Just Love [ Completed ]

بواسطة Ivy_Kim22

72.5K 6.3K 316

#XingHo fanfic #Yaoi #Romance (1) المزيد

💓Just Love💓 Ep-1
💛Just Love💛Ep-2
💚Just Love💚Ep-3
💟Just Love 💟Ep-5
💛Just Love💛Ep-6
💟Just Love 💟Ep-7
🐰Just Love Ep🐰-8
❤Just Love❤- XiuChen Special Part
😋Just Love 😋Ep-9 (part 1)
😍Just Love 😍Ep-9(part 2)
Just Love Ep- 10
💓Just Love 💓 Ep-11
Just Love Ep-12
💔Just Love💔-13
Just Love - Final
E x t r a ( 1 )

💘Just Love💘Ep-4

3.7K 362 14
بواسطة Ivy_Kim22

💘Love is just love💘

Junmyeon 's POV

"Junmyeon ရေ ခဏနေ Minwoo ရောက်တော့မှာ ဂျူတီချိန်လဲဖို့ ပြင်ထားတော့ ။ ရော့ ဒီမှာ ဒီနေ့ အတွက် မင်း လုပ်အားခ
"

ဂျာကြီး ကမ်းပေးလာသော ပိုက်ဆံ တစ်ချို့ကို အိတ်ထဲ တစ်ခါထဲထည့်ရင်း Junmyeon   သိမ်းဆည်းကာ  အိမ်ပြန်ရန် ပြင်ရတော့သည် ။

ဟိုတလောက အလုပ် အသည်းအသန်  ထပ်လိုချင်တယ်ဆိုပြီး Min Seok ကို အပူကပ်ထားတော့ သူ့ ကျေးဇူးနဲ့ အခု ကလပ်မှာ အချိန်ပိုင်း လုပ်ခွင့် ရသည်  ။ကလပ်ဆိုပေမယ့် Junmyeon က မီးဖိုချောင်ပိုင်းမှာသာ လုပ်ရသည် ။အပြင်ထွက်ရန်မလို။   တခြား အချိန်ပိုင်း အလုပ်တွေ ပြီးမှ  လုပ်ရသဖြင့်    သူ့ အတွက် အဆင်ပြေလှသည်

ကလပ်က ထွက်လာရင်း လက်က နာရီကို ကြည့်လိုက်တော့ 11:00 ကျော်နေပြီ ။အိမ်မှာ Chennie လေးတစ်ယောက်ထဲ စောင့်နေရသည်မို့လို့   ခြေလှမ်းတွေကို  အရှိန်တင်တာ ခပ်သွက်သွက် လျှောက်နေမိသည်။

ရှပ် ရှပ် ရှပ်

ရုတ်တရတ် ခြေသံ တစ်ချို့ ကြားလိုက်ရတာကြောင့် ဘေးဘီကို လိုက်ကြည့်မိတော့ သူ့အရှေ့ မလှမ်းမကမ်းမှာ  လူတစ်ယောက်  ။

အစက ကိုယ့်အာရုံနဲ့ ကိုယ်မို့လို့ သတိမထားမိ   ။အမဲရောင် ဝတ်စုံနှင့် ထိုသူမှာ  သူ့လိုပဲ အလျင်လိုနေသည့်ပုံ ။

သူလဲ ထိုသူ့ ခြေလှမ်းနှင့် မှီအောင် ထပ်ပြီး အရှိန်တင်လိုက်တော့ အရှေ့က လူက ပြေးထွက်သွားပြီ ။

"ဘာလဲကွာ ကားဂိတ်ထိ  လမ်းလျှောက်ဖော် ရပြီ အောက်မေ့တာ ဘာတွေများ အဲ့လောက် အသည်းအသန်ဖြစ်နေလဲ မသိဘူး  ။"

Junmyeon မကျေမနပ် ရေရွတ်ရင်း  လမ်းချိုးကွေ့  နား ရောက်ခါနီးးမှာ

"တီတီ "

"ဒုန်း "

"အားး "

Junmyeon မြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်။

ခုနက သူရှေ့က လူကို  ကားတစ်စီးက အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်တာ။

ရုတ်တရပ်မို့ သူ လန့်ပြီး နေရာမှာတင် ကြက်သေသေနေမိသည်။

ကားပေါ်ကလူတစ်ယောက် ဆင်းလာသောကြောင့်
Junmyeon အသိဝင်လာလို့ ထိုလူ့ဆီ သွားမယ် ခြေလှမ်းလိုက်တော့

ကားပေါ်က ဆင်းလာသူက ဖုန်းထုတ်ပြီး တစ်နေရာရာကို ဆက်နေသည် ။

အခု Junmyeon မြင်နေရသည့် မြင်ကွင်းက သူကြည့်နေကြ Drama ကားတွေထဲက မြင်ကွင်းမျိုးနှင့် ခပ်ဆင်ဆင်တူနေသည။် မင်းသားကို တမင် ကားနဲ့ ဝင်တိုက်ပြီး လုပ်ကြံတဲ့ ဇာတ်ဝင်ခန်းမျိုး  ။

"ဆရာ  ခိုင်းတဲ့ အတိုင်း ပြီးပြီဆရာ တော်တော်တော့ ဒဏ်ရာပြင်းတယ် ဟုတ်ကဲ့ ဆရာ ထားခဲ့ပြီး  ကျွန်တော်ပြန်လာနေပြီ  ။"

Junmyeon ကြောက်လွန်းလို့ လက်တွေပင် တဆတ်ဆတ် တုန်နေပြီ ။တော်သေးတာက သူက လမ်းကွေ့ရဲ့ မှောင်တဲ့ဘက် ရောက်နေသောကြောင့်

ထိုလူကြီးမှာ သူ့ကို မြင်ပုံမရ ။

ဖုန်းပြောပြီးတာနဲ့ ချက်ချင်း ကားပေါ်တက်ကာ  မောင်းထွက်သွားသည်  ။

ထိုကား ခပ်ဝေးဝေးရောက်မှ Junmyeon နေရာမှ ထွက်ကာ
ဟေ့လူ ဟေ့လူ သတိထားဦးလေ ။
ဆေးရုံပို့ပေးမှာ မို့လို့ သတိထားဦးလို့ ဟေ့လူ ။

ကျွတ်စ် သွေးတွေလျဲားကြီးပဲ
သွေးထွက်လွန်တော့မှာပဲ ။

သတိမေ့နေတဲ့ ထိုလူ့ကို ထိန်းထားရင်း Junmyeonမှာ  ဆေးရုံကား ခေါ်ရသည် ။

ဆေးရုံကားရောက်တော့လဲ လူနာရှင် အနေနဲ့ လိုက်ရသေးသည်မို့ သူ့မှာ အိမ်မပြန်ဖြစ် ။

Min Seok ဆီ ဖုန်းဆက် အကျိုးအကြောင်း ပြောရင်း Chennie လေးနဲ့ သွားနေပေးဖို့ ပြောရသည်။

ဆေးရုံ ရောက်တာနဲ့ ခွဲခန်းထဲ တန်းဝင်ရသည်မို့ လူနာရှင်နေရာမှာ သူပဲ လက်မှတ်ထိုးလိုက်ရသည်။

"ဟူးး လူကောင်းလား လူဆိုးလား မသိတဲ့သူကို ငါဝင်ကူညီမိပြီ ကားတိုက်မှုဆိုကတည်းက ရဲတွေပါပါလာပြီး
စစ်လားဆေးလားတွေ လုပ်တော့မှာ "

သူသိသလောက် ပြောပေးရတာ ကိစ္စမရှိ။

ဒီအမှုကြားထဲ ကိုယ်ပါ ရောယောင်ပြီးပါနေမှ အလုပ်ပျက်ပြီး ဒုက္ခရောက်မှာ ။

သို့သော်လဲ ကိုယ့်မျက်စိရှေ့တင် ဖြစ်ပျက်သွားသော အရာမို့လ်ို့ မျက်နှာလွှဲ ခဲပစ် မနေနိုင် ။

လုပ်နိုင်တာ တစ်ခုကတော့ ထိုသူ အမြန် သတိရလာပြီး မြန်မြန် ဖြေရှင်းနိုင်ဖို့ပင် ။

************************************

"ဒီမှာရှင့်။  ရှင်က ကားaccident နဲ့ ရောက်လာတဲ့ သူရဲ့ လူနာရှင် လား။"

"ဟုတ်ကဲ့ ကျွန်တော်ပါ။"

"ဒီမှာ လူနာနဲ့ အတူပါတဲ့ ပစ္စည်းတွေပါ ။"

Nurse မလေး ပေးလာတဲ့ အိတ်ထဲမှာ ပါတာက  ပိုက်ဆံအိတ်ရယ် ဖုန်းရယ် ။

Junmyeon ပိုက်ဆံအိတ်ထဲ ရှာကြည့်တော့ ဒေါ်လာအနည်းငယ်နဲ့ ဝမ် အချို့ ။
နာမည်ကတ်ပြားဘာညာ တစ်ခုမှ မတွေ့ ဖုန်းကလဲ Lock နဲ့မို့လို့ ဖွင့်မရ ။

Junmyeon ကြံရာမရဖြစ်နေတုန်း ထမြည်လာတဲ့ ဖုန်းသံ ။

ကြည့်လိုက်တော့ ထိုသူ့ဖုန်း ။

သူ အမြန်ကိုင်လိုက်တော့

"Ya YiXing မင်းဘယ်မှာလဲ  အိမ်အခုထိ  ပြန်မရောက်သေးတာလား အိမ်ရောက်တာနဲ့ ဖုန်းဆက်ပါဆိုတာကို ဘာလို့ အခုထိ မဆက်သေးတာလဲ ။"

ဟိုဘက်က ပြောလာတာက တရုတ်စကား  ။

Junmyeon နည်းနည်း နားလည်သည်မို့

ခဏခဏလေး နေပါဦုး ။ဖုန်းပိုင်ရှင်က
အခု ကား accident နဲ့ ဆေးရုံရောက်နေလို့ပါ။ ကျွန်တော်က သူ့လူနာရှင် အနေနဲ့ တာဝန်ယူထားရတာပါ ။
အဲ့ဘက်က သူက သူနဲ့ အသိဆိုရင် *** ဆေးရုံကို အမြန်လိုက်လာပေးပါ ။"

ဟိုဘက်က ဖုန်းချ သွားတော့မှ Junmyeon သက်ပြင်းချမိတော့သည်။

လူနာရှင် အစစ်တွေ လာတော့မယ်ဆိုတော့ သူလဲ နည်းနည်း စိတ်သက်သာရာ ရသွားသည် ။

မဟုတ်ရင် အားလုံး သူ ပဲ တာဝန်ခံရတော့မှာ။

***********************************
ထိုညက ခွဲခန်းထဲမှာ အသည်းအသန် အသက်လုနေရတဲ့ကောင်လေး ရှိသကဲ့သို့

ခွဲခန်းအပြင်ဘက်မှာ စိုးရိမ်တကြီး စောင့်နေတဲ့ ကောင်လေးလဲ ရှိခဲ့လေသည် ။







 

واصل القراءة

ستعجبك أيضاً

263K 28.3K 48
Supernatural Fanfic and fluffy About King Chan Yeol and His bride Prince Byun Baek Hyun ChanBaek ~ Yaoi
66.2K 17.2K 59
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
12.5K 2.8K 44
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
Save Him(Completed) بواسطة May Bel

الخيال (فانتازيا)

896K 67.7K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...