Kying Soo POV,
"၆၀ ၅၉ ၅၈....၁"
နာရီအား ကြည့်ပြီး ရေတွက်နေကြအတိုင်း အချိန်တွေကို ကျွန်တော်အကြိမ်ကြိမ်အခါခါ ရေတွက် ပြီးသော်လည်း ကျွန်တာ့လက်ထဲရှိ ဖုန်းလေးမှာ ပကတိ ငြိမ်သက်ဆဲပင်။လွန်ခဲ့သေတစ်လခန့်အထိကျွန်တော့အတွက်အချိန်မှန်စွာ အလုပ်လုပ်ပေးခဲ့သည့် ဖုန်းလေးမှာ ယခုအချိန်တွင် ငြိမ်ချက်သားကောင်းလွန်းလှသည်ဟု ကျွန်တော်ထင်နေမိသည်။
"သူမအားလို့ နေမှာပါ"ဟူသည့် အတွေကို လက်ဝယ်ပိုက်ပြီး ဖုန်း Ringtonge အသံကိုသာ ကျွန်တော် နားစွင့်နေမိသည်။
အချိန် နာရီတွေသာ တစ်နာရီ ပြီး တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။ကျွန်တော် စိုက်ကြည့်နေမိသည့် ဖုန်းscreenမှာတော့မည်သည်မျှ ထူးခြားခြင်းရှိမလာခဲ့။
အမှောင်ထုကြီး ကုန်လွန်လို့ မိုးသောက်သည်အထိ ကျွန်တာ် မျှော်နေမိသည့် ဖုန်းလေး မလာသည်မှာ လွန်ခဲ့သော တစ်ပတ်ခန့်မှ အစပြုခဲ့ခြင်းပင်။
"နောက်နေ့တွေမယ်" ဟု ပြုံးပြုံးကြီး ပြောခဲ့ တဲ့ သူ့အပြုံးချိုချိုကို ကျွန်တော် လွမ်းလှပြီ။သူ့ရဲ့ ချစ်တယ်ဆိုသည့်စကားများအားကျွန်တော် လွမ်းလှပြီ။သူပြောနေကြ Good Night ဟူသည့် နှုတ်ဆက်စကားအား မကြားရ၍ အိမ်မပျော်သည့် ညများ များလာသည်နှင့်အမျှ မျက်ဝန်းတစ်ဝိုက်မျက်ကွင်းညိုညိုကြီးကြီးစိုးထားသည်မှာ ပန်ဒါနှင့်ပင် အမျိုးတော်နေသလိုပင်။
"လွမ်းတယ် Jong In ရယ်"
ဖျော့တော့စွာပြောအပြီး စားပွဲ ပေါ်မှ အိပ်ဆေးအား တစ်လုံးယူသောက်လိုက်သည်။တစ်ခဏလောက် သူအကြောင်းမေ့
ပြီး အိပ်သင့်သည်။ မနက် ကျွန်တော်လည်း ကျောင်းသွားရဦးမည်မလေ။
🚥🚥🚥🚥
"Kyung Soo Jong In ပြန်ရောက်နေပြီတဲ့"
ဟင် ကျောင်းရောက်ရောက်ချင်း ကြားလိုက်ရသည့် သတင်းကြောင့် ပျော်မိသွားပြီး တစ်ခဏ ဆို တစ်ကယ် တစ်ခဏပင်။ နောက်ဆက်တွဲ " ငါတောင် မသိလိုက်ရပါလား " လို့တွေးမိတိုင်း ဝမ်းနည်းစိတ်က ကပ်ပါလာခဲ့သည်။
ဆရာဝန်ဖြစ်တော့မည့် ကျွန်တော် အရာရာ မှာ ရင့်ကျက်ပြီး
ဖြစ်သော်လည်း သူနှင့် ပတ်သက်ပါက အရာရာ ကို သိမ်ငယ်မိနေသည်။ကျွန်တော် အကြောက်ဆုံးအရာသည် သူကျွန်တော့အား မုန်းသွားမည်ကိုပင်။
"မင်းမသိဘူးလား Kyung Soo"
အပြုံးမမည်သာသော အပြုံးအား ဆင်မြန်းပြီးသာ အဖြေပေးမိသည်။
"အလုပ်မအားလို့နေမှာပါကွာ"
ကျွန်တော့ ဝမ်းနည်းနေသည်ကို သတိထားမိလို့ ထင်ပါ့ ကျွန်တော့အား အား ပေးစကားပြောလာသည့် Chen ရယ်လေသူပြီးရင် ကျွန်တော့ မျက်နှာရိပ်မျက်နှာကဲအား စာအုပ်လိုဖတ်နိုင်သည့် ဒုတိယ လူပင်။
ဝဲတက်လာသည့် မျက်ရည်အား ကျမလာစေရန် မျက်တောင်ကိုသာ နာနာ ခပ်မိသည်အထိပင်။
"သူ ငါ့ကို မချစ်တော့ဘူးတူပါတယ်Chenရယ်။ သူ...သူ"
ပြောနေရင်းပင် ရှိုက်တက်လာသည့် အတွက်ကြောင့် Chenကိုသာ ဖက်တွယ်ပြီး ငိုကြွေးမိသည် ။ဒါဟာပထမဆုံးအကြိမ် သူငယ်ချင်းအား သူ့အကြောင်း ရင်ဖွင့်ခြင်း ဖြစ်လိမ့်မည်။
ကျောပြင်အား ဖွဖွ ပုတ်ကာ နှစ်သိမ့်ပေးနေသည့် Chen သည်အစ်ကိုကြီးတစ်ယောက်လားပင်။ အချိန်တိုင်း သိမ်းစည်းမိသည့် စိုးရိမ်းမှုတွေကြောင့် ယခုချိန်တွင် ရှိုက်ငိုသံမှလွဲ၍ထပ်ထွက်မလာခဲ့ပေ။
🚥🚥🚥🚥🚥
Chen POV,
Kyung Sooရဲ့ ကျောပြင်လေးအား ဖွဖွ ပုတ်ပေးရင်းသာ နှစ်သိမ့်မိသည် ။ တဖြည်းဖြည်းနှင့် ပို၍ ပင် တုန်ယင်လာသောကျောပြင်သေးသေးလေးကြောင့် သက်ပြင်းသာ ချမိသည်။ဒီရက်ပိုင်းမှာ ဒီကလေး ဘယ်တောင် ခံစားနေရမလဲ။အချိန်အပိုင်းခြား အနည်းငယ်သာ ငယ်သော်လည်း သူသည် ကျွန်တော့ထက် များစွာ ကလေးပိုဆန်သည်။သူက ခံစားလွယ်တဲ့ကလေးလေးမလား။
"ငါ .. ငါ ကြောက်တယ် ။ သူ..ဟင့် သူငါ့ကို မချစ်တော့တာများလားဟင်"
တုန်ရင်နေတဲ့ သူ့အသံလေးကြောင့် ကျွန်တော်တကယ်စိတ်မကောင်း။ သူအမှန်တကယ် ကြောက်နေခဲ့သည်မလား။ကျွန်တော့ သူငယ်ချင်လေး Jong Inကိုဘယ်လောက် ချစ်လဲဆိုတာ ကျွန်တော်အသိဆုံးမလား။
"အို လျှောက်မတွေးရဘူးလေ သူမင်းကို ချစ်ပါတယ်ကွာ အခု အလုပ်ရှုပ်နေတာ နေမှာပါ တိတ်တော့ ကြောင်ချီးရုပ်လေကြည့်ပါဦး မျက်ကွင်းတွေလဲ ညိုလို့ ညဘက်တွေ မအိပ်ဘူးလားကွာ"
"သူ့ဟာသူအိပ်မပျော်တာ"
"Ok Ok tutotiral ရှိတယ်ရပြီလား"
"ဟီးးး ငါကျမှာ"
ရယ်ပြကာ ပြောနေသော်လည်း သူ့မျက်ဝန်းတွေ အရင်လိုတောက်ပခြင်းမရှိတာ ကျွန်တော် အသိဆုံးပင်။
🚥🚥🚥🚥
No One POV,
#Ring Ring
ရုတ်တရ ထမြည်လာသည့် ဖုန်း ကြောင့် Kyung Soo ကိုယ်လေးတစ်ချက်တုန်သွားလေရဲ့။ ဖုန်းContant ကြည့်ပြီးသည့်ခဏ Kyung Soo မျက်ဝန်းမှ မျက်ရည်စများ ဖိတ်ကျသွားလေသည်။
✔️✔️✔️✔️✔️
ဒါလေးက အမှန်တကယ် Normal ဝတ္ထုလေးကို ကျောရိုးယူပြီးရေးထားတာပါ။ အဲ့ဝတ္ထုထဲမှာKyung Soo နေရာက ကောင်မလေးက ကျောင်းဆရာမပါ။ အခုတော့Kyung Soo ကို ဆရာဝန် လုပ်ထားပါတယ်နော်။
ကြိုးစားပြီး ဘာသာပြန်ထားပါတယ် ။ သိပ်တော့မတူပါဘူး
ဘာလို့လဲ ဆိုတော့ အနော် က ကျောရိုးပဲယူထားတာ ပါ။ ကျန်တာ ကိုယ့်ဟာကိုရေးတာဆိုတော့ သိပ်ကောင်းမှာမဟုတ်ဘူး။ ဒါလေးက ပထမဆုံး ရေးတာဆိုတော့ အရေးအသားကတော ခပ်စုပ်စုပ်ရယ်😅😅😅😅😅
#Dika_Aeri🐧