brokeback mountain

By YinChanmyae

27.6K 2.2K 106

brokeback moumtain ႐ုပ္ရွင္ဟာ 2005 ခုႏွစ္ ဆု ၈ ဆုရခဲ႕ပါတယ္.. ပထမဆုံး လူႀကိဳက္အမ်ားဆုံး Gay ႐ုပ္ရွင္ပါ.. ကိုယ္... More

မိတ္ဆက္
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုငိး 7
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁၀
အပိုင္း ၁၁
အပိ္ုင္း ၁၂ ဇာတ္သိမ္း

အပိုင္း ၁

3.8K 263 13
By YinChanmyae

အပိုင္း ၁

1964 ခုႏွစ္...

Cattle truck ကားတစ္စီးသည္ Highway လမ္းမတစ္ေလ်ာက္ ေတာက္ေလ်ာက္ေမာင္းလာသည္ ေရွ႕မီးကလည္း ခပ္မွိန္မွိန္လင္းေနသည္... ညေရာက္လာတာနဲ႕ အတူ ေရွ႕မီးက ပိုလင္းလာသည္ .. Hight way ေပၚမွာေတာ့ ကားမီးေရာင္ ေၾကာင့္ နဲနဲလင္းေနၿပီး က်န္ေနရာေတြကေတာ့ ေမွာင္မဲေနတာပဲ...အရွိန္မေလ်ာ့ပဲ ေမာင္းလာတဲ႕ကားေလး ဟာ တျဖည္းျဖည္း နဲ႕ Wyoming နဲ႔ နီးလာပါၿပီ.. ေနာက္ထပ္ ၅ မိုငိေလာက္ ေမာင္းရင္ Wyoming ကိုေရာက္ၿပီ..

ကားထဲမွာေတာ့ Patsy Cline ရဲ႕ Walking after Midnight သီခ်င္းဟာ ေရဒီယိုကေန လာေနတယ္..ကားေမာင္းေနသူဟာ စီးကရက္ကို တ႐ိုက္မက္မက္ ဖြါရင္း သီခ်င္းကို တစ္ခ်က္ တစ္ခ်က္ လိုက္ညည္းေနသည္ ...

Truck ကားဟာ ရပ္သြားၿပီး လူငယ္တစ္ေယာက္ ဆင္းလာသည္ ၿပီးေတာ့ Truck Driver ကို ေက်းဇူးတင္ေၾကာင္းလွမ္းေျပာတယ္..

Ennis Del Mar... အသက္ဟာ ၂၀ ေတာင္ မရွိေသးဘူး.. ၁၉ ႏွစ္ စြန္းစြန္းသာရွိေသးတယ္. ဒါေပမယ့္ ရြတ္ေနာက္ေနာက္ နဲ႔ ေပါ့ေပါ့ပါးပါး ေနတတ္တဲ႕ လူမ်ဳိးေတာ့မဟုတ္ဘူး..သူ႕ပုံစံၾကည့္ရင္ သိသာပါတယ္.. အရမ္းေလးနက္ တည္ၾကည္ေနတာမ်ဳိး မဟုတ္ေပမယ့္ ဆယ္ေက်ာ္သက္ထဲမွာေတာ့ နဲနဲရင့္က်က္တဲ႕ ပုံမ်ဳ္းေပါ့..ဒါေပမယ္႕ Ennis ကို ျမင္တာ နဲ႔ သာမန္လူငယ္ေတြလို ေႏြရာသီ တစ္ရာသီစာ အလုပ္လာရွာမွန္း သိသာတယ္ Ennis ဟာ အထက္တန္းေတာ့ မေအာင္ေသးဘူး .. ေက်ာင္းထြက္ထားတယ္.. အခုလည္း နယ္စြန္နယ္ဖ်ားလာၿပီး လုပ္ကိုင္စားေသာက္ဖို႕ မရည္ရြယ္ေပမယ့္ ခ်စ္သူကို လက္ထပ္ဖို႕ အတြက္ေငြစုဖို႕ လိုအပ္ေနတယ္...အဝတ္အစား ခပ္ႏြမ္းႏြမ္း နဲ႔ ႐ိုက်ဳိ႕ တဲ႕ ပုံစံေပါက္ေနတဲ႔ Ennis ဟာ အလုပ္ရွင္ အႀက္ဳက္ ခိုင္းလို႕ေကာင္းတဲ႔ လူငယ္တစ္ေယာက္လို႕ ျမင္တာနဲ႕ သိရတယ္

ဒီညေတာ့ မိုးခ်ဴပ္ၿပီမို႕ Ennis တည္းခိုစရာ ေနရာရွာကာ ညအိပ္လိုက္သည္

မနက္ေစာေစာ ေနေရာင္ျခည္ဟာ ေႏြးေထြးမယ္လို႕ ထင္ရေပမယ့္ တိုက္ေနတဲ႕ ေလေအးေတြေၾကာင့္ အေတာ္ေလး ေအးေနတယ္

Ennis Farm and Ranch ႐ုံးခန္းေရွ႕မွာ ပိုင္ရွင္ကိုေစာင့္ရင္း ေဆးလိပ္ေသာက္ကာ ေတြးခ်င္ရာ ေတြးေနတယ္



Farm and Ranch ျခံဝန္းထဲကို pick up ကားတစ္စီး တရၾကမ္း ေမာင္းဝင္လာတယ္ ကားရပ္ခါနီးမွာပဲ.. ကား ဟာ မီးခိုးေတြထြက္ကာ စက္ရပ္သြားတယ္ ကားေပၚကေန Ennis နဲဲ႕ ရြယ္တူေလာက္ ရွိတယ္ လူငယ္တစ္ေယာက္ ဆင္းလာၿပီး ကားတာယာကို ပိတ္ကန္ကာ ဆဲေရးလိုက္သည္

Jack Twist.. သူလည္း Ennis လို cowboys လုပ္ဖို႕လာတဲ႕ လူငယ္တစ္ေယာက္ပဲ.... သူဟာ Ennis ထက္ေတာ့ အရပ္နဲနဲရွည္တယ္.. ျမင္းတစ္ေကာင္လို သန္မာေနတဲဲ႕ muscul ေတြနဲ႕ တည္ေဆာက္ထားတဲဲ႕ ၾကံ႕ခိုင္တဲဲ႕ ကိုယ္ခႏၶာရွိတယိ levi's ဂ်င္းကို ဝမ္းဆက္ ဝတ္ထားၿပီး အေကာင္းဆုံး cowboys ဦးထုတ္ကို ေဆာင္းထားတယ္ cowboy စီး လည္ရွည္ boost က ေဒါက္ေတြေၾကာင့္ နဲနဲ ကလန္ကလား ႏိုင္တဲ႕ ပုံထြက္ေနတယ္... Jack ဟာ ဒီေန႕ အခ်ိန္အထိ စိတ္မပါပဲ ဘာအရာမွ မလုပ္တတ္ဘူး.. အတင္းအက်ပ္ ဘယ္ဟာမွာ ခိုင္းလို႕ မရဘူး.. နဲနဲလည္း စိတ္ဆတ္တယ္ ဒါေပမယ့္ Ennis ထက္စာရင္ ပိုၿပီးေႏြးေထြး တဲ႕ ပုံေပါက္တယ္ ပိုလည္း ရယ္ေမာတတ္ပုံရတယ္..Jack လည္း ၁၉ ႏွစိပဲ..

Jack ဟာ သူ႕ကို Ennis ၾကည့္ေနတာကို သိေတာ့ မိတ္ဖြဲ႕လိုတဲ႕ အၾကည့္ေတြနဲ႕ Ennis ဆီ လာမလို႕ လုပ္လိုက္တယ္

Ennis ဟာ မသိခ်င္ေယာင္ေဆာင္ကာ ေခါင္းငုံပစ္လိုက္တယိ..

Jack ေျခလွမ္းၿပီးမွ သိသိသာသာ မျမင္ခ်င္ေယာင္ေဆာင္ ေနEnnis ေၾကာင့္ ကားကို မွီကာ ျပန္ရပ္ေနလိုက္တယ္.. ၿပီးေတာ့ Ennis ကို ေသခ်ာစိုကိၾကည့္ေနလိုက္တယ္.. ဘယ္လိုေကာင္လဲ.. ဒီလို ေကာင္နဲ႕ ငါက အတူတြဲလုပ္ရမလား.. ေသစမ္း...

ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ လ်စ္လ်ဴရွဳကာ ေနလိုက္ၾကတယ္...

Jack ဟာ ကိုယ္႕ကိုကိုယိ အၿမဲဂ႐ုတစိုက္ရွိတဲ႔သူမို႕ .. မုတ္ဆိတ္ေမြးမရိပ္လာမိတာ မေနတတ္ျဖစ္ေနတယ္.. အလုပ္ရွငိလဲ မလာေသးတာမို႕ ... ကားမွန္ ကိုၾကည့္ၿပီး မုတ္ဆိတ္ရိတ္လိုက္တယ္... ဒ္ေပမယ့္ မုတ္ဆိတ္ေမြးရိတ္တာကို စိတ္ပါဝင္စားေနတာေတာ့မဟုတ္ဘူး... ကားမွန္ထဲကေန ျမင္ေနရတဲ႕ Ennis ကို ၾကည့္ေနတာ.. ဘာလို႕မ်ား.. သူၾကည့္ရတာ မွဳန္မွိဳင္းေနတာလဲ...

Ennis ကေတာ့ Jack ၾကည့္ေနမွန္း သတိေတာင္မထားမိဘူး... ပထမဆုံး ဒီကို လာလုပ္တာမို႕.. အဆင္ေျပပါ့မလား စိုးရိမ္ပူပန္ေနမိတယ္.. ဒီအလုပ္ေလးအဆင္ေျပရင္ ခ်စ္ Anna နဲ႕ လက္ထပ္မယ္...

ကားတစ္စီး ခပ္ၾကမ္းၾကမ္းေမာင္းဝင္လာတယ္...

Ennis မတ္ရပ္ၿပီး ေသခ်ာလိုက္ၾကည့္လိုက္သည္

Jack လည္း မုတ္ဆိတ္ရိတ္တာကိူ ခ်က္ခ်င္း လက္စသတ္ၿပီး cowboys ဦးထုပ္ကို ေဆာင္းကာ အသင့္အေနအထားတစ္ခု ဖန္တီးလိုက္သည္

သိုးပိုင္ရွင္ Joe Ageirre က တစ္ခ်က္ေတာင္ လူငယ္ေတြကို ေစာင္းမၾကည့္ပဲ အလုပ္ခန္းတံခါးကို ခပ္ျပင္းျပင္းပိတ္ကာ ဝင္သြားသည္

Ennis ကေတာ့ တံခါး ျပန္ပြင့္မယ့္အခ်ိန္ကို မ်က္ေတာင္မခတ္ပဲ တံခါးကိုၾကည့္ကာ ေစာင့္ေနသည္

Jack ကလည္း တံခါး နဲ႕ ခပ္နီးနီးသို႕တိုးလာသည္

မင္းတို႕ေကာင္ေတြ အလုပ္လုပ္မွာဆို ဝင္လာခဲ႕.. joe Ageirre ေျပာၿပီးတာနဲ႕ ျပန္ဝင္သြားသည္

Ennis အရင္ဝင္သြားေပမယ့္ ေရွ႕ဆက္မတိုးပဲ အေနာက္နားရပ္ေနတယ္..

Jack က Ennis ကိုေက်ာ္ၿပီး ရပ္လိုက္တယ္..

Jack ... ၿပီးခဲ႕တဲ႕ ေႏြရာသီလို မျဖစ္ခ်င္ဘူး.. အခုသစ္ေတာဌါနက တင္းၾကပ္ထားတယ္.. ဟိုဘက္မွာ camp ေတြရွိတယ္ အဲဒီကို သိုးေတြေရာက္လို႕ မျဖစ္ဘူး မေရာက္ေအာင္ မင္း တာဝန္ယူရမယ္ .. သိုးေတြနဲ႕ ညအိပ္ရမယ္.. မီးသုံးတာလည္း ဂ႐ုစိုက္ပါ.. လုံးဝ ေျခရာ လက္ရာ မက်န္ေစနဲ႕.. သိုးထိန္းေခြးေတြလည္း ေပးလိုက္မယ္.. မႏွစိက ငါ့သိုး ၂၅% ဆုံးရွဳံးရတယ္ .. ထပ္မျဖစ္ေစနဲ႕.. ထပ္ျဖစ္ရင္ လစာထဲက ျဖတ္မွာပဲ..

မင္း !!
Ennis ကို လက္ညွိဳးထိုးလိုက္တယ္

ေသာၾကာေန႕တိုင္း တံတားေအာက္မွာ လိုအပ္တာေတြလာယူ ႀကိဳတင္စာရင္းေရးထား... မီးကို ဂ႐ုစိုက္မယ္ေနာ္! ေရာ့ ..

Joe နာရီပစ္ေပးလိုက္တယ္...

ကလင္... ကလင္... ကလင္...

Joe ဖုန္းေျဖရင္း တစ္ဘက္ကို ေအာ္ဟစ္လိုက္သည္

ခဏေနတဲ႕ အထိ ရွိေနေသးတယ္ Ennis နဲ႕ Jack ဘာလဲလို႕ ေမးဆတ္ျပတယ္... ၿပီးမွ ...

ေန႕လည္ အေရာက္လာခဲ႕ၾက မင္းတို႕ စီစဥ္စရာေတြ လုပ္ၾကေလ..

ဟုတ္ကဲ႕ ...  ၂ေယာက္သား တၿပိဳင္နက္ေျပာကာ လွည့္ထြက္ခဲ႕သည္

အျပင္ေရာက္တာ နဲ႕ Jack ေဆးလိပ္ထုတ္ေသာက္လိုက္သည္ ၿပီးေတာ့ အေနာက္က ပါလာတဲ႕ Ennis ကို ဘက္လွည္႕ကာ မိတ္ဆက္လိုက္သည္

Jack Twict ... Jack လက္ကမ္းေပးလိုက္သည္

Ennis ျပန္ၾကည့္ကာ လက္ဆြဲႏွဴတ္ဆက္လိုက္သည္ ၿပီးမွ မေျပာခ်င္ ေျပာခ်င္ျဖင့္ ...

Ennis ...

Ennis .. မွာ မင္း နံမည္ရပ္သြားတာလား ..

( surname ကို ဘန္းစကား နဲ႕ ေမးလိုက္ျခင္းျဖစ္သည္)

Del Mar.... Ennis ျပန္ေျပာလိုက္သည္

Ennis Del Mar ?? ... Jack ေခၚၾကည့္လိုက္သည္

Ennis ေခါင္းတခ်က္ၿငိမ္႕ျပလိုက္သည္

Ennis ... အခ်ိန္ကလိုေသးတယ္ .. Bar သြားမလား...

အင္းးး ... Ennis သိုးပိုငိရွင္ ေပးတဲ႕ နာရီကို ပတ္ရင္း မပြင့္တပြင့္ေျပာလိုက္သည္

Jack တစ္ခ်က္ျပဳံးကာ ေရွ႕ကေန ဦးေဆာင္ ေခၚသြားလိုက္သည္

Ennis ကေတာ့ ခပ္လွမ္းလွမ္းကေန လိုက္သြားသည္

------------------------//------------------

Unicode

အပိုင်း ၁

1964 ခုနှစ်...

Cattle truck ကားတစ်စီးသည် Highway လမ်းမတစ်လျောက် တောက်လျောက်မောင်းလာသည် ရှေ့မီးကလည်း ခပ်မှိန်မှိန်လင်းနေသည်... ညရောက်လာတာနဲ့ အတူ ရှေ့မီးက ပိုလင်းလာသည် .. Hight way ပေါ်မှာတော့ ကားမီးရောင် ကြောင့် နဲနဲလင်းနေပြီး ကျန်နေရာတွေကတော့ မှောင်မဲနေတာပဲ...အရှိန်မလျော့ပဲ မောင်းလာတဲ့ကားလေး ဟာ တဖြည်းဖြည်း နဲ့ Wyoming နဲ့ နီးလာပါပြီ.. နောက်ထပ် ၅ မိုငိလောက် မောင်းရင် Wyoming ကိုရောက်ပြီ..

ကားထဲမှာတော့ Patsy Cline ရဲ့ Walking after Midnight သီချင်းဟာ ရေဒီယိုကနေ လာနေတယ်..ကားမောင်းနေသူဟာ စီးကရက်ကို တရိုက်မက်မက် ဖွါရင်း သီချင်းကို တစ်ချက် တစ်ချက် လိုက်ညည်းနေသည် ...

Truck ကားဟာ ရပ်သွားပြီး လူငယ်တစ်ယောက် ဆင်းလာသည် ပြီးတော့ Truck Driver ကို ကျေးဇူးတင်ကြောင်းလှမ်းပြောတယ်..

Ennis Del Mar... အသက်ဟာ ၂၀ တောင် မရှိသေးဘူး.. ၁၉ နှစ် စွန်းစွန်းသာရှိသေးတယ်. ဒါပေမယ့် ရွတ်နောက်နောက် နဲ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ လူမျိုးတော့မဟုတ်ဘူး..သူ့ပုံစံကြည့်ရင် သိသာပါတယ်.. အရမ်းလေးနက် တည်ကြည်နေတာမျိုး မဟုတ်ပေမယ့် ဆယ်ကျော်သက်ထဲမှာတော့ နဲနဲရင့်ကျက်တဲ့ ပုံမျု်းပေါ့..ဒါပေမယ့် Ennis ကို မြင်တာ နဲ့ သာမန်လူငယ်တွေလို နွေရာသီ တစ်ရာသီစာ အလုပ်လာရှာမှန်း သိသာတယ် Ennis ဟာ အထက်တန်းတော့ မအောင်သေးဘူး .. ကျောင်းထွက်ထားတယ်.. အခုလည်း နယ်စွန်နယ်ဖျားလာပြီး လုပ်ကိုင်စားသောက်ဖို့ မရည်ရွယ်ပေမယ့် ချစ်သူကို လက်ထပ်ဖို့ အတွက်ငွေစုဖို့ လိုအပ်နေတယ်...အဝတ်အစား ခပ်နွမ်းနွမ်း နဲ့ ရိုကျို့ တဲ့ ပုံစံပေါက်နေတဲ့ Ennis ဟာ အလုပ်ရှင် အြက်ုက် ခိုင်းလို့ကောင်းတဲ့ လူငယ်တစ်ယောက်လို့ မြင်တာနဲ့ သိရတယ်

ဒီညတော့ မိုးချူပ်ပြီမို့ Ennis တည်းခိုစရာ နေရာရှာကာ ညအိပ်လိုက်သည်

မနက်စောစော နေရောင်ခြည်ဟာ နွေးထွေးမယ်လို့ ထင်ရပေမယ့် တိုက်နေတဲ့ လေအေးတွေကြောင့် အတော်လေး အေးနေတယ်

Ennis Farm and Ranch ရုံးခန်းရှေ့မှာ ပိုင်ရှင်ကိုစောင့်ရင်း ဆေးလိပ်သောက်ကာ တွေးချင်ရာ တွေးနေတယ်



Farm and Ranch ခြံဝန်းထဲကို pick up ကားတစ်စီး တရကြမ်း မောင်းဝင်လာတယ် ကားရပ်ခါနီးမှာပဲ.. ကား ဟာ မီးခိုးတွေထွက်ကာ စက်ရပ်သွားတယ် ကားပေါ်ကနေ Ennis နဲ့ ရွယ်တူလောက် ရှိတယ် လူငယ်တစ်ယောက် ဆင်းလာပြီး ကားတာယာကို ပိတ်ကန်ကာ ဆဲရေးလိုက်သည်

Jack Twist.. သူလည်း Ennis လို cowboys လုပ်ဖို့လာတဲ့ လူငယ်တစ်ယောက်ပဲ.... သူဟာ Ennis ထက်တော့ အရပ်နဲနဲရှည်တယ်.. မြင်းတစ်ကောင်လို သန်မာနေတဲ့ muscul တွေနဲ့ တည်ဆောက်ထားတဲ့ ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာရှိတယိ levi's ဂျင်းကို ဝမ်းဆက် ဝတ်ထားပြီး အကောင်းဆုံး cowboys ဦးထုတ်ကို ဆောင်းထားတယ် cowboy စီး လည်ရှည် boost က ဒေါက်တွေကြောင့် နဲနဲ ကလန်ကလား နိုင်တဲ့ ပုံထွက်နေတယ်... Jack ဟာ ဒီနေ့ အချိန်အထိ စိတ်မပါပဲ ဘာအရာမှ မလုပ်တတ်ဘူး.. အတင်းအကျပ် ဘယ်ဟာမှာ ခိုင်းလို့ မရဘူး.. နဲနဲလည်း စိတ်ဆတ်တယ် ဒါပေမယ့် Ennis ထက်စာရင် ပိုပြီးနွေးထွေး တဲ့ ပုံပေါက်တယ် ပိုလည်း ရယ်မောတတ်ပုံရတယ်..Jack လည်း ၁၉ နှစိပဲ..

Jack ဟာ သူ့ကို Ennis ကြည့်နေတာကို သိတော့ မိတ်ဖွဲ့လိုတဲ့ အကြည့်တွေနဲ့ Ennis ဆီ လာမလို့ လုပ်လိုက်တယ်

Ennis ဟာ မသိချင်ယောင်ဆောင်ကာ ခေါင်းငုံပစ်လိုက်တယိ..

Jack ခြေလှမ်းပြီးမှ သိသိသာသာ မမြင်ချင်ယောင်ဆောင် နေEnnis ကြောင့် ကားကို မှီကာ ပြန်ရပ်နေလိုက်တယ်.. ပြီးတော့ Ennis ကို သေချာစိုကိကြည့်နေလိုက်တယ်.. ဘယ်လိုကောင်လဲ.. ဒီလို ကောင်နဲ့ ငါက အတူတွဲလုပ်ရမလား.. သေစမ်း...

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လျစ်လျူရှုကာ နေလိုက်ကြတယ်...

Jack ဟာ ကိုယ့်ကိုကိုယိ အမြဲဂရုတစိုက်ရှိတဲ့သူမို့ .. မုတ်ဆိတ်မွေးမရိပ်လာမိတာ မနေတတ်ဖြစ်နေတယ်.. အလုပ်ရှငိလဲ မလာသေးတာမို့ ... ကားမှန် ကိုကြည့်ပြီး မုတ်ဆိတ်ရိတ်လိုက်တယ်... ဒ်ပေမယ့် မုတ်ဆိတ်မွေးရိတ်တာကို စိတ်ပါဝင်စားနေတာတော့မဟုတ်ဘူး... ကားမှန်ထဲကနေ မြင်နေရတဲ့ Ennis ကို ကြည့်နေတာ.. ဘာလို့များ.. သူကြည့်ရတာ မှုန်မှိုင်းနေတာလဲ...

Ennis ကတော့ Jack ကြည့်နေမှန်း သတိတောင်မထားမိဘူး... ပထမဆုံး ဒီကို လာလုပ်တာမို့.. အဆင်ပြေပါ့မလား စိုးရိမ်ပူပန်နေမိတယ်.. ဒီအလုပ်လေးအဆင်ပြေရင် ချစ် Anna နဲ့ လက်ထပ်မယ်...

ကားတစ်စီး ခပ်ကြမ်းကြမ်းမောင်းဝင်လာတယ်...

Ennis မတ်ရပ်ပြီး သေချာလိုက်ကြည့်လိုက်သည်

Jack လည်း မုတ်ဆိတ်ရိတ်တာကိူ ချက်ချင်း လက်စသတ်ပြီး cowboys ဦးထုပ်ကို ဆောင်းကာ အသင့်အနေအထားတစ်ခု ဖန်တီးလိုက်သည်

သိုးပိုင်ရှင် Joe Ageirre က တစ်ချက်တောင် လူငယ်တွေကို စောင်းမကြည့်ပဲ အလုပ်ခန်းတံခါးကို ခပ်ပြင်းပြင်းပိတ်ကာ ဝင်သွားသည်

Ennis ကတော့ တံခါး ပြန်ပွင့်မယ့်အချိန်ကို မျက်တောင်မခတ်ပဲ တံခါးကိုကြည့်ကာ စောင့်နေသည်

Jack ကလည်း တံခါး နဲ့ ခပ်နီးနီးသို့တိုးလာသည်

မင်းတို့ကောင်တွေ အလုပ်လုပ်မှာဆို ဝင်လာခဲ့.. joe Ageirre ပြောပြီးတာနဲ့ ပြန်ဝင်သွားသည်

Ennis အရင်ဝင်သွားပေမယ့် ရှေ့ဆက်မတိုးပဲ အနောက်နားရပ်နေတယ်..

Jack က Ennis ကိုကျော်ပြီး ရပ်လိုက်တယ်..

Jack ... ပြီးခဲ့တဲ့ နွေရာသီလို မဖြစ်ချင်ဘူး.. အခုသစ်တောဌါနက တင်းကြပ်ထားတယ်.. ဟိုဘက်မှာ camp တွေရှိတယ် အဲဒီကို သိုးတွေရောက်လို့ မဖြစ်ဘူး မရောက်အောင် မင်း တာဝန်ယူရမယ် .. သိုးတွေနဲ့ ညအိပ်ရမယ်.. မီးသုံးတာလည်း ဂရုစိုက်ပါ.. လုံးဝ ခြေရာ လက်ရာ မကျန်စေနဲ့.. သိုးထိန်းခွေးတွေလည်း ပေးလိုက်မယ်.. မနှစိက ငါ့သိုး ၂၅% ဆုံးရှုံးရတယ် .. ထပ်မဖြစ်စေနဲ့.. ထပ်ဖြစ်ရင် လစာထဲက ဖြတ်မှာပဲ..

မင်း !!
Ennis ကို လက်ညှိုးထိုးလိုက်တယ်

သောကြာနေ့တိုင်း တံတားအောက်မှာ လိုအပ်တာတွေလာယူ ကြိုတင်စာရင်းရေးထား... မီးကို ဂရုစိုက်မယ်နော်! ရော့ ..

Joe နာရီပစ်ပေးလိုက်တယ်...

ကလင်... ကလင်... ကလင်...

Joe ဖုန်းဖြေရင်း တစ်ဘက်ကို အော်ဟစ်လိုက်သည်

ခဏနေတဲ့ အထိ ရှိနေသေးတယ် Ennis နဲ့ Jack ဘာလဲလို့ မေးဆတ်ပြတယ်... ပြီးမှ ...

နေ့လည် အရောက်လာခဲ့ကြ မင်းတို့ စီစဉ်စရာတွေ လုပ်ကြလေ..

ဟုတ်ကဲ့ ...  ၂ယောက်သား တပြိုင်နက်ပြောကာ လှည့်ထွက်ခဲ့သည်

အပြင်ရောက်တာ နဲ့ Jack ဆေးလိပ်ထုတ်သောက်လိုက်သည် ပြီးတော့ အနောက်က ပါလာတဲ့ Ennis ကို ဘက်လှည့်ကာ မိတ်ဆက်လိုက်သည်

Jack Twict ... Jack လက်ကမ်းပေးလိုက်သည်

Ennis ပြန်ကြည့်ကာ လက်ဆွဲနှူတ်ဆက်လိုက်သည် ပြီးမှ မပြောချင် ပြောချင်ဖြင့် ...

Ennis ...

Ennis .. မှာ မင်း နံမည်ရပ်သွားတာလား ..

( surname ကို ဘန်းစကား နဲ့ မေးလိုက်ခြင်းဖြစ်သည်)

Del Mar.... Ennis ပြန်ပြောလိုက်သည်

Ennis Del Mar ?? ... Jack ခေါ်ကြည့်လိုက်သည်

Ennis ခေါင်းတချက်ငြိမ့်ပြလိုက်သည်

Ennis ... အချိန်ကလိုသေးတယ် .. Bar သွားမလား...

အင်းးး ... Ennis သိုးပိုငိရှင် ပေးတဲ့ နာရီကို ပတ်ရင်း မပွင့်တပွင့်ပြောလိုက်သည်

Jack တစ်ချက်ပြုံးကာ ရှေ့ကနေ ဦးဆောင် ခေါ်သွားလိုက်သည်

Ennis ကတော့ ခပ်လှမ်းလှမ်းကနေ လိုက်သွားသည်

------------------------//------------------

Continue Reading

You'll Also Like

983K 185K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
41K 4.6K 91
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား
71.6K 11.6K 51
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
1M 72.1K 92
LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင္ႏွစ္ေယာက္မွေမြးဖြားခဲ့တဲ့လြမ္းေသြးငယ္ဟာမေတာ္တဆတစ္ခ...