အခန်း ( ၉ )
"မြတ်နိုး "
သူ့ခေါ်သံကြောင့် မြတ်နိုးက စကားပြောနေရာမှ ငြိမ်သက်သွားပြီး တဖြည်းဖြည်း လှည့်ကြည့်လာတယ် ။ မြတ်နိုးရဲ့ မျက်၀န်းတွေမှာ သူ့ကို နာကြည်းမုန်းတီးနေတဲ့ အရိပ်အယောင်တွေ မြင်နေရတယ် ။
"ကိုယ် မင်းနဲ့ စကားပြောချင်တယ် မြတ်နိုး "
မြတ်နိုးက သူ့ သူငယ်ချင်းကို လှမ်းနှုတ်ဆက်လိုက်တယ် ။
"ငါ ပြောစရာရှိလို့ နောက်မှတွေ့မယ်နော် ဝတီ "
"အင်း...မြတ်နိုး ၊ ဒါဆို ငါ သွားတော့မယ် "
"အင်း...."
မြတ်နိုးက သူ့ သူငယ်ချင်း ထွက်သွားပြီးတာနဲ့ မြတ်မင်းမောင်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး... ။
"ကျွန်မ ရှင်နဲ့ ပြောစရာစကားမရှိဘူး ။ ရှင် သွားပါတော့....."
"အဲ့ဒီလို စိမ်းစိမ်းကားကားမပြောပါနဲ့ မြတ်နိုးရယ် ။ ကိုယ် ဘာမှားခဲ့လို့လဲ။ မြတ်နိုး ကိုယ့်ကို ဘလိုင်းပြီး ထားခဲ့တာလေ ။ကိုယ် မြတ်နိုးရဲ့ သင်တန်းကျောင်းမှာလည်း သွားရှာခဲ့သေးတယ် "
"ဟုတ်ပါတယ်။ ရှင် မမှားပါဘူး။ ရှင့်လို လူကို ယုံကြည်ခဲ့မိတဲ့ ကျွန်မ အမှားပါ "
"မြတ်နိုး ကိုယ့်ကို နားလည်အောင် ပြောပြပါလား ။ ကိုယ် နဲ့ တစ်နေရာမှာထိုင်ပြီး အေးအေးဆေးဆေး ပြောရအောင် "
"ကျွန်မ ရှင်နဲ့ အတူ ဘယ်မှ အတူမသွားနိုင်ဘူး ။ ရှင် သိချင်ရင်တော့ ကျွန်မ ဒီနေရာမှာပဲ ပြောပြမယ် "
မြတ်နိုးရဲ့ အသံထဲ ဒေါသစွက်နေပြီး အကြည့်တွေက ပြတ်သားနေတယ် ။
မြတ်မင်းမောင် ခေါင်းညိတ်ပြီး မြတ်နိုးရဲ့ စကားကို စိတ်ဝင်တစား နားစွင့်နေမိတယ် ။
"ရှင့်ရဲ့ ရည်းစား ကျွန်မရဲ့ သင်တန်းကျောင်းမှာ ပြသနာလာရှာသွားတယ် ။ ကျွန်မ တစ်သက်လုံး ထိန်းသိမ်းလာတဲ့ သိက္ခာတွေ ရှင့်ကြောင့်ပဲ အကုန် မြောင်းထဲရောက်ကုန်ရတာ ။ရှင့်ကို ကျွန်မ အစတည်းက မေးခဲ့တယ် ။ ရှင့်မှာ ရည်းစားရှိလားလို့ ။ ရှင် ကျွန်မကို ဘာပြောခဲ့လဲ ၊ မရှိပါဘူးဆို ။ ရှင့်ရဲ့ အလိမ်အညာစကားကို သေချာမစုံစမ်းဘဲနဲ့ ကျွန်မ မယုံခဲ့သင့်ဘူး "
"ကိုယ့်ရည်းစား...ဟုတ်လား ။ ဘယ်သူလဲ...မိုးလား ။ မိုးက အဲ့လိုမျိုး မလုပ်တတ်ပါဘူး "
"ဘာ....မိုးက ရှင့်ရည်းစားလား။ ရှင် နဲ့ မိုး ရတေးစားတွေ မဟုတ်ပါဘူးဆို ။ ကျွန်မ မိုးကို နောက်ဆို ဘယ်လို မျက်နှာပြရမလဲ ။ ရှင်တော်တော် မျက်နှာပြောင် တိုက်တဲ့ သူပဲ "
မြတ်နိုးရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းလာတယ် ။
"ဒါဆို မင်းကို လာပြီး ပြသနာရှာတဲ့ မိန်းကလေးက ဘယ်သူလဲ "
သူ နားမလည်နိုင်စွာနဲ့ မေးလိုက်မိတယ် ။
"ကဗျာ ။ ကျွန်မကို သင်တန်းမှာ သူ့ရည်းစားကို လုတယ်ဆိုပြီး ရစရာမရှိအောင် ပြောသွားတယ်။ ကျွန်မရဲ့ တပည့်တွေရော ၊ မိတ်ဆွေတွေရှေ့မှာပါ အရှက်ရရတာ ရှင့်ကြောင့် ။ ခုဆို ကျွန်မ..."
မြတ်နိုးက စကားမဆက်နိုင်တော့ဘဲ မျက်ရည် ၀ဲလာတယ် ။
"မြတ်နိုး ကိုယ့်ကြောင့် ဒီလို ဖြစ်ရတာဆို တောင်းပန်ပါတယ်။ ဒါပေမဲ့ ကိုယ် ကဗျာနဲ့ ပြတ်သွားခဲ့တာ ကြာပါပြီ။ သူကိုယ်တိုင် ကိုယ့်ကို လမ်းခွဲခဲ့တာပါ "
"ဟုတ်လား ၊ ကျွန်မ နောက်နေ့မနက် ရှင့်ကို ခေါ်ပြီး ရှင်းဦးမလို့ပဲ ။ ဒါပေမဲ့ ကျွန်မ ဖုန်းထဲကို ရှင်ရဲ့ ရည်းစားတွေနဲ့ ပျော်ပါးနေတဲ့ ပုံတွေပို့လာတယ် ။ ကျွန်မ ရှင့်လို လူကို ထပ်တွေ့ချင်စိတ်မရှိတော့ဘူး။ရှင့်ကို ကျွန်မ လမ်းခွဲဖို့ ပြောခဲ့တာတောင် ဘာကိစ္စ လိုက်ရှာနေရတာလဲ "
"မြတ်နိုးကို ဘယ်သူက ပို့တာလဲ။ ကိုယ် ရည်းစားများခဲ့တာ မှန်ပါတယ် ။ ဒါပေမဲ့ ကိုယ် ခုတွဲနေတာ မြတ်နိုးတစ်ယောက်တည်းပါ "
"တော်ပါတော့ရှင် ၊ ကျွန်မ ထပ်ပြီး အရူးလုပ်ခံမှာ မဟုတ်တော့ဘူး။ ကျွန်မ အလုပ်လည်း ထွက်လိုက်ပြီ ။ ရှင်နဲ့လည်း နောက်ထပ် ဘယ်တော့မှ မတွေ့ရဖို့ မျှော်လင့်ပါတယ် ။ နောက်ဆုံးအနေနဲ့ ကျွန်မ ဆန္ဒကို လိုက်လျောပေးပါ။ ကျွန်မ သွားတော့မယ် "
မြတ်နိုး ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့တော့တယ်။ ကျွန်မရဲ့ မာန နဲ့ သိက္ခာလောက် အချစ်ဆိုတာ အရေးမပါဘူး။ ရှင့်အကြောင်း စောစောသိပြီး လမ်းခွဲခွင့်ရခဲ့တာကိုပဲ ကျွန်မ ကျေးဇူးတင်တယ် ။ ကျွန်မရဲ့ ပထမဆုံးအချစ်ကတော့ ရှင့်ကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး အဆုံးသတ်ခဲ့ရတယ် ။ ရှင်နဲ့ ဘယ်တော့မှ ပြန်မဆုံပါရစေနဲ့တော့ ။ နှုတ်ဆက်ပါတယ်ကိုမြတ်မင်းမောင် "
မြတ်နိုး စိတ်ထဲ ရေရွတ်နေမိခြင်းသာ ။
****
မြတ်မင်းမောင်တစ်ယောက် မြတ်နိုး ထွက်သွားပြီးတာတောင် ဒီနေရာမှာရပ်ပြီး ငြိမ်သက်နေမိတယ် ။ ဘာလို့လဲ ။ ကဗျာက ဘာလို့ ဒီလိုလုပ်ရတာလဲ ။ သူ ကျွန်တော့်ကို တကယ်ချစ်ရင် လမ်းမခွဲခဲ့သင့်ဘူးမဟုတ်လား ။ သူနဲ့ ဘာမှမပတ်သတ်တော့မှ ဘာလို့ မြတ်နိုးကို ပြသနာရှာရတာလဲ ။ နောက်ပြီး ကဗျာက ဘယ်ကိုပျောက်နေတာလဲ ။ အဖြေရှာမရတဲ့ မေးခွန်းတွေက ခေါင်းထဲမှာ ပြည့်နှက်နေတယ် ။ ကဗျာ့ကို ရှာရမယ် ။ ဒါမှ မြတ်နိုးကို ဘာလို့ ပြသနာသွားရှတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို သေချာ သိရမှာ ။
မြတ်မင်းမောင်လည်း ထိုရပ်ကွက်မှ ကားမောင်းထွက်ခဲ့ပြီး အိမ်ကို ပြန်လာခဲ့တော့တယ်။မြတ်နိုးပြောသွားတွေအတွက် သူဒေါသနည်းနည်းထွက်မိတယ် ။ ဘယ်မိန်းကလေးမှ သူ့ကို ဒီလိုပြောခဲ့တာမဟုတ် ။ ဒါပေမဲ့လဲ ကဗျာ ပြသနာရှာခဲ့တဲ့အတွက် မြတ်နိုးစိတ်ဆိုးပြီးပြောတာ ဖြစ်သင့်ပါတယ်လေ။ သူစိတ်ထဲ ဒီလိုတွေးပြီးပဲ ဖြေသိမ့်လိုက်ရတော့တယ်။
~~~~~~~~~~~~~~~~
"ကိုယ် မြတ်နိုးနဲ့ မနေ့က တွေ့ခဲ့တယ် "
မိုးက အံ့သြသွားဟန်နဲ့ မျက်လုံးဝိုင်းလေးနဲ့ ကြည့်လာတယ် ။
"ဟုတ်လား "
"အင်း ၊ သူ ကိုယ့်ကို လမ်းခွဲရတာက.."
"ဘာကြောင့်လဲ "
သူ့စကားမဆုံးခင် မိုးက ကြားဖြတ်မေးတယ် ။
"ကဗျာကြောင့် ၊ သူ မြတ်နိုး သင်တန်းမှာ သွားပြီး ပြသနာရှာခဲ့တယ်တဲ့လေ ။ နောက်ပြီး မြတ်နိုး ဖုန်းထဲကိုလည်း ကိုယ့်ဓာတ်ပုံတွေ ပို့ခဲ့တယ် ။ ကဗျာ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ ကိုယ်တော့ နားမလည်နိုင်ဘူး "
"အင်း "
မိုးက တစ်ခုခုကို စဉ်းစားနေဟန်နဲ့ တိတ်ဆိတ်သွားတယ် ။
"မိုး..."
"ဟင် "
"မိုးရော တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ဘူးလား "
"အင်း..."
"ကိုယ် ကဗျာ့အကြောင်းကို စုံစမ်းကြည့်ရင် ကောင်းမယ်ထင်တယ်။ သူ့အရင် တွဲခဲ့တဲ့တစ်ယောက်ရဲ့ လမ်းခွဲခံရတာလည်း ကဗျာနဲ့ ဆိုင်မလားမသိဘူး "
"အင်း...."
"မိုး မှတ်မိတယ်မဟုတ်လား ။ သူ့နာမည်က နေခြည်လင်းလေ "
"အင်း မှတ်မိပါတယ် "
မိုး လွန်ခဲ့တဲ့ ၅ လခန့်က အကြောင်းကို ပြန်အမှတ်ရသွားတယ် ။
မိုး သိပ်မှတ်မိတာပေါ့။ မောင်နဲ့ ရည်းစားဖြစ်ပြီး တစ်လပြည့်တဲ့နေ့မှာ မိုး ကော်ဖီဆိုင်မှာ ထိုင်နေတုန်း မောင် နဲ့ အတူ နေခြည်လင်း ဆိုင်ထဲကို ၀င်လာတာ တွေ့လိုက်တယ် ။ မိုး တွေ့တွေ့ချင်း အံသြဆွံ့အသွားရတယ် ။ မောင့်မှာ နောက်တစ်ယောက်ရှိနေပြီလို့ သတင်းတွေကြားခဲ့ပေမယ့် မိုး မယုံကြည်ခဲ့ပါဘူး။ မိုး တကယ် ထိပ်တိုက်တွေ့မှ ဘာလုပ်ရမယ်မှန်းမသိဘဲ ပူထူသွားမိတယ် ။ မိုး မလှုပ်မယှက်နဲ့ ကျောက်ရုပ်လိုပဲ အဲဒီနေရာမှာ ဆက်ထိုင်နေမိတယ်။
မောင်ရ မိုးနဲ့ မလှမ်းမကမ်းက စားပွဲခုံမှာ ၀င်ထိုင်ပြီးမှ မိုးကို မြင်သွားတယ် ။ မောင့်မျက်နှာပျက်သွားတာကို မိုးတစ်ချက်တွေ့လိုက်တယ် ။ မောင်က သူ့ကောင်မလေးကို တစ်ခုခုပြောပြီး မိုးထိုင်နေတဲ့ ဝိုင်းမှာ လာ၀င်ထိုင်တယ်။
"မိုး....."
"ဒါ ကိုယ့်ရဲ့ မိတ်ဆွေပါ "
"အင်း "
မောင် လိမ်ညာနေတာသိနေပေမယ့် မိုး ဟန်ဆောင်ပြုံးနေခဲ့တယ်။
အဲဒီအချိန် မောင်နဲ့ အတူပါလာတဲ့ နေခြည်လင်းက မိုးရဲ့ စားပွဲ၀ိုင်းကို ရောက်လာပြီး ။
"ကို့ရဲ့ မိတ်ဆွေထင်တယ် ။ ကျွန်မ ကို့ရဲ့ ချစ်သူ နေခြည်လင်းပါ "
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ နေခြည် ။ မင်းကို ခဏ ထိုင်စောင့်နေပါလို့ မပြောဘူးလား "
"ကိုကလည်း ဉ နေခြည်က တစ်ယောက်ထဲ ပျင်းလို့ ။ အတူတူ တစ်၀ိုင်းထဲ ထိုင်ကြမယ်လေနော် "
နေခြည်က မြတ်မင်းမောင်အနားကပ်ပြီး ချွဲပစ်ပစ် လေသံနဲ့ ဆိုတယ် ။
"နေခြည် "
မောင့်ရဲ့ ဒေါသနဲ့ ခေါ်သံကြောင့် နေခြည်တစ်ယောက် ပါးစပ်ပိတ်ပြီး ငြိမ်သွားရှာတယ်။ မိုးလည်း ခပ်ယဲ့ယဲ့ပြုံးပြီး ကိုယ့်အဖြစ်ကို သနားမိတယ် ။
"နေခြည် ဒီနေ့ ကိုယ် ကိစ္စရှိလို့ မင်းနဲ့ အဖေါ်မလုပ်နိုင်တော့ဘူး ။ မင်း ပြန်နှင့်တော့ ။ နောက်မှ တွေ့မယ် "
"ကို "
နေခြည်က စိတ်ဆိုးတဲ့ အသံနဲ့ ပြောပေမယ့် မြတ်မင်းမောင် ရဲ့ ခြိမ်းခြောက်တဲ့ အကြည့်ကြောင့် ဘာမှ ဆက်မပြောရဲတော့ဘဲ ။
"ကောင်းပြီလေ။ နောက်မှ တွေ့မယ်နော် ။ ကို့ကို အရမ်းချစ်တယ် ....မွ "
နေခြည်လင်းက မသွားခင် မောင့်ကို လုပ်ပြနေတဲ့ ပုံစံကြောင့် မိုး ဒေါသထွက်မိပေမယ့် မောင့်အတွက်ကြောင့် မသိချင်ယောင်ဆောင်ခဲ့တယ် ။
နေခြည်လင်း ထွက်သွားပြီးနောက် မောင်က ဆိုတယ် ။
"ကိုယ် တောင်းပန်ပါတယ် မိုး "
မိုး ဘာမှပြန်မပြောဘဲ ငြိမ်နေမိတယ် ။
"မိုး ကိုယ့်ကို စိတ်ဆိုးလို့ လမ်းခွဲမယ်ဆိုရင်တောင် ကိုယ် တောင်းပန်ဖို့ အခွင့်အရေးမရှိပါဘူး "
မဟုတ်ဘူးလေ ။မိုးက မောင့်ကို အရမ်းချစ်တယ် ။ မောင် မိုးကို လမ်းခွဲလို့ မဖြစ်ဘူးလေ ။
မိုး စိတ်ထဲမှာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ပြောနေမိတယ် ။
"မောင့်ကို မိုး နားလည်ပေးနိုင်ပါတယ်။ မောင့်ရဲ့ အနားမှာ အမြဲ ရှိနေမှာပါ ။ မောင်သာ မိုးကို စပြီး လမ်းမခွဲပါနဲ့ "
ထိုအခါ မိုးရဲ့ လက်ကို မြတ်မင်းမောင်က ဆုပ်ကိုင်ပြီး....။
"စိတ်ချပါ...မိုး ။ မိုးကို ကိုယ် လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာပါ။ ကိုယ့်ကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ်...မောင်ရယ် "
မိုး သွက်လက်စွာ ပြောလိုက်ပေမယ့်လည်း မိုးရင်ထဲမှာ ကမ္ဘာပျက်နေခဲ့တယ် ။ မိုးနားလည်ပါတယ်လို့ ပြောလိုက်တဲ့ အဲ့ဒီနေ့ကစပြီး မောင်က မဆင်ခြင်တဲ့အပြင် သူ့ရဲ့ ရည်းစားတွေနဲ့ပါ မိုးကို မိတ်ဆက်ပေးတယ် ။ နားလည်ပါတယ်ဆိုတဲ့ မိုးကို ကိုယ့်စကားနဲ့ကိုယ် မောင်က သေမိန့်ပေးနေခဲ့တယ် ။ မောင် အရမ်းရက်စက်တယ်။
မိုး အတွေးပုံရိပ်တွေကို မျက်စိထဲက ဖယ်ဖျောက်ပစ်နေရတယ် ။
မိုး ရူးမိုက်စွာနဲ့ နားလည်မှု ပေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့ နေ့ ။ မိုးအပေါ် မောင့် ရက်စက်ခြင်းတွေ အစပြုခဲ့တဲ့နေ့ ၊ မိုး နဲ့ ရည်းစားဖြစ်ပြီး မောင် ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ နေခြည်လင်းကို မိုး သိပ်မှတ်မိတာပေါ့ မောင်ရယ် ။
❄❄❄❄❄❄❄❄❄❄
ဆက်ရန်..
Thin Zar Moe Oo
အခန္း ( ၉ )
"ျမတ္နိုး "
သူ႕ေခၚသံေၾကာင့္ ျမတ္နိုးက စကားေျပာေနရာမွ ၿငိမ္သက္သြားၿပီး တျဖည္းျဖည္း လွည့္ၾကည့္လာတယ္ ။ ျမတ္နိုးရဲ႕ မ်က္၀န္းေတြမွာ သူ႕ကို နာၾကည္းမုန္းတီးေနတဲ့ အရိပ္အေယာင္ေတြ ျမင္ေနရတယ္ ။
"ကိုယ္ မင္းနဲ႕ စကားေျပာခ်င္တယ္ ျမတ္နိုး "
ျမတ္နိုးက သူ႕ သူငယ္ခ်င္းကို လွမ္းႏႈတ္ဆက္လိုက္တယ္ ။
"ငါ ေျပာစရာရွိလို႔ ေနာက္မွေတြ႕မယ္ေနာ္ ဝတီ "
"အင္း...ျမတ္နိုး ၊ ဒါဆို ငါ သြားေတာ့မယ္ "
"အင္း...."
ျမတ္နိုးက သူ႕ သူငယ္ခ်င္း ထြက္သြားၿပီးတာနဲ႕ ျမတ္မင္းေမာင္ကို စူးစူးရဲရဲ စိုက္ၾကည့္ၿပီး... ။
"ကြၽန္မ ရွင္နဲ႕ ေျပာစရာစကားမရွိဘူး ။ ရွင္ သြားပါေတာ့....."
"အဲ့ဒီလို စိမ္းစိမ္းကားကားမေျပာပါနဲ႕ ျမတ္နိုးရယ္ ။ ကိုယ္ ဘာမွားခဲ့လို႔လဲ။ ျမတ္နိုး ကိုယ့္ကို ဘလိုင္းၿပီး ထားခဲ့တာေလ ။ကိုယ္ ျမတ္နိုးရဲ႕ သင္တန္းေက်ာင္းမွာလည္း သြားရွာခဲ့ေသးတယ္ "
"ဟုတ္ပါတယ္။ ရွင္ မမွားပါဘူး။ ရွင့္လို လူကို ယုံၾကည္ခဲ့မိတဲ့ ကြၽန္မ အမွားပါ "
"ျမတ္နိုး ကိုယ့္ကို နားလည္ေအာင္ ေျပာျပပါလား ။ ကိုယ္ နဲ႕ တစ္ေနရာမွာထိုင္ၿပီး ေအးေအးေဆးေဆး ေျပာရေအာင္ "
"ကြၽန္မ ရွင္နဲ႕ အတူ ဘယ္မွ အတူမသြားနိုင္ဘူး ။ ရွင္ သိခ်င္ရင္ေတာ့ ကြၽန္မ ဒီေနရာမွာပဲ ေျပာျပမယ္ "
ျမတ္နိုးရဲ႕ အသံထဲ ေဒါသစြက္ေနၿပီး အၾကည့္ေတြက ျပတ္သားေနတယ္ ။
ျမတ္မင္းေမာင္ ေခါင္းညိတ္ၿပီး ျမတ္နိုးရဲ႕ စကားကို စိတ္ဝင္တစား နားစြင့္ေနမိတယ္ ။
"ရွင့္ရဲ႕ ရည္းစား ကြၽန္မရဲ႕ သင္တန္းေက်ာင္းမွာ ျပသနာလာရွာသြားတယ္ ။ ကြၽန္မ တစ္သက္လုံး ထိန္းသိမ္းလာတဲ့ သိကၡာေတြ ရွင့္ေၾကာင့္ပဲ အကုန္ ေျမာင္းထဲေရာက္ကုန္ရတာ ။ရွင့္ကို ကြၽန္မ အစတည္းက ေမးခဲ့တယ္ ။ ရွင့္မွာ ရည္းစားရွိလားလို႔ ။ ရွင္ ကြၽန္မကို ဘာေျပာခဲ့လဲ ၊ မရွိပါဘူးဆို ။ ရွင့္ရဲ႕ အလိမ္အညာစကားကို ေသခ်ာမစုံစမ္းဘဲနဲ႕ ကြၽန္မ မယုံခဲ့သင့္ဘူး "
"ကိုယ့္ရည္းစား...ဟုတ္လား ။ ဘယ္သူလဲ...မိုးလား ။ မိုးက အဲ့လိုမ်ိဳး မလုပ္တတ္ပါဘူး "
"ဘာ....မိုးက ရွင့္ရည္းစားလား။ ရွင္ နဲ႕ မိုး ရေတးစားေတြ မဟုတ္ပါဘူးဆို ။ ကြၽန္မ မိုးကို ေနာက္ဆို ဘယ္လို မ်က္ႏွာျပရမလဲ ။ ရွင္ေတာ္ေတာ္ မ်က္ႏွာေျပာင္ တိုက္တဲ့ သူပဲ "
ျမတ္နိုးရဲ႕ မ်က္ႏွာက ေဒါသေၾကာင့္ နီျမန္းလာတယ္ ။
"ဒါဆို မင္းကို လာၿပီး ျပသနာရွာတဲ့ မိန္းကေလးက ဘယ္သူလဲ "
သူ နားမလည္နိုင္စြာနဲ႕ ေမးလိုက္မိတယ္ ။
"ကဗ်ာ ။ ကြၽန္မကို သင္တန္းမွာ သူ႕ရည္းစားကို လုတယ္ဆိုၿပီး ရစရာမရွိေအာင္ ေျပာသြားတယ္။ ကြၽန္မရဲ႕ တပည့္ေတြေရာ ၊ မိတ္ေဆြေတြေရွ႕မွာပါ အရွက္ရရတာ ရွင့္ေၾကာင့္ ။ ခုဆို ကြၽန္မ..."
ျမတ္နိုးက စကားမဆက္နိုင္ေတာ့ဘဲ မ်က္ရည္ ၀ဲလာတယ္ ။
"ျမတ္နိုး ကိုယ့္ေၾကာင့္ ဒီလို ျဖစ္ရတာဆို ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ကိုယ္ ကဗ်ာနဲ႕ ျပတ္သြားခဲ့တာ ၾကာပါၿပီ။ သူကိုယ္တိုင္ ကိုယ့္ကို လမ္းခြဲခဲ့တာပါ "
"ဟုတ္လား ၊ ကြၽန္မ ေနာက္ေန႕မနက္ ရွင့္ကို ေခၚၿပီး ရွင္းဦးမလို႔ပဲ ။ ဒါေပမဲ့ ကြၽန္မ ဖုန္းထဲကို ရွင္ရဲ႕ ရည္းစားေတြနဲ႕ ေပ်ာ္ပါးေနတဲ့ ပုံေတြပို႔လာတယ္ ။ ကြၽန္မ ရွင့္လို လူကို ထပ္ေတြ႕ခ်င္စိတ္မရွိေတာ့ဘူး။ရွင့္ကို ကြၽန္မ လမ္းခြဲဖို႔ ေျပာခဲ့တာေတာင္ ဘာကိစၥ လိုက္ရွာေနရတာလဲ "
"ျမတ္နိုးကို ဘယ္သူက ပို႔တာလဲ။ ကိုယ္ ရည္းစားမ်ားခဲ့တာ မွန္ပါတယ္ ။ ဒါေပမဲ့ ကိုယ္ ခုတြဲေနတာ ျမတ္နိုးတစ္ေယာက္တည္းပါ "
"ေတာ္ပါေတာ့ရွင္ ၊ ကြၽန္မ ထပ္ၿပီး အ႐ူးလုပ္ခံမွာ မဟုတ္ေတာ့ဘူး။ ကြၽန္မ အလုပ္လည္း ထြက္လိုက္ၿပီ ။ ရွင္နဲ႕လည္း ေနာက္ထပ္ ဘယ္ေတာ့မွ မေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္ ။ ေနာက္ဆုံးအေနနဲ႕ ကြၽန္မ ဆႏၵကို လိုက္ေလ်ာေပးပါ။ ကြၽန္မ သြားေတာ့မယ္ "
ျမတ္နိုး ေျပာၿပီးတာနဲ႕ လွည့္ထြက္လာခဲ့ေတာ့တယ္။ ကြၽန္မရဲ႕ မာန နဲ႕ သိကၡာေလာက္ အခ်စ္ဆိုတာ အေရးမပါဘူး။ ရွင့္အေၾကာင္း ေစာေစာသိၿပီး လမ္းခြဲခြင့္ရခဲ့တာကိုပဲ ကြၽန္မ ေက်းဇူးတင္တယ္ ။ ကြၽန္မရဲ႕ ပထမဆုံးအခ်စ္ကေတာ့ ရွင့္ေၾကာင့္ အရွက္တကြဲ အက်ိဳးနည္း ျဖစ္ၿပီး အဆုံးသတ္ခဲ့ရတယ္ ။ ရွင္နဲ႕ ဘယ္ေတာ့မွ ျပန္မဆုံပါရေစနဲ႕ေတာ့ ။ ႏႈတ္ဆက္ပါတယ္ကိုျမတ္မင္းေမာင္ "
ျမတ္နိုး စိတ္ထဲ ေရ႐ြတ္ေနမိျခင္းသာ ။
****
ျမတ္မင္းေမာင္တစ္ေယာက္ ျမတ္နိုး ထြက္သြားၿပီးတာေတာင္ ဒီေနရာမွာရပ္ၿပီး ၿငိမ္သက္ေနမိတယ္ ။ ဘာလို႔လဲ ။ ကဗ်ာက ဘာလို႔ ဒီလိုလုပ္ရတာလဲ ။ သူ ကြၽန္ေတာ့္ကို တကယ္ခ်စ္ရင္ လမ္းမခြဲခဲ့သင့္ဘူးမဟုတ္လား ။ သူနဲ႕ ဘာမွမပတ္သတ္ေတာ့မွ ဘာလို႔ ျမတ္နိုးကို ျပသနာရွာရတာလဲ ။ ေနာက္ၿပီး ကဗ်ာက ဘယ္ကိုေပ်ာက္ေနတာလဲ ။ အေျဖရွာမရတဲ့ ေမးခြန္းေတြက ေခါင္းထဲမွာ ျပည့္ႏွက္ေနတယ္ ။ ကဗ်ာ့ကို ရွာရမယ္ ။ ဒါမွ ျမတ္နိုးကို ဘာလို႔ ျပသနာသြားရွတာလဲဆိုတဲ့ ရည္႐ြယ္ခ်က္ကို ေသခ်ာ သိရမွာ ။
ျမတ္မင္းေမာင္လည္း ထိုရပ္ကြက္မွ ကားေမာင္းထြက္ခဲ့ၿပီး အိမ္ကို ျပန္လာခဲ့ေတာ့တယ္။ျမတ္နိုးေျပာသြားေတြအတြက္ သူေဒါသနည္းနည္းထြက္မိတယ္ ။ ဘယ္မိန္းကေလးမွ သူ႕ကို ဒီလိုေျပာခဲ့တာမဟုတ္ ။ ဒါေပမဲ့လဲ ကဗ်ာ ျပသနာရွာခဲ့တဲ့အတြက္ ျမတ္နိုးစိတ္ဆိုးၿပီးေျပာတာ ျဖစ္သင့္ပါတယ္ေလ။ သူစိတ္ထဲ ဒီလိုေတြးၿပီးပဲ ေျဖသိမ့္လိုက္ရေတာ့တယ္။
~~~~~~~~~~~~~~~~
"ကိုယ္ ျမတ္နိုးနဲ႕ မေန႕က ေတြ႕ခဲ့တယ္ "
မိုးက အံ့ၾသသြားဟန္နဲ႕ မ်က္လုံးဝိုင္းေလးနဲ႕ ၾကည့္လာတယ္ ။
"ဟုတ္လား "
"အင္း ၊ သူ ကိုယ့္ကို လမ္းခြဲရတာက.."
"ဘာေၾကာင့္လဲ "
သူ႕စကားမဆုံးခင္ မိုးက ၾကားျဖတ္ေမးတယ္ ။
"ကဗ်ာေၾကာင့္ ၊ သူ ျမတ္နိုး သင္တန္းမွာ သြားၿပီး ျပသနာရွာခဲ့တယ္တဲ့ေလ ။ ေနာက္ၿပီး ျမတ္နိုး ဖုန္းထဲကိုလည္း ကိုယ့္ဓာတ္ပုံေတြ ပို႔ခဲ့တယ္ ။ ကဗ်ာ ဘာေၾကာင့္ ဒီလိုလုပ္ရတယ္ဆိုတာ ကိုယ္ေတာ့ နားမလည္နိုင္ဘူး "
"အင္း "
မိုးက တစ္ခုခုကို စဥ္းစားေနဟန္နဲ႕ တိတ္ဆိတ္သြားတယ္ ။
"မိုး..."
"ဟင္ "
"မိုးေရာ တစ္ခုခု ထူးဆန္းေနတယ္လို႔ မထင္ဘူးလား "
"အင္း..."
"ကိုယ္ ကဗ်ာ့အေၾကာင္းကို စုံစမ္းၾကည့္ရင္ ေကာင္းမယ္ထင္တယ္။ သူ႕အရင္ တြဲခဲ့တဲ့တစ္ေယာက္ရဲ႕ လမ္းခြဲခံရတာလည္း ကဗ်ာနဲ႕ ဆိုင္မလားမသိဘူး "
"အင္း...."
"မိုး မွတ္မိတယ္မဟုတ္လား ။ သူ႕နာမည္က ေနျခည္လင္းေလ "
"အင္း မွတ္မိပါတယ္ "
မိုး လြန္ခဲ့တဲ့ ၅ လခန့္က အေၾကာင္းကို ျပန္အမွတ္ရသြားတယ္ ။
မိုး သိပ္မွတ္မိတာေပါ့။ ေမာင္နဲ႕ ရည္းစားျဖစ္ၿပီး တစ္လျပည့္တဲ့ေန႕မွာ မိုး ေကာ္ဖီဆိုင္မွာ ထိုင္ေနတုန္း ေမာင္ နဲ႕ အတူ ေနျခည္လင္း ဆိုင္ထဲကို ၀င္လာတာ ေတြ႕လိုက္တယ္ ။ မိုး ေတြ႕ေတြ႕ခ်င္း အံၾသဆြံ႕အသြားရတယ္ ။ ေမာင့္မွာ ေနာက္တစ္ေယာက္ရွိေနၿပီလို႔ သတင္းေတြၾကားခဲ့ေပမယ့္ မိုး မယုံၾကည္ခဲ့ပါဘူး။ မိုး တကယ္ ထိပ္တိုက္ေတြ႕မွ ဘာလုပ္ရမယ္မွန္းမသိဘဲ ပူထူသြားမိတယ္ ။ မိုး မလႈပ္မယွက္နဲ႕ ေက်ာက္႐ုပ္လိုပဲ အဲဒီေနရာမွာ ဆက္ထိုင္ေနမိတယ္။
ေမာင္ရ မိုးနဲ႕ မလွမ္းမကမ္းက စားပြဲခုံမွာ ၀င္ထိုင္ၿပီးမွ မိုးကို ျမင္သြားတယ္ ။ ေမာင့္မ်က္ႏွာပ်က္သြားတာကို မိုးတစ္ခ်က္ေတြ႕လိုက္တယ္ ။ ေမာင္က သူ႕ေကာင္မေလးကို တစ္ခုခုေျပာၿပီး မိုးထိုင္ေနတဲ့ ဝိုင္းမွာ လာ၀င္ထိုင္တယ္။
"မိုး....."
"ဒါ ကိုယ့္ရဲ႕ မိတ္ေဆြပါ "
"အင္း "
ေမာင္ လိမ္ညာေနတာသိေနေပမယ့္ မိုး ဟန္ေဆာင္ၿပဳံးေနခဲ့တယ္။
အဲဒီအခ်ိန္ ေမာင္နဲ႕ အတူပါလာတဲ့ ေနျခည္လင္းက မိုးရဲ႕ စားပြဲ၀ိုင္းကို ေရာက္လာၿပီး ။
"ကို႔ရဲ႕ မိတ္ေဆြထင္တယ္ ။ ကြၽန္မ ကို႔ရဲ႕ ခ်စ္သူ ေနျခည္လင္းပါ "
"မင္း ဘာေတြ ေလွ်ာက္ေျပာေနတာလဲ ေနျခည္ ။ မင္းကို ခဏ ထိုင္ေစာင့္ေနပါလို႔ မေျပာဘူးလား "
"ကိုကလည္း ဉ ေနျခည္က တစ္ေယာက္ထဲ ပ်င္းလို႔ ။ အတူတူ တစ္၀ိုင္းထဲ ထိုင္ၾကမယ္ေလေနာ္ "
ေနျခည္က ျမတ္မင္းေမာင္အနားကပ္ၿပီး ခြၽဲပစ္ပစ္ ေလသံနဲ႕ ဆိုတယ္ ။
"ေနျခည္ "
ေမာင့္ရဲ႕ ေဒါသနဲ႕ ေခၚသံေၾကာင့္ ေနျခည္တစ္ေယာက္ ပါးစပ္ပိတ္ၿပီး ၿငိမ္သြားရွာတယ္။ မိုးလည္း ခပ္ယဲ့ယဲ့ၿပဳံးၿပီး ကိုယ့္အျဖစ္ကို သနားမိတယ္ ။
"ေနျခည္ ဒီေန႕ ကိုယ္ ကိစၥရွိလို႔ မင္းနဲ႕ အေဖၚမလုပ္နိုင္ေတာ့ဘူး ။ မင္း ျပန္ႏွင့္ေတာ့ ။ ေနာက္မွ ေတြ႕မယ္ "
"ကို "
ေနျခည္က စိတ္ဆိုးတဲ့ အသံနဲ႕ ေျပာေပမယ့္ ျမတ္မင္းေမာင္ ရဲ႕ ၿခိမ္းေျခာက္တဲ့ အၾကည့္ေၾကာင့္ ဘာမွ ဆက္မေျပာရဲေတာ့ဘဲ ။
"ေကာင္းၿပီေလ။ ေနာက္မွ ေတြ႕မယ္ေနာ္ ။ ကို႔ကို အရမ္းခ်စ္တယ္ ....မြ "
ေနျခည္လင္းက မသြားခင္ ေမာင့္ကို လုပ္ျပေနတဲ့ ပုံစံေၾကာင့္ မိုး ေဒါသထြက္မိေပမယ့္ ေမာင့္အတြက္ေၾကာင့္ မသိခ်င္ေယာင္ေဆာင္ခဲ့တယ္ ။
ေနျခည္လင္း ထြက္သြားၿပီးေနာက္ ေမာင္က ဆိုတယ္ ။
"ကိုယ္ ေတာင္းပန္ပါတယ္ မိုး "
မိုး ဘာမွျပန္မေျပာဘဲ ၿငိမ္ေနမိတယ္ ။
"မိုး ကိုယ့္ကို စိတ္ဆိုးလို႔ လမ္းခြဲမယ္ဆိုရင္ေတာင္ ကိုယ္ ေတာင္းပန္ဖို႔ အခြင့္အေရးမရွိပါဘူး "
မဟုတ္ဘူးေလ ။မိုးက ေမာင့္ကို အရမ္းခ်စ္တယ္ ။ ေမာင္ မိုးကို လမ္းခြဲလို႔ မျဖစ္ဘူးေလ ။
မိုး စိတ္ထဲမွာ ေၾကာက္႐ြံ႕ထိတ္လန့္စြာနဲ႕ ေျပာေနမိတယ္ ။
"ေမာင့္ကို မိုး နားလည္ေပးနိုင္ပါတယ္။ ေမာင့္ရဲ႕ အနားမွာ အၿမဲ ရွိေနမွာပါ ။ ေမာင္သာ မိုးကို စၿပီး လမ္းမခြဲပါနဲ႕ "
ထိုအခါ မိုးရဲ႕ လက္ကို ျမတ္မင္းေမာင္က ဆုပ္ကိုင္ၿပီး....။
"စိတ္ခ်ပါ...မိုး ။ မိုးကို ကိုယ္ လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားတာပါ။ ကိုယ့္ကို နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
"ရပါတယ္...ေမာင္ရယ္ "
မိုး သြက္လက္စြာ ေျပာလိုက္ေပမယ့္လည္း မိုးရင္ထဲမွာ ကမာၻပ်က္ေနခဲ့တယ္ ။ မိုးနားလည္ပါတယ္လို႔ ေျပာလိုက္တဲ့ အဲ့ဒီေန႕ကစၿပီး ေမာင္က မဆင္ျခင္တဲ့အျပင္ သူ႕ရဲ႕ ရည္းစားေတြနဲ႕ပါ မိုးကို မိတ္ဆက္ေပးတယ္ ။ နားလည္ပါတယ္ဆိုတဲ့ မိုးကို ကိုယ့္စကားနဲ႕ကိုယ္ ေမာင္က ေသမိန့္ေပးေနခဲ့တယ္ ။ ေမာင္ အရမ္းရက္စက္တယ္။
မိုး အေတြးပုံရိပ္ေတြကို မ်က္စိထဲက ဖယ္ေဖ်ာက္ပစ္ေနရတယ္ ။
မိုး ႐ူးမိုက္စြာနဲ႕ နားလည္မႈ ေပးမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့တဲ့ ေန႕ ။ မိုးအေပၚ ေမာင့္ ရက္စက္ျခင္းေတြ အစျပဳခဲ့တဲ့ေန႕ ၊ မိုး နဲ႕ ရည္းစားျဖစ္ၿပီး ေမာင္ ပထမဆုံး မိတ္ဆက္ေပးခဲ့တဲ့ မိန္းကေလးျဖစ္တဲ့ ေနျခည္လင္းကို မိုး သိပ္မွတ္မိတာေပါ့ ေမာင္ရယ္ ။
❄❄❄❄❄❄❄❄❄❄
ဆက္ရန္..
Thin Zar Moe Oo