“သူငယ္ခ်င္း Chanyeol...! ငါ့ကိုကူညီပါ ခ်စ္သူငယ္ခ်င္းရယ္.."
သူငယ္ခ်င္းမေလး Taoက သူ႕အိမ္ကို လိုက္လာျပီး ထိုင္ရိွခိုးမတတ္ အကူအညီေတာင္းေနျခင္း ျဖစ္ပါသည္။
“ဟာ!!! ငါ မအားဘူး ဘယ္လိုမွ အခ်ိန္မေပးႏိုင္ဘူး... ျပီးေတာ့ ငါက က်န္းမာေရး စင္တာမွာလည္း အခ်ိန္ပိုင္းအလုပ္ လုပ္ရဦးမွာ"
Park Chanyeolလည္း သူငယ္ခ်င္းျဖစ္သူ ပန္ဒါမ လို႔ ခ်စ္စႏိူးေခၚရတ့ဲ Taoအား အားနာမေနႏိုင္ပဲ ျပတ္ျပတ္သားသားပင္ ျငင္းလိုက္ပါေတာ့တယ္
“လုပ္ပါ Yeolရယ္ သူေဌးက ငါ့ကိုအကူအညီေတာင္းထားလို႔ပါ ငါေတာင္းပန္ပါတယ္ နင္မွမကူညီရင္ ငါေအာ္ငိုေတာ့မွာ အဟင့္ဟင့္ဟင့္ ျပီးေတာ့ ဒီကိစၥသာ အဆင္ေျပသြားရင္ လစ္လပ္ေနတ့ဲ မန္ေနဂ်ာရာထူး ငါမွန္းလို႔ရျပီ Yeolစုတ္ရဲ႕..."
“ေၾသာ္!!! သူငယ္ခ်င္း....အဖိုးတန္ေလး...! ေတာ္ေတာ္အားကိုးရတာပဲေနာ္ နင္ရာထူးတက္ဖို႔အတြက္ ငါ့ကို ကေလးထိန္း လုပ္ခိုင္းတယ္ေပါ့ ဟုတ္လား? နင္အ့ဲဒီေလာက္မွ ရာထူးတက္ခ်င္ေနရင္ နင့္ေယာက္်ား Wu yifanကို သြားထိန္းခိုင္းပါလား"
“အဟင္း!!! ငါ့ေယာက္်ားကိုသာ ကေလးထိန္းခိုင္းရင္ေလ... အ့ဲဒီကေလး အသက္ထြက္သြားလိမ့္မယ္ သိလား!! လုပ္ပါ Yeolရယ္ နင္က လိမၼာပါတယ္ဟာ မနက္ျဖန္ အလုပ္စဆင္းေတာ့မယ္လို႔ သူေဌးကို ငါေျပာလိုက္ေတာ့မယ္ေနာ္ Yeollieေလး..! သူငယ္ခ်င္းေလး... ခ်စ္ေမႊးေလး... အခ်စ္ဆုံး အသည္းတံုးေလး ပူတူတူးေလး...ေနာ္! သူငယ္ခ်င္း ေနာ္လို႔!!"
ခ်စ္စရာေကာင္းတ့ဲ အမူအရာေတြ အကုန္ထုတ္သုံးျပီး ေျပာေနတ့ဲ သူငယ္ခ်င္းမေလးေၾကာင့္ Chanyeol မျငင္းရက္ေတာ့...
ျပီးေတာ့ သူငယ္ခ်င္းမေလးက ရာထူးလည္း တက္သြားႏိုင္သည္ဆိုေတာ့ ကူညီေပးရန္ ဆုံးျဖတ္လိုက္ျပီး
“ေအးဟာ တကယ္ပါပဲ နင့္ကိုေတာ့ မႏိုင္ဘူး ပန္ဒါမေရ! ဒါနဲ႔ နင္တို႔ လင္မယားေရာ အဆင္ေျပရဲ႕လား"
“ေျပပါတယ္.... ေျပလြန္းလို႔ခက္ေနတာ ဒါဆို သူေဌးကို ငါအေၾကာင္းျပန္လိုက္ျပီေနာ္"
“ေအးဟာ!! ျပန္! ျပန္"
“ဟိ!!ေက်းဇူး သူငယ္ခ်င္း ငါသြားျပီ ဒီတေခါက္ ရုံးပိတ္ရက္မွ fan fanနဲ႔ အတူတူ ထမင္းစားဖို႔ နင့္အိမ္ကို လာခ့ဲမယ္"
“ေအာင္မယ္ fan fanတ့ဲ နားၾကားကေလာ္တာ မလာခ့ဲနဲ႔ ငါမအားဘူး..."
“သြားျပီ Yeolေရ ငါသြားျပီ"
ကပ်ာကယာလာျပီး ကပ်ာကယာျပန္သြားတ့ဲ သူငယ္ခ်င္းမေလးကိုၾကည့္ျပီး Chanyeolတေယာက္ ျပံဳးျပီးသာ က်န္ခ့ဲပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~
မနက္ရွစ္နာရီထိုးသည္ႏွင့္ ပန္ဒါမ အကူအညီေတာင္းထားသည့္ အိမ္သို႔သြားရန္ လြယ္အိတ္ကေလးလြယ္ျပီး ထြက္လာခ့ဲပါသည္။
တစ္ေယာက္တည္းေနသည့္ အိမ္ေလး၏ ျခံတံခါးေလးကို ေသာ့ခတ္ေနစဥ္
“ျပီးျပီလား အစ္ကိုေလး!"
ရုတ္တရက္ သူ႕အေနာက္မွ ထြက္လာေသာ စကားသံေၾကာင့္ သူလန္႔သြားျပီး ေနာက္လွည့္ၾကည့္လိုက္ေတာ့
“ကြ်န္ေတာ့ကို ေမးေနတာလား?"
“ဟုတ္ပါတယ္ အစ္ကိုေလး ကြ်န္ေတာ္က အစ္ကိုေလးကို ၾကိဳဖို႔ သူေဌးByun လႊတ္လိုက္တာပါ"
သူေဌးByunဆိုပါလား Taoမ အလုပ္လုပ္တ့ဲ ကုမၸဏီက Byunလုပ္ငန္းစုဆိုေတာ့ အ့ဲဒီအိမ္က လႊတ္လိုက္တာပဲျဖစ္မည္။
“ေၾသာ္!!ေအး!!ေအး သြားၾကတာေပါ႔"
သူလည္း ေၾကာင္ေတာင္ေတာင္ျဖင့္ ကားေပၚတက္ထိုင္ကာ လိုက္ခ့ဲပါေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“မစားဘူး... မစားဘူး... အီး...ဟီး...ဟီး...ဟီး.."
ကားေပၚကဆင္းျပီး ပထမဆုံးၾကားလိုက္ရသည္က အာျပဲလ်ွာျပဲႏွင့္ ေအာ္ငိုေနသည့္ ေယာက္်ားေလး တစ္ေယာက္ရဲ႕အသံ
“Baby!! Daddy စိတ္ဆိုးလာျပီေနာ္ ဂ်ီမတိုက္နဲ႔"
“မစားခ်င္ဘူးလို႔... မစားခ်င္ပါဘူးဆို"
“Daddyရဲ႕ Babyက လိမၼာပါတယ္ကြာ ဒီမုန္႔ေလးစားလိုက္ အ့ဲဒါမွ ေဆးေသာက္လို႔ ရမွာေလ ကေလးရဲ႕...sonnyေလးက လိမၼာတယ္ေနာ္"
“မလိမၼာဘူး မလိမၼာဘူး sonnyက လူဆိုးပဲ လူဆိုးပဲလုပ္မွာ အီး...ဟီး...ဟီး..."
“ဟူးးးး"
သူအိမ္ထဲ၀င္မည့္အေရး သက္ျပင္းေမာၾကီးကို အရင္ဆုံး ခ်လိုက္မိပါတယ္
“အစ္ကိုေလး စိတ္ညစ္သြားျပီလား"
“အဟင္း!!နည္းနည္းပါ"
“စိတ္မညစ္ပါနဲ႔ အစ္ကိုေလးရယ္ တကယ္ေတာ့ သခင္ေလးက သနားစရာပါ"
“သခင္ေလးက သနားစရာ!!! ဟုတ္လား"
“ဟုတ္တယ္ အစ္ကိုေလးရဲ႕ သခင္ေလးက ရွစ္ႏွစ္သားေလာက္မွာ ျပန္ေပးဆဲြခံရျပီး accident ျဖစ္ခ့ဲတယ္ အ့ဲဒီမွာပဲ အေၾကာက္လြန္ျပီးေတာ့ စိတ္ထိသြားခ့ဲတာပါ"
“ေၾသာ္!!!ဆရာ ေရာက္လာျပီလား အိမ္ထဲ၀င္လာခ့ဲပါ"
အေပါက္၀တြင္ရပ္ျပီး သူတို႔စကားေျပာေနသည္ကို သူေဌးByunလွမ္းျမင္သြားခ့ဲပါသည္။
ထိုင္ရာမွထလာ၍ အိမ္ထဲ၀င္လာရန္ ေခၚေနသျဖင့္ ဒရိုင္ဘာၾကီးႏွင့္chanyeolတို႔ ေျပာလက္စ စကားမ်ား ျပတ္သြားခ့ဲရပါသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~
“အေဒၚၾကီးဂ်ီ!! သားBaekေလးကို အိမ္ေပၚထပ္ေခၚျပီး အ၀တ္အစားလဲေပးလိုက္ပါ..! ဆရာက ကြ်န္ေတာ္နဲ႔ စကားေျပာရေအာင္ စာဖတ္ခန္းထဲ လိုက္ခ့ဲပါေနာ္"
“ဟုတ္က့ဲပါ သူေဌးByun!"
သူ႕အေရွ႕မွာ အေဒၚၾကီးေနာက္ ပါသြားတ့ဲ မ်က္ရည္စီးေၾကာင္းႏွင့္ ေကာင္ေလးတစ္ေယာက္
အသားအရည္ေလးက ေနမထိေလမထိမို႔ ျဖဴဆြတ္ၿပီး ပိုးသားေလးလို ႏုဥေနပါသည္။
ေျဖာင့္စင္းေနသည့္ ဆံႏြယ္ ညိဳညိဳေလးေတြက နဖူးေပၚမွာ ခပ္၀ဲ၀ဲ တုံးတိတိေလး ညွပ္ခ်ထားတယ္
မ်က္လံုးေမွးေမွးေလးေတြက မည္းနက္ျပီး ရႊန္းစိုေနပါတယ္ ျပီးေတာ့ မွဲ႔ေလး ႏႈတ္ခမ္းပါးေလးေပၚက မွဲ႔နက္ေလးက အထင္းသားေလး...
ဒါေပမ့ဲ တခုပဲ လူေကာင္က်ေတာ့ ေသးေသးေလးရယ္
သူ႕ကိုၾကည့္သြားတ့ဲ အၾကည့္ေတြက ခံစားခ်က္မ့ဲျပီး အသက္မ့ဲေနတ့ဲလူလိုပဲ
“ထိုင္ပါဦး ဆရာ"
သူေဌးByunရဲ႕ ထိုင္ပါဦး ဆိုသည့္အသံၾကားမွ chanyeol သတိ၀င္လာျပီး စာဖတ္ခန္းထဲပင္ ေရာက္ေနျပီျဖစ္ေၾကာင္း သတိထားမိပါသည္။
“ဟုတ္က့ဲ ကြ်န္ေတာ့နာမည္ Park chanyeolပါ ေပါ့ေပါ့ပါးပါး yeolလို႔ပဲေခၚပါ သူေဌး"
“ေကာင္းပါျပီ yeol... ဦးေလးက Byunလုပ္ငန္းစုရဲ႕ ဥကၠဌ Byunထယ္ဂ်င္းပါ...သားေလးရဲ႕ နာမည္ကေတာ႔ Byun baekhyunပါကြယ္"
“ဟုတ္က့ဲပါ သူေဌး! ကြ်န္ေတာ္ မွတ္ထားပါ့မယ္"
“ဦးေလး လိုတိုရွင္းပဲ ေျပာေတာ့မယ္.... Yeol သိတ့ဲအတိုင္းပဲ ဦးကလည္း အလုပ္မ်ားတ့ဲလူဆိုေတာ့ သားေလးကို အခ်ိန္ျပည့္ ဂရုမစိုက္ႏိုင္ဘူးေလ သားေလးရဲ႕ ဒဏ္ကို ခံႏိုင္တ့ဲသူကလည္း ခပ္ရွားရွားရယ္ သားေလးက အေဒၚၾကီးရဲ႕ စကားကို နားေထာင္ေပမ့ဲ အေဒၚၾကီးကလည္း အသက္ၾကီးလာျပီဆိုေတာ့ အရင္တုန္းကေလာက္ သားေလးကို ဂရုမစိုက္ႏိုင္ေတာ့ဘူး... အ့ဲဒါေၾကာင့္မို႔ အခုလို ကေလးထိန္းလို႔ပဲ ဆိုပါေတာ့ မင္းကိုငွားလိုက္ရတာပါ"
“ဟုတ္က့ဲ Baekhyunေလးကို စိတ္ခ်ပါ သူေဌး! ကေလးကို ကိုယ္ေရာ စိတ္ေရာ က်န္းမာလာေအာင္ ကြ်န္ေတာ္ေလ့က်င့္ေပးပါ့မယ္"
“၀မ္းသာလိုက္တာ ငါ့တူရာ အ့ဲဒါေၾကာင့္ Taoက ငါ့တူကို ေထာက္ခံေပးခ့ဲတာေနမွာ"
“ဟုတ္က့ဲ ေက်းဇူးတင္ပါတယ္ သူေဌး!"
“ဒါနဲ႔ Yeolက ဘယ္အခ်ိန္ အလုပ္လာျပီး ဘယ္အခ်ိန္ျပန္မလဲ"
“ကြ်န္ေတာ္ မနက္ ရွစ္နာရီလာျပီး ညေနေျခာက္နာရီဆို ျပန္ပါ့မယ္"
“ေကာင္းပါျပီ Yeolေျပာတ့ဲ ေျခာက္နာရီ အ့ဲဒီအခ်ိန္ အမွီ ဦးျပန္လာပါ့မယ္"
“ဟုတ္က့ဲပါ ဦး"
.
.
.
.
.
.
.
ဆက္ရန္»»»
(unicode)
“သူငယ်ချင်း Chanyeol...! ငါ့ကိုကူညီပါ ချစ်သူငယ်ချင်းရယ်.."
သူငယ်ချင်းမလေး Taoက သူ့အိမ်ကို လိုက်လာပြီး ထိုင်ရှိခိုးမတတ် အကူအညီတောင်းနေခြင်း ဖြစ်ပါသည်။
“ဟာ!!! ငါ မအားဘူး ဘယ်လိုမှ အချိန်မပေးနိုင်ဘူး... ပြီးတော့ ငါက ကျန်းမာရေး စင်တာမှာလည်း အချိန်ပိုင်းအလုပ် လုပ်ရဦးမှာ"
Park Chanyeolလည်း သူငယ်ချင်းဖြစ်သူ ပန်ဒါမ လို့ ချစ်စနိူးခေါ်ရတဲ့ Taoအား အားနာမနေနိုင်ပဲ ပြတ်ပြတ်သားသားပင် ငြင်းလိုက်ပါတော့တယ်
“လုပ်ပါ Yeolရယ် သူဌေးက ငါ့ကိုအကူအညီတောင်းထားလို့ပါ ငါတောင်းပန်ပါတယ် နင်မှမကူညီရင် ငါအော်ငိုတော့မှာ အဟင့်ဟင့်ဟင့် ပြီးတော့ ဒီကိစ္စသာ အဆင်ပြေသွားရင် လစ်လပ်နေတဲ့ မန်နေဂျာရာထူး ငါမှန်းလို့ရပြီ Yeolစုတ်ရဲ့..."
“သြော်!!! သူငယ်ချင်း....အဖိုးတန်လေး...! တော်တော်အားကိုးရတာပဲနော် နင်ရာထူးတက်ဖို့အတွက် ငါ့ကို ကလေးထိန်း လုပ်ခိုင်းတယ်ပေါ့ ဟုတ်လား? နင်အဲ့ဒီလောက်မှ ရာထူးတက်ချင်နေရင် နင့်ယောက်ျား Wu yifanကို သွားထိန်းခိုင်းပါလား"
“အဟင်း!!! ငါ့ယောက်ျားကိုသာ ကလေးထိန်းခိုင်းရင်လေ... အဲ့ဒီကလေး အသက်ထွက်သွားလိမ့်မယ် သိလား!! လုပ်ပါ Yeolရယ် နင်က လိမ္မာပါတယ်ဟာ မနက်ဖြန် အလုပ်စဆင်းတော့မယ်လို့ သူဌေးကို ငါပြောလိုက်တော့မယ်နော် Yeollieလေး..! သူငယ်ချင်းလေး... ချစ်မွှေးလေး... အချစ်ဆုံး အသည်းတုံးလေး ပူတူတူးလေး...နော်! သူငယ်ချင်း နော်လို့!!"
ချစ်စရာကောင်းတဲ့ အမူအရာတွေ အကုန်ထုတ်သုံးပြီး ပြောနေတဲ့ သူငယ်ချင်းမလေးကြောင့် Chanyeol မငြင်းရက်တော့...
ပြီးတော့ သူငယ်ချင်းမလေးက ရာထူးလည်း တက်သွားနိုင်သည်ဆိုတော့ ကူညီပေးရန် ဆုံးဖြတ်လိုက်ပြီး
“အေးဟာ တကယ်ပါပဲ နင့်ကိုတော့ မနိုင်ဘူး ပန်ဒါမရေ! ဒါနဲ့ နင်တို့ လင်မယားရော အဆင်ပြေရဲ့လား"
“ပြေပါတယ်.... ပြေလွန်းလို့ခက်နေတာ ဒါဆို သူဌေးကို ငါအကြောင်းပြန်လိုက်ပြီနော်"
“အေးဟာ!! ပြန်! ပြန်"
“ဟိ!!ကျေးဇူး သူငယ်ချင်း ငါသွားပြီ ဒီတခေါက် ရုံးပိတ်ရက်မှ fan fanနဲ့ အတူတူ ထမင်းစားဖို့ နင့်အိမ်ကို လာခဲ့မယ်"
“အောင်မယ် fan fanတဲ့ နားကြားကလော်တာ မလာခဲ့နဲ့ ငါမအားဘူး..."
“သွားပြီ Yeolရေ ငါသွားပြီ"
ကပျာကယာလာပြီး ကပျာကယာပြန်သွားတဲ့ သူငယ်ချင်းမလေးကိုကြည့်ပြီး Chanyeolတယောက် ပြုံးပြီးသာ ကျန်ခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~
မနက်ရှစ်နာရီထိုးသည်နှင့် ပန်ဒါမ အကူအညီတောင်းထားသည့် အိမ်သို့သွားရန် လွယ်အိတ်ကလေးလွယ်ပြီး ထွက်လာခဲ့ပါသည်။
တစ်ယောက်တည်းနေသည့် အိမ်လေး၏ ခြံတံခါးလေးကို သော့ခတ်နေစဉ်
“ပြီးပြီလား အစ်ကိုလေး!"
ရုတ်တရက် သူ့အနောက်မှ ထွက်လာသော စကားသံကြောင့် သူလန့်သွားပြီး နောက်လှည့်ကြည့်လိုက်တော့
“ကျွန်တော့ကို မေးနေတာလား?"
“ဟုတ်ပါတယ် အစ်ကိုလေး ကျွန်တော်က အစ်ကိုလေးကို ကြိုဖို့ သူဌေးByun လွှတ်လိုက်တာပါ"
သူဌေးByunဆိုပါလား Taoမ အလုပ်လုပ်တဲ့ ကုမ္ပဏီက Byunလုပ်ငန်းစုဆိုတော့ အဲ့ဒီအိမ်က လွှတ်လိုက်တာပဲဖြစ်မည်။
“သြော်!!အေး!!အေး သွားကြတာပေါ့"
သူလည်း ကြောင်တောင်တောင်ဖြင့် ကားပေါ်တက်ထိုင်ကာ လိုက်ခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“မစားဘူး... မစားဘူး... အီး...ဟီး...ဟီး...ဟီး.."
ကားပေါ်ကဆင်းပြီး ပထမဆုံးကြားလိုက်ရသည်က အာပြဲလျှာပြဲနှင့် အော်ငိုနေသည့် ယောက်ျားလေး တစ်ယောက်ရဲ့အသံ
“Baby!! Daddy စိတ်ဆိုးလာပြီနော် ဂျီမတိုက်နဲ့"
“မစားချင်ဘူးလို့... မစားချင်ပါဘူးဆို"
“Daddyရဲ့ Babyက လိမ္မာပါတယ်ကွာ ဒီမုန့်လေးစားလိုက် အဲ့ဒါမှ ဆေးသောက်လို့ ရမှာလေ ကလေးရဲ့...sonnyလေးက လိမ္မာတယ်နော်"
“မလိမ္မာဘူး မလိမ္မာဘူး sonnyက လူဆိုးပဲ လူဆိုးပဲလုပ်မှာ အီး...ဟီး...ဟီး..."
“ဟူးးးး"
သူအိမ်ထဲဝင်မည့်အရေး သက်ပြင်းမောကြီးကို အရင်ဆုံး ချလိုက်မိပါတယ်
“အစ်ကိုလေး စိတ်ညစ်သွားပြီလား"
“အဟင်း!!နည်းနည်းပါ"
“စိတ်မညစ်ပါနဲ့ အစ်ကိုလေးရယ် တကယ်တော့ သခင်လေးက သနားစရာပါ"
“သခင်လေးက သနားစရာ!!! ဟုတ်လား"
“ဟုတ်တယ် အစ်ကိုလေးရဲ့ သခင်လေးက ရှစ်နှစ်သားလောက်မှာ ပြန်ပေးဆွဲခံရပြီး accident ဖြစ်ခဲ့တယ် အဲ့ဒီမှာပဲ အကြောက်လွန်ပြီးတော့ စိတ်ထိသွားခဲ့တာပါ"
“သြော်!!!ဆရာ ရောက်လာပြီလား အိမ်ထဲဝင်လာခဲ့ပါ"
အပေါက်ဝတွင်ရပ်ပြီး သူတို့စကားပြောနေသည်ကို သူဌေးByunလှမ်းမြင်သွားခဲ့ပါသည်။
ထိုင်ရာမှထလာ၍ အိမ်ထဲဝင်လာရန် ခေါ်နေသဖြင့် ဒရိုင်ဘာကြီးနှင့်chanyeolတို့ ပြောလက်စ စကားများ ပြတ်သွားခဲ့ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
“အဒေါ်ကြီးဂျီ!! သားBaekလေးကို အိမ်ပေါ်ထပ်ခေါ်ပြီး အဝတ်အစားလဲပေးလိုက်ပါ..! ဆရာက ကျွန်တော်နဲ့ စကားပြောရအောင် စာဖတ်ခန်းထဲ လိုက်ခဲ့ပါနော်"
“ဟုတ်ကဲ့ပါ သူဌေးByun!"
သူ့အရှေ့မှာ အဒေါ်ကြီးနောက် ပါသွားတဲ့ မျက်ရည်စီးကြောင်းနှင့် ကောင်လေးတစ်ယောက်
အသားအရည်လေးက နေမထိလေမထိမို့ ဖြူဆွတ်ပြီး ပိုးသားလေးလို နုဥနေပါသည်။
ဖြောင့်စင်းနေသည့် ဆံနွယ် ညိုညိုလေးတွေက နဖူးပေါ်မှာ ခပ်ဝဲ၀ဲ တုံးတိတိလေး ညှပ်ချထားတယ်
မျက်လုံးမှေးမှေးလေးတွေက မည်းနက်ပြီး ရွှန်းစိုနေပါတယ် ပြီးတော့ မှဲ့လေး နှုတ်ခမ်းပါးလေးပေါ်က မှဲ့နက်လေးက အထင်းသားလေး...
ဒါပေမဲ့ တခုပဲ လူကောင်ကျတော့ သေးသေးလေးရယ်
သူ့ကိုကြည့်သွားတဲ့ အကြည့်တွေက ခံစားချက်မဲ့ပြီး အသက်မဲ့နေတဲ့လူလိုပဲ
“ထိုင်ပါဦး ဆရာ"
သူဌေးByunရဲ့ ထိုင်ပါဦး ဆိုသည့်အသံကြားမှ chanyeol သတိဝင်လာပြီး စာဖတ်ခန်းထဲပင် ရောက်နေပြီဖြစ်ကြောင်း သတိထားမိပါသည်။
“ဟုတ်ကဲ့ ကျွန်တော့နာမည် Park chanyeolပါ ပေါ့ပေါ့ပါးပါး yeolလို့ပဲခေါ်ပါ သူဌေး"
“ကောင်းပါပြီ yeol... ဦးလေးက Byunလုပ်ငန်းစုရဲ့ ဥက္ကဌ Byunထယ်ဂျင်းပါ...သားလေးရဲ့ နာမည်ကတော့ Byun baekhyunပါကွယ်"
“ဟုတ်ကဲ့ပါ သူဌေး! ကျွန်တော် မှတ်ထားပါ့မယ်"
“ဦးလေး လိုတိုရှင်းပဲ ပြောတော့မယ်.... Yeol သိတဲ့အတိုင်းပဲ ဦးကလည်း အလုပ်များတဲ့လူဆိုတော့ သားလေးကို အချိန်ပြည့် ဂရုမစိုက်နိုင်ဘူးလေ သားလေးရဲ့ ဒဏ်ကို ခံနိုင်တဲ့သူကလည်း ခပ်ရှားရှားရယ် သားလေးက အဒေါ်ကြီးရဲ့ စကားကို နားထောင်ပေမဲ့ အဒေါ်ကြီးကလည်း အသက်ကြီးလာပြီဆိုတော့ အရင်တုန်းကလောက် သားလေးကို ဂရုမစိုက်နိုင်တော့ဘူး... အဲ့ဒါကြောင့်မို့ အခုလို ကလေးထိန်းလို့ပဲ ဆိုပါတော့ မင်းကိုငှားလိုက်ရတာပါ"
“ဟုတ်ကဲ့ Baekhyunလေးကို စိတ်ချပါ သူဌေး! ကလေးကို ကိုယ်ရော စိတ်ရော ကျန်းမာလာအောင် ကျွန်တော်လေ့ကျင့်ပေးပါ့မယ်"
“ဝမ်းသာလိုက်တာ ငါ့တူရာ အဲ့ဒါကြောင့် Taoက ငါ့တူကို ထောက်ခံပေးခဲ့တာနေမှာ"
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး!"
“ဒါနဲ့ Yeolက ဘယ်အချိန် အလုပ်လာပြီး ဘယ်အချိန်ပြန်မလဲ"
“ကျွန်တော် မနက် ရှစ်နာရီလာပြီး ညနေခြောက်နာရီဆို ပြန်ပါ့မယ်"
“ကောင်းပါပြီ Yeolပြောတဲ့ ခြောက်နာရီ အဲ့ဒီအချိန် အမှီ ဦးပြန်လာပါ့မယ်"
“ဟုတ်ကဲ့ပါ ဦး"
.
.
.
.
.
.
.
ဆက်ရန်»»»