Pretending Doctor KoKo&Babe C...

By PageNo9493

49.3K 434 53

အသက်၁၈နှစ်အရွယ် အထက်တန်းကျောင်းသား ကောင်းလေးတစ်ယောက်ပြောတဲ့ ချစ်တယ်ဆိုတဲ့စကားကို စိတ်ကစား၍ပြောမှာကြောက်ပြီး မ... More

Hello~Please read💛[Z×U]
PageNo9493's Note

Episode-1

6.4K 377 27
By PageNo9493

Unicode

ချမ်းအေးလွန်းလှသည့် တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့၏ ညချမ်းအချိန်အခါတွင် Haenguပုဂ္ဂလိက ဆေးရုံကြီးတည်ရှိရာတွင်တော့ တိတ်ဆိတ်မနေခဲ့ပါ။

တစ်ခါတစ်ခါ အရေးပေါ်လူနာတင်ယာဥ်‌ရောက်လာ၍ ထိုမှ အသံတစ်ချို့က ပျံ့လွင့်လာလျှက်။

ဌာနအသီးသီးမှ ညဂျူတီရှိသည့် ဂျူတီကုတ်ဖြူရောင် သို့မဟုတ် ခွဲစိတ်ခန်းဝတ်စုံ ဝတ်ဆင်ထားသော ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အခြားဆေးရုံဝန်ထမ်းတွေကလည်း မိမိနှင့် သက်ဆိုင်သည့် တာဝန်ကို တစ်တပ်တအား ထမ်းပိုးလျှက်။

ထိုလူတွေများထဲမှ ရင်ခေါင်းခွဲစိတ်ဌာန၏ ခွဲခန်း(၁)ရှေ့တွင်တော့ မိသားစုတစ်စုက အပူတပြင်းရှိနေသည်။
သုညဒီဂရီအောက် ရောက်လုလု အအေးနှုန်းက ထိုသူ‌တွေထံတွင်တော့ သက်ရောက်ပုံ ပေါ်မနေခဲ့ပါ။

ခွဲခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် အသက်ငါးဆယ်အရွယ် အမျိုးသားက အဖြူရောင် ဂျူတီကုတ်သန့်သန့်ကို ဝတ်ဆင်ထား၏။
ဂျူတီကုတ်၏ ဝဲဘက်ရင်အုံထက်တွင်တော့ Haenguဆေးရုံတံဆိပ်နဲ့အတူ DoSooMin(ဆေးရုံအုပ်) ရင်ခေါင်းခွဲစိတ်ဌာနဆိုသည့် စာလုံးတွေက ချည်အပြာရောင်နှင့် ရေးထိုးထားသည်။

ထိုဆရာဝန်နှင့် အသက်မတိမ်းမယိမ်းမည်ထင်ရသည့် အမျိုးသမီးတစ်ဦးကတော့ အသိစိတ်လွတ်စွာ ထိုင်ခုံတွင် ထိုင်နေလျှက်။
နူးညံ့ပေမယ့် အရှိန်အဝါတစ်ခု ကိန်းဝပ်နေသည့် ထိုအမျိုးသမီးက သာမန်အဆင့်အတန်းမှ သူတော့ မဟုတ်တန်ရာ။

သို့ပေသည့် စိတ်မချမ်းမြေ့ဖွယ် ပူလောင်နေသည်မှာ မျက်နှာအပျက်ပျက်အရွင်းရွင်းဖြင့်ပင်။

သူ(မ)၏ ဘေးတွင်‌တော့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ငိုနေသော အသက်၁၈နှစ်အရွယ်ကောင်လေးနှစ်ယောက်။

အမည်နာမကတော့ ByunBaekHyunနဲ့ XiaoLuhanတဲ့။

ပြီးတော့ နောက်ထပ် မျက်စိမျက်နှာပျက်စွာရပ်နေလေသော အနောက်တိုင်းဝတ်စုံ နက်ပြာရောင်နဲ့ သူတစ်ဦး။

သူတို့ ခွဲစိတ်ခန်းရှေ့တွင် ရှိနေသည်မှာ အချိန်အားဖြင့် တစ်နာရီကျော်လောက်ရှိပြီဖြစ်သည်။

နောက်ထပ် သိပ်မကြာသည့် မိနစ်အတွင်းမှာတော့ ခွဲစိတ်ခန်းတံခါးက ပွင့်လာခဲ့လေသည်။

ခွဲခန်းအတွင်းမှထွက်လာသည့် ဆရာဝန်နှင့် သူနာပြုတစ်ယောက်ထဲ လူငါးယောက်လုံး အပြေးအလွှရောက်သွားပြီး...

"ဒေါက်တာ သားလေးအခြေအနေ ဘယ်လိုနေလဲကွယ်။ အဆင်ပြေရဲ့လား"

ထိုအသံသည် ဆရာဝန် DoSooMinဆီမှ ထွက်လာခြင်းပင်။

ဘေးနားမှသူများ၏ မျှော်လင့်ချက်မျက်ဝန်းများသည်လည်း ထိုဆရာဝန်ဆီဠ်သာ။

"ဟုတ်ကဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်။ နာရီပိုင်းလောက်နေရင် သတိရလာမှာပါ။ စိုးရိမ်စရာမရှိတော့ပါဘူးခင်ဗျာ။ အခုလူနာခန်းထဲရွှေ့ပေးပါမယ်"

ဆရာဝန်လေးက မျက်နှာတွင်အုပ်ထားသောmaskကိုဖြုတ်ပြီး သွားလေးများပေါ်သည်အထိပြုံး၍ပြောလာ၏။

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဒေါက်တာရယ်။သားလေးကိုကယ်ပေးလို့ကျေးဇူးပါ"

အမျိုးသမီးဆီမှ ငိုရှိုက်သံသဲ့သဲ့ဖြင့် ကျေးဇူးတင်စကားတွေက အထပ်ထပ်အခါခါ။

"ကျေးဇူးပါ ဒေါက်တာ။ ဒေါက်တာလည်းပင်ပန်းသွားပြီ"

"ရပါတယ် ဆေးရုံအုပ်ကြီး။ ဒါကျွန်တော်တို့ဆရာဝန်တွေရဲ့ တာဝန်ပါ။ သွားခွင့်ပြုပါဦး"

ဆေးရုံအုပ်ကြီး၏ ခေါင်းငြိမ့်ပြမှုနောက်တွင်တော့ ဆရာဝန်‌လေးက ထွက်ခွာသွား၏။

ခွဲစိတ်မှုအဆင်ပြေသည်ဆိုမှ Do SooMinနှင့်JungYoonHeeတို့ သက်ပြင်းအနည်းငယ်ချနိုင်သည်။

ဘေးနားမှ ကောင်လေးနှစ်ယောက်နဲ့ လူကြီးမျက်နှာထက်တွက်လည်း အပြုံးဟုမဆိုသာသော အပြုံးရေးရေးလေးပေါ်လာခဲ့ပြီဖြစ်သည်။

ခဏကြာ ခွဲစိတ်ခန်းထဲမှ လူနာတင်ယဉ်ထွက်လာပြီး ထိုလူနာတင်ယဉ်ပေါ်တွင် မေ့လျော့နေသောကောင်လေးတစ်ယောက်။
လက်မှာတော့ Dripချိတ်ထားလျှက်။

လူနာကုတင်မှာ ရေးထားတဲ့ နာမည်ကတော့ DoKyungSooတဲ့။

"သားလေး။ မေမေ့သားလေး။ မေမေသေချာဂရုစိုက်ရမှာပါ သားလေးရယ်။ မေမေတောင်းပန်ပါတယ်"

"မိန်းမရယ် အခုသားလေးက ခွဲစိတ်မှုအဆင်ပြေတယ်လေ။ ခဏနေသတိရတော့မှာ။ တိတ်တော့။ မငိုနဲ့တော့"

ဆေးရုံခန်းထဲမှာတော့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့သူနဲ့ ဖြောင်းဖြနေတဲ့ သူတစ်ယောက်။

"မိန်းမ ကိုယ် OTဝင်စရာလေးရှိလို့ ခဏသွားဦးမယ်"

သားဖြစ်သူ၏ နဖူးကိုခပ်ဖွဖွနမ်းပြီး ထိုအမျိုးသားကတော့ အခန်းပြင်ထွက်သွားရှာပြီ။

ဆေးရှိန်ဖြင့်အိပ်ပျော်နေသော သားဖြစ်သူ၏ ဆံပင်လေးတွေကို သပ်တင်ပေးရင်း စိတ်မကောင်းချင်းတွေက မပြတ်နိုင်ရှာ။

တစ်ဦးတည်းရှိသောသား။ မျက်နှာတစ်ချက်ကလေးမညှိုးအောင်ထားပြီး ချစ်ရတဲ့သား။

ဒီသားလေးက ကျောင်းအားလပ်ရက် သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ရင်း ဗိုက်အရမ်းအောင့်ကာ ဆေးရုံ
အရေးပေါ်ခန်းသို့ရောက်လာခဲ့၏။

အစားအသောက်ကို အချိန်နှင့်တကွ ကျန်းမာရေးနှင့်အညီ စားသောက်ခိုင်းပြီး ဂရုစိုက်တာတောင် အူအတက်ပေါက်၍ အခုတော့ အရေးပေါ် ခွဲစိတ်ရတဲ့အထိ ဖြစ်ခဲ့ရသည်။
မေမေ့မေတ္တာတွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းပါ‌စေ သားရယ်။

"အန်တီ..Kungieလည်းအခြေအနေသိပ် မစိုးရိမ်ရတော့ဘူးဆိုတော့ အန်တီ ခဏနားပါဦးလား။ ကျွန်တော်နဲ့Hyuneeစောင့်ပေးမယ်လေ"

"ဟုတ်တယ်။ အန်တီခဏနားလိုက်ပါ"

ဘေးကနေ ပြောလာသည့် Luhanနှင့်Baekhyunအား ကျွန်မပြုံးပြလိုက်သည်။ ဒီကလေးတွေလည်း ရုတ်ချည်းဖြစ်သွားတာတွေကြား လန့်သွားမှာပဲ။

"ရပါတယ် သားတို့ရယ်။ အန်တီ အဆင်ပြေပါတယ်"

ဒေါက်! ဒေါက်! ဒေါက်!

စကားဝိုင်းထဲ ပျံ့လွင့်လာသည့် တံခါးခေါက်သံ။

"ဟုတ်ကဲ့"

ဝင်လို့ရကြောင်း အသံပြုလိုက်တော့ သားလေးကို ခွဲစိတ်ပေးထားသည့် ဆရာဝန်နှင့် သူနာပြုမလေးနှစ်ယောက် အခန်းထဲဝင်လာသည်။

"ဒေါက်တာ လာပါ"

ဆရာဝန်လေး အခန်းထဲမှ လူသုံးယောက်အား ပြုံးပြလိုက်ပြီး KyungSooအားစစ်ဆေးသည်။

"လူနာသတိရလာလို့ ရေတောင်းလာခဲ့ရင် ဂွမ်းလေးနဲ့ပဲ ရေစက်လေးချပေးပါနော်"

"ဟုတ်ကဲ့ ဒေါက်တာ"

ကျန်သည့် လိုအပ်တာ‌တွေကို‌တော့
ဘေးနားကသူနာပြုလေး‌တွေထံပြောနေလေရဲ့။

‌ဪ..ဆရာဝန်လေးနာမည်က OhSeHunပါတဲ့။

🐻🐧

Ring! Ring! Ring!

"ဟေ့ကောင် Kim JongIn အခုမှပဲ ဖုန်းဆက်ဖော်ရတယ်။ ဂျပန်ရောက်ပြီဆိုတာနဲ့ မင်းကတော့"

တစ်ဖက်မှ ဖုန်းလက်ခံပြီးပြီးချင်း ထွက်လာသည့် ထောပနာပြုသံကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။

"ငါ ဒီမှာစာတမ်းကိစ္စနဲ့ မအားလို့ ဖုန်းမဆက်တာပါကွာ မင်းကလည်း"

"စာတမ်းကိစ္စအဆင်ပြေတယ်မလား"

"အေး ပြေတယ်။ ဒါနဲ့ Sehunရော။ ခွဲခန်းဝင်နေတာလား"

"ဆေးရုံအုပ်သား အူအတက်ပေါက်ပြီး အရေးပေါ်ခန်းရောက်လာလို့ ခွဲစိတ်ရတယ်ကွ။ ခုတော့ စစ်ဆေးစရာလေးတွေ သွားစစ်ဆေးတယ်"

နေပါဦး။ ဆေးရုံအုပ်ရဲ့သား။

"SeHunခွဲစိတ်ပေးရတာလား။ ဆေးရုံအုပ်ကရော"

"အာ...ဆေးရုံအုပ်က ခွဲစိတ်ခန်းဝင်နေလို့ကွ။ သူ့အပြင်ထွက်လာမှ သူ့သားဆေးရုံတက်တာကို သိတာ။ ကလေးကလည်း ဗိုက်အရမ်းအောင့်ပြီး ရောက်လာတာဆိုတော့ ကြာသွားရင် မကောင်းဘူးလေ"

"ကလေး?"

ဆေးရုံအုပ်မှာ သားတစ်ယောက်ရှိတာကို သိပေမယ့် ဘယ်အရွယ်ရှိပြီလဲဆိုတာတော့ ကျွန်တော်မသိပါ။

"အေးလေကွာ။ ကောင်လေးက အသက်၁၈နှစ်ဆိုပဲ။ အဲ့တော့ ကလေးပေါ့။ နာမည်ကDo KyungSooဆိုလား"

"၁၈နှစ်ဆိုတော့ အထက်တန်းကျောင်းသားအရွယ်ပေါ့"

ကျွန်တော်တို့ထက် ၇နှစ်ကျော်လောက် ငယ်သည်ပေါ့။

"ဆေးရုံအုပ်က သူ့သားကို ဂရုမစိုက်ဘူးလားကွ။ သူလည်း ဆရာဝန်‌တစ်‌ယောက်ပဲလေ"

ဘာရယ်မဟုတ် ကျွန်တော်အထွန့်တက်မိပြန်သည်။

"JongInကJongInမဟုတ်သလိုပဲ။ ငါ့ကောင်ကြီးမင်း ဂျပန်ရောက်မှ စကားတွေ များသွားတာလား။ ထူးထူးဆန်းဆန်း သူများအကြောင်း စေ့စေ့စပ်စပ်ပြောလို့။ ဟားဟား"

"ရယ်စရာမပါပဲနဲ့ ရယ်နေတဲ့Park ChanYeol။ သူများတွေကို စဖို့ဆို နှစ်ယောက်မရှိတဲ့‌ ကောင်။
ငါကရိုးရိုးသားသားပြောတာကွ။

"မင်းကိုလည်းရိုးရိုးသားသားမပြောဘူးလို့ ငါပြောလို့လားကွာ"

"ဟေ့ကောင် ChanYeol ငါက ကိုယ့်ဆေးရုံအုပ်ရဲ့သားဆိုတော့ အာလာဘ သလာဘ ပြောတာကွ"

"ဟားဟား..ငါတို့ကောင်ကြီးကတော့""

"တော်ပြီ။ တော်ပြီ။ ငါသဘက်ခါပြန်လာမှာ။ အဲ့ဒါ ဖုန်းလှမ်းဆက်ပြောတာ။ ဒါပဲ။ စကားကောင်းကောင်းပြောလို့မရတဲ့ကောင်"

ဟိုဘက်က ပြန်ပြောတာက မ‌စောင့်တော့ဘဲ ဖုန်းချပစ်လိုက်တော့သည်။

DoKyungSooတဲ့Do KyungSoo။

နာမည်လေးကိုရေရွတ်ပြီး ပြုံးလိုက်မိသည်။
နှုတ်ခမ်းတွေ တွန့်မိသွားတဲ့ ကိုယ့်အဖြစ်ကို လန့်ပြီး ပတ်ဝန်းကျင်ကို ဘယ်ညာရှေ့နောက်လိုက်ကြည့်ကာ ဘယ်သူမှ မရှိတာသေချာမှ မှန်ပြတင်းအပြင်က ကောင်းကင်ထက်မှ လပြည့်ဝန်းကို ပြန်ငေးမိသည်။

ချမ်းအေးနေပေမယ့် ဒီရင်မှာတော့ တအုံ့နွေးနွေးနှင့်။

တစ်ဖက်တွင်တော့ ဆေးရုံသီးသန့်ခန်းထဲမှာ ဆေးရှိန်နဲ့နှစ်ခြိုက်စွာ အိပ်ပျော်နေသောကောင်လေးတစ်ယောက်။

TBC...

ပထမဆုံးစရေးတဲ့ficလေးပါ..
Ficမကောင်းမကန်းလေးကို စိတ်ရှည်ရှည်ဖတ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်..ဝေဖန်ပေးကြပါဦးနော်😍😘❤

Fic Coverလှလှလေးလုပ်ပေးတဲ့ညီမလေးerigomshwe8812လည်းကျေးဇူးတင်ပါတယ်...ချစ်တယ်😘❤

7.3.18(9:32PM)
#ThawThawGom

Zawgyi

ခ်မ္းေအးလြန္းလွသည့္ ေတာင္ကိုးရီးယားႏိုင္ငံ ဆိုလ္းၿမိဳ႕၏ ညခ်မ္းအခ်ိန္အခါတြင္ Haenguပုဂၢလိက ေဆး႐ုံႀကီးတည္ရွိရာတြင္ေတာ့ တိတ္ဆိတ္မေနခဲ့ပါ။

တစ္ခါတစ္ခါ အေရးေပၚလူနာတင္ယာဥ္‌ေရာက္လာ၍ ထိုမွ အသံတစ္ခ်ိဳ႕က ပ်ံ႕လြင့္လာလွ်က္။

ဌာနအသီးသီးမွ ညဂ်ဴတီရွိသည့္ ဂ်ဴတီကုတ္ျဖဴေရာင္ သို႔မဟုတ္ ခြဲစိတ္ခန္းဝတ္စုံ ဝတ္ဆင္ထားေသာ ဆရာဝန္ေတြ၊ သူနာျပဳေတြနဲ႔ အျခားေဆး႐ုံဝန္ထမ္းေတြကလည္း မိမိႏွင့္ သက္ဆိုင္သည့္ တာဝန္ကို တစ္တပ္တအား ထမ္းပိုးလွ်က္။

ထိုလူေတြမ်ားထဲမွ ရင္ေခါင္းခြဲစိတ္ဌာန၏ ခြဲခန္း(၁)ေရွ႕တြင္ေတာ့ မိသားစုတစ္စုက အပူတျပင္းရွိေနသည္။
သုညဒီဂရီေအာက္ ေရာက္လုလု အေအးႏႈန္းက ထိုသူ‌ေတြထံတြင္ေတာ့ သက္ေရာက္ပုံ ေပၚမေနခဲ့ပါ။

ခြဲခန္းေရွ႕ ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ေနသည့္ အသက္ငါးဆယ္အ႐ြယ္ အမ်ိဳးသားက အျဖဴေရာင္ ဂ်ဴတီကုတ္သန႔္သန႔္ကို ဝတ္ဆင္ထား၏။
ဂ်ဴတီကုတ္၏ ဝဲဘက္ရင္အုံထက္တြင္ေတာ့ Haenguေဆး႐ုံတံဆိပ္နဲ႔အတူ DoSooMin(ေဆး႐ုံအုပ္) ရင္ေခါင္းခြဲစိတ္ဌာနဆိုသည့္ စာလုံးေတြက ခ်ည္အျပာေရာင္ႏွင့္ ေရးထိုးထားသည္။

ထိုဆရာဝန္ႏွင့္ အသက္မတိမ္းမယိမ္းမည္ထင္ရသည့္ အမ်ိဳးသမီးတစ္ဦးကေတာ့ အသိစိတ္လြတ္စြာ ထိုင္ခုံတြင္ ထိုင္ေနလွ်က္။
ႏူးညံ့ေပမယ့္ အရွိန္အဝါတစ္ခု ကိန္းဝပ္ေနသည့္ ထိုအမ်ိဳးသမီးက သာမန္အဆင့္အတန္းမွ သူေတာ့ မဟုတ္တန္ရာ။

သို႔ေပသည့္ စိတ္မခ်မ္းေျမ့ဖြယ္ ပူေလာင္ေနသည္မွာ မ်က္ႏွာအပ်က္ပ်က္အ႐ြင္း႐ြင္းျဖင့္ပင္။

သူ(မ)၏ ေဘးတြင္‌ေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္ကာ ငိုေနေသာ အသက္၁၈ႏွစ္အ႐ြယ္ေကာင္ေလးႏွစ္ေယာက္။

အမည္နာမကေတာ့ ByunBaekHyunနဲ႔ XiaoLuhanတဲ့။

ၿပီးေတာ့ ေနာက္ထပ္ မ်က္စိမ်က္ႏွာပ်က္စြာရပ္ေနေလေသာ အေနာက္တိုင္းဝတ္စုံ နက္ျပာေရာင္နဲ႔ သူတစ္ဦး။

သူတို႔ ခြဲစိတ္ခန္းေရွ႕တြင္ ရွိေနသည္မွာ အခ်ိန္အားျဖင့္ တစ္နာရီေက်ာ္ေလာက္ရွိၿပီျဖစ္သည္။

ေနာက္ထပ္ သိပ္မၾကာသည့္ မိနစ္အတြင္းမွာေတာ့ ခြဲစိတ္ခန္းတံခါးက ပြင့္လာခဲ့ေလသည္။

ခြဲခန္းအတြင္းမွထြက္လာသည့္ ဆရာဝန္ႏွင့္ သူနာျပဳတစ္ေယာက္ထဲ လူငါးေယာက္လုံး အေျပးအလႊေရာက္သြားၿပီး...

"ေဒါက္တာ သားေလးအေျခအေန ဘယ္လိုေနလဲကြယ္။ အဆင္ေျပရဲ႕လား"

ထိုအသံသည္ ဆရာဝန္ DoSooMinဆီမွ ထြက္လာျခင္းပင္။

ေဘးနားမွသူမ်ား၏ ေမွ်ာ္လင့္ခ်က္မ်က္ဝန္းမ်ားသည္လည္း ထိုဆရာဝန္ဆီဠ္သာ။

"ဟုတ္ကဲ့ ခြဲစိတ္မႈေအာင္ျမင္ပါတယ္။ နာရီပိုင္းေလာက္ေနရင္ သတိရလာမွာပါ။ စိုးရိမ္စရာမရွိေတာ့ပါဘူးခင္ဗ်ာ။ အခုလူနာခန္းထဲေ႐ႊ႕ေပးပါမယ္"

ဆရာဝန္ေလးက မ်က္ႏွာတြင္အုပ္ထားေသာmaskကိုျဖဳတ္ၿပီး သြားေလးမ်ားေပၚသည္အထိၿပဳံး၍ေျပာလာ၏။

"ေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္ပါတယ္ ေဒါက္တာရယ္။သားေလးကိုကယ္ေပးလို႔ေက်းဇူးပါ"

အမ်ိဳးသမီးဆီမွ ငိုရႈိက္သံသဲ့သဲ့ျဖင့္ ေက်းဇူးတင္စကားေတြက အထပ္ထပ္အခါခါ။

"ေက်းဇူးပါ ေဒါက္တာ။ ေဒါက္တာလည္းပင္ပန္းသြားၿပီ"

"ရပါတယ္ ေဆး႐ုံအုပ္ႀကီး။ ဒါကြၽန္ေတာ္တို႔ဆရာဝန္ေတြရဲ႕ တာဝန္ပါ။ သြားခြင့္ျပဳပါဦး"

ေဆး႐ုံအုပ္ႀကီး၏ ေခါင္းၿငိမ့္ျပမႈေနာက္တြင္ေတာ့ ဆရာဝန်‌ေလးက ထြက္ခြာသြား၏။

ခြဲစိတ္မႈအဆင္ေျပသည္ဆိုမွ Do SooMinႏွင့္JungYoonHeeတို႔ သက္ျပင္းအနည္းငယ္ခ်ႏိုင္သည္။

ေဘးနားမွ ေကာင္ေလးႏွစ္ေယာက္နဲ႔ လူႀကီးမ်က္ႏွာထက္တြက္လည္း အၿပဳံးဟုမဆိုသာေသာ အၿပဳံးေရးေရးေလးေပၚလာခဲ့ၿပီျဖစ္သည္။

ခဏၾကာ ခြဲစိတ္ခန္းထဲမွ လူနာတင္ယဥ္ထြက္လာၿပီး ထိုလူနာတင္ယဥ္ေပၚတြင္ ေမ့ေလ်ာ့ေနေသာေကာင္ေလးတစ္ေယာက္။
လက္မွာေတာ့ Dripခ်ိတ္ထားလွ်က္။

လူနာကုတင္မွာ ေရးထားတဲ့ နာမည္ကေတာ့ DoKyungSooတဲ့။

"သားေလး။ ေမေမ့သားေလး။ ေမေမေသခ်ာဂ႐ုစိုက္ရမွာပါ သားေလးရယ္။ ေမေမေတာင္းပန္ပါတယ္"

"မိန္းမရယ္ အခုသားေလးက ခြဲစိတ္မႈအဆင္ေျပတယ္ေလ။ ခဏေနသတိရေတာ့မွာ။ တိတ္ေတာ့။ မငိုနဲ႔ေတာ့"

ေဆး႐ုံခန္းထဲမွာေတာ့ ကိုယ့္ကိုယ္ကို အျပစ္တင္ေနတဲ့သူနဲ႔ ေျဖာင္းျဖေနတဲ့ သူတစ္ေယာက္။

"မိန္းမ ကိုယ္ OTဝင္စရာေလးရွိလို႔ ခဏသြားဦးမယ္"

သားျဖစ္သူ၏ နဖူးကိုခပ္ဖြဖြနမ္းၿပီး ထိုအမ်ိဳးသားကေတာ့ အခန္းျပင္ထြက္သြားရွာၿပီ။

ေဆးရွိန္ျဖင့္အိပ္ေပ်ာ္ေနေသာ သားျဖစ္သူ၏ ဆံပင္ေလးေတြကို သပ္တင္ေပးရင္း စိတ္မေကာင္းခ်င္းေတြက မျပတ္ႏိုင္ရွာ။

တစ္ဦးတည္းရွိေသာသား။ မ်က္ႏွာတစ္ခ်က္ကေလးမညႇိဳးေအာင္ထားၿပီး ခ်စ္ရတဲ့သား။

ဒီသားေလးက ေက်ာင္းအားလပ္ရက္ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲစားထြက္ရင္း ဗိုက္အရမ္းေအာင့္ကာ ေဆး႐ုံ
အေရးေပၚခန္းသို႔ေရာက္လာခဲ့၏။

အစားအေသာက္ကို အခ်ိန္ႏွင့္တကြ က်န္းမာေရးႏွင့္အညီ စားေသာက္ခိုင္းၿပီး ဂ႐ုစိုက္တာေတာင္ အူအတက္ေပါက္၍ အခုေတာ့ အေရးေပၚ ခြဲစိတ္ရတဲ့အထိ ျဖစ္ခဲ့ရသည္။
ေမေမ့ေမတၱာေတြနဲ႔ ေဘးအႏၲရာယ္ ကင္းရွင္းပါ‌ေစ သားရယ္။

"အန္တီ..Kungieလည္းအေျခအေနသိပ္ မစိုးရိမ္ရေတာ့ဘူးဆိုေတာ့ အန္တီ ခဏနားပါဦးလား။ ကြၽန္ေတာ္နဲ႔Hyuneeေစာင့္ေပးမယ္ေလ"

"ဟုတ္တယ္။ အန္တီခဏနားလိုက္ပါ"

ေဘးကေန ေျပာလာသည့္ Luhanႏွင့္Baekhyunအား ကြၽန္မၿပဳံးျပလိုက္သည္။ ဒီကေလးေတြလည္း ႐ုတ္ခ်ည္းျဖစ္သြားတာေတြၾက လန႔္သြားမွာပဲ။

"ရပါတယ္ သားတို႔ရယ္။ အန္တီ အဆင္ေျပပါတယ္"

ေဒါက္! ေဒါက္! ေဒါက္!

စကားဝိုင္းထဲ ပ်ံ႕လြင့္လာသည့္ တံခါးေခါက္သံ။

"ဟုတ္ကဲ့"

ဝင္လို႔ရေၾကာင္း အသံျပဳလိုက္ေတာ့ သားေလးကို ခြဲစိတ္ေပးထားသည့္ ဆရာဝန္ႏွင့္ သူနာျပဳမေလးႏွစ္ေယာက္ အခန္းထဲဝင္လာသည္။

"ေဒါက္တာ လာပါ"

ဆရာဝန္ေလး အခန္းထဲမွ လူသုံးေယာက္အား ၿပဳံးျပလိုက္ၿပီး KyungSooအားစစ္ေဆးသည္။

"လူနာသတိရလာလို႔ ေရေတာင္းလာခဲ့ရင္ ဂြမ္းေလးနဲ႔ပဲ ေရစက္ေလးခ်ေပးပါေနာ္"

"ဟုတ္ကဲ့ ေဒါက္တာ"

က်န္သည့္ လိုအပ္တာ‌ေတြကို‌ေတာ့
ေဘးနားကသူနာျပဳေလး‌ေတြထံေျပာေနေလရဲ႕။

‌ဪ..ဆရာဝန္ေလးနာမည္က OhSeHunပါတဲ့။

🐻🐧

Ring! Ring! Ring!

"ေဟ့ေကာင္ Kim JongIn အခုမွပဲ ဖုန္းဆက္ေဖာ္ရတယ္။ ဂ်ပန္ေရာက္ၿပီဆိုတာနဲ႔ မင္းကေတာ့"

တစ္ဖက္မွ ဖုန္းလက္ခံၿပီးၿပီးခ်င္း ထြက္လာသည့္ ေထာပနာျပဳသံေၾကာင့္ ကြၽန္ေတာ္ၿပဳံးလိုက္မိသည္။

"ငါ ဒီမွာစာတမ္းကိစၥနဲ႔ မအားလို႔ ဖုန္းမဆက္တာပါကြာ မင္းကလည္း"

"စာတမ္းကိစၥအဆင္ေျပတယ္မလား"

"ေအး ေျပတယ္။ ဒါနဲ႔ Sehunေရာ။ ခြဲခန္းဝင္ေနတာလား"

"ေဆး႐ုံအုပ္သား အူအတက္ေပါက္ၿပီး အေရးေပၚခန္းေရာက္လာလို႔ ခြဲစိတ္ရတယ္ကြ။ ခုေတာ့ စစ္ေဆးစရာေလးေတြ သြားစစ္ေဆးတယ္"

ေနပါဦး။ ေဆး႐ုံအုပ္ရဲ႕သား။

"SeHunခြဲစိတ္ေပးရတာလား။ ေဆး႐ုံအုပ္ကေရာ"

"အာ...ေဆး႐ုံအုပ္က ခြဲစိတ္ခန္းဝင္ေနလို႔ကြ။ သူ႔အျပင္ထြက္လာမွ သူ႔သားေဆး႐ုံတက္တာကို သိတာ။ ကေလးကလည္း ဗိုက္အရမ္းေအာင့္ၿပီး ေရာက္လာတာဆိုေတာ့ ၾကာသြားရင္ မေကာင္းဘူးေလ"

"ကေလး?"

ေဆး႐ုံအုပ္မွာ သားတစ္ေယာက္ရွိတာကို သိေပမယ့္ ဘယ္အ႐ြယ္ရွိၿပီလဲဆိုတာေတာ့ ကြၽန္ေတာ္မသိပါ။

"ေအးေလကြာ။ ေကာင္ေလးက အသက္၁၈ႏွစ္ဆိုပဲ။ အဲ့ေတာ့ ကေလးေပါ့။ နာမည္ကDo KyungSooဆိုလား"

"၁၈ႏွစ္ဆိုေတာ့ အထက္တန္းေက်ာင္းသားအ႐ြယ္ေပါ့"

ကြၽန္ေတာ္တို႔ထက္ ၇ႏွစ္ေက်ာ္ေလာက္ ငယ္သည္ေပါ့။

"ေဆး႐ုံအုပ္က သူ႔သားကို ဂ႐ုမစိုက္ဘူးလားကြ။ သူလည္း ဆရာဝန္‌တစ္‌ေယာက္ပဲေလ"

ဘာရယ္မဟုတ္ ကြၽန္ေတာ္အထြန႔္တက္မိျပန္သည္။

"JongInကJongInမဟုတ္သလိုပဲ။ ငါ့ေကာင္ႀကီးမင္း ဂ်ပန္ေရာက္မွ စကားေတြ မ်ားသြားတာလား။ ထူးထူးဆန္းဆန္း သူမ်ားအေၾကာင္း ေစ့ေစ့စပ္စပ္ေျပာလို႔။ ဟားဟား"

"ရယ္စရာမပါပဲနဲ႔ ရယ္ေနတဲ့Park ChanYeol။ သူမ်ားေတြကို စဖို႔ဆို ႏွစ္ေယာက္မရွိတဲ့‌ ေကာင္။
ငါက႐ိုး႐ိုးသားသားေျပာတာကြ။

"မင္းကိုလည္း႐ိုး႐ိုးသားသားမေျပာဘူးလို႔ ငါေျပာလို႔လားကြာ"

"ေဟ့ေကာင္ ChanYeol ငါက ကိုယ့္ေဆး႐ုံအုပ္ရဲ႕သားဆိုေတာ့ အာလာဘ သလာဘ ေျပာတာကြ"

"ဟားဟား..ငါတို႔ေကာင္ႀကီးကေတာ့""

"ေတာ္ၿပီ။ ေတာ္ၿပီ။ ငါသဘက္ခါျပန္လာမွာ။ အဲ့ဒါ ဖုန္းလွမ္းဆက္ေျပာတာ။ ဒါပဲ။ စကားေကာင္းေကာင္းေျပာလို႔မရတဲ့ေကာင္"

ဟိုဘက္က ျပန္ေျပာတာက မေစာင့္ေတာ့ဘဲ ဖုန္းခ်ပစ္လိုက္ေတာ့သည္။

DoKyungSooတဲ့Do KyungSoo။

နာမည္ေလးကိုေရ႐ြတ္ၿပီး ၿပဳံးလိုက္မိသည္။
ႏႈတ္ခမ္းေတြ တြန႔္မိသြားတဲ့ ကိုယ့္အျဖစ္ကို လန႔္ၿပီး ပတ္ဝန္းက်င္ကို ဘယ္ညာေရွ႕ေနာက္လိုက္ၾကည့္ကာ ဘယ္သူမွ မရွိတာေသခ်ာမွ မွန္ျပတင္းအျပင္က ကောင်းကင်ထက်မှ လြပည့်ဝနကိုျပန္ေငးမိသည္။

ခ်မ္းေအးေနေပမယ့္ ဒီရင္မွာေတာ့ တအုံ႔ေႏြးေႏြးႏွင့္။

တစ္ဖက္တြင္ေတာ့ ေဆး႐ုံသီးသန႔္ခန္းထဲမွာ ေဆးရွိန္နဲ႔ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာေကာင္ေလးတစ္ေယာက္။

TBC...

ပထမဆုံးစေရးတဲ့ficေလးပါ..
Ficမေကာင္းမကန္းေလးကို စိတ္ရွည္ရွည္ဖတ္ေပးၾကလို႔ေက်းဇူးအမ်ားႀကီးတင္ပါတယ္..ေဝဖန္ေပးၾကပါဦးေနာ္😍😘❤

Fic Coverလွလွေလးလုပ္ေပးတဲ့ညီမေလးerigomshwe8812လည္းေက်းဇူးတင္ပါတယ္...ခ်စ္တယ္😘❤

7.3.18(9:32PM)
#ThawThawGom

Continue Reading

You'll Also Like

267K 18.6K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
603K 23K 54
Sit there and take it like a good girl You dirty dirty girl , i was talking about the book🌚🌝
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
213K 7.2K 56
ရိပ်ချေ ကိုကြီးကိုချစ်တယ် ။ ကိုကြီးလည်း ရိပ်ချေကိုချစ်လာရင် ဖွင့်ပြောပေးနော် ။ နွေဦးရိပ်ချေ 🍀 နေမခန်း & နွေဦးရိပ်ခ...