✿ ပန်းမဟုတ်သော ပန်းတစ်ပွင့်အေ...

By BurmaLGBT

78.5K 5K 71

✿ ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ✿ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ညီည... More

( အပိုင်း 1)
( အပိုင်း 2)
( အပိုင်း 3)
( အပိုင်း 4)
( အပိုင်း 5)
( အပိုင်း 6)
( အပိုင်း 7)
( အပိုင်း 8)
( အပိုင်း 9)
( အပိုင်း 10)
( အပိုင်း 11)
( အပိုင်း 12)
( အပိုင်း 14)
( အပိုင်း 15)
( အပိုင်း 16)
ဇာတ်​သိမ်းပိုင်း

( အပိုင်း 13)

2.9K 231 0
By BurmaLGBT

✿ ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ✿
------------------ ( အပိုင်း 13) -----------------------

နန္ဒသည် ညီညီငယ် ကသူ့ခြေထောက်ကို နှိပ်နယ်ပေးနေသည်ကို တစ်ချက်ချက်တွန့်သွားကာ နာနေရင်းက ညီညီငယ်ကို ငုံ့ကြည့်နေမိသည်။ သေချာ ကြည့်တော့မှ ညီညီငယ် တော်တော်ချောပါသည်။ မျက်နာလေးက အပြစ်ကင်းစင်သည်။ အေးမြနေသည်။ နှုတ်ခမ်းလေးက ရဲတက်နေသည်။ ထိုအရဲလေးပေါ်မှ အသားကဖြူတော့ အမွေးစိမ်းစိမ်းလေတွေ နှင့်တော်တော်ကို ကြည့်ကောင်းနေသည်။

ဟိုအရင်တုံးကလို နာကျဉ်းစိတ်တွေမရှိတော့၊ ရွံရှာတဲ့စိတ်တွေမရှိတော့၊ သူရင်ထဲမှာ ထိုအရာများနှင့် ဆန့်ကျင်ဘက် ခံစားနေရသည်ဟု စိတ်ထဲထင်မိသည်။
ပန်းကလေးတွေပေါ်မှာ ပျားပိတုန်းတွေဝဲပျံနေသလား ထင်ရအောင် ကြည်နူးနေပါသည်။ ဘေးပတ်ဝန်ကျင် သည်ရင်ခုန်ဖွယ်ကောင်းလှအောင် အမြင်တွင် တင့်တယ်လှပနေပါတော့သည်။

သူ့စိတ်တွေဘာဖြစ်သွားသည်မသိတော့ ညီညီငယ်ကို ဆွဲမော့လိုက်ပြီး နုတ်ခမ်းကို တစ်ခြိုက်မက်မက် နမ်းပစ်လိုက်တော့သည်။

“ဟင်”

ညီညီငယ် နန္ဒလက်က သူ့မျက်နာကို မော့စေလိုက်ပြီး နမ်းပစ်လိုက်သော အခါ၊ အံ့သြမက်သက် ကာ မျက်လုံးများပြူးသွားပါတော့သည်။
အချိန်သည် ၁ မိနစ်တောင် ပြည့်မည်မထင်၊

ထိုအချိန်လေတွင် ညီညီငယ်လွင့်မျော်သွားတော့သည်။ မိမိအား နန္ဒနမ်းလိုက်သည်ကို သိလိုက်သည်။ ထိုအနမ်းသည် ချိုမြိန်ပါသည်။ နောက်ခါးသက်လှပါသည်။ နောက် အဆိပ်တွေပါလာသည် ဟုအသိက ၀င်လာတော့ ညီညီငယ် နန္ဒကို စောင့်တွန်းလိုက်တော့သည်။

“မင်းဒါဘာလုပ်တာလဲ”

ညီညီငယ် ဒေါသများထွက်ကာ အသက်ရှူသံပင်ပြင်းလာသည့် အတွက်၊ ရင်တစ်စုံမှာလည်း နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူသံပြင်းလို့နေပါတော့သည်။

“ဟို…ဟို…ငါ…ငါလေ…ငါဘာဖြစ်သွားလဲမသိဘူး..ငါ”

နန္ဒ၏ရှက်ကိုးရှက်ကန် ခေါင်းငုံ့ဖြေနေသော အပြုမူက ညီညီငယ်ဒေါသကို ပိုထွက်စေသည်။

“တောက်”

ညီညီငယ် ထိုနေရာမှထထွက်လာခဲ့တော့သည်။ ဒေါသကလည်း အရမ်းထွက်လာသည်။ သူကိုနန္ဒအထင်သေးလို့ ဒီလိုဆက်ဆံလိုက်တာဟုပင် ညီညီငယ်ခေါင်းထဲဆွဲနေသည်။

ညီညီငယ် ထထွက်သွားသည့်နောက်သို့ နန္ဒစိတ်မကောင်းစွာ ကြည့်နေမိသည်။ သူသည် လွန်ပါသည်။ သူသိပါသည်။ ညီညီငယ်အပေါ်မှာ သူမတရားတာကို သူသိသည်။ ထိုကြောင့် စိတ်လည်း လွန်စွာ မကောင်းအောင် ခံစားရသည်။

ညီညီငယ် ထထွက်လာကာ စခန်း၃ ခုကြားက တောင်ဂမုလေးရှိကျောက်တုံးပေါ်ထိုင်နေရင် အဝေးသို့ငေးကာ နေမိသည်။

(တောက် ငါ့ဘ၀ကလဲ တော်တော်ဆိုးပါ့လား အရင်တခါတုံးကလဲ မလိုတူပါပဲ အနမ်းခံခဲ့ရတယ်၊ ခုဒီတစ်ခါကရော ဘာထူးသလဲ၊ ဒီလိုကြီးပဲ လူတွေကိုငါ့က ဒုက္ခပေးနေတာလာ၊ လူတွေကပဲငါ့ကို ရွေးပြီး ဒုက္ခပေးနေကြတာလာ၊ တောက်…..လောကကြီးမတရားဘူး)

ညီညီငယ် မိမိကိုယ်ကို သိမ်ငယ်စွာ ပထမဦးဆုံးအကြိမ်ခံစားလိုက်ရသည်။ အရင်တစ်ချိန်တုံးက ငယ်သေးသည့်အတွက် ဒီလောက် အတွေးခေါ်ဗဟုသုတမရှိတော့ ဒီလောက်မခံစားခဲ့ရ၊ ခုတော့ အရွယ်ကလဲ ရောက်၊ အသိပညာတွေလည်း တိုးတက်လာတော့ ပိုလို့တောင် ခံစားရပါသည်။

ညီညီငယ်ကိုယ့်ဘ၀ကို သနားလာသည်။ ရှေးဘ၀က ကုသိုလ်နည်းခဲ့လို့ ခုတာ့ တစ်ပါးသူ အထင်သေးအမြင်သေးခံခဲ့ရပြီးဖြစ်သည်။
ညညီအတွေးကောင်းနေတုံး အနားသို့ နန္ဒလာထိုင်သည်ကို သိလိုက်ရသည်။ သူထထွက်သွားမည်လုပ်တော့ နန္ဒသည် ညီညီငယ်လက်ကို လှမ်းဆွဲထားသည်။

“ငါတောင်းပန်မလို့ပါညီငယ်၊ ထတော့မထွက်သွားပါနဲ့ကွာ၊ ငါတောင်ပန်ပါတယ်”

“ဘာလဲ မင်းတို့တွေက လွန်သွားမှ တောင်ပန်တတ်တာလာ မလွန်ခင်ကတော့ မစဉ်းစားမိကြဘူးလား”

“မင်းတို့တွေ…”

နန္ဒ အံ့သြကာ သံယောင်လိုက်မိသည်။

“ဟုတ်တယ် မင်းတို့တွေ အားလုံးအတူတူပဲ မင်းတို့တွေက ငါ့ကို တော်တော် အထင်မြင်သေးကြတဲ့သူတွေလေ မင်းကြောင့် ငါတစ်ခါ လူကြားထဲဘယ်လို နေရမှန်းမသိအောင် ဖြစ်ခဲ့ပြီးပြီ၊ ခုတစ်ခါ မင်းက မင်းတို့ဆီမှာ ငါကိုမမြင်တွေ့ချင်တော့လို့ ထက်ကြိုးစားနေတာလဲ”

“တော် တော့ညီညီငယ် ငါကိုတစ်ခြားလူတွေနဲ့ မနှိုင်းနဲ့”

“မဟုတ်လို့လား မင်းတို့လုပ်ခဲ့တဲ့ အတိတ်က အရာတွေက သက်သေတွေပဲလေ”

“တော်တော့ ညီညီငယ် မင်းလွန်လှပြီး ငါ့အချစ်ကို မစော်ကားနဲ့ ငါမင်းကို ချစ်တာ မင်းကိုပျက်စီးရာ ပျက်စီးကြောင်း ဘယ်လိုမှမလုပ်ဘူး”

“ဘာ…….”

ညီညီငယ် ခေါင်းများပင်ကြီးသွားတော့သည်။ မထင်မှတ်သော စကားသည် နန္ဒဆီမှကြားလိုက်သောကြောင့် ဖြစ်သည်။

“ဟုတ်တယ် ငါမင်းကိုချစ်လို့ ဒီလို မထင်မှတ်ပဲ ဖြစ်သွားတာ”

“ဟားဟားဟား…..နန္ဒ…နန္ဒ…
ငါ့ကို အခြောက် အခြောက်နဲ့ ပြောနေပြီးတော့ တကယ်တမ်းခြောက်နေတာက မင်းဖြစ်နေတာကို တော်တော်ရီရပါလာဟ…မင်းဟာသ တော်တော်ပြောတတ်တာပဲ”

“မင်းငါ့ကို စော်ကားလို့ရတယ် ငါ့အချစ်ကိုတော့ မစော်ကားနဲ့ ချစ်တယ်ပြောတာ ဟာသပြောနေတာမဟုတ်ဘူး”

“အလဲ့…ဒါဆိုမင်းက အခြောက်လား”

“ဘာ….”

“ဖြေလေ မင်းက အခြောက်လား အခြောက်ကို ကြည့်မရပါဘူး ရွံပါတယ်လို့ ပြောပြောနေတဲ့ မင်းပါစပ်က ထွက်လာတဲ့ စကားနော် ငါပြောတာမဟုတ်ဘူး ဒါတွေကို ပြန်ပြောနေစရာ မလိုပဲ မင်းသိပါတယ်”

နန္ဒ ညီညီငယ်ကို ကြောင်ငေးနေသည်။

“ဖြေလေ မင်းကအခြောက်လား”

ညီညီငယ် မျက်နာတွင် နာကျင်နေသည့် အနေထားကို တွေ့မြင်နေရသော နန္ဒ စိတ်မကောင်းဖြစ်မိသည်။

“ဟုတ်တယ် ကွာ ငါခြောက်နေတယ် ဘာဖြစ်လဲ ဘာဖြစ်လဲ ငါခြောက်နေတယ်ကွာ”

ညီညီငယ် မုန်းတီးသော အကြည့်များဖြင့် နန္ဒကိုသေခြားစိုက်ကြည့်လိုက်သည်။ ထိုနောက် မပြောမဆိုဖြင့် နန္ဒလက်ကို ဆွဲကာ ခေါ်ခဲ့တော့သည်။

“လာခဲ့”

နန္ဒသည် ခြေထောက်က နာနေသည့် အနာကို ကြိတ်မှိတ်ခံကာ ညီညီငယ်ခပ်ကြမ်းကြမ်းဆွဲခေါ်သွားရာနောက်သို့ တရွတ်တိုက် မပါရုံတမယ် ဖြစ်လိုက်ပါသွားရတော့သည်။ ညီညီငယ်တို့ တည်းဘို့ စခန်းပေးထားသည့် အခန်းထဲသို့ နန္ဒကို ဆွဲတွန်းလိုက်တော့သည်။

“အ…”

“လာခဲ့ မင်းဒီလောက်ခြောက်နေတဲ့ကောင် လာလေ၊ ဘာဖြစ်လို့ခုမှရုန်းနေတာလဲ”

ညီညီငယ် ပြောလည်းပြော နန္ဒကို အတင်းဆွဲဖက်နမ်းတော့သည်။ ထိုနောက် အပေါ်မှ ၀တ်ထားသော အ၀တ်စားများကို ဆွဲချွတ်ပစ်လိုက်ကာ ညီညီငယ် ပွဲကြမ်းပါတော့သည်။

အစပထမ နန္ဒရုန်းပါသေးသည်။ နောက်တော့ ၀မ်းနည်းသွားတော့သည်။ ညီညီငယ်သည် သူ့အချစ်ကို စော်ကားမော်ကား ပြောရက်သည်။ ထိုသို့ပြောလို့လည်း နန္ဒစိတ်တွင်းမှ ယခင်က ညီညီငယ်အပေါ်အနိုင် ယူခဲ့သော အကြောင်းရာများဖြင့်ဖြေသိမ့်နိုင်ပါသည်။ သို့သော် ယခုလိုမျိုးအလိုမတူပါပဲ လုပ်ဆောင်ချက်ကိုတော့ ၀မ်းနည်းမိသည်။ ညီညီငယ်ကို ချစ်သည့်စိတ်က ပိုလို့နေတော့သည့်အတွက် ညီညီငယ်လုပ်သမျှကို မရုန်းတော့ပဲ အသာငြိမ်နေလိုက်တော့သည်။
အကယ်၍များ ညီညီငယ် နန္ဒကို အနိုင်ယူချင်လျှင်လည်း နန္ဒစိတ်ကတော့ မလိုလာပါပဲ ညီညီငယ်ကျေနပ်မယ် ဆိုရင်တော့ လုပ်ပါတော့၊ ညီညီငယ် သူ့၏အချစ်ကို စော်ကားသည်ကိုတော့ ၀မ်းနည်းမိသည်။ တခါမှမချစ်ဖူသည့် သူ့အချစ်သည် ညီညီငယ်ကို ချစ်နေမိပါတော့သည်။ နှစ်နှစ်ကာကာကို ချစ်မိပါသည်။

ညီညီငယ် နန္ဒကိုအတင်းနမ်းကာ နို့တွေရော ကျောတွေရော ပွတ်သပ်ကာ နေသည်။ ညီညီငယ် အဖြစ်က ဒေါသများဖြင့် အသိများပျောက်လို့နေပါတော့သည်။ ညီညီငယ် နန္ဒလည်ပင်ကိုနမ်းနေရင်က နူတ်ခမ်းကို သွားနမ်းတော့ နန္ဒမျက်နာရှောင်လိုက်သည်။ ထိုကြောင့်မျက်နာချင်းအနီးကပ်မြင်သွားတော့ နန္ဒမျက်ဝန်းမှ မျက်ရည်များကို မြင်လိုက်တော့ ညီညီငယ် အသိများပြန်ဝင်လာတော့သည်။
နန္ဒကိုကြည့်နေရင်းမှ အတိတ်က မိမိဖြစ်ပျက်ခဲ့သော အကြောင်းရာများကပေါ်လာတော့သည်။ ညီညီငယ် လန့်ဖျတ်ကာ နောက်သို့ဆုတ်လိုက်ကာ နန္ဒကို တအံ့တသြကြည့်နေမိတော့သည်။

နန္ဒကတော့ ညီညီငယ်နမ်းနေခဲ့သည့် နံရံလေမှာ မှီပြီးထိုင်နေဆဲ၊ မျက်နာကတော့ ညီညီငယ်ဘက်သို့ကြည့်မနေပါ။ အပြင်သို့သာ ငေးနေသည်။ ကိုယ်ပေါ်မှာတော့ အ၀တ်က တပိုင်းတပျက် ချွတ်လျှက်နှင့် ရှိနေသည်။ အောက်ပိုင်းဂျင်းပင်ကတော့ ဇစ်တွေပြုတ်နေသည်။ ထိုအရာတွေကို ညီညီငယ်လုပ်လိုက်သည်ဟု ကိုယ်တိုင်ပင်မယုံကြည်လောက်အောင် ဖြစ်သွားသည်။ ညီညီငယ် စိတ်မကောင်းဖြစ်သွားတော့သည်။

“ငါတောင်ပန်ပါတယ် ငါလွန်သွားတယ် နန္ဒ ဆော်ဒီး”

ညီညီငယ် နန္ဒအ၀တ်စားများကို နေရာတကျဖြစ်ရန် နန္ဒကို ပြန်လုပ်ပေးနေသည်။ နန္ဒကတော့ ငြိမ်သက်လျှက် ဘာမှလည်း ပြန်မပြောတော့ပါ။ ညီညီငယ် စိတ်မကောင်းဖြစ်ကာ သွားသည်။ နန္ဒအ၀တ်စားများကို ကိုယ်တိုင်ပြန်ဝတ်ပေးခဲ့ပြီးမှ ညီညီငယ် ထိုအခန်းထဲမှ ပြန်ထွက်ခဲ့ပါတော့သည်။
နန္ဒကတော့ ထိုနေရာမှာပဲ မလှုပ်မရက် ကျန်ခဲ့ပါတော့သည်။ သူရင်ထဲမှာတော့ ၀မ်းနည်းမှု့တွေနဲ့။
နှလုံးသားက အသံတစ်ချက်ထအခုန်မှာ
ငါ့အသဲတံခါးပွင့်နေခဲ့တယ်။

စမ်းစစ်လိုက်တော့ ခြေရာတစ်စုံက အနက်ချိုင်းဆုံးမှာ ရပ်နေသည်။
ရပ်နေသည့်ခြေအစုံကို မလာပါနဲ့လို့ မပြောရက်သလို၊ ထွက်သွားမှာကိုလည်း မလိုလား
မသိလိုက်တဲ့အချိန်မှာ မထင်မှတ်စွာ ခြေအစုံပိုင်ရှင်ကို မက်မောနေခဲ့ပြီး။
ငါချောက်ထဲနစ်ခဲ့ပြီး။

......................................................

နန္ဒနှင့် ညီညီငယ်တညလုံးမအိပ်ခဲ့ကြပါ။ တစ်ယောက်က အခန်းထဲရှိ နံရံတွင် မလှုပ်မယက်နေခဲ့သလို အခန်းအပြင်ဘက်မှာငုတ်တုတ်ထိုင်ခဲ့သည့် တစ်ယောက်ကလဲ ကြယ်များကိုကြည့်ရင် ၀မ်းနည်းစွာ ငိုကြွေးနေခဲ့သည်။ မျက်ရည် နှစ်စီးတွယ်ကျခဲ့သော ညလေးတစ်ည ကို အသံတိတ်စွာ ဖြတ်တမ်းခဲ့ကြသည်။

မနက်မိုးလင်းတော့ ညီညီငယ် နှင့်နန္ဒကို တောစခန်းမှ လူကြီးများက ရွာသို့လိုက်ပို့သည်။ ရွာရှိစောင့်နေကြသော ဆရာများနှင့်ကျောင်းသားတွေဆီရာသို့ သူတို့ မနက်မိုးလင်း တုံးခေါက်တော့ ဆင်းလာခဲ့သည်။

ရွာတွင်တော့ ဆရာနှင့်ကျောင်းသား အနည်းငယ်သာ ညီညီငယ်နှင့်နန္ဒကို စောင့်နေကြပြီး ဆရာတစ်ချို့နှင့်ကျောင်းသား အနည်းငယ် ကျောင်းသူအားလုံးကတော့ ကျောင်းကြီးဆီသို့ပြန်သွားနှင့်ကြပါသည်။

“ဘယ်လိုလုပ်မလဲ ကွိုင်ပဲ ဘယ်လိုလုပ်ကြမလဲ”

“ပြောရမှာလာ ဘယ်လိုလုပ်ရမယ်ဆိုတာကို”

ကိုကိုလေး အောင်အောင်ကို အမြင်ကတ်စွာမေးလိုက်သည်။ ဘာတွေဖြစ်နေသည်ကိုမသိ၊ တစ်ညလုံးလည်း ပွက်လောရိုက်နေသည်က အနားကလူတွေပင်စိတ်ညစ်ရသည်။

“မင်းပါးစပ်ကိုပိတ် ငြိမ်ငြိမ်လေ နေရင်ပိုကောင်းမယ်”

“ဟာကိုကိုလေး မင်းကလေ ငါ့ဆိုတစ်စက်မှ အကောင်းမပြောဘူး”

“မင်းက အကောင်းပြောချင်စရာကိုး ၊တော်တော် အမြင်ကတ်အောင်လုပ်တာပဲ၊ ငါ့ညီကို ငါလည်းစိုးရိမ်တာပဲကွ”

အောင်အောင်မကျေနပ်ပဲ တစ်ကိုယ်သာကြားနိုင်သည့် လေသံမျိုးဖြင့် နုတ်ခမ်းလှုပ်ရုံသာ ပြောဆိုလိုက်ပါသည်။

“အပိုတွေ၊ တစ်ခြားလူသွားပြော မသိတာကြနေတာပဲ”
“ဘာပွစိ ပွစိနဲ့လုပ်နေတာလဲ ဘာပြောတာလဲ”

“ဘာမှမပြောဘူး”

“ရုပ်ကိုက၊ မျောက်လောင်းကျနေတာပဲ တစ်စက်မှကို အငြိမ်မနေဘူး”

အောင်အောင် ကိုကိုလေးပြောနေသည်ကို ဂရုမစိုက်ပဲ မျက်နာတောင် မော့ထားလိုက်သေးသည်။ သို့ပေမယ့် စိုးရိမ်စိတ်ကတော့ လျော့မသွားပါ။
အောင်အောင်ကတော့ မိုးနတ်မင်းတွေရော တောစောင့်နတ်တွေရော အားလုံးစုံသွားသည်။ ဆုတောင်းရသည်။
သူဆုတောင်းပြည့်ခဲ့သည် ဟုပြောရမည်လားပင် ညီညီငယ်တို့ ပြန်ရောက်လာတော့ အောင်အောင် ပျော်ရွှင်နေသည်။ ရောက်တော့လည်း ပျာယာခက်ကာ မမောတမ်းမေးနေတော့သည်။ အောင်အောင် မေးသမျှကို ညီညီငယ်နှင့် နန္ဒစိတ်မပါပဲ ဖြေဆိုနေကြပါသည်။
သူတို့ရောက်မှပင် အားလုံး ကျောင်းကြီးဆီသို့ပြန်ခဲ့ကြပါတော့သည်။

✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿

~ ဆက်ရန် ~

Continue Reading

You'll Also Like

393K 42.3K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
154K 8K 51
LGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။
1.3M 110K 68
❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေးခြင်းဆိုတဲ့ ခြုံထည်လေးကို ရက်လုပ်မယ်။ ...
1.7M 204K 60
A love between You and me