ထွက်လာခဲ့မယ်"
“ ကောင်းပါပြီမင်းကြီး မင်းသားလေးနန်းဆောင်ကိုသွားဖို့ ကျွန်တော်မျိုးစီစဉ်ထားလိုက်ပါ့မယ်"
ကုန်းကုန်းက ခေါင်းငုံ့အရိုအသေပေးကာ နန်းဆောင်ပြင်သို့ ပြန်လည်ထွက်သွားခဲ့ပါသည်။
“ရော့!! ကျုပ် မင်းကို ဖမ်းမိတဲ့အချိန်တုန်းက မင်းဆီကယူထားတဲ့ နေသူရိယ ကျောက်မျက်ရှင်"
မင်းကြီး လှမ်းပေးသည့် အနီရောင်ကျောက်တုံးလေးကို အလျင်အမြန်လှမ်းယူလိုက်သည်။
ဒီကျောက်တုံးလေးရှိမှ မိမိတို့လို သွေးစုပ်လူသားတွေအဖို့ နေရောင်ထဲမှာ သာမန်လူတွေလို နေနိုင်သွားနိုင်မည်မဟုတ်ပါလား
“အသင့်ဖြစ်ပြီဆိုရင် သွားကြစို့ Kim jongin"
“ကောင်းပါပြီ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူ့ဆီကို လာနေသော အသားညိုညို အရပ်မြင့်မြင့် မျက်လုံးမျက်ခုံးကောင်းကောင်းနှင့် ယာက်ျားပီသသည့် မျက်နှာပိုင်ရှင် လူရွယ်တစ်ယောက်
ခန္ဓာကိုယ်တွင် အဆီပိုနေသည်ဟူသည့် နေရာ တနေရာမှမတွေ့ရသော လွန်စွာကြည့်ကောင်းလှပါသည်။
လမ်းလျှောက်လိုက်တိုင်း အနက်ရောင်ဆံနွယ်ပျော့လေးတွေက လေထဲမှာ လူးလွန့်သွားကြသည်။
ကြည့်ကောင်းလှချည်လား....
တဖြည်းဖြည်း နီးလာခဲ့ပြီ..
ဘယ်သူများပါလိမ့်....
အနီးကပ်သေချာကြည့်လိုက်သောအခါ...
''Jong....Jong....''
ဝမ်းသာအားရ လှမ်းခေါ်လိုက်ပါသည်။
“နိူးလာပြီ!! မင်းသားလေး သတိရလာပြီ!! သမားတော်ဝမ် မင်းသားလေးသတိရလာပြီ"
အိမ်ရှေ့စံရဲ့ နန်းဆောင်တခုလုံး ရုတ်ရုတ်သည်းသည်းဖြစ်သွားခဲ့ပါသည်။
ထိုအခြေအနေကို လှမ်းမြင်သော မင်းကြီးမှာ ခပ်မှန်မှန် လျှောက်လှမ်းနေသော ခြေလှမ်းတို့ကို အမြန်နှုန်းတင်လိုက်ပါသည်။
ဒုန်း..ဒုန်း...
ဒုန်း...ဒုန်း...
ဒုန်း...ဒုန်း...
နှလုံးခုန်သံတွေ အများကြီးထဲကမှ ရင်းနှီးခဲ့သော ဘဝအဆက်ဆက်ပြောင်းသွားခဲ့လျှင်တောင် မမေ့နိုင်သော ချစ်ဦးသူရဲ့ နှလုံးခုန်သံကြောင့် Jongin မျက်စိကိုမှိတ်ပြီး ခံစားကြည့်လိုက်ပါသည်။
ငြိမ်သက်တိတ်ဆိတ်အေးခဲနေခဲ့သော သူ့နှလုံးသားထဲ အမျိုးအမည်မသိတဲ့ လှုပ်ရှားမှုလေး လှုပ်ခတ်သွားခဲ့ပြီး.....
“ဟုတ်တယ်!!! ဒါ...ကျုပ်မိတ်ဖက် Xiao Luရဲ့ နှလုံးခုန်သံပဲ...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နန်းဆောင်ထဲသို့ ဝင်လာသော ဝတ်စုံအမည်းနှင့် လူကိုတွေ့သည်နှင့် သူ့ရင်တွေကဆုန်ပေါက် လှုပ်ခုန်နေပါသည်။
ဘာကြောင့်လဲ?
ဘယ်သူလဲ?
“အိမ်ရှေ့စံ! သတိရနေပြီလား...."
သူစိမ်းလူအကြောင်း စဉ်းစားနေရင်း အနောက်မှဝင်လာသော မင်းကြီး၏အသံကြောင့် သူ့အတွေးစများကို ရပ်လိုက်ပြီး လှဲနေရာမှ ထထိုင်လိုက်ပါသည်။
“ဟုတ်ကဲ့! ကျွန်တော်မျိုး မင်းကြီးကို အရိုအသေပေးပါတယ်...''
''မလိုပါဘူး အိမ်ရှေ့စံရယ်...မောင်မင်း အိပ်ပျော်နေတာ ခုနစ်ရက်ရှိပြီ! ကိုယ်တော်ဘယ်ထိ စိတ်ပူရတယ် မှတ်သလဲ....''
မင်းကြီးမှာလည်း အိမ်ရှေ့စံမင်းသားလေးရဲ့ နံဘေးတွင် ဝင်ထိုင်ကာ လက်ကလေးကို ထွေးဆုပ်လို့ မချိတင်ကဲ ရေရွတ်လိုက်သည်။
''မင်းကြီးကို စိတ်ပူစေမိလို့ စိုးရွံ့မိပါတယ် ကျွန်တော်မျိုးကို ခွင့်လွတ်ပေးတော်မူပါ''
ချိနဲ့နေသည့် ခန္ဓာကို မေ့လျော့နေဟန်ထင် လှဲထိုင်နေရာမှ ကုတင်ပေါ်ကထကာ မင်းကြီးကို တောင်းပန်စကားဆိုနေတဲ့ မင်းသားလေးက ခေါင်းမာမည့်ပုံက အထင်းသား...
ငွေမှင်ရောင် ဝတ်ရုံလေးထပ်ဝတ်ထားပြီး ပခုံးပေါ် ကပိုကရိုဝဲကျနေတဲ့ ဆံနွယ်ရှည်နွဲ့နွဲ့လေးတွေက နက်မှောင်မနေပဲ အညိုရင့်ရောင်ဘက်ကို သမ်းနေတယ်
ထူးခြားသည်က နှုတ်ခမ်းလေး...
အသည်းပုံနှုတ်ခမ်းလေးက သူ့ရင်ကို လှုပ်ခတ်စေပါလား ပြူးဝိုင်းဝိုင်း မျက်လုံးလေးတွေနဲ့ မော့ကြည့်နေပုံလေးက ကလေးငယ်လေးတယောက်လို အပြစ်ကင်းလှပါ၏။
သေချာတာတခုက သူ့ရဲ့မိတ်ဖက် Xiao Luရဲ့နှလုံးသားလေးက မင်းသားလေးရဲ့ ရင်ဘတ်ထဲမှာ ရှင်သန်နေတယ်ဆိုတာပါပဲ..
လူခြင်းမသိပေမဲ့ နှလုံးသားခြင်းသိသည်ဆိုတာ ဒါမျိုးထင်ပါရဲ့...သို့ပေမဲ့ မင်းသားလေးက ကျုပ်ရဲ့ကြင်ယာတော်မှ မဟုတ်တာပဲကွယ်
မင်းရင်ဘတ်ထဲမှာ ရှင်သန်နေတဲ့ ကျုပ်ချစ်သူရဲ့ နှလုံးသားကို ကျုပ်ပြန်ယူသွားပြီး ကျုပ်ချစ်သူကို ပြန်နိူးထစေမယ်
ဒါကျုပ်ရဲ့ ဆန္ဒပဲ မင်းသားလေး....
°~°~°~°~°~°~°~°~
''ဟိုးအနောက်မှာ ရပ်နေတဲ့လူက??''
''သူကကစပြီး အိမ်ရှေ့စံနန်းဆောင်မှာ တာဝန်ထမ်းဆောင်မဲ့ ကိုယ်ရံတော်အသစ်ပဲ...''
''ကိုယ်ရံတော်အသစ်...''
''ဒီနေ့တော့ အိမ်ရှေ့စံ နားလိုက်ပါတော့...ညနေမှ ကိုယ်တော်လာကြည့်ဦးမယ်...''
ဆက်ရန်»»»