α€»α€–α€΄α€…α€„α€Ήα€±α€žα€¬α€α€Ία€…α€Ήα€žα€°

By ByunKhinee614

198K 14.7K 389

ChanYeol BaekHyun Yaoi More

Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13 (Extra)
α€»α€–α€°α€…α€„α€Ήα€±α€žα€¬α€α€Ία€…α€Ήα€žα€°
Episode 14 ( Extra )
About Fic Book

Episode 1

22.5K 1.2K 23
By ByunKhinee614

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

ရောက်ရှိနေသော ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်းကင်းဝေးနေပေမယ့် တစ်စုံတစ်ယောက်၏ရှေ့ ရှိနေရခြင်းသည် အခြားသောမည်သည့်အသံမျှ မကြားရလောက်အောင် အသံဆိတ်နေသလိုခံစားရသည်။ နေရာဒေသကိုအကဲခတ်ကြည့်လိုက်တော့ တီဗီထဲတွင်မကြာခဏတွေ့ဘူးသည် လူချမ်းသားများ သွားနေကြ စားသောက်ဆိုင်တစ်ဆိုင်လိုပင်။

BaekHyun ပိုင်ဆိုင်သည့် ဆိုင်ခန်းထက်ပင် တန်ဖိုးကြီးမည်ဖြစ်သော မီးဆိုင်းများသည် တစ်ဆိုင်လုံးအပြည့် သူ့နေရာနှင့်သူရှိနေသည်။ စားပွဲခင်းနှင့် ထိုင်ခုံများသည်ပင် စိတ်ထင်နေ၍လားမသိ အတော်အဆင့်မြင်ပုံပေါ်၏။ လုံးဝရင်းနှီးမှုမရှိသည့် ဂန္နဝင်သီချင်းတစ်ပုဒ်ကတော့ ခပ်တိုးတိုးပျံ့လွင့်လို့နေသည်။

အနေခက်လာသည်မို့ BaekHyun ကိုယ်ကိုကျုံ့လိုက်မိသည်။ ပြောင်လက်နေသော လက်ဝတ်လက်စားများ၊ တန်ဖိုးကြီး ဖိနပ်များ၊ နာရီ..ပိုက်ဆံအိတ်စသည့် အပြင်ဆင်များကြားတွင် သူတစ်ယောက်ထဲသာ ဆွယ်တာအဝါတစ်ထည်ကို ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီတစ်ထည်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည်လေ။

သိပ်ငယ်စိတ်ကသူ့အလိုလို မဖိတ်ခေါ်ပါပဲရင်ထဲပြည့်လျှံလာလေတော့ သူ့အလိုလိုခေါင်းငုံ့လိုက်မိ၏။

မျက်နှာချင်းဆိုင်တွင် ဟင်းပွဲများမှာယူနေသော သူထံ မသိမသာခိုးကြည့်မိတော့ နက်ပြာရောင်အနောက်တိုင်းဝတ်စုံဖြင့် သားနားလွန်းနေသည်။ လက်ကောက်ဝတ်တွင် ရွှေအိုရောင် နာရီတစ်လုံးသည် သူ့အားပိုပြီး ခန့်ညားစေသလိုလို။ သေသပ်စွာလှန်တင်ထားသော အညိုရောင်ဆံနွယ်တို့သည် သူနှင့်လိုက်ဖက်လှသည်။

"ပေါ်တင်ကြည့်လဲဖြစ်တယ်"

BaekHyun ခေါင်းကိုပိုငုံ့လိုက်မိသည်ထင်သည်။ ထိုသူသည် အသေးဖွဲလေးကစ အကုန်သိသူပီပီ ခိုးကြည့်နေတာကိုပင် သတိထားမိနေ၏။ တဖြေးဖြေးစိတ်ကျဉ်းကျပ်လာသည်မို့ စားပွဲပေါ်မှ ဝိုင်ခွက်ထဲရှိ ဝိုင်အစားရေတို့ကို တစ်ကျိုက်ထဲ မော့သောက်ပလိုက်သည်။

"မ..မကြည့်ပါဘူး"

သူ့ရှေ့ရောက်လျှင် အလိုလိုနေရင်း တတုန်တုန်တရင်ရင် ဖြစ်နေသည့် ကိုယ့်ကိုကိုယ်မုန်းမိပါသည်။ လူကြောက်တာလဲမဟုတ်၊ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသည့် သူလဲမဟုတ်ပါပဲ သူနှင့်ဆိုလျှင်ကို အမြဲလိုလို ငတုံးငအတစ်ယောက်လို ဖြစ်သွားရသည်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်လား..အရှိန်ဝါတွေကြောင့်လားတော့ သေချာမသိ။ ဒီတိုင်းသူ့ကိုဆို ကြောက်သည်။

သူဆိုတာကလဲ စီးပွားလောကရဲ့ ကျား၊ ရှင်ဘုရင်တစ်ယောက်ဟူ၍ တင်စားခံရသော Park ChanYeol ပင်။

"ငါ့ကိုလိမ်လို့ရမယ်ထင်လို့လား?"

ခပ်မာမာအသံကြောင့် BaekHyun သူ့ကိုတစ်ချက်မော့ကြည့်ပြီးမှ ခေါင်းကိုအမြန်ပြန်ငုံ့လိုက်ရသည်။ အကြည့်ချင်းစုံရဲလောက်သည်ထိ သတ္တိမျိုး အတော်ပင်ကြိုးစားမွေးယူရဦးမည်ထင်ပါ၏။ စကားကိုအမြဲလိုလို ခပ်မာမာသာပြောတတ်ပြီး ပြတ်သားသေချာသည့်အကြည့်တို့သည် သူ့ဘဝတွင်အမှားဆိုတာ မရှိခဲ့ဘူးသည့်သူတစ်ယောက်လို ကြည်လင်နေတတ်သည်။

"မဟုတ်ပါဘူး"

ဖြေရှင်းချက်ပေးရန်စကားစလိုက်သော်ငြား စားပွဲထိုးမှ သူ့စိတ်ကြိုက်မှာထားသည်များကို လာချပေးတော့ စကားစပြတ်သွားရသည်။ တကယ်တော့ BaekHyun စားပွဲထိုးလေးကို ကျေးဇူးတင်မိသည်။ အချိန်ကိုက်သူ့ကို ကူညီဖို့ရောက်လာသည်ဟု တောင်ထင်ရသည်လေ။

"ငါပင်လယ်စာနဲ့သိပ်မတည့်ဘူး။
မင်းကြိုက်တယ်ပြောဘူးလို့
မှာပေးတာ။ ငါရှိတယ်လို့
မတွေးပဲကုန်အောင်စား"

သူရှိနေလျှင် အလွဲလွဲအမှားမှားသာဖြစ်တတ်သော BaekHyun ကို သတိပေးသလိုမှာတော့ ခေါင်းတစပ်စပ်ငြိမ့်ပြကာ ကိုယ်ကိုမတ်၍ထိုင်သည်။ ခက်တာက စားဖို့ချထားပေးတာက ဇွန်းမဟုတ်ပဲ ဓားနဲ့ခက်ရင်း။ ဘယ်လက်ကဓားကိုင်လို့ ကိုင်ရမယ်မသိ၊မည်သို့မည်ပုံလှီးရမည်မသိသောကြောင့် ခေါင်းကုတ်လိုက်မိသည်။ သူ့ကိုကြည့်လိုက်တော့ ခပ်ညီညီလှီးဖြတ်ထားပြီးသား အသားတုံးလေးတွေကို ဝိုင်တစ်ခွက်ဖြင့် အရသာခံကာသောက်နေ၏။

ChanYeol သူ့ကိုကြည့်နေသည်မို့ မေးဆပ်ပြလိုက်တော့ ကြောက်လန့်ပြီး ခေါင်းကိုအမြန်ပြန်ငုံ့လိုက်ပြန်သည်။

"စားလေ။ အရသာမရှိဘူးလား?"

"ရှိ..ရှိပါတယ်"

ချက်ချင်းဆိုသလို BaekHyun ပန်းကန်ကိုသူ့ဘက်ကို ဆွဲယူကာ ပုဇွန်အကြီးကြီးအား ဓားဖြင့် ခပ်သေးသေးအတုံးလေးတွေ ဖြစ်အောင်လှီးဖြတ်ပေးလိုက်သောကြောင့် မျက်တောင်မခတ်သာ ပန်းကန်ကိုစိုက်ကြည့်နေမိသည်။

သူနှင့်သိခဲ့သည့်တစ်နှစ်။
ထိုတစ်နှစ်တွင်းပထမဆုံး ဂရုစိုက်ပေးခြင်းပင်။

"စားလေ။ ခက်ရင်းတော့
မင်းကိုင်တတ်ပါတယ်"

ခပ်ချိုချိုပုဇွန်အရသာသည် လျှာဖျားပေါ်တွင် ပျော်ဆင်းသွားသည်။ alcohol အလက်ဂျီရှိသူမို့ သူများတွေလို ဝိုင်ခွက်လေးကိုင်ကာ ဇိမ်ခံစားလို့မရသည်မို့ သူမှာပေးထားသည့် လိမ္မော်ရည်ကိုသာ သောက်လိုက်ရသည်။

"ဒီနေ့တစ်နှစ်ပြည့်ပြီနော်
ချာတိတ်။ မင်းလဲမှတ်မိမယ်
ထင်ပါတယ်"

သောက်လိုက်ရသည့် လိမ္မော်ရည်သည် ခါးသက်သွားသလိုလို..စားနေရသည့် ပုဇွန်သည် အရသာမရှိတော့သလို.. ခုန်နေသော ကျွန်တော့်နှလုံးသားလေး ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။ စားနေတဲ့လက်တွေကို စားပွဲပေါ်မှပြန်ရုတ်လိုက်ပြီး စိတ်လှုပ်ရှားရင် အမြဲလုပ်တတ်သည့် အကျင့်အတိုင်း လက်သည်းတွေကို ကုတ်ဖဲ့နေမိ၏။

သူပြောသည့်အတိုင်း BaekHyun ကောင်းကောင်းကြီးမှတ်မိပါသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုနေ့သည် BaekHyun ဘဝပြိုလဲသွားသည့်နေ့..ကိုယ့်ဘဝကိုမပိုင်တော့သည့်နေတစ်နေ့။

စာချုပ်ပေါ်တွင် ကိုယ်တိုင်ကြည်ဖြူစွာ ရေးထိုးခဲ့သော လက်မှတ်သည် အခုချိန်ထိထင်ရှားစွာရှိနေသည်။ ဟုတ်ပါတယ်လေ..တစ်နှစ်ဆိုတာ အရမ်းကြီးကြာသည့် အချိန်မှမဟုတ်တာပဲ။

"မင်းပြောတဲ့အတိုင်း
ငါတစ်နှစ်စောင့်ပေးခဲ့တယ်နော်။
မင်းဘက်ကရော? ငါ့ကိုပေးရမယ့်
ငွေတစ်ဝက်ရပြီလား?"

တစ်နှစ်ဆိုသည့်အချိန်အတွင်း ငွေမရှာနိုင်သည့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား၊ ဝန်ထမ်းမပီသစွာပဲ ကုမ္မဏီ ဘဏ္ဏာငွေတွေကိုအလွဲသုံးစားလုပ်ပြီး ထွက်ပြေးနေတဲ့ ပိထွေးကိုပဲ အပြစ်တင်ရမလား၊ သားဘက်ကိုမပါပဲ ယောက်ျားဘက်ကို ပါသည့် အမေ့ကိုပဲ အပြစ်တင်ရမလားဆိုတာ မသိတော့ပါ။

ငတုံးငအလုပ်ပြီး ကြားထဲက Park ChanYeol ကိုသွားတွေ့မိသည့် ကိုယ့်ကိုကိုယ်သာ မုန်းလိုက်ချင်တော့သည်။

"ကျွန်တော်.."

"မင်းမလို့ငါငွေတွေအကုန်
တောင်မဟုတ်ပဲ တစ်ဝက်ထိ
လျှော့ပေးခဲ့တာ။ ဒီထက်ပိုပြီး
ငါ့ကိုလူဆိုးဖြစ်အောင်မလုပ်နဲ့"

"ကျွန်တော် ကတိတည်မှာပါ ဦး"

BaekHyun စကားကိုအသိအမှတ်ပြုသည့် သဘောဖြင့် သူရယ်သည်။ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရယ်နေသော သူ့ပုံစံသည် လှောင်နေမှန်းသိသော်လည်း ကြည့်ကောင်းသည်ကိုတော့ ဝန်မခံချင်ပေမယ့်လဲ အသိမှတ်ပြုပါသည်။ ဒါကြောင့်လဲ အသက် ၁၄ နှစ်ပိုကြီးသည့် သူ့ကို စစတွေ့ချင်းတုံးက 'မင်းနဲ့ငါ' သုံးကာ ရိုင်းရိုင်းဆိုင်းဆိုင်းပြောခဲ့ခြင်းပင်။

"ဒါဆို လက်ထပ်ပွဲကို
မင်းဘယ်လိုဖြစ်စေချင်လဲ?"

တစ်နှစ်အတွင်း ဝမ်သန်းငါးဆယ်မဆပ်နိုင်လျှင် သူနှင့် လက်ထပ်ရမည်ဆိုတာကို ထိုအချိန်တုံးက လွယ်လွယ်လေးတွေးလိုက် မိသည်ထင်ပါ၏။ ပိုင်ဆိုင်တာဘာမှမရှိသည့်မို့ ပိုက်ဆံဆပ်အောင် ခြောက်ပြောလိုက်သည်ဟု ပေါ့ဆပြီးတွေးခဲ့မိတာ များလဲရှိသည်။

သို့ပေမယ့် Park ChanYeol ဆိုတာ ပြောရင်ပြောတဲ့တိုင်း လုပ်တတ်သည့်ဆိုတာ သူခဏမေ့လျော့သွားခဲ့သည်ပဲ။

၁၉နှစ်ဆိုတဲ့အရွယ်မှာ တကယ်ပဲလက်ထပ်ရတော့မှာလား.. တက္ကသိုလ်တတ်မို့တောင် ငွေမရှိတဲ့သူက အကြွေးတွေဆပ်ဖို့ ဝါသနာအရဖွင့်ထားသည် ပန်းဆိုင်၏ ဆိုင်ခန်းလေးကိုတောင် ငှားကာ ရရာအလုပ်လုပ်ခဲ့ရတာ..။ မျှော်လင့်ချက်တွေ..ဝါသနာတွေ..အကောင်ထည်ဖို့ အိပ်မက်တွေ အမျာကြီးရှိသေးသည်..၊ အခုလို အိမ်ထောင်အစောကြီးကျပြီး ဘဝကို အချုပ်အနှောင်တွေ ကြားမှာ ရှင်သန်ရတော့မယ်တဲ့လား။

မပြည့်စုံတဲ့မိသားစုမှာ မွေးဖွားလာရပြီး သူများသားသမီးတွေလို မိဘမေတ္တာဆိုတာတောင် ဘာမှန်းမသိ အခုအရွယ်ထိကြီးပြင်းလာခဲ့ရသည်။ ဘဝမလှပေမယ့် မလှတဲ့ဘဝလေးမှာတော့ ပျော်ပျော်ရွှင်ရွှင်နေချင်သည့် ဆုတောင်းလေးသည် မပြည့်တော့ဘူးထင်ပါ၏။ ရည်းစားတောင်တစ်ခါမှမထားဘူးပါပဲ အခုတော့ လက်ထပ်ရတော့မည်။

ကိုယ့်ကိုမချစ်တဲ့သူနဲ့ တစ်သက်လုံး ဘယ်လိုများနေသွားရပါ့မလဲ။ မျက်လုံးတောင်လှန်မကြည့်ရဲ..အသံကြားရုံနှင့် တစ်ကိုယ်လုံးချွေးပြန်သည်ထိကြောက်ရသောသူနှင့် ဘယ်လိုများ ဘဝတစ်ခုကိုထူထောင်ရပါ့မလဲ။ ကိုယ့်ထက် အသက် ၁၄နှစ်လောက်ကြီးသည့် သူနှင့် လက်ထပ်တော့ ပတ်ဝန်းကျင်က ဘယ်လိုမြင်ကြမလဲ..။ ကံကောင်းလိုက်တာလို့မြင်ပြီး အားကျမလား..ဒါမှမဟုတ် ပိုင်းလုံးကောင် တစ်ဘဝစာ စပွန်ဆာရှာတယ်လိုမြင်ကြမလားမသိ။

တစ်ချိန်လုံး ခပ်မာမာလေသံဖြင့်သာ စကားပြောပြီး အေးစက်စက်အကြည့်များဖြင့်သာ လူကိုကြည့်တတ်သောသူသည် ဘာကြောင့်များ လက်ထပ်ဖို့ ပြောသည်ကိုလဲ နားမလည်နိုင်။

ဆိုးဝါးသည့်ကံကိုသာအပြစ်တင်ရင်း
ပေါ့ပျက်ပျက်ပေးခဲ့မိသည့် ကတိတစ်ခုအတွက်
ပြန်ပေးဆပ်ရန်သာရှိတော့သည်။

"ဦး သဘောပါ"

"ငါ့သဘောရဆိုရင်တော့
မင်းသိတဲ့အတိုင်း ရိုးရိုးရှင်းရှင်း
လေးပဲဖြစ်စေချင်တာ။ ဒါပေမယ့်
စီးပွားဖက်လုပ်ငန်းရှင်တွေကိုလဲမဖိတ်လို့
မဖြစ်ဘူး။ အဲ့တာကြောင့် Shilla hotel မှာ
မနက်ပွဲရော ညနေပွဲပါလုပ်ဖို့ စိတ်ကူးထားတယ်။
ဖိတ်ရမယ့်သူတွေများလို့ တစ်ပွဲတည်းတော့
ရမယ်မထင်ဘူး။"

"ဟုတ်.."

"ငါအားတဲ့နေ့မင်းအိမ်ကိုကားလွှတ်
လိုက်မယ်။
လက်စွပ်နဲ့ ဝတ်စုံစီစဉ်ဖို့။"

"ဟုတ်ကဲ့ဦး"

"မင်းပိထွေးကိုလဲပြန်လာဖို့
ပြောလိုက်ပါ။ အကြွေးလဲကြေသွားပီပဲ"

BaekHyun ဘာမှပြန်မပြောမိ။ ပိထွေးဆိုတာ သူ့အတွက်တော့ အိပ်မက်ဆိုးတစ်ခုပင်။ သွေးသားတော်ဆပ်သည်ဆိုလို့ အဘိုးအဘွားနှင့် အမေအပြင်မရှိတော့ပေ။ အမေမှာလဲ လင်ပါသားသမီးတွေလောက်တောင် သားအရင်းကို အဖတ်လုပ်သူမဟုတ်တော့ အဘိုးအဘွားကလွဲပြီး ဘာမှမရှိသည့်ဘဝသာ ဖြစ်သည်။

"ပြောလိုက်ပါ့မယ်"

ခုနကတိတ်ဆိတ်နေသည်ဟု ထင်မှတ်ထားသော ဆိုင်အတွင်းအခြေအနေ၏ အသံများသည် အခုတော့နားထဲကျယ်လောင်စွာ တိုးဝင်လာသည်။ ပြတင်းပေါက်မှ မြင်နေရသော ဆိုးလ်မြို့၏ ညဘက်အလှသည် စာဖွဲ့၍ပင်မှီနိုင်မည်မထင်။

ကျွန်တော့်ဘဝလေးလဲ ထိုမျှလောက်လှလျှင်
ဘယ်လိုများနေလိမ့်မလဲ...။

*• ဖြူစင်သောချစ်သူ •*

ချစ်တယ်လို့မပြောတဲ့သူကပဲ
မှားသလား။
ချစ်လားလို့ မမေးတဲ့သူကပဲ
မှားနေသလား ချစ်သူ...












To be continue ...

ဆက်ရန်ရှိပါသေးသည်။

--

ပထမဆုံးစရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါ။
အားလဲအားပေးကြပါဦး 🙏🏻

Continue Reading

You'll Also Like

8.9K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
45.4K 6.5K 41
"αž αž„αŸ’αžŸαž˜αŸ‚αž“αž‘αŸ?β€‹αžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ‰αž”αŸ’αžšαž·αž…αž—αŸ’αž“αŸ‚αž€αž™αžΎαž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž αž„αŸ’αžŸαž˜αž½αž™αž“αŸ„αŸ‡αž”αžΆαž€αŸ‹αžŸαŸ’αž›αžΆαž” αž αžΎαž™αž αž„αŸ’αžŸαžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αŸ„αŸ‡αžαŸ’αžšαžΌαžœαžŸαŸ’αžαž·αžαž€αŸ’αž“αž»αž„αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž™αžΎαž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹"αž‡αž»αž„αž αŸ’αž‚αž»αž€ "αž™αžΎαž„αžŠαžΉαž„αž–αžΈαž’αŸ’αžœαžΈαž‘...
66.4K 9K 35
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...
577K 75.2K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)