အ​ချေ​ကောင်​​ပေါက်​စအားချစ်​မ...

By 1004kyaing

298K 26.4K 813

Chanbaek ( yaoi ) fan ​တွေရဲ့ သည်းသည်းလှုပ်​ idol Park Chanyeol က စာကြမ်းပိုး​လေး အ​ချေကိုယ်​​တော်​​လေး B... More

Intro ❤
Part.1 ❤
Part.2 ❤
Part.3 ❤
Part 4 ❤
Part 5 ❤
Part 6 ❤
Part 7 ❤
Part 8 ❤
Part 9 ❤
Part 10 ❤
Part 11 ❤
Part 12 ❤
Part 13 ❤
Part 14 ❤
Part 15 ❤
နာမည်ပြောင် ရွေးချယ်ခြင်း
Part 16 ❤
Part 17 ❤
Part 18 ❤
Part 20 ❤
Part 21 ❤
Part 22 ❤
Part 23 ❤
Part 24 ❤
Part 25 ❤
Part 26 ❤
Part 27 ❤
Part 28 ❤
Part 29 ❤
Part 30 ❤
Final ❤
Channu နဲ့ Baekku လေးရဲ့ April Fool ☻

Part 19 ❤

6.8K 736 26
By 1004kyaing

Seoul ကပြန်လာတည်းက
Channu ရဲ့ ပုံစံတွေတမျိုးပြောင်းနေတယ်
အရင်က ကျတော်နားမှာ မျှော့ လိုကပ်နေတဲ့
Channu က အခုတော့ ကျတော်မရှိရင်လဲ
နေနိုင်နေတဲ့ပုံစံမျိုးပဲ ..

အဖြစ်အပျက်တွေပြန်စဉ်းစားကြည့်လိုက်တော့လဲ
ကျတော်သူ့အပေါ်ဘာအမှားမှမလုပ်ထားဘူး

သူ့ Appa နဲ့ ပြဿနာတက်လို့ ကျတော့်ကိုခုလိုရှောင်နေတာလား
ဆိုတော့လဲမဟုတ်ဘူး
ဘာလို့ဆို အဲ့ဒီနေ့က သူ့ appa နဲ့ ကျတော် စကားစမြည်တောင်ပြောဖြစ်ပြီး အရာရာအဆင်ပြေခဲ့တာပဲလေ

သူဘာဖြစ်နေလို့ ကျတော့်အပေါ် စိမ်းကားသွားရတာလဲ

" Channu ah ထမင်းသွားစားရအောင်လေ "

" ကိုယ်စားပြီးပြီမို့.... "

" ဩော် ... အာ့ဆို Baekku သွားစားတော့မယ်နော် "

ကျတော့်ကို စကားလေးတောင် ပြန်မပြောတော့ဘူး
အရင်ကဆို ကျတော် ထမင်းစားတာကစပြီး စိတ်ပူတက်တဲ့သူက ခုတော့ ကျတော်မပါပဲ တစ်ယောက်တည်း ထမင်းစားတက်နေပြီပဲ

" YA! ခွေးပေါက် ဘာဖြစ်နေတာလဲ
လဒမှိုင် မှိုင်နေတယ် "

" Han ah မစနဲ့ကွာ... "

" ဘာဖြစ်နေတာလဲ "

" Chann..Chanyeol ကလေ ငါ့အပေါ် တမျိုးကြီးဖြစ်နေတယ် သူပြောင်းလဲနေတယ် "

" ဘယ်လိုတွေပြောင်းလဲနေလို့လဲ
သူကမင်းကိုအရမ်းချစ်တာကို "

" အင်း ဒါပေမယ့် ငါသံသယဝင်မိတယ်
.
.
ငါ့ကို..သူ...မ..မ..ချစ်..အင့်..တော့ဘူးး လို့
အီးးးးဟီးးးးးဟီးးးးးး
Han ah ဘယ်လိုလုပ်မလဲဟေ
ငါ့ကိုစိတ်ကုန်သွားတာလား
ငါသူ့အပေါ်အများကြီး မဆိုးမိပါဘူးကွာ "

" ပြော...ပြော...ခု ဘယ်လိုတွေ
ပြောင်းလဲလာလို့လဲ "

"Seoul ကပြန်လာတည်းက
ငါ့အနားမကပ်တော့ဘူး
အမြဲတမ်း စာကြည့်စားပွဲမှာထိုင်ပြီးသီချင်းပဲရေးနေတယ်
ပြီးတော့...ငါ့ကိုပြောတယ်
သူအလုပ်လုပ်နေရင် ဝင်မရှုပ်နဲ့တဲ့
ပြီးတော့ ထမင်းစားတာလဲငါ့ကိုမစောင့်ဘူး
အတန်းထဲကိုလိုက်ပို့ဖို့နေနေသာသာ ကျောင်းသွားရင်တောင် ငါ့ကိုမစောင့်တော့ဘူး "

" ကြည့်ရတာ Seoul မှာ ကိစ္စတခုခုရှိလာတယ်ထင်တယ်
မင်းတို့ Seoul ကိုသွားတဲ့နေ့ကစပြီး ကိစ္စတွေငါ့ကိုအကုန်ပြောပြ " ..

ဖြစ်သမျှကိစ္စအားလုံးကို အစအဆုံးပြန်ပြောပြပြီးတော့
Luhan တစ်ယောက် ဥာဏ်ကြီးရှင်ပီပီ
မေးကိုသပ်လို့ အစဉ်းစားကြီး စဉ်းစားနေတော့တယ်

" မင်းကို သူအတူနေဖို့တောင်းဆိုလား "

" ဟင်...အဲ့ဒါက "

" မရှက်ပါနဲ့ ပြောပါ ငါ့ကို "

" ချစ်သူဖြစ်ကာစတုန်းကတော့ကွာ
ပွတ်လိုက်သတ်လိုက်နဲ့ ငါလက်ခံမယ်ဆိုရင်
ဖြစ်တော့မယ့်အခြေအနေမျိုး
ဒါပေမယ့် ငါကန့်ကွက်ပြီးတဲ့နောက်ပိုင်း
သူငါ့ကို စကားနဲ့ရော အပြုအမူနဲ့ရော မတောင်းဆိုတော့ဘူး "

" ငါ့အထင်တော့ မင်းတို့၂ယောက်ကြားမှာ
အဲ့ဒါလိုအပ်နေတာထင်တယ် "

" ငါသူနဲ့အတူနေမှ သူငါ့ကိုပြန်ပြီးကြည်ဖြူမယ်ဆိုတယ့်သဘောလား "

" အင်းပေါ့...အဲ့သဘောပဲပေါ့ "

" နေပါစေတော့ သူမချစ်လဲငါနေတက်ပါတယ် "

" မင်းကလဲကွာ ဒီကိစ္စမှာအရမ်း
sensitive ဖြစ်တာပဲ "

" မချစ်တော့ရင်လည်း နေပါစေ
အဲ့ကိစ္စတော့ မလိုက်လျောနိုင်ဘူး "

" ပြောရဆိုရ ခက်တယ် Baekhyun ရေ "

Luhan ကို အခက်အခဲတွေအကုန်ပြောပြပြီးတော့လည်း ရင်ထဲမှာပေါ့မသွားဘူး တင်းကြပ်ကြပ်နဲ့နေရထိုင်ရခက်လှတယ်
ဒါပေမယ့် Byun Baekhyun အစွမ်းက
ချစ်သူထက် စာကိုပိုချစ်တာမို့
စာသင်ချိန်မှာတော့ သူ့ကိုမေ့သလိုလိုရှိနေသား...

ကျတော့်အဆောင်ပြန်ရောက်တော့ တစ်ခန်းလုံးမှောင်မဲနေတယ်
ကြည့်ရတာ Channu ပြန်မရောက်သေးဘူးထင်တယ်
ကျတော်လဲ ရေချိုးပြီး စာကြည့်စားပွဲမှာထိုင်နေလိုက်တာ ညဥ့်နက်တာတောင်မသိတော့တဲ့အထိ

" ဟင် ၁၀နာရီခွဲနေပြီကို
ခုထိပြန်မရောက်သေးဘူး "

၁၁နာရီဆိုရင် အဆောင်တံခါးပိတ်ပြီမို့ စိတ်ပူပူနဲ့ပဲသူ့ကိုဖုန်းဆက်လိုက်တယ်

📞 Hello Channu ah ပြန်မလာသေးဘူးလား

📞 ကိုယ် ဒီနေ့အပြင်မှာအိပ်လိုက်တော့မယ်နော်
ကောင်းကောင်းအိပ် အချစ်ဆုံး
Goodnight

ကျတော့်ဆီက ပြန်ပြောမယ့်စကားကိုတောင် မစောင့်ပဲ ဖုန်းချသွားတယ်
ဒါပေမယ့်
ကောင်းကောင်းအိပ် အချစ်ဆုံး
ဆိုတဲ့စကားလေးနဲ့တင် ကျတော်ကျေနပ်ပါတယ်

" Channu ငါ့ကို စိတ်မပျက်သေးပါဘူး
ဟဲ ဟဲ ဟဲ "

တစ်ယောက်တည်း စကားပြောရင်း
တစ်ယောက်တည်း ဖြေသိမ့်ရင်း
တစ်ယောက်တည်း အားပေးရင်း
ရယ်ချင်ယောင်ဆောင်ပြီး မျက်ရ်ာတွေကျနေတာ
Channu တစ်ယောက်သိပါစေလား...

•••••••••••••••••••••••

ကျတော်အိပ်ယာကနိုးလာစေတယ့်
အကြောင်းအရင်းတစ်ခုက
အရမ်းမွှေးလွန်းတဲ့ ရေမွှေးအနံ့ကြောင့်

ရေမွှေးဆို အနံ့သင်းသင်းဘေးတွေမှကြိုက်တက်တဲ့ ကျတော်က အနံ့ပြင်းပြင်းရေမွှေးအနံ့တွေကို လုံးဝမခံနိုင်ပါဘူး
ကျတော်မကြိုက်မှန်းသိလို့ Channu တောင် ရေမွှေးလုံးဝမသုံးတာကို ဘယ်သူက ကျတော့်အခန်းထဲလာပြီး ရေမွှေးဆွတ်နေရတာလဲ

မနက်အိပ်ယာနိုးနိုးချင်း ဒေါသနဲ့မနိုးထချင်ပေမယ့်
အကြင်သူကြောင့် ဒေါသတကြီး မျက်လုံးဖွင့်မိတယ်

........

ဒါပေမယ့် ကျတော့်ကို အချိန်တော်တော်​ကြာကြာ
ေ​ပြာစရာစကားဆွံ့အမိစေတာက
ကျတော့်အချစ်ဆုံးသူက ကျတော်အမုန်းဆုံးအရာကိုလုပ်နေလို့ပါ

ကိုယ့်စိတ်ကိုအောက်ဆုံးထိဖြေလျော့ပြီး
သူ့ကိုအကြောင်းအရင်းမေးဖို့ပြင်လိုက်တယ်
ဟုတ်တယ်လေ ကျတော်မကြိုက်တာကို သိသိရက်နဲ့ဇွတ်တိုးလုပ်တဲ့သူ့ဆီမှာ အကြောင်းအရင်းတစ်ခုတော့ ရှိကိုရှိရမယ်

" အဲ့လောက် ပြင်ဆင်ပြီး
ဘယ်သွားမလို့လဲ Channu ah "

" အိမ်ထောင်ဖက် သွားတွေ့မလို့ "

" ဘာရယ်....? "

" သွားပြီ Baekhyun
အခန်းတံခါးသေချာပိတ်ပြီးမှထွက်နော်... "

နွေခေါင်ခေါင် သဲကန္တာရအလယ်
ရေ ရလိုရငြားမျှော်လင့်ချက်နဲ့ စူးစမ်းရှာဖွေနေသူရဲ့
ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံရတဲ့ ခံစားချက်မျိုး

ချောက်ကမ်းပါးအစွန်းမှာ မတ်တပ်ရပ်မိနေစဉ်
ကိုယ့်ကိုလက်ကမ်းလာတဲ့
ကိုယ့်ကို ကယ်တင်မယ်ထင်မိတဲ့သူရဲ့
တွန်းချမှုကို ခံလိုက်ရတဲ့
ခံစားချက်မျိုး

မျက်ရည်အပြည့်နဲ့
ပူစပ်နေတဲ့မျက်လုံးအစုံကို မှိတ်ချလိုက်ပြီး

" အိပ်မက်ဆိုးကြီးဖြစ်ပေးလိုက်ပါလား
အဲ့လိုဆို သိပ်ကောင်းမှာ မို့လို့ပါ "

•••••••••••••••••••••••

" စားနေလိုက်တာကလဲ စိတ်မပါလက်မပါနဲ့
ခုထိအဆင်မပြေသေးဘူးလား "

" ပိုဆိုးသွားတာဟ hk hk "

" ဘယ်လိုတွေဖြစ်ရပြန်တာလဲ "

" အိမ်ထောင်ဖက်သွားတွေ့တယ်လေ ဒီနေ့ "

" မင်းရှိေ​နသားနဲ့
အိမ်​​ထောင်​ဖက်​သွား​တွေ့တယ်​ဆို​တော့
မင်း​တို့က ဘာအခြေအနေလဲ
ချစ်သူရည်းစား ?
သူငယ်ချင်း ?
ဘာလဲ "

" ငါလဲသေချာမသိတော့ဘူး "

" မေးလေ ငတုံးရယ် "

" ဟင့်အင်း ငါ မမေးရဲဘူး "

" မင်းမမေးရဲရင် ငါသွားမေးမယ်
မင်းနဲ့သူ့ရဲ့ ဆက်ဆံရေးကဘာလဲ
သူခုလိုလုပ်နေရတယ့် အကြောင်းအရင်းကဘာလဲ ရှင်းပြခိုင်းရမယ် သူဘာလို့ ငါ့သူငယ်ချင်းကိုစိတ်ဆင်းရဲအောင်လုပ်ရတာလဲ "

" မမေးနဲ့ han ...
သူ့ပါးစပ်က သူငယ်ချင်း ဆိုတဲ့စကားသံထွက်လာမှာငါကြောက်တယ်
နောက်ဆုံး သူဖွင့်မပြောမချင်း ငါ့ဘက်ကတော့ သူကငါ့ချစ်သူလို့ပဲ တရားသေ သတ်မှတ်ထားမှာ

ပြီးတော့ ခုလိုဖြစ်ရတယ့် အကြောင်းအရင်း....

ရှင်းပြချင်တဲ့သူဆို ရှင်းပြလိမ့်မယ်
ငါသူ့ဆီက ရှင်းပြမှုကို မတောင်းဆိုဘူး
ပြီးတော့ ရည်းစားပူမိနေတယ့် Byun Baekhyun ပုံစံကို သူဘယ်တော့မှမမြင်စေရဘူး
ငါဒီနေ့ကစလို့ ပျော်ပျော်ပဲနေမှာ "

" မင်းရဲ့ အသုံးမဝင်တဲ့ မာနတွေကို ဘေးကိုခနချထားပြီး မင်းရဲ့စိတ်တွေကိုအလွတ်လပ်ဆုံးဖွင့်ချပါ
မင်း မြိုသိပ်လွန်းရင် ရူးသွားလိမ့်မယ် "

" ရူးရင် အရူးထောင်တော့ပို့ပေးနော် 😅😅 "

" သောက်ရူးကောင် "

••••••••••••••••••••

တစ်လပြည့်ပြီ
Seoul ကပြန်ရောက်တာ

တစ်လပြည့်ပြီ
ချစ်ရသူဆီက လစ်လျူရှုမှုတွေကို
ခါးစည်းခံရတာ

တစ်လပြည့်ပြီ
ခံစားချက်အမှန်ကိုဖုံးကွယ်
ပြုံးပျော်ပြီး
စက်ရုပ်လူသားဖြစ်ရတာ

" အဲ့လို​​တွေဖြစ်​လာမယ်​မှန်းကြိုသိရင်
Seoul ကိုလိုက်ပို့ဖို့ Channu ကို Baekku မပူဆာခဲ့ပါဘူး ဟင့်...အင့်... "

ကျတော်ခုချိန်အချိန်ကာလမှာ အနှစ်သက်ဆုံးနေရာပြပါဆိုရင်
ရေချိုးခန်းပါပဲ

ရေပန်းက ရေတွေဖွင့်ချထားပြီး
ငိုရတာကိုနှစ်သက်တယ်

မျက်နှာတွေဖူးဖောင်းပြီး အစ်နေတယ်လို့.
မတော်တဆများ သူစိတ်ပူလာခဲ့ပေးရင်
မျက်လုံးထဲ ဆပ်ပြာဝင်လို့ ပါလို့ လိမ်ပြောလို့ရတယ်

ဒါပေမယ့် သူကျတော့်မျက်နှာဘာဖြစ်နေလဲ လှည့်မကြည့်စိတ်မဝင်စားသလို
ကျတော့်မျက်ရည်တွေကိုလဲသူမမြင်ပါဘူး

ဟုတ်သားပဲ သူကျတော့်ကို လစ်လျူရှုထားတာ တစ်လတောင်ရှိနေပြီလေ

သူကျတော့်မျက်နှာကိုမကြည့်တော့တာလဲ တစ်လပြည့်ပြီ

သူကျောင်းမတက်တာလဲ တစ်လပြည့်ပြီ

သူကျတော်နဲ့ ထမင်းအတူမစားတာလဲ တစ်လပြည့်ပြီ

ဒါပေမယ့် သူအပြင်သွားတိုင်း
အခန်းတံခါးသေချာပိတ်ဖို့ စိတ်ပူပေးတယ်
အပြင်မှာအိပ်တဲ့ညတိုင်း
စောစောအိပ်ဖို့ ဖုန်းဆက်ပေးတယ်

ဘယ်လိုပဲ လစ်လျူရှုနေပါစေ သူကျတော့်ကို ရင်ခွင်ထဲထည့်ပြီးတော့ အိပ်နေပါသေးတယ်

ဟုတ်တယ် သူကျတော့်ကိုချစ်နေပါသေးတယ်

••••••••• TBC ••••••••

Continue Reading

You'll Also Like

1.7M 71.2K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
Silent By JeonYM

Fanfiction

92K 6.8K 21
Silentဆိုကတည်းကငါသိခဲ့ရမှာ။ မင်းအတွက်​ငါကချွင်းချက်​ဖြစ်​လာမယ်​ထင်​ခဲ့တာ။ ငါ့ကို​တော့အချစ်​စစ်​ဘဲ​ပေးခဲ့တယ်​လို့ထင်​ခဲ့မိတာ။ Story​တွေထဲကလိုဇာတ်​သ...
73.5K 5.9K 29
original title-离别前后 Author -丧心病狂的瓜皮 Total-42 chapters ဒါလေးက အခုတလော ဖတ်ဖြစ်နေတဲ့ Miss you manhua လေးရဲ့novel ကို ဘာသာပြန်ထားတာပါ..manhuaစောင့်ဖတ်ရင်...