သံသယများရဲ့ နောက်ကွယ်
အခန်း ( ၁ )
"မိုး ၊ ဒါ ကိုယ့်ရဲ့ ရည်းစား ကဗျာတဲ့ "
မိုး အအေးသောက်နေရာမှ မော့ကြည့်လိုက်တော့ မောင်နဲ့အတူ ကောင်မလေးတစ်ယောက်ကို တွဲတွေ့လိုက်ရတယ် ။ မိုးကို နှုတ်ဆက်ပြီး မောင်က ထိုကောင်မလေးနဲ့အတူ မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်တယ် ။
"ဪ ..အင်း ၊ တွေ့ရတာ ၀မ်းသာပါတယ် ကဗျာ "
မိုး အယောင်ယောင်အမှားမှားနဲ့ ပြုံးပြပြီး နှုတ်ဆက်လိုက်တယ် ။ မိုး မသိမသာနဲ့ အကဲခတ်ကြည့်တော့ ကဗျာဆိုတဲ့ ကောင်မလေးရဲ့ အသက်က နှစ်ဆယ်လောက်သာရှိမယ် ။ ပန်းနုရောင် ဆွဲသားအကျပ်ခါးတိုအင်္ကျီနဲ့ ဂျင်းဘောင်းဘီကို တွဲဝတ်ထားပြီး ခေတ်ဆန်ဆန် နဲ့ လှပနေတယ် ။ဒါကြောင့်လည်း မောင်က ကဗျာ့ကို တွဲခဲ့တာဖြစ်မယ် ။
"ကဗျာ ၊ ဒါ ကိုယ်နဲ့ လက်ထပ်မယ့် ကိုယ့်ချစ်သူ မိုးမခ "
"ဟုတ်ကဲ့ မမ ၊ တွေ့ရတာ ၀မ်းသာပါတယ် ၊ ကိုကို ပြောပြလို့ ကဗျာ မမအကြောင်းကို ခဏခဏ ကြားဖူးနေတာ ၊ မမကို အပြင်မှာတွေ့တော့မှ လက်ခံမိတယ် ။ မမက ရိုးရိုးလေးနဲ့ အရမ်းကိုလှတာပဲ "
"ကျေးဇူးပါပဲ ကဗျာ ၊
ကဗျာကလည်း အရမ်းကို ချစ်စရာကောင်းတယ် "
"ကျေးဇူး မမ"
မိုး ကိုယ့်စကားကိုယ် ပြန်ကြားပြီး ပြုံးမိသည်။ တကယ်တော့ ဒီလိုအခြေအနေက တအားရယ်စရာကောင်းနေတာ အမှန် ။ ကိုယ့်ချစ်သူ၊ ကိုယ် လက်ထပ်မယ့် ယောကျ်ားလေးတစ်ယောက်က သူ့ရည်းစားကို ကိုယ် နဲ့ လာ မိတ်ဆက်ပေးနေတယ်လေ ။ ဒါ မိုး အတွက်တော့ မထူးဆန်းတော့ပါဘူး ။ ခုဆို ဒါ နှစ်ကြိမ်မြောက်ပဲဖြစ်ပါတယ် ။
မောင့်နာမည် အပြည့်အစုံက မြတ်မင်းမောင်ပါ ။ မိုးကတော့ မောင်လို့ပဲ ခေါ်တယ်။ မောင် နဲ့ မိုး ကော်ဖီဆိုင်မှာ မတော်တဆ တွေ့ခဲ့ကြတယ် ။ မောင့်ကို မိုးအစတုန်းက စိတ်မ၀င်စားခဲ့ပါဘူး ။ မောင်ကတော့ မိုးနောက်ကို ဇွဲရှိရှိနဲ့လိုက်ပြီး ချစ်ရေးဆိုခဲ့တယ် ။ အေးတိအေးစက်နိုင်တဲ့ မိုးကို ဘယ်ယောကျ်ားလေးမှ ကြာကြာ မလိုက်နိုင်ကြပါဘူး။ လက်လျော့သွားကြတာချည်းပါပဲ ။ ဒါပေမဲ့ မောင်ကတော့ အခြားသူတွေလို မဟုတ်ခဲ့ဘူး။ နောက်ဆုံးမှာတော့ မိုးလေ မောင့်ရဲ့ အပြောတွေ အကြည့်တွေ အောက်မှာ ဒူးထောက်ခဲ့ရတော့တယ် ။ မောင်နဲ့ ချစ်သူဖြစ်ပြီး မိုးသိလိုက်ရတာက မောင်ဟာ ရည်းစားများပြီး ပွေရှုပ်တတ်တဲ့ လူစားမျိုးတဲ့လေ။
ဒါပေမဲ့လေ မိုး...မောင့်ကို ရွေးချယ်ခဲ့ပြီးပြီ။ ချစ်မိခဲ့ပြီးပြီ ။မောင်နဲ့ ကြာကြာနေနိုင်ဖို့ဆိုရင် မိုးရဲ့ခံစားချက်တွေကို သို၀ှက်ထားနိုင်ရမယ်လေ။
"မိုး....မိုး "
"ဟင်..မောင် ၊ ပြောလေ"
မိုး အတွေးလွန်နေရာမှ မောင့် အသံကြားမှ သတိဝင်တော့တယ် ။
"ဘာတွေ စဉ်းစားနေတာလဲ ၊ ကိုယ် ခေါ်နေတာကြာပြီ "
"ဆောရီး ၊ အတွေးလွန်သွားလို့ "
"ကိုယ် ကဗျာနဲ့ ရုပ်ရှင်သွားကြည့်မလို့ "
"အင်း "
"မိုး လိုက်ဦးမလား "
"မလိုက်တော့ပါဘူး ၊ မိုး အလုပ်ကိစ္စရှိသေးတယ်"
"အင်း ၊ ဒါဆို ကိုယ်တို့ သွားတော့မယ်နော် ။ အချိန်မမီ မှာ စိုးလို့ "
ကဗျာ့လက်ကို ဆွဲပြီး မောင်က ထွက်သွားဖို့ပြင်သည်။
"မမ....ကဗျာတို့ သွားတော့မယ်နော်"
ကဗျာ့က ရိုးသားသောအသံလေးနှင့် မလိုက်ဖက်စွာ သူ့ နှုတ်ခမ်းပါးထက်က ကောက်ကျစ်တဲ့ အပြုံးကြောင့် မိုး ရင်ထဲမှာ စူးခနဲ ဖြစ်သွားရတယ် ။ ဒါပေမဲ့လည်း ဘာမှမသိသလို ဟန်ဆောင်ပြုံးရင်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်ပါတယ် ။
"အင်း ကဗျာ "
မိုးရဲ့ စကားသံအဆုံး မောင် နဲ့ ကဗျာတို့ လက်ချင်းတွဲပြီး ထွက်သွားခဲ့ပြီ ။ မိုး အအေးကို မော့သောက်လိုက်တယ် ။ အေးစက်နေသော အအေးတွေက ရင်ထဲက အပူတွေကတော့ မငြိမ်းအေးစေနိုင်ခဲ့ပါဘူး။
"မောင် ကြိုက်သလို အနိုင်ယူနိုင်ပါတယ် ။ မောင့်ကို ချစ်မိတဲ့အတွက် မိုး အတတ်နိုင်ဆုံး လျစ်လျူရှုထားပါ့မယ်။ မောင့် အနားမှာ ကြာကြာနေနိုင်ဖို့အတွက်လေ "
မိုး စိတ်ထဲ ရေရွတ်ပြောဆိုနေခဲ့မိတော့တယ် ။
×××××××××××
ကလင် ...ကလင်...ကလင်
မနက်စောစောစီးစီး ဖုန်းမြည်သံကြောင့် မြတ်မင်းမောင်တစ်ယောက် အိပ်နေရာမှ နိုးလာခဲ့ပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကို လှမ်းယူပြီး ကိုင်လိုက်တယ် ။
"ဟဲလို "
"ကိုကို "
"ဘယ်သူလဲ "
"ကဗျာ ပါ "
"ဘာကိစ္စလဲ ကဗျာ ၊ မနက်စောစောစီးစီး ဖုန်းဆက်လို့ပါလား "
ကဗျာက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေတယ် ။
"ဟဲလို...ကဗျာ ဘာပြောမလို့လဲ ၊ ပြောလေ"
ကဗျာ့ဘက်မှ သုံးစက္ကန့်လောက် ငြိမ်နေပြီးမှ....
"ကိုကို ကဗျာတို့ လမ်းခွဲရအောင် "
"ဘာ "
"လမ်းခွဲရအောင်လို့ "
"ကဗျာ မနက်စောစော ကိုယ့်ကို နောက်နေတာလား"
"တကယ်ပြောတာ ကိုကို ၊ ကဗျာ့ ဖုန်းကိုလည်း မဆက်နဲ့တော့ ၊ ကဗျာ့ကိုလည်း လာမရှာနဲ့တော့ ။ဒါပဲနော် ၊ ကဗျာ ဖုန်းချတော့မယ် "
"ခဏနေပါဦး.."
မြတ်မင်းမောင် တားလိုက်ပေမယ့် 'တီ ´ဆိုသော အသံနဲ့အတူ ဖုန်းချသွားပြီဖြစ်တယ် ။
"တောက် ဖုန်းချသွားပြီကွာ "
ဒါ ဘာလဲ။ ဘာလို့ လမ်းခွဲချင်ရတာလဲ ။
ဒီနေ့ဆို မြတ်မင်းမောင်နဲ့ ကဗျာ ရည်းစားဖြစ်တာ တစ်ပတ်ပြည့်တဲ့နေ့ ။ ကဗျာက သူ့ကို လမ်းခွဲခဲ့ပြန်ပြီ။ ခုဆို နှစ်ယောက်ရှိပြီ။ ရည်းစားဖြစ်ပြီး တစ်ပတ်ပြည့်တာနဲ့ လမ်းခွဲခံနေရတာ ။ အရင်ကဆို သူ့ဘက်ကသာ စလမ်းခွဲနေကြပါ ။ ခုဆို မိန်းကလေးဘက်က စလမ်းခွဲခံနေရတယ် ။ ဘာကြောင့်လဲ။
ဒီလိုတွေနဲ့ သူ့မှာ နောက်ဆုံးတော့ မိုးမခ ဆိုသော ချစ်ရသူ ၊ လက်ထပ်ရမယ့်သူ တစ်ယောက်သာ ကျန်ခဲ့ပါတော့တယ် ။ ဘယ်သူတွေ ဘယ်လိုထားသွားသွား မိုးကတော့ အမြဲဘေးမှာရှိနေပေးခဲ့တယ် ။ ဒါကြောင့်လည်း မိုးကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့ခြင်းပင် ။ မိုးအပေါ်ကို ဘယ်လောက်ပဲ မတရားတာလုပ်ခဲ့ လုပ်ခဲ့ မိုးကတော့ အပြုံးမပျက်ဘဲ နားလည်ပြီး ချစ်ပေးခဲ့တယ် ။ ဒါကြောင့်လည်း မြတ်မင်းမောင်ဆိုတဲ့ သူ့ကို ကောင်မလေးတွေ ထားသွားလည်း ဂရုမစိုက်ဘဲ နောက်တစ်ယောက်ရှာနိုင်ခြင်းပင် ။
××××××××××××
ဆက်ရန်...
ဒါက ကျိန်စာ ဝတ္ထု ပြီးတော့ ရေးခဲ့တဲ့ ဒုတိယမြောက် ဝတ္ထုလေးပါ ။ update က မြန်မှာပါ ။ ရေးပြီးသားမို့လို့ ။ ပြင်စရာရှိတာ ပြင်ဆင်ပြီး မြန်မြန် တင်ပေးပါ့မယ် ။
နှစ်သစ်မှာ အားလုံး ပျော်ရွှင်ကြပါစေ ။ ဘေးအန္တရယ်ကင်းပြီး ကျန်းမာချမ်းသာပါစေ ။ လိုအင်ဆန္ဒ ပြည့်ဝပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ❤💛💙
သံသယမ်ားရဲ႕ ေနာက္ကြယ္
အခန္း ( ၁ )
"မိုး ၊ ဒါ ကိုယ့္ရဲ႕ ရည္းစား ကဗ်ာတဲ့ "
မိုး အေအးေသာက္ေနရာမွ ေမာ့ၾကည့္လိုက္ေတာ့ ေမာင္နဲ႕အတူ ေကာင္မေလးတစ္ေယာက္ကို တြဲေတြ႕လိုက္ရတယ္ ။ မိုးကို ႏႈတ္ဆက္ၿပီး ေမာင္က ထိုေကာင္မေလးနဲ႕အတူ မ်က္ႏွာခ်င္းဆိုင္ခုံမွာ ၀င္ထိုင္တယ္ ။
"ဪ ..အင္း ၊ ေတြ႕ရတာ ၀မ္းသာပါတယ္ ကဗ်ာ "
မိုး အေယာင္ေယာင္အမွားမွားနဲ႕ ၿပဳံးျပၿပီး ႏႈတ္ဆက္လိုက္တယ္ ။ မိုး မသိမသာနဲ႕ အကဲခတ္ၾကည့္ေတာ့ ကဗ်ာဆိုတဲ့ ေကာင္မေလးရဲ႕ အသက္က ႏွစ္ဆယ္ေလာက္သာရွိမယ္ ။ ပန္းႏုေရာင္ ဆြဲသားအက်ပ္ခါးတိုအကၤ်ီနဲ႕ ဂ်င္းေဘာင္းဘီကို တြဲဝတ္ထားၿပီး ေခတ္ဆန္ဆန္ နဲ႕ လွပေနတယ္ ။ဒါေၾကာင့္လည္း ေမာင္က ကဗ်ာ့ကို တြဲခဲ့တာျဖစ္မယ္ ။
"ကဗ်ာ ၊ ဒါ ကိုယ္နဲ႕ လက္ထပ္မယ့္ ကိုယ့္ခ်စ္သူ မိုးမခ "
"ဟုတ္ကဲ့ မမ ၊ ေတြ႕ရတာ ၀မ္းသာပါတယ္ ၊ ကိုကို ေျပာျပလို႔ ကဗ်ာ မမအေၾကာင္းကို ခဏခဏ ၾကားဖူးေနတာ ၊ မမက အျပင္မွာေတြ႕ေတာ့မွ လက္ခံမိတယ္ ။ မမက ရိုးရိုးေလးနဲ႕ အရမ္းကိုလွတာပဲ "
"ေက်းဇူးပါပဲ ကဗ်ာ ၊
ကဗ်ာကလည္း အရမ္းကို ခ်စ္စရာေကာင္းတယ္ "
"ေက်းဇူး မမ"
မိုး ကိုယ့္စကားကိုယ္ ျပန္ၾကားၿပီး ၿပဳံးမိသည္။ တကယ္ေတာ့ ဒီလိုအေျခအေနက တအားရယ္စရာေကာင္းေနတာ အမွန္ ။ ကိုယ့္ခ်စ္သူ၊ ကိုယ္ လက္ထပ္မယ့္ ေယာက်္ားေလးတစ္ေယာက္က သူ႕ရည္းစားကို ကိုယ္ နဲ႕ လာ မိတ္ဆက္ေပးေနတယ္ေလ ။ ဒါ မိုး အတြက္ေတာ့ မထူးဆန္းေတာ့ပါဘူး ။ ခုဆို ဒါ ႏွစ္ႀကိမ္ေျမာက္ပဲျဖစ္ပါတယ္ ။
ေမာင့္နာမည္ အျပည့္အစုံက ျမတ္မင္းေမာင္ပါ ။ မိုးကေတာ့ ေမာင္လို႔ပဲ ေခၚတယ္။ ေမာင္ နဲ႕ မိုး ေကာ္ဖီဆိုင္မွာ မေတာ္တဆ ေတြ႕ခဲ့ၾကတယ္ ။ ေမာင့္ကို မိုးအစတုန္းက စိတ္မ၀င္စားခဲ့ပါဘူး ။ ေမာင္ကေတာ့ မိုးေနာက္ကို ဇြဲရွိရွိနဲ႕လိုက္ၿပီး ခ်စ္ေရးဆိုခဲ့တယ္ ။ ေအးတိေအးစက္နိုင္တဲ့ မိုးကို ဘယ္ေယာက်္ားေလးမွ ၾကာၾကာ မလိုက္နိုင္ၾကပါဘူး။ လက္ေလ်ာ့သြားၾကတာခ်ည္းပါပဲ ။ ဒါေပမဲ့ ေမာင္ကေတာ့ အျခားသူေတြလို မဟုတ္ခဲ့ဘူး။ ေနာက္ဆုံးမွာေတာ့ မိုးေလ ေမာင့္ရဲ႕ အေျပာေတြ အၾကည့္ေတြ ေအာက္မွာ ဒူးေထာက္ခဲ့ရေတာ့တယ္ ။ ေမာင္နဲ႕ ခ်စ္သူျဖစ္ၿပီး မိုးသိလိုက္ရတာက ေမာင္ဟာ ရည္းစားမ်ားၿပီး ေပြရႈပ္တတ္တဲ့ လူစားမ်ိဳးတဲ့ေလ။
ဒါေပမဲ့ေလ မိုး...ေမာင့္ကို ေ႐ြးခ်ယ္ခဲ့ၿပီးၿပီ။ ခ်စ္မိခဲ့ၿပီးၿပီ ။ေမာင္နဲ႕ ၾကာၾကာေနနိုင္ဖို႔ဆိုရင္ မိုးရဲ႕ခံစားခ်က္ေတြကို သို၀ွက္ထားနိုင္ရမယ္ေလ။
"မိုး....မိုး "
"ဟင္..ေမာင္ ၊ ေျပာေလ"
မိုး အေတြးလြန္ေနရာမွ ေမာင့္ အသံၾကားမွ သတိဝင္ေတာ့တယ္ ။
"ဘာေတြ စဥ္းစားေနတာလဲ ၊ ကိုယ္ ေခၚေနတာၾကာၿပီ "
"ေဆာရီး ၊ အေတြးလြန္သြားလို႔ "
"ကိုယ္ ကဗ်ာနဲ႕ ႐ုပ္ရွင္သြားၾကည့္မလို႔ "
"အင္း "
"မိုး လိုက္ဦးမလား "
"မလိုက္ေတာ့ပါဘူး ၊ မိုး အလုပ္ကိစၥရွိေသးတယ္"
"အင္း ၊ ဒါဆို ကိုယ္တို႔ သြားေတာ့မယ္ေနာ္ ။ အခ်ိန္မမီ မွာ စိုးလို႔ "
ကဗ်ာ့လက္ကို ဆြဲၿပီး ေမာင္က ထြက္သြားဖို႔ျပင္သည္။
"မမ....ကဗ်ာတို႔ သြားေတာ့မယ္ေနာ္"
ကဗ်ာ့က ရိုးသားေသာအသံေလးႏွင့္ မလိုက္ဖက္စြာ သူ႕ ႏႈတ္ခမ္းပါးထက္က ေကာက္က်စ္တဲ့ အၿပဳံးေၾကာင့္ မိုး ရင္ထဲမွာ စူးခနဲ ျဖစ္သြားရတယ္ ။ ဒါေပမဲ့လည္း ဘာမွမသိသလို ဟန္ေဆာင္ၿပဳံးရင္း ေခါင္းညိတ္ၿပီး ျပန္ေျဖလိုက္ပါတယ္ ။
"အင္း ကဗ်ာ "
မိုးရဲ႕ စကားသံအဆုံး ေမာင္ နဲ႕ ကဗ်ာတို႔ လက္ခ်င္းတြဲၿပီး ထြက္သြားခဲ့ၿပီ ။ မိုး အေအးကို ေမာ့ေသာက္လိုက္တယ္ ။ ေအးစက္ေနေသာ အေအးေတြက ရင္ထဲက အပူေတြကေတာ့ မၿငိမ္းေအးေစနိုင္ခဲ့ပါဘူး။
"ေမာင္ ႀကိဳက္သလို အနိုင္ယူနိုင္ပါတယ္ ။ ေမာင့္ကို ခ်စ္မိတဲ့အတြက္ မိုး အတတ္နိုင္ဆုံး လ်စ္လ်ဴရႈထားပါ့မယ္။ ေမာင့္ အနားမွာ ၾကာၾကာေနနိုင္ဖို႔အတြက္ေလ "
မိုး စိတ္ထဲ ေရ႐ြတ္ေျပာဆိုေနခဲ့မိေတာ့တယ္ ။
×××××××××××
ကလင္ ...ကလင္...ကလင္
မနက္ေစာေစာစီးစီး ဖုန္းျမည္သံေၾကာင့္ ျမတ္မင္းေမာင္တစ္ေယာက္ အိပ္ေနရာမွ နိုးလာခဲ့ၿပီး စိတ္ပ်က္လက္ပ်က္နဲ႕ ဖုန္းကို လွမ္းယူၿပီး ကိုင္လိုက္တယ္ ။
"ဟဲလို "
"ကိုကို "
"ဘယ္သူလဲ "
"ကဗ်ာ ပါ "
"ဘာကိစၥလဲ ကဗ်ာ ၊ မနက္ေစာေစာစီးစီး ဖုန္းဆက္လို႔ပါလား "
ကဗ်ာက ဘာမွျပန္မေျပာဘဲ တိတ္ဆိတ္ေနတယ္ ။
"ဟဲလို...ကဗ်ာ ဘာေျပာမလို႔လဲ ၊ ေျပာေလ"
ကဗ်ာ့ဘက္မွ သုံးစကၠန့္ေလာက္ ၿငိမ္ေနၿပီးမွ....
"ကိုကို ကဗ်ာတို႔ လမ္းခြဲရေအာင္ "
"ဘာ "
"လမ္းခြဲရေအာင္လို႔ "
"ကဗ်ာ မနက္ေစာေစာ ကိုယ့္ကို ေနာက္ေနတာလား"
"တကယ္ေျပာတာ ကိုကို ၊ ကဗ်ာ့ ဖုန္းကိုလည္း မဆက္နဲ႕ေတာ့ ၊ ကဗ်ာ့ကိုလည္း လာမရွာနဲ႕ေတာ့ ။ဒါပဲေနာ္ ၊ ကဗ်ာ ဖုန္းခ်ေတာ့မယ္ "
"ခဏေနပါဦး.."
ျမတ္မင္းေမာင္ တားလိုက္ေပမယ့္ 'တီ ´ဆိုေသာ အသံနဲ႕အတူ ဖုန္းခ်သြားၿပီျဖစ္တယ္ ။
"ေတာက္ ဖုန္းခ်သြားၿပီကြာ "
ဒါ ဘာလဲ။ ဘာလို႔ လမ္းခြဲခ်င္ရတာလဲ ။
ဒီေန႕ဆို ျမတ္မင္းေမာင္နဲ႕ ကဗ်ာ ရည္းစားျဖစ္တာ တစ္ပတ္ျပည့္တဲ့ေန႕ ။ ကဗ်ာက သူ႕ကို လမ္းခြဲခဲ့ျပန္ၿပီ။ ခုဆို ႏွစ္ေယာက္ရွိၿပီ။ ရည္းစားျဖစ္ၿပီး တစ္ပတ္ျပည့္တာနဲ႕ လမ္းခြဲခံေနရတာ ။ အရင္ကဆို သူ႕ဘက္ကသာ စလမ္းခြဲေနၾကပါ ။ ခုဆို မိန္းကေလးဘက္က စလမ္းခြဲခံေနရတယ္ ။ ဘာေၾကာင့္လဲ။
ဒီလိုေတြနဲ႕ သူ႕မွာ ေနာက္ဆုံးေတာ့ မိုးမခ ဆိုေသာ ခ်စ္ရသူ ၊ လက္ထပ္ရမယ့္သူ တစ္ေယာက္သာ က်န္ခဲ့ပါေတာ့တယ္ ။ ဘယ္သူေတြ ဘယ္လိုထားသြားသြား မိုးကေတာ့ အၿမဲေဘးမွာရွိေနေပးခဲ့တယ္ ။ ဒါေၾကာင့္လည္း မိုးကို လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားခဲ့ျခင္းပင္ ။ မိုးအေပၚကို ဘယ္ေလာက္ပဲ မတရားတာလုပ္ခဲ့ လုပ္ခဲ့ မိုးကေတာ့ အၿပဳံးမပ်က္ဘဲ နားလည္ၿပီး ခ်စ္ေပးခဲ့တယ္ ။ ဒါေၾကာင့္လည္း ျမတ္မင္းေမာင္ဆိုတဲ့ သူ႕ကို ေကာင္မေလးေတြ ထားသြားလည္း ဂ႐ုမစိုက္ဘဲ ေနာက္တစ္ေယာက္ရွာနိုင္ျခင္းပင္ ။
××××××××××××
ဆက္ရန္...
ဒါက က်ိန္စာ ဝတၳဳ ၿပီးေတာ့ ေရးခဲ့တဲ့ ဒုတိယေျမာက္ ဝတၳဳေလးပါ ။ update က ျမန္မွာပါ ။ ေရးၿပီးသားမို႔လို႔ ။ ျပင္စရာရွိတာ ျပင္ဆင္ၿပီး ျမန္ျမန္ တင္ေပးပါ့မယ္ ။
ႏွစ္သစ္မွာ အားလုံး ေပ်ာ္႐ႊင္ၾကပါေစ ။ ေဘးအႏၲရယ္ကင္းၿပီး က်န္းမာခ်မ္းသာပါေစ ။ လိုအင္ဆႏၵ ျပည့္ဝပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္ရွင္ ❤💛💙