သံသယများရဲ့ နောက်ကွယ် [ Compl...
By thin_zar_moe_oo
69.9K 2.9K 28
လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်... More
part - 1
part - 2
part - 3
part - 4
part - 5
part - 6
part - 7
part - 8
part - 9
part - 10
part - 11
part - 12
part - 14
part - 15
part - 16
part - 17
Part - 18
part - 19
final
part - 13
2.3K 114 0
By thin_zar_moe_oo
အခန်း ( ၁၃ )
မိုး ​ကော်​ဖီဆိုင်​က ထွက်​လာပြီးနောက် ပန်းဆိုင်​​လေးကို ပြန်​လာခဲ့တယ် ။
"ဘာဖြစ်​လာတာလဲ ၊ မျက်​နှာလည်း မ​ကောင်းပါလား "
"ငါ ​အေမီနဲ့ ​တွေ့ခဲ့တယ်​ ။ သူက ​မောင့်အချစ်​ဆုံး သူငယ်​ချင်းတဲ့​လေ"
"​အေမီဆိုတာ နင့်အရင်​ ရည်းစားဟောင်းရဲ့ ညီမ မဟုတ်လား..."
"အင်း..."
"သူ နင့်ကို ဘာ​ပြောသေးလဲ"
"သူ့အစ်ကို ဆုံးတာ ငါ့​ကြောင့်လို့ ထင်​​နေတယ်​​လေ"
"ဟင် ၊ ကိုခန့်ထည်​က ကားအက်​စီးဒန့်နဲ့ ဆုံးတာမဟုတ်လား။ နင်​နဲ့ ဘာဆိုင်​လို့လဲ ။ သူက ဘာကိစ္စ အပြစ်တင်နေရတာလဲ "
"အင်း..."
"​အေမီစကား​တွေ​ကြောင့် ​မောင်​ ငါ့ကို အထင်​လွဲသွားမှာလည်း စိုးတယ် "
"မြတ်​မင်း​မောင်​ကို စိတ်​ပူ​နေ​သေးတယ်​ ။ နင်​ သူ့ကို ဒီ​လောက်​ နားလည်​မှု​ပေးထားတာပဲ ။ သူ့ဘက်​ကလည်း နားလည်​မှု ရှိရမှာ​ပေါ့"
"အင်း....နားလည်​​ပေးဖို့ ​မျှော်​လင့်ရတာပဲ"
"ကဲပါ စိတ်ညစ်စရာတွေ မေ့ထားလိုက်ပါ။ ဒါနဲ့ ငါ ဒီ​နေ့ ​စော​စောပြန်​ရမယ်​ဟ ။ သွားစရာရှိတယ်​ "
"အင်း ပြန်​​လေ။ ငါလည်း ဒီ​နေ့ ဆိုင်​​စော​စောပိတ်​မလားလို့"
"​ကောင်းတယ်​။ နင်​ အနားယူဦး"
"​အင်း..."
မိုး ဆိုင်​က ​ကောင်​မ​လေးကို​ရော ​စော​စောပြန်​ခိုင်းပြီး ​မောင့်ကို ​စောင့်နေမိတယ် ။ ​မောင်​နဲ့ ​တွေ့ပြီးမှ မိုးလည်း ​စော​စောပြန်​နား​​တော့မယ်​ ။
~~~~~~~~~~~~~~~~~~~~~
မြတ်​မင်း​မောင်​က ​အေမီ့ကို လိုက်​ပို့ပြီးနောက် စိတ်​​ပြေတဲ့အထိ ခဏ​နေ​ပေးပြီးမှ မိုးဆီ ထွက်​လာခဲ့တယ် ။
"မိုး..."
"​​ဪ မောင်​...​ရောက်​လာပြီပဲ"
"အင်း...ခုနကိစ္စ ကိုယ်​​တောင်းပန်​ပါတယ်​ ။  ​​အေမီက နည်းနည်းတယူသန်​တယ်​ "
"မိုး...သိပါတယ်​။
​မောင်​....မိုးကို ယုံရဲ့လား ဟင်"
"ယုံတာပေါ့ မိုးရယ် "
"မိုးဘက်​က မှန်​တဲ့အတွက်​ ရှင်းပြစရာမလိုဘူးလို့ ခံယူထားတယ်​ ။ ဒါ​ပေမဲ့ ​မောင့်ကို အမှန်​အတိုင်း သိ​စေချင်​တယ်​ ။ ​မိုး ​မောင့်ကို မ​ပြောပြခဲ့မိဘူး ။ မိုး တမင်​ မ​ပြောဘဲ​နေတာ မဟုတ်​ပါဘူး ။မိုး ပြန်​မ​တွေးချင်​တဲ့ အတိတ်​ဆိုးမို့ ​မေ့ထားခဲ့တာပါ "
မိုး မျက်ဝန်းတွေမှာ နာကျင်ရိပ်သန်းနေတယ် ။
"ရပါတယ်​ မိုး ၊ မိုး အဆင်​​ပြေမှ ကိုယ့်ကို ​ပြောပါ"
"တကယ်​​တော့ မိုး နိုင်​ငံခြားမှာ ​ကျောင်းတက်​တုန်းက ကိုခန့်ထည်​ နဲ့ ချစ်​သူ​တွေ ဖြစ်​ခဲ့ကြတယ်​။မိုးတို့ တ​စ်ယောက်​နဲ့ တ​စ်ယောက်​ နားလည်မှုရှိကြပြီး လက်​တွဲနိုင်​ဖို့ ​မျှော်​လင့်ထားခဲ့​ကြတာ ။ ဒါ​ပေမဲ့ တစ်နေ့မှာ သူက မိုးရဲ့သူငယ်​ချင်းနဲ့ တွဲ​နေတာ သိလိုက်​ရတယ်​ ။ မိုး အဲ့ဒီအချိန်​တုန်းက ငယ်ရွယ်ပြီး မရင့်ကျက်သေးဘူး ။ အဲ့ဒီလို​တွေ ဖြစ်​လာ​တဲ့အချိန် သည်းမခံနိုင်​ခဲ့ဘူး။သူတို့ကို လမ်းခွဲဖို့ ပြသနာရှာခဲ့မိတယ်​ ။ ဒါ​ပေမဲ့ သူတို့က လက်​ထပ်​ဖို့​တောင်​ လုပ်​​နေကြပြီ ။ မိုး ဘာမှ မတတ်​နိုင်​တဲ့အဆုံး လက်​​လျော့ပြီး သူ့ကို ​မေ့ပစ်​ဖို့ ဆုံးဖြတ်ပြီး မြန်​မာပြည်​ ပြန်​လာခဲ့တယ်​ ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ပဲ အဲ့​ဒီနေ့မှာ ခန့်ထည်​ နဲ့ သူ့ဇနီး​လောင်း ကားအက်စီးဒန့်နဲ့ ဆုံးသွား​​ခဲ့မှန်း ပြန်သလိုက်ရတယ်​ ။ အဲ့ဒီ သတင်းကြားရတယ မိုး စိတ်ထဲ  စိတ်​မ​ကောင်းပါဘူး"
"အင်း...."
"မိုး ကိုခန့်ထည်​နဲ့ လမ်းခွဲပြီးထဲက ဘယ်​သူနဲ့မှ ထပ်​မတွဲဖို့ ဆုံးဖြတ်​ထားပြီးသား ။ မိုး ​နောက်​တစ်ခါ ပစ်ချခံရမှာ သိပ်ကြောက်​တယ်​။ မိုးကို သစ္စာ​ဖောက်​သွားမှာလည်း  ​ကြောက်​တယ်​။ ဒါ​ပေမဲ့ မိုး....​မောင့်ကို ထပ်​ပြီး ချစ်​မိသွားပြန်​တယ်​ ။ ဒါ​ပေမဲ့ မိုးဘက်​က ​မောင့်ကို ပြသနာရှာရင်​ ​မောင်​စိတ်​ကုန်​ပြီး မိုးကို ပစ်​သွားမှာ​လည်း ကြောက်​တယ်​။ ​မောင့်ကို မိုး နားလည်​နိုင်​​အောင်​ဘဲ ကြိုးစားခဲ့တယ်​ ။ ​မောင့်ကို အရမ်းချစ်​လို့ပါ ။​ မိုးလေ မောင်​နဲ့ လမ်းမခွဲချင်​ဘူး"
မိုး ပြောပြီး မျက်​ရည်​​တွေ အတားအဆီးမဲ့ စီးကျလာတယ် ။
"မိုးရယ်​...."
မြတ်​မင်း​မောင်​က မိုးရဲ့ စကား​တွေ​ကြောင့် စိတ်​မ​ကောင်းဖြစ်​သွားရတယ် ။ ​ကိုခန့်ကလည်း မိုးကို နာကျင်​​အောင်​လုပ်​ခဲ့တယ်​ ။ သူကိုယ်​တိုင်​လည်း ဒုတိယအကြိမ်​ နာကျင်​ရ​အောင်​ လုပ်​ခဲ့မိပြန်​တယ်​။ မိုးက သူ့ကို ချစ်​လွန်းလို့ နားလည်​​ပေးတာကို သူအနိုင်​ယူခဲ့မိတယ်​ ။
"ကိုယ်​​တောင်းပန်​ပါတယ်​ မိုး....။ ခုချိန်​ကစပြီး ကိုယ်​ မိုးအ​ပေါ် သစ္စာရှိပါ့မယ်​ ။ ကိုယ်​ ​နောက်​ထပ်ဘယ်​သူနဲ့မှ ထပ်​မတွဲ​တော့ဘူးလို့ ကတိ​ပေးတယ်​​နော်​...."
မိုးရဲ့ မျက်​ရည်​​တွေကို သုတ်​​ပေးရင်း မိုးကို တင်းတင်းဖက်​ထားမိတယ် ။
မိုးက​တော့ ​မောင့်ရဲ့ ကတိစကား​ကြောင့် ၀မ်းနည်း၀မ်းသာဖြစ်​ပြီး ​မောင့်ရင်ခွင်​​ထဲ တိုးဝင်ရင်း ငို​နေမိပြန်​တယ် ။
~~~~~~~~~~~~~~~~
​နောက်​​နေ့ မိုး ပြင်​ဆင်​ပြီး ဆိုင်​ဖွင့်ဖို့ ထွက်​လာခဲ့တယ် ။ ခြံ​ရှေ့မှာ ရပ်​ထားတဲ့ ကား​ကြောင့် မိုး အံသြသွားရတယ် ။ ကား​ပေါ်မှ ​မောင်​က တံခါးဖွင့်ပြီး ဆင်းလာတယ် ။
"​မောင်​..."
"မိုး.."
"​မောင်​...ဘယ်​ကို လာတာလဲ "
"မိုးဆီကိုလာတာ​လေ။ ကိုယ်​ မိုးကို မနက်​စာ လိုက်​​ကျွေးမယ်​။ ပြီးရင်​ ဆိုင်​လိုက်​ပို့​ပေးမယ်​"
"တကယ်​လား ​မောင်​ ...."
မိုး​ရှေ့မှာ ​​မောင်​​ရောက်​​နေတာကို တွေ့နေပါရက် အိပ်​မက်​တစ်ခုလို ခံစား​နေရတယ် ။
"တကယ်​​ပေါ့..."
​မောင်​က ကားတံခါးဖွင့်ပေးတယ်။မိုး ​ပျော်​ရွှင်​စွာနဲ့ ကား​ပေါ်တက်​ထိုင်​လိုက်​မိတယ် ။
​မောင်က မနက်​စာလိုက်ကျွေးပြီး မိုးကို ဆိုင်​ထိလိုက်​ပို့​ပေးတယ် ။ ​မောင်​ အရင်က တစ်ခါမှ လိုက်​မပို့​ပေးခဲ့ဘူး ။ ​မောင် မိုးအ​ပေါ် ဒီလို ဆက်​ဆံ​ပေးတဲ့အတွက်​ မိုးအရမ်းကို ​ပျော်​ရွှင်​ကြည်​နူး​နေမိတယ် ။အပြန်​ကျရင်​ လာကြိုမယ်​လို့ မောင်က  ​ပြောသွား​ပါသေးတယ်​ ။
"မိုး....ဘာ၀မ်းသာစရာ ရှိလို့လဲ...မျက်​နှာက ပြုံး​နေတာပဲ"
ရတနာက ဆိုင်​ထဲ ၀င်​လာ​တော့ ပြုံးပြုံး ပြုံးပြုံး ဖြစ်​​နေတဲ့ မိုးကို မ​နေနိုင်​စွာ ​မေးလိုက်မိတယ် ။
"​မောင်​က ငါနဲ့ မနက်​စာ အတူစားတယ်​ ။ ဆိုင်​ကိုလည်း လိုက်​ပို့​ပေးတယ်​ ။အပြန်​လည်း လာကြိုမယ်​​လို့ ပြောသွားသေးတယ်ဟ"
"ဪ....မြတ်​မင်း​ကြောင့်ကိုး....​အေးပါ...ဒီလိုလုပ်​​ပေးတယ်​ဆို​တော့လည်း မဆိုးပါဘူး"
ရတနာ့စိတ်​ထဲမှာ​တော့ မြတ်​မင်း​မောင်က မိုးအ​ပေါ် ဒီလို ​ကောင်း​ကောင်းမွန်​မွန်​ ဆက်​ဆံတာ ဘယ်​နှစ်​ရက်​ခံမလဲလို့ ​တွေး​နေမိတယ် ။ မိုးက​တော့ မြတ်​မင်း​မောင်​ သူ့အ​ပေါ်နည်းနည်းကောင်းရင်​ ဘယ်​​လောက်​ပဲ မ​ကောင်းတာ လုပ်​ခဲ့လုပ်​ခဲ့ ခွင့်လွှတ်​တယ်​ ။' အမှတ်​မရှိတဲ့ မိုး 'ရတနာ​တော့ မိုးအစား ရင်​​လေး​နေမိတယ်​။
~~~~~~~~~~~~~~~~~
"​​ငါ့ကို ​ခေါ်တာ ဘာ​ပြောမလို့လဲ အေမီ"
"​ပြောစရာရှိမှ ​ခေါ်ရမှာလား..."
"မဟုတ်​ပါဘူး...​အေမီကလည်း"
"ငါ မနက်​ဖြန်​ ​ကျောင်း​မှာ ပိုက်​ဆံသွားလှူမှာ ။ နင်​ ငါ့ကို လိုက်​ပို့ရမှာ ။​ မေ့​နေမှာစိုးလို့"
"မ​မေ့ပါဘူး။ဘယ်​​နေရာမှာလဲ..."
".......မြို့။ ငါတို့ ဒီကို မ​ပြောင်းလာခင်​က တက်​ခဲ့တဲ့​ကျောင်း​လေ"
"ဪ....ဒါဆို ငါတို့ ​စော​စောသွားရမယ်​ ။ နည်းနည်းဝေးတယ်​ဆို​တော့"
"အင်း..."
"​အေမီ...ဒါနဲ့....ဟို.."
"ဘာပြောမလို့လဲ မြတ်မင်း"
"ဘာမှ မဟုတ်​​တော့ပါဘူး"
"မိုးမခနဲ့ အ​​ကြောင်းမဟုတ်​လား...​ပြောလေ"
"ကိုခန့်က မိုး သူငယ်​ချင်းနဲ့ တွဲခဲ့တာဆို ဟုတ်​လား။ နင်​​ပြော​တော့ နင့်မိဘတွေ သ​ဘောတူတဲ့သူနဲ့ လက်​ထပ်​မလို့ဆို"
"မိုးမခ ​ပြောတာလား "
"အင်း"
"ကိုကို...သူ့သူငယ်​ချင်းနဲ့ တွဲတာ​တော့မှန်​တယ်​ ။​ မေ​မေ နဲ့ ​ဖေ​ဖေ လည်း သ​ဘောတူကြတယ်​။ မိုးမခကကြ​တော့ အရမ်းပြသနာရှာတယ်​ ၊ ​နောက်ပြီး ​မိုးမခက မိဘမဲ့တ​စ်ယောက် ​သူဘယ်​လို ​နေထိုင်လာခဲ့တယ်​ဆိုတာ မသိရဘူး​လေ။အဲ့​ဒီတော့ သ​ဘောမတူနိုင်တာ မဆန်းပါဘူး"
"ဘာလို့ အဲ့ဒီလို​ပြောရတာလဲ အေမီ "
"ငါ အမှန်​တိုင်း​ပြော​နေတာ​လေ။ နင်​လည်း မိုးမခကို သိပ်​မယုံနဲ့ ၊ သူ နင့်ကို ဟန်​​ဆောင်​​နေတာ"
"​တော်​​တော့...​အေမီ...ငါ့အထင်​ ​ပြောရရင်​ မိုးဘက်​က နစ်​နာခဲ့တာချည်းပဲ ။ တကယ်​ဆို  လက်​ထပ်ဖို့အထိပါ ရည်ရွယ်ခဲ့ပြီးမှ ကိုခန့်က သစ္စာဖောက်​ပြီး ​နောက်​တ​စ်ယောက်​နဲ့ တွဲတာ​လေ။ အဲ့​ဒီတော့ မိုးစိတ်​ဆိုးပြီး ​ပြောခဲ့မိမှာ​ပေါ့ ။ ဒါကို နင်ကပါ မိုးအ​ပေါ် အငြိုးအ​တေးမထားသင့်ဘူး​လေဟာ"
"မြတ်​မင်း.....နင်​ ငါ့ကို ဒီလို​ပြောတယ်​​ပေါ့။ နင်​က ဘာသိလို့လဲ"
"​ကျစ် ! ထားလိုက်​ပါ​တော့....ငါ ပြန်​​တော့မယ်​...မနက်​ဖြန်​မနက်​ နင့်ကို လာ​ခေါ်မယ်​"
"ငါ ညကျရင်​ ကလပ်​သွားမလို့၊ နင်​ ငါ့ကို လိုက်​ပို့ဦး"
"​ငါ ဒီ​နေ့မအားဘူး ။ မိုးကို ည​နေကြိုပြီး ငါတို့ ညစာ သွားစားကြမလို့"
"ဘာ!....​အေး ...ဒါဆိုလည်း မနက်​ဖြန်​မှ ​တွေ့မယ်​.."
"အင်း...ငါ...သွားပြီ။"
"​အေး"
​ ထွက်​သွားတဲ့ မြတ်​မင်း​မောင်​ကို ကြည့်ရင်း အေမီ့ ရင်​ထဲမှာ ​ဒေါသ​တွေဆူပွက်​လာရတယ် ။ "မိုးမခ...ငါ့အစ်ကို ကို သေ​အောင်​လုပ်​ပြီး ​ခု​ပျော်​​နေနိုင်​​သေးတယ်​​ပေါ့ ။ နင်​ မြတ်​မင်း အနားက​နေ ထွက်​သွားရ​အောင်​ ငါ လုပ်​ပြမယ်​။ နင်​ စိတ်​ဆင်းရဲ​နေရတာကို ငါမပြန်​ခင်​ မြင်​သွားချင်​တယ်​ "
အေမီ ဒေါသတကြီး ကြုံးဝါးနေမိတယ် ။
~~~~~~~~~~~~~~~~~
မိုး ဆိုင်​သိမ်းပြီး ထွက်​လာ​တော့ ​မောင့်ရဲ့ ကား​လေးက မိုးရဲ့ အ​ရှေ့ကို ​မောင်းလာတယ် ။​မောင်​ တကယ်​လာကြိုတာပဲ တွေးမိတော့ မိုး ရင်ထဲ လှိုက်ခနဲ ခုန်သွားတယ် ။
"မိုး...."
"ကား​ပေါ်တက်​​လေ..."
"အင်း...."
"မိုး....ဘာစားချင်​လဲ "
"ရပါတယ်​...ဘာပဲဖြစ်​ဖြစ်​.."
"ဒါဆို...​မိုးတို့ လမ်းထိပ်​က ပင်​လင်​စာဆိုင်​​လေးမှာ စားကြတာ​ပေါ့..."
"အင်း...​ကောင်းသားပဲ"
​​မိုးတို့ ဆိုင်လေးမှာ အစားအသောက်တချို့ မှာပြီး စားစောက်နေကြစဉ်...။
"မိုး..."
"ဟင်​.."
"​မောင်​...မနက်​ဖြန်​ သွားစရာရှိတယ်​..."
"အင်း ၊​ မောင်​က အရင်​က သွားစရာရှိရင်​ တကူးတက မ​ပြောဖူးပါဘူး"
"​အေမီနဲ့ သွားရမှာ..."
ဘာကြောင့်မှန်းမသိ မိုး ရင်​ထဲ ဆစ်ခနဲ  နာကျင်​သွားရတယ် ။
"ဟုတ်​လား..."
"အင်း....သူ့အစ်ကိုအတွက်​ စာသင်​​ကျောင်း​ဆောက်​ဖို့စွားလှူမှာ ၊ အဲ့ဒါကိုယ်​အ​ဖေါ်လိုက်​သွား​ပေးရမယ်​။ နည်းနည်းတော့ ဝေးတယ် ။ဒါ​ပေမဲ့ ​စော​စောသွားပြီး ပြန်​လာမှာပါ"
"အင်း..."
"မိုး....ကိုယ့်ကို ယုံတယ်​မဟုတ်လား"
"ယုံတာ​ပေါ့ "
​တကယ်​ဆို မိုးစိတ်​ထဲ သိပ်​​တော့​မ​ကောင်း၊ ​ကိုခန့်ထည်​က မိုးကို သစ္စာ​ဖောက်​ခဲ့တယ်​။ ​အေမီကလည်း မိုးကို မ​ကျေနပ်​ဘူးဆို​တော့ ​မောင့်ကို မိုးနဲ့ ဝေးအောင် လုပ်​မှာ စိုးရိမ်မိတာအမှန် ။
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
​နောက်​​နေ့ မြတ်​မင်း နဲ့ ​အေမီ မနက်​​စော​စောထပြီး မြို့​လေးသို့ ကား​​မောင်းထွက်​လာခဲ့ကြတယ် ။သုံးနာရီ​လောက်​ ​မောင်းပြီးချိန်​မှာ​တော့ ​​ကျောင်း​​လေးရှေ့ကို ​ရောက်​လာခဲ့တယ် ။
​အေမီက ကျောင်စအုပ်​ဆရာမကြီးနဲ့ စကား​ပြောဆို​နေကြတယ် ။ မြတ်​မင်း​မောင်​က​တော့ ခပ်​လှမ်းလှမ်းမှာ ထိုင်​​နေလိုက်​တယ် ။ ဒီ​မြို့​လေးက ​အေးချမ်းပြီး ​နေချင်​စရာ​ကောင်းလှတယ် ။ ​ကျောင်း​၀န်​းလေးထဲမှာ နားချိန်မို့ ထင်​တယ်​ ၊ ​က​လေး​လေး​တွေ ​ပျော်​ရွှင်​စွာ ​ဆော့ကစား​နေကြတယ် ။
"မြတ်​မင်း...."
​အေမီ့ အသံ​ကြောင့် က​လေး​တွေကို ​ငေး​နေရာမှ လှည့်ကြည့်မိတယ် ။
"ကိုကို နဲ့ ငါ ​ငယ်​ငယ်​တုန်းက ​ကျောင်းတက်​​ခဲ့တဲ့အချိန်​ကို ပြန်​သတိရမိတယ်​.."
"အင်း...."
"ကိစ္စ​တွေ အားလုံး ပြီးပြီ"
" ဒါဆိုငါတို့ ပြန်​ကြမယ်​​လေ"
"ခဏ​နေပါဦး...ခုမှ ​နေ့လည်​ပဲ ရှိ​သေးတယ်​။ ငါ့ ငယ်​သူငယ်​ချင်းနဲ့ ခဏသွား​တွေ့လိုက်​ဦးမယ်​။သူနဲ့ ဖုန်းအဆက်သွယ်ပဲ ရှိတာ၊ လူချင်းမ​တွေ့တာ ကြာပြီ။သွား​တွေ့မလို့ လိုက်​ပို့​ပေးဦး"
"အင်း"
မြတ်​မင်းက အေမီ့ကို ကား​မောင်းပြီး လိုက်​ပို့​ပေးလိုက်​တယ် ။
"​​ငါ အထဲ မလိုက်​​တော့ဘူး။ဒီနားမှာဘဲ ​စောင့်နေ​တော့မယ်​"
"နင်​ကလည်း...လိုက်​ခဲ့ပါဟာ"
"မလိုက်​​တော့ဘူး"
"ဒါဆိုလည်း...နင်​ တစ်ခုခုသွားစားပြီးမှ ပြန်​လာခဲ့ ။ ခုက ​နေ့လည်​စာစားချိန်​​ရောက်​​နေပြီ"
"အင်း...ဒါဆို ငါ သွားပြီ"
​​အေမီ အိမ်​ထဲ၀င်​သွားပြီး မြတ်​မင်းလည်း ကား​မောင်းပြီး ထွက်​လာခဲ့တယ် ။
​စား​သောက်​ဆိုင်​တစ်ခုမှာ၀င်​ပြီး သူစား​နေတုန်း လမ်း​ပေါ်မှာ ဖြတ်​သွားတဲ့ သူတ​စ်ယောက်​​ကို မြင်သော် အံ့သြသွားရတယ် ။ ထိုသူက အခြားသူ မဟုတ်​၊ ထက်​မြတ်​ ။ ထက်မြတ်​က ဘယ်​လိုလုပ်​ ဒီမြို့ကို ​ရောက်​​နေရတာလဲ ။ သူ အလုပ်​ကိစ္စနဲ့ ခရီးထွက်​တတ်​တယ်​။ ဒါ​ပေမဲ့ ဒီမြို့မှာ သူတို့လုပ်​ငန်းမှ မရှိတာဘဲ ။
ထက်​မြတ်​​နောက်​ကို လိုက်​သွားချင်​စိတ်​ ​ပေါ်လာတယ် ။ သူ စားထားတဲ့ ​ငွေရှင်းပြီး ကားနဲ့ လိုက်​ခဲ့တယ် ။ ထက်​မြတ်​ရဲ့ ခြေလှမ်းတွေက ​ဆေးရုံ​တစ်ခုထဲ ဦးတည်သွားတယ် ။
မြတ်​မင်း ​ဆေးရုံ​ရှေ့မှာ ကားရပ်ထားရင်း အံ့သြသွား​ရပြန်​တယ် ။ ​ဆေးရုံကို ထက်မြတ်​ ဘာလာလုပ်​တာလဲ ။ သူ နေမ​ကောင်းလို့လား ။
ကား​ပေါ်ကဆင်းပြီး ထက်​မြတ်​​နောက်​ကို မြန်​မြန်​လိုက်​သွားမိတယ် ။ ထက်မြတ်​က အခန်းတစ်ခု​ရှေ့အ​ရောက်​ ခဏ ရပ်​လိုက်​ပြီး  တံခါးဖွင့် ၀င်​သွားတယ် ။
မြတ်​မင်းက ထက်​မြတ်​ ၀င်​သွားတဲ့ အခန်း​ရှေ့အ​ရောက်​ တံခါးဖွင့်ဖို့ တုံ့ဆိုင်း​နေမိတယ် ။ ထက်​မြတ်​နဲ့ မြတ်​မင်​ ယခု​နောက်​ပိုင်း ဆက်​ဆံ​ရေး​ကောင်း​တော့တာ မဟုတ်​။ သူ ထက်​မြတ်​​မေးရင်​ ဘာပြန်​​ပြောရမလဲ။ မြတ်​မင်း ခဏ​တွေဝေနေပြီးမှ တံခါးကို ဖွင့်လိုက်​တယ် ။
သူ့ကို  ​မြင်​​တော့ အကြီးအကျယ်​ မျက်​နှာပျက်​သွားတဲ့ ထက်​မြတ်​ ကို မြင်​လိုက်​ရတယ် ။ ထက်မြတ်​​ဘေးက  လူနာကုတင်​​ပေါ်မှာ ထိုင်​​နေတဲ့ သူဆီ အကြည့်အ​ရောက်​ သူ့မျက်လုံးတို့ ပြူးကျယ်သွားရတယ် ။
::::::::::::::::>::::::::::::::::>
ဆက်​ရန်​....
Thin Zar Moe Oo
အခန်း ( ၁၃ )
"အင်း..."
"အင်း..."
"​ကောင်းတယ်​။ နင်​ အနားယူဦး"
"​အင်း..."
~~~~~~~~~~~~~~~~~~~~~
"မိုး..."
"​​ဪ မောင်​...​ရောက်​လာပြီပဲ"
"မိုး...သိပါတယ်​။
"ယုံတာပေါ့ မိုးရယ် "
"အင်း...."
"မိုးရယ်​...."
~~~~~~~~~~~~~~~~
"​မောင်​..."
"မိုး.."
"​မောင်​...ဘယ်​ကို လာတာလဲ "
"တကယ်​လား ​မောင်​ ...."
"တကယ်​​ပေါ့..."
~~~~~~~~~~~~~~~~~
"မဟုတ်​ပါဘူး...​အေမီကလည်း"
"မ​မေ့ပါဘူး။ဘယ်​​နေရာမှာလဲ..."
"အင်း..."
"​အေမီ...ဒါနဲ့....ဟို.."
"ဘာမှ မဟုတ်​​တော့ပါဘူး"
"မိုးမခ ​ပြောတာလား "
"အင်း"
"အင်း...ငါ...သွားပြီ။"
"​အေး"
~~~~~~~~~~~~~~~~~
"မိုး...."
"ကား​ပေါ်တက်​​လေ..."
"အင်း...."
"မိုး....ဘာစားချင်​လဲ "
"ရပါတယ်​...ဘာပဲဖြစ်​ဖြစ်​.."
"အင်း...​ကောင်းသားပဲ"
"မိုး..."
"ဟင်​.."
"​အေမီနဲ့ သွားရမှာ..."
"ဟုတ်​လား..."
"အင်း..."
"ယုံတာ​ပေါ့ "
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,
"မြတ်​မင်း...."
"အင်း...."
"အင်း"
"မလိုက်​​တော့ဘူး"
"အင်း...ဒါဆို ငါ သွားပြီ"
::::::::::::::::>::::::::::::::::>
ဆက်​ရန်​....
Thin Zar Moe Oo
Continue Reading
You'll Also Like
112K 2.7K 31
" ကိုကြီးကိုချစ်မိတာဝဋ်ကြွေးတစ်ခုဆိုရင် အဲ့ဒီဝဋ်ကြွေးကိုပျော်ပျော်ကြီးဆပ်မယ်ဆိုတာ ကိုကြီးသိပါစေ။ "
223K 36.8K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
32.5K 1.7K 24
"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတ...
34.7K 1.7K 31
" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သ...