(အခန်း - ၂)
လွန်ခဲ့သော ၇နှစ်တာအချိန်များသို့
💕💕💕
"သုဝေ ဟိုအခန်းထောင့်က ချာတိတ် ဘယ်သူလဲ"
"အော် အဲ့ဒါမနေ့ကလာတဲ့ကျောင်းသားသစ် သူကလည်းချာတိတ်မဟုတ်ဘူး ငါတို့နဲ့ရွယ်တူပဲကွ"
ကျွန်တော်ဖြေတော့ သူမျက်လုံးပြူးသွားသည်။
"ဟင် တကယ်လား။ အသက် ၂၃နှစ်နဲ့အိုစာနေတာငါပဲရှိတာပေါ့နော်။ မင်းတို့တွေများနုဖတ်နေတာပဲ ဆုတောင်းကောင်းနေလိုက်ကြတာ။"
ဟု ညည်းညူရင်း ကျွန်တော့ပခုံးပေါ်လာမီသည်။
သူမနေ့ကဖျားပြီး ကျောင်းမတက်နိုင်လို့ အခုကျွန်တော့်ကိုလာချွဲနေတာဖြစ်သည်။
ကျွန်တော် အခုမှ သူ့မျက်နှာကို သေချာကြည့်မိသည်။
မျက်လုံး မျက်ခုံးတွေက ကောင်းပြီး အရမ်းညှို့နေသလို မထီသလိုအပြုံးနဲ့
သန့်စင်ကြည်စင်နေသောအသားအရေ
အလွန်တရာကို ဂရုစိုက်မှ နည်းနည်းသာထွက်သော
muscle အဖုလေးများနှင့် ခန့်ညားပါသည်။
သူက ဘယ်နေရာကများအိုလို့လဲ။ အပိုတွေ။
ဖြောင့်စင်းနေတဲ့နှာတံ ပြီးတော့ နှုတ်ခမ်းခပ်ထူထူလေးတွေ . . .
ဘုရား ဘုရား ငါဘာတွေကြည့်မိနေတာလဲ။
ဂလု . . . စိတ်တွေကိုချုပ်ထိန်းနေရသည်။
ဖြန့်ကျက်ထားတဲ့ စိတ်အစဉ်ကိုဖြေလျော့လိုက်သည်။
မဖြစ်ဘူး သုဝေနိုင် ကိုယ့်သူငယ်ချင်းကို ဘာဖြစ်နေလဲ။
ကိုယ့်ဘာသာသတိပေးလိုက်သည်။
သူ့ကိုကြည့်တော့ အခန်းရှေ့ထောင့်စွန်းခုံမှာထိုင်နေတဲ့ ကျောင်းသားသစ်ကိုငေးနေဆဲ။
ဟူး ဒီကောင်ကတော့ရောဂါပဲ
ကောင်လေးနုနုဖတ်ဖတ်မြင်ရင် ကျူလိုက်ရမှ။
သူမှီထားတဲ့ ကျွန်တော့ပခုံးကိုလွှဲလိုက်သည်။
"ဟာ သုဝေ ဘာဖြစ်လို့လဲ"
ကျွန်တော် ဘာမှမပြောပဲ မျက်စောင်းထိုးပစ်လိုက်သည်။
"ချစ်သူလေးရယ် ကိုက မင်းလေးကိုပဲ အချစ်ဆုံးပါကွာ"
သူပြောရင်း ကျွန်တော့ထိုင်ခုံနောက်က နံရံကို လက်ထောက်လိုက်သည်။
အားရှိလှတဲ့ သူလက်မောင်းတွေရဲ့ ထောင်ချောက်ကို
သူ့မျက်နှာခန့်ခန့်က ပိုပြီးအားဖြည့်နေသလို။
ကျွန်တော်သူ့ကိုမော့ကြည့်ပြီးပြောလိုက်တယ်။
"မစနဲ့ကွာ ရဲနိုင်"
ကျွန်တော်မော့ကြည့်လိုက်တာမှားသွားမှန်း
သူ့ရဲ့အကြည့်စူးစူးတွေကိုတွေ့လိုက်ရမှပဲ သိတော့တယ်။
"ငါ မစပါဘူး။ သုဝေ မင်းကလေ တကယ်ချစ်စရာလေးပဲ"
ပြောရင်း ကျွန်တော့နားတိုးကပ်လာသည်။
မလုပ်နဲ့လို့ သိစိတ်ကတားနေပေမယ့်
မသိစိတ်ကတော့ ရဲနိုင်ရဲ့မျက်ဝန်းတွေထဲ အဖြေရှာနေသည်။ စူးရှလွန်းသောအကြည့်တွေကြား သက်ပြင်းတွေ
ရှိုက်မိသည်။
"ဟာကွာ ဒီနှစ်ကောင်သတ်နေကြပြန်ပြီ။
သုဝေနဲ့ ရဲနိုင် တော်တော့ ဒါက ပြည့်စုံတဲ့
သူလည်း ဒီတစ်ခေါက်အသုတ်မှာ ပါအောင်ထွက်ရမှာကွ
သူ့အဖေက ငါ့ကိုအပ်ထားတာ။"
ဆရာ့အသံကြားမှ ကျွန်တော်တို့ ကိုယ်ရှိန်သတ်လိုက်ကြသည်။
ပြီးတော့ ရဲနိုင်က စပ်ဖြဲဖြဲနှင့် တွေ့ရတာဝမ်းသာပါတယ်ဆိုကာ ပြည့်စုံကို လက်ဆွဲနှုတ်ဆက်သည်။
ကျွန်တော့စိတ်ထဲ ရဲနိုင်က ပြည့်စုံကို ကျွန်တော့ထက်ပိုခင်မှာကြောက်ပါသည်။
မနာလိုဖြစ်တယ်ဆိုမလား။
သဝန်တိုတယ်လို့ခေါ်တာလား။
တစ်နေကုန်သူ့ကိုမခေါ်ပဲပစ်ထားလိုက်သည်။
သူကတော့မသိနိုင်ပါ
ကျောင်းသားသစ်မောင်ပြည့်စုံလေးကို စာရှင်းပြရှင်းအလုပ်ရှုပ်နေသည်။
ပြည့်စုံကလည်း သူ့ပခုံးကိုရိုက်ပြီးရယ်လိုက်
ပခုံးနှင့်တိုက်လိုက် ပေါင်တွေကိုကိုင်ပြီး တိုးတိုးကပ်ပြောလိုက်နှင့်။
လိုက်လည်းလိုက်ကြပါပေတယ်။
"ကဲ ဒီနေ့ အတန်းပြီးပြီ ။ မနက်ဖြန်တွေ့ကြစို့။"
ဟု ဆရာက ကိုရီးယားလို နှုတ်ဆက်လိုက်မှ
ကျွန်တော့ဝဋ်ကြွေးကုန်ပြီဖြစ်ကြောင်းသိလိုက်ရသည်။
ရဲနိုင်ကိုခေါ်လည်းမခေါ်၊ နှုတ်လည်းမဆက်ပဲ တစ်ယောက်တည်း သင်တန်းမှထွက်လာခဲ့သည်။
"ဟေး yeobo"
ကိုရီးယားလို အသည်းလေးလို့ ခေါ်တာဖြစ်သည်။
ဘယ်သူခေါ်မှန်းသိပါသည်။
ကျွန်တော်လှည့်မကြည့်ပါ။
"Yah . . . "
သူ ထပ်ခေါ်ပြီး အပြေးလိုက်လာသည်။
ပခုံးကိုဖက်ပြီး ကိုယ့်ချစ်သူကိုစောင့်မှပေါ့ဟု လာပြောသည်။
မကြည့်ချင်ပါ။ ဒီကောင် အူမြူးနေလို့ကို ကြည့်မရတာ။
"Minnie . . ."
သူနဲ့ကျွန်တော်ရဲ့ နာမည်ဝှက်ဖြစ်သည်။
သူက micky mouse ဖြစ်လျှင်
ကျွန်တော်က minnie mouse ဖြစ်ရမည်တဲ့လေ။
တစ်ဦးနှင့်တစ်ဥိးစိတ်ဆိုးတိုင်း ဒီလိုခေါ်ကြမြဲ။
ကျွန်တော်သူ့ကိုလှည့်ကြည့်တော့ သူက ပြုံးပြသည်။
သူကျွန်တော့နားရောက်ခါနီးတွင်
ကျွန်တော့နောက်မှ လူကဝင်တိုက်လိုက်ရာ
ချော်လဲကျခါနီးဆဲဆဲ သူက ဖမ်းထားလိုက်သည်။
"အရေးထဲ ဒရမ်မာလာရိုက်နေကြတယ်"
ဘေးမှ ဖြတ်သွားသူများက ကောင်းချီးပေးသွားသည်။
ဒါပေမယ့် ကျွန်တော်သတိထားလိုက်မိသည်က သပ်သပ်။
"ရဲနိုင် မင်းကိုယ်တွေပူနေတုန်းပါလား။ ဒီနေ့ငါ့ကိုပြန်မပို့နဲ့တော့။ ငါ့ဘာသာပဲပြန်တော့မယ်။"
သူ့နဖူးကို စမ်းရင်းပြောတော့ သူက ခေါင်းခါပြသည်။
"ရတယ် အဖျားကကိစ္စမရှိဘူး။
မင်းကိုတစ်ယောက်တည်းပြန်တာ ငါ စိတ်မချဘူးကွာ။
ငါမပို့ရရင် မင်းလည်းမပြန်ရဘူး ဒါပဲ။"
တမင်ဂျီတိုက်တာဖြစ်သည်။ သူနေမကောင်းလို့လေ။ အီနေသည်။
"ဘယ်ဖြစ်ပါ့မလဲ။ မင်းကနေမှမကောင်းတာပဲ။ မလိုက်ပါနဲ့ကွာ။ ငါက ကလေးမှမဟုတ်တာ။ ငါပြန်တတ်ပါတယ်။"
"မင်းက ငါ့ကိုမလိုအပ်တော့ဘူးပေါ့ သုဝေ။"
"မဆိုင်တာတွေ ရဲနိုင်ရယ် မင်းကလည်းကွာ ခက်တာပဲ"
"Minnie . . . "
ဟော ထပ်ခေါ်ပြန်ပြီ။
ဒီတစ်ခါခေါ်တာကတော့
သူပြောသမျှ နာခံရမည်ဆိုသည့် အဓိပ္ပါယ်ပဲဖြစ်သည်။
ဟူး . . . သက်ပြင်းမှုတ်ထုတ်လိုက်ရင်း
"မင်းအဆောင်မှာ ငါအိပ်ဖို့နေရာရောရှိရဲ့လား"
လို့မေးတော့ သူရယ်ပြပြီး သူ့အဆောင်ရှိရာကို လက်ဆွဲပြီးခေါ်သွားလေတော့သည်။
. . . . . . သူ့အဆောင်ရှိ သူ့အခန်းထဲအရောက် . . . . .
"မင်းပြောတော့ နေရာရှိတယ်ဆို ကုတင်ကတစ်လုံးတည်း"
"ကုတင်ကကြီးပါတယ်ကွ။ မင်းကအတူကုတင်ပေါ်မအိပ်တတ်ရင် ငါအောက်မှာပဲ အိပ်ပါ့မယ်။"
"ဟာ မဟုတ်ပါဘူးကွာ။ ကဲပါ ရေမိုးချိုးပြီး အိပ်စို့။ မင်းကတော့ ခြေလက်ဆေးချေ။"
အချိန်ကမစောတော့ ဒီညတော့လိုက်လာလက်စနဲ့ ကျိတ်မှိတ်ပြီးအိပ်ရမှာပါပဲ။
ကျွန်တော်ရေချိုးခန်းကထွက်လာတော့ သူအိပ်နှင့်နေပြိလေ။
အဝတ်အစားလဲပြီး သူ့ဘေးနားလှဲလိုက်ရင်း မတော်တဆ သူ့ဘက်လှည့်လိုက်မိရာ
သူ့မျက်နှာက အလွန်နီးကပ်လို့နေသည်။
ရုတ်တရက်ဆိုသလို နေ့လည်ကအဖြစ်ကို ပြန်သတိရမိသွားသည်။
ရုတ်တရက် အရမ်းပူလာသလို အိုက်လာသလိုလို . . .
ကျွန်တော်သူ့ကို ကျောပေးပြီး လှည့်လိုက်တော့
သူက ကျွန်တော့နောက်ကိုလာဖက်သည်။
ကျွန်တော်မနေတတ်တော့ ရုန်းလိုက်သည်။
ဒါပေမယ့် သူက ဆက်ဖက်ထားရင်း
"ချမ်းလို့ပါ Minnie ရယ် ဒီအတိုင်းလေးနေစမ်းပါ"
လို့ပြောတော့ ငြိမ်နေလိုက်ရသည်။
အဲ့ဒီ့ညက ကိုယ့်ရင်ခုန်သံကိုယ် အကျယ်ကြီးကြားနေရ၍
တစ်ညလုံးအိပ်မရပဲ မနက်လင်းခါနီးမှ အိပ်ပျော်သွားသည်။
+-+-+-+-+-+-+-+-+
ယခု မိုးသည်းည
ဟင်း အတွေးတွေကို ရင်မောရသည်လေ။
သန့်စင်ခန်းမှ အခန်းသို့တန်းမပြန်ပဲ
ဧည့်ခန်းက ဆိုဖာတွင် စတော်ဘယ်ရီဖျော်ရည်သောက်ရင်း ထိုင်နေဖြစ်သည်။
သူ့အကျင့်လုပ်ပေးတာလေ ရဲနိုင်ကြိုက်သောစတော်ဘယ်ရီိ . . .
ဟွန့်
စတော်ဘယ်ရီဗူးကို မျက်စောင်းထိုးပစ်လိုက်သည်။
"သုဝေ မအိပ်သေးဘူးလား။"
ဟဲ့ ဗုဒ္ဓေါ ဘယ်သူပါလိမ့်။
ကျွန်တော်အမှောင်ထုထဲ စိုက်ကြည့်လိုက်သည်။
💓💓💓