" Behind The Sence " [ Zawgyi...

By sekaibubblechoco

402K 34.5K 2.2K

နှစ်​ဖက်​မိဘ သ​ဘောတူ လက်​ထပ်​ခြင်းဆိုတဲ့ ​ခေါင်းစ​ဉ်​​အောက်​က မင်းနဲ့ငါ.... Main Chat >> Sehun / Kai... More

-1-
-2-
-3-
- 4 -
- 5 -
-6-
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
-16-
- 17 -
- 18 -
-19-
- 20 -
- 21 -
-22-
- 23 -
-24-
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️
- 1 -
- 2 -
- 3 -
-4-
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 14 -
- 13 -
- 15 -
- 16 -
- 17 -
- 18 -
- 19 -
- 20 -
- 21 -
- 22 -
- 23 -
- 24 -
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️

- 15 -

10.6K 896 34
By sekaibubblechoco

" သွေးနည်းနည်းဆင်းသွားတာပါ...
၂ပတ်ဘဲ ရှိသေးတယ်...
မင်းအချိန်မှီခေါ်လာနိုင်လို့
ဘာမှမဖြစ်သွားတာ တော်သေးတယ်လို့ ပြောရမယ်...
မင်းတို့၂ယောက်လုံး ကလေးရှိနေတာမသိဘူးလား....."

မင်ဝူးရဲ့ စကားကြောင့် Sehun က သက်ပြင်းအသာချကာ ခေါင်းခါပြလိုက်ပြီး...

" မသိဘူး.... ဘာမှမဖြစ်သွားတာ တော်ပါသေးရဲ့ကွာ..."

စိုးရိမ်ပူပန်နေတဲ့ Sehun ရဲ့ ပုခူံးကို မင်ဝူးက အသာလေး
ပူတ်လိုက်ကာ....

"ဘာမှမဖြစ်တော့ပါဘူး...
နောက်ပိုင်းပိုဂရုစိုက်ပေးနော်...ဒီလို
ဖြစ်ထားတော့ ထပ်အမှားခံလို့မရဘူး...
Jongin လည်းနားလည်မှာပါ..သူလည်းဆရာဝန်ဘဲ..."

Sehun ခေါင်းညိတ်လိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့
Jongin လက်ဖမိုးလေးကို ခပ်ဖွဖွ နမ်းလိုက်သည်....

"ဘယ်အချိန် သတိရမှာလဲ...."

Sehun စကားကြောင့် မင်ဝူးက လက်ထဲက နာရီကို
ကြည့်လိုက်ကာ...

"နောက် တစ်နာရီလောက်နေရင် သတိရလိမ့်မယ်...
Accident ဖြစ်ထားတာဆိုတော့ ဓာတ်မှန်ရိုက်ကြည့်ချင်ပေမယ့် x ray ကကိုယ်ဝန်ဆောင်သည်ရိုက်လို့မရဘူး...."

မင်ဝူးစကားကြောင့် Sehun ရင်ထိတ်သွားရပြန်သည်...

" သူက ဘာမှမဖြစ်ဖူးလို့ပြောတယ်...
ဒါပေမဲ့ ငါသိပ်စိတ်မချဘူး.. ပြီးတော့
ငါ ခလေးကိုရော စိုးရိမ်နေတယ်... Nini က ဆေးသောက်နေတဲ့ ကြားထဲက ရတာဆိုတော့ ကလေးမှာ တစ်ခုခုမှားနေမှာ
ငါအရမ်းကြောက်တယ်...."

Sehun ပြောရင်း မျက်ရည်တောင် စို့လာသည်...

မလိုချင်တဲ့ကြားထဲက ရလာတဲ့ ကလေးလေးမို့
Jongin က မကြည်ဖြူလျှင်ရော....

Sehunကိုယ်တိုင်လည်း Jongin ဆီကနေ
ဒီလို ကလေးလေးရှိလာလိမ့်မယ်ဆိုတာ
လုံးဝကို မမျှော်လင့်ထားတော့တာလေ...

"အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့ sehun....
မလိုချင်သေးတဲ့ကြားထဲကတောင် ကလေးလေးက
ကံကောင်းလွန်းလို့ ရောက်လာတာလေ...
မင်းပြောထားတဲ့ အငှားကိုယ်ဝန်ကိစ္စကတော့
မလိုတော့ဘူးထင်တယ်...."

မင်ဝူးကို Sehun ကခပ်ဖွဖွရီရင်းခေါင်းညိတ်ပြကာ...

"မလိုတော့ဘုးလေ...
ငါတို့ ၂ယောက်ရဲ့ သွေးသားလေးရှိနေပြီ..."

အသံကို နားထောင်လိုက်တာနဲ့ Sehun ဘယ်လောက်ထိ
ပျော်နေမည်လဲဆိုတာ မင်ဝူးခံစားလို့ရပါတယ်..

Jongin တို့ထက် စီနီယာကျပေမယ့် Sehun နဲ့က
သူငယ်ချင်းမို့ ကလေးလေး အတွက်တော့
အဖေကောင်းတစ်ယောက်ဖြစ်လာဦးမှာ အသေချာ..

လာခြင်းကောင်းလိုက်တဲ့ ကလေးလေးပါလားနော်...

-------------

" ဟင်... Sehun ..!
တကယ်ပြောနေတာလား...."

သတိရလာပြီးပြီးချင်း ဆေးစာရွက်လေးကို
လက်ထဲ ထည့်ပေးရင်းပြောတဲ့ Sehun စကားကြောင့်
Jongin မှာ အံ့သြတကြီး....

Sehun ကတော့ ရင်တထိတ်ထိတ်နဲ့ Jongin မျက်နှာ expression ကိုလိုက်ကြည့်နေမိသည်....

" အင်း.. တကယ် Nini ရဲ့...
၂ပတ်ဘဲ ရှိသေးတယ်တဲ့...
Nini ဗိုက်ထဲမှာ ကိုယ်တို့ ကလေးလေးရှိနေပြီ..."

Jongin ဆီက ဘယ်လိုတုန့်ပြန်မှုမျိုးလာမယ်မှန်း
မသိတာကြောင့် Sehun ရင်တွေ ခုန်နေမိသည်...

မလိုချင်ဘူးလို့တော့ မပြောဘူးမလား..

စက္ကန့်အတော်ကြာငြိမ်သက်သွားတဲ့ Jongin က
သူ့ဗိုက်ကလေးပေါ်လက်တင်လိုက်ကာ Sehun မျက်နှာကို
ကြည့်လိုက်ရင်း...

"တ.တကယ်နော် Hun....
ကျနော်တို့ ကလေးလေးရှိနေတာလား..
ပြီးတော့ ထိခိုက်မိထားတာမရှိဘူးမလားဟင်...."

ကတူန်ကယင်နဲ့ ဝမ်းသာတဲ့ မျက်နှာလေးနဲ့
မေးနေတဲ့ Jongin ကြောင့် Sehun ရင်ထဲက
အပူလုံးကြီးပြုတ်ကျသွားတော့သည်....

Sehun က Jongin လက်ကလေးကို
အုပ်ကိုင်လိုက်ပြီး....

" ကလေးလေးက Nini ကောင်းကောင်း
ကာကွယ်လိုက်နိုင်လို့ ဘာမှမဖြစ်ဘူးတဲ့..."

စကားတောင်မဆုံးသေး Jongin က
Sehun ရင်ခွင်ထဲ တိုးဝင်လာကာ....

" himp..!! ကျေးဇူးတင်ပါတယ်...
Hun... ကိုရော ကလေးလေးကိုရော
ကျေးဇူးတင်ပါတယ်... "

Sehun က Jongin ကိုယ်လုံးလေးကိုပြန်ဖက်ထားလိုက်ပြီး
ကျောပြင်လေးကို ပွတ်ပေးကာ....

" မငိုရဘူးလေ Nini ရဲ့....
မျက်လုံးတွေ နာမယ်.... တိတ်နော် ကလေး..."

Sehun က Jongin မျက်ရည်တွေကို
လက်မလေးနဲ့ အသာ သုတ်ပေးကာ ငိုလိုက်လို့
ခပ်ဖောင်းဖောင်းလေးဖြစ်နေတဲ့ Jongin မျက်ဝန်းလေးတွေကို ငူံ့နမ်းတယ်....

" ကျေးဇူးတင်ပါတယ်..
အသက်ရှင်နေထိုင်လာတဲ့ အချိန်တွေထဲမှာ
မင်းပေးတဲ့ လက်ဆောင်က တန်ဖိုးအကြီးဆုံးဘဲ Nini...
ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်...."

Sehun စကားကြောင့် Jongin နှုတ်ခမ်းလေးက
ပြူံးသွားကာ Sehun လက်ဖဝါးကြီးကို တင်းကြပ်နေအောင်
ဆုပ်ကိုင်ထားလိုက်ရင်း....

" ကျနော်တို့ မိဘကောင်းတွေ ဖြစ်အောင်နေကြမယ်နော် Hun...."

Jongin စကားကို Sehun ကအနမ်းလေးတစ်ပွင့်နဲ့ အဖြေပေးလိုက်တော့ ရင်ခွင်ထဲက
Jongin ကအချိုသာဆူံးပြူံးနေခဲ့လေသည်.....

Sehunကတော့ မထင်မှတ်ထားဘဲ
ရခဲ့တဲ့ လက်ဆောင်လေးအတွက် အပျော်ဆုံးလူ
ဆိုတာ မပြောလည်း အသေချာ..!!

Daddy တို့ ၂ယောက်လုံးက အရမ်းကို
ချစ်ပေးမှာမို့ ကျန်းကျန်းမာမာနဲ့ လောကကြီးထဲကို
လာခဲ့ပေးပါ baby လေး...

------- Behind The Sence-------

ဆက်ရန်....

Continue Reading

You'll Also Like

204K 4.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
2.1M 108K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
36.3K 1.8K 40
ငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်...
306K 6.9K 28
1300 years ago, the marvelous and former glory of Narnia was tarnished. The castle of Cair Paravel, sieged by Telmarines, stood in flames as the army...