He is My Adorable Boyfriend [...

נכתב על ידי Riverlyn__

100K 8.3K 422

Kim Jongin × Do Kyung Soo עוד

Episode 1
Episode 02
Episode 03
Episode 04
Episode 05
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 24 (Final)

Episode 06

4.3K 424 13
נכתב על ידי Riverlyn__


Unicode

Kyung Soo နေ့လည်စာ စားနေရင်း အိပ်ကပ်ထဲက မြည်လာတဲ့ Ph ကို ထုတ်ကြည့်လိုက်တော့ Yifan Hyung .

    " Hello Hyung "

   ✆ ...........✆

    " အဲ့ဒါဆို ပြန်မလာ ဖြစ်သေးဘူးပေါ့ ဟုတ်လား Hyung "

   ✆ ...........✆

  " ရပါတယ် Kyungie အဆင်ပြေတယ် စိတ်မပူနဲ့ အလုပ်သာ ဖြောင့်ဖြောင့် လုပ် "

  ✆ .............✆

  "Nae ဒါပဲနော် အင်း အင်း "

   " Yifan Hyung ဘာဖြစ်လို့လဲ Kyung Soo "

      Ph ချပြီး အိတ်ထဲ ထည့်ထည့်ချင်း ဘေးမှာ ထိုင်နေတဲ့ Chanyeol က မေးလာသည်။
 
    " ဘာမှ မဖြစ်ပါဘူး အလုပ်တွေ မပြတ်သေးလို့ ပြန်လာလို့ မရသေးဘူးလို့ လှမ်းပြောတာပါ"

  "Huh! သူ ဘယ်တုန်းက သွားလိုက်တာလဲ "

  " တနေ့က မနက်ကလေ သူက ငါ့ကို တစ်ညပဲ လို့ပြောသွားတာ အခုက အလုပ်တွေ မပြတ်လို့တဲ့ "

  " ​အော .... ဒါနဲ့ Kyung Soo ငါ ညနေကြရင် Baekhyunee အိမ် သွားမလို့ မင်း တစ်ယောက်တည်း ပြန်လိုက်နော် ရတယ် မလား "

  " ရပါတယ် ကွာ သွားလေ သူ ဒီနေ့ နေမကောင်းလို့ ကျောင်းမလာတော့ မင်း သတိ ရ နေတယ် မလား "

  " အေးကွ ဟီး "

      သွား အဖြဲသားနဲ့ ပြောလာတဲ့ Chanyeol ရဲ့ လက်မောင်းကို မနာအောင် ခပ်ဖွဖွ ထိုးကာ အပြုံးနဲ့သာ တုန့်ပြန်လိုက်သည်။

ပြီးတော့ ကျောင်း ခေါင်းလောင်း ထိုးသွားတာနဲ့ နှစ်ယောက်လုံး စာသင်ခန်းသို့ ပြန်လည် ချီ တက်လိုက်သည်။

______________________

    " ဟားးး ငါတို့တော့ အချီကြီး ပွတာပဲဟေ့ "

         Kyung Soo နားကြပ်တပ်ကာ လမ်းလျှောက်နေတုန်း သီချင်းပြီးသွားတဲ့ အချိန်နဲ့ တိုင်ဆိုင်စွာ ကြားလိုက်ရတဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ Kyung Soo ထက် အသက်ကြီးပုံ ရသည့် လူ သုံးဦး။ ပြောရရင် ကလေကချေ ပုံစံပါ။

သူတို့ရဲ့ ရှေ့မှာ မိန်းကလေး တစ်ယောက် ။ သူမ ပုံစံက ကြောက်နေသည့် ပုံ။ ထိုသုံးယောက်က သူမကို ဆွဲလား ရမ်းလား လုပ်နေတာဖြစ်မည် ။ Kyung Soo ထို မြင်ကွင်းကို အမြင်ကပ်လာတာကြောင့် သူတို့နား သွားလိုက်ကာ ​ခြေစုံရပ်လိုက်သည်။

   " ဟေ့လူတွေ ခင်ဗျားတို့ ဘာလို့ မိန်းကလေး တစ်ယောက်ကို နှောက်ယှက်နေတာလဲ ဟမ် "

   " ဟ! ငါတို့ ဘာသာ ဘာလုပ်လုပ်ပေါ့ကွ မင်း ေ-ာက်ပူ ပါလား ဟေ့ကျောင်းသား Hero ဝင်မလုပ်ပဲ မင်းလမ်း မင်းပြန် စမ်းကွာ "

  " ကျစ်!!! ကျုပ် ေ-ာက်ပူတော့ မပါဘူး ဒါပေမယ့် မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်နေလို့ ဝင်ပါရတာ ရှင်းလား ခင်ဗျားတို့ မြန်မြန် လွှတ်လိုက်စမ်းပါ ကျုပ် ရဲခေါ်ရမှာလား "

     Kyung Soo စိတ်မရှည်သလို ပြောတော့ သူတို့ ထဲက တစ်ယောက်က

   " ဟာကွာ လူက လက်တောက်လောက်နဲ့ ရှုပ်တယ်ကွာ ဟေ့ကောင်တွေ ရိုက်စမ်းကွာ ဒီကောင့်ကို "

     ထိုလူက စကားလည်း အဆုံး လက်ကလည်း ဝိုက်ထိုးလာတာကြောင့် Kyung Soo ရှောင်လိုက်ပြီး ခြေထောက်နဲ့ လည်ပင်းကို ဖြတ်ကန်လိုက်တာကြောင့် ထိုလူ အငိုက်မိကာ မြေပြင်ပေါ် လဲကျသွားရသည်။

သူ့ ခမျာ ချောင်းတဟွတ်ဟွတ် ဆိုးလို့ ။

ဒါတောင် Kyung Soo ခြေထောက် တိုနေလို့ မဟုတ်လျှင် နှာခေါင်းရိုး ကျိုးတဲ့ အထိ ဖြစ်နိုင်သည်။

ပထမလူ လဲသွားတော့ နောက် နှစ်ယောက်ကပါ ရှူးရှူး ရှားရှားနဲ့ Kyung Soo ဆီ ပြေးဝင်လာကြသည်၊။

Kyung Soo မှီသလောက်တော့ တိုက်ခိုက်နေပေမယ့် နှစ်ယောက် တစ်ယောက်ဆိုတော့ ကြာတော့ မဟန်တော့ ။

ကင်းလှည့်ရဲတွေ ရောက်လာတော့မှ Kyung Soo ရော သူတို့ရော အနိုင်ကျင့်ခံရသည့် မိန်းကလေးပါ ရဲစခန်းသို့ အလည် တစ်ခေါက် ရောက်သွားရတော့သည်။

______________________

    " အားးး ပင်ပန်းလိုက်တာ "

       ရုံးခန်းထဲက sofa ပေါ် ထိုင်ချလိုက်ကာ ညည်းတွား မိလိုက်သည်။

ဒီနေ့ တစ်နေ့လုံး ရှယ်ယာရှင်တွေနဲ့ တွေ့နေရတာ ကြောင့် မနားရသေး ။

နေ့လည်စာ ဆိုတာလည်း ဘယ်နေမှန်း မသိ ။

Sofa ပေါ် လှဲလျောင်းကာ အနားယူနေတုန်း ကျယ်လောင်စွာ မြည်လာတဲ့ Ph သံကြောင့် လန့်သွားရသည်။

   " hello အမိန့်ရှိပါ "

   ✆ ..............✆

   " ဗျာ ရဲစခန်းက? Kyung Soo ကလား? "

    ✆ ..........✆

   "ဟုတ်ကဲ့.. အခုပဲ လာခဲ့ပါ့မယ် "

      Ph ချပြီးတာနဲ့ ကားသော့ ဆွဲကာ ပြေးရပြန်သည်။

ကောင်လေးက ရဲစခန်း ရောက်နေတယ်တဲ့ ။ ကားကို ကိုယ်တိုင်ပင် မောင်းကာ အမြန်သွားရသည်။

ရဲစခန်းကို ရောက်တော့ ဟိုဟို ဒီဒီ ရှာကြည့်တော့ တွေပါပြီ။ ရဲ တစ်ယောက် ရှေ့မှာ ထိုင်နေတဲ့ ကောင်လေး ။

    " ကောင်လေး ......."

    " Hyung ~~~~"

        ခေါ်လိုက်တော့ မော့ကြည့်လာရှာတဲ့ ကောင်လေး။ မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့။ နှုတ်ခမ်းထောင့် စွန်းမှာလည်း သွေးစို့နေသေးတာ။

  " ဘယ်လို ဖြစ်တာလဲ ကောင်လေးရယ် ဟင် "

  " ကဲ ကဲ ဒီမှာ ထိုင်လိုက်ပါ ကျုပ်ရှင်းပြမယ် "

       Kyung Soo ရှေ့မှာ ထိုင်နေတဲ့ ရဲမှူး ရဲ့ ဘု ဆတ် ဆတ် စကား။

သူကလည်း သူပဲ။ ရောက်ကတည်းက အာရုံက ကောင်လေး ဆီက မရွေ့သေးတာ။

မျက်ထောင့်နီနဲ့ ကြည့် နေတဲ့ ရဲမှူးကို သွားဖြဲပြကာ ထိုင်လိုက်ရသည်။ ရဲမှူးက

   " ဒီက Do Kyung Soo ကို အာမခံပေးမှာလား "

   " ဟုတ်ကဲ့ပါ ခင်ဗျ"

   " ဒီလိုပါ မိန်းကလေး တစ်ယောက်ကို ဟို လူ သုံးယောက်က အနိုင်ကျင့်တာကို ဒီက မောင်ရင်က ကူညီတာပါ။ ဒါပေမယ့် ကျောင်းသားဆိုတော့ အာမခံ လိုတာမို့ အုပ်ထိန်းသူကို ခေါ်လိုက်ရတာပါ ဒီမှာ  လက်မှတ်ထိုးလိုက်ပါ "

   " ဟုတ်ကဲ့ပါ "

          လက်မှတ် ထိုးပြီးတော့ ကောင်လေးကို ရဲစခန်းမှ ခေါ်ထုတ်လာနိုင်ခဲ့သည်။ ကားပေါ်ရောက်တော့

   " ကျေးဇူးတင်ပါတယ် Hyung "

      မျက်လွှာလေးချပြီး ကျေးဇူးတင်စကား ပြောလာလေရဲ့...

  " ရပါတယ် ကောင်လေးရဲ့ စိတ်ထဲ မထားနဲ့နော်  တစ်ခုခုသွားစားကြမလား ဗိုက်ဆာတယ် မလား "

  " ဟုတ်ကဲ့ Hyung "

       ကောင်လေးဆီက အဖြေနဲ့ အတူ အပြုံး တစ်ခုကို လက်ခံ ရရှိပြီး သည့်နောက် ကားလေးကတော့ ဆိုင်တစ်ဆိုင် ဆီသို့ .............။

________________

Zawgyi

Kyung Soo ေန႔လည္စာ စားေနရင္း အိပ္ကပ္ထဲက ျမည္လာတဲ့ Ph ကို ထုတ္ၾကည့္လိုက္ေတာ့ Yifan Hyung .

    " Hello Hyung "

   ✆ ...........✆

    " အဲ့ဒါဆို ျပန္မလာ ျဖစ္ေသးဘူးေပါ့ ဟုတ္လား Hyung "

   ✆ ...........✆

  " ရပါတယ္ Kyungie အဆင္ေျပတယ္ စိတ္မပူနဲ႔ အလုပ္သာ ေျဖာင့္ေျဖာင့္ လုပ္ "

  ✆ .............✆

  "Nae ဒါပဲေနာ္ အင္း အင္း "

   " Yifan Hyung ဘာျဖစ္လို႔လဲ Kyung Soo "

      Ph ခ်ၿပီး အိတ္ထဲ ထည့္ထည့္ခ်င္း ေဘးမွာ ထိုင္ေနတဲ့ Chanyeol က ေမးလာသည္။
 
    " ဘာမွ မျဖစ္ပါဘူး အလုပ္ေတြ မျပတ္ေသးလို႔ ျပန္လာလို႔ မရေသးဘူးလို႔ လွမ္းေျပာတာပါ"

  "Huh! သူ ဘယ္တုန္းက သြားလိုက္တာလဲ "

  " တေန႔က မနက္ကေလ သူက ငါ့ကို တစ္ညပဲ လို႔ေျပာသြားတာ အခုက အလုပ္ေတြ မျပတ္လို႔တဲ့ "

  " ​ေအာ .... ဒါနဲ႔ Kyung Soo ငါ ညေနၾကရင္ Baekhyunee အိမ္ သြားမလို႔ မင္း တစ္ေယာက္တည္း ျပန္လိုက္ေနာ္ ရတယ္ မလား "

  " ရပါတယ္ ကြာ သြားေလ သူ ဒီေန႔ ေနမေကာင္းလို႔ ေက်ာင္းမလာေတာ့ မင္း သတိ ရ ေနတယ္ မလား "

  " ေအးကြ ဟီး "

      သြား အၿဖဲသားနဲ႔ ေျပာလာတဲ့ Chanyeol ရဲ႕ လက္ေမာင္းကို မနာေအာင္ ခပ္ဖြဖြ ထိုးကာ အၿပဳံးနဲ႔သာ တုန႔္ျပန္လိုက္သည္။

ၿပီးေတာ့ ေက်ာင္း ေခါင္းေလာင္း ထိုးသြားတာနဲ႔ ႏွစ္ေယာက္လုံး စာသင္ခန္းသို႔ ျပန္လည္ ခ်ီ တက္လိုက္သည္။

______________________

    " ဟားးး ငါတို႔ေတာ့ အခ်ီႀကီး ပြတာပဲေဟ့ "

         Kyung Soo နားၾကပ္တပ္ကာ လမ္းေလွ်ာက္ေနတုန္း သီခ်င္းၿပီးသြားတဲ့ အခ်ိန္နဲ႔ တိုင္ဆိုင္စြာ ၾကားလိုက္ရတဲ့ အသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ Kyung Soo ထက္ အသက္ႀကီးပုံ ရသည့္ လူ သုံးဦး။ ေျပာရရင္ ကေလကေခ် ပုံစံပါ။

သူတို႔ရဲ႕ ေရွ႕မွာ မိန္းကေလး တစ္ေယာက္ ။ သူမ ပုံစံက ေၾကာက္ေနသည့္ ပုံ။ ထိုသုံးေယာက္က သူမကို ဆြဲလား ရမ္းလား လုပ္ေနတာျဖစ္မည္ ။ Kyung Soo ထို ျမင္ကြင္းကို အျမင္ကပ္လာတာေၾကာင့္ သူတို႔နား သြားလိုက္ကာ ​ေျခစုံရပ္လိုက္သည္။

   " ေဟ့လူေတြ ခင္ဗ်ားတို႔ ဘာလို႔ မိန္းကေလး တစ္ေယာက္ကို ေႏွာက္ယွက္ေနတာလဲ ဟမ္ "

   " ဟ! ငါတို႔ ဘာသာ ဘာလုပ္လုပ္ေပါ့ကြ မင္း ေ-ာက္ပူ ပါလား ေဟ့ေက်ာင္းသား Hero ဝင္မလုပ္ပဲ မင္းလမ္း မင္းျပန္ စမ္းကြာ "

  " က်စ္!!! က်ဳပ္ ေ-ာက္ပူေတာ့ မပါဘူး ဒါေပမယ့္ မိန္းကေလး တစ္ေယာက္ကို အႏိုင္က်င့္ေနလို႔ ဝင္ပါရတာ ရွင္းလား ခင္ဗ်ားတို႔ ျမန္ျမန္ လႊတ္လိုက္စမ္းပါ က်ဳပ္ ရဲေခၚရမွာလား "

     Kyung Soo စိတ္မရွည္သလို ေျပာေတာ့ သူတို႔ ထဲက တစ္ေယာက္က

   " ဟာကြာ လူက လက္ေတာက္ေလာက္နဲ႔ ရႈပ္တယ္ကြာ ေဟ့ေကာင္ေတြ ႐ိုက္စမ္းကြာ ဒီေကာင့္ကို "

     ထိုလူက စကားလည္း အဆုံး လက္ကလည္း ဝိုက္ထိုးလာတာေၾကာင့္ Kyung Soo ေရွာင္လိုက္ၿပီး ေျခေထာက္နဲ႔ လည္ပင္းကို ျဖတ္ကန္လိုက္တာေၾကာင့္ ထိုလူ အငိုက္မိကာ ေျမျပင္ေပၚ လဲက်သြားရသည္။

သူ႔ ခမ်ာ ေခ်ာင္းတဟြတ္ဟြတ္ ဆိုးလို႔ ။

ဒါေတာင္ Kyung Soo ေျခေထာက္ တိုေနလို႔ မဟုတ္လွ်င္ ႏွာေခါင္း႐ိုး က်ိဳးတဲ့ အထိ ျဖစ္ႏိုင္သည္။

ပထမလူ လဲသြားေတာ့ ေနာက္ ႏွစ္ေယာက္ကပါ ရႉးရႉး ရွားရွားနဲ႔ Kyung Soo ဆီ ေျပးဝင္လာၾကသည္၊။

Kyung Soo မွီသေလာက္ေတာ့ တိုက္ခိုက္ေနေပမယ့္ ႏွစ္ေယာက္ တစ္ေယာက္ဆိုေတာ့ ၾကာေတာ့ မဟန္ေတာ့ ။

ကင္းလွည့္ရဲေတြ ေရာက္လာေတာ့မွ Kyung Soo ေရာ သူတို႔ေရာ အႏိုင္က်င့္ခံရသည့္ မိန္းကေလးပါ ရဲစခန္းသို႔ အလည္ တစ္ေခါက္ ေရာက္သြားရေတာ့သည္။

______________________

    " အားးး ပင္ပန္းလိုက္တာ "

       ႐ုံးခန္းထဲက sofa ေပၚ ထိုင္ခ်လိုက္ကာ ညည္းတြား မိလိုက္သည္။

ဒီေန႔ တစ္ေန႔လုံး ရွယ္ယာရွင္ေတြနဲ႔ ေတြ႕ေနရတာ ေၾကာင့္ မနားရေသး ။

ေန႔လည္စာ ဆိုတာလည္း ဘယ္ေနမွန္း မသိ ။

Sofa ေပၚ လွဲေလ်ာင္းကာ အနားယူေနတုန္း က်ယ္ေလာင္စြာ ျမည္လာတဲ့ Ph သံေၾကာင့္ လန႔္သြားရသည္။

   " hello အမိန႔္ရွိပါ "

   ✆ ..............✆

   " ဗ်ာ ရဲစခန္းက? Kyung Soo ကလား? "

    ✆ ..........✆

   "ဟုတ္ကဲ့.. အခုပဲ လာခဲ့ပါ့မယ္ "

      Ph ခ်ၿပီးတာနဲ႔ ကားေသာ့ ဆြဲကာ ေျပးရျပန္သည္။

ေကာင္ေလးက ရဲစခန္း ေရာက္ေနတယ္တဲ့ ။ ကားကို ကိုယ္တိုင္ပင္ ေမာင္းကာ အျမန္သြားရသည္။

ရဲစခန္းကို ေရာက္ေတာ့ ဟိုဟို ဒီဒီ ရွာၾကည့္ေတာ့ ေတြပါၿပီ။ ရဲ တစ္ေယာက္ ေရွ႕မွာ ထိုင္ေနတဲ့ ေကာင္ေလး ။

    " ေကာင္ေလး ......."

    " Hyung ~~~~"

        ေခၚလိုက္ေတာ့ ေမာ့ၾကည့္လာရွာတဲ့ ေကာင္ေလး။ မ်က္ႏွာမွာလည္း ဒဏ္ရာေတြနဲ႔။ ႏႈတ္ခမ္းေထာင့္ စြန္းမွာလည္း ေသြးစို႔ေနေသးတာ။

  " ဘယ္လို ျဖစ္တာလဲ ေကာင္ေလးရယ္ ဟင္ "

  " ကဲ ကဲ ဒီမွာ ထိုင္လိုက္ပါ က်ဳပ္ရွင္းျပမယ္ "

       Kyung Soo ေရွ႕မွာ ထိုင္ေနတဲ့ ရဲမႉး ရဲ႕ ဘု ဆတ္ ဆတ္ စကား။

သူကလည္း သူပဲ။ ေရာက္ကတည္းက အာ႐ုံက ေကာင္ေလး ဆီက မေ႐ြ႕ေသးတာ။

မ်က္ေထာင့္နီနဲ႔ ၾကည့္ ေနတဲ့ ရဲမႉးကို သြားၿဖဲျပကာ ထိုင္လိုက္ရသည္။ ရဲမႉးက

   " ဒီက Do Kyung Soo ကို အာမခံေပးမွာလား "

   " ဟုတ္ကဲ့ပါ ခင္ဗ်"

   " ဒီလိုပါ မိန္းကေလး တစ္ေယာက္ကို ဟို လူ သုံးေယာက္က အႏိုင္က်င့္တာကို ဒီက ေမာင္ရင္က ကူညီတာပါ။ ဒါေပမယ့္ ေက်ာင္းသားဆိုေတာ့ အာမခံ လိုတာမို႔ အုပ္ထိန္းသူကို ေခၚလိုက္ရတာပါ ဒီမွာ  လက္မွတ္ထိုးလိုက္ပါ "

   " ဟုတ္ကဲ့ပါ "

          လက္မွတ္ ထိုးၿပီးေတာ့ ေကာင္ေလးကို ရဲစခန္းမွ ေခၚထုတ္လာႏိုင္ခဲ့သည္။ ကားေပၚေရာက္ေတာ့

   " ေက်းဇူးတင္ပါတယ္ Hyung "

      မ်က္လႊာေလးခ်ၿပီး ေက်းဇူးတင္စကား ေျပာလာေလရဲ႕...

  " ရပါတယ္ ေကာင္ေလးရဲ႕ စိတ္ထဲ မထားနဲ႔ေနာ္  တစ္ခုခုသြားစားၾကမလား ဗိုက္ဆာတယ္ မလား "

  " ဟုတ္ကဲ့ Hyung "

       ေကာင္ေလးဆီက အေျဖနဲ႔ အတူ အၿပဳံး တစ္ခုကို လက္ခံ ရရွိၿပီး သည့္ေနာက္ ကားေလးကေတာ့ ဆိုင္တစ္ဆိုင္ ဆီသို႔ .............။

________________




המשך קריאה

You'll Also Like

376K 14.8K 43
a yang jungwon fanfiction ; ⌗ a boy and a girl made a huge mistake at a party ↻ completed [ extremely cringe writing and a lot of plotholes ahead. re...
3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.7K 208 8
[completed] (zawgyi) "သူမဆီ သြားမယ့္အစား ကၽြန္ေတာ့္ဆီကို လာခဲ့လို႔ မရဘူးလား?" (unicode) "သူမဆီ သွားမယ့်အစား ကျွန်တော့်ဆီကို လာခဲ့လို့ မရဘူးလား?" 》a m...
7.7K 300 27
A month after election, it was official, she's now the new elected Mayor of Muntinlupa City. A place near her heart. The Galvez, family of doctors...