အခန်း ( ၇)
ဒါနဲ့ ထက်မြတ် ကြိုက်နေတယ်ဆိုတဲ့ မိန်းကလေးက မိုး ပေါ့ ။ ဒါကိုမသိဘဲ ထက်မြက် ဘက်က ပြောပေးခဲ့မိတဲ့ သူ့ကိုယ်သူ အပြစ်တင်မိတယ် ။
မြတ်မင်းမောင် တံခါးကိုတွန်းဖွင့်ပြီး ဆိုင်ထဲကို ၀င်လာခဲ့တယ် ။ သူ့ကို တွေ့တာနဲ့ သုံးယောက်လုံး တိတ်ဆိတ်သွားပြီး အံ့သြသွားသလို ကြည့်လာတယ် ။
" မင်း ရောက်နေတာပဲ "
မြတ်မင်းမောင်က ထက်မြတ်ကို စေ့စေ့ကြည့်၍ မေးလိုက်တယ် ။
"အင်း"
"Moe..Happy Birthday !"
"မောင် ဒီနေ့ ချိန်းထားတာရှိတယ်ဆို "
"မိုးရဲ့ မွေးနေ့လောက် ဘာမှ အရေးမကြီးပါဘူး ။ ဒီမှာ မိုးအတွက် မွေးနေ့လက်ဆောင် "
"ဘာများလဲ..."
"ဖွင့်ကြည့်လေ "
မိုး စိတ်လှုပ်ရှားစွာနဲ့ ဖွင့်ကြည့်တော့ ဆင်တူ လက်စွပ်လေး နှစ်ကွင်း ။ M&M လို့ထွင်းထားတယ် ။ မိုး အရမ်းပျော်သွားရတယ် ။ မောင် နဲ့ ချစ်သူစဖြစ်ထဲက ဒီလို လက်ဆောင်တစ်ခါမှ မပေးဖူးခဲ့။
"ကျေးဇူးပဲ မောင် ၊ မိုး အရမ်းကြိုက်တယ် ။
မောင် မိုးမွေးနေ့ကို မေ့နေပြီထင်တာ"
"ကိုယ် မမေ့ပါဘူး ၊ မိုးကို အံ့သြသွားစေချင်လို့ပါ။ လက်စွပ် ကိုယ် ၀တ်ပေးမယ်နော်"
လက်စွပ်လေးကို ယူပြီး မိုးရဲ့ လက်ချောင်းလေးမှာ ၀တ်ပေးလိုက်တယ် ။ မိုးလည်း သူ့လက်မှာ လက်စွပ်ပြန်၀တ်ပေးတယ် ။
သူတို့ကို ကြည့်ပြီး ထိန်းမရအောင် မျက်နှာပျက်နေတဲ့ ထက်မြတ်ကို မြင်တော့ မြတ်မင်းမောင် စိတ်ထဲ ကြိတ်ပြုံးမိတယ် ။
"မိုး...ဒီနေ့ ကိုယ်တို့ လျှောက်လည်ရအောင် ။
ရတနာ ဒီနေ့ ဆိုင်မှာ နေပေးပါနော် "
"ရတနာ့ကိုရော မခေါ်ဘူးလား....."
ရတနာက မြတ်မင်းမောင်ကို မေးတယ် ။
"မိုး နဲ့ နှစ်ယောက်ထဲ သွားချင်လို့ပါ ။ ပြန်လာရင် ရတနာ့အတွက် မုန့်၀ယ်လာခဲ့မယ်"
"ကောင်းပါပြီ ။ မိုး စိတ်ချလက်ချ သွား ၊ ငါ ဆိုင်ကို သေချာစောင့်ပေးထားမယ်"
" ကျေးဇူးပါ ရတနာ ၊ ထက်မြတ် မိုး ပြန်လာမှပဲ မုန့်လိုက်ကျွေးတော့မယ် ၊ ရတနာ ငါပြန်လာရင် အတူတူ သွားစားတာပေါ့ "
"အင်း..ရပါတယ်...မိုး "
"ဪ ထက်မြတ် မင်း နဲ့ ငါ ညမှ တွေ့ကြတာပေါ့။ ငါ ပြောစရာရှိတယ်..."
"အင်း "
မြတ်မင်းမောင်က မိုးရဲ့လက်ကို ဆွဲပြီး ထက်မြတ်ကို ခနဲ့တဲ့တဲ့ ပြုံးပြပြီး ဆိုင်ထဲက ထွက်သွားတယ် ။ ထက်မြတ် စိတ်ထဲ မခံရပ်နိုင်ဖြစ်ပြီး ကျန်ခဲ့ရတယ် ။
"ထက်မြတ် ၊ မိုးကတော့ မြတ်မင်းမောင် လည်း တွေ့ရော အားလုံးကို မေ့သွားတော့တာပဲနော် "
"အင်း"
"နင် မိုးကို ကြိုက်နေတုန်းပဲ မဟုတ်လား..."
" ကြိုက်တာ မဟုတ်ဘူး။ ငါ သူ့ကို ချစ်တာ ။ ဟိုးငယ်ငယ်တည်းက ခုချိန်ထိ သူ့ကို ချစ်နေတုန်းပဲ ။ နောက်လည်း အမြဲတမ်း ချစ်နေမှာ "
"မိုးကတော့ မြတ်မင်းမောင် မှ မြတ်မင်းမောင် ဖြစ်နေတယ်။ မြတ်မင်းမောင် ဘယ်လောက်ရှုပ်တယ်ဆိုတာ သူသိရဲ့သားနဲ့ ။ ငါတော့ မိုးကြောင့် စိတ်ညစ်တယ်ဟယ် ။ အဲဒီ့ မြတ်မင်းမောင်ကိုလည်း နည်းနည်းမှ ကြည့်မရဘူး ။ မိုး မျက်နှာကြောင့်သာ ငါ သူနဲ့ စကားပြောနေတာ"
"ထားလိုက်ပါ...ရတနာ ။ မိုးလည်း ဒီလောက်မျက်နှာများတဲ့ သူကို တဖြည်းဖြည်း စိတ်ကုန်လာမှာပါ"
"နင်ရော မိုးကို ဒီတိုင်းပဲ ကြည့်နေတော့မှာလား ။ နင် မကြိုးစားတော့ဘူးလား..."
"ငါ ဘာတတ်နိုင်ဦးမှာလဲ ။ သူက မြတ်မင်းကို ဒီလောက်ထိ ချစ်နေတာ ။ ဒါပေမဲ့ မိုးကို သူနာကျင်ခံစားရအောင် လုပ်နေရင် ငါ ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး ။ ငါ မိုးအတွက် မြတ်မင်းကို အမြဲ စောင့်ကြည့်နေမှာ...."
"အင်း......"
ရတနာ သက်ပြင်းချမိတယ်။ မိုးက မြတ်မင်းမောင်လို ရှုပ်ပွေတဲ့ သူကို အပြစ်မမြင်နိုင်အောင် ချစ်နေတယ်။ ထက်မြတ်ကို ရတနာ သနားမိတယ် ။ သူက မိုးတစ်ယောက်တည်းကို ဟိုးအရင်ထဲက ခုချိန်ထိ ချစ်နေခဲ့တာ ။ မိုးကတော့ ခုချိန်မှာ မြတ်မင်းမောင်ကလွဲရင် ဘာကိုမှ မြင်မှာမဟုတ်ဘူး။
"ဒါဆို ငါ ပြန်တော့မယ်"
"အင်း ၊ မိုး ပြန်လာရင် ငါ ဖုန်းဆက်လိုက်မယ်"
" အေး "
ထက်မြတ် ထွက်သွားတာကို ကြည့်ပြီး ရတနာ စိတ်မကောင်းဖြစ်မိတယ် ။ ထက်မြတ်က အရင်ထဲက မိုးကိုပဲ ဂရုစိုက်ခဲ့လို့ ရတနာ အမြဲတမ်း စိတ်မကောင်း ဖြစ်ခဲ့ရတယ် ။ ဒါပေမဲ့ ထက်မြတ် ခံစားချက်တွေ မိုးအပေါ် သူငယ်ချင်းထက် ပိုနေတာသိပြီးနောက်ပိုင်း ရတနာလည်း ကိုယ့် ခံစားချက်တွေ လျစ်လျူရှုထားခဲ့တယ် ။ မိုးကတော့ ထက်မြတ်ခံစားချက်တွေကို နည်းနည်းလေးတောင် မမြင်နိုင်ခဲ့ဘူး ။ ရတနာ့ခံစားချက်တွေကို ထက်မြတ်က မမြင်နိုင်ခဲ့သလိုပေါ့ ။ ချစ်ခြင်းတရားက သိပ်ကို ဆန်းကြယ်လွန်းပါတယ် ။
ဒါပေမဲ့ ခုချိန်မှာ မိုးတစ်ယောက် မြတ်မင်းမောင်လို မကောင်းတဲ့သူနဲ့ လမ်းခွဲပြီး ထက်မြတ်နဲ့ အဆင်ပြေဖို့ မျှော်လင့်မိပါတယ်။ ရတနာ ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်ကို ပျော်စေချင်တာ စိတ်ရင်း အမှန်ပါ ။
~~~~~~~~~~~~~~~~~~~~
"မိုး...ရောက်ပြီ"
မိုး အိပ်ငိုက်နေရာမှ မောင့်အသံကြောင့် လန့်နိုးသွားတယ် ။ ကားတံခါးဖွင့်ပေးပြီး မောင်က မိုးကို စိုက်ကြည့်နေတယ် ။
"ဆောရီး မောင် ၊ မိုး အိပ်ပျော်သွားတယ်"
"ရပါတယ်...မိုးရဲ့ ၊ ညက အိပ်မပျော်ဘူးထင်တယ် "
"အင်း ၊ ဟုတ်တယ် ။
ဒါ ဘယ်နေရာလဲ....မောင်"
"လာ ၊ အထဲဝင်ရအောင်"
မောင်က မဖြေဘဲ မိုး လက်ကို ဆွဲပြီး ခေါ်သွားတယ် ။ မိုး ဘာမှ မမေးတော့ဘဲ မောင်ခေါ်တဲ့နေရာကို လိုက်ခဲ့တယ် ။ အထပ်မြင့်က နာမည်ကြီး စားသောက်ဆိုင်လေးတစ်ခု။ ယခုနောက်ပိုင်းမှ အသစ်ဖွင့်ထားတာ ၊ နိုင်ငံခြား အစားအစာ၊ ပြည်တွင်း အစားအစာ အစုံအလင်နဲ့ နာမည်ကြီးပြီး လူကြိုက်များတဲ့ နေရာ ။ ဒီနေရာကို မောင်က မိုးကို ခေါ်လာခဲ့တယ် ။ မိုး နဲ့ မောင်က ချစ်သူတွေဆိုပေမယ့် ပုံမှန်နေရာတွေလောက်ပဲ တွေ့ဖြစ်ခဲ့ကြတာ ။ ဒီလိုဆိုင်တွေမှာ တကူးတက မတွေ့ဖြစ်ကြဖူးဘူး ။အခု မိုး ရင်ထဲ ကြည်နူးမိတယ် ။ မောင်က မိုးကို ဂရုစိုက်သေးတယ်ဆိုတာ သိရလို့လေ ။
ဆိုင်ထဲရောက်တော့ မောင်က မိုးထိုင်ဖို့ ထိုင်ခုံလေး ဆွဲပေးသည်။ မောင့်ရဲ့ အပြုအမှုလေးကြောင့် မိုး ရင်ထဲ လှိုက်ခနဲ ခုန်ရပြန်တယ် ။
ထိုင်ခုံမှာ ၀င်ထိုင်ရင်း မိုးဆိုင်ထဲကို သေချာကြည့်လိုက်တော့
မိုးတို့နှစ်ယောက်ကလွဲရင် အခြားဘယ်သူမှ ရှိမနေပါလား ။
"ဆိုင်ထဲမှာ ဘယ်သူမှလည်း မရှိပါလား "
"အင်း ၊ မောင် မိုးအတွက် တစ်ဆိုင်လုံး ငှါးထားတာ ။ ခဏနော် ၊ ကိုယ် မှာထားတဲ့ အစားအသောက်တွေ ရပြီလား မေးလိုက်ဦးနော်"
မောင်က ခွင့်တောင်းပြီး ထွက်သွားတယ် ။ ခဏကြာတဲ့အထိ ပေါ်မလာတော့ ။ မိုး ရင်ပူပူနဲ့ မောင့်ကို စောင့်နေတုန်း ။
"Happy Birthday..."
ဆိုတဲ့ မောင့်အသံနဲ့ အတူ ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်လေးထွန်းပြီး မောင်က မိုးဆီကို လျှောက်လာတယ် ။ မိုး အိပ်မက်မက်နေသလားလို့တောင် ထင်မိတယ်။ အိပ်မက်ဆိုလည်း မနိုးထချင်တော့ဘူး။
မိုးက မောင့် ရဲ့ မွေးနေ့ဆုတောင်း သီချင်းသံအဆုံးမှာ ဖယောင်းတိုက်လေးတွေ မှုတ်ပြီး စိတ်ထဲမှာ တိတ်တိတ်လေး ဆုတောင်းမိတယ်။ မောင် မိုးတစ်ယောက်တည်းကိုပဲ ထာဝရ ချစ်ပါစေလို့ ။ ဆုတောင်းတွေ ပြည့်ဖို့ မျှော်လင့်ချက် အနည်းငယ်နဲ့ပေါ့ ။
မြတ်မင်းမောင်က တကယ်တော့ ဆိုင်လေးထဲမှာ မိုးကို romatic ဆန်ဆန် လက်စွပ် ၀တ်ပေးဖို့ပဲ ။ ဒါပေမဲ့ ထက်မြတ်နဲ့ မိုး ကို အတူတွေ့ပြီး တမင် ထက်မြတ်ရှေ့မှာ လက်စွပ်၀တ်ပေးခဲ့တာ ။ သူပွေရှုပ်နေတာတောင် မိုးက နားလည်ပေးထားတာပဲ ။ သူသာ နည်းနည်းပိုကောင်းပေးရင် မိုး သူ့ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဟု သူ ယုံကြည်တယ် ။ ထက်မြတ်အတွက်လည်း အခွင့်အရေး ဘယ်တော့မှ ရှိလာမှာမဟုတ်တော့ဘူးလေ ။ မိုးအပေါ် အရင်ကထက် နူးနူးညံ့ညံ့ ဆက်ဆံပေးတာပေါ့ ။ မြတ်မင်းမောင် ကိုယ့်အတွေးနဲ့ကို ကျေနပ်နေမိတယ် ။ မိုးကတော့ သူ့အတွေးတွေကို မသိဘဲ မှာထားတဲ့ အစားအသောက်တွေကို ပျော်ရွှင်စွာနဲ့ စားနေလေရဲ့ ။
~~~~~~~~~~~
ဆက်ရန်...
Thin Zar Moe Oo
အခန္း ( ၇)
ဒါနဲ႕ ထက္ျမတ္ ႀကိဳက္ေနတယ္ဆိုတဲ့ မိန္းကေလးက မိုး ေပါ့ ။ ဒါကိုမသိဘဲ ထက္ျမက္ ဘက္က ေျပာေပးခဲ့မိတဲ့ သူ႕ကိုယ္သူ အျပစ္တင္မိတယ္ ။
ျမတ္မင္းေမာင္ တံခါးကိုတြန္းဖြင့္ၿပီး ဆိုင္ထဲကို ၀င္လာခဲ့တယ္ ။ သူ႕ကို ေတြ႕တာနဲ႕ သုံးေယာက္လုံး တိတ္ဆိတ္သြားၿပီး အံ့ၾသသြားသလို ၾကည့္လာတယ္ ။
" မင္း ေရာက္ေနတာပဲ "
ျမတ္မင္းေမာင္က ထက္ျမတ္ကို ေစ့ေစ့ၾကည့္၍ ေမးလိုက္တယ္ ။
"အင္း"
"Moe..Happy Birthday !"
"ေမာင္ ဒီေန႕ ခ်ိန္းထားတာရွိတယ္ဆို "
"မိုးရဲ႕ ေမြးေန႕ေလာက္ ဘာမွ အေရးမႀကီးပါဘူး ။ ဒီမွာ မိုးအတြက္ ေမြးေန႕လက္ေဆာင္ "
"ဘာမ်ားလဲ..."
"ဖြင့္ၾကည့္ေလ "
မိုး စိတ္လႈပ္ရွားစြာနဲ႕ ဖြင့္ၾကည့္ေတာ့ ဆင္တူ လက္စြပ္ေလး ႏွစ္ကြင္း ။ M&M လို႔ထြင္းထားတယ္ ။ မိုး အရမ္းေပ်ာ္သြားရတယ္ ။ ေမာင္ နဲ႕ ခ်စ္သူစျဖစ္ထဲက ဒီလို လက္ေဆာင္တစ္ခါမွ မေပးဖူးခဲ့။
"ေက်းဇူးပဲ ေမာင္ ၊ မိုး အရမ္းႀကိဳက္တယ္ ။
ေမာင္ မိုးေမြးေန႕ကို ေမ့ေနၿပီထင္တာ"
"ကိုယ္ မေမ့ပါဘူး ၊ မိုးကို အံ့ၾသသြားေစခ်င္လို႔ပါ။ လက္စြပ္ ကိုယ္ ၀တ္ေပးမယ္ေနာ္"
လက္စြပ္ေလးကို ယူၿပီး မိုးရဲ႕ လက္ေခ်ာင္းေလးမွာ ၀တ္ေပးလိုက္တယ္ ။ မိုးလည္း သူ႕လက္မွာ လက္စြပ္ျပန္၀တ္ေပးတယ္ ။
သူတို႔ကို ၾကည့္ၿပီး ထိန္းမရေအာင္ မ်က္ႏွာပ်က္ေနတဲ့ ထက္ျမတ္ကို ျမင္ေတာ့ ျမတ္မင္းေမာင္ စိတ္ထဲ ႀကိတ္ၿပဳံးမိတယ္ ။
"မိုး...ဒီေန႕ ကိုယ္တို႔ ေလွ်ာက္လည္ရေအာင္ ။
ရတနာ ဒီေန႕ ဆိုင္မွာ ေနေပးပါေနာ္ "
"ရတနာ့ကိုေရာ မေခၚဘူးလား....."
ရတနာက ျမတ္မင္းေမာင္ကို ေမးတယ္ ။
"မိုး နဲ႕ ႏွစ္ေယာက္ထဲ သြားခ်င္လို႔ပါ ။ ျပန္လာရင္ ရတနာ့အတြက္ မုန့္၀ယ္လာခဲ့မယ္"
"ေကာင္းပါၿပီ ။ မိုး စိတ္ခ်လက္ခ် သြား ၊ ငါ ဆိုင္ကို ေသခ်ာေစာင့္ေပးထားမယ္"
" ေက်းဇူးပါ ရတနာ ၊ ထက္ျမတ္ မိုး ျပန္လာမွပဲ မုန့္လိုက္ေကြၽးေတာ့မယ္ ၊ ရတနာ ငါျပန္လာရင္ အတူတူ သြားစားတာေပါ့ "
"အင္း..ရပါတယ္...မိုး "
"ဪ ထက္ျမတ္ မင္း နဲ႕ ငါ ညမွ ေတြ႕ၾကတာေပါ့။ ငါ ေျပာစရာရွိတယ္..."
"အင္း "
ျမတ္မင္းေမာင္က မိုးရဲ႕လက္ကို ဆြဲၿပီး ထက္ျမတ္ကို ခနဲ႕တဲ့တဲ့ ၿပဳံးျပၿပီး ဆိုင္ထဲက ထြက္သြားတယ္ ။ ထက္ျမတ္ စိတ္ထဲ မခံရပ္နိုင္ျဖစ္ၿပီး က်န္ခဲ့ရတယ္ ။
"ထက္ျမတ္ ၊ မိုးကေတာ့ ျမတ္မင္းေမာင္ လည္း ေတြ႕ေရာ အားလုံးကို ေမ့သြားေတာ့တာပဲေနာ္ "
"အင္း"
"နင္ မိုးကို ႀကိဳက္ေနတုန္းပဲ မဟုတ္လား..."
" ႀကိဳက္တာ မဟုတ္ဘူး။ ငါ သူ႕ကို ခ်စ္တာ ။ ဟိုးငယ္ငယ္တည္းက ခုခ်ိန္ထိ သူ႕ကို ခ်စ္ေနတုန္းပဲ ။ ေနာက္လည္း အၿမဲတမ္း ခ်စ္ေနမွာ "
"မိုးကေတာ့ ျမတ္မင္းေမာင္ မွ ျမတ္မင္းေမာင္ ျဖစ္ေနတယ္။ ျမတ္မင္းေမာင္ ဘယ္ေလာက္ရႈပ္တယ္ဆိုတာ သူသိရဲ႕သားနဲ႕ ။ ငါေတာ့ မိုးေၾကာင့္ စိတ္ညစ္တယ္ဟယ္ ။ အဲဒီ့ ျမတ္မင္းေမာင္ကိုလည္း နည္းနည္းမွ ၾကည့္မရဘူး ။ မိုး မ်က္ႏွာေၾကာင့္သာ ငါ သူနဲ႕ စကားေျပာေနတာ"
"ထားလိုက္ပါ...ရတနာ ။ မိုးလည္း ဒီေလာက္မ်က္ႏွာမ်ားတဲ့ သူကို တျဖည္းျဖည္း စိတ္ကုန္လာမွာပါ"
"နင္ေရာ မိုးကို ဒီတိုင္းပဲ ၾကည့္ေနေတာ့မွာလား ။ နင္ မႀကိဳးစားေတာ့ဘူးလား..."
"ငါ ဘာတတ္နိုင္ဦးမွာလဲ ။ သူက ျမတ္မင္းကို ဒီေလာက္ထိ ခ်စ္ေနတာ ။ ဒါေပမဲ့ မိုးကို သူနာက်င္ခံစားရေအာင္ လုပ္ေနရင္ ငါ ဒီတိုင္းၾကည့္ေနမွာ မဟုတ္ဘူး ။ ငါ မိုးအတြက္ ျမတ္မင္းကို အၿမဲ ေစာင့္ၾကည့္ေနမွာ...."
"အင္း......"
ရတနာ သက္ျပင္းခ်မိတယ္။ မိုးက ျမတ္မင္းေမာင္လို ရႈပ္ေပြတဲ့ သူကို အျပစ္မျမင္နိုင္ေအာင္ ခ်စ္ေနတယ္။ ထက္ျမတ္ကို ရတနာ သနားမိတယ္ ။ သူက မိုးတစ္ေယာက္တည္းကို ဟိုးအရင္ထဲက ခုခ်ိန္ထိ ခ်စ္ေနခဲ့တာ ။ မိုးကေတာ့ ခုခ်ိန္မွာ ျမတ္မင္းေမာင္ကလြဲရင္ ဘာကိုမွ ျမင္မွာမဟုတ္ဘူး။
"ဒါဆို ငါ ျပန္ေတာ့မယ္"
"အင္း ၊ မိုး ျပန္လာရင္ ငါ ဖုန္းဆက္လိုက္မယ္"
" ေအး "
ထက္ျမတ္ ထြက္သြားတာကို ၾကည့္ၿပီး ရတနာ စိတ္မေကာင္းျဖစ္မိတယ္ ။ ထက္ျမတ္က အရင္ထဲက မိုးကိုပဲ ဂ႐ုစိုက္ခဲ့လို႔ ရတနာ အၿမဲတမ္း စိတ္မေကာင္း ျဖစ္ခဲ့ရတယ္ ။ ဒါေပမဲ့ ထက္ျမတ္ ခံစားခ်က္ေတြ မိုးအေပၚ သူငယ္ခ်င္းထက္ ပိုေနတာသိၿပီးေနာက္ပိုင္း ရတနာလည္း ကိုယ့္ ခံစားခ်က္ေတြ လ်စ္လ်ဴရႈထားခဲ့တယ္ ။ မိုးကေတာ့ ထက္ျမတ္ခံစားခ်က္ေတြကို နည္းနည္းေလးေတာင္ မျမင္နိုင္ခဲ့ဘူး ။ ရတနာ့ခံစားခ်က္ေတြကို ထက္ျမတ္က မျမင္နိုင္ခဲ့သလိုေပါ့ ။ ခ်စ္ျခင္းတရားက သိပ္ကို ဆန္းၾကယ္လြန္းပါတယ္ ။
ဒါေပမဲ့ ခုခ်ိန္မွာ မိုးတစ္ေယာက္ ျမတ္မင္းေမာင္လို မေကာင္းတဲ့သူနဲ႕ လမ္းခြဲၿပီး ထက္ျမတ္နဲ႕ အဆင္ေျပဖို႔ ေမွ်ာ္လင့္မိပါတယ္။ ရတနာ ခ်စ္ရတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကို ေပ်ာ္ေစခ်င္တာ စိတ္ရင္း အမွန္ပါ ။
~~~~~~~~~~~~~~~~~~~~
"မိုး...ေရာက္ၿပီ"
မိုး အိပ္ငိုက္ေနရာမွ ေမာင့္အသံေၾကာင့္ လန့္နိုးသြားတယ္ ။ ကားတံခါးဖြင့္ေပးၿပီး ေမာင္က မိုးကို စိုက္ၾကည့္ေနတယ္ ။
"ေဆာရီး ေမာင္ ၊ မိုး အိပ္ေပ်ာ္သြားတယ္"
"ရပါတယ္...မိုးရဲ႕ ၊ ညက အိပ္မေပ်ာ္ဘူးထင္တယ္ "
"အင္း ၊ ဟုတ္တယ္ ။
ဒါ ဘယ္ေနရာလဲ....ေမာင္"
"လာ ၊ အထဲဝင္ရေအာင္"
ေမာင္က မေျဖဘဲ မိုး လက္ကို ဆြဲၿပီး ေခၚသြားတယ္ ။ မိုး ဘာမွ မေမးေတာ့ဘဲ ေမာင္ေခၚတဲ့ေနရာကို လိုက္ခဲ့တယ္ ။ အထပ္ျမင့္က နာမည္ႀကီး စားေသာက္ဆိုင္ေလးတစ္ခု။ ယခုေနာက္ပိုင္းမွ အသစ္ဖြင့္ထားတာ ၊ နိုင္ငံျခား အစားအစာ၊ ျပည္တြင္း အစားအစာ အစုံအလင္နဲ႕ နာမည္ႀကီးၿပီး လူႀကိဳက္မ်ားတဲ့ ေနရာ ။ ဒီေနရာကို ေမာင္က မိုးကို ေခၚလာခဲ့တယ္ ။ မိုး နဲ႕ ေမာင္က ခ်စ္သူေတြဆိုေပမယ့္ ပုံမွန္ေနရာေတြေလာက္ပဲ ေတြ႕ျဖစ္ခဲ့ၾကတာ ။ ဒီလိုဆိုင္ေတြမွာ တကူးတက မေတြ႕ျဖစ္ၾကဖူးဘူး ။အခု မိုး ရင္ထဲ ၾကည္ႏူးမိတယ္ ။ ေမာင္က မိုးကို ဂ႐ုစိုက္ေသးတယ္ဆိုတာ သိရလို႔ေလ ။
ဆိုင္ထဲေရာက္ေတာ့ ေမာင္က မိုးထိုင္ဖို႔ ထိုင္ခုံေလး ဆြဲေပးသည္။ ေမာင့္ရဲ႕ အျပဳအမႈေလးေၾကာင့္ မိုး ရင္ထဲ လွိုက္ခနဲ ခုန္ရျပန္တယ္ ။
ထိုင္ခုံမွာ ၀င္ထိုင္ရင္း မိုးဆိုင္ထဲကို ေသခ်ာၾကည့္လိုက္ေတာ့
မိုးတို႔ႏွစ္ေယာက္ကလြဲရင္ အျခားဘယ္သူမွ ရွိမေနပါလား ။
"ဆိုင္ထဲမွာ ဘယ္သူမွလည္း မရွိပါလား "
"အင္း ၊ ေမာင္ မိုးအတြက္ တစ္ဆိုင္လုံး ငွါးထားတာ ။ ခဏေနာ္ ၊ ကိုယ္ မွာထားတဲ့ အစားအေသာက္ေတြ ရၿပီလား ေမးလိုက္ဦးေနာ္"
ေမာင္က ခြင့္ေတာင္းၿပီး ထြက္သြားတယ္ ။ ခဏၾကာတဲ့အထိ ေပၚမလာေတာ့ ။ မိုး ရင္ပူပူနဲ႕ ေမာင့္ကို ေစာင့္ေနတုန္း ။
"Happy Birthday..."
ဆိုတဲ့ ေမာင့္အသံနဲ႕ အတူ ကိတ္မုန့္ေပၚမွာ ဖေယာင္းတိုင္ေလးထြန္းၿပီး ေမာင္က မိုးဆီကို ေလွ်ာက္လာတယ္ ။ မိုး အိပ္မက္မက္ေနသလားလို႔ေတာင္ ထင္မိတယ္။ အိပ္မက္ဆိုလည္း မနိုးထခ်င္ေတာ့ဘူး။
မိုးက ေမာင့္ ရဲ႕ ေမြးေန႕ဆုေတာင္း သီခ်င္းသံအဆုံးမွာ ဖေယာင္းတိုက္ေလးေတြ မႈတ္ၿပီး စိတ္ထဲမွာ တိတ္တိတ္ေလး ဆုေတာင္းမိတယ္။ ေမာင္ မိုးတစ္ေယာက္တည္းကိုပဲ ထာဝရ ခ်စ္ပါေစလို႔ ။ ဆုေတာင္းေတြ ျပည့္ဖို႔ ေမွ်ာ္လင့္ခ်က္ အနည္းငယ္နဲ႕ေပါ့ ။
ျမတ္မင္းေမာင္က တကယ္ေတာ့ ဆိုင္ေလးထဲမွာ မိုးကို romatic ဆန္ဆန္ လက္စြပ္ ၀တ္ေပးဖို႔ပဲ ။ ဒါေပမဲ့ ထက္ျမတ္နဲ႕ မိုး ကို အတူေတြ႕ၿပီး တမင္ ထက္ျမတ္ေရွ႕မွာ လက္စြပ္၀တ္ေပးခဲ့တာ ။ သူေပြရႈပ္ေနတာေတာင္ မိုးက နားလည္ေပးထားတာပဲ ။ သူသာ နည္းနည္းပိုေကာင္းေပးရင္ မိုး သူ႕ကို ဘယ္ေတာ့မွ ထားခဲ့မွာ မဟုတ္ဟု သူ ယုံၾကည္တယ္ ။ ထက္ျမတ္အတြက္လည္း အခြင့္အေရး ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ေတာ့ဘူးေလ ။ မိုးအေပၚ အရင္ကထက္ ႏူးႏူးညံ့ညံ့ ဆက္ဆံေပးတာေပါ့ ။ ျမတ္မင္းေမာင္ ကိုယ့္အေတြးနဲ႕ကို ေက်နပ္ေနမိတယ္ ။ မိုးကေတာ့ သူ႕အေတြးေတြကို မသိဘဲ မွာထားတဲ့ အစားအေသာက္ေတြကို ေပ်ာ္႐ႊင္စြာနဲ႕ စားေနေလရဲ႕ ။
~~~~~~~~~~~
ဆက္ရန္...
Thin Zar Moe Oo