*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~
ပြောင်ချောကဖွေးဥနေသော ချာတိတ်ရဲ့ကျောပြင်ကိုကြည့်ရင်း ကိုယ့်ကိုကိုယ်အမှားတစ်ခု ကျူးလွန်မိသလို စိတ်ထဲ မတင်နကျဖြစ်မိသည်။ အဝတ်အစားမဲ့နေသည့် ကောင်လေး၏ ကျောပြင်မှ အနီရောင်အမှတ်အသား အချို့သိသည် နှင်းဆီပွင့်လေး များလိုလှပနေပေမယ့် ChanYeol မြင်ရတာ စိတ်မချမ်းသာပေ။
စိတ်ကဘာကိုအတင်မကျဖြစ်နေမိတာလဲ။
အခုချိန်ကွာရှင်းလိုက်ရင်တောင် လူပျိုပြန်မဖြစ်တော့မယ့် နစ်နာသူကောင်လေးကို သနားနေမိလို့လား...၊
ချစ်ကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဦးနှောက်က တစ်ချိန်လုံးတားဆီးနေတယ်၊
Park ChanYeol ဆိုတာ ကိုယ်ကလွဲပြီး တခြားမည်သူကိုမျှ မချစ်တတ်တာ ဟိုးငယ်ငယ်လေးထဲက၊
ဘာမဟုတ်သည့် ကောင်လေးတစ်ယောက်ကြောင့်တော့ မာနတွေကိုရိုက်ချိုးမပြစ်လိုက်ချင်ဘူး။
ဒါဆိုလဲဘာလို့အနားမှာထား,ထားသေးလဲလို့ တွေးကောင်းတွေးနိုင်လိမ့်မည်။
အဖြေဟာရိုးရှင်းလွန်းပေမယ့် နားလည်ရခက်သည်။
ချာတိတ်ကိုမချစ်ပေမယ့်
အနားမှာမရှိရင် တစ်စက္ကန့်တောင်
ကမ္ဘာပျက်မလိုဖြစ်နေရသည်မို့...၊
ချစ်တာနှင့်မုန်းတာနှစ်ခုပဲ
ဒီလောကမှာရှိပေမယ့် လူတစ်ယောက်ကိုမချစ်သောငြား ချစ်သူတစ်ယောက်လိုပြုမူသည်။ မမုန်းသော်ငြား အေးစက်မာကြောစွာဆက်ဆံသည်။
အသိဉာဏ်မဲ့စွာရှေ့ဆက်တိုးချင်စိတ်ကို ချာတိတ်ကပေး၏။
လူတစ်ယောက်ရဲ့ဘဝကို၊
ငွေနဲ့တန်ဖိုးဖြတ်ခဲ့သည် ကိုယ်ကိုကိုယ်သာ အပြစ်တင်လိုက်တော့မည်။
ကျောပြင်ပုခုံးနားမှစ၍ တင်ပါးနားထိ ကျောပြင်လေးကို ပွတ်သပ်လိုက်မိသည်။ အနည်းငယ်လှုပ်လာသော ကိုယ်လေးသည် ချက်ချင်းဆိုသလို ChanYeol ဘက်ကိုလှည့်လာ၏။
"ဦး
နိုးနေပြီလား? မျက်နှာသစ်ဖို့ ကျွန်တော်
စီစဉ်ပေးမယ်"
ညက ကိုယ့်ကြောင့် ပင်ပန်းထားသည်မို့ ချာတိတ်ကိုကြည့်ရတာ အိပ်ရေးမရသေးသလိုပင်။ ဟုတ်မှာပေါ့လေ.. ည ၁၁ နာရီလောက်ထဲက စလိုက်တဲ့ ကိစ္စသည် တော်တော်ကြာကြာမှ ပြီးခဲ့သည်လေ။
"အိပ်ချင်အိပ်အုံး။
ငါလဲအိပ်အုံးမယ်"
နှစ်ခါပင်မပြောရ၊ စကားကိုအမြဲနားထောင်တတ်သော ချာတိတ်သည် အခုလဲချက်ချင်းဆိုသလို အိပ်ယာပေါ်ပြန်လှဲချလိုက်သည်။ ခါးနားတစ်ဝိုက်သာ ဖုံးထားသော စောင်ကြောင့် ကောင်လေး၏ အပေါ်ပိုင်းအလှသည် မျက်စိရှေ့အထင်းသား။
ထိုကောင်လေးကို အရှက်ကြီးလိမ့်မည်ဟု အစကထင်ထားခဲ့ဘူးသည်၊ တကယ်လဲထင်ထားသလို လိုတာထက်ကိုပိုပြီး အရှက်သည်းတတ်၏။
ဒါပေမယ့် အတူနေတာကြာလာတော့ ဒီကလေးဟာ ကြည့်လဲ မထူးဘူးဆိုသည့်ပုံဖြင့်သာနေတော့သည်။
တကယ်တော့ ChanYeol ကိုယ်တိုင်လဲ ဒီလိုအခြေအနေကို ပိုသဘောကျပါသည်။ အရှက်သည်းတာမျိုး ကိုသူမုန်းသည်လေ။
ချာတိတ်ဘယ်လိုတုံ့ပြန်မည်ကိုသိချင်တာမို့ ရင်ဘက်ကို လက်ဖြင့် အသည်းယားစရာ ကောင်းစွာ ပွတ်သပ်လိုက်၏။
မျက်လုံးဖွင့်ကြည့်လာပြီး ChanYeol ကိုမြင်တော့ ဘာမှမပြောပဲ မျက်လုံးတွေ ပြန်မှိတ်သွားသည်။
ပို၍ အဆင့်တက်ကာ ဗိုက်ကိုပွတ်လိုက်တော့ ကြက်သီးထသွားသည်ထင်၏၊ လက်ကိုအောက်သို့ ထပ်လျှောလိုက်တော့ အသက်ရှူသံတွေမြန်လာသည်၊ ထပ်ပြီးအောက်ကိုဆင်းလိုက်တော့ ခပ်တိုးတိုးညည်းသံနှင့်အတူ ChanYeol လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော်မရတော့ဘူး ဦး။
နာနေပြီ"
"ရော်။
ငါကရောဘာပြောလို့လဲ?
ဒီလောက်လေးတောင် ကိုယ့်ယောက်ျားကို
ထိမရဘူးလား"
"ဒါပေမယ့် ..ahh .. ဦး"
တိုးဝှေ့ဝင်ရောက်လာသည့် လက်ကြောင့် BaekHyun အော်လိုက်မိသည်။ တကယ်ကိုပင်ပန်းပြီး နာနေပါသော်လဲ မငြင်းရက်ပေ။ နည်းနည်းလေး စိတ်ကွက်သွားမည်ကို မလိုလားတာမို့...။
နောက်ဆုံးတော့လဲ
ChanYeol ရဲ့ ဦးဆောင်မှုနောက် အမိန့်တော်အတိုင်း လိုက်ခဲ့ရတော့သည်ပေါ့...။
--
တစ်မနက်လုံးအိပ်ယာထဲ၌သာ အချိန်ကုန်ခဲ့ပြီး အိမ်အောက်ကို ဆင်းလာတော့ နေ့လယ် ၂:၃၀ ပင်ခွဲနေပြီ.. အတူတူဆင်းလာတဲ့ ကျွန်တော်နဲ့ဦးကို အလုပ်သမားတွေက ပြုံးစိပြုံးစိဖြင့် ကြည့်နေသည်မို့ မလုံမလဲဖြစ်ကာ မျက်နှာကို တည်ထားမိ၏။
"သူဌေးနဲ့သခင်လေး။
နေ့လယ်စာသုံးဆောင်ပါတော့မလား?"
"အင်း..။
ပြီးရင်ကားပြင်ထားလိုက်။
BaekHyun ဆိုင်ခန်းကို ငါသွားကြည့်မယ်"
ကြည်နူးမှုသည်ရင်ခွင်ထဲ လှိုင်းလုံးလေးလို တရိပ်ရိပ် ဝင်ရောက်လာ၏။ တည်ကြည်အေးစက်စွာ စကားဆိုနေသော်ငြား ဦး မျက်လုံးထဲမှာ စေတနာတွေ ပါနေသည်မို့ ..။
တူဖြင့်သေချာစွာ ငါးရိုးကိုမနွှင်တတ်သူမို့ ပထမဆုံးအကြိမ် မရဲတရဲဖြင့်သာ ဦး ပန်ကန်ထဲ ကျွန်တော်နွှင်ထားတဲ့ ငါးကို ထည့်ပေးလိုက်သည်။ ဘယ်လိုတြုံ့ပန်မည်ကို သိချင်သည်မို့ မျက်နှာကို မရဲတရဲခိုးကြည့်မိလိုက်သေး၏။
ထမင်းစားပွဲပေါ်ကဦးရဲ့ လက်တွေခဏငြိမ်ကျသွား၏။ သို့သော် ချက်ခြင်းဆိုသလို ငါးကိုစားလိုက်တာမို့ ကိုယ့်ကိုကိုယ် ထမခုန်လိုက်မိအောင်ပင် အနည်းထိန်းထားရသည်။
စဉ်းစားကြည့်တော့ ကျွန်တော့်အဖြစ်က ထူးထူးဆန်းဆန်းပင်။ လက်ထပ်ထားတာပင် တစ်နှစ်ပြည့်တော့မယ်.. တစ်အိပ်ယာထဲအိပ်ပြီး နောက်ဆုံးအဆင့်ထိ အတူတူသွားခဲ့ဖူးပေမယ့် ဆယ့်ခြောက်နှစ်သား တစ်ဖက်သက် ကြိုက်ရသူကို လိုက်ဖားနေတာနှင့်တူနေသည်လေ။
ဒါပေမယ့်လဲမတတ်နိုင်ပါ။
ချစ်ရသူကကိုယ်ဆိုရင်..
သည်းခံခွင့်လွှတ်တတ်ရမှာလဲ ကိုယ်ပဲမလား။
အသေးအဖွဲလေးကစိတ်ပူသည်။
သဘောကျသည်။
မြတ်နိုးသည်။
မကောင်းတာရှိရင်တောင် ထိုမကောင်းတာလေးကို ရှားရှားပါးပါး ချစ်မိလိမ့်မည်ထင်သည်။
"ငါပြောတာကြားလား?"
"ဗျာ?"
"စိတ်ကဘယ်ရောက်နေတာလဲ?"
"မဟုတ်ပါဘူး။
ကျွန်တော်..ဒီတိုင်း..အင်း..ဒီတိုင်းပါပဲ"
"ညတိုင်မင်းအရမ်းဟောက်တယ်လို့။
အရင်ကမဟောက်တတ်ပါဘူး။
အခုမှဘာလို့ အဲ့လောက်ဟောက်နေရတာလဲ"
အေးစက်သွားတဲ့တစ်ကိုယ်လုံးဟာ ကြောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက်။ ဦးရှေ့မှာ အဲ့လိုမျိုးတွေ ဖြစ်မှာကို သေမလောကြောက်တာမို့ အမြဲ သတိထား ဂရုတစိုက်နေခဲ့တာ..။
"တောင်းပန်ပါတယ်။
အဆင်မပြေရင် ကျွန်တော် အပြင်
ထွက်အိပ်ပါ့မယ်"
"အင်း။
ငါတကယ်အဆင်မပြေဘူး။
လောလောဆယ်တော့ အပြင်မှာ
ထွက်အိပ်ပေး။"
တုန်ရီလာသည့်လက်တစ်စုံ..
ဝဲတတ်လာသည့်မျက်ရည်များကြောင့်
ငိုမိတော့မယ်ဆိုတာကို သိလိုက်ရသည်မို့
ဦးရှေ့ကအမြန်ထွက်လာလိုက်တော့သည်။
ချစ်မိတဲ့သူက
ရှုံးတယ်ဆိုတာလဲ
အမှန်ပဲကိုး။
အရင်ကလက်မခံချင်ခဲ့ပေမယ့်
ဒီစကားဟာ သွေးထွက်အောင်မှန်နေတော့လဲ..
ဦးကို အရှုံးပေးဖို့ စိတ်ထဲအသင့်ပြင်ထားရတာပေါ့...။
*• ဖြူစင်သောချစ်သူ •*
To be continue ...
ဆက်ရန်ရှိပါသေးသည်။
••~••~••~
တိုသွားတဲ့အတွက်တောင်းပန်ပါတယ်။
မအားတဲ့ကြားက စောင့်နေမယ့်သူတွေအတွက်
အချိန်ကိုအနည်းဖဲ့ရေးခဲ့ရတာပါ။
နောက်အပိုင်းတွေကို ဒီထက်ဒီထက်ပိုကောင်းအောင်
ရေးပေးပါ့မယ်...။
Thank you 🙏🏻