စတုဂံလွင်ပြင်

By minsetwai

2.1K 133 6

မင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ More

ကြွေ
မင်းသမီး
Lotusအတွက်​ကဗျာတစ်​ပုဒ်
🚶 လူ🚶
နားလည်ခြင်းထဲမှာ သံယောဇဉ်တွေပေါင်းထည့်ကြည့်
**၅၂၈ အလွမ်း**
လူနဲ့လမ်း
အနောက်အရပ်ကတိမ်တိုက်တွေအကြောင်း
ကဝေပျိုခိုတဲ့အသည်း
လမိုင်းမမိ တဲ့ ပိုး
ဖတ်လို့မကောင်းတဲ့ ကဗျာ
မိုး ခါး တေး ကို စို့ နင့် နင့် သီ ကျူး ခြင်း
ဆေးဆိုးထားသောအမှိုက်များ
ကြက်ခြေခတ်ထားတဲ့အက်ဆေး
နှလုံးသွေးဖြင့် အသက်ရှင်ခြင်း
ကမ္ဘာမြေပေါ်မှ မျှော်လင့်ဆုတောင်းသံ
မှော်ဆန်လွန်းတဲ့အချစ်
**မီးစုန်းကပ်တဲ့ ပင်လယ်**
ဒီမြို့ပြ
ခွင့်
***မျော.......***
ဖြတ်
နွေဦး
အချဉ်ပေါက်သွားတဲ့စိတ်
ငါ မသိခဲ့ဘူးဆိုပါစို့
အစာမကြေခြင်း
ပြန်လမ်းမရှိပစ္စုပ္ပန်မှာနေထိုင်ခြင်း
ပန်းဆီရောင်အလွဲများ
ကဗျာဟုတ်​သည်​ဖြစ်​​စေ ၊မဟုတ်​သည်​ဖြစ်​​စေ
ကဗျာလူသား
နှင်တံကလေးရဲ့ကျေးကျွန်
ထိုမြို့ဟောင်း၌ကျွန်မစောင့်နေသည်
ပြန်မဆုံချင်တဲ့သူ
အိပ်မက်သည်
ဝမ်းတစ်ထွာရဲ့ကျောရိုး
အဲဒီနေ့က ငါ ဘုရားကျောင်းမတက်ဖြစ်ခဲ့ဘူး... ရိုဇီ
လေးလံထိုင်းမှိုင်းခြင်းရဲ့ကဗျာ
ဥေပကၡာဓား
ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်
ဖိတ် ကြား ခြင်း
မန္တလေးကညတစ်ည
အလွမ်းည
လွမ်းစိမ့်စိမ့်
အိပ်မက်ကိုခူးဆွတ်ခြင်း
လွမ်းချင်းရဲ့လွမ်းချင်း

ဒီကဗျာမှာ ကျွန်တော် ဒါတွေမပြောဘူး

16 0 0
By minsetwai


ဒီကဗျာမှာ ကျွန်တော် ဒါတွေမပြောဘူး
-------------------------------------------[၀ိုင်းဝိုင်း]

ဟုတ်တယ်
ဒီကဗျာမှာ ကျွန်တော် ဒါတွေမပြောဘူး
လုံးဝမပြောဘူး…။

ပြေးလွှားနေရတဲ့ ကျွန်တော်တို့ခြေထောက်တွေ
ဘယ်လောက်သန်မာတောင့်ခံထားရတဲ့အကြောင်း ကျွန်တော်မပြောဘူး...။

အဖေလား..
အဖေကရက်စက်တယ်
ကျွန်တော်တို့ကိုဥပေက္ခာပြုထားတယ်
တောထဲမှာ ယင်ကောင်တစ်အုပ်နဲ့ပျော်ပါးနေတယ်တဲ့
ဒါပေမဲ့ ကျွန်တော် ဒါတွေမပြောဘူး...။

အရွယ်မရောက်ဘဲ လေပွေမိရွက်ဝါထိုးသွားတဲ့
ဖူးရွက်နုလေးတွေ အကြောင်း
ကျွန်တော်မပြောဘူး...။

အဖေ့ကိုကြောက်တယ်
အဖိုးကိုကြောက်တယ်
အကို့ကိုကြောက်တယ်
အမှောင်ထဲမှာ ကျွန်တော့်ညီမလေး
အဲ့သလိုအော်နေတယ်
ဒါမှမဟုတ် ဝိဉာဉ်တစ်ကောင်ရှိုက်နေတယ်
ဒါပေမဲ့ကျွန်တော် ဒါတွေမပြောဘူး...။

နို့ဆာနေတဲ့ကလေး
ဘယ်သူလဲ
ဘယ်သူ့ကလေးလဲ
ဘယ်အရပ်ကလဲ
ကျွန်တော် ဒါတွေမပြောဘူး...။

အေးခဲလာပြီ
နွေးလိုနွေးငြား စောင်စုတ်လေးတစ်ထည်ပေးပါ
ဆီပေးပါ
ဆန်ပေးပါ
ကျေးဇူးပြုပြီး.........ကျေးဇူးပြုပြီး
ကျုပ်တို့ဆာလောင်မှုကို သတ်ပေးပါ
ဆာ...လောင်..မှု..ကို..သတ်...ပေး...ပါ.
ဒီအကြောင်းတွေ ကျွန်တော်မပြောဘူး
ဟုတ်တယ်
ဒီကဗျာမှာ ခင်ဗျားတို့ကိုကျွန်တော်ဒါတွေမပြောဘူး
လုံးဝမပြောဘူး...။
                         
                          ဝိုင်းဝိုင်း

Continue Reading

You'll Also Like

113K 12.5K 21
Original title:, (fenshoule,bie nao) Status:Complete Author: (xiang yu naicha) // Taro Milk Tea Status in COO:190 Chapters and 10 extras Raw Novel:h...
64K 2.9K 17
ကိုယ်ကြိုက်တဲ့ idol က ကိုယ့်ကို ပြန်ကြိုက်လာတဲ့အခါ 😍😍 fangirl တွေ စိတ်ကူးယဉ်လို့ကောင်းတဲ့ ဝတ္ထုမျိုးဖြစ်ပါတယ်...ကိုယ်လဲ fangirl တစ်ယောက်မို့ မင်းသား...
1.5M 239K 92
Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myan...