အခန်း ( ၁၄ )
"နေခြည် "
သူ့နှုတ်ဖျားမှ တအံ့တသြ ရေရွတ်သံက အလိုလို ထွက်သွားတယ် ။
"အစ်ကို ၊ သူက ဘယ်သူလဲ......"
နေခြည်က မျက်ဝန်းစိမ်းတွေနဲ့ သူ့ကို စိုက်ကြည့်နေပြီး ထက်မြတ်ကို လှမ်းမေးနေလေတယ် ။
ထက်မြတ်လည်း ရုတ်တရက်ရောက်လာတဲ့ မြတ်မင်းကြောင့် ငေးငိုင်နေရာမှ အသိစိတ်၀င်လာတယ် ။
"နေခြည် ၊ ဒါက ကျွန်တော့် သူငယ်ချင်း မြတ်မင်း"
"ဪ..."
"နေခြည် ဘာဖြစ်တာလဲ ။ သူက ဘာလို့ ငါ့ကို မမှတ်မိရတာလဲ ဟမ်"
မြတ်မင်း နားမလည်နိုင်စွာနဲ့ ထက်မြတ်ကို မေးလိုက်မိတယ် ။
"ငါ နဲ့ အပြင်မှာ စကားခဏပြောရအောင် ။ ငါ ရှင်းပြမယ်"
"မင်း!"
မြတ်မင်းက စကားလုံးတွေကို မြိုသိပ်လိုက်ပြီး နေခြည့်ကို တစ်ချက်ကြည့်ကာ အခန်းထဲမှ အပြင်ထွက်ခဲ့တယ် ။
"ကျွန်တော့် သူငယ်ချင်းနဲ့ စကားခဏပြောလိုက်ဦးမယ် "
ထက်မြတ်က နေခြည့်ကို ကြည့်၍ ဆိုတယ် ။
"ဟုတ်ကဲ့....ကိုထက်မြတ်..."
ထက်မြတ် ဆေးရုံထဲက အပြင်ထွက်လာသော် ဆေးရုံ၀န်းထဲက ထိုင်ခုံလေးမှာ မြတ်မင်း ထိုင်နေတာ တွေ့လိုက်ရတယ် ။
"မြတ်မင်း..."
သူ ခေါ်ရင်း ဘေးမှာ ဝင်ထိုင်လိုက်တယ် ။
"ထက်မြတ်...မင်း ပြောစမ်း ။ နေခြည်လင်းက ဘာလို့ ဆေးရုံရောက်နေရတာလဲ ။ သူ ဘာလို့ငါ့ကိုတောင် မမှတ်မိရတာလဲ။ မင်းကရော ဘာလို့ သူနဲ့အတူ ရှိနေရတာလဲ"
"ငါ သူ့ကို ကားနဲ့ တိုက်ခဲ့တာ..."
ထက်မြတ်ရဲ့ စကားအဆုံး မြတ်မင်းက ရှူးရှူးရှားရှား ဖြစ်သွားတော့တယ် ။
"ဘာ...မင်း ဘာပြောတယ် ၊ မင်း ရူးနေလား ။ ဘာလို့ သူ့ကို ကားနဲ့ တိုက်ရတာလဲ"
"ဘာလို့လဲ သိချင်လား ။ မင်းကြောင့်လေ ။ မင်းလို အကျင့်မကောင်းတဲ့ ကောင်ကြောင့်ပဲပေါ့"
ထက်မြတ်က သူ့ကို စေ့စေ့ကြည့်ရင်း အေးစက်စက် ဆိုလာတော့ မြတ်မင်း ဒေါသထွက်ပြီး ဝုန်းခနဲ ထရပ်လိုက်ကာ ထက်မြတ်အကျ်ီစကို ဆွဲကာ ထရပ်စေပြီး ဆွဲထိုးလိုက်တယ် ။
"ဘာ.......မင်းကများ....ကဲကွာ.."
ခွပ်...
ထက်မြတ်က သွေးထွက်သွားတဲ့ နှုတ်ခမ်းစကို လက်ဖြင့်သုတ်ရင်း မဲ့ပြုံးနဲ့ ဆိုတယ် ။
"တကယ်ဆို အထိုးခံသင့်တဲ့သူက မင်းပဲ မြတ်မင်း ။ ငါက မင်း ထိုးခံရမယ့်သူ မဟုတ်ဘူးကွ"
ခွပ်.....
ထက်မြတ်က မြတ်မင်း၏ မျက်နှာကို ပြန်ထိုးလိုက်တယ် ။
မြတ်မင်းက ထက်မြတ်ကို ဒေါသတကြီး ကြည့်ရင်း မေးလိုက်တယ် ။
"ပြောပါဦး....မင်း နေခြည့်ကို ကားနဲ့တိုက်တာ မင်းမှာ အပြစ်မရှိဘူးလား ။ သူ သေသွားရင် မင်း ဘယ်လိုလုပ်မှာလဲ ။ မင်း ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ ။ ကဗျာ နဲ့ မြတ်နိုး ငါ့ကို လမ်းခွဲသွားရတာလဲ မင်းကြောင့်ပဲ မဟုတ်လား"
"ဟုတ်တယ်။ အဲဒီ နေခြည်လင်းက မိုးကို ပါးရိုက်ခဲ့တယ်ဆိုတာ မင်းသိလား ။ မိုးက မင်းကြောင့် သူများ စော်ကားတာ ခံနေရတယ်။ ငါ အဲ့ဒီနေ့က မိုးရဲ့ ပန်းဆိုင်သွားတော့ နေခြည်လင်းက မိုးကို ပါးရိုက်နေတာ မြင်လိုက်ရတယ်။ ဒါကြောင့် ငါဒေါသထွက်ပြီး သူပြန်တဲ့အချိန် ကားနဲ့တိုက်ခဲ့တာ "
"မင်း! ကျစ်! သူ မိုးကို ပါးရိုက်ခဲ့တယ်ဆိုရင်တောင် မင်း နေခြည့်ကို အဲ့ဒီလို မလုပ်သင့်ဘူး ။ နေခြည် သေသွားခဲ့ရင် မင်း ဘယ်လိုလုပ်မလဲ"
"နေခြည် အခုမသေဘူးလေ ။ သတိပြန်ရပြီ။ အတိတ်မေ့နေတာပဲ ရှိတယ်။ သေခဲ့ရင်လည်း ငါ ဂရုမစိုက်ဘူး ။ တကယ်ဆို မင်းလို အကျင့်မကောင်းတဲ့ကောင်ကိုပဲ ငါက သတ်ပစ်ချင်တာ ။ မိုးကြောင့် မင်းကို ငါ သည်းခံထားရတာ"
ထက်မြတ်က နာနာကြည်းကြည်း လေသံနဲ့ ဆိုတယ် ။ မြတ်မင်း အံကြိတ်ရင်း မေးလိုက်တယ် ။
"ကဗျာ့ကို ရော မင်း ဘာလုပ်ခဲ့သေးလဲ"
"ဟား...ကဗျာကတော့ ပိုက်ဆံပေးလိုက်တာနဲ့ ချက်ချင်းကို မင်းနဲ့ လမ်းခွဲပေးတယ်လေ ။ နောက်ပြီး မြတ်နိုးကိုတောင် မင်းနဲ့ ပြတ်အောင် လုပ်ပေးခဲ့သေးတယ်"
"မင်း ဘာလို့ ငါ့ကို ဒီလိုတွေလုပ်ရတာလဲ ထက်မြတ်"
"ငါ....မိုးကို ချစ်လို့။ မင်းကြောင့် သူ နာကျင်ခံစားနေရတယ်။ ငါ ကြည့်မနေနိုင်ဘူး ။ ငါ လုပ်ပေးတာတွေအကုန်လုံးက သူ့အတွက်ပဲ"
မြတ်မင်း ဘာမှပြန်မပြောနိုင်တော့ဘဲ နှုတ်ဆိတ်နေမိတယ် ။
"မင်း မိုးကို မချစ်ဘူးဆိုရင် လမ်းခွဲလိုက်တော့။ သူ့ကို ဘေးမှာထားပြီး နာကျင်အောင် လုပ်မနေနဲ့တော့။ ငါ မိုးအတွက်ဆို နောက်ထပ် ဘယ်လိုလုပ်ရပ်မျိုးပဲဖြစ်ဖြစ် ထပ်လုပ်ဖို့ ၀န်မလေးဘူး။ မင်း နေခြည့်ကိစ္စလည်း မကျေနပ်ရင် ကြိုက်သလိုလုပ်နိုင်တယ် ။ ငါ သွားပြီ မြတ်မင်း "
ထက်မြတ်က လေးနက်ပြတ်သားစွာ ဆိုပြီး ကျောခိုင်းထွက်သွားတယ် ။ မြတ်မင်းတစ်ယောက်တည်း ငူငူငိုင်ငိုင်နဲ့ ကျန်ခဲ့တယ် ။ သူ အရမ်းကို မကောင်းတဲ့သူတစ်ယောက် ဖြစ်နေခဲ့တာလား ။ ထက်မြတ်ကတောင် သူ့ကို မုန်းနေခဲ့တယ် ။ မိုးရော စိတ်ကုန်သွားတဲ့တစ်နေ့ ပစ်သွားမှာလား ။ မြတ်မင်း တော်တော်လေးကို စိတ်ရှုပ်လာမိတယ် ။ သူ ထိုနေရာမှာ ထွက်လာခဲ့ပြီး ဆိုင်တစ်ဆိုင်ကိုသာ ၀င်လိုက်တယ် ။ စိတ်ညစ်ညစ်နဲ့ အရက်တွေသာ မှာသောက်နေမိတော့တယ် ။
သူ့ကို လမ်းခွဲသွားတာတွေရဲ့နောက်မှာ ထက်မြတ်ရှိနေခဲ့တာလား ။ ထက်မြတ် ဒီလိုလုပ်လိမ့်မယ်လို့ သူ လုံး၀မထင်ထားခဲ့မိဘူး။
~~~~~~~~~~~~~~~~~~
"အေမီ..."
"ဟင်..."
"နင့် သူငယ်ချင်း ပြန်မလာသေးပါလား။ နင်တို့ ပြန်ဖို့ နောက်ကျဦးမယ်"
"အင်း.....ဟုတ်တယ်...ဇင်မာ။ မြတ်မင်းတစ်ယောက် ဘယ်တွေ လျောက်သွားနေလဲ မသိပါဘူးဟာ "
"ဖုန်းထပ်ဆက်ကြည့်ပါလား...."
"အင်း......"
အေမီ ဖုန်းထပ်ခေါ်တော့လည်း ဖုန်းမကိုင်။
"ဖုန်းမကိုင်ပြန်ဘူးဟာ"
"ခဏနေ ထပ်ခေါ်ကြည့်ပေါ့ ၊ သူ မအားလို့ထင်တယ်"
"အင်း..."
အေမီ စောင့်ရင်းနဲ့ ညနေစောင်းလာပြီ ။ ဖုန်းခေါ်တာလည်း မကိုင် ၊ မြတ်မင်းတစ်ယောက် ဘာတွေ ဖြစ်နေလဲ မသိပါဘူး ။ ခဏအကြာ ဖုန်းထပ်ခေါ်သော် ကံကောင်းစွာ ဖုန်းဝင်သွားတယ် ။
"ဟဲလို...."
"နင် ဘယ်မှာလဲ မြတ်မင်း ၊ ဘာလို့ ခုချိန်ထိ ပြန်မလာသေးတာလဲ"
"ဟို....ဒီဖုန်းပိုင်ရှင်က အရက်တွေသောက်ပြီး မှောက်နေလို့ပါဗျ"
"ရှင်......ဘယ်နေရာမှာလဲ...."
အေမီက လိပ်စာကို သေချာမှတ်ထားလိုက်တယ် ။
"ဇင်မာ....."
"ဘာဖြစ်လို့လဲ ..အေမီ..."
"ငါ့ သူငယ်ချင်းမြတ်မင်း အရက်မူးပြီး မှောက်နေလို့တဲ့။ ငါ သွားခေါ်ရမယ်"
"ဒါဆို နင်တို့ပြန်လို့ ဘယ်ဖြစ်တော့မလဲ။ ဒီကို ပြန်လာပြီး အိပ်လေ"
"အားနာစရာကြီး ၊ ငါတို့ တည်းခိုခန်းမှာပဲ တည်းလိုက်ပါ့မယ်"
"နင်တို့ နှစ်ယောက်က သူငယ်ချင်းတွေဆို၊ ဘယ်လို သင့်တော်မလဲ။ ဒီမှာပဲ ညအိပ်ပါ။ ငါ ဧည့်သည်အခန်းရှင် ထားလိုက်မယ်။ နင်က ငါနဲ့အတူ အိပ်ပေါ့။ နင့်သူငယ်ချင်းကို ဧည့်သည်တည်းတဲ့အခန်းမှာ သိပ်လိုက်ပေါ့"
"အင်း...ကျေးဇူးပါပဲ ဇင်မာရယ်..."
"ရပါတယ်ဟာ သူငယ်ချင်းအချင်းချင်းပဲ"
အေမီ တက္ကစီငှါးပြီး ဆိုင်ကို အမြန်လိုက်သွားတယ် ။ ဆိုင်ထဲရောက်တော့ မြတ်မင်းကတော့ စားပွဲခုံပေါ်မှာ မှောက်နေတယ်။
"ခုန ဖုန်းပြောတဲ့ အစ်မလား"
"အင်း...သူ ဘယ်အချိန်ထဲက သောက်နေတာလဲ..."
"တော်တော်ကြာပြီဗျ"
အေမီ ပိုက်ဆံရှင်းပြီး စားပွဲထိုးကောင်လေး အကူအညီနဲ့ မြတ်မင်းကို သူမောင်းလာတဲ့ ကားပေါ် လိုက်ပို့ခိုင်းရတယ် ။
အေမီ ကားမောင်းရင်း မြတ်မင်းကို ကားမှန်မှ လှမ်းကြည့်မိတယ် ။ သူ ဘာစိတ်ညစ်များရှိလို့ ဒီလောက်အများကြီးသောက်ရတာလဲ ။ မနက်က အကောင်းကြီးပါ။
ဇင်မာတို့ အိမ်ရောက်ပြန်တော့လည်း ခြံစောင့်ကောင်လေးအကူအညီနဲ့ မြတ်မင်းကို အခန်းထဲ လိုက်ပို့ခိုင်းရသေးတယ်။ သူ့ကို အကူအညီရအောင် ခေါ်လာခဲ့တာ ခုသူ့ကို ပြန်ကူညီနေရတဲ့အဖြစ်။
အေမီက မြတ်မင်းကို စောင်ခြုံပေးပြီး ငေးကြည့်နေမိတယ် ။
"ကိုယ် တောင်းပန်ပါတယ် မိုး"
မြတ်မင်း ပါးစပ်မှ ယောင်ပြီး ထွက်လာသော စကားကြောင့် အေမီ ဒေါသထွက်သွားရတယ် ။ မြတ်မင်း အရက်တွေသောက်နေတာ မိုး ကြောင့်လား။ အေမီ အခန်းထဲက ထွက်ဖို့လုပ်တဲ့အချိန် ။
ဖုန်းသံကြောင့် ယူကြည့်လိုက်သော် အမည်က မိုး ။
အေမီ လျှို့ဝှက်စွာ ပြုံးရင်း ဖုန်းကိုင်လိုက်တယ် ။
"ဟဲလို.. ..မောင် အိမ်ပြန်ရောက်ပြီလား"
"မရောက်သေးဘူး"
"ဘယ်သူလဲ...အေမီလား"
"ဟုတ်တယ်၊ ကျွန်မ အေမီ ။ မြတ်မင်း အခု အိပ်ပျော်နေတယ် ၊ မနက်ဖြန်မှ ငါတို့ ပြန်လာဖြစ်တော့မယ်"
"မောင်....ဘယ်မှာလဲ...."
"ငါ့ ဘေးမှာ "
မိုးက ချက်ချင်း ဖုန်းချသွားတော့ အေမီ ခပ်မဲ့မဲ့ ပြုံးမိတယ် ။အဲ့ဒီနောက် မီးပိတ်ပေးပြီး အခန်းထဲမှ ထွက်လာခဲ့တယ် ။
********************
မိုး ဖုန်းကို ပစ်ပေါက်လိုက်ပြီး မျက်ရည်၀ဲလာမိတယ် ။ မောင် ကတိမတည်ဘူး ။ မိုးကတော့ မောင်ပြန်ရောက်ရင် ဖုန်းဆက်မယ် ပြောလို့ စောင့်နေခဲ့တာ၊ နောက်ကျတဲ့အထိ မဆက်သေးလို့ စိတ်ပူပြီး ဖုန်းဆက်တော့လည်း အေမီနဲ့ အတူရှိနေတယ်တဲ့လား ။ မိုး အိပ်မရတော့မယ့်အတူတူ ၀ရံတာထွက်ပြီး စီးကရက် သောက်နေမိတယ် ။
❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀
မြတ်မင်းမောင် နိုးလာတော့ ဦးခေါင်းတစ်ခုလုံး တဆစ်ဆစ်နဲ့ ကိုက်ခဲနေတယ် ။ သူ ဘယ်ရောက်နေတာလဲ ပြန်စဉ်းစားရင်း မနေ့က စိတ်ညစ်ညစ်နဲ့ အရက်တွေ သောက်နေခဲ့တာကို ပြန်သတိရလာတယ် ။ ခု ဘယ်ကို ရောက်နေတာလဲ။
တံခါးခေါက်သံအဆုံး အေမီက အခန်းထဲ ဝင်လာတယ် ။
"နိုးပြီလား"
"ငါ ဘယ်ရောက်နေတာလဲ..."
"နင် မနေ့က အရက်တွေမူးပြီး မှောက်နေလို့ ငါ့ သူငယ်ချင်းအိမ် ခေါ်လာခဲ့ရတာ။ နင် ဘာလို့ အဲ့ဒီလောက်သောက်ရတာလဲ"
"ဆောရီးပါဟာ...ငါ စိတ်ညစ်နေလို့"
"အေးပါ.....မနက်စာ စားကြမယ်၊ ပြီးရင် နင် ခဏနားပြီး ငါတို့ ပြန်ကြတာပေါ့"
"အင်း"
နေ့လယ်လောက် မြတ်မင်း နဲ့ အေမီတို့ ပြန်လာခဲ့ကြတယ် ။
"အေမီ.....ရောက်ပြီ။ အေမီ...."
အေမီ မှေးခနဲ အိပ်ပျော်သွားရာမှ မြတ်မင်း အသံကြောင့် နိုးလာတယ် ။
"ရောက်ပြီလား..."
"အင်း..ငါ နင့်အဒေါ်ကို လိုက်ရှင်းပြပေးရဦးမလား"
"မလိုပါဘူး၊ ငါ ဖုန်းဆက်ပြောထားပြီးသား"
"ဟုတ်လား၊ အဲဒါဆို ငါ အိမ်ပြန်တော့မယ်၊ နင် ဆင်းတော့"
"ခဏနေပါဦး...နင်ကလဲ...ငါ ပြောစရာရှိတယ်"
"ဘာလဲ "
မြတ်မင်းက အေမီ့ကို ကြည့်လိုက်တော့ နားလည်ရခက်သော အကြည့်တွေနဲ့ တိုးတယ် ။
"ပြောလေ...အေမီ "
"နင် ငါ့ကို.ချစ်သေးလား မြတ်မင်း "
¸¤º°'°º¤ø,¸ဆက်ရန်,°º¤ø,¸¸,ø¤º
Thin Zar Moe Oo
အခန္း ( ၁၄ )
"ေနျခည္ "
သူ႕ႏႈတ္ဖ်ားမွ တအံ့တၾသ ေရ႐ြတ္သံက အလိုလို ထြက္သြားတယ္ ။
"အစ္ကို ၊ သူက ဘယ္သူလဲ......"
ေနျခည္က မ်က္ဝန္းစိမ္းေတြနဲ႕ သူ႕ကို စိုက္ၾကည့္ေနၿပီး ထက္ျမတ္ကို လွမ္းေမးေနေလတယ္ ။
ထက္ျမတ္လည္း ႐ုတ္တရက္ေရာက္လာတဲ့ ျမတ္မင္းေၾကာင့္ ေငးငိုင္ေနရာမွ အသိစိတ္၀င္လာတယ္ ။
"ေနျခည္ ၊ ဒါက ကြၽန္ေတာ့္ သူငယ္ခ်င္း ျမတ္မင္း"
"ဪ..."
"ေနျခည္ ဘာျဖစ္တာလဲ ။ သူက ဘာလို႔ ငါ့ကို မမွတ္မိရတာလဲ ဟမ္"
ျမတ္မင္း နားမလည္နိုင္စြာနဲ႕ ထက္ျမတ္ကို ေမးလိုက္မိတယ္ ။
"ငါ နဲ႕ အျပင္မွာ စကားခဏေျပာရေအာင္ ။ ငါ ရွင္းျပမယ္"
"မင္း!"
ျမတ္မင္းက စကားလုံးေတြကို ၿမိဳသိပ္လိုက္ၿပီး ေနျခည့္ကို တစ္ခ်က္ၾကည့္ကာ အခန္းထဲမွ အျပင္ထြက္ခဲ့တယ္ ။
"ကြၽန္ေတာ့္ သူငယ္ခ်င္းနဲ႕ စကားခဏေျပာလိုက္ဦးမယ္ "
ထက္ျမတ္က ေနျခည့္ကို ၾကည့္၍ ဆိုတယ္ ။
"ဟုတ္ကဲ့....ကိုထက္ျမတ္..."
ထက္ျမတ္ ေဆး႐ုံထဲက အျပင္ထြက္လာေသာ္ ေဆး႐ုံ၀န္းထဲက ထိုင္ခုံေလးမွာ ျမတ္မင္း ထိုင္ေနတာ ေတြ႕လိုက္ရတယ္ ။
"ျမတ္မင္း..."
သူ ေခၚရင္း ေဘးမွာ ဝင္ထိုင္လိုက္တယ္ ။
"ထက္ျမတ္...မင္း ေျပာစမ္း ။ ေနျခည္လင္းက ဘာလို႔ ေဆး႐ုံေရာက္ေနရတာလဲ ။ သူ ဘာလို႔ငါ့ကိုေတာင္ မမွတ္မိရတာလဲ။ မင္းကေရာ ဘာလို႔ သူနဲ႕အတူ ရွိေနရတာလဲ"
"ငါ သူ႕ကို ကားနဲ႕ တိုက္ခဲ့တာ..."
ထက္ျမတ္ရဲ႕ စကားအဆုံး ျမတ္မင္းက ရႉးရႉးရွားရွား ျဖစ္သြားေတာ့တယ္ ။
"ဘာ...မင္း ဘာေျပာတယ္ ၊ မင္း ႐ူးေနလား ။ ဘာလို႔ သူ႕ကို ကားနဲ႕ တိုက္ရတာလဲ"
"ဘာလို႔လဲ သိခ်င္လား ။ မင္းေၾကာင့္ေလ ။ မင္းလို အက်င့္မေကာင္းတဲ့ ေကာင္ေၾကာင့္ပဲေပါ့"
ထက္ျမတ္က သူ႕ကို ေစ့ေစ့ၾကည့္ရင္း ေအးစက္စက္ ဆိုလာေတာ့ ျမတ္မင္း ေဒါသထြက္ၿပီး ဝုန္းခနဲ ထရပ္လိုက္ကာ ထက္ျမတ္အက်္ီစကို ဆြဲကာ ထရပ္ေစၿပီး ဆြဲထိုးလိုက္တယ္ ။
"ဘာ.......မင္းကမ်ား....ကဲကြာ.."
ခြပ္...
ထက္ျမတ္က ေသြးထြက္သြားတဲ့ ႏႈတ္ခမ္းစကို လက္ျဖင့္သုတ္ရင္း မဲ့ၿပဳံးနဲ႕ ဆိုတယ္ ။
"တကယ္ဆို အထိုးခံသင့္တဲ့သူက မင္းပဲ ျမတ္မင္း ။ ငါက မင္း ထိုးခံရမယ့္သူ မဟုတ္ဘူးကြ"
ခြပ္.....
ထက္ျမတ္က ျမတ္မင္း၏ မ်က္ႏွာကို ျပန္ထိုးလိုက္တယ္ ။
ျမတ္မင္းက ထက္ျမတ္ကို ေဒါသတႀကီး ၾကည့္ရင္း ေမးလိုက္တယ္ ။
"ေျပာပါဦး....မင္း ေနျခည့္ကို ကားနဲ႕တိုက္တာ မင္းမွာ အျပစ္မရွိဘူးလား ။ သူ ေသသြားရင္ မင္း ဘယ္လိုလုပ္မွာလဲ ။ မင္း ဘာလို႔ အဲ့ဒီလို လုပ္ရတာလဲ ။ ကဗ်ာ နဲ႕ ျမတ္နိုး ငါ့ကို လမ္းခြဲသြားရတာလဲ မင္းေၾကာင့္ပဲ မဟုတ္လား"
"ဟုတ္တယ္။ အဲဒီ ေနျခည္လင္းက မိုးကို ပါးရိုက္ခဲ့တယ္ဆိုတာ မင္းသိလား ။ မိုးက မင္းေၾကာင့္ သူမ်ား ေစာ္ကားတာ ခံေနရတယ္။ ငါ အဲ့ဒီေန႕က မိုးရဲ႕ ပန္းဆိုင္သြားေတာ့ ေနျခည္လင္းက မိုးကို ပါးရိုက္ေနတာ ျမင္လိုက္ရတယ္။ ဒါေၾကာင့္ ငါေဒါသထြက္ၿပီး သူျပန္တဲ့အခ်ိန္ ကားနဲ႕တိုက္ခဲ့တာ "
"မင္း! က်စ္! သူ မိုးကို ပါးရိုက္ခဲ့တယ္ဆိုရင္ေတာင္ မင္း ေနျခည့္ကို အဲ့ဒီလို မလုပ္သင့္ဘူး ။ ေနျခည္ ေသသြားခဲ့ရင္ မင္း ဘယ္လိုလုပ္မလဲ"
"ေနျခည္ အခုမေသဘူးေလ ။ သတိျပန္ရၿပီ။ အတိတ္ေမ့ေနတာပဲ ရွိတယ္။ ေသခဲ့ရင္လည္း ငါ ဂ႐ုမစိုက္ဘူး ။ တကယ္ဆို မင္းလို အက်င့္မေကာင္းတဲ့ေကာင္ကိုပဲ ငါက သတ္ပစ္ခ်င္တာ ။ မိုးေၾကာင့္ မင္းကို ငါ သည္းခံထားရတာ"
ထက္ျမတ္က နာနာၾကည္းၾကည္း ေလသံနဲ႕ ဆိုတယ္ ။ ျမတ္မင္း အံႀကိတ္ရင္း ေမးလိုက္တယ္ ။
"ကဗ်ာ့ကို ေရာ မင္း ဘာလုပ္ခဲ့ေသးလဲ"
"ဟား...ကဗ်ာကေတာ့ ပိုက္ဆံေပးလိုက္တာနဲ႕ ခ်က္ခ်င္းကို မင္းနဲ႕ လမ္းခြဲေပးတယ္ေလ ။ ေနာက္ၿပီး ျမတ္နိုးကိုေတာင္ မင္းနဲ႕ ျပတ္ေအာင္ လုပ္ေပးခဲ့ေသးတယ္"
"မင္း ဘာလို႔ ငါ့ကို ဒီလိုေတြလုပ္ရတာလဲ ထက္ျမတ္"
"ငါ....မိုးကို ခ်စ္လို႔။ မင္းေၾကာင့္ သူ နာက်င္ခံစားေနရတယ္။ ငါ ၾကည့္မေနနိုင္ဘူး ။ ငါ လုပ္ေပးတာေတြအကုန္လုံးက သူ႕အတြက္ပဲ"
ျမတ္မင္း ဘာမွျပန္မေျပာနိုင္ေတာ့ဘဲ ႏႈတ္ဆိတ္ေနမိတယ္ ။
"မင္း မိုးကို မခ်စ္ဘူးဆိုရင္ လမ္းခြဲလိုက္ေတာ့။ သူ႕ကို ေဘးမွာထားၿပီး နာက်င္ေအာင္ လုပ္မေနနဲ႕ေတာ့။ ငါ မိုးအတြက္ဆို ေနာက္ထပ္ ဘယ္လိုလုပ္ရပ္မ်ိဳးပဲျဖစ္ျဖစ္ ထပ္လုပ္ဖို႔ ၀န္မေလးဘူး။ မင္း ေနျခည့္ကိစၥလည္း မေက်နပ္ရင္ ႀကိဳက္သလိုလုပ္နိုင္တယ္ ။ ငါ သြားၿပီ ျမတ္မင္း "
ထက္ျမတ္က ေလးနက္ျပတ္သားစြာ ဆိုၿပီး ေက်ာခိုင္းထြက္သြားတယ္ ။ ျမတ္မင္းတစ္ေယာက္တည္း ငူငူငိုင္ငိုင္နဲ႕ က်န္ခဲ့တယ္ ။ သူ အရမ္းကို မေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ေနခဲ့တာလား ။ ထက္ျမတ္ကေတာင္ သူ႕ကို မုန္းေနခဲ့တယ္ ။ မိုးေရာ စိတ္ကုန္သြားတဲ့တစ္ေန႕ ပစ္သြားမွာလား ။ ျမတ္မင္း ေတာ္ေတာ္ေလးကို စိတ္ရႈပ္လာမိတယ္ ။ သူ ထိုေနရာမွာ ထြက္လာခဲ့ၿပီး ဆိုင္တစ္ဆိုင္ကိုသာ ၀င္လိုက္တယ္ ။ စိတ္ညစ္ညစ္နဲ႕ အရက္ေတြသာ မွာေသာက္ေနမိေတာ့တယ္ ။
သူ႕ကို လမ္းခြဲသြားတာေတြရဲ႕ေနာက္မွာ ထက္ျမတ္ရွိေနခဲ့တာလား ။ ထက္ျမတ္ ဒီလိုလုပ္လိမ့္မယ္လို႔ သူ လုံး၀မထင္ထားခဲ့မိဘူး။
~~~~~~~~~~~~~~~~~~
"ေအမီ..."
"ဟင္..."
"နင့္ သူငယ္ခ်င္း ျပန္မလာေသးပါလား။ နင္တို႔ ျပန္ဖို႔ ေနာက္က်ဦးမယ္"
"အင္း.....ဟုတ္တယ္...ဇင္မာ။ ျမတ္မင္းတစ္ေယာက္ ဘယ္ေတြ ေလ်ာက္သြားေနလဲ မသိပါဘူးဟာ "
"ဖုန္းထပ္ဆက္ၾကည့္ပါလား...."
"အင္း......"
ေအမီ ဖုန္းထပ္ေခၚေတာ့လည္း ဖုန္းမကိုင္။
"ဖုန္းမကိုင္ျပန္ဘူးဟာ"
"ခဏေန ထပ္ေခၚၾကည့္ေပါ့ ၊ သူ မအားလို႔ထင္တယ္"
"အင္း..."
ေအမီ ေစာင့္ရင္းနဲ႕ ညေနေစာင္းလာၿပီ ။ ဖုန္းေခၚတာလည္း မကိုင္ ၊ ျမတ္မင္းတစ္ေယာက္ ဘာေတြ ျဖစ္ေနလဲ မသိပါဘူး ။ ခဏအၾကာ ဖုန္းထပ္ေခၚေသာ္ ကံေကာင္းစြာ ဖုန္းဝင္သြားတယ္ ။
"ဟဲလို...."
"နင္ ဘယ္မွာလဲ ျမတ္မင္း ၊ ဘာလို႔ ခုခ်ိန္ထိ ျပန္မလာေသးတာလဲ"
"ဟို....ဒီဖုန္းပိုင္ရွင္က အရက္ေတြေသာက္ၿပီး ေမွာက္ေနလို႔ပါဗ်"
"ရွင္......ဘယ္ေနရာမွာလဲ...."
ေအမီက လိပ္စာကို ေသခ်ာမွတ္ထားလိုက္တယ္ ။
"ဇင္မာ....."
"ဘာျဖစ္လို႔လဲ ..ေအမီ..."
"ငါ့ သူငယ္ခ်င္းျမတ္မင္း အရက္မူးၿပီး ေမွာက္ေနလို႔တဲ့။ ငါ သြားေခၚရမယ္"
"ဒါဆို နင္တို႔ျပန္လို႔ ဘယ္ျဖစ္ေတာ့မလဲ။ ဒီကို ျပန္လာၿပီး အိပ္ေလ"
"အားနာစရာႀကီး ၊ ငါတို႔ တည္းခိုခန္းမွာပဲ တည္းလိုက္ပါ့မယ္"
"နင္တို႔ ႏွစ္ေယာက္က သူငယ္ခ်င္းေတြဆို၊ ဘယ္လို သင့္ေတာ္မလဲ။ ဒီမွာပဲ ညအိပ္ပါ။ ငါ ဧည့္သည္အခန္းရွင္ ထားလိုက္မယ္။ နင္က ငါနဲ႕အတူ အိပ္ေပါ့။ နင့္သူငယ္ခ်င္းကို ဧည့္သည္တည္းတဲ့အခန္းမွာ သိပ္လိုက္ေပါ့"
"အင္း...ေက်းဇူးပါပဲ ဇင္မာရယ္..."
"ရပါတယ္ဟာ သူငယ္ခ်င္းအခ်င္းခ်င္းပဲ"
ေအမီ တကၠစီငွါးၿပီး ဆိုင္ကို အျမန္လိုက္သြားတယ္ ။ ဆိုင္ထဲေရာက္ေတာ့ ျမတ္မင္းကေတာ့ စားပြဲခုံေပၚမွာ ေမွာက္ေနတယ္။
"ခုန ဖုန္းေျပာတဲ့ အစ္မလား"
"အင္း...သူ ဘယ္အခ်ိန္ထဲက ေသာက္ေနတာလဲ..."
"ေတာ္ေတာ္ၾကာၿပီဗ်"
ေအမီ ပိုက္ဆံရွင္းၿပီး စားပြဲထိုးေကာင္ေလး အကူအညီနဲ႕ ျမတ္မင္းကို သူေမာင္းလာတဲ့ ကားေပၚ လိုက္ပို႔ခိုင္းရတယ္ ။
ေအမီ ကားေမာင္းရင္း ျမတ္မင္းကို ကားမွန္မွ လွမ္းၾကည့္မိတယ္ ။ သူ ဘာစိတ္ညစ္မ်ားရွိလို႔ ဒီေလာက္အမ်ားႀကီးေသာက္ရတာလဲ ။ မနက္က အေကာင္းႀကီးပါ။
ဇင္မာတို႔ အိမ္ေရာက္ျပန္ေတာ့လည္း ၿခံေစာင့္ေကာင္ေလးအကူအညီနဲ႕ ျမတ္မင္းကို အခန္းထဲ လိုက္ပို႔ခိုင္းရေသးတယ္။ သူ႕ကို အကူအညီရေအာင္ ေခၚလာခဲ့တာ ခုသူ႕ကို ျပန္ကူညီေနရတဲ့အျဖစ္။
ေအမီက ျမတ္မင္းကို ေစာင္ၿခဳံေပးၿပီး ေငးၾကည့္ေနမိတယ္ ။
"ကိုယ္ ေတာင္းပန္ပါတယ္ မိုး"
ျမတ္မင္း ပါးစပ္မွ ေယာင္ၿပီး ထြက္လာေသာ စကားေၾကာင့္ ေအမီ ေဒါသထြက္သြားရတယ္ ။ ျမတ္မင္း အရက္ေတြေသာက္ေနတာ မိုး ေၾကာင့္လား။ ေအမီ အခန္းထဲက ထြက္ဖို႔လုပ္တဲ့အခ်ိန္ ။
ဖုန္းသံေၾကာင့္ ယူၾကည့္လိုက္ေသာ္ အမည္က မိုး ။
ေအမီ လွ်ို႔ဝွက္စြာ ၿပဳံးရင္း ဖုန္းကိုင္လိုက္တယ္ ။
"ဟဲလို.. ..ေမာင္ အိမ္ျပန္ေရာက္ၿပီလား"
"မေရာက္ေသးဘူး"
"ဘယ္သူလဲ...ေအမီလား"
"ဟုတ္တယ္၊ ကြၽန္မ ေအမီ ။ ျမတ္မင္း အခု အိပ္ေပ်ာ္ေနတယ္ ၊ မနက္ျဖန္မွ ငါတို႔ ျပန္လာျဖစ္ေတာ့မယ္"
"ေမာင္....ဘယ္မွာလဲ...."
"ငါ့ ေဘးမွာ "
မိုးက ခ်က္ခ်င္း ဖုန္းခ်သြားေတာ့ ေအမီ ခပ္မဲ့မဲ့ ၿပဳံးမိတယ္ ။အဲ့ဒီေနာက္ မီးပိတ္ေပးၿပီး အခန္းထဲမွ ထြက္လာခဲ့တယ္ ။
********************
မိုး ဖုန္းကို ပစ္ေပါက္လိုက္ၿပီး မ်က္ရည္၀ဲလာမိတယ္ ။ ေမာင္ ကတိမတည္ဘူး ။ မိုးကေတာ့ ေမာင္ျပန္ေရာက္ရင္ ဖုန္းဆက္မယ္ ေျပာလို႔ ေစာင့္ေနခဲ့တာ၊ ေနာက္က်တဲ့အထိ မဆက္ေသးလို႔ စိတ္ပူၿပီး ဖုန္းဆက္ေတာ့လည္း ေအမီနဲ႕ အတူရွိေနတယ္တဲ့လား ။ မိုး အိပ္မရေတာ့မယ့္အတူတူ ၀ရံတာထြက္ၿပီး စီးကရက္ ေသာက္ေနမိတယ္ ။
❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀
ျမတ္မင္းေမာင္ နိုးလာေတာ့ ဦးေခါင္းတစ္ခုလုံး တဆစ္ဆစ္နဲ႕ ကိုက္ခဲေနတယ္ ။ သူ ဘယ္ေရာက္ေနတာလဲ ျပန္စဥ္းစားရင္း မေန႕က စိတ္ညစ္ညစ္နဲ႕ အရက္ေတြ ေသာက္ေနခဲ့တာကို ျပန္သတိရလာတယ္ ။ ခု ဘယ္ကို ေရာက္ေနတာလဲ။
တံခါးေခါက္သံအဆုံး ေအမီက အခန္းထဲ ဝင္လာတယ္ ။
"နိုးၿပီလား"
"ငါ ဘယ္ေရာက္ေနတာလဲ..."
"နင္ မေန႕က အရက္ေတြမူးၿပီး ေမွာက္ေနလို႔ ငါ့ သူငယ္ခ်င္းအိမ္ ေခၚလာခဲ့ရတာ။ နင္ ဘာလို႔ အဲ့ဒီေလာက္ေသာက္ရတာလဲ"
"ေဆာရီးပါဟာ...ငါ စိတ္ညစ္ေနလို႔"
"ေအးပါ.....မနက္စာ စားၾကမယ္၊ ၿပီးရင္ နင္ ခဏနားၿပီး ငါတို႔ ျပန္ၾကတာေပါ့"
"အင္း"
ေန႕လယ္ေလာက္ ျမတ္မင္း နဲ႕ ေအမီတို႔ ျပန္လာခဲ့ၾကတယ္ ။
"ေအမီ.....ေရာက္ၿပီ။ ေအမီ...."
ေအမီ ေမွးခနဲ အိပ္ေပ်ာ္သြားရာမွ ျမတ္မင္း အသံေၾကာင့္ နိုးလာတယ္ ။
"ေရာက္ၿပီလား..."
"အင္း..ငါ နင့္အေဒၚကို လိုက္ရွင္းျပေပးရဦးမလား"
"မလိုပါဘူး၊ ငါ ဖုန္းဆက္ေျပာထားၿပီးသား"
"ဟုတ္လား၊ အဲဒါဆို ငါ အိမ္ျပန္ေတာ့မယ္၊ နင္ ဆင္းေတာ့"
"ခဏေနပါဦး...နင္ကလဲ...ငါ ေျပာစရာရွိတယ္"
"ဘာလဲ "
ျမတ္မင္းက ေအမီ့ကို ၾကည့္လိုက္ေတာ့ နားလည္ရခက္ေသာ အၾကည့္ေတြနဲ႕ တိုးတယ္ ။
"ေျပာေလ...ေအမီ "
"နင္ ငါ့ကို.ခ်စ္ေသးလား ျမတ္မင္း "
¸¤º°'°º¤ø,¸ဆက္ရန္,°º¤ø,¸¸,ø¤º
Thin Zar Moe Oo