แ€ปแ€–แ€ดแ€…แ€„แ€นแ€ฑแ€žแ€ฌแ€แ€บแ€…แ€นแ€žแ€ฐ

By ByunKhinee614

198K 14.7K 389

ChanYeol BaekHyun Yaoi More

Episode 1
Episode 2
Episode 3
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13 (Extra)
แ€ปแ€–แ€ฐแ€…แ€„แ€นแ€ฑแ€žแ€ฌแ€แ€บแ€…แ€นแ€žแ€ฐ
Episode 14 ( Extra )
About Fic Book

Episode 4

13.2K 986 28
By ByunKhinee614

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

"မိတ်ကပ်တွေအထူကြီးမလိမ်းနဲ့"

လေအေးပေးစက်သံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသော ဟိုတယ်ခန်းအတွင်း၌ ChanYeol အသံသည် ခပ်ကျယ်ကျယ်ထွက်လာသည်။ မင်္ဂလာပွဲမတိုင်ခင် ပြင်ဆင်မှုများကို ဟိုတယ်ခန်းငှားကာ ပြင်ဆင်နေခြင်းဖြစ်ပြီး BaekHyun အား မိတ်ကပ်လိမ်းချယ်ပေးနေသော ကောင်မလေးအား သတိလှမ်းပေးလိုက်ခြင်းဖြစ်သည်။

သွေးကျောလေးတွေပေါ်သည်ထိ ဖြူနုနေသော မိတ်ကပ်မပါသည့် BaekHyun ပုံစံကို သူပိုသဘောကျတာမို့ဖြစ်သည်။ ဘာအကြောင်းကြောင့် BaekHyun ကိုဆိုလျှင် အစစအရာရာ လိုက်ကြည့်နေမိမှန်း နားမလည်နိုင်။ သူနှင့်ပက်သက်လျှင် ကိုယ့်ကိုကိုယ် Park ChanYeol မပီသတော့ဘူးဟု အတွေးဝင်ဝင်လာရသည်။

ချစ်တာတော့မဟုတ်ပါ။
ဒီတိုင်းလေးအနားမှာထားချင်သည့်သဘောမျိုး။

BaekHyun ရှိနေလျှင် ကံကောင်းသည်ဟုခံစားမိတာကြောင့်ပင်။ လက်ထပ်ဖို့ထိ ဆုံးဖြတ်လိုက်ခြင်းကိုတော့ မိမိကိုယ်တိုင်ပင် ဘာလို့လဲမသိ။ ကလေးငယ်တစ်ယောက် သူကြိုက်သည့် အရုပ်တစ်ရုပ်ကို အပိုင်လိုချင်သလို BaekHyun ကိုလိုချင်တာမျိုး။

တွေ့လိုက်တိုင်း အရှက်သည်းစွာ ငုံ့ထားတဲ့ မျက်နှာလေးကို ခိုးကြည့်ရတာ သဘောကျသည်။
အနားကိုတိုးကပ်သွားတိုင်း အနောက်ကို ဆုပ်ဆုပ်သွားတတ်ပုံလေးကို အသည်းယားသည်။
အထစ်ထစ်အငေါ့ငေါ့ စကားပြောကာ ကြောက်လန့်နေပုံလေးကို အမြဲတွေ့ချင်ကြားချင်သည်။

ဦးလို့ခေါ်တာလေးကိုလဲ..အင်း..သဘောကျတယ်ဆိုပါတော့။

ဒါကြောင့်အနားမှာတစ်သက်လုံးခေါ်ထားလိုချင်းပင်။ အချစ်တစ်ခုဘက်ကိုတော့ ပြောင်းလဲမှုမရှိအောင် တတ်နိုင်သလောက်တားဆီးရမည်။

ဟန်ဆောင်ကောင်းသည့် ကိုယ့်ကိုကိုယ်သာ ချီးကျူးလိုက်ခြင်တော့၏။

ချစ်မိသွားရင်တောင် မချစ်မိသလိုနေမယ်..
သတိရရင်တောင် သတိမရသလိုနေမယ်..

ဘယ်တော့မှမချစ်မိအောင်လဲ
ကြိုးစားမယ်။

တကယ်တော့လောကမှာ အချစ်စစ်ဆိုတာ ဘယ်မှာမှမရှိ။ လူဆိုတာပြောင်းလဲတတ်သည့်အမျိုးမဟုတ်လား။

အမြဲရင်ခုန်နေမယ်..အမြဲလွမ်းနေမယ်..အမြဲချစ်နေမယ်ဆိုတာတွေဟာ ခပ်ပေါပေါဟာသတွေသာ။

"ဦး.."

နက်ခ်ကတိုင်ကိုစည်းနေတုံး အနောက်မှအသံခပ်တိုးတိုးကြောင့် လှည့်ကြည့်လိုက်မိတော့ အနောက်တိုင်းဝတ်စုံဖြင့် ကြည့်ကောင်းလွန်းနေသောသူ။

လှတယ်ဆိုတဲ့စကားဟာ ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့
သူ့အတွက်တော့ အရမ်းကိုပေါ့ပျက်လွန်းသည်။

လှတာထက်ကို သူကပိုလှ၏။

"ပြော.."

"ကျွန်တော်ဒါမစည်းတတ်ဘူး"

လက်ထဲမှ နက်ခ်တိုင်ကို ထိုးပေးကာ စည်းပေးပါဟူသော အကြည့်ဖြင့် မရဲတရဲကြည့်လာသည်။ အစာပေးပါဟု တောင်းနေသော ခွေးပေါက်လေးဖြင့်တူ၏။

"နောက်နေ့ကျရင် ငါ
အလုပ်သွားတိုင်းစည်းပေးဖို့
လေ့ကျင့်ထား။ အခုတော့ပထမဆုံးနဲ့
နောက်ဆုံးစည်းပေးမယ်"

သပ်သပ်ရပ်ရပ်လေးစည်းပေးကာ ငြိမ်ငြိမ်လေးသာထိုင်ခိုင်းထားလိုက်တော့လဲ အသက်မရှိသည့် အရုပ်လေးလို ကုတင်ပေါ်တွင် ငုပ်တုတ်လေးထိုင်နေလေသည်။

အမျိုးမျိုးလဲတတ်နိုင်သည့် ချာတိတ်..။

ဝါကျင့်ကျင့် မီးရောင်သည် ခန်းမတစ်ခုလုံးကို ဖြန့်ကျက်ထားလေသည်။ ခန်းမတစ်လျှောက် ပရော်ဂျက်တာဖြင့် ဖွင့်ပြထားသော လွန်ခဲ့သည့် တစ်ပါတ်ခန့်၌ ရိုက်ကူးထားသော ပုံများသည် ကြည်နူးဆွတ်ပျံ့ဖွယ် အမြင်ကိုပေးလေ၏။

ဖာသာရှေ့ရပ်နေသောသူ့ကို မီးရောင်တွေကြောင့်သေချာမမြင်ရ။ အေးစက်တုန်ရင်နေသော လက်များသည် ခန်းမကျယ်ကြီးအတွင်း အပြည့်ရှိသော သူ့၏ အသိမိတ်ဆွေများကို တွေ့တော့ ပိုလို့ပင် စိတ်လှုပ်ရှားလာရသည်။

မင်္ဂလာဆောင်ခန်းမတစ်ခုလုံးသည် BaekHyun ကြိုက်သော နှင်းဆီအဖြူများ အပြည့်ဖြင့် သိုက်မြိုက်စွာ လှပလွန်းနေတော့ အံ့သြရပြန်သည်။

နှင်းဆီအဖြူကို ကြိုက်နှစ်သက်မှန်း သူဘယ်လိုသိလဲဆိုသည့် အတွေးဖြင့်။

လျှောက်လှမ်းထက် တစ်ယောက်ထဲရှိနေတော့ မရှိတော့သည့် အဖေဖြစ်သူကို တမ်းတမိသည်။ အဖေသာရှိရင် အခုချိန် လက်ကိုကိုင်ကာ စိတ်မလှုပ်ရှားဖို့ တဖွဖွမှာရှာလိမ့်မည်။

မင်္ဂလာတီးလုံးအစပြုတော့ သူ့ဆီတည့်တည့် မတ်မတ်လှမ်းလို့လျှောက်လိုက်သည်။

လျှောက်လမ်းမဟာ ဦးရဲ့ဘဝဆို ကျွန်တော် တည့်တည့်မတ်မတ် ဝင်ရောက်လာတော့မှာမို့ အခုလိုဘေးလူတွေကိုတစ်ချက် မကြည့်ပဲ ဦးဘဝထဲဝင်လာတဲ့ ကျွန်တော်တစ်ယောက်ထဲကိုသာ အခုချိန်အတိုင်း..ဒီလိုလေး..ကျွန်တော်မမြင်ဘူးသေးသည့် အပြူံးချိုချိုလေးဖြင့် ဆီးကြိုပေးဖို့ တောင်းဆိုပါရစေ။

"သတို့သား Park ChanYeol သည်
Byun BaekHyun အား ဆင်းရဲသည်
ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်
ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ..သက်ဆုံးတိုင်
ပေါင်းသင်းသွားပါမည်ဟု ကတိပြုပါသလား"

"nae.. ကတိပြုပါတယ်"

"သတို့သား Byun BaekHyun သည်
Park ChanYeol အား ဆင်းရဲသည်
ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်
ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ..သက်ဆုံးတိုင်
ပေါင်းသင်းသွားပါမည်ဟု ကတိပြုပါသလား"

"ဟုတ်ကဲ့..ကတိပြုပါသည်"

"သင်တို့နှစ်ဦးအား ယနေ့မှစ၍
အကြင်လင်မယားအဖြစ် တရားဝင်
အသိအမှတ်ပြုပါသည်"

လက်သူကြွယ်ရှိလက်စွပ်လေးသည်
သေသည်အထိအတူရှိနေပါရစေလို့
တိတ်တိတ်လေးဆုတောင်းမိလိုက်တာကို ဦး သိပါ့မလား။

လူတိုင်းရဲ့ပစ်ပယ်ခြင်းကိုခံရသည့် သူကို ခမ်းခမ်းနားနား လူရာသွင်းပေးလို့ ကျေးဇူးတင်ပါတယ်ဦး..

ဦးကိုမချစ်သေးတဲ့ နှလုံးသားကို ဒီနေ့ကစပြီး ချစ်တတ်အောင် သင်ပေးတော့မှာမို့.. နှလုံးသားလေးချစ်တတ်လာတဲ့ တစ်နေ့ကျရင် ကြင်နာစွာ လက်ခံပေးဖို့ တောင်းဆိုပါရစေ...။

--

ချမ်းစိမ့်စိမ့်ရာသီဥတုတွင် သူများတွေလိုဝိုင်လေးသောက်ကာ နွေးအောင်မလုပ်နိုင်သည့် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ရသည်။ မနက်ပိုင်းပွဲပြီးပြီးချင်း ဝတ်စုံ,ဆံပင်, မိတ်ကပ်ကစ အစအဆုံး ညနေပွဲအတွက် ပြင်ဆင်ရသည်မို့ လူလဲတော်တော် ပင်ပန်းနေပြီ။ သူ့ကိုကြည့်လိုက်တော့ ဝိုင်ခွက်ကိုကိုင်ကာ သူငယ်ချင်းများဖြင့် စကားပြောနေသည်ထင်သည်။ BaekHyun ကိုတော့ သူ့မိဘတွေဖြင့် ထိုင်ခိုင်းထားပြီး သူကကြတော့..။

ညပိုင်းဖြစ်သည့်မို့ တိုက်သောလေသည် အတော်ပင် ချမ်းစိမ့်စိမ့်နိုင်၏။ နဂိုထဲကအအေးမခံနိုင်သည်မို့ တစ်ကိုယ်လုံး ချမ်းလို့ တုန်ရီနေသည်။

"BaekHyun.."

ခပ်လှမ်းလှမ်းမှ သူ၏အော်ခေါ်သံကြောင့် သူနှင့် စကားပြောနေသော လူတစ်စုရှိရာသို့ အပြေးသွားလိုက်သည်။

"ဒါဦးသူငယ်ချင်း Kim JongIn..
သူက Wu YiFan၊ ဒါက MinHe
အထက်တန်းကျောင်းထဲက
သူငယ်ချင်းတွေ"

"တွေ့ရတာဝမ်းသာပါတယ်..
BaekHyun ssi"

"ဟုတ်ကဲ့"

"ChanYeol သူ့ကိုကြည့်ရတာ
ချမ်းနေတယ်ထင်တယ်"

"အထဲမှာဝင်စောင့်နေလိုက်တော့။
ခဏနေဆိုပွဲလဲပြီးပြီပဲ"

ပျော်ရွှင်စွာခေါင်းငြိမ့်ရင်း သူ့ဆီမှ ဟိုတယ်အခန်းသော့ယူကာ ခပ်မြန်မြန်အခန်းသို့ပြန်နေလိုက်သည်။

တံခါးကိုလော့ခ်ချလိုက်ရင်း အခန်းထဲကိုကြည့်လိုက်တော့ မျက်နှာဘယ်နားထားရမှန်းမသိအောင် ပူခနဲဖြစ်သွားရသည်။
ပုံမှန်ဆို ဟိုတယ်ခန်းမှ အိပ်ယာသည် အဖြူစွတ်စွတ်ကိုသာ မြင်ဘူးပေမယ့် အခုကျတော့ အနီရင့်ရောင် အိပ်ယာကြီးက နေရာယူနေသည်။

အိပ်ယာပေါ်တွင် တဘက်စကို ကြိုးကြာမောင်နှံပုံစံခေါက်ထားပြီး နှင်းဆီပန်းဖတ်တို့ ဖြန့်ကျဲပေးထားသေးသည်။ ရွှေအိုရောင် post card အားယူဖတ်ကြည့်တော့ တစ်ကိုယ်လုံး ကျဉ်စက်ဖြင့် အတို့ခံလိုက်ရသလိုလို။

Our First Night ~

မျက်နှာပူလာသည်မို့ post card ကိုဒီတိုင်းပြန်ထားကာ ရေချိုးဖို့ ပြင်လိုက်တော့သည်။

တကယ်ပဲဒီည နှစ်ယောက်ထဲ ဘာလုပ်ရမည်ကို စဉ်းစား၍ပင်မရပါ။ သူများတွေလို ချစ်လို့ ယူခဲ့ကြတာလဲ မဟုတ်ပါပဲ ဒီလိုမျိုးထိပါ ဆက်နွယ်ဖို့ လိုလို့လားလေ။

ဒါကလဲဒီတိုင်းအတွေး သပ်သပ်သာ..
လက်တွေ့မှာ ဒီကိစ္စကို ဦး ဘက်ကစလာခဲ့ရင် မည်သည့် နည်းနဲ့မျှရှောင်လွှဲလို့ရမှာမဟုတ်သလို ရှောင်လွှဲခွင့်လဲမရှိလေ။

ကိုယ်အနှံ့မှ ဆပ်ပြာတို့အား ရေဖြင့်ဆေးလိုက်ရင်း bath rode ကိုဝတ်ကာ အခန်းပြင်သူမရှိသေးဘူး အထင်နှင့် ထွက်လာခဲ့ပေမယ့် အပေါ်ပိုင်း ရှပ်အင်္ကျီအဖြူကို ကြယ်သီးအကုန်ဖြုတ်ကာ ကုတင်ဘေးရှိ လိုက်ကာတို့အား ဖယ်ထားပြီး မြို့၏ ညပိုင်းအလှကို ငေးကြည့်နေ၏။

လက်ထဲတွင် တစ်နေ့ကုန်သောက်နေတာတောင် မရိုးနိုင် မအီနိုင်ထပ်ပြီးသောက်နေသော ဝိုင်ခွက်ဖြင့်..။

ကိုယ်ပေါ်မှ bathrobe ကိုကြိုးတင်းတင်းချည်ကာ ဘီရိုထဲ နံနက်ကအသင့်ထည့်ထားသော အင်္ကျီအားရွေးကာ ဝတ်ရန်ကြံလိုက်စဉ် တစ်ကိုယ်လုံးကို သေချာစိုက်ကြည့်နေသော သူ့ကြောင့် ကျောက်ရုပ်တစ်ရုပ်လို နေရာ၌သာ အေးစက်တောင့်ခဲနေမိသည်။

"မင်းကဝိုင်မသောက်ဘူးမလား?"

"ဟုတ်..မ..မတည့်လို့ပါ"

"ငါသိပါတယ်။ ဒါဆိုလဲ အသီး
လာစားလေ။ စတော်ဘယ်ရီကြိုက်တယ်ဆို"

"ကျွန်တော် ဗိုက်တင်းနေလို့"

"င့ါနားလာခဲ့"

သူငယ်ချင်းတွေရှေ့ကျ သူ့ကိုယ်သူ 'ဦး' လို့သုံးနှုန်းလိုက်လို့ ပျော်နေမိယုံရှိသေး ဟန်ဆောင်မှုတွေ ခဝါချထားသည့်သူက ထိုပျော်ရွှင်မှုများကိုဝါးမြိုလိုက်သည်။

မရဲတရဲ ခမ်လှမ်းလှမ်း၌ သာရပ်နေတော့ သူက လက်ကနေဆွဲကာ သူ့ရင်ခွင်ထဲအရောက်ခေါ်သည်။ လက်တစ်ဖက်က ခါးကိုဖက်ထားရင်း တစ်ဖက်မှ လက်ကျန်ဝိုင်တို့အား တစ်ကျိုက်ထဲမော့ကာ စားပွဲခုံပေါ်လှမ်းတင်သည်။

နောက်တော့ လိုက်ကာကိုဆွဲပိတ်လိုက်၏။

သူ၏ လှုပ်ရှားမှုတိုင်းကို ရုပ်ရှင်တစ်ကားလို လိုက်ကြည့်နေရာမှ လက်ရှိအခြေအနေကို သတိဝင်လာတော့ အဝတ်မပါသည့် သူ့ပေါ်ပိုင်း..၊ ရင်ဘက်တွင် လက်ထောက်ထားမိသည်ပဲ။

ဓာတ်ပုံရိုက်တုန်းက စတူဒီယိုထဲတွင် ဖက်တုန်းကထက် ခါးကိုပိုတင်းကျပ်အောင်ဖက်လိုက်တော့ အနေရခက်လာသည်။ တစ်စုံတစ်ယောက်ဖြင့် ထိုမျှလောက်နီးကပ်သော အနေအထားမျိုးသည် ဘဝတွင်တစ်ခါမှ မကြုံဘူးထာမို့ သူ့ကို မျက်နှာလွှဲလိုက်မိသည်။

ပါးကိုလက်ဖဝါးဖြင့်အုပ်ကိုင်ကာ အကြည့်ချင်းစုံစေတော့ နှလုံးခုန်မြန်လွန်း၍ တစ်ကိုယ်လုံး ဘာမှန်းမသိသည့် ခံစားချက်ဖြစ်တည်လာသည်။

"မင်းကို ငါ့အပိုင်ဖြစ်အောင်လုပ်မှာ
BaekHyun..။
ဘယ်သူမှမင်းကို မခူးယူစေရဘူး..
ဘယ်သူမှမင်းကိုမထိတွေ့ရဘူး။
ငါကလွဲလို့"

ဒုတိယအကြိမ်မြောက် ဆုံတွေ့ရသော နှုတ်ခမ်းထူထူ..
BaekHyun လက်တင်ထားရာ ChanYeol ၏ နှလုံးသား တည့်တည့်မှ ရင်ခုန်သံ..

သီချင်းနှင့် ဂီတာလို ပနံသင့်ကာလိုက်ဖက်လှသည်။

ChanYeol နမ်းရှိုက်နေရသော နှုတ်ခမ်းပါးသည် မည်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်နေလို့ ထိုမျှလောက် နူးညံ့ရသနည်း။

ပဲ့ပါသွားမှာကို ကြောက်ရမတတ်ကို နူးညံ့လွန်း၏။

အချိန်တော်ကြာနမ်းရှိုက်နေရင်း ထိုမှော်နှုတ်ခမ်းပါး၏ တစ်ချက်တစ်ချက် တုံ့ပြန်မှုသည် ChanYeol အား အလွတ်မပေးဖို့ တောင်းဆိုနေသလိုပင်။

တင်းပါးအောက်မှ ကောင်လေးကိုပွေ့ချီကာ ကုတင်ပေါ်တင်လိုက်ပြီး အပေါ်မှအုပ်မိုးထားလိုက်သည်။

တစ်ခုခုကိုကြောက်နေသလိုလို..စိုးရိမ်နေသလိုလိုရှိသည့် ကောင်လေး၏ အကြည့်တို့ကို လျစ်လျူရှူ့ရင်း နောက်ထပ်တစ်ဖန် နှုတ်ခမ်းတို့အား ထိတွေ့စေသည်။

ထိုမှတစ်ဆင့် ဖြူဝင်းနေသော ကောင်လေး၏ လည်တိုင်..
ပုခုံးနှင့် ခပ်ရေးရေးပေါ်နေသော ညှပ်ရိုးတို့ကို စုပ်နမ်းကာ အနီရောင် နှင်းဆီအမှတ်များ ချန်ထားလိုက်၏။

တိုးတိုးလေး..။
တစ်ကယ်ကိုတိုးတိုးလေးသာ ကြားရသော နှုတ်ခမ်းပါးမှ ညည်းငြူသံသည် ရှေ့ဆက်ဖို့ မြှောက်ပေးနေသလိုပင်။

ခါးတစ်ဝိုက်မှ bathrobe ကြိုးကိုဖြေလျော့လိုက်တော့ ဖြူနုနေသည့် အတွင်းသားလေးများသည် ထိရက်စရာပင်မရှိ။ ကလေးလေးတစ်ယောက်၏ အသားရည်လို ချောမွတ်နေသည်။

ကောင်လေး၏ မျက်ဝန်းအတွင်း နေရာယူနေသော မျက်ရည်စများကို မမြင်ချင်ယောင်ဆောင်ရင်း တစ်ကိုယ်လုံးနေရာမလပ် အလွတ်မှတ်ကာ နှုတ်ခမ်းတို့ဖြင့်ထိတွေ့စေသည်။

အသက်ရှူသံတွေပြင်းထန်နေသော ကောင်လေးသည် အိပ်ယာခင်းစတွေကိုသာ အငြိုးတကြီး ကုတ်ဖဲ့ထား၏။

ရှပ်အင်္ကျီကိုဆွဲချွတ်ကာ အဝေးကိုပြစ်လိုက်ပြီး ခါးပတ်ကို ဖြုတ်ကာ အတွင်းခံနှင့်အတူ ဘောင်းဘီကိုပါ တစ်ခါထဲ ချွတ်ပစ်လိုက်တော့ ချာတိတ်က မျက်နှာကို တစ်ခြားတစ်ဖက်သို့ လှည့်သွားလေသည်။

ဒီအသက်အရွယ်မှ ပထမဆုံးကြံရမည်ဖြစ်သော ထိုကိစ္စအတွက် အမှန်တိုင်းပြောရလျှင် ChanYeol ကိုယ်တိုင်လဲရင်ခုန်ပါ၏။ သို့ပေမယ့် ဦးဆောင်ရမည့်သူကိုယ်တိုင်က မဝံ့မရဲဖြစ်နေလျှင် တခြားသူအတွက် စိတ်ညစ်စေနိုင်သည်မဟုတ်လား..။

ပထမဆုံးဆိုသည့်အရာကို မင်းချစ်တဲ့သူမဟုတ်ပဲ
ငါ့အတွက်ပေးဆပ်ရတာကို တောင်းပန်တယ် ကလေး..

ဒါပေမယ့် တယုတယစိုက်ပျိုးထားရတဲ့ ငါ့ရဲ့ပန်းလေးကို တခြားသူ ခူးယူပန်ဆင်မှာကိုတော့ ခွင့်မပြုနိုင်ဘူးလေ..

ဒါဟာငါမင်းအပေါ်ထားတဲ့
အချစ်ကင်းတဲ့ အတ္တတစ်ခု။

အစပျိုးဝင်ရောက်လာသည့်
လက်ချောင်းတစ်ချောင်း...

"ahhhh !"

နာကျင်စွာအော်ငြီးလိုက်သည့် သူ့အသံ..

နောက်ထပ်လက်ချောင်းတစ်ချောင်း...

တိတ်ဆိတ်မှုကင်းလျက်...

စတင်လှုပ်ရှားလိုက်သော လက်ချောင်းများကြောင့် ပြိုလဲလာသော ကောင်လေးရဲ့မျက်ရည်..။

သူသာကမာကောင်လေးဆို ပုလဲလုံးတွေအများကြီး ရလောက်မယ်ထင်ပါရဲ့။

တဖြေးဖြေးအဆင်ပြေလာပုံရသော ကောင်လေးကြောင့် ထိုည၏ အပြုအမူအစစ်မှန်ကို စတင်လိုက်တော့ ပုခုံးကိုခပ်တင်းတင်းဆုပ်ကိုင်လာသည့် လက်ချောင်းသွယ်လေး..။

ကုတ်ဖဲ့ထားတာဆိုပိုမှန်လိမ့်မည်။

"ဟင့်..ဦး"

တဖြေးဖြေး နေရာတစ်ကျဖြစ်သွားတော့ ကောင်လေးပေါ်ထပ်လှဲလိုက်ရင်း သာယာမှုဆီ နောင်တမရှိ..အရာအားလုံးကို မေ့ထားကာ တစိုက်မှတ်မှတ်သွားလိုက်သည်။

ကျောပြင်ကိုကုတ်ဖဲ့ထားသောကြောင့် နာကျင်ရပေမယ့် ကောင်လေးရဲ့ နာကျင်မှုသည် ပိုမည်ဖြစ်တာမို့ မသိချင်ယောင် ဆောင်ရင်းသာ ရှေ့ဆက်လိုက်သည်။

ပုခုံးသားကို ငုံခဲထားသောကြောင့် မနက်ကျလျှင် သွားရာ အကွက်လိုက်ဖြစ်နေမည်မှာ ကြည့်နေဖို့ပင်လိုမည်ထင်။

တစ်စတစ်စ ထိုကောင်လေးမှပေးသော သာယာမှုကြောင့် ကိုယ်တိုင်ပင်မသိလိုက်ပါပဲ မြန်ဆန်သော လှုပ်ရှားမှုကို ဦးတည်မိသည်။

တစ်ချက်လေးတောင် မပြစ်တင်စကားမဆိုသော ကောင်လေးသည် တစ်ချိန်လုံး အသံဆိတ်နေရာမှ ခပ်တိုးတိုး ညည်းသံလေး ထွက်လာ၏။

"ဦး .. ahh!.. ကျွန်တော်.."

တစ်သားထဲဖြစ်နေသော သူ၏ ခန္ဓာကိုယ်လေး တုန်ရင်လာပြီး သိပ်မကြာခင် နှစ်ယောက်တူတူ အဆုံးသတ်သို့ရောက်ခဲ့သည်။

ထိုကနေ့ညသည် ..
ChanYeol ဘဝ၌ ပထမဆုံး ရင်ခုန်မှုကို
ခံစားရသောညတစ်ညပင်..။

*• ဖြူစင်သောချစ်သူ •*

ပြီးပြည့်စုံတဲ့ ညတစ်ညရဲ့အလှဟာ
င့ါလက်မောင်းတွေကြား
နှစ်မြုပ်နေတယ့် မင်းလောက်
လှနိုင်ဦးမှာလား...။












To be continue ...

••~••~••~

Continue Reading

You'll Also Like

23.2K 3.1K 23
โš BDSM โš dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..๐Ÿณ๏ธโ€๐ŸŒˆ ใ€ฐ๏ธPlease read this carefullyใ€ฐ๏ธ โš ...
235K 23K 70
แžŠแŸ„แž™แžŸแžถแžšแžแŸ‚แž‚แžปแŸ†แž“แŸ†แž”แžถแž“แž’แŸ’แžœแžพแžขแŸ„แž™แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŠแŸ‚แž›แž˜แžถแž“แž”แŸแŸ‡แžŠแžผแž„แž”แžšแžทแžŸแžปแž‘แŸ’แž’แžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž”แŸ’แžšแŸ‚แž€แŸ’แž›แžถแž™แž‡แžถแž€แŸ’แž˜แŸแž„แž–แžนแžŸแž–แžปแž›แž–แŸ„แž–แŸแž‰แžŠแŸ„แž™แž›แŸ’แž”แžทแž…แž€แž›แŸ‹ แž‚แŸแž แŸŠแžถแž“แž’แŸ’แžœแžพแž‚แŸ’แžšแž”แŸ‹แž™แŸ‰แžถแž„แžŸแžผแž˜แŸ’แž”แžธแžแŸ‚แž“แžถแž˜แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แž…แžปแž„แž”แžปแžšแžŸแž…...
153K 7.7K 16
แ€€แ€™แ€นแ€˜แ€ฌแ€•แ€ฑแ€ซแ€บแ€™แ€พแ€ฌ แ€œแ€ฐแ€•แ€ฑแ€ซแ€„แ€บแ€ธ billion แ€แ€ปแ€ฎแ€•แ€ผแ€ฎแ€ธแ€›แ€พแ€ญแ€”แ€ฑแ€œแ€Šแ€บแ€ธ แ€€แ€ปแ€ฝแ€”แ€บแ€™แ€กแ€€แ€ผแ€Šแ€บแ€ทแ€แ€ฝแ€ฑแ€€ แ€›แ€พแ€„แ€บแ€ทแ€โ€‹แ€šแ€ฑแ€ฌแ€€แ€บแ€กแ€แ€ฝแ€€แ€บแ€žแ€ฌแ‹
64.5K 4.9K 29
"แ€˜แ€šแ€บแ€€ แ€‡แ€šแ€ฌแ€ธแ€œแ€ฑแ€ธแ€œแ€ฒ? Kim" "แ€กแ€€แ€ผแ€ฝแ€ฑแ€ธแ€”แ€ฒแ€ท แ€žแ€ญแ€™แ€บแ€ธแ€œแ€ฌแ€แ€ฌแ€œแ€ฑ แ€™แ€ฝแ€ฑแ€ธแ€…แ€ฌแ€ธแ€–แ€ญแ€ฏแ€ท" "แ€˜แ€šแ€นแ€€ แ€‡แ€šแ€ฌแ€ธแ€ฑแ€œแ€ธแ€œแ€ฒ? Kim" "แ€กแ€ฑแ‚‚แ€€แ€ผแ€ธแ€”แ€ฒแ‚• แ€žแ€ญแ€™แ€นแ€ธแ€œแ€ฌแ€แ€ฌแ€ฑแ€œ แ€ฑแ€™แ€ผแ€ธแ€…แ€ฌแ€ธแ€–แ€ญแ€ฏแ‚”"