*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~
ရှင်လျက်နဲ့ပဲ နတ်ပြည်သို့ရောက်နေသလားဟု ထင်ရလောက်အောင် အခုရောက်နေသောနေရာသည် ကြီးကျယ်ခမ်းနားလွန်းသည်။ မည်သည့်အရာဖြင့်တင်စားရမည်ကို စကားပင်ရှာလို့မတွေ့။ သုံးထပ်တိုက်အိမ်ကြီး၏ ဘေးပတ်ပတ်လည်တွင် BaekHyun ပန်းဆိုင်ထပ်ပိုများ၍ အမျိုးအစားစုံလင်သော ပန်းပေါင်းစုံရှိသည်။
ဈေးကြီး၍ဆိုင်ခန်းတွင်း BaekHyun ဝယ်မခင်းနိုင်သော မျက်ခင်းတုတို့သည် တစ်ခြံလုံးအပြည့်နေရာယူထားလေသည်။ သည်လိုနေရာမျိုး ရောက်ဘူးဖို့မပြောနှင့် ရှိလိမ့်မည်လို့တောင် ထင်မထားခဲ့ဘူးပေ။
တဖြေးဖြေးအိမ်ကြီးနားရောက်လာမှ လူနေအိမ်မဟုတ်ပါပဲ လက်ဝတ်ရတနာများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ဆိုတာ သိလိုက်ရသည်။ အဝင်ဝရှိဝန်ထမ်းများမှ 'မင်္ဂလာပါ' ဟုကြိုဆိုသံကြောင့် ကြိုရောက်နှင့်နေသော သူသည် စကားပြောနေရာမှ လက်လှမ်းပြသည်။
ဒီနေ့လဲသူအတော်ပင်
ကြည့်ကောင်းပါ၏။
"ဆိုင်ရှာတွေ့ပါ့မလားလို့..။
Jon ..ဒါငါ့သတို့သားလောင်းပဲ"
ဘေးနားရပ်နေသော BaekHyun လက်ကိုဆွဲကာ ခါးကိုဖက်ရင်း ခုနကသူစကားပြောနေသည့် သူနှင့်မိတ်ဆက်ပေးလေတော့ တစ်ခါမှမခံစားဘူးသည့် အထိအတွေ့ကြောင့် ကြောင်အမ်းအမ်းသာဖြစ်နေမိသည်။ Jon ဆိုသည့်သူကိုလဲ ပြုံးပြလိုက်မိလားဆိုတာမသိ။
ဒါပေမယ့် ထိုသူ၏ အထင်သေးသည့် အကြည့်များကိုတော့ အတော်ပင်မုန်းမိပါ၏။
"တွေ့ရတာဝမ်းသာပါတယ်။
ဒီဘက်ကိုကြွပါခင်ဗျ။
သူဌေးသဘောကျလောက်မယ့်
လက်စွပ်လေးတွေရွေးထုတ်ပေးထား
ပါတယ်"
Jon ၏နောက်မှလိုက်သွားသည်ထိ သူ့လက်တွေသည် ခါးပေါ်မှမဖယ်သေး။ ဝန်ထမ်းတွေအများကြီးရှိနေလို့ ကြင်နာပြနေသလား..။ ထိုသို့ဆိုရအောင်လဲ သူ့မျက်ဝန်းတွေကအေးစက်နေမြဲ။
ညွှန်ပြသည့်ဆိုဖာခုံတွင်ထိုင်လိုက်တော့ တအံ့တသြဖြစ်ရပြန်သည်။ ဖန်စားပွဲပေါ်တင်ထားသော လက်စွပ်များသည် မျက်စိကြိမ်းလောက်အောင်ပင် တဖျက်ဖျက်ဖြင့်နေ၏။
"ကြိုက်တာရွေး"
ခပ်အေးအေးဆိုလာသည့် သူ့စကားအဆုံးတွင် ဆိုင်ထဲမှဝန်ထမ်း တစ်ချို့၏ တိုးတိုး,တိုးတိုး စကားသံများထွက်ပေါ်လာသည်။ ဘယ်အထိများ သိက္ခာချဖို့ သူတွေးထားသည်မသိသော်ငြား အခုဘေးနားတွင်ထိုင်နေရသည်နှင့်ပင် စိတ်ထဲမွန်းကြပ်လာရသည်။
သူလိုချင်တာဒါပဲမလား...။
"ရွေးလေ"
"ကျွန်တော်မရွေးတတ်ဘူး"
"သေတဲ့ထိစွပ်ထားရမှာနော်။
ငါ့အကြိုက်ဆိုလဲဖြစ်တယ်ပေါ့"
ပြုံးစစဖြင့်ပြောနေသော သူ့မျက်နှာကို ဆွဲကုပ်ပြစ်ချင်သည့် စိတ်ကိုမနည်းထိန်းချုပ်ရင်း ရှေ့စားပွဲပေါ်မှာ ဈေးမကြီးဘူးထင်ရသည့် လက်စွပ်တစ်ကွင်းကိုရွေးထုတ်လိုက်သည်။ ခပ်ကျယ်ကျယ်ရယ်သံနှင့်အတူ စကားသံတိုးတိုးသူ့ထံမှ ထွက်လာ၏။
"ဟက်..
ဈေးအကြီးဆုံးကိုမှ"
လက်ထဲပါလာသည့် လက်စွပ်နှစ်ကွင်းသည် တခြားသော လက်စွပ်လေးများလို စိန်ပွင့်အကြီးကြီးတွေမပါပါပဲ ဒီဆိုင်တွင် ဈေးအကြီးဆုံးတဲ့လေ။ ဒါတော့လဲ မတတ်နိုင်ပါ။ တမင်ရွေးထုတ်လိုက်တာမှမဟုတ်ပဲ။
"ဒါယူမယ်.."
"ခဏ.."
BaekHyun အသံကြောင့် လက်စွပ်အားထုတ်ပိုးနေသည့် သူနှင့် ChanYeol တို့လှုပ်ရှားမှုများရပ်တန့်ကုန်သည်။ ပြောဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြတော့လဲ ဘာစကားသံမှမထွက်လာ။ သည်တော့ အထာနပ်စွာပင် ဝန်ထမ်းတွေကို ခဏရှောင်ပေးရန်ပြောလိုက်လေသည်။
"ကဲ..ပြော"
"ကျွန်တော့်မှာ လက်စွပ်ဖိုး
ပိုက်ဆံမပါဘူး"
"မင်းရှင်းရမယ်လို့
ငါပြောမိသလား?"
"ဒါပေမယ့် ဒီလိုမင်္ဂလာပစ္စည်းက
ကျွန်တော့်ဘက်ကဝယ်ရမှာ
မဟုတ်ဘူးလား?"
"ဝယ်နိုင်ရင်တော့
မင်းသဘောပေါ့"
ဆိုဖာနောက်မှီကို လျောမှီရင်းခြေထောက်ကိုချိတ်ကာ ဆိုလာသောသူသည် အတော်အမြင်ကတ်စရာကောင်းလှသည်။ ကတ်ကတ်လန်အောင် ရန်မတွေ့ရဲသည့် ကိုယ်တိုင်ကပင် လူညံ့တစ်ယောက်ဖြစ်နေသည်မို့ ဒီတိုင်း သူ့အစီစဉ်တိုင်းသာ လိုက်နာတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
မုန်းလွန်းလို့ခုန်နေသည့်
နှလုံးသားကိုသာ ခွဲထုတ်ပြစ်လိုက်ချင်တော့သည်။
အိမ်ပြန်လမ်းတွင် လေးလံနေသောခြေလှမ်းများဖြင့် အိမ်သို့မနည်းရောက်အောင် သွားနေရသည်။ ကားနဲ့ပြန်လိုက်ပို့ပါလျက် ကားဝင်မရအောင် ကျဉ်းမြောင်းနေသည့် အိမ်အဝင်လမ်းကြောင့် ဆင်းကာတစ်ယောက်ထဲ လျှောက်လာခြင်း။ အနောက်ကိုလှည့်ကြည့်လိုက်တော့ ကားပေါ်မှဆင်းကြည့်နေသည့် သူ၏ဒရိုင်ဘာ။
ကိုယ်တိုင်ဆင်းကြည့်ရင် ဘာများဖြစ်မှာမလို့ ထိုသူဒီလောက်ထိ ခေါင်းမာရသနည်း။
နည်းနည်းလေးလောက်ပဲ ကြင်နာပြလျှင် ဘာဖြစ်မှာမလို့လဲ။
နည်းနည်းလေးလောက်ပဲ စကားအကောင်းပြောလျှင်ရော သူဘာများဖြစ်သွားမှာမလို့လဲ။
သူ့ကိုမချစ်ပေမယ့် ကိုယ်လက်ထပ်ရမယ်ဆိုတဲ့ သူတစ်ယောက်ဆီမှ နွေးထွေးသည့် ခံစားချက်ကိုတော့ လိုအပ်သည်။ အစိမ်းသက်သက် အေးစက်မှုတွေ..ဟန်ဆောင်မျက်ဝန်းတွေမဟုတ်ပဲ နွေးထွေးမှုလေးတစ်ခုသာ လိုချင်မိသည်။
လှောင်ပြောင်ကြမည့် ပတ်ဝန်းကျင်..သူငယ်ချင်းအသိုင်းဝိုင်းများ ကြားထဲ သူ၏ကာကွယ်မှုကိုလိုအပ်သည်။
သို့ပေမယ့် ဒါတွေဟာ ရူးနေလို့သာ မျှော်လင့်နေသည့် အရာ။
သူဆိုတာ BaekHyun သေသွားလျှင်တောင် မျက်တောင် တချက်ခပ်မည့် သူမျိုးမှမဟုတ်ပဲ။
အိမ်ထဲဝင်ကာနီးနောက်တစ်ခေါက်လှည့်ကြည့်တော့ ကားမှန်ချထား၍ လရောင်အောက် ခပ်မှိန်မှိန်လေးသာ မြင်နေရပါသော သူ့မျက်နှာ။ အဝေးမှန်နေသည့် ကိုယ့်ကိုကိုယ်ပင် သတ်ပစ်လိုက်ချင်သည်။
တဖြေးဖြေးမြင့်တတ်လာသော ကားမှန်ကြောင့် တခဏလေးအတွင်း သူ့မျက်နှာသည် အမဲရောင်မှန်ချပ်တို့နောက် ကွယ်ပျောက်သွား၏။
ခပ်ဖြေးဖြေးထွက်ခွာသွားသော သူ့ကားလေးနောက်တွင်တော့ BaekHyun ၏ နာကျင်နေသော နှလုံးသားတစ်စုံ ကပ်ညိလိုပ်ပါသွားသည်။
---
"ပြန်ရောက်..."
စကားပင်အဆုံးသေး ပျံဝဲလာသော ဆိုဂျူပုလင်းကြောင့် နဖူးစပ်သည် ပူခနဲနေအောင် ခံစားလိုက်ရသည်။ အံ့သြတကြီး မော့ကြည့်လိုက်မိတော့ တီဗီကြည့်မပျက်သည့် အမေနှင့် ဧည့်ခန်းတစ်ခုလုံးရှုပ်ပွခက်နေသော ဆိုဂျူပုလင်းများကြား မူးရူးနေသော ပထွေး..။ ဆိုဂျုပုလင်းဖြင့် လှမ်းပေါက်လိုက်သည်က ပထွေး၏ သားအကြီးပင်။
"ပိုင်းလုံးကောင်ပြန်လာပြီလား?"
"ဘယ်လိုလဲ? အာရှရဲ့
အချမ်းသာဆုံး သူဌေးကြီးကို
ရတော့မယ်ဆိုတော့"
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြိုဆင်းတော့မည့် မျက်ရည်တွေကို တားဆီးနေမိသည်။ ဘာမဟုတ်သည့် တန်ဖိုးမဲ့သူများ၏ အဆင့်မရှိသော စကားများကြောင့်တော့ မျက်ရည်ကျ အရှုံးမပေးချင်ပါ။
"မင်းကအကောင်သေးပေမယ့်
အဆိပ်တော့ပြင်းသား"
"ဒါဆိုလဲသတိထားပါ။
ကျွန်တော့်အဆိပ်မိပြီးမသေအောင်"
"အစ်ကိုကိုနင်ကဘာလို့
မိုက်မိုက်ရိုင်းရိုင်းပြောနေတာလဲ?!"
ခပ်စူးစူးအော်သံသည် ခေါင်းကိုဆယ်ပေါင်တူနှင့် ထုလိုက်သလို ခံစားချက်ကိုပေး၏။ သားအရင်းဖြစ်သူ၏ နဖူးပေါ်မှ သွေးစတို့ကိုမမြင်ပါပဲ သွေးတစက်မရောသည့် သူဘက်မှ လိုက်ကာပြောပေးနေသော အမေသည် လောကတွင် ဘယ်လို မိဘမျိုးဟု သတ်မှတ်နားလည်ရပါ့မလဲ။
"သူပြောနေတာတွေကမဟုတ်လို့
နင်ကနာနေတာလား? ကျောင်းဆက်တတ်မယ်
မစဉ်းစားဘူး..ယောက်ျားယူတဲ့နင်က
ဘာတွေတော်တတ်နေလို့လဲ?"
အမေ..အဖေ့ထက်ပိုချစ်ရတဲ့ ယောက်ျားကြောင့်ပါလို့ ဖြေလျှင် ဘယ်လိုနေမလဲ။ သနားဖို့ကောင်းတဲ့ ငါ့သားလေးလို့ အော်ငိုမှာလား ဒါမှမဟုတ် နင်နဲ့ဆိုင်တာမှမဟုတ်တာလို့ ပြောပြီး ဥပက္ခာပြုမှာလား။ သေချာသည့်အဖြေကို မသိပေမယ့်လို့ ထုတ်ပြောဖို့ရာ မဝံ့ရဲပေ။
"မသိရင်မပြောပါနဲ့ omma..
ကျေးဇူးပြုပြီး"
မထိန်းနိုင်တော့သည့် မျက်ရည်စက်များကို သူတို့ရှေ့ ကျမပြချင်တာမို့ အိမ်ပေါ်ထပ်ရှိ အခန်းကိုသာ ပြေးဝင်လိုက်သည်။ တံခါးကိုမှီကာထိုင်ချရင်း ထိန်းထားသမျှ မျက်ရည်တို့အား လွတ်လပ်ခွင့်ပေးလိုက်တော့ အသက်ရှူပင်မဝချင်..။
တခြားသူတွေ ဘယ်လိုပုတ်ခပ်ခပ် အချိန်ကြာရင် မေ့နိုင်လိမ့်မည်။ ခံစားရလဲခဏပေါ့လေ။
သို့ပေမယ့် အမေ၏ ပုတ်ခပ်သော စကားများကို မေ့နိုင်လောက်သည်ထိတော့ BaekHyun နှလုံးသားလေးမရင့်ကျက်သေးပေ...။
*• ဖြူစင်သောချစ်သူ •*
အနားမှာရှိရင်
မေးလိုက်ချင်သည်
နာကျင်ခဲ့ရသော နှလုံသားလေးအတွက်..
ပစ်ပစ်ခါခါပြောဆိုခံခဲ့ရတဲ့ ရိုးသားမှုအတွက်..
ဘာတွေပြန်ပေးဆပ်မှာလဲလို့လေ..
To be continue ...
ဆက်ရန်ရှိပါသေးသည်။
--
အဆုံးထိဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်။
သဘောကျမယ်လို့လဲမျှော်လင့်ပါတယ်..🙏🏻