Mafia ချစ်​သူ

By ChannieLao

121K 7K 660

ဟောင်​​ကောင်​မြို့ကြီးက ... အာဏာအကြီးမားဆုံး .... Mafia ​ခေါင်း​ဆောင်​​တွေ ထဲက ... တ​ယောက်​ဖြစ်​သည့်​ " Par... More

Intro
Ep 1
Ep2
Ep 3
Ep 4
Ep 5
နယူးလ်ဖိ
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Lovely Readers 💚
Ep 19
EP 20
you with him AND our love
Ep 21
Ep 22
Ep 23
Ep 24
💜Mafia 💜
A.N
EP.25
Hello all readers
🎊Give Away 💛
My Little Fighter 💛
GA Winner 💛

Ep 12

2.9K 210 20
By ChannieLao

                "Mafia ချစ်သူ "



              ✴✴✴✴ Mafia ချစ်သူ ✴✴✴✴





......................


Baek ' ဘာလာလုပ်တာလည်း..















အခု သူ့ရဲ့ အာရုံ ထဲမှာ ဘယ်သူ့ကိုမမြင်ချင်..နာကျင်လွန်းတယ်.. ကိုယ်ခန္ဓာ ကော နှလုံးသားပါ. နာကျင်လွန်းနေပြီ.. အသက်ဆက်မရှိ ချင်လောက်အောင်ကို. နာကျင်နေသည် ။








One' သခင်းလေးးး..မလုပ်.....

ခွမ်းးးးးးး~~~~





           ✴✴✴✴ Mafia ချ်းသူ ✴✴✴✴


......


.




...............................

...



✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴



                "Mafia ချစ်သူ "

Baek ' မုန်းတယ်.. မုန်းတယ်.. မုန်းတယ်.. မင်းကို အရမ်းမုန်းတယ်.. မင်းဘယ်တော့ ငါ့ဘဝ ထဲသေဆုံး သွား မှာ လည်း...

Chanyel.လည်း ချစ်ရသူလေးဆီ မုန်းတယ် ဆိုသည့် စကားလုံးကို ထပ်ပြီး နားထောင်နိုင်စွမ်းမရှိတော့ သဖြင့်.. အခန်းအပြင်သို့ ပြန်ထွက်သွားလိုက်တော့သည်...

              ✴✴✴✴ Mafia ချစ်သူ ✴✴✴✴

အပြင် ရောက်တော့ အခန်းရှေ့မှာ. ရပ်နေသည့် Chen နှင့် One.

One က အခန်းထဲက ထွက်လာသည့် Chanyeol ၏လက်ထဲမှ.. အရာမယွင်း သေးသည့်.. ဆန်ပြုတ်ပန်းလေးကို ကြည့်ပြီး. စိတ်မကောင်းဖြစ်မိသည်

One ' ဒါတွေကို ကျွန်တော် ကပဲ ယူသွားပေးလိုက်ပါ့မယ်

Chanyeol ဘာမှ ပြန်မပြောပဲ ခေါင်းသာ အသာငြိမ့်လိုက်သည်။ ကိုင်ထားသည့် လင်ဗန်းကို one သို့ ပေးလိုက်ပြီး.. chen ဘက်လှည့်ကာ.. ဟောင်ကောင် ပြန်ဖို့အကြောင်း. ပြောနေလိုက်သည်။
သခင် ဖြစ်သူရဲ့ အခြေအနေကို ကြည့်ပြီး chen နှင့် one မသနားပဲ မနေနိုင်ခဲ့. တစ်ယောက်နှင့် တစ်ယောက်ကြည့်ရင်း.. စိတ်မကောင်းမှုသာဖြစ်မိသည်။ ရှေ့အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့. သူတို့နှစ်ယောက် လည်းမသိနိုင်တာကြောင့် ... အဲ့အချိန်ထိ စောင့်နေရုံမှ တပါး ဘာမှမတတ်နိုင်ခဲ့..

......................

Baekhyun တံခါးဖွင့်သံကြားတာကြောင့်.. အိပ်ယာထပ်မှ အမြန်ထ လိုက်သည်. တကယ်လို့ ဝင်လာသည့်လူက. ဟိုတစ်ယောက်ဆိုရင်.သောင်းကျန်းဖို့ အသင့်ပြင်ထားသည်. သိုသော် ဝင်လာသည့်သူက..ထင်ထာသည့် လူမဟုတ် ပဲ သူ၏ အရင်းနှီးဆုံး bodyguard ဖြစ်နေတာကြောင့်... ပျော်သွားပေမဲ့. Chanyeol သူ့ကို တရွတ်တိုက် ဆွဲခေါ်လာတုန်းက. သူ့ကို မကူညီပဲ.. ဒီတိုင်းတာ ရပ်ကြည့်နေတာကြောင့် one ကို စိတ်ဆိုးမိသည် ။

Baek ' ဘာလာလုပ်တာလည်း..

ကုတင်ပေါ်ပြန်ထိုင်လိုက် ကာ. တဖက်သို့လှည့်သွားပြီး.. one ကို မကြည့်ပဲ မေးသည် ။

One ' သခင်လေး အတွက်.. စားစရာ ယူလာပေးတာပါ

One က ပြောပြီး ကုတင်ခေါင်းရင်းဘေး ရှိ စားပွဲခုံပေါ်ကို.. စားစရာတွေ ကို တင်ထားလိုက်ပြီး. သူ၏ သခင်ဆိုးလေးရဲ့ အနားမှာသွားကာ ဒူးထောက်ထိုင်လိုက်သည်.။

One ' စားလိုက်ပါနော်.သခင်လေး.. အားရှိအောင်

Baekhyun က ဘာမှပြန်မပြောသည့်အပြင်.. one နဲ့ဝေးရာ ကိုပါရွှေ့ထိုင်လိုက် ပြီး.ဒီလူယုံ bodyguard အပေါ်.. ဝမ်းနည်းပြီးဒေါသထွက် စွာ ..ပြောလာသည်

Baek ' ငါ သစ္စာဖောက်တဲ့ လူရဲ့. အစာကို မစားနိုင်ဘူး

One ကိုယ့်အမှားကို. သိစွာ ခေါင်းငုံ့ ထားလိုက်သည်. ဘာမှပြန်မပြော.. သူသိသည်လေ.. သူ့ရဲ့ သခင်လေး အကျင့်ကို.. သူပြန်ပြီးပြောရင် ပြီးတော့မှာမဟုတ်..ပြန်ပြောတာက. မီးပုံ ပေါ်ကို ဆီနဲ့လောင်းသလို... ပိုလောင်ကျွမ်းပြီး. မီးက ပိုအင်းအားကြီး အောင်လုပ်သလိုပဲ... Byun Baekhyun ဆိုသည့် သူ၏ သခင်လေးက. ရေးအေးလေးနှင့်.. ဖြေးဖြေး လေး..လောင်းမှရမည်.

One ' စားလိုက်ပါနော်. သခင်လေး.. ကျွန်တော် တကယ်စိတ်ပူလို့ပါ

One ရဲ့စကားကြောင့်.. baekhyun ဆက်ကနဲ့ လှည့်ကြည့်လာသည်။

Baek' စိတ်ပူတယ်? ငါ့ကို စိတ်ပူတယ်ပေါ့?ဒါဆို မနေ့က ဘယ်တွေရောက်နေတာလဲ...မင်းသိလား. သူငါ့အပေါ် မကောင်းတာ အများကြီးလုပ်ခဲ့တာကို. မင်းက ဘာလို့ ငါ့ကို လာမကယ်ရတာလဲ.. ကုန်သွားပြီ one.. ငါ မင်းအပေါ်ထားတဲ့ ယုံကြညမှုတွေအားလုံး... မင်းက "သူ့ရဲ့လူ "လို့ ဝန်ခံ ခဲ့တဲ့အချိန်တည်းက. ကုန်သွားခဲ့ပြီ...

Baekhyun ဝမ်းနည်းစွာ.. ပြောလာသည် ။

One ဘာမှမပြောပဲ ခေါင်းငုံ့ ရင်း လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင် ထားပြီး.. တိုးညင်း. တုန်ရင်စွာ. စကားစလာသည်..

One ' ကျွန်တော်တောင်းပန်ပါတယ်.သခင်လေး... ကျေးဇူးပြုပြီး....

Baek ' ထွက်သွား... ငါမင်းကို. မမြင်ချင်ဘူး.. ဘယ်သူ့ကိုမှလည်း မမြင်ချင်ဘူး... ခုထွက်သွား ..

One ပြောလို့ မဆုံးသေးခင်. Baekhyun ဖြတ်ပြောလိုက်လိုကိသည်။
အခု သူ့ရဲ့ အာရုံ ထဲမှာ ဘယ်သူ့ကိုမမြင်ချင်..နာကျင်လွန်းတယ်.. ကိုုယ်ခန္ဓာ ကော နှလုံးသားပါ. နာကျင်လွန်းနေပြီ.. အသက်ဆက်မရှိ ချင်လောက်အောင်ကို. နာကျင်နေသည် ။

One' သခင်လေး ထွက်သွားစေချင်ရင် ကျွန်တော် ထွက်သွားပါ့မယ် ...ဒါပေမဲ့.. ကျွန်တော်နောက်ထပ် တောင်းပန်ပါတယ်....

One နောက်တစ်ခေါက်. Baekhyun ကို အရိုအသေ ပြုပြီး မတ်တပ်ထရပ်လိုက်ရင်း... ထွက်သွားဖို့ပြင်လိုက်သည် ။မသွားခင်...စိတ်ပူစွာ ဖြင့် သူပြောသွားသေးသည်က.

One ' သခင်လေး. အစားတွေ စားပါအုံးနော်.. အဲ့ဒါတွေကို Park သခင်ကြီး ကိုယ်တိုင် လုပ်ထားတာပါ..

One နောက်ဆက်တွဲ ဖြစ်လာမည့်.. သူ့သခင်းလေးရဲ့ ဒေါသထွက်စေသည့်.. စကားလုံးကို သတိမထားမိစွာ ပြောလေသည် ။

အဲ့လိုကြားလိုက်တာနှင့်... ကုတင်ဘေးချထားသည့်.. ဆန်ပြုတ်ပန်းကန် ကိုကြည့်လိုက်သည်... ပန်းကန် ထဲက ဆန်ပြုတ်ဖြူဖြူလေးထဲမှ.. ပုစွန်လေးတွေနှင့် အသားလေးတွေ ထည့်ထားပြီး...အနံ့ကလည်း မွှေးကြိုင်ကာ စားချင်စဖွယ် ဖြစ်နေပေမဲ့... Baekhyun အတွက်ကတော့.. သူလုပ်ထားသည်ဟု သိသည် နှင့် ဤ ဆန်ပြုတ်ဟာ အလွန် ရွံစရာကောင်းလှသည် ။

Baek ' ပြန်ယူသွား..ငါမစားဘူး...

Baekhyun ရဲ့လုပ်ရက်ကြောင့်.. one မျက်လုံးပြူး သွားရသည်.. တားလိုက်ပေမဲ့ မမှီခဲ့ပါ...

One' သခင်းလေးးး..မလုပ်.....

ခွမ်းးးးးးး~~~~

Bqekhyun စားပွဲပေါ်က ကရှိသည့်.. ပစ္စည်း အားလုံးကို လက်ဖြင့် တွန်းဖယ်လိုက်တာကြောင့်.. စားပွဲပေါ်ရှိသည့်.. ဆန်ပြုတ်ပန်းကန် ရော..ရေခွက်နှင့်.. ဆရာဝန်ပေးထားသည့် ဆေးပါ..အောက်သို့ ကျကွဲကုန်တော့သည် ။

Chanyeol အသံကြားတာကြောင့် အခန်းထဲ အပြေးဝင်လာ
.အခန်းထဲရောက်သညနှင့်.. တစ်စစီ ကွဲကျနေသည့် ပန်းကန် နှင့် ခွက်တို့ကို တွေ့တော့... သဘောပေါက်ပြီး.. နောက်မှာ ရှိသည့် chen ကို အမှိုက်သိမ်းဖို့. အိမ်စေသွားခေါ်စေပြီး ... ဒီကလေးနှင့် ထပ်ပြီး စကားမများချင်တာကြောင့် အခန်းထဲကသာ. ထွက်လာလိုက်သည် ။

အခန်းပြင်သို့.. နာကျင်စွာ ထွက်သွားသည့်.. chanyeol ကိုကြည့်ပြီး.. baekhyun သဘောကျစွာ မဲ့ပြုံးပြုံးလိုက်သည် ။ ကိုယ်အလွန်မုန်းရပါသော.. သူက နာကျင်မှုကို ခံစားရတာကြောင့်..baekhyun အလွန် ပျော်ရွှင်မိသည်.။

Baek's POV; မင်း ငါ့ကို နာကျင်အောင် လုပ်တဲ့အတွက်.. မင်းရဲ့ဘဝ ပျော်ရွှင်မှုတွေရှိမယ်လို့ မထင်နဲ့...
...ငါနဲ့တော်တော် လက်ထပ်ချင်တယ်ပေါ့. အတူတူနေချင်တယ်ပေါ့.. ဟတ်...ကောင်းပြီ..နောက်မှ ဘယ်လိုအရသာ လဲဆိုတာ ကြည့်ကြသေးတာပေါ့.. Park Chanyeol....

           ✴✴✴✴ Mafia ချ်းသူ ✴✴✴✴

အဲ့ဒီ ကိစ္စပြီးသည့် နောက်ပိုင်း. Chanyeol. Baekhyun နှင့် အရင်လို မျက်နှာချင်းမဆိုင်  တော့. ရှောင်လာမိသည်... သူ့ကို မမြင်ရရင်.. ချစ်ရသူလေးက ပိုစိတ်ချမ်းသာမည်မဟုတ်လား..

......
ဒီနေ့လည်း ဆရာဝန်ရောက်လာပြီး.. baekhyun ကို စမ်းသပ် ပေးတော့ ဘာမှမဖြစ်တော့ဟုပြောသည်.. ပြောရရင်. လူဒီဆိုးလေးက ကျန်းမာတယ်ပေါ့ ...ရှိမယ်ဆိုရင်တောင်.. သူ့ကိုယ်ပေါ်က..ကျွန်တော်ပေးထားသည့်...အမြန်ပျောက်ဖို့မလွယ်ကူတဲ့.. အနီရောင် အမှတ်အသား တွေပဲရှိမည် ။

Chanyeol.ဟောင်ကောင်ပြန်ရန် စီစဉ်ဖို့ one ကို baekhyun ဆီသွားပြောခိုင်းလိုက်ပြီး.. သူက.baekhyun အလာကို. ကားအနားရပ်စောင့်နေသည်...

တခဏကြာတော့ အောက်ထပ်ကို...ဖြေးညင်းစွာ ဆင်းလာသည့် baekhyun..
.
Chanyeol. Baekhyun အတွက် ကားတံခါးကို ဖွင့်ထားလိုက်သည်.. သို့သော် baekhyun က..သူ့အတွက် တံခါးဖွင့် ထားသည့်.chanyeol ကိုမမြင်ယောင်ဆောင်ကာ.. နောက်တစ်ဖက်ကို ..သွားလိုက်သည်..

Baek '' One.. တံခါးလာဖွင့်ပေး ..

Baekhyun သူစိတ်ဆိုးပြေ ခါနီးဖြစ်သည့် ..အရင်းနှီးဆုံး bodyguard ကိုသာ တံခါးဖွင်းပေးဖို့ပြောလိုက်သည် ။ တကယ်တော့ သူ one ကို စိတ်ဆိုးရမည့် အကြောင်းရင်းက.. သေသေချာချာ မရှိသေး.. ပြီးတော့ အခုချိန်မှာ. သူရင်ဖွင့်ဖို့က.. one တစ်ယောက် သာရှိတော့သည်။ အဖေ ဖြစ်သူသည်လည်း. ကမ္ဘာ့ရဲ့ ဘယ်အပိုင်းမှာရှိနေသည် ဆိုတာကိုလည်းသူမသိ။ သားတစ်ယောက်တည်းကို ပစ်ထားပြီး..ဆက်သွယ်လာခြင်းလည်းမရှိတာကြောင့်...အခုသူ့မှာ one တစ်ယောက်သာ ရှိတော့သည် ။

One.. မရဲတရြဲဖင့် Park သခင်ကြီး ကို ကြည့်လိုက်သည် ။
Park သခင်ကြီးက သခင်လေးအတွက် တံခါးဖွင့်ပေးသည် ဆိုတာကို သိနေသည့် အတွက်.. သူ့ကို ဒေါသ ထွက်မည်ကိုလည်းကြောက်မိသည်။ သို့သော်.. သူ့ကို ခေါင်းအသာ ငြိမ့်ပြသော Park သခင်ကြီးကြောင့်.. one အရိုအသေ ပေးပြီး.. သူ၏ သခင်ဆိုးလေး.ကို တံခါးသွားဖွင့်ပေးလိုက်သည် ။

...............................

Chen နှင့် One.. ရှေ့ခန်းက ကိုယ်ပိုင်နေရာ ကို ထိုင်လိုက်ပြီး...ကားကို မောင်းထွက်လာလိုက်သည်။
ပြီးတော့ ရှေ့က.ကားတစ်စီး..တွင် Bodyguards တွေရှေ့က အန္တရာယ် ကို ကာကွယ်ဖို့ ..နှင့် နောက်မှာလည်း.. bodyguards တွေ စီးသည့် ကားတစ်စီး ရှိသေးသည် ။
...

ကားအတွင်း တွင်တော့.. တိတ်ဆိတ် လျှက်. Chanyeol က သူ၏ ကလေးကို...ခဏခဏ လှည့်ကြည့်ပေမဲ့.. baekhyun ကတော့.. သူ့ကို ကြည့်တောင်မကြည့်ပဲ.. ကားအပြင်ဘက် ..ကိုသာ ငေးကြည့်နေသည်.
Baekhyun စိတ်ထဲ ဘာတွေ စဉ်းစားနေတာလဲ ဆိုတာ သူမသိနိုင်..

ဒါပေမဲ့.. သူသေချာသိနိုင်တာတစ်ခုက..Baekhyun သူ့ကို. ဘယ်လောက်ထိ မုန်းတီးနေသည် ဆိုတာကိုပင်... baek သူ့ကို ဒီလို့ မုန်းတီးလာသည်မှာ.. ဆယ်နှစ်ကျော်ကျော် ပင်ရှိနေပြီ...baekhyun သူ့ကို အမြင်ကြည်ဖို့ သူဘယ်လိုလုက်ရပါ့ မလည်း...တခါတလေတော့လည်း.. baekhyun သူ့အပေါ်ကို.. အကောင်းမြင်စေချင်မိသည်.. သို့သော်လည်း... baekhyun အတွက် သူဟာ ရွံမုန်းစရာ ကောင်းသည့်. လူတစ်ယောက်သာ ဖြစ်နိုင်သည် ။

✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

ဟောင်ကောူ်ပြနိပြီ.. တာ့တာ...👋

နောက်ပိုး ဆိုးဆိုး လာတဲ့ အရေးအသား အတွက် တောင်းပန် ကာတယ် 😔
Readers အားလုံးကို ချစ်လျှက် 💞































Continue Reading

You'll Also Like

271K 6.3K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
152K 22K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
10.6K 2.4K 41
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
928K 71.2K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...