မနက်ခင်းမှာ မောင့်ကိုမျှော်ရင်းသောက်တဲ့ကော်ဖီကချိုသလောက်
ညဘက် မောင့်ကိုလွမ်းရင်းသောက်တဲ့ကော်ဖီကခါးနေတယ်
နေ့တိုင်း ယုံကြည်မှုအပြည့်နဲ့မောင့်ကိုပျော်ရွှင်စွာ
စောင့်စားနေခဲ့ပေမယ့်...
ညည့်ရောက်လာလေလေ ကျွန်မမောင့်အပေါ်စိတ်ပျက်လာလေ။
ဘယ်တော့လဲ ဘယ်တော့မှပြန်လာမှာလဲ?
မျှော်လင့်ချက်တွေပုံအောပြီးမှ
ရိုက်ချိုးပစ်ဖို့စိတ်ကူးနေပြီလားကွယ်...
အလွမ်းတွေက မချိုတတ်ဘူးဆိုတာ မောင်သိပါစ။