My Neighbour Crush😪

By chocoexotics88

751 102 16

ဘေးအိမ်ကိုပြောင်းလာတဲ့ကိုကိုyeolကိုcrushမိသွားတဲ့ baekbaekရဲ့အလွဲများ More

Down Down Baby

750 102 16
By chocoexotics88

"baekလေး ကိုကို့ ကိုမိအောင်လိုက်ဖမ်းလေ"

အရှေ့ကခြေတံရှည်ရှည်နဲ့ပြေးနေသူနောက်
လိုက်ဖမ်းပေမယ့် လိုက်လေဝေးလေဖြစ်နေသည်။

"ကိုကို အကျင့်မပုတ်နဲ့ကွာ မောလာပြီဆိုနေ"

baekဆီကချွဲနွဲ့သံလေးထွက်လာတော့
ဆက်မပြေးတော့ဘဲ
ကျောပိုးရန်ထိုင်စောင့်နေတာမို့
အရှိန်နဲ့ပြေးကာတက်လိုက်တော့
.
.
.
.
.
🔔Ting Tong🔔

ဝုန်း!!!!!!

အမလေး!!!!!

အိမ်သာကြွေခွက်ပေါ်ထိုင်ကာသွားတိုက်ရင်း
ငိုက်နေတဲ့baek
ရိုဆန်ဆန်အိမ်မက်လေးမက်နေတုန်း
ကြားလိုက်ရတဲ့bellသံကြောင့်လန့်သွားကာ
ဝုန်းခနဲအိမ်သာကြွေခွက်ပေါ်ကပြုတ်ကျသွားခြင်း😂

နာသွားတဲ့မြှီးညှောင့်ရိုးကိုဖိပွတ်ရင်း
ပါးစပ်ထဲကသွားပွတ်တံကိုထုတ်ကာ
bellလာတီးတဲ့သူကို
မကျေမနပ်ကျိန်ဆဲတော့သည်။

"ဘယ် ကလေကဝက မနက်စောစောသူများအိမ်ကို
Bellလာတီးတာလဲ။
သူများတွေအိမ်မက်ကောင်းမက်နေလားမသိ
ဘာလားမသိ
တို့ကိုကို
ဖြူသလားမဲသလားတောင်မသိလိုက်ရဘူး"

🔔Ting Tong🔔

ထပ်မြည်လာတဲ့bellသံကြောင့်

"အလကားရတိုင်းစွတ်စပ်တီးမနေနဲ့လေ
တော်တော်အားနေလားဘဲ..

ommaရေ ထွက်ကြည့်လိုက်အုံး
baek သွားတိုက်နေလို့"

ပြန်ဖြေသံမကြားရဘဲတိတ်ဆိတ်နေတာမို့
ommaဈေးသွားပြီမှန်းသိလိုက်ရသည်။

ပွနေတဲ့ဌက်သိုက်ဆံပင်ကိုထပ်ဖွလိုက်ပြီး
သွားပွတ်တံကိုပါးစပ်မှာကိုက်လိုက်ကာ
တံခါးသွားဖွင့်လိုက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်Heart Attackဖြစ်ကာ
ကျောက်ရုပ်ဖြစ်သွားရသည်။

ဆန်မုန့်ပန်းကန်လေးကိုင်ကာနှုတ်ခမ်းလေးတွန့်ရုံပြုံးပြနေ
တော့ပါးချိုင့်လေးတဖက်ကလည်းထင်းကနဲပေါ်လာသည်။

အဖြူ နဲ့အပြာရောဆိုးထားတဲ့ဆံပင်တွေကြားက
ထိုးထွက်နေတဲ့နားရွက်ကားကားလေးကလည်းချစ်စရာ

အနောက်ကနေရောင်ကပါsupportလုပ်ထားတော့

baekမျက်လုံးထဲအရောင်တဖျက်ဖျက်လက်နေတာက
နတ်သက်ကြွေလာတဲ့နတ်သားတပါးလို

#အဲ့ ပါးချိုင့်လေးထဲရေကူးချင်လိုက်တာ#

ရုတ်တရက်ဝင်လာတဲ့အတွေးကြောင့်ကိုယ့်ဘာသာကိုယ်
ပြန်ရှက်သွားရသေးသည်။

"ကလေးလေး"

"ဗျာ"

ကြားလိုက်ရတဲ့သြရှရှအသံလေးကြောင့်
အိမ်မက်ယောင်သလိုဖြေလိုက်မိတော့

ဟက်ကနဲရယ်လိုက်တာမို့ ပေါ်လာတဲ့သွားဖြူဖြူလေးတွေနဲ့
ပါးချိုင့်လေးကိုကြည့်ရင်း ရင်ထဲဘီလူးဆိုင်းတီးနေသလို
ဆူညံသွားရသည်။

"အမြုပ်တွေစီးကျနေပြီ"

တိကနဲ ရင်ထဲကဆိုင်းသံရပ်သွားသည်။

ယောင်ပြီးနှုတ်ခမ်းထောင့်ကိုပွတ်ကြည့်တော့
သွားတိုက်ဆေးအမြုပ်များကအထင်းသား

ပါးစပ်အဟောင်းသားနဲ့အငမ်းလွန်သွားတာကြောင့်
သွားတိုက်ဆေးအမြုပ်များစီးကျလာတာကိုမသိလိုက်ခြင်း

"ရော့...ကိုကိုက ဘေးအိမ်ကိုပြောင်းလာတာမို့
အိမ်နီးနားချင်းတွေကို ဆန်မုန့်လိုက်ဝေနေတာ

သွားပြီးအောင်တိုက်ပြီးမှစားနော်ကလေးလေး။
ကိုကို ပစ္စည်းတွေရွှေ့ရအုံးမှာမို့
့ပြန်တော့မယ် Bye bye"

ကလေးတွေကိုတာ့တာပြသလို နှုတ်ဆက်ရင်း
ထွက်သွားတဲ့ကျောပြင်ကျယ်ကိုကြည့်ရင်း

crushနဲ့ပထမဆုံးတွေ့ဆုံမှုကတော့ လုံးဝကို

Down down Baby ဘဲ......
.
.
.
.
.
Updateတော့မလုပ်ဘဲအသစ်ကတော့စလိုက်ပြန်ပြီ။😁

စာသင်နေတုန်း ပေါ်လာတဲ့ဇာတ်လမ်းလေး😂😂😂

ဒီficလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့funnyပုံစံအတိုလေး

ဖတ်မဲ့သူရှိမှဆက်ရေးမှာပါ။

ဒီficလေးကိုတော့တနေ့တပိုင်uးpနိုင်အောင်ကြိုးစားပါ့မယ်
လို့😁😁😁

#chanbaek_is_more_than_real











Continue Reading

You'll Also Like

133K 5.5K 99
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...
1M 39.7K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
988K 61.2K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
182K 6.6K 93
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...