*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~
ကာလအချိန်စက်ဝိုင်းကို ကျော်လွန်ခဲ့ပြီးချိန်တွင် အချိန်ကအရာရာကို ကုစားပေးသွားမှာပါဟု တွေးထင်ခဲ့သမျှသည် လက်တွေ့မကျသည့် အတွေးတစ်ခုအဖြစ်သာ တည်ရှိတော့သည်။
တစ်ချိန်က တစ်နေ့နေ့တော့ အားလုံးနေသားကျလာမှာပါဟု ထင်ခဲ့ပေမယ့် တကယ်တမ်း BaekHyun ဘာနဲ့မှ အသားမကျသေးပေ။
နန်းတော်တမျှကြီးမားခမ်းနားသော အိမ်ကြီးအတွင်း နေထိုင်ရသည်ကိုရော၊
သာမန်တိုက်ခန်းတစ်ခန်းစာလောက် အကျယ်ရှိသော အခန်းထဲတွင် ChanYeol နှင့်အတူနေရသည်ကိုရော၊
တစ်ချိန်က အားလုံးကို ရိုကျိုးခဲ့ရသော်ငြား အခုတော့ အားလုံးက တလေးတစားဆက်ဆံနေကြသည်ကိုရော၊
ဘယ်ဟာမျှအဆင်မပြေ...။
ပိုဆိုးသည်က ဦးနှောက်မရှိစွာ၊
အသိဉာဏ်မဲ့စွာ၊
ရူးရူးမိုက်မိုက်ဖြင့်
တဘဝလုံးစာမုန်းတီးလို့တောင် မလောက်သည့်သူ့ကို
တစ်ဘဝလုံးစာထက်ပိုကာ ချစ်မိသွားခြင်းပင်။
အထိအတွေ့မှာ သာယာသွားတာလား...
ဟင့်အင်း..အဲ့အထိအတွေ့က သူ့ကိုချစ်လို့ သာယာမိခဲ့တာ။
နည်းနည်းလေးတောင် ကိုယ့်ကိုဂရုမစိုက်..
အလေးမထားသည့်သူ့ကိုမှ
ဘာလို့လဲဆိုသည့် အတွေးများကြောင့် အိပ်မပျော်ပေါင်းလဲ များခဲ့ရသည်။
အပြင်လောကတွင် တဖြောက်ဖြောက်ရွာသွန်းနေသော မိုးလေးများကိုငေးကာကြည့်ရင်း ကော်ဖီခါးခါးတစ်ခွက်ကို သောက်လိုက်တော့ စိတ်ကြည်သွားသလိုပင်။
နာရီကိုကြည့်လိုက်တော့ ညနေ ၅:၀၃ မိနစ်ခန့်။
တအောင့်နေလျှင်သူပြန်လာတော့မည်ပဲ။
နည်းနည်းလေးပဲဖြစ်ဖြစ် အာရုံစိုက်ခံချင်တာမို့ နံနက်ကဝတ်ထားသည့် အဝတ်အစားကိုလဲဝတ်ကာ သူလက်ဆောင် အဖြစ်ဝယ်ပေးထားသည့် ရေမွှေးနည်းနည်းကို စွတ်လိုက်သည်။
ဒီလောက်ဆို ဦးသဘောကျမှာပါ။
တစ်နေ့ကုန်အားယားနေသည်မို့ နေ့လယ်ခင်းတစ်ရေး အိပ်ထား၍ အနည်းငယ်ပွနေသော အိပ်ယာခင်းကို လက်ဖြင့် အမြန်ပြန်ဖြန့်လိုက်သည်။
ကုတင်ခြေရင်းရှိ မှန်အတွင်းမှ ပေါ်နေသောကိုယ့်ကိုကိုယ် ကြည့်ရင်း ဦးနှောက်မရှိလိုက်တာ၊ အမှတ်သည်းခြေမရှိလိုက်တာ၊ အရှက်မရှိလိုက်တာ ဟူ၍ တွေးလိုက်မိသည်။
ကျွန်တော်တကယ်ပဲ အရှက်မဲ့နေသည်လား။
အကြွေးတွေကြောင့် ဘဝကိုဖျက်ဆီးသိမ်းပိုက်ခဲ့တာကို
ကျွန်တော်မေ့ထားနိုင်ခဲ့သည်ပဲ။
ခြံထဲကားသံကိုကြားလိုက်ရတော့ လေကြီးမိုးကြီးဖြင့် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တို့သည် လေထဲပျံ့လွင့်ကုန်သည်။ ဘယ်လိုအရှိန်နှုန်းနှင့်များ အိမ်အောက်ကို ကျွန်တော်ပြေးဆင်းလိုက်သည်မသိ။
စင်ဝင်ရှေ့ရပ်စောင့်နေသည်အထိ ဦးရဲ့ကားပင် စက်မသက်ရသေးပေ။
ရာယ်စရာကောင်းလိုက်တာ BaekHyun ရယ်။
အဲ့လောက်တောင် ဂရုစိုက်ခံချင်နေတာလား...။
"မိုးအေးတယ်လေ။
အနွေးထည်ဝတ်ထား"
လက်ဆွဲအိတ်ကိုကမ်းပေးတဲ့ ဦးမျက်နှာကို မျက်တောင် မခတ်စိုက်ကြည့်နေမိသည်။ ဒီလူကြီး ကျွန်တော့်ထက် ၁၄ နှစ်ကြီးတယ်ဆိုတာ အမှန်ရောဟုတ်ပါ့မလားလေ။
ခန့်ညားလွန်း၏။
"ဟိတ်.."
"ဗျာ.."
"အိမ်ထဲဝင်မယ်လေ"
အရှေ့မှထွက်ကာသွားသောဦးကျောပြင်ကို ကြည့်နေရင်းမှ ဖြတ်တိုက်လာသော လေပြေလေးကြောင့် ခပ်လှမ်းလှမ်းက ဦးရဲ့ ကိုယ်ပိုင် ကိုယ်သင်းနံ့လေးကိုရလိုက်သည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ညတွေမှာ ဦးဆီက ရနေကျ အနံ့။
တစ်နည်းအားဖြင့် လောကမှာ
ကျွန်တော် အနှစ်သက်ဆုံး
ရနံ့တစ်ခု။
"ချာတိတ်!
အေးတယ်..ဝင်လာပါတော့ဆို"
ခပ်မာမာအသံကိုပင် ကြည်နူးစွာပြုံးလိုက်မိသည်။
ကျွန်တော်တကယ်ရူးနေပြီထင်ပါ၏။
--
"ကျွန်တော်ပန်းဆိုင်လေးပြန်ဖွင့်ချင်တယ်"
Bathtub ၏ဘောင်ပေါ်တင်ထားသော ဦးရဲ့ခေါင်းကို ဆပ်ပြာမြုပ်တွေပြောင်အောင် ဆေးချရင်း စိတ်ထဲရည်ရွယ်ထားသည့် စကားလေးကို အရဲစွန့်ကာပြောလိုက်မိသည်။
ခေါင်းပေါ်မှအမြုပ်တွေပြောင်သွားတော့ bathtub ထဲစိမ်နေသော ဦး၏ မြုပ်နေသော ပုခုံးနှစ်ဖက်ကို ခပ်ဖွဖွပွတ်သပ်ကာ နှိပ်ပေးလိုက်သည်။
"အိမ်မှာနေရတာပျင်းလို့လား?"
"ပျင်းတယ်လို့လဲမဟုတ်ပါဘူး။
ဝါသနာပါတာလေးမို့ပြန်လုပ်ချင်လို့ပါ"
ချစ်တယ်လို့သာ စိတ်ထဲဟစ်ကြွေးနေတာ အခုထိ စကားကို မရဲတရဲသာပျော်တတ်သေးသည်။
ChanYeol ရေကန်ထဲကထလိုက်တော့ အလိုက်သိလွန်းသော BaekHyun ကအနားမှာရှိသည့် တဘက်ကိုလှမ်းပေး၏။ ခန္ဓာကိုယ်အောက်ပိုင်းကို လျော့ထိလျော့ရဲပတ်ကာ မှန်ရှေ့တွင် ChanYeol ကရပ်လိုက်၏။
အိမ်ထောင်သက်တစ်နှစ်ပင်ပြည့်တော့မည်မို့ တစ်ယောက်ကို တစ်ယောက်ရှက်မနေတော့တာ သဘာဝကျသည်လေ။
တစ်ယောက်ထဲရှိသည့် ယောက်ျားကိုမှရှက်နေလို့လဲ ဖြစ်မှမဖြစ်ပဲ။
"ဦး..
ခွင့်ပြုမယ်မလား?"
"မင်းရေချိုးပြီးသားမလား?
အင်္ကျီတွေရေစိုကုန်ပီ မြန်မြန်သွားလဲချည်"
နှစ်ခါပင်ပြောစရာမလိုအောင် စကားနားထောင်သည်မို့ BaekHyun သက်ပြင်းချကာ ရေချိုးခန်းထဲမှ စိတ်ပျက်လက်ပျက်ထွက်လာလိုက်၏။
အခန်းထဲမှာပဲစိုနေသည့် အဝတ်တွေကိုချွတ်ကာလဲနေတော့ အနောက်မှလိုက်ထွက်လာသည့် ChanYeol မှခပ်ဟဟရယ်သည်။
"နည်းနည်းလေးတောင်
အရင်ကလိုမရှက်ပြတော့ဘူးလား?"
"ဘယ်နားဘာရှိလဲတောင်သိနေပြီး
ရှက်နေတော့ရောဘာလုပ်ရမှာလဲ?
မြင်နေရတာလဲတစ်ခါနှစ်ခါမှမဟုတ်ပဲနဲ့"
"ဟ။
ချာတိတ်..လေသံနည်းနည်းမာတယ်။
ခန့်မှန်းရသလောက်ကတော့
စိတ်ကောက်နေပြီပဲ"
BaekHyun ဘာမှပြန်မပြောပဲ ကုတင်ပေါ်ထိုင်ကာ မခေါက်ရသေးသော ChanYeol ၏အဝတ်အစားများကို ခေါက်နေလိုက်သည်။ ရိုက်သတ်၍မကုန်နိုင်လောက်အောင် အလုပ်သမားတွေရှိပါရဲ့ ကိုယ်တိုင်လုပ်ချင်ပါသည်ဟူ၍ အတင်းခွင့်တောင်းထားလို့သာ သူ၏ ဝေယျာဝစ္စတွေကို လုပ်ခွင့်ပေးခဲ့ခြင်းသာ။
"ဆိုင်ဖွင့်ချင်ရင်ဖွင့်လေ။
ဒါပေမယ့်ကိုယ့်ပိုက်ဆံနဲ့ကိုဖွင့်"
"ဦးသက်သက်ညစ်တာပဲ။
ဦးမှကျွန်တော့်ကိုပိုက်ဆံကိုင်
မသုံးခိုင်းတာ။ ဦးမပါပဲဘယ်တုံးက
များကျွန်တော်အပြင်ထွက်ရလို့
ကျွန်တော့်မှာပိုက်ဆံကရှိရမှာလဲ?"
ငိုသံစွက်နေသော BaekHyun ကြောင့် မချော့တတ်သူပီပီ ChanYeol စိတ်ညစ်မိသည်။ နည်းနည်းပြောလိုက်တာနဲ့ ငိုတတ်သည့် အကျင့်ကို တကယ်မုန်းပေမယ့် ဒီကလေးနဲ့မှ ဘာလို့ သည်းခံနေမိသည်ကိုလဲ မစဉ်းစားတတ်တော့ပါ။
"ဒါဆိုမဖွင့်နဲ့ပေါ့ကွာ။
ပိုက်ဆံလိုချင်ရင်တော့
အလုပ်လုပ်ရမှာပေါ့"
"ဘာအလုပ်မှဦးမလုပ်ခိုင်းဘဲနဲ့"
"ကောင်လေး။ ဒီနေ့မှ တစ်ခွန်း
မကျန်ကိုပြန်ပြောနေတာပ့ါလား။
အရင်ကတစ်နာရီနေလို့ စကားတစ်ခွန်း
ပြည့်အောင်ပြောတဲ့ BaekHyun
ဘယ်ရောက်သွားတာလဲ?"
"ကျွန်ပြောတာမှားလို့လားဦး?
ဦးနဲ့လက်ထပ်ပြီးတာပဲ တစ်နှစ်ပြည့်တော့မယ်
ကျွန်တော် အပြင်ထွက်ရတာ သုံးခါထဲရယ်။
နေအိမ်အကျယ်ချုပ်ကျနေသလိုပဲ"
"အင်းပါ။ ငါမှားတယ်ပဲထား။
လောကမှာ ဘယ်အရာမှ အလကား
မရဘူး။ ဒီနေ့ မင်းဆိုင်ဖွင့်ချင်ရင်
ငါ့ကိုတစ်ခုပြန်လုပ်ပေးရမယ်။
ငါတောင်းတဲ့ကတိတွေ မင်းတည်ရမယ်။
ငါ့စည်းကမ်းတွေမင်းလိုက်နာရမယ်။
ဘယ်လိုလဲ?"
"ကျွန်တော်လိုက်လျောရင်
ဆိုင်ပြန်ဖွင့်ခွင့်ပေးမှာလား?"
"ဒါပေါ့။
မင်းသာသေချာလိုက်နာမယ်။
ကတိတည်မယ်ဆိုရင်
ငါကိုယ်တိုင်အကုန်လိုက်စီစဉ်ပေးမှာ"
"ဒါဆိုကျွန်တော် ဦးပြောတာကို
သဘောတူတယ်။"
ChanYeol ရိုးအလွန်းသော BaekHyun ကိုရယ်လိုက်မိသည်။
ဒီကလေးဟာ တကယ့်ကို ရိုးသားလွန်းရှာသည်။
ရိုးသားလွန်းတဲ့ကလေးကိုမှ အိမ်ထောင်ဟူသော ဘဝထောင်ကြီးထဲ အချုပ်ချထားသည့် ကိုယ့်ကိုကိုယ် အပြစ်တင်မိပါ၏။
"စာချုပ်မှာလက်မှတ်ထိုးရမှာနော်။
ကတိတစ်ခုဖျက်ရင် ငါ့အဆိုးမဆိုနဲ့"
"ဟုတ်..ဒါဆိုဦးရဲ့
စည်းကမ်းတွေက?"
"ဆိုင်ကိုအကြိုအပို့ ငါကလွဲပြီး
ဘယ်သူမှလုပ်ခွင့်မရှိဘူး။
BaekHyun ခေါင်းငြိမ့်သည်။
ချစ်နေသူအဖို့တော့ ဒါဟာအထူးအခွင့်အရေးပဲလေ။
"ညနေခြောက်နာရီထိပဲဖွင့်ရမယ်"
သိပ်တော့သဘောမကျပေမယ့် အနည်းဆုံးတော့ ဆိုင်ဖွင့်ရမှာပဲဖို့ သူခေါင်းငြိမ့်လိုက်ပြန်သည်။
"customer တွေကို အရမ်းသဘော
မကောင်းပြနဲ့"
"ဒါကတော့...."
"မဖွင့်ချင်တော့ဘူးလား?"
"ပြီးရော!"
"ငါနဲ့အတူ ညစာစားပွဲတွေ
လိုက်တတ်ပေး"
ခြားနားလွန်းတဲ့ဘဝအခြေအနေ အဆင့်တန်း၊ ကွာခြားလွန်းတဲ့ အသက်အရွယ်တွေကြောင့် ဦးရဲ့ အသိုင်းအဝိုင်းမှ ကဲ့ရဲ့ အပြစ်တင်တာတွေကိုမခံချင်။ အဲ့တာကြောင့် ဦးတတ်သမျှ ပွဲတွေ၊ ဦးစီစဉ်တဲ့ပွဲတွေမှာတောင် ကျွန်တော်မပါဝင်ခဲ့ဘူးပေ။ ဒါကြောင့်လဲ media တွေနှင့် အခြားသူတော်တော်များများဟာ Byun BaekHyun ဆိုသည့်နာမည်ကိုသာ ကြားဖူး၍ လူမမြင်ဘူးခြင်းပင်။
"ကျွန်တော်..."
"သတ္တိရှိသင့်ပြီ ချာတိတ်။"
BaekHyun ခေါင်းငြိမ့်လိုက်မိသလား မသိပါ။ သူသည် စာရွက်အလွတ်တစ်ရွက်ကိုယူကာ လက်ဗွေနှိပ်ခိုင်း၏။
"ဘာလို့စာချုပ်ကအလွတ်ကြီးလဲ?"
"စည်းကမ်းချက်တွေ ထပ်ထွက်လာရင်
ဖြည့်ရေးမလို့ပေါ့။ ကဲ...
အပေးအယူကိစ္စကရော?"
"ကျွန်တော်ကဘာပေးရမှာလဲ?
ပေးနိုင်တာဆိုရင်တော့ ဘာမဆိုပေး
ပါ့မယ်"
"မင်းပေးနိုင်ပါတယ်"
BaekHyun ငေးကြည့်နေတုံး ChanYeol ၏ စကားကြောင့် တစ်ကိုယ်လုံးအေးစက်သွားရသည်။
"ဒီညအပေါ်ကနေပြီး
ငါ့ကိုပြုစုပေး"
To be continue ...
ဆက်ရန်ရှိပါသေးသည်။
••~••~••~
သဘောကျတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။
ဒီအပိုင်းပေါ့သွားလို့လဲ တောင်းပန်ပါတယ် 😢
နောက်အပိုင်းတွေ ဒီထက်ကောင်းအောင်ရေးပါ့မယ်