brokeback mountain

By YinChanmyae

27.6K 2.2K 106

brokeback moumtain ရုပ်ရှင်ဟာ 2005 ခုနှစ် ဆု ၈ ဆုရခဲ့ပါတယ်.. ပထမဆုံး လူကြိုက်အများဆုံး Gay ရုပ်ရှင်ပါ.. ကိုယ်... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုငိး 7
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ဇာတ်သိမ်း

မိတ်ဆက်

5.6K 286 5
By YinChanmyae











....ကျွန်မတို့ အမေရိကန် ရုပ်ရှင် သမိုင်းမှာ ပထမဆုံး ဝတ္တုတို တစ်ပုဒ်နဲ့ ရုပ်ရှင်ဇတ်ကားကောင်းကြီးတစ်ခုကို ထုတ်လုပ်နိုင်ခဲ့တယ်.. ပထမဆုံးပဲ.. jank နဲ့ Ennis ဟာ အမြဲတမ်း ရှင်သန်နေတော့မယ်...












-----------------//---------------
Unicode

Gus Green Van Sant ဆိုတဲ့ film maker  script writer တစ်ယောက်ဟာ အသစ်တစ်ခုလိုက်ရှာနေခဲ့တယ်.. တစ်ခါမှ မရိုက်ဘူး တဲ့ ဇာတ်ကား တစ်ကားပေါ့.. တစ်ရက်မှာ မထင်မှတ်ပဲ ဝတ္တုတိုလေး တစ်ပုဒ်ကို ဖတ်မိသွားတယ်.. ဖတ်မိ ပြီးပြီးခြင်း သူဆုံးဖြတ်ချက်ချလိုက်တယ်.. ဒါကို ရုပ်ရှငိရိုက်မယ်..

ဝတ္တုက နံမည်ကြီး စာရေးဆရာ ဝတ္တုတော့ မဟုတ်ဘူး.. ဝတ္တုရေးတဲ့ သူက Proulx တဲ့.. သာမာန် cowboys ဇာတ်လမ်းလေးပဲ.. Jack နဲ့ Ennis ဆို cowboys နှစ်ယောက် တွေ့ဆုံမှုလေး ..ဘာမှထူးခြားတာ မရှိဘူး.. ဒါပေမယ့် .. Gay ဇာတ်လမ်း လိင်တူခြင်းချစ်ကြတဲ့ အကြောင်းရေးထားတာ..

Gus Green Van Sant ထပ်ဖတ်လိုက်တယ်.. မင်းသား ချောချောလေးတွေ သုံးရင် ပေါက်နိုင်တယ်လို့ စဉ်းစားမိတယ်.. ခပ်ချောချော မင်းသား ၂ ယောက်ပေါ့.. တစ်ယောက်က မိန်းမချောချော ပြီး တစ်ယောက်က ယောင်္ကျားပီသတဲ့ ဆွဲဆောင်မှု ရှိရမယ်.. မင်းသား သိပ်ရွေးစရာလည်း မလိုပါဘူး .. Matt Damon ကို Ennis နေရာထားမယ် သူကတော်တော်ချောတယ်လေ.. နောက်တစ်ယောက်က Joaquin Phoenix သူက ယောင်္ကျား ပီသတယ် .. သူကို Jack နေရာအတွက် လျာထားမယ်.. Matt Damon နဲ့က ရိုက်ဖူးတယ်လေ.. မကြာသေးကခင် ရိုက်ပြီးသွားတဲ့ Van Sant ဒါရိုက်တာ လုပ်ပြီးရိုက်တဲ့ကား Good will Hunting မှာ Damon က main lead .. အလုပ်အတူလုပ်ဖူးတော့ အဆင်ပြေမှာပါ.. Damon ကို မေးကြည့်မယ်..

Damon , ငါ cowboys အကြောင်းအခြေခံတဲ့ Gayရုပ်ရှင် တစ်ခုရိုက်ချင်တယ်..

ရုပ်ရှင် ရိုက်မယ် ဆုံးဖြတ်လိုက်ပြီဆိုတော့.. ဒီဇာတ်ကြောင်းပတ်သတ်ပြီး LGBT right တွေ political အကြောင်းတွေ သိရမှဖြစ်မယ်.. LGBT အတွက် လှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ Harvey Milk နဲ့ သွားတွေ့ခဲ့တယ်.. အကြံဉာဏ်တွေပေးသလို နောက်ထပ် လူတစ်ယောက် နဲ့လဲ သိလာရတယိ သူကတော့ Joel Schumacher... Joel နဲ့ တွေ့ပြီးတော့ Joel က လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်.. ထူးထူးခြားခြားတွေ ရိုက်ချင်တယ်လို့ ပြောတဲ့ တရုတ်ဒါရိုက်တာတစိယောက်.. နံမည်က Ann Lee တဲ့

Ann Lee ဟာ တရုတ်မှာတော့ နံမည်ကြီး ဒါရိုက်တာ တစ်ယောက်ပဲ.. ခေါင်းမာသလို ဇွဲလည်း ရှိတယ်.. ဇာတ်ကားကောင်းတစ်ကား ရဖို့ဆို producer လည်း ဂရုမစိုက်တဲ့လူ.. ဒါပေမယ့် အဲလို ခေါင်းမာတာတွေက လက်တွေ့ဘဝမှာ အဆင်မပြေလှဘူး.. Hulk ဇာတ်ကား ရိုက်ပြီးတာနဲ့  ကုမ္မဏီ က စာချုပ်ဖျက်သွားတယ်..သူ interview မှာ ပြောလေ့ရှိတယ် Crouching Tiger , Hidden Dragon ရယ် Hulk ရယ်လည်း ရိုက်ပြီးရော ဘဝပျက်တာပဲလို့.. ဒါပေမယ့် နောင်တတော့မရပါဘူး.. ဇာတ်ကားကောင်းတွေအဖြစ် လူတိုင်း အသိအမှတ်ပြုတယ်လေ...

Ann Lee ရယ် Van Sant ရယ် ဆုံပြီးချိန်မှာတော့ မင်းသားတွေကို စိတ်ကြိုက်ရွေးဖို့ လျောက်လွှာခေါ်လိုက်တယ်.. အမေရိကန်ရဲ့ မင်းသားချောတွေ လာလျောက်ကြတယ်.. Jack နေရာ အတွက် ၃ ယောက် စကာတင်ကျန်တယ် Orlando Bloom , Johnny Depp နဲ့ Jake Gyllenhaal .. တော်တော်လေး ခေါင်းစားအောင် စဉ်းစားပြီးမှ Jake Gyllenhaal ကိုရွေးလိုက်တယ်..

2003 မှာ ကမ္ဘာကို ကြေငြာလိုက်တယ်.. Ennis အဖြစ် Headth Ledger , Jack အဖြစ် Jake Gyllenhaal သရုပ်ဆောင်ကြမယ် ..

ရိုက်မယ်ဆိုတော့ ဝတ္တုထဲက ဇာတ်အိမ်တည်နေရာဖြစ်တဲ့ Wyoming မှာ ရိုက်ဖို့ စီစဉ်ထားတယ် ဒါပေမယ့် Canada က Southern Alberta မှာပဲ တစ်ကားလုံးလိုလို ဖြစ်ခဲ့တယ်.. ဇာတ်ကားကို မရိုက်ခင် Ann Lee ဟာ Wyoming က location တွေကို သွားကြည့်ခဲ့တယ်.. သူကပြောတယ်တစ်နေရာထဲတော့ အဆင်မပြေဘူး ငါတို့လိုချင်နေရာတွေက တစ်နေရာစီ.. ဒါနဲ့ပဲ.. Goat Creek , Upper Kananaskis Lake , Elbow falls နဲ့ Canyon Creek အပါအဝင် Alberta တောင်ကြောတစ်လျောက် နေရာအနှံ့ ရိုက်ကွင်းတည်ခဲ့ကြတယ်... 2003 နွေရာသီမှာ စရိုက်ခဲ့တယ်...

2005 ခုနှစ်မှာ.. ရိုက်ပြီးလို့ press show ပြတဲ့ အချိန်မှာ မူရင်းစာရေးဆရာမ Prolux ဟာ အရမ်းကို အံသြသွားတယ် ဇာတ်ညွှန်း ပြန်ရေး တဲ့ Larry McMurtry နဲ့ Diana Oss ana တို့ ကို အတတ်နိုင်ဆုံးပါဝင်ကူညီပေးခဲ့ပေမယ့် ဒီလောက်ထိ ဆွဲဆောငိမှုရှိတဲ့ ဇတ်ကားထွက်လာလိမ့်မယ်လို့ မထင်မိခဲ့ဘူး.. သူမ ဟာ ဂုဏ်ယူစွာပြောခဲ့တယ်..

....ကျွန်မတို့ အမေရိကန် ရုပ်ရှင် သမိူင်းမှာ ပထမဆုံး ဝတ္တုတို တစ်ပုဒ်နဲ့ ရုပ်ရှင်ဇတ်ကားကောင်းကြီးတစ်ခုကို ထုတ်လုပ်နိုင်ခဲ့တယ်.. ပထမဆုံးပဲ.. jank နဲ့ Ennis ဟာ အမြဲတမ်း ရှင်သန်နေတော့မယ်...

ရုပ်ရှင်ကား ကုန်ကျစရိတ်ဟာ Dollor 14 million ရှိခဲ့ပေမယ့် ကြေငြာစားရိတ်ဟာ 5 million တဲ့ .. အရမ်းများတာပဲ.. ဒါပေမယ့်.. ပထမဆုံး ရုံတင်တဲ့အပတ်မှာတင် ဝင်ငွေ 5 million ဝင်ခဲ့တယ်.. ခရစ်စမတ် ပြီးချိန်မှာတော့ box office မှာ သူလောက် အောင်မြင်တဲ့ကား မရှိတော့ဘူး.. 2006 January မှာ အမေရိကန် နိုင်ငံတစ်ဝှမ်းက ရုပ်ရှင်ရုံ ပေါင်း 2000 ကျာ်မှာ တပြိုင်နက်ပြသခဲ့တယ်.. 95 million ကျော် ဝင်ငွေရခဲ့ပြီး.. တကမ္ဘာလုံး world wide ပြသချိန်မှာ ဝင်ငွေဟာ 175 million ကျော်ရခဲ့တယ်.. 1980 ကနေ လက်ရှိ 2006 အထိ ဝင်ငွေအကောင်းဆုံးရုပ်ရှင် အဖြစ် နံပါတ် ၈ နေရာကို ရက်ပေါင်း 133 ရက်အတွင်း ချိတ်နိုင်ခဲ့တယ်..

ဝင်ငွေအရ အောင်မြင်ရုံတင်မကပဲ Oscar Award 8 ဆု ကို တစ်ကား တည်း နဲ့ ရယူခဲ့တဲ့ သမိုင်းဝင်ကား တကားဖြစ်လာခဲ့တယ်..

Best Director ...... Ann Lee ( ပထမဆုံး Oscar ဆု ရ အာရှသားအဖြစ် မှတ်တမ်းဝင်ခဲ့တယ် )

Best Writing, Adapted Screenplay .....Larry  McMurtry , Diana Ossana.

Best Original Music Score.........Gustavo Santaolalla

Best Picture.........James Schamus and Diana Ossana

Best Actor ........ Heath Ledger ( 2008 ခုနှစ်မှာ သေဆုံးခဲ့ပါတယ် )

Best Supporting Actor..... Jake Gyllenhaala

Baet Supporting Actress....Michelle Williams

Best Cinematography ....... Rodrigo Prieto

ဇာတ်ကား အကြောင်းတော်တော် သိပြီးပြီဆိုတော့ ဇာတ်လမ်းလေးကို ပါဝင်ခံစားကြည့်ပါဦး

Continue Reading

You'll Also Like

561K 63.1K 64
Zawgyiသမားတွေအတွက်အောက်ဆွဲချပြီးဖတ်ကြည့်ပါနော် ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...
454K 59.8K 61
𝘼𝙨𝙨𝙤𝙘𝙞𝙖𝙩𝙚𝙙 𝙉𝙖𝙢𝙚𝙨 : 穿成Omega后发现自己怀孕了 𝘼𝙪𝙩𝙝𝙤𝙧(𝙨): 非期而然 𝙏𝙮𝙥𝙚: 𝙒𝙚𝙗 𝙉𝙤𝙫𝙚𝙡(𝘾𝙉) 𝙂𝙚𝙣𝙧𝙚: 𝙁𝙖𝙣𝙩𝙖𝙨𝙮, 𝙍𝙤𝙢𝙖𝙣𝙘𝙚...
38.1K 4.9K 46
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
45.3K 7.2K 16
මගේ හිතේ ඉඩ දැන් නුඹ අතින් හැඩවෙන සිතුවමකි !