ငုတ်တုတ်မေ့နေသော singto ကို ဘေးမှ p'jane က မနေသာတော့၍ လက်တို့သတိပေးရသည်။ ထိုအခါမှ လက်ရှိအခြေအနေကို သတိရသွားသော singto က သူ့ရှေ့မှလူကို တခါကြည့်ရင်း နှုတ်ဆက်ရတော့သည်။
S-Sawadii kub..
Boy-kub...ကျွန်တော့်နာမည်က krist ပါ....
အပြန်အလှန်နှုတ်ဆက်ပြီးချိန်တွင်တော့ အလုပ်ကိစ္စ များကို p'jane ရယ် ထိုကောင်လေးရယ်နှင့်ညှိနှုင်းနေကြသော်လည်း singto စိတ်တေက အလုပ်ကိစ္စထဲလဲ မရောက်....အကြောင်းကတော့...p'jane ပြောခဲ့သည့် အရမ်းတော်တဲ့ krist ဆိုသူက သူ့ရဲ့ကလေးလေး ဖြစ်နေသည် မဟုတ်ပါလား...ထိုကလေးကို မနေ့ကမြင်တော့ အထက်တန်း ကျောင်းသားလောက်ဟုသာထင်ခဲ့မိတာအမှန်ပါ...ချစ်ဖို့ကောင်းတဲ့ မျက်နှာ လေးရယ်...ကလေးဆန်ပုံလေးရယ်ကြောင့် ကလေးတယောက်ဟုသာတွေးခဲ့မိသည်။ သို့သော်လည်း ခု လက်ရှိတွင် အလုပ်ကိစ္စနှင့် ပြောနေသည့်ပုံကိုကြည့်တော့လဲ လူကြီးလေးတယောက်လိုပင်....ထိုကောင်လေးကို ထိုင်ကြည့်ပြီး singto ဆုံးဖြတ်ချက်ချလိုက်မိသည်။ ထိုကလေးအနား ရအောင်ကပ်၍ ထိုကလေးကို သူ့အပိုင်ဖြစ်အောင် လုပ်မည်ဟု....
ထို့ကြောင့် ယခုအလုပ်ကိုလဲ...ကြိုက်ကြိုင်မကြိုက်ကြိုက်...လက်ခံလိုက်တော့မည်ဟု....သူကသာ အတွေးတေနှင့်ကျေနပ်နေသော်လည်း...ထိုသကောင့်သားလေးကတော့ သူ့ကို ရှိတယ်လို့တောင်မထင်...အလုပ်ကိစ္စအဆင်ပြေရန်သာ...ညှိနှိုင်းနေလေတော့သည်။ singto စိတ်ထဲတွင်တော့ သူ့လို နိုင်ငံကျော် မင်းသားက်ု အဖက်မလုပ်သည့် ထိုကလေးကို အမြင်ကပ်မိရသည်။သို့ပေမဲ့လည်း...ထိုကလေးဘလိုနေနေ...သူကတော့ သဘောကျနေမိသည်။
ထိုကလေးနှင့် p'jane ဆွေးနွေးပြီးနော်က
J-sing...မင်းအဆင်ပြေလား...
S-ရတယ်..p'...ကျွန်တော်လက်ခံလိုက်ပါ့မယ်....
K-အာ...အဲ့ဒါဆိုရင်တော့...ဒီက p'jane ကိုရော...khun singtoကိုရော...ကျေးဇူးနင်ပါတယ် ခဗျ...
သူ့အပြောကြောင့် singto စိတ်ထဲနဲနဲတော့ ခုသွားမိသည်။ p'jane ကျတော့ p' ဟု ခေါ်ပြီး ကိုယ်ကျမှ khun ဆိုတာက နဲနဲတော့လွန်နေပြီလေ....သို့သော်လည်း....မင်းသားပီပီ အပြုံး မပျက်ပဲ
S-Nong...ကိုယ့်ကို...p'လို့ပဲရင်းရင်းနှီးနှီး ခေါ်လို့ရပါတယ်...
K-kub..p'sing...ကျွန်တော်က အားနာလို့ပါ...အဲ့ဒါဆို ကျွန်တော်တို့ လုပ်ငန်းသဘောအရ စာချုပ်လေးချုပ်လိုက်ရအောင်နော်....
ဟုပြောပြီး သူ့ရဲ့လက်ထောက်ကောင်မလေးကို ညွှန်ကြားနေသည့်ပုံစံလေးက တကယ့်ကို ကြည့်ကောင်းလှည်။
singto ပြုံးပြီးကြည့်နေမိသည်မှာ ဘလောက်တောင်သိသာလဲမသိ....p'jane ရဲ့လှောင်ပြီး ရီလိုက်သံကို ကြားလိုက်ရ၍ p'jane ဘက်ကိုလှည့်ကြည့်လိုက်တော့ p'jane က krist ထိုင်နေသောဘက်ကို မေးဆတ်ပြ၍ singto လဲ ကြောင်အမ်းအမ်နှင့်ကြည့်လိုက်မိသည်။ ထိုကလေး ရဲ့မျက်နှာက စတော်ဘယ်ရီသီးလေးနှင့် နင်လားငါလား ဖြစ်ပြီး ရဲပတောင်းခတ်နေလေတော့သည်။
singto မျက်နှာရဲရဲလေးကို ကြည့်ပြီး စတော်ဘယ်ရီတောင် စားချင်စိတ်ပေါက်လာမိသည်။ သူ့ဘေးက လက်ထောက်မလေးကလဲ စာရွက်ကလေးတရွက်ကိုင်ကာ ပါးစပ်အဟောင်းသားဖြစ်နေလေတော့သည်။ ထိုဘာမှန်းမသိတဲ့အခြေအနေကို singto လဲ မသိတော့၍ p'jane နားကပ်ကာ...တိုးတိုး မေးမိသွားရတော့သည်။
S-p'...ဘာဖြစ်နေတာလဲ...
J-မင်းငမ်းနေပြီးတော့...သူပြောနေတာတေမကြားပဲ...ငမ်းနေတာကိုး..
S-owii..အဲ့လိုလား...ဒုက္ခ ပါပဲ....
J-အေး...လက်မှတ်ထိုးခိုင်းနေတာ...ထိုးလိုက်တော့...သွားမယ်...ကုန်ပါပြီကွာ သိက္ခာတေတော့...
ထမုအခါမှပဲ သဘောပေါက်ပြီး singto လဲ လက်ထောက်မလေး ဆီက စာရွက်ကို ယူကာ လက်မှတ်ထိုးပြီး ပြန်ဖို့လုပ်လိုက်ရသည်။ ပြန်တဲ့အချိန်ထိ ထိုကလေးလေးဆီမှ အသံက ထွက်မလာတော့ပါ။
Singto တို့လဲ company ထဲမှထွက်လာပြီး p'jane က ကားပါကင်တွင် ကားသွားထုတ်သဖြင့် အပေါက်ဝတွင်ရပ်စောင့်နေရသည်။ singto ရပ်နေတုန်း...krist ထွက်လာသည်ကို တွေ့လိုက်ရ၍ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း..ထိုကလေးလေးက အပြင်တွင်ရပ်နေသော ကောင်လေးတယောက်ကို ဖက်၍ နှုတ်ဆက်လိုက်သောကြောင့် ရပ်လိုက်မိသည်။ ထိုကောင်လေးနှင့် krist ဘလိုပတ်သက်၍လူကြားသူကြားတွင် ဖက်နေကြလဲဆိုတာကိုလဲ တွေးနေမိသည်။ သေချာသည်ကတော့ singto ရဲ့အတွေးထဲတွင်အလိုမကျတော့ပဲ...ကလေးလေး ဝင်နေသော ထိုသူရဲ့ရင်ခွင်ကြီးကို မီးသာ ပုံရှို့ပလိုက်ချင်တော့သည်။
--------------------
တနေ့လုံး တင်နေတာ မရဘူး...ခုမှပဲရတော့တယ်....
ရမဲ့ရတော့လဲ ၂ပိုင်းတောင်😁😁