*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~
JongIn အိမ်ထဲကိုဝင်လိုက်သည်နှင့် မဲမှောင်နေသော ဧည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် စီးကြိုနေ၏။ ခြံထဲတွင်ရပ်ထားသော ကားရှိနေသည်မို့ အိမ်တွင် ChanYeol ရှိနေသည်ကိုတော့ တပ်အပ်ပြောနိုင်ပါသည်။
မည်သူကိုမျှခွင့်တောင်းမနေတော့ပဲ ကိုယ့်သဘောနဲ့ကိုသာ အိမ်ပေါ်ထပ်ရှိ ChanYeol ရှိနေမည့်အခန်းထဲဝင်လာလိုက်သည်။ တစ်ခန်းလုံးမွှန်ထူနေအောင် သောက်ထားသည့် ဆေးလိပ်ငွေ့တွေကြောင့် JongIn ချောင်းဆိုးလိုက်မိသေး၏။
"ChanYeol.."
ဝရံတာတွင်ရပ်နေသောသူသည် ဖွာလက်စဆေးလိပ်ကို ကိုင်ကာသူ့ကိုလှည့်ကြည့်လာသည်။ အဖြစ်အပျက်အားလုံးကို ကြားခဲ့ပြီးပြီဖို့ ယခုလိုအေးဆေးစွာပင် ဘာမှမဖြစ်သလို ကြည့်လာသူအား JongIn အတော်အံ့သြမိလေသည်။
သူတင်ထားတာ အနည်းဆုံးတော့ ဆုံးရှုံးမှုတစ်ခုအတွက်ပဲ ဖြစ်ဖြစ် ChanYeol တုန်လှုပ်နေမိလိမ့်မည်လို့လေ။
"JongIn..
ထိုင်လေ..၊ တစ်ယောက်ထဲလား?"
အယောင်ယောင်အအဖြင့် JongIn နှစ်ယောက်အိပ်ကုတင်ကြီး၏ အစွန်းတွင်ဝင်ထိုင်လိုက်သည်။ ခေါင်းရင်းတွင်နံရံပြည့် ချိတ်ဆွဲထားသော အကြင်နာပေးနေသည့် သတို့သားနှစ်ယောက်ပုံသည် သူ့စိတ်ကိုပိုရှုပ်ထွေးစေ၏။
ChanYeol ၏ အခင်ဆုံးသူငယ်ချင်းဖြစ်သူမို့ BaekHyun ကိုဘာအကြောင်းကြောင့် လက်ထပ်ယူထားသည်ကစ သူသိပါသည်။ ဒါပေမယ့် ChanYeol ထိုကောင်လေးနှင့် ဒီအခြေအနေထိ ရောက်အောင်သွားလိမ့်မည်လို့တော့ သူမထင်ခဲ့တာအမှန်ပင်။
"ငါဆေးရုံကပြန်လာတာ၊
Kris တို့လဲရောက်နေကြတယ်..၊
မင်းပဲဘာလို့မရှိတာလဲ?"
မကုန်သေးသည့်ဆေးလိပ်ကို ထိုးခြေငြိမ်းသက်လိုက်ပြီး နောက်ထပ်အသစ်တစ်လိပ်ကို မီးညို့နေသော ChanYeol သည် ထိုကိစ္စကို စိတ်ဝင်စားသည့်ပုံနည်းနည်းလေးတောင်မပေါ်ပေ။ JongIn သတိတရ ဆေးလိပ်ခွက်ကိုကြည့်လိုက်တော့ များပြားလှသည့် သောက်ပြီးသား ဆေးလိပ်တွေကို ပွစာကျဲတွေ့လိုက်ရသည်။
ဒီလောက်ဆို ChanYeol မပြောပဲ ဘယ်လောက်စိတ်ညစ်နေပြီ ဆိုတာ သူရိပ်မိနေပါပြီ။
"ငါမှမလိုတာ၊ငါရှိတော့ရော
သူကငါ့ကိုအားကိုးလို့လား?"
"ဘာမဟုတ်တာလေးကိုကွာ"
"ငါ့အတွက်တော့မဟုတ်ဘူး..
မင်းသာဆိုရင်ရော..၊ အတူနေလာတာ
ကြာနေပြီ မင်းအပေါ်အားကိုးရကောင်းမှန်း
မသိတာမျိုးကို ဘယ်လိုခံစားရမလဲ?"
"BaekHyun ဘာတွေကို
ရင်ဆိုင်ခဲ့ရလဲမင်းအသိဆုံးပဲ ChanYeol..၊
အခုသူမင်းကိုအလိုအပ်ဆုံးဆိုတာ
မင်းတကယ်ပဲမသိတာလား?
မင်းပြောတော့သူ့ကိုမချစ်ဘူး..
ဘယ်တော့မှလဲချစ်မှာမဟုတ်ဘူးဆို။
အားမကိုးတာကိုမင်းဘာအရေးစိုက်နေမှာလဲ?"
ChanYeol ခဏတာတွေဝေသွားမိတာကို ဟန်မဆောင်ထားလိုက်နိုင်ပေ။ JongIn ပြောသလို သူBaekHyun မှမဟုတ် တခြားမည်သူ့ကိုမျှလဲမချစ်ပါဘူး..ချစ်ရတဲ့အလုပ်ဟာ မရင်းနှီးတဲ့သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလိုခံစားရသည်။ တစ်စုံတစ်ယောက်ကိုချစ်ရတာ..တစ်စုံတစ်ယောက်ကိုချစ်ပြရမှာကို သေလောက်အောင်ရှက်မိတာလဲပါလိမ့်မည်။
"မင်း အဲ့ကောင်လေးကို
ငါဒီလောက်တားနေရဲ့ကြားကကို
အကြောင်းပြချက်မရှိလက်ထပ်ယူခဲ့တာနော်၊
မင်းအတွက်သူဆပ်ရမယ့် ပိုက်ဆံဆိုတာ
နံကြားတောင်မကပ်မှန်းငါသိတယ်။
အဲ့လောက်တောင် မချစ်ဘူးဆိုပြီး အစထဲက
ဘာလို့ယူခဲ့သေးတာလဲ?"
"ဒီတိုင်း..ဒီတိုင်းပဲ
ငါဆုံးရှုံးတာကိုမလိုချင်လို့.."
JongIn အဖြေကိုသဘောမကျသည်မို့ သက်ပျင်းချလိုက်သည်။ ဒီထက်ပိုတဲ့စည်းရုံးမှုတွေ လုပ်မှဖြစ်တော့မည်ထင်သည်။
"ဆုံးရှုံးတာကိုမလိုချင်ရင်
သူ့ပထွေးကိုမင်လူငှားသတ်လိုက်ပါ့လား?
မင်းလုပ်နိုင်မှန်းငါသိတယ်နော်..
ဘာလို့ BaekHyun ဘဝကိုမှမင်းအပိုင်ယူ
ခဲ့တာလဲ?
သူ့က အဲ့လောက်ပဲတန်တာလား?"
BaekHyun ကိုထိပါးပြောဆိုလိုက်တော့ ChanYeol မျက်လုံးစိမ်းတို့ဖြင့်ဝါးစားမတတ်လှည့်ကြည့်လာသည်။ မချစ်ဘူး မချစ်ဘူးလို့ ခဏခဏပြောနေပြီး စကားလေးနှင့်တောင် ထိခိုက်ပြောဆိုတာမကြိုက်သည့် ChanYeol ကိုမည်သို့နားလည်ရမည်နည်း..။
"အဲ့လောက်ငွေပမာဏနဲ့
မိန်းမတစ်ယောက်ခေါ်အိပ်မယ်ဆို
ရင်တောင်ပိုအဆင်ပြေလိမ့်ဦးမယ်။
အနည်းဆုံးတော့ ကလေးပြသနာတွေကို
အဲ့မိန်းမတွေကအဖြစ်မခံဘူးမလား?
ဘာလဲ? BaekHyun ကပိုကောင်းလို့လား?"
"Kim JongIn!
မင်းကအခု Byun BaekHyun ကို
ဘယ်လိုလူမျိုးနဲ့နှိုင်းလိုက်တာလဲ?"
"မင်းပဲမချစ်ဘူးဆို..
ဘာလဲနာလို့လား?
အေးပေါ့..သူကမင်းကလေးနဲ့ပဲ
ဒီအခြေနေတောင်ရောက်ပြီးမှတော့
နည်းနည်းတော့သံယောဇဉ်ရှိမှာပေါ့..
တကယ်လို့မင်းတကယ်သူ့ကိုမချစ်ရင်..
ကလေးမွေးပြီး ပြန်ရောင်းလိုက်တော့၊
မင်းသိမ်းထားတဲ့ဈေးထက် ငါနှစ်ဆရမယ့်
သူနဲ့ဆပ်ပေးမယ်.."
!!! ခွပ် !!!
အပေါ်မှထက်ခွကွာ အဆက်မပြတ်ထိုးကြိတ်တာကို ခံရပေမယ့် JongIn မျက်နှာထက်က အပြုံးတို့ပျောက်မသွားပေ။ အနည်းဆုံးတော့ အသားနာလိုက်ပေမယ့် ChanYeol စိတ်ထဲဘယ်လိုရှိသလဲဆိုတာ သူသိလိုက်ရသည်လေ။
ချစ်မိမှာပါ သေရမှာထက်ကြောက်တဲ့သူကို
BaekHyun ဘာတွေနဲ့များ စည်းရုန်းလိုက်လဲဆိုတာ
သူတော်တော်စိတ်ဝင်စားမိပါ၏
--
-- တစ်ပါတ်လောက်ဆေးရုံမှာနေရမယ်ပြောတယ်၊ ငိုနေတာလဲ မတိတ်တော့ဘူး.. omma လဲချော့နေရတာရူးတော့မယ်။ နင်မြန်မြန်လာတော့ --
Yoora ဆီက message ကိုရပြီး ChanYeol ထိုင်မရထမရနှင့် အိမ်ထော်ထိန်းပင် မျက်စိနောက်နေပြီမို့ မျက်နှာလွှဲထားလေသည်။ ChanYeol လက်သည်းကို တတိတိကိုက်ရင်း နောက်ထပ် message တစ်စောင်ကို ထပ်ပို့လိုက်သည်။
-- ကလေးရော? --
-- ငိုနေပါတယ်ဆို --
-- အဲ့ကလေးကိုပြောတာမဟုတ်ဘူး။ ဗိုက်ထဲကကလေးကိုပြောတာ --
-- ဘာမှမဖြစ်ဘူး --
"Yesssssss!"
ထခုန်လိုက်သော ChanYeol ကြောင့် သံပုရာရည်လာပို့သော အဒေါ်ကြီးပင် လှေကားမှခြေချော်ကျရသည့်အဖြစ်။
ကိုယ့်ပုံကိုပြန်ထိန်းလိုက်ရင်း ..
"အဟမ်း..
ကျနော်ခဏသွားလိုက်ဦးမယ်၊
ဖုန်းမဆက်နဲ့"
အိမ်တော်ထိန်းကတော့ အသက်ကြီးပြီး အချိန်မစီး စိတ်အပြောင်းအလဲမြန်လွန်းသော သူဌေးကိုကြည့်ကာ ခေါင်းခါလျက်ကျန်ခဲ့တော့သည်..။
--
Room. 44
Name - Park BaekHyun
Age - 20 years
Gender - Male
အခန်းပြင်မှာရပ်ကာ ခဏတော့တွန့်ဆုတ်နေမိသည်။ တံခါးအလည်တွင် မှန်ပြတင်းပေါက်သေးသေးတစ်ခုရှိနေတာမို့ အထဲကိုလှည်းကြည့်လိုက်တော့ စကားပြောနေတဲ့ Mrs.Park နဲ့ Yoora ရဲ့အလည် ကုတင်ခေါင်းရင်းကိုမှီထိုင်ရင်း ခေါင်းကိုငုံ့ကာ လက်ချောင်းတွေကို လိမ်ချိုးကစားနေသည့် BaekHyun ကိုတွေ့လိုက်ရသည်။
"tsk"
အမြဲလိုလို အပစ်လုပ်ထားတာမရှိပါပဲ ခေါင်းငုံ့နေတတ်သည့် BaekHyun ကိုအလိုမကျဖြစ်မိသည်။ တကယ်ဆိုမှားခဲ့တာ သူမှမဟုတ်ပဲ။
တံခါးလက်ကိုင်ကိုလှည့်ကာဝင်သွားတော့ လူသုံးယောက်လုံးရဲ့ အကြည့်တွေသည် ChanYeol ထံကျရောက်လာသည်။ ဘာလုပ်ရမှန်းမသိကြောင်နေမိတုန်း အခန်းထဲမှထွက်သွားပေးသည့် Yoora တို့နှစ်ယောက်ကြောင့် ပိုလို့တောင် စိမ်းသပ်သပ်ဖြစ်သွားရသည်။
ကုတင်ပေါ် ဆေးရုံအင်္ကျီအပြာလေးဖြင့် drip ချိတ်ထားသော ကောင်လေးသည် မေးမကြည့်ရင်တောင် နီရဲအစ်ထုတ်နေသော မျက်လုံးများကြောင့် ငိုထားမှန်းသိသာနေ၏။
"ကျနော်လှဲချင်လို့..
ကူညီပေးပါ့လား?"
တိုးဖြဖြအသံကို ChanYeol မနည်းအားစိုက်နားထောင်လိုက်ရသည်။ ထို့နောက် ကုတင်နားသွားကာ ကျောအောက်က ခေါင်းအုံးကိုနေရာပြောင်းပေးရင်း သက်သောင့်သက်သာ လှဲလို့ရအောင် ပြင်ဆင်ပေးလိုက်သည်။
"ထိုင်လေ..ဦး"
သူ့စကားအတိုင်း ကုတင်ဘေးမှခုံမှာဝင်ထိုင်လိုက်ပြီး အပ်ထိုးထားသည့်လက်ကိုသာငေးစိုက်ကြည့်နေမိသည်။
"ကျနော်ဘာမှမဖြစ်ပါဘူး။
အခပ်မသင့်လို့ဖြစ်သွားတာပါတဲ့။
တစ်ပါတ်လောက်တော့ စိတ်ချအောင်
ဆေးရုံမှာနေပြီး ဆင်းလို့ရ......"
"ဘာလို့လဲ BaekHyun၊
ဘာလို့ငါ့ကိုငိုယိုပီးထုရိုက်တာတွေ
အော်ငေါက်တာတွေမလုပ်တာလဲ?
ငါကမင်းထက်အသက်ကြီးလို့လား?"
ဒါမှမဟုတ်........"
"ကျနော်ဦးကို အရာအားလုံးထက်
ပိုပြီးချစ်လို့ပါ။"
"ငါမင်းအပေါ်ကောင်းခဲ့လို့လား?
ငါကလိုချင်တာကိုပဲ ကြည့်တတ်တဲ့
လူစားမျိုးဆိုတာရော မင်းမသိလို့လား?"
"ကျနော်ကကျေကျေနပ်နပ်ကြီး
ပေးခဲ့တာပဲလေ..၊
ဦးကိုပြန်ချစ်ဖို့ ကျနော်မပြောပါဘူး။
ဒီတိုင်းလေးပဲ သိထားစေချင်တာပါ
ကျနော်အိပ်ချင်ပြီ..
ဦးမနေချင်ရင်ပြန်တော့လေ"
ကျောပေးကာမျက်လုံးတွေကိုမှိတ်ထားသည်မို့ ChanYeol နေရာမှထကာ အခန်းပြင်သို့ထွက်လာလိုက်တော့သည်။
အားမရှိတဲ့ခြေလှမ်းတွေဟာ အချိန်တိုင်းမှာခွေယိုင်လဲသွားနိုင်သည့်အတိုင်း...။
လေးပင်နေတဲ့နှလုံးသားခြေလှမ်းတွေကတော့ ဦးတည်ချက်မဲ့လျက်သာ...။
ချစ်မိတာမင်းအမှားမဟုတ်ပေမယ့်
မင်းအပေါ်မကောင်းတဲ့သူကိုရွေးချယ်ခဲ့တာတော့ မင်းလေးသိပ်ကိုမှားတာပေါ့...။
To be continue ...
ဆက်ရန်ရှိပါသေးသည်။
••~••~••~
နောက်တစ်ပိုင်း၊နှစ်ပိုင်းဆို ဇာတ်သိမ်းပါမည်။