Stop---Rewind 💛

بواسطة GICHANNODI

17.3K 1.3K 141

Sequel of When we were Wrong المزيد

Part-2
Part-3
Part-4
Part-5
Part-6
Final Part

Part-1

4.4K 199 36
بواسطة GICHANNODI

(Sequel of When we were wrong)

Plz check of my wall before read this "Stop---Rewind" then you will find "When we were wrong"

♥ ♥ ♥

နေရောင်​ခြည်​ ခပ်​စူးစူးက မျက်​ခွံ​​ပေါ် ကူးယှက်​လာ၍ နိုးထ​စေရန်​​အလို့ဌာ ဒို​​ဂျောင်​ဆူး တ​ယောက်​ အိပ်​ရာထက်​၌ လှုပ်​လီ လှုပ်​လဲ့ ဖြစ်လာသည်​​။
အိပ်​ရာမှ ထထိုင်​ကာ အမြင်​အာရုံ အ​ရှေ့ ကာစီးကျ​နေ​သော ဆံသားနုနု​တို့ကို ​ဘေးသို့ သပ်​တင်​လိုက်​သည်​။ ဂျောင်ဆူးရဲ့မျက်ဝန်းတို့က ​တံခါး​ပေါက်​နားရပ်​​နေ​​သော သူတစ်​​ယောက်​ကို လှမ်းမြင်​၏။ထိုသူက အနားသို့ ​လျှောက်​လာကာ ​​ကောင်​ငယ်​​လေးနား ထိုင်ချ​လိုက်​သည်​။

"ဘာလို့ ​စော​စောနိုး​နေတာလဲ အခုတ​လော??
ဘာ​တွေ ဖြစ်​​နေလို့လဲ။ အိပ်​မ​ပျော်​ဘူးလား ။
K members ​တွေနဲ့ dorm တစ်​ခုတည်း အတူတူ သုံး​နေ​တော့မှာ မို့လို့ stress များ​နေတာ မလား ဆူး..? "

ဂင်​မ်​​ယောင်​မင်းက အက်​ဇို ကမ်းဘတ်​ အတွက်​ သူတို့အား ​ကြောငြာခဲ့သည်​။ လာမည့်​ ကမ်းဘတ်​​တွေ အဖွဲ့ဝင်​ 12 ​ယောက်​လုံး အတူတူ ပါဝင်​ရ​တော့မည်​ ဖြစ်​​ကြောင်း ​ပြောသွားသည်​။
အဖွဲ့ဝင်​ အားလုံး ပါဝင်​မည့်​ အခုလာမယ့်​ ကမ်းဘတ်​အတွက်​ အားလုံး စိတ်​လှုပ်​ရှား​နေ​ကြသည့်​အထဲ အငယ်​နှစ်​​ယောက်​ဖြစ်​တဲ့ ထာအိုနဲ့ ဆယ်​ဟွန်းတို့က​တော့ ပိုပီး စိတ်​လှုပ်​ရှား​နေကြသည်​။
dorm တစ်​ခုတည်း K ​ရော M ပါ ​အတူတူ​နေရမယ့်​ ကိစ္စတစ်​ခုအတွက်​​တော့ မန်​ဘာတစ်​ချို့ စိတ်​မသက်​သာဖြစ်​​နေသည်​။ ခရစ်​စ်​ ​ဂျောင်​ဆူးကို တချက်​ လှမ်းကြည့်​လိုက်​ချိန်​ ~ က​လေးမျက်​နှာ​လေး ​ဖြူ​ဖျော့​လာကာ အဆင်​​မ​ပြေခြင်းက အထင်းသား... သူ ချန်း​ယောလ်​နဲ့ ထပ်​ပီး မျက်​နှာချင်းဆိုင်​ ဘယ်​လို​နေရမလဲ..​.. ရှောင်​လွဲ​နေရမယ့်​ အ​ခြေ​နေ​တွေကို ဘယ်​လို ဖြတ်​သန်းရမလဲ... ဒါ​တွေ အားလုံး ​ဂျောင်​​ဆူး​လေးအတွက်​ စိတ်​ဒုက္ခဖြစ်​​စေနိုင်​သည့်​ အ​ခြေ​အ​နေ​တွေပင်​။ က​လေးအတွက်​ ခရစ်​စ်​ စိတ်​ပူ​နေမိသည်​။ အခုဆို ​လေ့ကျင့်​ရင်​လဲ အတူတူ .. dorm ထဲ ​နေရတာလဲ အတူတူဆို​တော့... ​ဂျောင်​ဆူးကို ကြည့်​ရတာ လုံးဝ
အ​ခြေအ​နေက မဟန်​။

ခရစ်​စ်​ရဲ့ မျက်​နှာ​ပေါ်က အထင်းသား​မြင်​​နေရ​သော ပူပန်​မှု​တွေကို ​ဂျောင်​ဆူး မြင်​​နေရတာ​ကြောင့်​ သူ​​ခေါင်းကိုသာ ခါရမ်းလိုက်​သည်​။

"မ ~မဟုတ်​ပါဘူး..အဲ့ဒါ​ကြောင့်​ မဟုတ်​ဘူး..hyung~ အရင်​က လုပ်​ခဲ့တဲ့ အလုပ်​​တွေနဲ့ မတူပဲ ​ပြောင်းသွား​တော့ လုပ်​နိုင်​ပါ့မလားလို့ ​တွေးပူရင်း stress နည်းနည်း ဖြစ်​သွားတာ..အဆင်​​ပြေပါတယ်​..ကျွန်​​တော်​ "

အလိမ်​အညာ တစ်​ခု သက်​သက်​ဆိုတာ ခရစ်​စ်​ သိ​နေ​ပေမဲ့ ​ဂျောင်​ဆူးကို ကြုံ​တွေ့လာမယ့်​ ကိစ္စအဝဝတွက်​ တွန်းအားထပ်​မ​ပေးချင်​​တော့...

ဂျောင်​ဆူးနဲ့ ချန်း​ယောလ်​ကြား ပက်​သက်​မှု​ကို မန်​ဘာအချို့က​တော့ သိ​နေသည်​။
( ဂျွန်​​မြောင်​နဲ့ ဂျုံအင်​ သူတို့သာ သိသည်​။) 
ဂျောင်​ဆူးတ​ယောက်​ ချန်း​​​ယောလ်​ကို  အခုထက်​ထိ ချစ်​​နေ​သေးကာ လက်​မလွှတ်​နိုင်​​သေး​ကြောင်း ဂျွန်​​မြောင်​ဆီမှ ခရစ်​စ်​ သိခွင့်​ရခဲ့သည်​။ ​နောက်​ပိုင်း ချန်း​ယောလ်​နဲ့ ဘတ်​ခ်​ဟွန်းတို့ရဲ့ ရင်းနှီးကျွမ်းဝင်​​နေမှုကို သူတို့အားလုံး သိရှိသွားခဲ့သည်။ကြားကြားချင်း အံ့သြသွားသည်​က သူတို့အဖွဲ့ထဲ ဒီလို ဟိုမို အတွဲ ရှိ​နေခြင်းရယ်​... ချန်း​ယောလ်​နဲ့ ဘတ်​ခ်​ဟွန်းတို့ရဲ့ အဆင်​​ပြေ​ပြေ လိုက်​​လျောညီ​ထွေမှုကို အားလုံး မြင်​​တွေ့​နေ​ရ​တော့  ဘယ်​သူမှ​တော့ အဆန်းတကြယ်​ ကိစ္စတစ်​ခုလို
ဘ​ဘောမထားကြပါ~~

ဂျောင်​ဆူး အ​ကြောဆန့်​ကာ လက်​​မောင်းကို ​နောက်​ပစ်​ပီး ​စောင်​ဆွဲယူကာ ပြန်​အိပ်​ဖို့ရန်​ ပြင်​​နေ​သော်​ငြား ခရစ်​စ်​တစ်​​ယောက်​ ​စောင်​ယူ​နေ​သော ဆူးရဲ့ လက်​ကို ဆွဲကိုင်​ကာ

" ​​ဟေ. ​ဟေ အိပ်​ဖို့ မကြိုးစားနဲ့...
လာခဲ့ ဒီကို လာ... အထုတ်​ ပြင်ဖို့လာကူ​ပေး.."

" hyung အိတ်က အ​ကောဒီယဲန်​ကြီး လိုပဲ.. ပစ္စည်းထည့်​ဖို့ အဆင်​​ပြေမယ်​များ ထင်​​တယ်​​ပေါ့ ㅋㅋㅋ ဝူး ခရစ်​စ်​တို့များ fashion ကျချက်​က"

ဂျောင်​ဆူးတ​ယောက်​ သူ့ hyung ကိုေ​နာက်​နေသည်​။ ခရစ်​စ်​ကလဲ ခေါင်းကို အပီအပြင် ​ခါရမ်း​ကာ ရီပြ​​​နေပုံက ကလေးကြီးကြီးမုန့်​ရသွားလို့်​ ပြုံးဖြီး​နေသလို...

Exo M အဖွဲ့ထဲ သူ​စပြောင်းလာကတည်းက ခရစ်​စ်​နဲ့ သူ့ရဲ့ ဆက်​ဆံ​ရေးက ပိုနီးစပ်​လာခဲ့သည်​။
Exo M မန်​ဘာ​တွေနဲ့ အဆင်​​ပြေ​ပြေ သူ​နေထိုင်​နိုင်​ခဲ့သည်​။ ​ဂျောင်​ဆူး ပုံစံက အ​နေတည်​​ပေမဲ့ တကယ်​တမ်း တဖက်​သားအ​ပေါ် ​နွေး​နွေး​ထွေး​ထွေးကရုစိုက်​တတ်​မှု​တွေအတွက်​ အားလုံးက ချစ်​ကြသည်​။ ဂျောင်​ဆူးရဲ့ ညှိ့နိုင်​လွန်း​သော အကြည့်​​ ​တွေကြောင့်​ အနာဂတ်​မှာ ချစ်​စရာ​ကောင်း​သော သတို့သမီး​လောင်းနဲ့ ဘယ်​လို ဆက်​ဖြစ်​ကြမလဲ ဆိုတာ ဂျုံဒယ် ​တွေးလိုက်​မိ​သေးသည်​။သူ​​တောင်​ ​ဂျောင်​ဆူးရဲ့ စူးရှဲ​တောက်​ပတဲ့ မျက်​ဝန်းတစ်​စုံကို ချက်​ချင်းရုန်းထွက်​ဖို့ ခဲရင်းခဲ့သည်​​လေ~~

>>>
"အူ..ဝါး.... ဝါး.."
ထာအိုတ​ယောက်​ သူတို့အတူတူ ​ပြောင်းလာ​သော dorm ကို မြင်​ပီး အားရပါးရကို ​အော်​ဟစ်​​နေသည်​။ အခန်းက ​တော်​​တော်​လဲ ကြီးသည်​။
မန်​​နေဂျာက အခန်း​တွေတူတူသုံးဖို့ အခန်း​ဖော်​​တွေ သတ်​မှတ်​​ပေး​နေချိန်​ ဂျောင်​ဆူး စိတ်​​သက်​​တောင့်​သက်​သာ ရသွားသည်​။

" လုဟန်​ ; ဆယ်​ဟွန်း ; ​ဂျောင်​ဆူး
ချန်း​ယောလ်​ ; ဘတ်​ခ်​ဟွန်း ; မင်​​ဆော့
ဂျုံအင်​ ; ဂျွန်​​မြောင်​ ; ဂျုံဒယ်
ရီရှင်း ; ခရစ်​စ်​ ; ထာအို "

ဘတ်​ခ်​ဟွန်း သွား​​တွေ အပြည့်​ ​ပေါ်​အောင်​ ပြုံးကာ ချန်း​ယောလ်​လက်​​မောင်းတစ်​ဖက်​ကို ဆွဲကာ လှုပ်​ရမ်းရင်း
" အချစ်​!..ငါတို့ အတူတူ ​ထပ်​နေရ​တော့မယ်​..."

ဂျောင်​ဆူးမျက်​နှာ တစ်​ချက်​ ညိုးကျသွားသည်​။
"အချစ်​" ဆို​သော အသုံးအနှုန်းက သူနဲ့ ချန်း​ယောလ်​ ချစ်​ခဲ့ကြစဉ်​က ​ဂျောင်​ဆူး ​ခေါ်​ဝေါ်ခဲ့​သော နာမ်​စား​လေးပင်​။ သူဘာမှ ​​ပြောပိုင်​ခွင့်​မရှိ။
အချစ်​ကြီး​တော့လဲ အရှုံး​ပေးခဲ့ပီ​လေပြီ..
ဘတ်​ခ်​ဟွန်းရဲ့ ​အ​ပြော​ကြောင့်​ ထာအိုတ​ယောက်​ သီချင်း ညည်းလိုက်​သည်​။

" ကျွန်​​တော့်​ကို တည့်တည့်​​ပစ်​ပါ..
ဘယ်​သူမှ မပစ်​ပါနဲ့... အချစ်​ဌက်​​တွေနဲ့ ​နေ​နေရတဲ့ ကျွန်​​တော့်​ကိုသာ ချိန်​ပစ်​ပါ"

ဘတ်​ခ်​ဟွန်းရဲ့ မျက်​​စောင်းက ထာအိုဆီ တည့်​တည့်​မတ်​မတ်​ စိုက်​လာသည်​။ ထာအိုက​တော့ မသိသလို ​ပြောင်​စပ်​စပ်​နဲ့ ဆက်​ဆို​နေသည်​။

သူတို့ အထုတ်​ပိုး​တွေကိုယ်​စီ ​နေရာချရင်း ဂျွန်​​မြောင်​က ဦး​ဆောင်​ကာ ကျန်​တဲ့ မန်​ဘာ 11 ​ယောက်​ကို ဧည့်​ခန်း အ​​ရှေ့သို့ ​ခေါ်လိုက်​သည်​။
မန်​ဘာ​တွေ ​ရောက်​လာကာ တစ်​​နေရာစီ ထိုင်​ကြရင်း ဂျွန်​​မြောင်​ရဲ့ အ​ပြောကို နားစွင့်​​နေကြသည်​။ခရစ်​စ်​က ​ဂျောင်​ဆူး​ဘေး​တွင်​ ထိုင်​ကာ ​ဂျောင်​ဆူးရဲ့ ​ကျော​လေးကို သာသာ​လေး ပုတ်​​နေသည်​။ ​ဂျောင်​ဆူးက နှုတ်​ခမ်း​လေး​ကွေးရုံတမယ်​ ပြုံပြကာ ခရစ်​စ်​လက်​ကို ဆုပ်​ကိုင်​ထားသည်​။ သူတို့နှစ်​ဦး တစ်​​ယောက်​လက်​ တစ်​​ယောက်​ ကိုင်​ထားသည်​မှာ မဆန်း။ အရင်​အချိန်​တုန်းကတည်းက ခရစ်​စ်​က ​ဂျောင်​ဆူးအတွက်​ ​ဖေးမမှု အား​ပေးမှု အမြဲ​ပေး​နေသည့်​ လက်​တစ်​စုံပင်​။ အားလုံးက သိ​နေသည့်​အတွက်​ မထူးဆန်း​သော်​လည်း ချန်း​ယောလ်​ တစ်​​ယောက်​က​တော့ အများသူနဲ့ မတူ။ သူ့ရင်​ထဲ တင်းကြပ်​သွားသလို ခံစားရသည်​။

" ကဲ... အိမ်​အသစ်​ကို ​ရောက်​လာပီဆို​တော့ ငါတို့ စည်းမျဉ်းစည်းကမ်း​လေး​တွေ လုပ်​ဖို့ လိုမယ်​!​ရေချိုးဖို့နဲ့သန့်​ရှင်း​ရေးလုပ်​ဖို့အ​ကြောင်း ​ညှိရမယ်​"

" ​​ရေချိုးဖို့က​တော့ ဦးရာလူ စနစ်​ပဲ.."
ဆယ်​ဟွန်းက ထ​အော်​​ပြောသည်​။

" နိုး.. အသက်​အလိုက်​ လုပ်​သင့်​တယ်​..."
လုဟန်​က ဖြတ်​​ပြောသည်​။

"သန့်​ရှင်း​ရေး လုပ်​ဖို့ က​ရော.."
ဂျွန်​​မြောင်​ သူ့လူ​တွေကို မနိုင်​...

"စုံ စွမ်​ စိ.. ကစားပီး လုပ်​ကြမယ်​​လေ။ဆိုလိုချင်​တာက ​ကား​ပေါ်မှာ ထိုင်​ခုံ​လုရင်​ ဒီလို လုပ်​​နေကြပဲ​ကို...မျှတတယ်​​လေ မှန်​တယ်​မလား "

ရီရှင်းက အကြံ​ပေးသည်​။က​လေးကလား ဆန်​​ပေမဲ့ က​လေး​တွေလို ငြင်းခုံး​နေစရာ အ​ကြောင်း​တော့ မရှိ။

"ထားပါ​တော့.. ဟင်းချက်​ဖို့ ဟင်းချက်​ကြဖို့က ? "

ခရစ်​စ်​က ​ဂျောင်​ဆူးကိုသာ ကြည့်​လိုက်​သည်​။
ဂျောင်​ဆူးက​တော့ အာရုံလွင့်​​နေသူအလား တုတ်​တုတ်​မျှ မလှုပ်​​သေး။ ကျန်​တဲ့ မန်​ဘာ​တွေအားလုံးလဲ ​ဂျောင်​ဆူးကိုသာ စူးစိုက်​ကြည့်​​နေသည်​။

"Ummaပဲ ဟင်းချက်​တာ ​ကောင်းမယ်​ထင်​တယ်​"
ထာအိုက​ ဝမ်းသာအားရ ​ပြော​သည်​။

" ​ဂျောင်​ဆူး hyung က ငါ့ umma ပါ​နော်​.." ဆယ်​ဟွန်းက ထာအိုအား စကားနိုင်လုသည်။
နှစ်​ယောက်​ကြား​ အကွာ​ဝေး​က လှမ်းနေသဖြင့်​ တစ်​​ယောက်​တစ်​​ယောက်​ ​အော်​​ပြောရင်း အခန်းတွင်းထဲ ဆူညံ​နေသည်​။

"ဘာလို့ ငြိမ်​​နေတာလဲ ​ဂျောင်​ဆူး "
ဘတ်​ခ်​ဟွန်းက ​ပြောလိုက်​ရင်း သူ့အကြည့်​တို့က ​ဂျောင်​ဆူးနဲ့ခရစ်​စ်​ရဲ့ လက်​ကို ​ရောက်​သွားသည်။စိတ်​​ရှုပ်​​ထွေးမှု​တွေ ​ပြေ​လျှော့​စေရန်​ ခရစ်​စ်​က ​ဂျောင်​ဆူးလက်​ကို ဆုပ်​လိုက်​ ကိုင်​လိုက်​ လုပ်​​ပေး​နေသည်​ကို ဘတ်​ခ်​ဟွန်းတစ်​​ယောက်​ အထင်​လွဲသည်​ထင်​၏။ မချိပြုံးပြုံးကာ
"မင်းတို့နှစ်​​ယောက်​ ​ပြောစရာများ တစ်​ခုခု ရှိ​နေလား.."

ဂျောင်​ဆူးတ​ယောက်​ မျက်​လုံး​လေးဝိုင်းကာ ဘာလဲ ဟူ​သော ပုံစံဖြင့်​ ကြည့်​လိုက်​သည်​။

"မင်းတို့ လက်​​တွေ အဲ့မှာကိုင်​ထားကြတယ်​​လေ။နောက်​ပီး ဘာလို့ မင်းက hyung ရှိတဲ့ M အဖွဲ့ထဲ ​ပြောင်းသွားတာလဲ ???"

ပုံမှန်​ ​နောက်​တီး​နောက်​တဲ့ စလိုက်​ကာ မနှစ်​မြို့ဖွယ်​ အ​​နေအထားဖြင့်​ မေးလိုက်​ခြင်းမဟုတ်​​ပေမဲ့ ​ဂျောင်​ဆူးအတွက်​​တော့  ထိုကဲ့သို့ ​ဆွဲ​တွေးလိုက်​မိသည့်​အတွက်​ ထိုင်​ခုံ​မှ ထကာ အားလုံးကို နှုတ်​ဆက်​ပီး ထွက်​သွား​လေသည်​။

"ဆူး.. ဘာဖြစ်​သွားတာလဲ"
ဂျုံဒယ်​က အခန်းထဲ ဝင်​သွား​သော ​ဂျောင်​ဆူးအား မျက်​စိတဆုံး ကြည့်​ကာ အ​ခြေအ​နေကို သုံးသပ်​ရန်​ ​တွေး​နေသည်​။ ဂျွန်​​မြောင်​က ခရစ်​စ်​အား ပုခုံးဖြင့်​တိုက်​ကာ မသိမသာ အချက်​​ပေးလိုက်​သည်​။ ဂျောင်​ဆူးရဲ့ပြသာနာကို ကျန်​တဲ့ မန်​ဘာ​တွေအား ​ပေးမသိ​စေချင်​။ ​ဂျောင်​ဆူး နာကျင်​ခံစား​နေတာ မြင်​ရတာ သူတို့နဲ့တင်​ လုံ​လောက်​ပီ။

ခရစ်​စ်​ hyung ဆီ ဘာလို့​ပြောင်းသွားတာလဲဆိုတာ ဘာသ​ဘောလဲ။ ဘတ်​ခ်​ဟွန်း na~ မင်းပဲ ချန်း​ယောလ်​ကို ငါ့ဆီက ဆွဲထုတ်​သွားခဲ့တာေ​လ။ ဂျောင်​ဆူး ​ခေါင်းကို ခါရမ်းကာ မျက်​နှာကို ​ခေါင်းအုံးထဲ နှစ်​လိုက်​သည်​။
ယောကျာ်းတ​ယောက်​ ဖြစ်​ပါလျက်​ ချန်း​ယောလ်​အ​ကြောင်း​တွေးမိတိုင်း မျက်​ရည်​​တွေက ခဏခဏ ကျလာရတာလဲ။ ဂျောင်​ဆူး ဘတ်​ခ်​ဟွန်းနဲ့ချန်း​ယောလ်​ကို အတူတူ တွဲမြင်​တိုင်း ကျင့်​သားမရ​သေးပါ။နှလုံးသားက နာကျင်​စမြဲ။ ချန်း​ယောလ်​ကို သူလက်​မလွှတ်​နိုင်​​သေးဘူး... အပြင်​ပန်း ​အေးတိ​အေးစက်​ ဆက်​ဆံခဲ့​ပေမဲ့ ဘယ်​​လောက်​ထိ​တောင်​ ချစ်​ခဲ့ရသလဲ သူသာအသိဆုံးပါ။ ချစ်​သူနှစ်​ဦးကြား အချစ်​စစ်​ဖို့ရာ ဘယ်​လို လုပ်​ပြ​နေမှ အချစ်​လို့ သတ်​မှတ်​ကြသလဲ သူမသိ။ပင်​ကိုစရိုက်​ကိုက လက်​​တွေ့ဆန်​သည်​ကိုပဲ အ​သေးစိတ်​ လုပ်​တတ်​ခဲ့သည်​​ကြောင့်​ အချစ်​ဟူ​သော ​ဝေါဟာရ​အောက်​ ချွဲ့နွဲ့ ဖွဲ့နွဲ့တာ​တွေ သူမကျွမ်းကျင်​။စိတ်​ဆိုး စိတ်​​ကောက်​တာ​တွေ ချန်း​ယောလ်​အ​ပေါ် သူမလုပ်​ဖူးခဲ့~ ချန်း​ယောလ်​ လိုအပ်​တာ​တွေ ဖြည့်​ဆည်း​ပေးဖို့သာ ရည်​ရွယ်​ခဲ့သူမို့ အရိပ်​တကြည့်​ကြည့်​သာ ​နေခဲ့သည်​။ချစ်​တယ်​ ဆို​သောစကားကို နှုတ်​က ​ဖွင့်​​ပြောဖို့ ​ဂျောင်​ဆူး ​လေးပင်​​နေ​ပေမဲ့ အချစ်​အတွက်​​တော့ အ​ကောင်းဆုံး​တွေသာ လုပ်​ပြခဲ့ဖူးသည်​။ချန်း​ယောလ်​နဲ့သူ အကျင့်​​တွေ မတူသည့်​အတွက်​ ချစ်​​နေကြရင်​ အဆင်​​ပြေမှာပါ ဆို​သောအ​တွေးက တကယ်​​တော့ တက်​တက်​စင်​​အောင်​လွဲခဲ့သည်​လား။သူ့အတွက်​​တော့ ချန်း​ယောလ်​က အရာရာဖြစ်​ခဲ့သည်​။

ငါတို့သာ တဖွဲ့တည်းတူတူ မဖြစ်​ခဲ့ကြရင်​~~ မတူညီတဲ့ ငါတို့နှစ်​​ယောက်​အတွက်​ သူစိမ်းသာသာအဖြစ်​က ပို​ကောင်းနိုင်​လိမ့်မယ်​။အနည်းဆုံး​တော့ အခုလို​ မခံစား​ရ​တော့ဘူး​လေ။

>>>

"ဂျုံအင်​​​လို လိုက်​လုပ်​လေ ချန်း​ယောလ်​...
မင်းကတတ်​သလို​တွေ  ​လျှောက်​ကမ​နေနဲ့..."

သူတို့အဖွဲ့ရဲ့ အကနည်းပြဆရာက ​စိတ်​မရှည်​သလို ​အော်​​ငေါက်​​နေသည်​။ အခု Growl နဲ့ Wolf သီချင်းအတွက် ကကွက်​​တွေ သင်နေကြခြင်းဖြစ်​သည်​။ Mama Album ဖြင့်​ Debut ခဲ့ပေမဲ့လည်း မှန်းထားသ​လောက်​ ​အောင်​မြင်​မှုနှုန်းထားမရရှိခြင်း​အ​ပေါ် ဂင်​မ်​​ယောင်​မင်း မ​ကျေနပ်​ချင်​။အဲ့ဒီအတွက်​ မန်ဘာတွေကို ပုံမှနိထက် ​နှစ်ဆတိုးကာ ပြင်းပြင်းထန်​ထန်​​လေ့ကျင့်​မှု ​ပေး​တော့သည်​။ဒါမှသာ အပြိုင်အ​ဆိုင်ေ​တွ ​ပေါများလာတဲ့ ဒီ​လာကထဲေ​​​​တောက်​ပတဲ့ ကြယ်​ပွင့်​​လေး​တွေ ဖြစ်​လာကြမည်​မှာ မလွဲ~~

ချန်းယောလ်နဲ့ ဂျုံဒယ်​က အကပိုင်းနယ်​ပယ်​​တွင်​​တော့ အခြားမန်​ဘာ​တွေလို တတ်​​မြောက်​မလွယ်​ကြ။ဒါပေမဲ့လို့ ဂျုံဒယ်​က​တော့  ဘယ်​လိုအနီးစပ်​ဆုံး ကရမလဲ ဘယ်လိုစည်းချက်ညီညီ လှုပ်ရှားရမလဲ ဆိုတာ သူသိသည်။
အဲ့ဒါကြောင့် ဖန်​တွေက ဂျုံဒယ်ဆို Dancing mechine ကို ver ​ပြောင်းပီး chensing mechine လို့ ​အေ​ကြာင်းမဲ့ သက်​သက်​ ​ခေါ်ခဲ့ကြတာ​ မဟုတ်​ဘူး​​ပေ။ဒါကလဲ ဂျုံဒယ်​ရဲ့ ​အရည်အချင်းတစ်ခု​​​။
ချန်းယောလ် ခံစား​ချက်​​တွေ ​ေ​ရာ​ထြးေ​နသလို ခံစားရသည်။
သူ့အ​တွက် အခုချိန်​ စိတ်​အနား​ပေးမှုလိုအပ်​​နေတာလား ဒါမှမဟုတ်​ ဒီလိုစိတ်​ရှုပ်​​ထွေးမှုအ​ပေါ် ​ဖြေ​လျှော့​ပေးနိုင်​မယ့်​ တစ်​စုံတစ်​​ယောက်​ကို လိုအပ်​​နေတာလား။အိုင်ဒေါလ်မဖြစ်ခင် လေ့ကျင့်ဆဲကာလအ​တော်​အတွင်း  ဒီလိုမျိုး အကပိုင်းနဲ့ပက်သက်ပီး ​စိတ်​ကို ဘယ်​လိုများ ထိန်းချုပ်​နိုင်​ခဲ့လဲ ဆိုတာ သူကိုယ်​တိုင်​ အ​ဖြေရှာမရတဲ့ ​မေးခွန်းတစ်​ခုလို။

#အဲ့ဒီအ​ဖြေအတွက်​ အဖြစ်​နိုင်​ဆုံးက​တော့

" ဒို​ဂျောင်​ဆူး " ???

TBC....

When we were wrong သာ ပြီးသွားတယ်​..
Original Author name ​တောင်​ မ​ပြောမိဘူး။
Original source က AFF ကပါ။
Author က Byeolucie ပါ။

واصل القراءة

ستعجبك أيضاً

1K 223 8
သင်္ကြန်တွင်းမှာအိမ်တွင်းအောင်းရင်း ဖတ်ကြပါ CHANSOO Fanfiction Uni+ZG 11.4.2022-17.4.2022
925 119 5
အတ္တမပါတဲ့ ချစ်ခြင်းတရားတွေပါ။ မင်းတစ်ယောက်တည်းကိုပဲ ချစ်မယ် ဆိုတဲ့ အကြောင်းတွေ တစ်ဝကြီးပြောမှာမလို့ ကိုယ့်ရင်ခွင်ထဲ မှေးစက်ရင်း Baby breath ပန်းလေ...
943K 28.4K 38
Park Soojin is scouted to join the survival show I-LAND Season 2. However things spark into chaos when jealousy and rivalry stir among the applicants...
Doors open. بواسطة ash

قصص الهواة

399K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...