❄5❄
"အခ်စ္...ေရ..ထေတာ့..."
ေဂ်ာင္ဆူးကို ႏႈတ္မွ ႏႈိးေနရင္း...သူသည္..
အိပ္ခန္းထဲက..ျပတင္းေပါက္တိုင္း႐ွိ...
လိုက္ကာမ်ားကို...လိုက္ဖြင့္ေနသည္။..
မ်ားလိုက္တ့ဲ..ျပတင္းေပါက္ေတြ...။
အခ်စ္ကို ၾကည့္လိုက္ေတာ့...ေစာင္ျခံဳၿပီး...
တစ္ဖက္လွည့္ကာျပန္အိပ္သြားသည္။...
"အခ်စ္ေရ...ထေတာ့ဆိုေန...ေတာ္ၾကာ..
ဖက္ထုပ္ဆိုင္က..ေနရာမရလို႔...မစားရဘဲ..
ေနလိမ့္မယ္။အ့ဲဆိုင္ကလူတိုးေနတာ..."
အခ်စ္က...မထေသး..။
တအိအိ..တအဲအဲႏွင့္...ခုတင္ေပၚတြင္..
ဟိုလိွ္မ့္ဒီလိွမ့္...။
"မင္း...သြားဝယ္လိုက္ေလ။ျပန္လာမွငါ့ကို
ႏႈိး။ ငါအခု ျပန္အိပ္လိုက္ဦးမယ္။.."
"ဟာ..မရဘူး။ ထ! အ့ဲလိုနဲ႔ အက်င့္ပါသြားမယ္။"
သူ..အခ်စ္၏ေစာင္ကို..အတင္းဆြဲခြၽတ္သည္။..
သို႔ေသာ္...အခ်စ္က..တုပ္တုပ္မ်ွမလုပ္။...
အင္း...။ ခက္တယ္ အခ်စ္ရယ္။...
"အေမ့!!! ဆယ္ဟြန္း!!"
သူ...ေဂ်ာင္ဆူးကို...ေစြ႔ခနဲ....ေပြ႔ခ်ီလိုက္ေတာ့..
ေဂ်ာင္ဆူးမ်က္လုံးေတြ...ျပဴ းက်ယ္ကုန္သည္။..
"အခ်စ္မွ..မထတာ။အ့ဲေတာ့ ကြၽန္ေတာ္ရတ့ဲ
နည္းသုံးရတာေပါ့။...ဟက္.."
သူ...ေရခ်ိဳးခန္းထဲထိေပြ႔ခ်ီၿပီး..ေႂကြဇလုံထဲတြင္
ခ်ေပးလိုက္သည္။...
အိပ္ရာထခါစ..ဆံပင္ ဘိုသီဘတ္သီ ႏွင့္
ထိုးထိုးေထာင္ေထာင္ျဖစ္ေနေသာ...
အခ်စ္သည္...သူ႔မ်က္လုံးထဲတြင္...ကေလးငယ္
ေလးႏွင့္တူသည္။...
အင္း...သူ စိတ္မထိန္းႏိုင္။...
ႁပြတ္စ္...
အခ်စ္၏ အိပ္ရာထခါစ ႏႈတ္ခမ္းအိအိေလးကို
သူ..ဖိနမ္းလိုက္သည့္အခါ...
အခ်စ္၏..မ်က္လုံးမ်ားသည္..ျပဴ းက်ယ္သြား
သည္။...
"ဆယ္ဟြန္း...မင္း မရြံဘူးလား...ငါ
သြားေတာင္....မတိုက္ရေသးဘူး။..."
"ရြံစရာလား။..ကြၽန္ေတာ့္အခ်စ္ေလးကို.."
"ေတာင္းပန္ပါတယ္...ဆယ္ဟြန္း.."
"ဘာကိုလဲ...အခ်စ္ရဲ႕.."
ေဂ်ာင္ဆူး၏..ေတာင္းပန္မႈကို..သူနားမလည္။..
"မသိဘူး...ငါ..ငါ..ဒီအတိုင္း...မင္းကို..
ေတာင္းပန္ခ်င္တာ..."
"သက္သက္မ့ဲ...စိတ္အားငယ္ေနျပန္ၿပီ။
အခ်စ္ရယ္။..ကဲ..ေရခ်ိဳးေတာ့...ကြၽန္ေတာ္
အျပင္မွာ..အဝတ္ထုတ္ထားေပးမယ္။..
ဘာလဲ...ေရခ်ိဳးေပးတာခံခ်င္လို႔လား..."
"ဟာ...မဟုတ္ပါဘူး။..သြား..မင္းေရခ်ိဳးခန္းထဲ
က..ထြက္...။"
႐ွက္႐ွက္ႏွင့္ သူ႔အား...အျပင္သို႔..အတင္း
ေမာင္းထုတ္ေနသည့္..အခ်စ္။
တစ္ခါတစ္ေလ...အခ်စ္ဟာ..
အူေၾကာင္ၾကားေလး။..
.
.
.
မွားယြင္းေနသည္။..
ဘာကမွားေနမွန္းသူမသိ....။
အခုတေလာ...သူအတြက္..မေသခ်ာမေရရာမႈ
ေတြ..သိပ္မ်ားေနသည္။...
ဘယ္အရာကိုမွ..ျပတ္ျပတ္သားသား...
မဆုံးျဖတ္ႏိုင္။...
သူ..ေနာင္တအရာဆုံးအရာက...ဆယ္ဟြန္းကို
လက္ခံလီုက္ျခင္းပင္။...
ကိုကို႔ ကို စိတ္နာလို႔...ဆယ္ဟြန္းက...
သူ႔နာက်င္မႈကို..ေျဖေျဖာက္ႏိုင္ေကာင္းပါရဲ႕..
ဆိုသည့္..အေတြး ႏွင့္ စိတ္လိုက္မာန္ပါျပဳမိသည္
က...သူ႔ အတြက္...အသစ္စက္စက္....
ေနာင္တတစ္ခုျဖစ္လာသည္။...
ဆယ္ဟြန္း...သူ႔ကို...ၾကင္နာသည့္...
အခါမ်ိဳးမွာ....ကိုကို႔ကို..လြမ္းဆြတ္မိတာမ်ိဳး..
မၾကာခဏျဖစ္၏...။
ဆယ္ဟြန္း၏...အျပစ္ကင္းသည့္မ်က္ဝန္းတစ္စုံကို...ျမင္ရသည့္အခါ...သူသည္.....
အျပစ္႐ွိသလို...ခံစားရသည္။...
ညအိပ္ရင္ေတာင္....မလုံမလဲခံစားခ်က္ႀကီးက..
သူ႔ကို..အိပ္မက္ထဲထိေျခာက္လွန္႔တတ္၏...။
ခိုးကလဲစားခ်င္.....မိသြားမွာလဲေၾကာက္....သည့္
ခံစားခ်က္မ်ိဳး။....
ဒါေပမ့ဲ...ကိုကို႔..လုပ္ရပ္ကိုၾကည့္ၿပီး...သူ..
ဆယ္ဟြန္းကို...မွီခိုခ်င္လာသည္။...
ဆယ္ဟြန္းႏွင့္ ဆိုလ်ွင္....သူ့စိတ္ေတြက...
အလိုလို...လြတ္လပ္ေနသည္။...
ဆယ္ဟြန္း..သူ႔ဆီေရာက္လာသည္မွာ...
လပိုင္းမ်ွသာ႐ွိေသာ္လည္း...သူ..ဘာႀကိဳက္တတ္သည္....ဘာမႀကိဳက္တတ္သည္....ကို..
အလိုလို..သိေနသည္။...
အိပ္ေနရင္းႏႈိးေမးတာေတာင္....အလြတ္ရြတ္ျပ
ပါလိမ့္မည္။....
ကိုကိုကေတာ့...အခုေနသြားေမးရင္ေတာင္
ေသခ်ာေျပာႏိုင္မည္မဟုတ္....
သိသလိုလို...မသိသလိုလိုႏွင့္..ေလ်ွာခ်သြား
လိမ့္မည္။...
လူတစ္ေယာက္ရဲ႕...အခ်က္ေတြကိုသိဖို႔က...
ရင္းႏွီးမႈ..အခ်ိန္ကာလႏွင့္...မဆိုင္....
ထိုလူ႔အေပၚ...ဘယ္ေလာက္အေရးထားသလဲ
ႏွင့္သာ..ဆိုင္သည္လို႔...သူထင္သည္။...
ကိုကို...က..သူ႔ကိုမွ...အေရးမထားပဲ...။
ကိုကိုက ကိုကိုျဖစ္ခ်င္တာေတြကိုသာ..
သူ႔ကို...လုပ္ခိုင္းသည္က..မ်ားသည္။...
သူ ႀကိဳက္လား..မႀကိဳက္လားမေမး...
ကိုကိုႀကိဳက္လ်ွင္...သူလဲႀကိဳက္ရမည္ဆိုသည့္..
ရာဇသံႏွင့္..ေနလာသည္မွာ...ၾကာခ့ဲၿပီ။...
အင္း...။တစ္ခါတစ္ေလေတာ့လဲ...ကိုကို႔ကို..
သူဘယ္ေလာက္ထိ..နာက်င္ေနလဲဆိုတာ...
သိေအာင္ျပခ်င္သည္။...
သူ ခံစားရသလို...ကိုကို႔ ကိုခံစားေစခ်င္သည္။..
မိသားစုမ႐ွိ...ပိုင္ဆိုင္သည့္ ပစၥည္းဥစၥာ မ႐ွိသည့္
သူ႔မွာ...လက္ဆုပ္လက္ကိုင္...ျပစရာ..ပိုင္ဆိုင္မႈ
ဆိုလို႔...ကိုကို...ႏွင့္ကိုကို႔အေပၚထားသည့္...
အခ်စ္သာ..႐ွိသည္။...
ဒါကိုေတာင္.....ကိုကိုလုပ္ရက္သည္။...
ေတာ္ၿပီ...ကိုကို႔အေၾကာင္းေတြးရင္....
နာက်င္မႈေတြ..ဆင့္ကဲထပ္လာတာမို႔...
မေတြးခ်င္ေတာ့..။
အခု...ကိုကို..သူ႔ေဘးမွာမ႐ွိတ့ဲအခ်ိန္...
ဆယ္ဟြန္းႏွင့္..ေပ်ာ္ေပ်ာ္ေနမည္....။
မျဖစ္ေသး...ကိုကို...သိသြားရင္.....။
အို...ကိစၥမ႐ွိ...ေနာင္ခါလာေနာင္ေစ်း။..
အခုေတာ့...သူ...ဆယ္ဟြန္းကိုလိုအပ္ေနပါ
သည္။...
ဆယ္ဟြန္း..ေပးသည့္..ေႏြးေထြးမႈကို...
ခံစားၾကည့္မည္။...
ဒီေလာက္ပဲ...ဒီေလာက္ပဲ...
သူ..ဆုံးျဖတ္ထားပါသည္။...
"အခ်စ္ေရ!!! ေရခ်ိဳးခန္းထဲမွာအိပ္ေပ်ာ္ေနၿပီလား၊
အေအးပတ္ေတာ့မွာပဲ..."
အခန္းျပင္က..ဆယ္ဟြန္း၏..စိုးရိမ္သံက..
သူ႔ကို..ၾကည္ႏူးေစသည္။...
ေနပါေစဦး...ဆယ္ဟြန္းကို...ပိုစိတ္ပူေအာင္
လုပ္ဦးမွ....ဟိဟိ..။
"အခ်စ္ေရ...ထြက္ေတာ့ေလဗ်ာ !!...
ေနမေကာင္းျဖစ္ေတာ့မယ္..."
"..."(ဟိဟိ)
"အခ်စ္ေရ...ကြၽန္ေတာ္ဝင္လာရမလား။.."
"အဲ...ငါ..ငါၿပီးၿပီ..ဆယ္ဟြန္း..ထြက္လာ
ေတာ့မွာ.."
.
.
.
"ဟတ္ခ်ိဳး!!"
လမ္းေလ်ွာက္ေနရင္း...သူ႐ုတ္တရက္...
ႏွာေခ်လိုက္ေတာ့...ဆယ္ဟြန္း၏..လက္က..
သူ႔နဖူးေပၚ...အလိုလိုေရာက္လာသည္။..
"ေတြ႔လား...ဖ်ားၿပီ!! အ့ဲဒါေၾကာင့္...
ကြၽန္ေတာ္ေျပာတယ္...ေရျမန္ျမန္ခ်ိဳးလို႔..."
"..."
"အခ်စ္ကို...အိမ္ျပန္လိုက္ပို႔ေပးမယ္။...
အိမ္မွာ နားနားေနေန သြားေနေနာ္။..
ၿပီးမွ...ကြၽန္ေတာ္...ဖက္ထုတ္သြားဝယ္ေပးမယ္။"
"ဆယ္ဟြန္းရယ္...ငါ...ေယာက်ာ္းေလးပါဟ!
ဒီေလာက္ေလးနဲ႔မေသပါဘူး။...လာ...
ဘယ္မလဲ...မင္းေျပာတ့ဲ...ဖက္ထုပ္ဆိုင္။...
အ့ဲကိုပဲသြားမယ္။..."
ဆယ္ဟြန္းနဲ႔မွ...သူေတာင္...စကားမ်ားတတ္လာ
ၿပီ...
ဆယ္ဟြန္းေခၚလာသည့္..ဖက္ထုပ္ဆိုင္သည္..
လမ္းေဘးပလက္ေဖာင္းတြင္...ဖြင့္ထားေသာ..
ဆိုင္ေလးတစ္ဆိုင္သာ..။
သူထင္ထားတာ...ဆိုင္ႏွင့္ကနားႏွင့္...
သပ္သပ္ရပ္ရပ္....
ဒါေပမ့ဲ...စားၾကည့္ရမွာပဲ...
ဆယ္ဟြန္းက...သူ႔ကို...ဘယ္ေတာ့မွ...
မေကာင္းတာ...မၫႊန္ဖူးဘူးေလ။...
"အေဒၚေရ...ဖက္ထုပ္ႏွစ္ပြဲဒီကိုခ်ေပးပါ။"
ဆယ္ဟြန္းက...ဖက္ထုပ္သည္ကို...လွမ္းေအာ္
သည္။
စားပြဲေပၚမွာ...ဝါးတူကို..ေဖာက္ကာ..
သူ႔လက္ထဲ..ထည့္ေပးသည္။...
"ေရာ့..အခ်စ္...."
"..."
"စားလို႔ေကာင္းလား။..အခ်စ္..."
သူ...စားဖူးသမ်ွ..ဖက္ထုပ္ထဲ...ဒီဖက္ထုပ္က
ဘာႏွင့္မွမတူ...တစ္ဖ့ဲကိုက္လိုက္႐ုံႏွင့္...
အိခနဲ...။
"အရမ္း..စားေကာင္းတယ္။"
"ဟား..ေတာ္ေသးတာေပါ့...ကြၽန္ေတာ္က
အခ်စ္ႀကိဳက္မွ...ႀကိဳက္ပါ့မလားလို႔...
စိုးရိမ္ေနတာ....တကယ္ေတာ္ေသးတယ္။.."
"မင္း...ငါ..ၿငိဳ ျငင္မွာ..အ့ဲေလာက္ေၾကာက္လား။"
"..."
"ေျဖေလ..."
ဆယ္ဟြန္းက...မေျဖ...သူ႔ကိုသာ...စိုက္ၾကည့္
ေနသည္။..
"ဟင့္အင္း...အခ်စ္..ၿငိဳ ျငင္မွာထက္....
အခ်စ္....ကြၽန္ေတာ့္အေပၚခံစားခ်က္မ႐ွိမွာကို..
ေၾကာက္တာ.."
ထိုသို႔..ေျပာၿပီးေနာက္....ဆယ္ဟြန္း
ေနာက္ထပ္....ဘာစကားတစ္ခြန္းမွမဆိုဘဲ...
ဖက္ထုပ္ကိုသာ...တစ္ခုၿပီး...တစ္ခု...
ပါးစပ္ထဲ...အထဲထိုးသြင္းေနသည္။...
ဒီကေလး...စိတ္မေကာင္းျဖစ္သြားပုံပဲ။..
ခက္တယ္။...သူ႔ကလဲ...မေခ်ာ့တတ္..။
"ငါ...ငါ...မင္းအေပၚ...ခံစားခ်က္႐ွိ..ပါတယ္။
ဆယ္ဟြန္း။...ဒါေပမ့ဲ...အ့ဲဒီခံစားခ်က္က...
ဘာဆိုတာ...ခုေတာ့...ငါမေသခ်ာေသးဘူး ။
တစ္ေန႔ေန႔ေတာ့သိလာမွာပါ။...မင္းသာ...
စိတ္႐ွည္႐ွည္ေစာင့္ႏိုင္ရင္ေပါ့..."
လင္းလက္သြားသည့္...ဆယ္ဟြန္း၏...
မ်က္ဝန္းတစ္စုံ...။
အင္း...သူ႔ခံစားခ်က္အစစ္အမွန္....သိပ္မၾကာခင္
မွာ...႐ွာေတြ႔တန္ေကာင္းပါရဲ႕..။
လက္႐ွိမွာေတာ့...သူ..ဆယ္ဟြန္းအေပၚ..
ခံစားခ်က္႐ွိသည္ဆိုတာ..ေသခ်ာသည္။..
သို႔ေသာ္...ေသခ်ာ႐ုံေလးသာ...
ဘာခံစားခ်က္မွန္း...အဓိပၸါယ္မေဖာ္တတ္။..
အခ်စ္ေတာ့...မဟုတ္ေသး...
အစားထိုးမႈေလးတစ္ခု...။
လဲၿပိဳခါနီး...သစ္ပင္ကို...မလဲေစရန္...
ေထာက္ထားေပးသည့္...ဝါးလုံးလိုမ်ိဳး..။
ဟုတ္တယ္....ဆယ္ဟြန္းက...ဝါးလုံးေလး။..
အင္း...ထိုမ်ွေလာက္သာ..။
"ေနာက္ေန႔လဲ...ငါတို႔..ဒီမွာလာစားရေအာင္။"
"အင္း...အခ်စ္သေဘာ...။"
❄❄❄❄
"ဆယ္ဟြန္း မင္းျခံတံခါး ေသာ့မခတ္ခ့ဲဘူး
လား။"
ျခံတံခါးပြင့္ေနသည့္အတြက္....သူစိုးရိမ္စြာႏွင့္
ေမးလိုက္သည္။...
"ခတ္ခ့ဲတယ္...အခ်စ္ရဲ႕။ၾကည့္ရတာ ဒီေန႔
အေဒၚႀကီးကေစာေစာလာတယ္ထင္တယ္။
အေဒၚႀကီးမွာလဲ..ေသာ့႐ွိတယ္မလား။"
မျဖစ္ႏိုင္။..သူ႔အိမ္မွာ..အလုပ္လုပ္သည့္...
သက္တမ္းတစ္ေလ်ွာက္လုံး..အေဒၚႀကီးက..
ဘယ္ေတာ့မွ..ေစာေစာမလာဖူး။
အနည္းငယ္ေတာ့...စိုးရြံ႔လာသည္။..
အခုေန...ကိုကိုသာေရာက္ေနရင္......
မဟုတ္ေလာက္ပါ။...သူအေတြးလြန္းေနျဖစ္မည္။..
သူ...အိမ္ထဲဝင္လိုက္သည့္အခါ...
ဧည့္ခန္းတြင္ထိုင္ေနေသာ..ကိုကို...။
"ကိုကို..!"
"ဆူး...မနက္ေစာေစာစီးစီးဘယ္သြားေနတာလဲ။"
သူ႔ အေနာက္တြင္႐ွိေသာ..ဆယ္ဟြန္းသည္
ခ်န္ေယာလ္ကို...အံ့ျသစြာၾကည့္ေနသည္။..
ဟင့္အင္း...ဆယ္ဟြန္း..အမွန္ကိုသိလို႔မျဖစ္။..
ကိုကိုလဲ...သူတို႔အေၾကာင္းရိပ္မိလို႔မျဖစ္။..
သူ..ေခြၽးျပန္လာသည္။...
"ဆယ္ဟြန္း...မင္း အိမ္ျပန္ေတာ့!!"
" အန္!!"
" မင္း အိမ္ မင္း ျပန္လို႔ေျပာေနတာ.."
" ညီက...အိမ္ေတာ္ထိန္းအသစ္လား။.."
ကိုကိုက...ဆယ္ဟြန္းကိုျပဳံးၿပီးေမးေနခ်ိန္..
သူ႔မွာေတာ့...ေျခဖ်ားလက္ဖ်ားေတြေအးစက္ေန
သည္။...
"ဟုတ္ပါတယ္...ကြၽန္ေတာ့္ နာမည္ ရီွရႊင္းပါ။"
"ကိုယ္က..ေဂ်ာင္ဆူးအကိုပါ။..ကိုယ့္္ညီကို
ေစာင့္ေ႐ွာက္ေပးတာ..ေက်းဇူးတင္ပါတယ္။"
"ဒါ..ကြၽန္ေတာ့္အလုပ္ပါ.."
ရင္ထဲစို႔ေနသည္အရာတစ္ခုက...အခုမွက်
သြားသလို...။
အနည္းဆုံးေတာ့...ဆယ္ဟြန္းရိပ္မိမွာ...
မဟုတ္ေတာ့...။
"ကဲ..ညီေရ...မင္းလဲသိမွာပါ။..ကိုယ္လာရင္..
Villa မွာအလုပ္လုပ္တ့ဲသူတိုင္း...အိမ္ျပန္ရ
တယ္ဆိုတာ.."
"ဟုတ္က့ဲ...သိပါတယ္။..ခ်..အဲ...သခင္ေလး
ကြၽန္ေတာ္..အခန္းထဲမွာ..ပစၥည္းသြားသိမ္း
လိုက္ပါဦးမယ္။..."
ဆယ္ဟြန္း...အေပၚတက္သြားသည္ကို
ၾကည့္ၿပီး...သူရင္ထဲဆို႔နင့္ေနခ့ဲပါသည္။...
ေ႐ွ႕တြင္႐ွိေသာ..ကိုက့ို..ကိုေတာင္...
႐ုတ္တရက္ေမ့သြားခ့ဲပါသည္။...
.
.
.
"ပါး...ကြၽန္ေတာ္လာတယ္။..."
ျခံေ႐ွ႕ကေန...သူအိမ္ထဲကိုလွမ္းေအာ္ေတာ့..
ပါးပါး..ကအျမန္ေျပးထြက္လာသည္။..
"ဟာ...ေ႐ွာင္ရႊင္း...သား!"
ပါးပါးက ဝမ္းသာအားရႏွင့္ေျပးဖက္သည္။..
"သားက...ပါးကိုအေၾကာင္းမၾကားဘာမၾကား
နဲ႔..ဘယ္လိုေရာက္ခ်လာတာလဲ"
"ဒီလိုပဲ...ပါး..အ့ံျသေအာင္လို႔.."
ပါးပါး၏မ်က္လုံးမ်ားသည္...႐ႊင္ျပေနသည္။..
သားအဖ ႏွစ္ေယာက္တည္း႐ွိတာမို႔...
ပါးပါးက..သူ႔ကို..တုန္ေနေအာင္ခ်စ္သည္။..
'ပါး...ေျခေထာက္က သက္ေရာသက္သာ
ရဲ႕လား။..."
"သက္သာတာေပါ့..သားရဲ႕...အခုဆို..
မာရသြန္ေတာင္ဝင္ၿပိဳင္လို႔ရေနၿပီ.."
"အမေလး..မလုပ္ပါနဲ႔..ေနာက္တစ္ခါထပ္က်ိဳး
ေနမယ္..."
"ဟား...ဟား..."
သူ...အခ်စ္တြက္စိတ္မခ်ျဖစ္ေနေပမ့ဲ...
ပါးပါးဆီကိုလာရတာ...သူေပ်ာ္ပါသည္။ ..
"ေရာ့..ပါး..."
ပါးပါးလက္ထဲ..စာအိတ္အျဖဴ ေရာင္ေလးကို
လွမ္းေပးလိုက္သည္။..
"ဒါ...ဘာလဲ..ေ႐ွာင္ရႊင္း? "
"ပါးပါး...သုံးဖို႔..."
"အာ..မယူပါဘူး။သားသုံးဖို႔သိမ္းထား..။
လတိုင္းလဲ သား ပါးကို ပို႔ေပးေနတာပဲ..
အဲ့ပိုက္ဆံေတြေတာင္ ပါး မကုန္ဘူး...။"
"ယူထားပါ။..ပါးရဲ႕။ သူငယ္ခ်င္းေတြနဲ႔
အရက္ေလး ဘာေလးေသာက္ဖို႔သုံးေလ..."
ဒီတစ္ခါေတာ့..ပါးက..မျငင္းေတာ့။..
"ဒါနဲ႔..ေ႐ွာင္ရႊင္း။သားကိုတစ္ခုေမးမယ္။
ပါး ကို မညာနဲ႔ေနာ္...။ သား ပါးကို..
တစ္လတစ္ခါလဲ ပိုက္ဆံပို႔တယ္။..
အ့ဲဒီ ပိုက္ဆံေတြကလဲ အမ်ားႀကီး..
အခုေပးတဲ့ ပိုက္ဆံကလဲ အမ်ားႀကီးပဲ...
မွန္မွန္ ေျဖ...သား အခ်ိန္ပိုင္းလုပ္ေနတာေရာ
ဟုတ္ရဲ႕လား။...တျခားမေကာင္းတာမ်ား..."
"ဟာ!ပါးပါးကလဲ သားက မေကာင္းတာ
လုပ္ပါ့မလား။..အခ်ိန္ပိုင္းပဲလုပ္တာပါ။..
သားရဲ႕ အလုပ္႐ွင္က သားအလုပ္ႀကိဳးစားလို႔
bonusေပးတာ။ ၿပီးေတာ့ သားက
အေဆာင္ခ မကုန္ဘူးေလ။ သား သူငယ္ခ်င္းက
သူ႔အိမ္မွာ ေပးေနတာ.."
ပါးပါး၏ မသကၤာအၾကည့္ေတြေၾကာင့္..
သူ ပါးစပ္ထဲ႐ွိသမ်ွ ဆင္ေျခအကုန္က...
ကရားေရလႊတ္သလိုထြက္လာ၏..။
အခုေန..သူ႔ အေျခအေနအမွန္ကို..
ပါးပါး...သိလို႔မရေသး။..
ပါးပါး သိလ်ွင္ အခ်စ္အတြက္လည္း..မေကာင္း။
သူ႔အတြက္လည္း..ျပသနာ႐ွိသည္။..
ပါးပါးက သူ႔အေပၚေမ်ွာ္လင့္ခ်က္ႀကီးသည္။
သူ ေဆးေက်ာင္း ပထမႏွစ္စတက္တည္းက
ငါ့ သားက ဆရာဝန္ေလာင္း ပါဆိုၿပီး..
အလုပ္ခြင္တစ္ခုလုံး..လိုက္ႂကြားေနသည္မွာ
အထက္လူႀကီး..အျမင္ကတ္တ့ဲအထိ။..
တကယ္တမ္း သူ ေက်ာင္းနားထားမွန္းသာ
သိလ်ွင္...ပါးပါး..ေ႐ွာခ့္ရသြားႏိုင္သည္။..
"အင္း...ၿပီးေရာေလ။ အခ်ိန္ပိုင္းေတြလဲ
သိပ္မလုပ္နဲ႔...စာလဲက်က္ဦး။ ပါး အတြက္လဲ
သိပ္မပူနဲ႔။ ပါး ေျခေထာက္ကလဲ ျပန္ေကာင္း
ေနေတာ့ အလုပ္ျပန္လုပ္ဖို႔စဥ္းစားထားတယ္။"
"မလုပ္ပါနဲ႔ဆို..ပါးပါး ကလဲ..ကြၽန္ေတာ္
႐ွာေကြၽးပါ့မယ္ဆိုေန..."
"အလုပ္မ႐ွိဘဲ ပါး မွမေနတတ္တာ..
အလုပ္ကလဲ ဒီနီးနီးနားနား မွာပဲလုပ္မွာပါ။
ကဲ...သား သြားနားေတာ့...ညစာစားခါနီးမွ
ပါးေခၚလိုက္မယ္။.."
"အင္း...ပါး"
.
.
.
အခန္းထဲဝင္လာၿပီးေနာက္...သူခုတင္ေပၚတြင္
ေျခပစ္လက္ပစ္ လွဲခ်လိုက္သည္။...
တစ္ရက္မျပည့္ေသးဘူး။..လြမ္းေနၿပီ။
အခ်စ္ရယ္။
အခုဆို..Villa မွာ အခ်စ္တစ္ေယာက္...
သူ႔ကိုဘယ္ေလာက္ေတာင္လြမ္းေန႐ွာမလဲ။..
အခ်စ္...အဆင္မွေျပရဲ႕လား။..
ဟင့္အင္း...အခ်စ္ဘယ္လိုမွ အဆင္ေျပမွာ
မဟုတ္။..
မနက္က ေတြ႔ခ့ဲရသည့္ ျမင္ကြင္းေၾကာင့္
သူ..အခ်စ္၏ ဘဝကို နည္းနည္းေတာ့
ဇာတ္ရည္လည္လာသည္။..
အခ်စ္၏...အခ်စ္ဦးက...အခ်စ္ရဲ႕ အစ္ကိုနဲ႔
လက္ထပ္ထားသည္။
ဒါေၾကာင့္ အခ်စ္...ဒီေလာက္နာက်င္ေနတာေပါ့။
အစ္ကိုရဲ႕ အုပ္ထိန္းမႈေအာက္မွာေနရတ့ဲ
အခ်စ္က...အစ္ကို႔ကို မလြန္ဆန္ႏိုင္။..
အခ်စ္ဦးကိုလဲ စြန္႔လႊတ္ႏိုင္ေသးပုံမရ...။
ဆုပ္လဲဆူး စားလဲ႐ူး အေျခအေနၾကားထဲမွာ..
အခ်စ္...ဘယ္ေလာက္ေတာင္..မြန္းက်ပ္ေနမလဲ။..
မနက္က..သူ႔အကိုကိုေတြ႔ၿပီး..တုန္ယင္ေနတ့ဲ
အခ်စ္ရဲ႕...ပုံစံေလးက သူ႔မ်က္လုံးထဲကမထြက္။
လူဆိုသည္ကလဲ...ေျခာက္ကမ္းပါးထဲျပဳတ္က်
ခါနီးဆဲဆဲေတာင္....နီးရာ ေကာက္႐ုိးတစ္မ်ွင္ကို..
အသက္႐ွင္ဖို႔အတြက္ လွမ္းဆြဲတတ္ၾကသည္ပဲ။
အင္း..။ ဒါေၾကာင့္ အခ်စ္က နာက်င္မႈေတြ..
သက္သာလိုသက္သာျငား...သူ႔အခ်စ္ကို
လက္ခံခ့ဲတာနဲ႔ထင္ပါရဲ႕။...
အနည္းဆုံးေတာ့...သူေဘးနား႐ွိေနရင္...
အခ်စ္....ဖြင့္ထုတ္ဖို႔..အားကိုးရာ႐ွိတာေပါ့။..
အခုဆို...အခ်စ္က...
အင္း..မျဖစ္ေသး...သူ...ဖုန္းဆက္ရမည္။..
အခ်စ္ကို...လြမ္းတ့ဲအေၾကာင္းေလးေတြ..
ေျပာမည္။..
အခ်စ္ကို...သူမ႐ွိတ့ဲအခ်ိန္ အရက္မေသာက္ဖို႔..
ေျပာမည္။...
အခ်စ္ကို...ညအိပ္လ်ွင္ အိပ္ေဆးမေသာက္ဖို႔
ေျပာမည္။...
"တီ...တီ.."
ဖုန္းက တစ္ခါတည္းႏွင့္တန္းဝင္သြားသည္။..
"ဟယ္လို။"
အခ်စ္၏..အသံခ်ိဳခ်ိဳေလး။...
"အခ်စ္...အဆင္ေျပရဲ႕လား"
"ဆယ္...ဆယ္ဟြန္း။..."
"အင္း..အခ်စ္....အဆင္ေျပလားလို႔။.."
"အင္း"
"လြမ္းတယ္...အခ်စ္။...အခ်စ္ေရာ...
ကြၽန္ေတာ့္ကို မလြမ္းဘူးလား။..."
"အ...အင္း.."
ဟင္။ေျဖပုံႀကီးကလဲ။ မအင္းခ်င္အင္းခ်င္နဲ႔။
သူကေတာ့ အခ်စ္ဆီက...ဆယ္ဟြန္းေရ..
ငါလဲမင္းကိုအရမ္းလြမ္းတာပဲ...ဆိုတ့ဲ...
လြမ္းနာက်တ့ဲညည္းတြားသံစဥ္ေလး..
ၾကားခ်င္ေနတာ....
အခ်စ္တို႔...ေလေႁခြတာေနလိုက္ပုံမ်ား။...
ဒါမွမဟုတ္...အခ်စ္တစ္ခုခု ခံစားေနရတာလား။
သူ..စိတ္ပူလာသည္။...
သူ...လွဲေနရာမွ..ေငါက္ခနဲခ်က္ခ်င္းထထိုင္
မိသည္။..
"အခ်စ္...တကယ္အဆင္ေျပပါတယ္ေနာ္။...
အခ်စ္အဆင္မေျပရင္ေျပာ!! ကြၽန္ေတာ္
ခ်က္ခ်င္းျပန္လာခ့ဲ..."
"ေျပတယ္..ဆယ္ဟြန္း!! ေျပာစရာမ႐ွိရင္..
ငါ..ဖုန္းခ်လိုက္ေတာ့မယ္။.."
(ဆူးေရ...ဘာလုပ္ေနတာလဲ!! ကိုယ့္ကို...
တဘက္ေလး လွမ္းေပးပါဦး...။)
"လာၿပီ...ကိုကို..."
အခ်စ္ ဖုန္းမခ်ခင္ေလး..သူ ၾကားျဖစ္ေအာင္..
ၾကားလိုက္သည့္...အခ်စ္၏..အကို အသံ။..
Call ended ျဖစ္သြားသည့္..အခ်စ္...ဖုန္းနံပါတ္
ေလးကိုၾကည့္ရင္း...အလိုလိုနာက်င္လာသည္။
အင္း...အခ်စ္ရင္ထဲ...သူေနရာမ႐ွိေသးဘူးပဲ။
သူ..နာနာက်င္က်င္ျပဳံးလိုက္မိသည္။...
❄❄❄❄
Thanks for your reading...💜
Recommendation song for this fiction
is EXO-Universe...
I hope it will match ...
UNICODE
❄5❄
"အချစ်...ရေ..ထတော့..."
ဂျောင်ဆူးကို နှုတ်မှ နှိုးနေရင်း...သူသည်..
အိပ်ခန်းထဲက..ပြတင်းပေါက်တိုင်းရှိ...
လိုက်ကာများကို...လိုက်ဖွင့်နေသည်။..
များလိုက်တဲ့..ပြတင်းပေါက်တွေ...။
အချစ်ကို ကြည့်လိုက်တော့...စောင်ခြုံပြီး...
တစ်ဖက်လှည့်ကာပြန်အိပ်သွားသည်။...
"အချစ်ရေ...ထတော့ဆိုနေ...တော်ကြာ..
ဖက်ထုပ်ဆိုင်က..နေရာမရလို့...မစားရဘဲ..
နေလိမ့်မယ်။အဲ့ဆိုင်ကလူတိုးနေတာ..."
အချစ်က...မထသေး..။
တအိအိ..တအဲအဲနှင့်...ခုတင်ပေါ်တွင်..
ဟိုလှိမ့်ဒီလှိမ့်...။
"မင်း...သွားဝယ်လိုက်လေ။ပြန်လာမှငါ့ကို
နှိုး။ ငါအခု ပြန်အိပ်လိုက်ဦးမယ်။.."
"ဟာ..မရဘူး။ ထ! အဲ့လိုနဲ့ အကျင့်ပါသွားမယ်။"
သူ..အချစ်၏စောင်ကို..အတင်းဆွဲချွတ်သည်။..
သို့သော်...အချစ်က..တုပ်တုပ်မျှမလုပ်။...
အင်း...။ ခက်တယ် အချစ်ရယ်။...
"အမေ့!!! ဆယ်ဟွန်း!!"
သူ...ဂျောင်ဆူးကို...စွေ့ခနဲ....ပွေ့ချီလိုက်တော့..
ဂျောင်ဆူးမျက်လုံးတွေ...ပြူ းကျယ်ကုန်သည်။..
"အချစ်မှ..မထတာ။အဲ့တော့ ကျွန်တော်ရတဲ့
နည်းသုံးရတာပေါ့။...ဟက်.."
သူ...ရေချိုးခန်းထဲထိပွေ့ချီပြီး..ကြွေဇလုံထဲတွင်
ချပေးလိုက်သည်။...
အိပ်ရာထခါစ..ဆံပင် ဘိုသီဘတ်သီ နှင့်
ထိုးထိုးထောင်ထောင်ဖြစ်နေသော...
အချစ်သည်...သူ့မျက်လုံးထဲတွင်...ကလေးငယ်
လေးနှင့်တူသည်။...
အင်း...သူ စိတ်မထိန်းနိုင်။...
ပြွတ်စ်...
အချစ်၏ အိပ်ရာထခါစ နှုတ်ခမ်းအိအိလေးကို
သူ..ဖိနမ်းလိုက်သည့်အခါ...
အချစ်၏..မျက်လုံးများသည်..ပြူ းကျယ်သွား
သည်။...
"ဆယ်ဟွန်း...မင်း မရွံဘူးလား...ငါ
သွားတောင်....မတိုက်ရသေးဘူး။..."
"ရွံစရာလား။..ကျွန်တော့်အချစ်လေးကို.."
"တောင်းပန်ပါတယ်...ဆယ်ဟွန်း.."
"ဘာကိုလဲ...အချစ်ရဲ့.."
ဂျောင်ဆူး၏..တောင်းပန်မှုကို..သူနားမလည်။..
"မသိဘူး...ငါ..ငါ..ဒီအတိုင်း...မင်းကို..
တောင်းပန်ချင်တာ..."
"သက်သက်မဲ့...စိတ်အားငယ်နေပြန်ပြီ။
အချစ်ရယ်။..ကဲ..ရေချိုးတော့...ကျွန်တော်
အပြင်မှာ..အဝတ်ထုတ်ထားပေးမယ်။..
ဘာလဲ...ရေချိုးပေးတာခံချင်လို့လား..."
"ဟာ...မဟုတ်ပါဘူး။..သွား..မင်းရေချိုးခန်းထဲ
က..ထွက်...။"
ရှက်ရှက်နှင့် သူ့အား...အပြင်သို့..အတင်း
မောင်းထုတ်နေသည့်..အချစ်။
တစ်ခါတစ်လေ...အချစ်ဟာ..
အူကြောင်ကြားလေး။..
.
.
.
မှားယွင်းနေသည်။..
ဘာကမှားနေမှန်းသူမသိ....။
အခုတလော...သူအတွက်..မသေချာမရေရာမှု
တွေ..သိပ်များနေသည်။...
ဘယ်အရာကိုမှ..ပြတ်ပြတ်သားသား...
မဆုံးဖြတ်နိုင်။...
သူ..နောင်တအရာဆုံးအရာက...ဆယ်ဟွန်းကို
လက်ခံလီုက်ခြင်းပင်။...
ကိုကို့ ကို စိတ်နာလို့...ဆယ်ဟွန်းက...
သူ့နာကျင်မှုကို..ဖြေဖြောက်နိုင်ကောင်းပါရဲ့..
ဆိုသည့်..အတွေး နှင့် စိတ်လိုက်မာန်ပါပြုမိသည်
က...သူ့ အတွက်...အသစ်စက်စက်....
နောင်တတစ်ခုဖြစ်လာသည်။...
ဆယ်ဟွန်း...သူ့ကို...ကြင်နာသည့်...
အခါမျိုးမှာ....ကိုကို့ကို..လွမ်းဆွတ်မိတာမျိုး..
မကြာခဏဖြစ်၏...။
ဆယ်ဟွန်း၏...အပြစ်ကင်းသည့်မျက်ဝန်းတစ်စုံကို...မြင်ရသည့်အခါ...သူသည်.....
အပြစ်ရှိသလို...ခံစားရသည်။...
ညအိပ်ရင်တောင်....မလုံမလဲခံစားချက်ကြီးက..
သူ့ကို..အိပ်မက်ထဲထိခြောက်လှန့်တတ်၏...။
ခိုးကလဲစားချင်.....မိသွားမှာလဲကြောက်....သည့်
ခံစားချက်မျိုး။....
ဒါပေမဲ့...ကိုကို့..လုပ်ရပ်ကိုကြည့်ပြီး...သူ..
ဆယ်ဟွန်းကို...မှီခိုချင်လာသည်။...
ဆယ်ဟွန်းနှင့် ဆိုလျှင်....သူ့စိတ်တွေက...
အလိုလို...လွတ်လပ်နေသည်။...
ဆယ်ဟွန်း..သူ့ဆီရောက်လာသည်မှာ...
လပိုင်းမျှသာရှိသော်လည်း...သူ..ဘာကြိုက်တတ်သည်....ဘာမကြိုက်တတ်သည်....ကို..
အလိုလို..သိနေသည်။...
အိပ်နေရင်းနှိုးမေးတာတောင်....အလွတ်ရွတ်ပြ
ပါလိမ့်မည်။....
ကိုကိုကတော့...အခုနေသွားမေးရင်တောင်
သေချာပြောနိုင်မည်မဟုတ်....
သိသလိုလို...မသိသလိုလိုနှင့်..လျှောချသွား
လိမ့်မည်။...
လူတစ်ယောက်ရဲ့...အချက်တွေကိုသိဖို့က...
ရင်းနှီးမှု..အချိန်ကာလနှင့်...မဆိုင်....
ထိုလူ့အပေါ်...ဘယ်လောက်အရေးထားသလဲ
နှင့်သာ..ဆိုင်သည်လို့...သူထင်သည်။...
ကိုကို...က..သူ့ကိုမှ...အရေးမထားပဲ...။
ကိုကိုက ကိုကိုဖြစ်ချင်တာတွေကိုသာ..
သူ့ကို...လုပ်ခိုင်းသည်က..များသည်။...
သူ ကြိုက်လား..မကြိုက်လားမမေး...
ကိုကိုကြိုက်လျှင်...သူလဲကြိုက်ရမည်ဆိုသည့်..
ရာဇသံနှင့်..နေလာသည်မှာ...ကြာခဲ့ပြီ။...
အင်း...။တစ်ခါတစ်လေတော့လဲ...ကိုကို့ကို..
သူဘယ်လောက်ထိ..နာကျင်နေလဲဆိုတာ...
သိအောင်ပြချင်သည်။...
သူ ခံစားရသလို...ကိုကို့ ကိုခံစားစေချင်သည်။..
မိသားစုမရှိ...ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မရှိသည့်
သူ့မှာ...လက်ဆုပ်လက်ကိုင်...ပြစရာ..ပိုင်ဆိုင်မှု
ဆိုလို့...ကိုကို...နှင့်ကိုကို့အပေါ်ထားသည့်...
အချစ်သာ..ရှိသည်။...
ဒါကိုတောင်.....ကိုကိုလုပ်ရက်သည်။...
တော်ပြီ...ကိုကို့အကြောင်းတွေးရင်....
နာကျင်မှုတွေ..ဆင့်ကဲထပ်လာတာမို့...
မတွေးချင်တော့..။
အခု...ကိုကို..သူ့ဘေးမှာမရှိတဲ့အချိန်...
ဆယ်ဟွန်းနှင့်..ပျော်ပျော်နေမည်....။
မဖြစ်သေး...ကိုကို...သိသွားရင်.....။
အို...ကိစ္စမရှိ...နောင်ခါလာနောင်ဈေး။..
အခုတော့...သူ...ဆယ်ဟွန်းကိုလိုအပ်နေပါ
သည်။...
ဆယ်ဟွန်း..ပေးသည့်..နွေးထွေးမှုကို...
ခံစားကြည့်မည်။...
ဒီလောက်ပဲ...ဒီလောက်ပဲ...
သူ..ဆုံးဖြတ်ထားပါသည်။...
"အချစ်ရေ!!! ရေချိုးခန်းထဲမှာအိပ်ပျော်နေပြီလား၊
အအေးပတ်တော့မှာပဲ..."
အခန်းပြင်က..ဆယ်ဟွန်း၏..စိုးရိမ်သံက..
သူ့ကို..ကြည်နူးစေသည်။...
နေပါစေဦး...ဆယ်ဟွန်းကို...ပိုစိတ်ပူအောင်
လုပ်ဦးမှ....ဟိဟိ..။
"အချစ်ရေ...ထွက်တော့လေဗျာ !!...
နေမကောင်းဖြစ်တော့မယ်..."
"..."(ဟိဟိ)
"အချစ်ရေ...ကျွန်တော်ဝင်လာရမလား။.."
"အဲ...ငါ..ငါပြီးပြီ..ဆယ်ဟွန်း..ထွက်လာ
တော့မှာ.."
.
.
.
"ဟတ်ချိုး!!"
လမ်းလျှောက်နေရင်း...သူရုတ်တရက်...
နှာချေလိုက်တော့...ဆယ်ဟွန်း၏..လက်က..
သူ့နဖူးပေါ်...အလိုလိုရောက်လာသည်။..
"တွေ့လား...ဖျားပြီ!! အဲ့ဒါကြောင့်...
ကျွန်တော်ပြောတယ်...ရေမြန်မြန်ချိုးလို့..."
"..."
"အချစ်ကို...အိမ်ပြန်လိုက်ပို့ပေးမယ်။...
အိမ်မှာ နားနားနေနေ သွားနေနော်။..
ပြီးမှ...ကျွန်တော်...ဖက်ထုတ်သွားဝယ်ပေးမယ်။"
"ဆယ်ဟွန်းရယ်...ငါ...ယောကျာ်းလေးပါဟ!
ဒီလောက်လေးနဲ့မသေပါဘူး။...လာ...
ဘယ်မလဲ...မင်းပြောတဲ့...ဖက်ထုပ်ဆိုင်။...
အဲ့ကိုပဲသွားမယ်။..."
ဆယ်ဟွန်းနဲ့မှ...သူတောင်...စကားများတတ်လာ
ပြီ...
ဆယ်ဟွန်းခေါ်လာသည့်..ဖက်ထုပ်ဆိုင်သည်..
လမ်းဘေးပလက်ဖောင်းတွင်...ဖွင့်ထားသော..
ဆိုင်လေးတစ်ဆိုင်သာ..။
သူထင်ထားတာ...ဆိုင်နှင့်ကနားနှင့်...
သပ်သပ်ရပ်ရပ်....
ဒါပေမဲ့...စားကြည့်ရမှာပဲ...
ဆယ်ဟွန်းက...သူ့ကို...ဘယ်တော့မှ...
မကောင်းတာ...မညွှန်ဖူးဘူးလေ။...
"အဒေါ်ရေ...ဖက်ထုပ်နှစ်ပွဲဒီကိုချပေးပါ။"
ဆယ်ဟွန်းက...ဖက်ထုပ်သည်ကို...လှမ်းအော်
သည်။
စားပွဲပေါ်မှာ...ဝါးတူကို..ဖောက်ကာ..
သူ့လက်ထဲ..ထည့်ပေးသည်။...
"ရော့..အချစ်...."
"..."
"စားလို့ကောင်းလား။..အချစ်..."
သူ...စားဖူးသမျှ..ဖက်ထုပ်ထဲ...ဒီဖက်ထုပ်က
ဘာနှင့်မှမတူ...တစ်ဖဲ့ကိုက်လိုက်ရုံနှင့်...
အိခနဲ...။
"အရမ်း..စားကောင်းတယ်။"
"ဟား..တော်သေးတာပေါ့...ကျွန်တော်က
အချစ်ကြိုက်မှ...ကြိုက်ပါ့မလားလို့...
စိုးရိမ်နေတာ....တကယ်တော်သေးတယ်။.."
"မင်း...ငါ..ငြို ငြင်မှာ..အဲ့လောက်ကြောက်လား။"
"..."
"ဖြေလေ..."
ဆယ်ဟွန်းက...မဖြေ...သူ့ကိုသာ...စိုက်ကြည့်
နေသည်။..
"ဟင့်အင်း...အချစ်..ငြို ငြင်မှာထက်....
အချစ်....ကျွန်တော့်အပေါ်ခံစားချက်မရှိမှာကို..
ကြောက်တာ.."
ထိုသို့..ပြောပြီးနောက်....ဆယ်ဟွန်း
နောက်ထပ်....ဘာစကားတစ်ခွန်းမှမဆိုဘဲ...
ဖက်ထုပ်ကိုသာ...တစ်ခုပြီး...တစ်ခု...
ပါးစပ်ထဲ...အထဲထိုးသွင်းနေသည်။...
ဒီကလေး...စိတ်မကောင်းဖြစ်သွားပုံပဲ။..
ခက်တယ်။...သူ့ကလဲ...မချော့တတ်..။
"ငါ...ငါ...မင်းအပေါ်...ခံစားချက်ရှိ..ပါတယ်။
ဆယ်ဟွန်း။...ဒါပေမဲ့...အဲ့ဒီခံစားချက်က...
ဘာဆိုတာ...ခုတော့...ငါမသေချာသေးဘူး ။
တစ်နေ့နေ့တော့သိလာမှာပါ။...မင်းသာ...
စိတ်ရှည်ရှည်စောင့်နိုင်ရင်ပေါ့..."
လင်းလက်သွားသည့်...ဆယ်ဟွန်း၏...
မျက်ဝန်းတစ်စုံ...။
အင်း...သူ့ခံစားချက်အစစ်အမှန်....သိပ်မကြာခင်
မှာ...ရှာတွေ့တန်ကောင်းပါရဲ့..။
လက်ရှိမှာတော့...သူ..ဆယ်ဟွန်းအပေါ်..
ခံစားချက်ရှိသည်ဆိုတာ..သေချာသည်။..
သို့သော်...သေချာရုံလေးသာ...
ဘာခံစားချက်မှန်း...အဓိပ္ပါယ်မဖော်တတ်။..
အချစ်တော့...မဟုတ်သေး...
အစားထိုးမှုလေးတစ်ခု...။
လဲပြိုခါနီး...သစ်ပင်ကို...မလဲစေရန်...
ထောက်ထားပေးသည့်...ဝါးလုံးလိုမျိုး..။
ဟုတ်တယ်....ဆယ်ဟွန်းက...ဝါးလုံးလေး။..
အင်း...ထိုမျှလောက်သာ..။
"နောက်နေ့လဲ...ငါတို့..ဒီမှာလာစားရအောင်။"
"အင်း...အချစ်သဘော...။"
❄❄❄❄
"ဆယ်ဟွန်း မင်းခြံတံခါး သော့မခတ်ခဲ့ဘူး
လား။"
ခြံတံခါးပွင့်နေသည့်အတွက်....သူစိုးရိမ်စွာနှင့်
မေးလိုက်သည်။...
"ခတ်ခဲ့တယ်...အချစ်ရဲ့။ကြည့်ရတာ ဒီနေ့
အဒေါ်ကြီးကစောစောလာတယ်ထင်တယ်။
အဒေါ်ကြီးမှာလဲ..သော့ရှိတယ်မလား။"
မဖြစ်နိုင်။..သူ့အိမ်မှာ..အလုပ်လုပ်သည့်...
သက်တမ်းတစ်လျှောက်လုံး..အဒေါ်ကြီးက..
ဘယ်တော့မှ..စောစောမလာဖူး။
အနည်းငယ်တော့...စိုးရွံ့လာသည်။..
အခုနေ...ကိုကိုသာရောက်နေရင်......
မဟုတ်လောက်ပါ။...သူအတွေးလွန်းနေဖြစ်မည်။..
သူ...အိမ်ထဲဝင်လိုက်သည့်အခါ...
ဧည့်ခန်းတွင်ထိုင်နေသော..ကိုကို...။
"ကိုကို..!"
"ဆူး...မနက်စောစောစီးစီးဘယ်သွားနေတာလဲ။"
သူ့ အနောက်တွင်ရှိသော..ဆယ်ဟွန်းသည်
ချန်ယောလ်ကို...အံ့သြစွာကြည့်နေသည်။..
ဟင့်အင်း...ဆယ်ဟွန်း..အမှန်ကိုသိလို့မဖြစ်။..
ကိုကိုလဲ...သူတို့အကြောင်းရိပ်မိလို့မဖြစ်။..
သူ..ချွေးပြန်လာသည်။...
"ဆယ်ဟွန်း...မင်း အိမ်ပြန်တော့!!"
" အန်!!"
" မင်း အိမ် မင်း ပြန်လို့ပြောနေတာ.."
" ညီက...အိမ်တော်ထိန်းအသစ်လား။.."
ကိုကိုက...ဆယ်ဟွန်းကိုပြုံးပြီးမေးနေချိန်..
သူ့မှာတော့...ခြေဖျားလက်ဖျားတွေအေးစက်နေ
သည်။...
"ဟုတ်ပါတယ်...ကျွန်တော့် နာမည် ရှီရွှင်းပါ။"
"ကိုယ်က..ဂျောင်ဆူးအကိုပါ။..ကိုယ့််ညီကို
စောင့်ရှောက်ပေးတာ..ကျေးဇူးတင်ပါတယ်။"
"ဒါ..ကျွန်တော့်အလုပ်ပါ.."
ရင်ထဲစို့နေသည်အရာတစ်ခုက...အခုမှကျ
သွားသလို...။
အနည်းဆုံးတော့...ဆယ်ဟွန်းရိပ်မိမှာ...
မဟုတ်တော့...။
"ကဲ..ညီရေ...မင်းလဲသိမှာပါ။..ကိုယ်လာရင်..
Villa မှာအလုပ်လုပ်တဲ့သူတိုင်း...အိမ်ပြန်ရ
တယ်ဆိုတာ.."
"ဟုတ်ကဲ့...သိပါတယ်။..ချ..အဲ...သခင်လေး
ကျွန်တော်..အခန်းထဲမှာ..ပစ္စည်းသွားသိမ်း
လိုက်ပါဦးမယ်။..."
ဆယ်ဟွန်း...အပေါ်တက်သွားသည်ကို
ကြည့်ပြီး...သူရင်ထဲဆို့နင့်နေခဲ့ပါသည်။...
ရှေ့တွင်ရှိသော..ကိုကို့..ကိုတောင်...
ရုတ်တရက်မေ့သွားခဲ့ပါသည်။...
.
.
.
"ပါး...ကျွန်တော်လာတယ်။..."
ခြံရှေ့ကနေ...သူအိမ်ထဲကိုလှမ်းအော်တော့..
ပါးပါး..ကအမြန်ပြေးထွက်လာသည်။..
"ဟာ...ရှောင်ရွှင်း...သား!"
ပါးပါးက ဝမ်းသာအားရနှင့်ပြေးဖက်သည်။..
"သားက...ပါးကိုအကြောင်းမကြားဘာမကြား
နဲ့..ဘယ်လိုရောက်ချလာတာလဲ"
"ဒီလိုပဲ...ပါး..အံ့သြအောင်လို့.."
ပါးပါး၏မျက်လုံးများသည်...ရွှင်ပြနေသည်။..
သားအဖ နှစ်ယောက်တည်းရှိတာမို့...
ပါးပါးက..သူ့ကို..တုန်နေအောင်ချစ်သည်။..
'ပါး...ခြေထောက်က သက်ရောသက်သာ
ရဲ့လား။..."
"သက်သာတာပေါ့..သားရဲ့...အခုဆို..
မာရသွန်တောင်ဝင်ပြိုင်လို့ရနေပြီ.."
"အမလေး..မလုပ်ပါနဲ့..နောက်တစ်ခါထပ်ကျိုး
နေမယ်..."
"ဟား...ဟား..."
သူ...အချစ်တွက်စိတ်မချဖြစ်နေပေမဲ့...
ပါးပါးဆီကိုလာရတာ...သူပျော်ပါသည်။ ..
"ရော့..ပါး..."
ပါးပါးလက်ထဲ..စာအိတ်အဖြူ ရောင်လေးကို
လှမ်းပေးလိုက်သည်။..
"ဒါ...ဘာလဲ..ရှောင်ရွှင်း? "
"ပါးပါး...သုံးဖို့..."
"အာ..မယူပါဘူး။သားသုံးဖို့သိမ်းထား..။
လတိုင်းလဲ သား ပါးကို ပို့ပေးနေတာပဲ..
အဲ့ပိုက်ဆံတွေတောင် ပါး မကုန်ဘူး...။"
"ယူထားပါ။..ပါးရဲ့။ သူငယ်ချင်းတွေနဲ့
အရက်လေး ဘာလေးသောက်ဖို့သုံးလေ..."
ဒီတစ်ခါတော့..ပါးက..မငြင်းတော့။..
"ဒါနဲ့..ရှောင်ရွှင်း။သားကိုတစ်ခုမေးမယ်။
ပါး ကို မညာနဲ့နော်...။ သား ပါးကို..
တစ်လတစ်ခါလည်း ပိုက်ဆံပို့တယ်။..
အဲ့ဒီ ပိုက်ဆံတွေကလည်း အများကြီး..
အခုပေးတဲ့ ပိုက်ဆံကလဲ အများကြီးပဲ...
မှန်မှန် ဖြေ...သား အချိန်ပိုင်းလုပ်နေတာရော
ဟုတ်ရဲ့လား။...တခြားမကောင်းတာများ..."
"ဟာ!ပါးပါးကလည်း သားက မကောင်းတာ
လုပ်ပါ့မလား။..အချိန်ပိုင်းပဲလုပ်တာပါ။..
သားရဲ့ အလုပ်ရှင်က သားအလုပ်ကြိုးစားလို့
bonusပေးတာ။ ပြီးတော့ သားက
အဆောင်ခ မကုန်ဘူးလေ။ သား သူငယ်ချင်းက
သူ့အိမ်မှာ ပေးနေတာ.."
ပါးပါး၏ မသင်္ကာအကြည့်တွေကြောင့်..
သူ ပါးစပ်ထဲရှိသမျှ ဆင်ခြေအကုန်က...
ကရားရေလွှတ်သလိုထွက်လာ၏..။
အခုနေ..သူ့ အခြေအနေအမှန်ကို..
ပါးပါး...သိလို့မရသေး။..
ပါးပါး သိလျှင် အချစ်အတွက်လည်း..မကောင်း။
သူ့အတွက်လည်း..ပြသနာရှိသည်။..
ပါးပါးက သူ့အပေါ်မျှော်လင့်ချက်ကြီးသည်။
သူ ဆေးကျောင်း ပထမနှစ်စတက်တည်းက
ငါ့ သားက ဆရာဝန်လောင်း ပါဆိုပြီး..
အလုပ်ခွင်တစ်ခုလုံး..လိုက်ကြွားနေသည်မှာ
အထက်လူကြီး..အမြင်ကတ်တဲ့အထိ။..
တကယ်တမ်း သူ ကျောင်းနားထားမှန်းသာ
သိလျှင်...ပါးပါး..ရှောခ့်ရသွားနိုင်သည်။..
"အင်း...ပြီးရောလေ။ အချိန်ပိုင်းတွေလည်း
သိပ်မလုပ်နဲ့...စာလဲကျက်ဦး။ ပါး အတွက်လည်း
သိပ်မပူနဲ့။ ပါး ခြေထောက်ကလဲ ပြန်ကောင်း
နေတော့ အလုပ်ပြန်လုပ်ဖို့စဉ်းစားထားတယ်။"
"မလုပ်ပါနဲ့ဆို..ပါးပါး ကလည်း..ကျွန်တော်
ရှာကျွေးပါ့မယ်ဆိုနေ..."
"အလုပ်မရှိဘဲ ပါး မှမနေတတ်တာ..
အလုပ်ကလည်း ဒီနီးနီးနားနား မှာပဲလုပ်မှာပါ။
ကဲ...သား သွားနားတော့...ညစာစားခါနီးမှ
ပါးခေါ်လိုက်မယ်။.."
"အင်း...ပါး"
.
.
.
အခန်းထဲဝင်လာပြီးနောက်...သူခုတင်ပေါ်တွင်
ခြေပစ်လက်ပစ် လှဲချလိုက်သည်။...
တစ်ရက်မပြည့်သေးဘူး။..လွမ်းနေပြီ။
အချစ်ရယ်။
အခုဆို..Villa မှာ အချစ်တစ်ယောက်...
သူ့ကိုဘယ်လောက်တောင်လွမ်းနေရှာမလဲ။..
အချစ်...အဆင်မှပြေရဲ့လား။..
ဟင့်အင်း...အချစ်ဘယ်လိုမှ အဆင်ပြေမှာ
မဟုတ်။..
မနက်က တွေ့ခဲ့ရသည့် မြင်ကွင်းကြောင့်
သူ..အချစ်၏ ဘဝကို နည်းနည်းတော့
ဇာတ်ရည်လည်လာသည်။..
အချစ်၏...အချစ်ဦးက...အချစ်ရဲ့ အစ်ကိုနဲ့
လက်ထပ်ထားသည်။
ဒါကြောင့် အချစ်...ဒီလောက်နာကျင်နေတာပေါ့။
အစ်ကိုရဲ့ အုပ်ထိန်းမှုအောက်မှာနေရတဲ့
အချစ်က...အစ်ကို့ကို မလွန်ဆန်နိုင်။..
အချစ်ဦးကိုလဲ စွန့်လွှတ်နိုင်သေးပုံမရ...။
ဆုပ်လည်းဆူး စားလည်းရူး
အခြေအနေကြားထဲမှာ..
အချစ်...ဘယ်လောက်တောင်..မွန်းကျပ်နေမလဲ။..
မနက်က..သူ့အကိုကိုတွေ့ပြီး..တုန်ယင်နေတဲ့
အချစ်ရဲ့...ပုံစံလေးက သူ့မျက်လုံးထဲကမထွက်။
လူဆိုသည်ကလဲ...ခြောက်ကမ်းပါးထဲပြုတ်ကျ
ခါနီးဆဲဆဲတောင်....နီးရာ ကောက်ရိုးတစ်မျှင်ကို..
အသက်ရှင်ဖို့အတွက် လှမ်းဆွဲတတ်ကြသည်ပဲ။
အင်း..။ ဒါကြောင့် အချစ်က နာကျင်မှုတွေ..
သက်သာလိုသက်သာငြား...သူ့အချစ်ကို
လက်ခံခဲ့တာနဲ့ထင်ပါရဲ့။...
အနည်းဆုံးတော့...သူဘေးနားရှိနေရင်...
အချစ်....ဖွင့်ထုတ်ဖို့..အားကိုးရာရှိတာပေါ့။..
အခုဆို...အချစ်က...
အင်း..မဖြစ်သေး...သူ...ဖုန်းဆက်ရမည်။..
အချစ်ကို...လွမ်းတဲ့အကြောင်းလေးတွေ..
ပြောမည်။..
အချစ်ကို...သူမရှိတဲ့အချိန် အရက်မသောက်ဖို့..
ပြောမည်။...
အချစ်ကို...ညအိပ်လျှင် အိပ်ဆေးမသောက်ဖို့
ပြောမည်။...
"တီ...တီ.."
ဖုန်းက တစ်ခါတည်းနှင့်တန်းဝင်သွားသည်။..
"ဟယ်လို။"
အချစ်၏..အသံချိုချိုလေး။...
"အချစ်...အဆင်ပြေရဲ့လား"
"ဆယ်...ဆယ်ဟွန်း။..."
"အင်း..အချစ်....အဆင်ပြေလားလို့။.."
"အင်း"
"လွမ်းတယ်...အချစ်။...အချစ်ရော...
ကျွန်တော့်ကို မလွမ်းဘူးလား။..."
"အ...အင်း.."
ဟင်။ဖြေပုံကြီးကလည်း။ မအင်းချင်အင်းချင်နဲ့။
သူကတော့ အချစ်ဆီက...ဆယ်ဟွန်းရေ..
ငါလဲမင်းကိုအရမ်းလွမ်းတာပဲ...ဆိုတဲ့...
လွမ်းနာကျတဲ့ညည်းတွားသံစဉ်လေး..
ကြားချင်နေတာ....
အချစ်တို့...လေခြွေတာနေလိုက်ပုံများ။...
ဒါမှမဟုတ်...အချစ်တစ်ခုခု ခံစားနေရတာလား။
သူ..စိတ်ပူလာသည်။...
သူ...လှဲနေရာမှ..ငေါက်ခနဲချက်ချင်းထထိုင်
မိသည်။..
"အချစ်...တကယ်အဆင်ပြေပါတယ်နော်။...
အချစ်အဆင်မပြေရင်ပြော!! ကျွန်တော်
ချက်ချင်းပြန်လာခဲ့..."
"ပြေတယ်..ဆယ်ဟွန်း!! ပြောစရာမရှိရင်..
ငါ..ဖုန်းချလိုက်တော့မယ်။.."
(ဆူးရေ...ဘာလုပ်နေတာလဲ!! ကိုယ့်ကို...
တဘက်လေး လှမ်းပေးပါဦး...။)
"လာပြီ...ကိုကို..."
အချစ် ဖုန်းမချခင်လေး..သူ ကြားဖြစ်အောင်..
ကြားလိုက်သည့်...အချစ်၏..အကို အသံ။..
Call ended ဖြစ်သွားသည့်..အချစ်...ဖုန်းနံပါတ်
လေးကိုကြည့်ရင်း...အလိုလိုနာကျင်လာသည်။
အင်း...အချစ်ရင်ထဲ...သူနေရာမရှိသေးဘူးပဲ။
သူ..နာနာကျင်ကျင်ပြုံးလိုက်မိသည်။...
❄❄❄❄
Thanks for your reading...💜