အခန်း ( ၅ )
ထိုမိန်းကလေးက မိုး နဲ့တော်တော်တူနေတယ်။ ဘေးက လှမ်းမြင်လိုက်ရတာဆိုတော့ သိပ်တော့ မသေချာသေးဘူး ။ သူ ရှေ့ကို တစ်လှမ်းချင်း လှမ်းသွားမိတယ် ။ မိန်းကလေးကတော့ သူ့ကို သတိထားမိတဲ့ ပုံမပေါ် ။ ဆေးလိပ်ကိုသာ သောက်နေပြီး အတွေးထဲမှာ နစ်မြောနေပုံရတယ် ။ မြတ်မင်းမောင် အနား ရောက်ခါနီးမှာ...။
"မြတ်မင်း"
ခေါ်သံကြောင့် နောက်ကို လှည့်ကြည့်တော့ သူ့ရဲ့ သူငယ်ချင်း ထက်မြတ်ကို တွေ့လိုက်ရတယ် ။
"မင်း ဒီကို ဘယ်လို ရောက်လာတာလဲ ။ မင်း ခရီးသွားနေတုန်းဆို"
"ငါ ဒီနေ့ညနေပဲ ပြန်ရောက်တာ၊ ငါ ဒီမှာ ချိန်းထားတာရှိလို့ ရောက်လာတုန်း ။ခုန မင်းကို လှမ်းတွေ့လို့ နောက်က လိုက်လာတာ "
"ဪ..."
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
ထက်မြတ်က စူးစမ်းသလို နဲ့ မေးတယ် ။
"ငါ အထဲမှာ မွန်းကျပ်နေလို့ အပြင်ခဏ ထွက်လာတာ၊ ဒါနဲ့ ငါမိုးကို တွေ့လိုက်သလိုပဲ "
မြတ်မင်းမောင်က ခုနတွေ့တဲ့ မိန်းကလေးကို သတိရပြီး ပြန်လှည့်ကြည့်တော့ နေရာမှာ မရှိတော့ပါ ။
"မင်း မူးနေပြီ ထင်တယ် မြတ်မင်း ။ မိုးက ဒီကို လာမလား"
"အင်း ၊ ငါလူမှားတာ နေမှာပါ။ မိုးလို မိန်းကလေးမျိုးက ဒီကို လာပါ့မလား...ဟား "
မြတ်မင်း ပြောပြီး ရယ်မောမိတယ် ။ ရေချိန်ကိုက်ပြီး သူ ထင်ယောင်ထင်မှား ဖြစ်သွားတဲ့ပုံပဲ ။
"လာ....ငါတို့ အထဲပြန်သွားရအောင်..."
"အင်း..."
သူ ခေါင်းညိတ်ပြီး ထက်မြတ် နဲ့ အတူ ထိုနေရာမှ ထွက်လာခဲ့တော့တယ်။
မြတ်မင်းမောင်တို့ ထွက်သွားပြီးနောက် နံရံအကွယ်က မိန်းကလေးတစ်ယောက်ထွက်လာခဲ့တယ် ။ မြတ်မင်းမောင်တို့ ထွက်သွားတာကို ခဏလောက် ရပ်ကြည့်နေပြီးနောက် သူလည်း ထိုနေရာမှ ထွက်သွားတော့တယ် ။
~~~~~~~~~~~~~~~~~~~~~
မြတ်မင်းမောင်က နောက်နေ့ မိုးရဲ့ ပန်းဆိုင်လေးကို ထွက်လာခဲ့တယ် ။ မိုးရဲ့ ပန်းဆိုင်ကိုရောက်တဲ့အချိန် မိုး နဲ့ အတူစကားပြောနေတဲ့သူတစ်ယောက်ကို မြင်တော့ သူ အံသြမိတယ် ။ ထိုသူက အခြားမဟုတ် သူ့ သူငယ်ချင်း ထက်မြတ် ။ သူ နဲ့ မိုး ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားကြတာလဲ ။
"မိုး "
သူ့ခေါ်သံကြားတော့ မိုး အံ့သြသွားသော အမူအရာတစ်ချက်ဖြစ်သွားပြီး ခဏသာ ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဆိုတယိ ။
"ဪ ...မောင်"
"မြတ်မင်း"
ထက်မြတ်က ပြုံးပြီး နှုတ်ဆက်တယ် ။
"မင်း ဒီကို ဘာလာလုပ်တာလဲ "
"ဒီနေ့ ငါ့ကြိုက်နေတဲ့ ကောင်မလေးနဲ့ ချိန်းထားလို့ ။ သူ့အတွက် ပန်းလာ၀ယ်တာ"
"ဪ ...ဟုတ်လား ၊ ငါက မိုးဆီကို မင်း ဘာလို့လာတာလဲလို့ တွေးနေတာ..."
"မင်းကလည်း ကြံဖန် တွေးနေပြန်တယ်"
"မိုးက ငါ့ချစ်သူလေ..."
"အေးပါကွာ ၊ ဒါဆို ညနေမှ တွေ့မယ်။ ငါ ချိန်းထားတာရှိလို့ သွားတော့မယ်"
ထက်မြတ်က အလောတကြီးနဲ့ ထွက်သွားဖို့ ပြင်တယ် ။
"အေး ၊ ဪ..ခဏနေဦး ထက်မြတ် "
"ဘာလဲ"
"မင်း ပန်းစည်းလာယူတာမဟုတ်လား ။ မယူဘဲ ပြန်မလို့လား "
ထက်မြတ် မျက်နှာ တစ်ချက်ပျက်သွားသည် ။ ထို့နောက် ပြုံးရင်း....
"ဪ ငါ ချိန်းထားတာကို စိတ်လှုပ်ရှားနေတာနဲ့ မေ့သွားတယ် ။ ကျေးဇူးကွာ ၊ ဒါဆို ငါ သွားတော့မယ်...."
"အင်း.."
ထက်မြတ်က မိုးလှမ်းပေးတဲ့ ပန်းစည်းကို ယူပြီး သူတို့ကို နှုတ်ဆက်ကာ ထွက်သွားတယ် ။
" မိုးနဲ့ ထက်မြတ် ပိုရင်းနှီးလာသလိုပဲ "
ထက်မြတ် ထွက်သွားတော့မှ မိုးကို မေးမိသည်။
"မောင့် သူငယ်ချင်းက မိုးရဲ့ သူငယ်ချင်းပဲလေ ။ ဘာလဲ မောင်က သ၀န်တိုနေတာလား...."
"သ၀န်တိုတာပေါ့ မိုးက မောင့် ချစ်သူပဲလေ "
မြတ်မင်းမောင် စကားအဆုံး မိုး မျက်နှာပျက်သွားတယ် ။
ဒါကြောင့် သူ မြန်မြန် တောင်းပန်လိုက်ရတယ် ။
"မိုး ဆောရီးပါကွာ ၊ ကိုယ် မိုးကို မယုံလို့ မဟုတ်ပါဘူး...."
"အင်းပါ...မိုး သိပါတယ်။ ဒါနဲ့ မောင် ဒီကို လာတာ ပြောစရာရှိလို့များလား..."
"မိုးက ကိုယ့်စိတ်ကို အမြဲတမ်း နားလည်နေတာပဲ ။ ဟုတ်တယ်။ ကိုယ် မိုးကို တွေ့ချင်လို့ နောက်ပြီး ပြောစရာလည်း ရှိလို့"
"ဘာများလဲ မောင် "
"ကိုယ့်ကို မြတ်နိုး လမ်းခွဲသွားတယ် ။ ဟိုနေ့က ဖုန်းဆက်ပြီးပြောတယ် ။ ကိုယ် သူ့ သင်တန်းမှာ သွားစုံစမ်းတော့လည်း သူတစ်ပတ်တောင် ခွင့်ယူသွားတယ်တဲ့။ ဒီကိစ္စက ထူးဆန်းနေသလိုပဲ ။ မိုးရော ဘယ်လိုထင်လဲ "
မိုး ခဏ တိတ်ဆိတ်သွားပြီး...
"မောင်က သူ့သင်တန်းတောင် သွားစုံစမ်းသေးတယ်ပေါ့ ။ အရင်ကဖြတ်သွားတဲ့ ရည်းစားတွေဆို မောင် ဂရုမစိုက်ပါဘူး ။ မောင် မြတ်နိုးကို တကယ်ချစ်သွားတာလား"
မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ မိုးကြောင့် မြတ်မင်းမောင် စိတ်မကောင်းဖြစ်သွားရတယ် ။
"ဆောရီး...မိုး ၊ ကိုယ် ဒီတိုင်း သိချင်လို့ သွားမေးကြည့်တာပါ ။ သူက အေးအေးဆေးဆေးနေတတ်တော့ ကိုယ့်ကို ဒီတိုင်း စပြီးလမ်းခွဲသွားတာ အကြောင်းတစ်ခုခုရှိမယ်ထင်လို့ပါ"
"အင်း......"
မိုး မျက်နှာသိပ်မကောင်းတာမို့ မြတ်မင်းမောင် ကဗျာ့အကြောင်း ဘားမှာ သွားစုံစမ်းတာ ထပ်ပြောလို့မဖြစ် ။ မိုးက သည်းခံနားလည်ပေးနေတာကို သူ ဒီလောက်ထိ ပြောနေတာ လွန်နေတာ သိပါတယ်။ ဒီတော့ ခုဖြစ်နေတာတွေကို ကိုယ်တိုင် ဖြေရှင်းရမယ်။ မိုးကိုလည်း အသိမပေးတော့ပါဘူးလေ။
"မိုး မနေ့ညက ဘယ်သွားသေးလဲ "
"ဘာလို့လဲ မောင် ၊ မိုး မနေ့က အိမ်မှာပါ "
"ဟုတ်လား၊ ကိုယ် ဒီတိုင်းမေးကြည့်တာပါ"
မြတ်မင်းမောင် အထင်မှားတာလည်း ဖြစ်နိုင်တာပဲ ၊ မိုးကို မေးရင်းနဲ့ သူဘားကို သွားခဲ့တာ ထပ်သိသွားရင် မကောင်းပါဘူးလေ။
မြတ်မင်းမောင်က မိုးကို ဘာမှထပ်မမေးတော့ဘဲ အခြားအကြောင်းအရာတွေသာ ဆက်ပြောဖြစ်တော့တယ် ။
~~~~~~~~~~~~~~~~
မောင် ထွက်သွားတော့မှ မိုး မျက်ရည်တွေ ရစ်သိုင်းလာတယ် ။ မငိုမိအောင် မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်နှာ မော့ထားမိသည်။
မောင် မြတ်နိုးကို ချစ်မိသွားတာလား ။ ဒါဆို မြတ်နိုး နဲ့ မောင် ချစ်နေရင် မောင့်အနားမှာ ဆက်နေခွင့် ရှိပါဦးမလား ။ မြတ်နိုး က လမ်းခွဲသွားပြီ လို့ ပြောတယ်။ သူတို့ ပြန်အဆင်ပြေသွားဦးမှာလား ။
မိုး သက်ပြင်းရှိုက်မိတယ် ။ မောင်သာ မိုး တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိ ချစ်ပေးရင် သိပ်ကောင်းမှာပဲ ။ ခုတော့ ရည်းစားများတဲ့ ချစ်သူတစ်ယောက်ကို ရထားတာ အချိန်တိုင်း ရင်ပူနေရတယ်။ မောင် တစ်နေ့နေ့မှာ မိုး တစ်ယောက်ထဲကိုပဲ ချစ်လာနိုင်မှာလား ။ မိုး မသေချာပေမယ့် မျှော်လင့်နေမိပါတယ် ။
မိုး ခေါင်းကို လေးပင်စွာ ခါရင်း ပန်းကလေးတွေကိုပဲ အာရုံစိုက်ထားလိုက်တယ်။ ဘာလို့လဲဆိုတော့ စိတ်ညစ်နေတဲ့အချိန် ပန်းကလေးတွေနဲ့ အချိန်ဖြုန်းနေတာက စိတ်ကို လန်းဆန်းစေပြီး စိတ်ညစ်တာတွေကို ခဏမေ့ပျောက်နိုင်စေတယ်လေ ။
~~~~~~~~~~~~~~~
"မြတ်မင်း"
"ဪ ထက်မြတ် လာလေ ၊ ငါ မင်းကို စောင့်နေတာ"
"အင်း"
"မင်း ကိစ္စ အဆင်ပြေလား"
"ဘာကိစ္စလဲ"
"မင်း ကောင်မလေးနဲ့ ဒီနေ့ချိန်းတွေ့တယ်ဆို"
"ငါ့ ကောင်မလေး မဟုတ်ပါဘူးကွာ ၊ ငါ့ဘက်ကသာ တစ်ဖတ်သတ် ကြိုက်နေရတာ"
"ဟုတ်လား၊ ဒီနေ့တွေ့တာ အဆင်ပြေရဲ့လား"
"မပြေပါဘူးကွာ၊ သူ့မှာ ချစ်နေတဲ့သူ ရှိတယ်တဲ့လေ ။ ငါ့ကို ငြင်းလိုက်တယ်"
"ဟုတ်လား ၊ ငါ စိတ်မကောင်းပါဘူးကွာ"
"ရပါတယ်၊ ငါ့ကံပဲပေါ့ကွာ "
" မင်းလို လူတစ်ယောက်ကို သူပြန်ချစ်လာမှာပါ"
တကယ်ဆို ထက်မြတ်က ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိပြီး အလုပ်အကိုင်အတည်တကျရှိတယ် ။ သူနဲ့ ထက်မြတ်တို့ တက္ကသိုလ် မှာ စရင်းနှီးခဲ့တာဖြစ်တယ် ။ နောက်ပြီး သူစတွေ့ထဲက ထက်မြတ်က အေးဆေး တည်ကြည်ပြီး ဘယ်မိန်းကလေးကိုမှ စိတ်၀င်စားခဲ့တာမဟုတ် ။ ခုသူချစ်တဲ့ မိန်းကလေးတွေ့ပြန်တော့လည်း သူ့ကို ပြန်မချစ်ရှာဘူး ။
"ငါ သူ့ကို တစ်သက်လုံး စောင့်နေမှာပါ ။ သူ ငါ့အချစ်ကို တစ်နေ့တော့ နားလည်လာမှာပါ "
ထက်မြတ် ရဲ့ နာကျင်နေတဲ့ မျက်၀န်းနဲ့ လေးနက်တဲ့ စကားကြောင့် ထက်မြတ် ချစ်နေတဲ့ မိန်းကလေးကို သူ စိတ်၀င်စားသွားရတယ် ။ ထက်မြတ် ဆိုတဲ့သူက ဘယ်မိန်းကလေးကိုမှ စိတ်၀င်စားတယ်လို့ ပြောခဲ့ဖူးတာမဟုတ် ။ နောက်ပြီး ထက်မြတ်လို လူမျိုးကို ငြင်းတဲ့ ထူးဆန်းတဲ့ မိန်းကလေးကို သူ သိချင်မိတယ် ။ ထို့ကြောင့် သူ အလောတကြီး မေးလိုက်မိတယ် ။
"မင်း ကြိုက်နေတဲ့ မိန်းကလေးက ဘယ်သူများလဲ"
~~~~~~~~~~~~~~~~~
ဆက်ရန်...
Thin Zar Moe Oo
အခန္း ( ၅ )
ထိုမိန္းကေလးက မိုး နဲ႕ေတာ္ေတာ္တူေနတယ္။ ေဘးက လွမ္းျမင္လိုက္ရတာဆိုေတာ့ သိပ္ေတာ့ မေသခ်ာေသးဘူး ။ သူ ေရွ႕ကို တစ္လွမ္းခ်င္း လွမ္းသြားမိတယ္ ။ မိန္းကေလးကေတာ့ သူ႕ကို သတိထားမိတဲ့ ပုံမေပၚ ။ ေဆးလိပ္ကိုသာ ေသာက္ေနၿပီး အေတြးထဲမွာ နစ္ေျမာေနပုံရတယ္ ။ ျမတ္မင္းေမာင္ အနား ေရာက္ခါနီးမွာ...။
"ျမတ္မင္း"
ေခၚသံေၾကာင့္ ေနာက္ကို လွည့္ၾကည့္ေတာ့ သူ႕ရဲ႕ သူငယ္ခ်င္း ထက္ျမတ္ကို ေတြ႕လိုက္ရတယ္ ။
"မင္း ဒီကို ဘယ္လို ေရာက္လာတာလဲ ။ မင္း ခရီးသြားေနတုန္းဆို"
"ငါ ဒီေန႕ညေနပဲ ျပန္ေရာက္တာ၊ ငါ ဒီမွာ ခ်ိန္းထားတာရွိလို႔ ေရာက္လာတုန္း ။ခုန မင္းကို လွမ္းေတြ႕လို႔ ေနာက္က လိုက္လာတာ "
"ဪ..."
"မင္းက ဒီမွာ ဘာလုပ္ေနတာလဲ"
ထက္ျမတ္က စူးစမ္းသလို နဲ႕ ေမးတယ္ ။
"ငါ အထဲမွာ မြန္းက်ပ္ေနလို႔ အျပင္ခဏ ထြက္လာတာ၊ ဒါနဲ႕ ငါမိုးကို ေတြ႕လိုက္သလိုပဲ "
ျမတ္မင္းေမာင္က ခုနေတြ႕တဲ့ မိန္းကေလးကို သတိရၿပီး ျပန္လွည့္ၾကည့္ေတာ့ ေနရာမွာ မရွိေတာ့ပါ ။
"မင္း မူးေနၿပီ ထင္တယ္ ျမတ္မင္း ။ မိုးက ဒီကို လာမလား"
"အင္း ၊ ငါလူမွားတာ ေနမွာပါ။ မိုးလို မိန္းကေလးမ်ိဳးက ဒီကို လာပါ့မလား...ဟား "
ျမတ္မင္း ေျပာၿပီး ရယ္ေမာမိတယ္ ။ ေရခ်ိန္ကိုက္ၿပီး သူ ထင္ေယာင္ထင္မွား ျဖစ္သြားတဲ့ပုံပဲ ။
"လာ....ငါတို႔ အထဲျပန္သြားရေအာင္..."
"အင္း..."
သူ ေခါင္းညိတ္ၿပီး ထက္ျမတ္ နဲ႕ အတူ ထိုေနရာမွ ထြက္လာခဲ့ေတာ့တယ္။
ျမတ္မင္းေမာင္တို႔ ထြက္သြားၿပီးေနာက္ နံရံအကြယ္က မိန္းကေလးတစ္ေယာက္ထြက္လာခဲ့တယ္ ။ ျမတ္မင္းေမာင္တို႔ ထြက္သြားတာကို ခဏေလာက္ ရပ္ၾကည့္ေနၿပီးေနာက္ သူလည္း ထိုေနရာမွ ထြက္သြားေတာ့တယ္ ။
~~~~~~~~~~~~~~~~~~~~~
ျမတ္မင္းေမာင္က ေနာက္ေန႕ မိုးရဲ႕ ပန္းဆိုင္ေလးကို ထြက္လာခဲ့တယ္ ။ မိုးရဲ႕ ပန္းဆိုင္ကိုေရာက္တဲ့အခ်ိန္ မိုး နဲ႕ အတူစကားေျပာေနတဲ့သူတစ္ေယာက္ကို ျမင္ေတာ့ သူ အံၾသမိတယ္ ။ ထိုသူက အျခားမဟုတ္ သူ႕ သူငယ္ခ်င္း ထက္ျမတ္ ။ သူ နဲ႕ မိုး ဘယ္တုန္းက ဒီေလာက္ရင္းႏွီးသြားၾကတာလဲ ။
"မိုး "
သူ႕ေခၚသံၾကားေတာ့ မိုး အံ့ၾသသြားေသာ အမူအရာတစ္ခ်က္ျဖစ္သြားၿပီး ခဏသာ ၊ တည္တည္ၿငိမ္ၿငိမ္နဲ႕ ဆိုတယိ ။
"ဪ ...ေမာင္"
"ျမတ္မင္း"
ထက္ျမတ္က ၿပဳံးၿပီး ႏႈတ္ဆက္တယ္ ။
"မင္း ဒီကို ဘာလာလုပ္တာလဲ "
"ဒီေန႕ ငါ့ႀကိဳက္ေနတဲ့ ေကာင္မေလးနဲ႕ ခ်ိန္းထားလို႔ ။ သူ႕အတြက္ ပန္းလာ၀ယ္တာ"
"ဪ ...ဟုတ္လား ၊ ငါက မိုးဆီကို မင္း ဘာလို႔လာတာလဲလို႔ ေတြးေနတာ..."
"မင္းကလည္း ႀကံဖန္ ေတြးေနျပန္တယ္"
"မိုးက ငါ့ခ်စ္သူေလ..."
"ေအးပါကြာ ၊ ဒါဆို ညေနမွ ေတြ႕မယ္။ ငါ ခ်ိန္းထားတာရွိလို႔ သြားေတာ့မယ္"
ထက္ျမတ္က အေလာတႀကီးနဲ႕ ထြက္သြားဖို႔ ျပင္တယ္ ။
"ေအး ၊ ဪ..ခဏေနဦး ထက္ျမတ္ "
"ဘာလဲ"
"မင္း ပန္းစည္းလာယူတာမဟုတ္လား ။ မယူဘဲ ျပန္မလို႔လား "
ထက္ျမတ္ မ်က္ႏွာ တစ္ခ်က္ပ်က္သြားသည္ ။ ထို႔ေနာက္ ၿပဳံးရင္း....
"ဪ ငါ ခ်ိန္းထားတာကို စိတ္လႈပ္ရွားေနတာနဲ႕ ေမ့သြားတယ္ ။ ေက်းဇူးကြာ ၊ ဒါဆို ငါ သြားေတာ့မယ္...."
"အင္း.."
ထက္ျမတ္က မိုးလွမ္းေပးတဲ့ ပန္းစည္းကို ယူၿပီး သူတို႔ကို ႏႈတ္ဆက္ကာ ထြက္သြားတယ္ ။
" မိုးနဲ႕ ထက္ျမတ္ ပိုရင္းႏွီးလာသလိုပဲ "
ထက္ျမတ္ ထြက္သြားေတာ့မွ မိုးကို ေမးမိသည္။
"ေမာင့္ သူငယ္ခ်င္းက မိုးရဲ႕ သူငယ္ခ်င္းပဲေလ ။ ဘာလဲ ေမာင္က သ၀န္တိုေနတာလား...."
"သ၀န္တိုတာေပါ့ မိုးက ေမာင့္ ခ်စ္သူပဲေလ "
ျမတ္မင္းေမာင္ စကားအဆုံး မိုး မ်က္ႏွာပ်က္သြားတယ္ ။
ဒါေၾကာင့္ သူ ျမန္ျမန္ ေတာင္းပန္လိုက္ရတယ္ ။
"မိုး ေဆာရီးပါကြာ ၊ ကိုယ္ မိုးကို မယုံလို႔ မဟုတ္ပါဘူး...."
"အင္းပါ...မိုး သိပါတယ္။ ဒါနဲ႕ ေမာင္ ဒီကို လာတာ ေျပာစရာရွိလို႔မ်ားလား..."
"မိုးက ကိုယ့္စိတ္ကို အၿမဲတမ္း နားလည္ေနတာပဲ ။ ဟုတ္တယ္။ ကိုယ္ မိုးကို ေတြ႕ခ်င္လို႔ ေနာက္ၿပီး ေျပာစရာလည္း ရွိလို႔"
"ဘာမ်ားလဲ ေမာင္ "
"ကိုယ့္ကို ျမတ္နိုး လမ္းခြဲသြားတယ္ ။ ဟိုေန႕က ဖုန္းဆက္ၿပီးေျပာတယ္ ။ ကိုယ္ သူ႕ သင္တန္းမွာ သြားစုံစမ္းေတာ့လည္း သူတစ္ပတ္ေတာင္ ခြင့္ယူသြားတယ္တဲ့။ ဒီကိစၥက ထူးဆန္းေနသလိုပဲ ။ မိုးေရာ ဘယ္လိုထင္လဲ "
မိုး ခဏ တိတ္ဆိတ္သြားၿပီး...
"ေမာင္က သူ႕သင္တန္းေတာင္ သြားစုံစမ္းေသးတယ္ေပါ့ ။ အရင္ကျဖတ္သြားတဲ့ ရည္းစားေတြဆို ေမာင္ ဂ႐ုမစိုက္ပါဘူး ။ ေမာင္ ျမတ္နိုးကို တကယ္ခ်စ္သြားတာလား"
မ်က္ႏွာငယ္ေလးနဲ႕ ေျပာလာတဲ့ မိုးေၾကာင့္ ျမတ္မင္းေမာင္ စိတ္မေကာင္းျဖစ္သြားရတယ္ ။
"ေဆာရီး...မိုး ၊ ကိုယ္ ဒီတိုင္း သိခ်င္လို႔ သြားေမးၾကည့္တာပါ ။ သူက ေအးေအးေဆးေဆးေနတတ္ေတာ့ ကိုယ့္ကို ဒီတိုင္း စၿပီးလမ္းခြဲသြားတာ အေၾကာင္းတစ္ခုခုရွိမယ္ထင္လို႔ပါ"
"အင္း......"
မိုး မ်က္ႏွာသိပ္မေကာင္းတာမို႔ ျမတ္မင္းေမာင္ ကဗ်ာ့အေၾကာင္း ဘားမွာ သြားစုံစမ္းတာ ထပ္ေျပာလို႔မျဖစ္ ။ မိုးက သည္းခံနားလည္ေပးေနတာကို သူ ဒီေလာက္ထိ ေျပာေနတာ လြန္ေနတာ သိပါတယ္။ ဒီေတာ့ ခုျဖစ္ေနတာေတြကို ကိုယ္တိုင္ ေျဖရွင္းရမယ္။ မိုးကိုလည္း အသိမေပးေတာ့ပါဘူးေလ။
"မိုး မေန႕ညက ဘယ္သြားေသးလဲ "
"ဘာလို႔လဲ ေမာင္ ၊ မိုး မေန႕က အိမ္မွာပါ "
"ဟုတ္လား၊ ကိုယ္ ဒီတိုင္းေမးၾကည့္တာပါ"
ျမတ္မင္းေမာင္ အထင္မွားတာလည္း ျဖစ္နိုင္တာပဲ ၊ မိုးကို ေမးရင္းနဲ႕ သူဘားကို သြားခဲ့တာ ထပ္သိသြားရင္ မေကာင္းပါဘူးေလ။
ျမတ္မင္းေမာင္က မိုးကို ဘာမွထပ္မေမးေတာ့ဘဲ အျခားအေၾကာင္းအရာေတြသာ ဆက္ေျပာျဖစ္ေတာ့တယ္ ။
~~~~~~~~~~~~~~~~
ေမာင္ ထြက္သြားေတာ့မွ မိုး မ်က္ရည္ေတြ ရစ္သိုင္းလာတယ္ ။ မငိုမိေအာင္ မ်က္ေတာင္ေတြ ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း မ်က္ႏွာ ေမာ့ထားမိသည္။
ေမာင္ ျမတ္နိုးကို ခ်စ္မိသြားတာလား ။ ဒါဆို ျမတ္နိုး နဲ႕ ေမာင္ ခ်စ္ေနရင္ ေမာင့္အနားမွာ ဆက္ေနခြင့္ ရွိပါဦးမလား ။ ျမတ္နိုး က လမ္းခြဲသြားၿပီ လို႔ ေျပာတယ္။ သူတို႔ ျပန္အဆင္ေျပသြားဦးမွာလား ။
မိုး သက္ျပင္းရွိုက္မိတယ္ ။ ေမာင္သာ မိုး တစ္ေယာက္ထဲကိုပဲ သစၥာရွိရွိ ခ်စ္ေပးရင္ သိပ္ေကာင္းမွာပဲ ။ ခုေတာ့ ရည္းစားမ်ားတဲ့ ခ်စ္သူတစ္ေယာက္ကို ရထားတာ အခ်ိန္တိုင္း ရင္ပူေနရတယ္။ ေမာင္ တစ္ေန႕ေန႕မွာ မိုး တစ္ေယာက္ထဲကိုပဲ ခ်စ္လာနိုင္မွာလား ။ မိုး မေသခ်ာေပမယ့္ ေမွ်ာ္လင့္ေနမိပါတယ္ ။
မိုး ေခါင္းကို ေလးပင္စြာ ခါရင္း ပန္းကေလးေတြကိုပဲ အာ႐ုံစိုက္ထားလိုက္တယ္။ ဘာလို႔လဲဆိုေတာ့ စိတ္ညစ္ေနတဲ့အခ်ိန္ ပန္းကေလးေတြနဲ႕ အခ်ိန္ျဖဳန္းေနတာက စိတ္ကို လန္းဆန္းေစၿပီး စိတ္ညစ္တာေတြကို ခဏေမ့ေပ်ာက္နိုင္ေစတယ္ေလ ။
~~~~~~~~~~~~~~~
"ျမတ္မင္း"
"ဪ ထက္ျမတ္ လာေလ ၊ ငါ မင္းကို ေစာင့္ေနတာ"
"အင္း"
"မင္း ကိစၥ အဆင္ေျပလား"
"ဘာကိစၥလဲ"
"မင္း ေကာင္မေလးနဲ႕ ဒီေန႕ခ်ိန္းေတြ႕တယ္ဆို"
"ငါ့ ေကာင္မေလး မဟုတ္ပါဘူးကြာ ၊ ငါ့ဘက္ကသာ တစ္ဖတ္သတ္ ႀကိဳက္ေနရတာ"
"ဟုတ္လား၊ ဒီေန႕ေတြ႕တာ အဆင္ေျပရဲ႕လား"
"မေျပပါဘူးကြာ၊ သူ႕မွာ ခ်စ္ေနတဲ့သူ ရွိတယ္တဲ့ေလ ။ ငါ့ကို ျငင္းလိုက္တယ္"
"ဟုတ္လား ၊ ငါ စိတ္မေကာင္းပါဘူးကြာ"
"ရပါတယ္၊ ငါ့ကံပဲေပါ့ကြာ "
" မင္းလို လူတစ္ေယာက္ကို သူျပန္ခ်စ္လာမွာပါ"
တကယ္ဆို ထက္ျမတ္က ၾကည့္ေကာင္းတဲ့ ႐ုပ္ရည္ရွိၿပီး အလုပ္အကိုင္အတည္တက်ရွိတယ္ ။ သူနဲ႕ ထက္ျမတ္တို႔ တကၠသိုလ္ မွာ စရင္းႏွီးခဲ့တာျဖစ္တယ္ ။ ေနာက္ၿပီး သူစေတြ႕ထဲက ထက္ျမတ္က ေအးေဆး တည္ၾကည္ၿပီး ဘယ္မိန္းကေလးကိုမွ စိတ္၀င္စားခဲ့တာမဟုတ္ ။ ခုသူခ်စ္တဲ့ မိန္းကေလးေတြ႕ျပန္ေတာ့လည္း သူ႕ကို ျပန္မခ်စ္ရွာဘူး ။
"ငါ သူ႕ကို တစ္သက္လုံး ေစာင့္ေနမွာပါ ။ သူ ငါ့အခ်စ္ကို တစ္ေန႕ေတာ့ နားလည္လာမွာပါ "
ထက္ျမတ္ ရဲ႕ နာက်င္ေနတဲ့ မ်က္၀န္းနဲ႕ ေလးနက္တဲ့ စကားေၾကာင့္ ထက္ျမတ္ ခ်စ္ေနတဲ့ မိန္းကေလးကို သူ စိတ္၀င္စားသြားရတယ္ ။ ထက္ျမတ္ ဆိုတဲ့သူက ဘယ္မိန္းကေလးကိုမွ စိတ္၀င္စားတယ္လို႔ ေျပာခဲ့ဖူးတာမဟုတ္ ။ ေနာက္ၿပီး ထက္ျမတ္လို လူမ်ိဳးကို ျငင္းတဲ့ ထူးဆန္းတဲ့ မိန္းကေလးကို သူ သိခ်င္မိတယ္ ။ ထို႔ေၾကာင့္ သူ အေလာတႀကီး ေမးလိုက္မိတယ္ ။
"မင္း ႀကိဳက္ေနတဲ့ မိန္းကေလးက ဘယ္သူမ်ားလဲ"
~~~~~~~~~~~~~~~~~
ဆက္ရန္...
Thin Zar Moe Oo