ရာသီဥတုအခြေအနေကို အတိအကျကြီး မခန့်မှန်းနိုင်
သော်ငြား...သာယာနေမည်ဟုတော့ အနီးစပ်ဆုံး ကျွန်တော်သုံးသပ်နိုင်သည်...။
နိုးထလျှင်နိုးထခြင်းက ပြတင်းပေါက်မှသဲ့ဝင်နေသော
နေရောင်ခြည်နုနုကို မြင်ခဲ့လိုက်ရသည်ကြောင့်ပင်။
ထိုသို့ ရာသီဥတုသာယာနေသောနေ့က သူ၏ စိတ်တစ်ပိုင်းတစ်စကို မြင်တွေ့ခဲ့ရသကဲ့သို့... ... ...
သူ့ရှိရာဆီသို့လည်း ခြေလှမ်းတစ်လှမ်းတိုးသွားမိခဲ့လေ
သည်။
" ဖက်ထုပ်ပြုတ်စားမှာဆိုတော့ ရေခဲသေတ္တာအောက်
ဆုံးထဲက ဖက်ထုပ်အထုပ်လေးကိုယူခဲ့ပေးလိုက် "
နေ့ခင်းစာအတွက်ပြင်ဆင်နေချိန်တွင် ကျွန်တော်
သိသိသာသာပင် အလုပ်များနေခဲ့သည်။
သူ့ရှိရာဆီလှည့်ကြည့်ရင်း စေခိုင်းလိုက်မိသည့်နည်းတူ
ရေနွေးအိုးခလုတ်ကိုလည်း တစ်ဆက်တည်းလှမ်းဖွင့်
လိုက်မိသည်... ... ...။
ထိုင်ခုံတွင် ကြာရှည်စွာထိုင်နေခဲ့သောBaekhyun
က ကျွန်တော့်စကားအောက်တွင် သွက်လက်စွာ
ထလာခဲ့လေသည်။ ကျေးဇူးတင်စရာတော့ကောင်း
သည်။ ကျွန်တော့်စေခိုင်းမှုအားလုံးကို မညည်းမညူ
အကုန်လုပ်ပေးတတ်သော သူက အပြုံးတစ်ချက်ပင်
မပျက်... ... ...။
" ဆော့စ်ရောရှိလား? "
" မင်းခေါင်းပေါ်က ဘီရိုလေးထဲမှာရှိတယ်၊
ဘူးနီလေးနဲ့ "
သူလက်ညှိုးညွှန်ပြလာသည့် ဘီရိုတံခါးလေးကိုဆွဲဖွင့်
လိုက်ပါတော့ တစ်ဘူးတည်းရှိနေပါသော ဆော့စ်ဘူး
လေး...။ တစ်ဘူးလေးတည်းရှိသည်ကို အထွေအထူး
လုပ်ပြီး ဘာကြောင့်များ သီးသန့်ထားရှိနေသည်မသိ။
နားမလည်နိုင်သောအပြုအမူကြောင့် ခေါင်းတစ်ချက်ခါ
ယမ်းလိုက်ရင်း... ဆော့စ်ဘူးရှိရာဆီလက်လှမ်းလိုက်
သည်။ ဘူးလေးကို ကိုင်မိလျှင်ကိုင်မိခြင်းမှာပင်...
ရေငွေ့မှုတ်သံသေးသေးလေးနှင့်အတူ အချက်ပေးလာ
သော ရေနွေးအိုးလေး...။
Baekhyunကို အကူအညီတောင်းရန်လှမ်းကြည့်မိ
ပါတော့... များများစားစားမရှိသောအထုပ်တွေကြား
ဖက်ထုပ်အထုပ်ကို အားကြိုးမာန်တက်ရှာနေသည်ကို
တွေ့လိုက်ရသည်။ ဖက်ထုပ်ထုပ်ကိုမြင်ရောမြင်ဖူးရဲ့လား
မသိ... ... ...။
မထူးတော့သည်ကြောင့် ဆော့စ်ဘူးကိုင်ထားသော
လက်ကိုအမြန်အလုပ်ပေးလိုက်ရင်း...
လူကလည်းတစ်ပတ်ပြန်လှည့်ကာ ရေနွေးအိုးခလုတ်ကို
လှမ်းပိတ်လိုက်သည်။
သို့သော်... ကြံစည်သမျှသည် ရုပ်ရှင်ဇာတ်လမ်းတွဲတွေ
ထဲက ပြကွက်တွေလို အစီအစဉ်တကျဖြစ်မလာ။
ဆော့စ်ဘူးကို အဖုံးသေချာမပိတ်ထားသောတရားခံကို
ပဲ အပြစ်တင်ရမည်လား... ... ...၊
အချိန်ကောင်းကိုက်စွာ အချက်ပေးလာသောရေနွေးအိုး
ကိုပဲအပြစ်တင်ရလေမည်လား...။
လက်ညှိုးထိုးအပြစ်တင်စရာ ရေရေရာရာမရှိသော
အချိန်အပိုင်းအခြားတစ်ခု၏အဆုံးသတ်တွင်တော့...
ကျွန်တော့်အင်္ကျီပေါ်တွင် လှလှပပကြီးနေရာယူနေပြီ
ဖြစ်ပါသော ဆော့စ်အနီကွက်ကြီးကို လက်ခံလိုက်ရ
လေသည်...။
" tsk! သေစမ်း... "
စိတ်ပျက်စွာ ကျစ်သပ်သံကြောင့် သူ လှည့်ကြည့်လာ
သည်။ ကျွန်တော့်အင်္ကျီပေါ်က ကြည့်ရတာအဆင်မပြေ
သော ဆော့စ်အနီကွက်ကြီးကြောင့်... အနည်းငယ်
တော့ သူ ယောက်ယက်ခတ်သွားသေးသည်။
" ခဏ...ခဏနော်... ငါ အင်္ကျီသွားယူပေးမယ် "
လှစ်ခနဲပြေးထွက်သွားသော Baekhyun၏ သွားရာ
ကို ကျွန်တော်လိုက်မကြည့်မိလိုက်သည်က...
မှားယွင်းသောအခြေအနေတစ်ခု၏ နိဒါန်းပျိုးဖြစ်လာခဲ့
သည်။ ဘူးအနီလေးကို အနားက စားပွဲပေါ်လှမ်းတင်
လိုက်ပြီး ကျွန်တော့်အင်္ကျီပေါ်က ဆော့စ်တွေကို
စိတ်လက်ကုန်ခမ်းစွာ ငုံ့ကြည့်လိုက်မိ၏... ... ...။
တကယ့်ကို စေးထန်းထန်းနိုင်လိုက်မည့်အဖြစ်။
" မလာသေးဘူးလား "
ဝတ်ထားသောအင်္ကျီကိုအလျင်အမြန်ချွတ်လဲပစ်လို
စိတ်နှင့် သူ သွားသည်မှာသိပ်မကြာသေးဆိုသော
အချက်ကို ကျွန်တော်သိသိသာသာပင် လျစ်လျူရှုပစ်
လိုက်သည်။ ရုတ်ခြည်း သတိရမိသွားသောအချက်က
အိမ်ရှေ့က တံခါးမကြီးကိုပင်... ... ...။
အခုချိန် ရုတ်တရက်ပြေးထွက်သွားရင်း Baekhyunဆီမှ ကျွန်တော်လွတ်မြောက်ရန်
ကြိုးစားကြည့်လိုက်လျှင် ကံတရားက မျက်နှာသာပေး
ကာ ကျွန်တော့်အား အပြင်လောကကိုပြန်ထိတွေ့ခွင့်
ပေးချင်ပေးလိမ့်မည်။
အင်္ကျီပေါ်က စိတ်ရှုပ်စရာအကွက်ကြီးကိုပင် ခဏတာ
မေ့လျော့သွားရင်း တံခါးရှိနေမည့်ဘက်သို့
ယမ်းယောင်လှမ်းကြည့်လိုက်မိ၏... ... ...။
ထို့နောက်... မသိမသာတိုးရွေ့သွားပါသောခြေလှမ်း။
သို့တိုင်အောင်... တစ်ကြိမ်တစ်ခါက ပေးခဲ့ဖူးပါသည်ဆို
သော ကတိတစ်ခုက ကျွန်တော့်ဆန္ဒကို ရိုက်ချိုးပစ်ခဲ့
လေသည်။ ကျွန်တော် ညံ့ဖျင်းရာများကျသွားလေ
သလား... ... ... ထည့်တွက်မသင့်သောအချိန်တစ်ခု
တွင် တရားမဝင်သော ကတိတစ်ခုကို အရာရောက်
နေစေသည်ကလေ...။
ထားပါ... ကျွန်တော့်ရွေးချယ်ခွင့်နောက် ကျွန်တော်
လိုက်ပါနိုင်ခွင့်တော့ရှိသေးသည်ပဲ။
လိပ်ပြာမလုံတော့သောကြောင့်လည်းကောင်း...
အကြောင်းပြချက်ကောင်းတစ်ခုရှာနေသောသူတစ်
ယောက်အဖြစ် ကျွန်တော့်ကိုယ်ကျွန်တော်မြင်လိုက်မိ
သည်ကြောင့်လည်းကောင်း...
သူရှိရာဆီလိုက်ရန်ပြင်လိုက်သည်။
သူ့အစ်ကိုအခန်းရှိရာ အပေါ်ထပ်ဆီသာ တန်းတက်
လာခဲ့မိလိုက်၏။ အရင်တုန်းကလည်း...
သူ့အစ်ကိုအဝတ်အစားများကိုသာ ကျွန်တော့်ကို
ဝတ်စေခဲ့သည်ကြောင့် အခုအချိန်မှာလည်း
သူ့အစ်ကိုအခန်းထဲတွင်သာရှိနေလောက်သည်ဆို
သော ကျွန်တော့်တွက်ဆချက်အပေါ် အနည်းငယ်မျှ
ပင် သံသယမဖြစ်မိခဲ့... ... ...။
ပိတ်ထားသော တံခါးချပ်ကိုရပ်ကြည့်ကာ ဇဝေဇဝါဖြစ်
နေမိသော်ငြား...သေချာအောင်တော့ ကျွန်တော်
လှည့်ဖွင့်ကြည့်လိုက်မိသေးသည်။ ဟင့်အင်း...
ပွင့်မလာသောတံခါးချပ်က တစ်စုံတစ်ယောက်မျှ
အခန်းထဲဝင်လာခြင်းမရှိပါဟု သွယ်ဝိုက်ပြောနေ
သယောင်...။
" အပေါ်ထပ်မှာမဟုတ်ဘူးလား...
Ba... "
ဝုန်း!
ခလွမ်း!
သူ့နာမည်ကိုအော်ခေါ်ရန် ပြင်လိုက်သော ကျွန်တော့်
အားထုတ်မှုသည်... အောက်ထပ်ဆီမှ လွှင့်ပျံ့လာ
သော ဆူညံသံများကြောင့် အစပင်မပျိုးလိုက်ရဘဲ
ရပ်တန့်သွားရသည်။
" Baekhyun လား "
ခပ်တိုးတိုးမေးခွန်းထုတ်လိုက်ရင်း လှေကားရှိရာဆီ
ဖြည်းညှင်းစွာဆင်းလာခဲ့လိုက်၏။ မည်သည့်အရာကို
ထည့်စဉ်းစားရင်း ယခုလိုတိုးတိတ်နေမိသည်ကိုလည်း
ကျွန်တော်ကိုယ်တိုင် စဉ်းစားမရ... ... ...။
လှေကားရင်းရောက်ခါနီးမှာပင် တစွန်းတဖျလှမ်းမြင်
လိုက်ရပါသော အခင်းအကျင်းတစ်ခု...။
စားပွဲပေါ်တွင် သေချာစွာတင်ထားပါသော ဟင်းအမည်
ပစ္စည်းတွေက ယခုကျတော့လည်း ဖရိုဖရဲနှင့် ကြမ်းပြင်
ထက်မှာ နေရာယူလို့။
ဆော့စ်အနီဘူးဆီမှ ဆော့စ်အနီရည်များကလည်း
ကြမ်းပြင်ထက်တွင် ဖိတ်စင်ထွက်ကျနေသည်က...
သွေးကွက်များကဲ့သို့ပင် မြင်လို့မှမကောင်း။
" သူ...သူ ထွက်ပြေးသွားတာလား...
အက်ႌလဲမယ္ဆိုၿပီး ငါ့ကိုညာတာလား! "
အက်ကွဲစွာထွက်ကျလာသောအသံကြောင့်...လှေကား
လက်ကိုင်ကို ဆုပ်ကိုင်လိုက်မိသည်။
သူက ကိုင်လာသောအင်္ကျီအဝါလေးကို အားနှင့်လွှဲကာ နံရံရှိရာဆီလှမ်းပစ်လိုက်သည်ကြောင့်... ... ...
အသံကျယ်တစ်ခုနှင့်အတူ အင်္ကျီလေးလည်း
ပစ္စည်းအပြိုအကွဲတွေကြားရောက်သွား၏...။
ထိုအချိန်အထိ သူ့အပေါ်စိုးရွံ့စိတ်သာ ရှိပါသေးသည်။
သို့သော်... အသိစိတ်လွတ်နေသောသူတစ်ယောက်လို
ဒေါသကြီးနေသောBaekhyunက...
ကမူးရှူးထိုးသဏ္ဌာန်ဖြင့် အပြင်ဘက်ဆီပြေးထွက်ရန်
ဟန်ပြင်သည်။
ကျွန်တော်ထွက်ပြေးသွားသည်ကို လိုက်တားဆီးတော့
မည့် ဆုံးဖြတ်ချက်ချထားဟန်တူပါ၏။
ထိုဆုံးဖြတ်ချက်ကြောင့် ကြမ်းပြင်ထက်က ပန်းကန်ကွဲစ
တွေကို သူ မြင်ဟန်မတူ...။
တမင်ဂရုမစိုက်သည်လည်းဖြစ်နိုင်ပါသည်လေ...။
ဇွတ်တရွတ်လှမ်းနေသောခြေလှမ်းများက ဖန်ကွဲစ
တွေထက် နင့်နင့်သည်းသည်းကို နေရာယူလာသည်
ကြောင့်... ကျွန်တော် လှေကားထက်ဆီမှနေ
သူ့ရှိရာဆီ အလျင်အမြန်ပြေးရတော့သည်။
" Baekhyun...Baekhyun...သတိထား!!!
အောက်က မင်းခြေထောက်သွေးတွေထွက်နေပြီ!!! "
ကျွန်တော်ကိုယ်တိုင် ဖန်ကွဲစတွေကို ရှောင်ရှားရင်း
သူ့ကိုပါ တစ်ဖက်နံရံဆီတွန်းပို့လိုက်ရသည်။
အရှိန်နှင့် ဖိတွန်းလိုက်မိသည့်အတွက် အတော်နာကျင်
ကောင်းနာကျင်သွားနိုင်ပါသည်...။
" ရလား...အဆင်ပြေရဲ့လား "
ပခုံးနှစ်ဖက်ကို အုပ်ကိုင်ကာ ခြေထောက်ကိုငုံ့ကြည့်
လိုက်...ကိုယ်ကိုကြည့်လိုက်မေးနေမိပေမယ့်...
ကျွန်တော့်လက်ထဲမှကောင်လေးကတော့ ကျွန်တော့်ကို
ကျွန်တော်မှန်း အာရုံစိုက်နိုင်ဟန်မတူ။
အတင်းကာရော ရုန်းထွက်နေရင်း သွေးရူးသွေးတမ်း
နှင့်လည်း ကျွန်တော့်ကိုတွန်းထုတ်နေသေးသည်...။
" ဖယ်စမ်း...ဖယ်စမ်းလို့!!!
Yeollieနောက်ကိုလိုက်ရဦးမယ်...ဖယ်စမ်း!!! "
" Baek...ငါလေ...ငါပါ Chanyeol...
စိတ်ကိုငြိမ်ငြိမ်ထားနော်...
ငါရှိနေတယ်...မင်းကိုထားပြီး ငါဘယ်မှမသွားဘူး၊
အဲ့ဒါကြောင့် စိတ်ကိုထိန်းနော်...နော်... "
သူ့ခေါင်းလေးကိုအုပ်ကိုင်ကာ ကျွန်တော့်ရင်ထဲ
အတင်းဖက်ထားလိုက်ရင်း ချော့ပြောတော့မှ...
ရုန်းကန်နေသော ကောင်လေးငြိမ်ကျသွားသည်။
အသက်ကို ပင်ပန်းကြီးစွာရှိုက်နေရင်းအဆုံးသတ်တွင်
တော့ နာကျင်မောပန်းစွာ ရှိုက်ကြီးတငင်ငိုကြွေးလာခဲ့
ပါသည်... ... ...။
" ဟုတ်ပြီBaek...ဟုတ်ပြီ...
ငါရှိတယ်... ငါရှိနေပါတယ်... "
ထိုစကားကိုပဲ တိုးဖွဖွနှင့်ထပ်တလဲလဲရေရွတ်ရင်း
သူ့စိတ်ငြိမ်မှုကို ကျွန်တော်ကြိုးစားဖမ်းချုပ်နေမိသည်။
ကျွန်တော်မသိလိုက်မိသည်က... ... ...
ကျွန်တော့်ခြေထောက်တွင်ပါ ဖန်ကွဲစ စိုက်ဝင်ရင်း
သွေးထွက်နေသည်ကိုပင်... ... ...။
♣ အသွင်ပြောင်းဖဲချပ် ♣
လေနှင့်ခပ်ဖွဖွမှုတ်ပေးလိုက်သည့်နောက်တွင် ကျွန်တော့်လက်ထဲက ခြေထောက်လေးအနည်းငယ်
လွန့်လူးသွားသည့်နည်းတူ... ညည်းသံသဲ့သဲ့လေးပါ
ထွက်ကျလာသည်။
" အခုကျ နာလား "
အတည်မေးသောမေးခွန်းတစ်ခုမဟုတ်မှန်းသိသာနေ
သည်ကြောင့် မျက်မှောင်ကြုတ်ကြည့်လာရင်း...
Baekhyun အကြည့်လွှဲသွားသည်။
ကျွန်တော့်လက်ထဲမှခြေထောက်ကို ခပ်သာသာလှုပ်
ရမ်းပစ်လိုက်ပြီးမှ... ... ...
" အသားကိုခွဲထွက်သွားတာ မနာပဲနေမလား၊
နာကျင်တာကို အာရုံစိုက်နိုင်တယ့်အခြေအနေကွာ
သွားတာပဲရှိတယ်... "
ကျွန်တော် ထွက်ပြေးသွားသည်ဟူသောအခြေအနေက
သူ့အတွက်ပိုနာကျင်ရသည်ဟု သွယ်ဝိုက်ပြောလာ
သည်ကြောင့်...သက်ပြင်းသာချလိုက်မိသည်...။
ပြန်လှည့်လာမည့် သူ့မျက်ဝန်းတို့နှင့်မဆုံရန် တမင် အကြည့်ကို အောက်ချထားရင်း...
" အင်္ကျီက ဒီတစ်ခေါက် ဘယ်ကသွားယူနေတာလဲ၊
ငါက မင်းအပေါ်ထပ်ကသွားယူတယ်မှတ်နေတာ "
" ဟိုတလောကတည်းက ငါ အဲ့အင်္ကျီလေးကို သဘောကျနေတာ...၊
မင်းနဲ့လိုက်မယ်ဆိုပြီးဝယ်ထားဖြစ်တာ...၊
အခုတော့ အချဉ်ရည်တွေပေကုန်တယ် အေးရော "
ကြမ်းပြင်ထက်မှ ဆော့စ်အရည်ပေါ်ကိုမှ ကွက်တိကြီး
ကို ပစ်ကျသွားသောအင်္ကျီလေးက အဝါခံပေါ်
အနီအကွက်ဒီဇိုင်းဆင်လိုက်သည့်နှယ်...။
အခြေအနေတွေပြန်တည်ငြိမ်သွားခိုက်က ထိုအင်္ကျီ
လေးကိုကောက်ကိုင်ကြည့်ရင်း ယူကြုံးမရဖြစ်နေသော
Baekhyun မျက်နှာလေးကြောင့်...ကျွန်တော့်မှာ
ရယ်ရအခက် ငိုရအခက်... ... ...။
အင်း...ရယ်ရအခက် ငိုရအခက်ဆိုသောအခြေအနေက
သူနှင့်ကျွန်တော်၏ ဆက်နွယ်မှုအတိုင်းပင်မဟုတ်ပါ
လား။
" အဲ့ဒါဆိုလည်း သွေးပျက်မယ်ကြံရင် စဉ်းစဉ်းစားစား
လေးနဲ့သွေးပျက်ပေါ့ကွာ... "
" ဒီမယ် Yeollie...သွေးပျက်တယ်ဆိုတဲ့အနေအထားကိုရောက်သွားပြီဆို
ကတည်းက ဒီဦးနှောက်မှာ စဉ်းစားနိုင်ခွင့်တွေ...
တွေးတောနိုင်ခွင့်တွေ လုံးဝအလုပ်လုပ်တော့တာ
မဟုတ်ဘူး... ... ...၊
သွေးပျက်သွားပြီဆိုကတည်းက စဉ်းစားဥာဏ်အပေါ်
အားမကိုးတော့ဘဲ ခံစားချက်အပေါ်ပဲ မူတည်ပစ်လိုက်
တယ်ဆိုတာ မင်းသိသင့်တယ်... "
ပတ်တီးစည်းပေးနေသောခြေထောက်ကို ဆောင့်ရုန်း
ထွက်သွားသည်ကြောင့်... အဆုံးသတ် တိတ်ကလေး
ကို အမြန်လိုက်ကပ်ပေးလိုက်ရသေးသည်။
တကယ် လူပုစိတ်တိုအကောင်လေး...။
ဟုတ်ပါပြီဟုသာ နှုတ်ခမ်းကိုမဲ့ပြလိုက်ရင်း...ကျွန်တော်
အငေါ်ထူးလိုက်မိ၏။
ဆေးသေတ္တာလေးထဲကို ဆေးတွေပြန်ထည့်နေခိုက်မှာ
ပဲ... ကျွန်တော်နှင့်တည့်တည့် ထိုင်ချလာပါသော
Baekhyun...။
ခြေထောက်ဒဏ်ရာရနေသည်ကို စိတ်လွတ်ကိုယ်လွတ်
လှုပ်ရှားနေသည်က ပေါ့ပေါ့ပါးပါးပင် ဒူးထောက်ထိုင်ချ
လာသေးသည်။
" မင်း ခြေထောက်က ဒဏ်ရာနဲ့လေ၊
ဘာလို့ ခြေဖဝါးအပေါ် ဖိထိုင်ချလိုက်တာလဲ "
" မင်း ငါ့ကိုတကယ်ကြီးကိုနမ်းချင်နေတာလား? "
" ဟာ...လာပြန်ပြီလား...ဒီမေးခွန်းကြီးက "
အံ့သြစွာပင် ဘုရားသခင်အားတလိုက်မိသည်။
ဆက်စပ်မှုမရှိသောအကြောင်းအရာတွေထဲမှာ
ပျော်မွေ့နေသော Baekhyun က... ပါးရှရှအပြုံး
လေးတစ်ပွင့်နှင့် ကျွန်တော့်ခြေထောက်ကို မေးဆတ်ပြ
လာကာ... ... ...
" မင်းခြေထောက်က ဒဏ်ရာကိုသတိမထားမိနိုင်
လောက်တဲ့အထိ ငါ့ခြေထောက်ကိုစိုးရိမ်ပေးနေတာဆို
တော့... အဲ့သလောက်တောင် နမ်းချင်နေသလားလို့ "
သူ့ဒဏ်ရာလောက်မနက်သော်ငြား သွေးစို့နေသော
ကျွန်တော့်ဒဏ်ရာသည် သူ့အတွက် အနိုင်ရကွက်တစ်ခု
လိုဖြစ်သွားသည်ကြောင့်... ပြောလာသောစကားနှင့်
ပြုံးလာသောအပြုံးက ဆွဲကုတ်ပစ်ချင်စရာ...။
စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်ဟန်ကို ကျွန်တော်
တမင်ဖမ်းယူလိုက်ရင်း... ဆေးတွေကိုသာကောက်
သိမ်းနေလိုက်သည်။
သူ့ရှေ့ကနေ မြန်မြန်ထွက်သွားချင်ပါသည်ဆိုမှ
ရှည်ကြောလိုက်သည့်ဆေးတွေ...။
ကျွန်တော် ဘာလို့အဲ့လောက်အများကြီးထုတ်ထားမိ
သလဲမသိ... ဒီလိုမှန်းသိ ဘယ်ဆေးကဘယ်ဒဏ်ရာ
အတွက် အဆင်ပြေသည်ဆိုတာကို ခပ်စောစောက
တည်းက ကျွန်တော်လေ့လာထားလိုက်ပါသည်။
အခုတော့ ဆေးညွှန်းတွေလိုက်ဖတ်ရင်း
ဆေးတွေအကုန်ထုတ်ထားသမျှ သိမ်းပေဦးရော့ပဲ။
အလျင်အမြန်ကိုလှုပ်ရှားနေသော ကျွန်တော့်လက်...
သူ့အနားက ပတ်တီးလိပ်လေးကိုလှမ်းယူအလိုက်မှာ
ပင်... ရုတ်ခြည်းဆွဲကိုင်လာသည်ကြောင့်...
နားမလည်နိုင်စွာလှမ်းကြည့်လိုက်မိသည်။
သို့သော်... တူညီသောအဖြစ်အပျက်တစ်ခုကို
သတိရလိုက်မိသည်ကြောင့်...
" ဘာလဲ...လက်ခုံနဲ့ပဲ ရောင့်ရဲပါတယ်ပြောဦးမလို့
လား "
ဒီတစ်ခါတော့ ကျွန်တော့်အလှည့်ဟူသောအတွေးနှင့်
အရာရာကို ကြိုမြင်နေသောသူတစ်ယောက်လို
ကျွန်တော်အပိုင်ကြီးဆိုလိုက်မိသည်။
ကံကြမ္မာကို ကြိုမမြင်ရသကဲ့သို့ပင် Byun Baekhyun ဆိုသောလူသားလေးသည်လည်း
အသေအချာကြီး ခန့်မှန်းပြလိုက်မိပါမှ...တက်တက်စင်
လွဲအောင်လုပ်ပစ်တတ်သည့်လူစားမျိုး။
" ဟင့်အင်း... ပြင်းပြလာတဲ့ ကိုယ့်ဆန္ဒတစ်ခုကို
မသိကျိုးနွံဆောင်ပစ်လိုက်ဖို့ရာအထိတော့
ငါ မမိုက်သေးဘူးYeollie... ... ...၊
အဲ့တော့ အပြစ်တင်ချင်သပဆိုလည်း မင်းကိုယ်မင်း
သာ တင်ပါလေ... "
ထို့နောက်တွင်တော့ တဖြည်းဖြည်းနီးကပ်လာခြင်း
နောက်မှာ နူးညံ့စွာထိတွေ့လာပါသော နှုတ်ခမ်းတစ်စုံ။
ကျွန်တော့်ဆီမှ အရာရာကိုသိမ်းယူသွားတော့မယောင်
နှင့် တစ်စထက်တစ်စ ပြင်းပြလာသောအနမ်းတို့က...
ကျွန်တော့်နှုတ်ခမ်းထက်တွင် စိတ်ကြိုက်ခြယ်လှယ်
ကစားလို့... ... ...။
အချိန်ဆွဲ ကစားသည့်အခါကစားလိုက်...
တရစပ်ဖြစ်သွားသည့်အခါဖြစ်သွားလိုက်နှင့်
အနမ်းပန်းချီိကားတစ်ချပ်ကို သူစိတ်ကြိုက်ပုံဖော်နေ
လေ၏...။
ထူးဆန်းသည်က ကျွန်တော် တွန်းမထုတ်မိခဲ့ပါ...။
♣ အသွင်ပြောင်းဖဲချပ် ♣
#TBC
ဘယ်အချိန်အားမယ်မသေချာလို့ အခုအချိန်ကြီး
ကောက်တင်ပစ်လိုက်၏။
ဆယ့်နှစ်တောင်ကျော်ရော့...။
ကျွန်တော်နော်... ပါဝါတွေတက်လာတာက တစ်ရာကျော်ကြီးတောင်ခုန်တက်သွားတာ... ><
မျက်မှန်ပါဝါပြောတာ...ပါဝါရိန်းဂျားပါဝါမှတ်ပြီး
ကမ္ဘာကြီးကို ကာကွယ်ခိုင်းနေကြမှာစိုးလို့...။
မျက်မှန်ဆိုင်က အစ်မကြီးက စေတနာကောင်းပြီး
ဟိုမျက်မှန်ကိုင်းလေး ဒီမျက်မှန်ကိုင်းလေး ကောင်းနိုးရာရာရွေးပေးလိုက်လို့...
မဟုတ်...ကျွန်တော့်အကြိုက်သာရွေးထားရင် ပုလင်းဖင်ပုံကြီးပေါက်နေလောက်ပြီ။
အခုတော့ ခပ်ပါးပါးလေးမို့ နှာရိုးမချိုင့်သေးတာ။
အဲ့သလောက်ကြီးအထိကို ဒီZoey စေတနာမေတ္တာပို
နေတာမို့... ခဗျားလေးတို့ဘက်ကလည်း
စေတနာမေတ္တာပိုကြပါ...ဒီအသွင်ပြောင်းလေးအပေါ်။
မပြောရတာကြာသော စကားရှည်စုလေး~
အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်...
လေးစားခြင်းများစွာဖြင့်...
ခင်မင်ခြင်းများစွာဖြင့်...
--- 12.3.2018 Mon ---