ဘာကြောင့်လဲ ...မတရားဘူးလို့ အော်ဟစ်မနေချင်ပေမယ့်
ကျနော် ရဲ့မွေးဖွားလာမှုကို ပထမဆုံးအကြိမ် စိတ်ပျက်မိသည်.....
လူသား မဆန်စွာ ရက်စက်လွန်းသူရဲ့ သားတစ်ယောက်
အဖြစ် မွေးဖွားခဲ့တာ ...
ကျနော်ဟာ လူသက်သမားရဲ့ သားဆိုသော အသိက
အသက်ရှုဖို့ကိုတောင် ခဲယဉ်းစေတယ်.....
သခင်...ဘယ်လောက်ထိ နာကျင်ခဲ့လဲဆိုတာ
ကိုယ်တိုင် မြင်ဖူးခဲ့တာ ..
သူ့နေရာမှာ ကိုယ်သာဆို ဒီအထိ အသက်ရှင်နိုင်ပါ့မလား
ခက်ခဲလွန်းတဲ့ လောကဓံ ကိုအရှုံးပေးပီး ထွက်သွားမိလိမ့်မည်ထင်သည်.....။
" ကိုသစ် "
" သုနြေ္ဒ မပြန်သေးဘူးလား "
" အဲ့ဒါ သုနြေ္ဒ မေးရမှာပါ ကိုသစ် ရုံးဆင်းတာ
မတွေ့လို့ ပြန်လှည့်လာတာ ..ဘာလို့ တစ်ယောက်ထဲ
သောက်နေတာလဲ ဘားကိုမသွားဘူးလား "
" ဟင့်အင်း..ကိုယ်တစ်ယောက်ထဲ အေးဆေး နေချင်လို့ပါ"
" ကိုသစ် မှာစိတ်ညစ်စရာတွေ ရှိနေလားဟင်
သုနြေ္ဒ ကိုပြောပြလို့ရပါတယ် ..ကိုသစ် အခုလိုခံစားနေရတာ
သုနြေ္ဒ မကြည့်ရက်ဘူး "
" ဟင်း....ကျေးဇူးပဲ သုနြေ္ဒ.. .မင်းမကြည့်ရက်ပေမယ့်
ကြည့်ရက်သူတွေ ရှိတယ် hk "
မူးနေပေမယ့် သူ့အသိစိတ်တွေ ပြောက်လောက်အောင်ထိ
မမူးသေး...
တင်းကျပ်နေသည့် ရင်ဘက်ထဲမှာ တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေမိသည်....။
" သုနြေ္ဒ "
"ပြောလေ ကိုသစ် "
" မင်း မျက်လုံးထဲမှာ ကိုယ့်ကို ဘယ်လိုမြင်လဲ"
"သုနြေ္ဒ ကဘယ်လိုမြင်ရမှာလဲ "
"မင်း မြင်သလိုပဲ ဖြေပါ"
" ok....ကိုသစ်က ချောတယ် ချောတာထက် ခန့်တယ်
တည်ကြည်တယ် ယောက်ျားပီသတယ်...
တော်တယ် ထက်တယ်...ပစ္စည်းဥစ္စာလဲ ပြည့်စုံတယ်
အရည်အချင်းလဲ ရှိတယ် "
"hk ဒါပဲလား....မင်း မြင်သလို
ငါမပြည့်စုံဘူး သုနြေ္ဒ ..
ဒီမှာ ငါ့မှာရှိတဲ့ အရာတွေက ငါပိုင်တာတွေမဟုတ်ဘူး
ငါက...ဘားမှမရှိတဲ့ အခွံ..."
" ကိုသစ် မူးနေပြီ "
" ငါ့မှာ...ငါ့မှာ ပိုင်ဆိုင်တာဆိုလို့ လူမဆန်တဲ့
သူတစ်ယောက်ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ပဲ ...
ဘာလို့လဲ ...ဘာလို့ ငါက သူအမုန်းဆုံး သူတစ်ယောက်ရဲ့
သားအဖြစ် မွေးဖွားခဲ့တာလဲ ...ဘာလို့လဲ...."
"ကိုသစ် "
"မင်းသိလား ....ဒီမှာ ...ဒီက အရမ်းနာကျင်ရတယ်
ငါ သူ့ကို သိပ်ချစ်တာ ဒါပေမယ့် ...ငါက...ငါက
သူ့ကို ချစ်ခွင့်မရှိတဲ့သူဖြစ်နေတယ်...."
ချစ်ရသူရဲ့ မျက်ဝန်းက ကျတဲ့မျက်ရည်တွေကို ကျမ
မမြင်ချင်ဘူး....
ကိုယ့်ရင်ဘက်ကိုယ် တဖုန်းဖုန်း ထုရိုက်နေတဲ့ လက်တွေကို
ဆုပ်ကိုင် အားပေးမိသည်....
မငိုပါနဲ့ ရှင်ငိုရင် ကျမနာကျင်တယ်.....။
" ဘာလို့လဲ ဘာလို့ငါက ဦးမျိုးရာဇ ဆိုတဲ့လူကြီးရဲ့
သားဖြစ်နေရတာလဲ သားတစ်ယောက်လို
အသိအမှတ်မပြု အလိုမရှိတဲ့ အဖေတစ်ယောက်အပြင်
ရက်စက်ကြမ်းကျုတ်လွန်းတဲ့ လူကြီးက ငါ့အဖေတဲ့လား
ပြောင်းလဲလို့မရနိုင်တော့ဘူးဟင်....
သုနြေ္ဒ ပြောစမ်းပါ ..ငါက သူ့သားမဟုတ်ဘူးမှလား...."
"သုနြေ္ဒ နားလည်တယ်...ကိုသစ်ကို
သုနြေ္ဒ နားလည်ပါတယ် "
ပါးပြင်ပေါ်က မျက်ရည်စက်တွေကို ဖွဖွတို့သုပ်ပေးမိသည်။
တဆက်ဆက်တုန်နေတဲ့ နှုတ်ခမ်းတွေကို အနမ်းဖွဖွပေးမိတော့....။
" သုနြေ္ဒ ကိုယ်"
" သုနြေ္ဒ တို့ ဒီညကို မေ့ထားရအောင်...
ခနလောက်ဖြစ်ဖြစ် သစ် ရင်ထဲက နာကျင်မှုတွေ
လျော့ပါးသွားအောင် သုနြေ္ဒ ကူညီပါရစေ"
" ဒါပေမယ့် "
ရီဝေစွာ ညှို့ငင်နေသော သူမမျက်ဝန်းတွေ...
ပြောခွင့်မရတော့သည် နှုတ်ခမ်းတို့မှာ အနမ်းတို့ကို
သူမက ဦးဆောင်လျှက်....
တကယ်ပဲ မေ့ပြောက်ထားရမလား....
ရင်ထဲမှာ မွန်းကျပ်လွန်းလို့ ခနလောက်ဖြစ်ဖြစ်
မေ့ထားချင်မိသည်.....။
📞
" hallo .....ဟုတ် ဘညို
ဗျာ.....ကျနော် အခုလာခဲ့မယ် "
" သစ် "
"sorry သုနြေ္ဒ သခင်ဆေးရုံမှာ
ကိုယ်အခုသွားမှဖြစ်မယ် "
ပြုတ်နေပြီး ဖြစ်သော ကြယ်သီးတချို့ကို ပြန်တပ်ရင်း
ထွက်သွားဖို့လုပ်တော့ သူမက လက်ကိုဆွဲထားသည်..။
" ဒီအချေအနေမျိုးမှာ သုနြေ္ဒ ကို
တစ်ယောက်ထဲ ထားခဲ့မလို့လား "
သူမ လှပါသည်...အဝတ်အစားတို့ ကပိုကရိုဖြစ်နေပုံက
အစ အမြင်ရိုင်းခြင်းထက် ဆွဲဆောင်မှုရှိလွန်းတာ ..
ဒါပေမယ့်......
" sorry သုနြေ္ဒ ကိုယ့်ဘဝမှာ သခင့်ထက်
အရေးကြီးတာ ဘားမှမရှိဘူး "
"သစ်....."
အော်ခေါ်ပေမယ့် သူ့အကြည့်တွေ လှည့်မလာခဲ့...
သခင့်ထက် အရေးကြီးတာ ဘားမှမရှိဘူးတဲ့လား ..
ဘယ်ယောက်ျားမဆို ကျရှုံးရမြဲ သူမ အလှအပက
ရာစုသစ်ဆိုသော ယောက်ျားတစ်ယောက်အတွက်တော့
ဘားမှမဟုတ်ခဲ့ဘူးလား....
ရှင့်ဘဝ ရဲ့ အရေးကြီးဆုံးဆိုသော အရာသာ
ပြောက်ကွယ် သွားခဲ့ရင် ရှင် ဘယ်လိုနေမယ်ဆိုတာ
ကျမသိချင်မိတယ် ......။
" ဘညို "
" သစ် "
"သခင်ရော "
" သခင်လေးအခု ခွဲစိတ်ခန်းထဲမှာ ဒဏ်ရာက
သွေးထွက် လွန်ထားလို့ စိုးရိမ်ရတယ်တဲ့ "
"ဘယ်လိုဖြစ်ရတာလဲ သခင့်ကို ဘယ်သူလုပ်ကြံတာလဲ "
" just စုံစမ်းနေတယ် သစ် နေမကုန်ခင်
သိရလောက်တယ် "
" သခင် ဘားမှမဖြစ်ရဘူး "
တဆက်ဆက်တုန်နေသော လက်တွေကို
ရလို့ရငြား ဖိဆုပ်ထားပေမယ့် မပြေ...သခင်သာ
တစ်ခုခု ဖြစ်သွားရင်...
ဟင့်အင်း မဖြစ်ဘူး ကျနော် သခင့် ကိုယုံတယ် ...။
" ရာစုသစ် မင်းက ဘာလို့ ဒီရောက်နေတာလဲ "
" ကျနော် သခင့်စီလာတာ "
"မလိုဘူး မင်းပြန်တော့ "
" မပြန်နိုင်ဘူး "
"မင်း "
သူ့အင်္ကျံကော်လံကို ဆုပ်ဆွဲထားသော just မျက်ဝန်းတို့မှာ
ဒေါသကြောငိ့ ရဲရဲနီနေသည်.....။
အရင်တုန်းထဲက စကားသိပ်မပြောပေမယ့်
သူ့ကို မကျေနပ်ဘူးဆိုတာ စိတ်က အလိုလိုခံစားနေမိပီးသား
ဘာ့ကြောင့်မှန်းတော့မသိ....။
"just တော်စမ်း လက်ကိုလွှတ်လိုက်စမ်း
ဒါဆေးရုံ သခင်လေးက ခွဲခန်းထဲမှာ မင်းဘာဖြစ်နေတာလဲ"
" အဖေ ဘာသိလို့လဲ နေ ခုလိုဖြစ်ရတာ သူ့ကြောင့်..
သူ့ကြောင့် နေ လုပ်ကြံခံရတာ ဒါတောင် ဒီကို
မျက်နှာပြောင်တိုက်ပီး လာရဲသေးတယ် "
" ခင်ဗျားပြောနေတာတွေ ကျနော်မသိဘူး
သခင့် အနားကိုမလာအောင် ပြောနေတာဆိုရင်တော့
sorryပဲ ကျနော် နားမထောင်နိုင်ဘူး "
" မင်းသိဖို့ မလိုဘူး ထွက်သွားဖို့ပဲလိုတာ "
"ကျနော် မသွားဘူးလို့ပြောနေတယ်နော် ခင်ဗျား
လွှတ်စမ်းပါ ကျနော်မသွားဘူး "
"just ...အခုရပ်စမ်း မင်းကိုငါပြောနေတယ်မှလား
သစ် ကိုခေါ်လိုက်တာ ငါ..ခွဲခန်းထဲမှာပဲ ရှိနေသေးတဲ့
သခင်လေးအတွက် နမိတ်မရှိတဲ့ စကားတွေ ငါမသုံးချင်ဘူး
ပြသနာကို ပိုရှုပ်ထွေးအောင်မလုပ်စမ်းပါနဲ့ "
" ဟာာ...တောတ်!! "
ဒေါသ ဖြစိဖြစ်နဲ့ နံရံကိုသာ ဆွဲထိုးမိသည်....။
စိတ်ရှိလက်ရှိသာ ပြုမူရလျှင် ထိုကောင်လေးကို
အမှုန့်ကြိတ်ပစ်တာ....
နေ့  အနားမှာပဲ တဝဲဝဲတလယ်လယ် လုပ်နေလို့
ဟိုက ရိပ်မိသွားပြီး ရာစုသစ်နောက်မှာရှိနေတာ
နေ မှန်းသိတာနဲ့ ဖြုတ်ပစ်ဖို့
ကြိုးစားကြတာ ...
ဒီပြသနာ အားလုံးရဲ့ တရားခံက ဒင်း တောက်.....။
"ဆရာ လူနာ အခြေအနေ "
ခွဲခန်းထဲက ဆရာဝန် ထွက်လာတာနဲ့ အပြေးသွားကာ
မေးမိသည်.....။
" ဒဏ်ရာက ဒီ့ထက် နည်းနည်းသာ ပိုနက်ခဲ့ရင်
သူ့နှလုံးကို ဖောက်ပီးဝင်သွားမှာ ကျနော်တို့
ကံကောင်းသွားတယ် စိုးရိမ်စရာတော့ မရှိတော့ပါဘူး
ဒါပေမယ့် သတိရ လာဖို့တော့ စောင့်ကြည့်ရလိမ့်မယ် "
" တော်သေးတာပေါ့ ကျေးဇူးတင်ပါတယ် ဆရာ "
"ဩော် ဒါနဲ့ လူနာရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပီး
အသေးစိတ်ရှင်းပြဖို့ လိုလိမ့်မယ် တော်ကြာ မှူခင်းနဲ့
ပတ်သတ်တာမျိုးဆို "
" အဲ့လို လုံးဝ မဖြစ်စေရပါဘူး ဆရာ just ဆရာနဲ့
လိုက်သွားပီး ရှင်းပြပေးလိုက်ပါ.."
"လူနာခန်းကို ပြောင်းပီးရင် ဝင်တွေ့လို့ရပါပြီ
ခွင့်ပြုပါအုံး "
"ဟုတ်ကဲ့ပါ ဆရာ "
လူနာ ကုတင်ထက် လှဲလျောင်းကာ အိပ်စက်နေသူ...
အနည်းငယ် ရှည်လာပီ ဖြစ်သော ဆံနွယ်ညိုများက
ဖြူဖွေးသော ခေါင်းအုံးပေါ်မှာ ဝေ့ဝိုက်ကာ
နေရာယူနေကြသည်...
နဂိုနီစွေးသော နှုတ်ခမ်းပါးလေးတွေက ခုချိန်မှာတော့
သွေးမရှိသလို ဖြူဖျော့နေလျှက်...
သွေးကြောများ အမြှောင်းလိုက် ထင်းနေသော
လက်သွယ်သွယ်လေးမှာ စိုက်ဝင်နေဆဲ အပ်ကို
ဖြစ်နိုင်ရင် ဖြုတ်ပစ်လိုက်ချင်သည်..
ကျနော့် ချစ်သူရဲ့ ကိုယ်ပေါ်အပ်ပေါက်ရာလေးတောင်
အထင်မခံချင်ဘူး ...
ခုတော့.....။
" သခင် ခင်ဗျားအိပ်နေတာ ၂ရက်ရှိနေပြီ ...
ဘယ်ချိန်ထိ အိပ်နေအုံးမှာလဲ..ဘာလဲ ကျနော့်ကို
မမြင်ချင်လို့ အိပ်ချင်ယောင်ဆောင်နေတာလား...
ကျနော့်ကို အဲ့လောက်ထိ မုန်းနေလား....
မေးတာ ဖြေလေ...ခင်ဗျား ကျနော့်ကို မုန်းတယ်ဆိုရင်
ထပါတော့ ထပီး မင်းကိုငါမုန်းတယ်လို့ ပြော...
ဒီလိုနေမနေနဲ့ "
ခင်ဗျားကို ဒီလိုမြင်နေရတာ ကျနော့်ရင်တစ်ခုလုံး
ပေါက်ကွဲထွက်နေသလိုပဲ ဆိုတာသိရဲ့လား...
ခင်ဗျားကတိပေးထားတယ် မဟုတ်လား ယောက်ျားဆိုတာ
ကတိတည်ရတယ် အဲ့ဒါကြောင့် ခင်ဗျား ကျနော့်ကို
ထားခဲ့လို့မရဘူး သခင်....။
" ကျနော့်ဘဝ တလျောက်လုံး ခင်ဗျားစကားပဲ
နားထောင်ခဲ့တာ .. ဒီတစ်ခါတော့ ကျနော် စကားကို
ခင်ဗျား နားထောင်ရမယ် သခင်....
ခင်ဗျား ကျနော့်ကို ဒီလိုထားခဲ့လို့မရဘူး...
ပြန်လာခဲ့ပါ .. ဒါ အမိန့်ပဲ "
မျက်ရည်ကျတာ ပျော့ညံတဲ့သူတွေပဲ ကျတာတဲ့
ကျနော့် မျက်ရည်တွေကို ခင်ဗျားမုန်းတယ်ဆို..
ခု ခင်ဗျားကြောင့် ..
မငိုဘူးလို့ အံကြိတ်ထားပေမယ့် ကျလာတဲ့ မျက်ရည်တွေက
မစဲသော မိုးလို ပါးပြင်မှာ ဆွဲယူထိကပ်ထားသည့်
လက်ဖမိုးလေးကိုပါ စိုရွှဲသွားစေသည်..။
" သစ် မင်းအိမ်ပြန်နားလိုက်ပါလား ဘညိုစောင့်နေပေးပါ့မယ် တော်ကြာ မင်းပါ လဲသွားလိမ့်မယ်"
" ဟင့်အင်း ကျနော် သခင့်အနားမှာပဲ ရှိနေချင်တယ်.."
"ဒါပေမယ့် မင်းမစားမသောက်ပဲတော့ မနေသင့်ဘူးမှလား
မင်းကိုယ်လဲ ပြန်ကြည့်အုံး အနံထွက်နေပြီ..သွားပါ
အိမ်ပြန်ရေးချိုးပီး တရေးနားပီးမှ ပြန်လာခဲ့ အကြောင်းထူးရင်
ဘညို ဖုန်းဆက်လိုက်မယ် "
"ဘညို ကျနော် "
" သခင်လေးကနိုးလာမှာပါ သူနိုးလာရင်
မင်းကို ဒီပုံစံနဲ့မြင်ပီး စိတ်ဆင်းရဲစေချင်လို့လား "
ဘယ်သူ့စကားမှ နားမထောင်သော တစွတ်ထိုးတစောက်ကန်းလေး အလေးထားပီး နားထောင်သည်မှာ
သခင် တစ်ယောက်သာ ရှိသည်မို့....
ခုလဲ သခင် စိတ်ဆင်းရဲမယ်ဆိုမှ ပြန်ဖို့လုပ်သည်...
ဒါတောင် ရေချိုးပီး ပြန်လာမယ်တဲ့
သွားမယ့်အချိန်ခနလေးကို မှာတာမဆုံး.......။
ရေချိုးခန်းထဲက ထွက်တာနဲ့ ဝင်လာတဲ့ ဖုန်းကြောင့်
တွေ့ရာ အဝတ်ကောက်စွပ်ပီး ပြေးထွက်ခဲ့တာ ဖိနပ်တောင်
မလဲနိုင်ဘူး...
အိမ်စီးဖိနပ် နဲ့ တွေ့ရာ ဆွဲဝတ်ခဲ့သည့် တီရှပ်
ဖို့ရို့ဖားယား ကြီးဝတ်ပီး ဆေးရုံထဲပြေးဝင်လာသည့်
သူ့ကို လူတိုင်းက အထူးအဆန်းလို
ကြည့်နေတာလဲ ဂရုမထားနိုင် .. အိမ်ပြန်ပီးရေချိုးတာ
နာရီဝက်ပင် မပြည့်သေး သူမရှိတဲ့အချိန်မှ
သတိရ လာတယ်တဲ့လား......။
အလျှင်စလို ဆွဲဖွင့်လိုက်တဲ့ တခါးနောက်က
မြင်ကွင်းက အမောတွေကို ပြေပြောက်စေသည်...။
Just ရဲ့ လက်တစ်ဖက်ကို ပြန်ဆုပ်ကိုင်ပီး ခပ်ယဲ့ယဲ့
ပြုံးနေပါသော ချစ်ရသူ....
ရင်ထဲက အပူလုံးကျသွားပေမယ့် ကိုယ့်ကိုမြင်မှ
ပြောက်ကွယ်သွားတဲ့ အပြုံးလေးကြောင့်တော့
နာကျင်ရတယ် .......။
" ငါ ဆေးရုံဆင်းမယ် just "
" နေ ..ဒါက "
" မဆင်းရဘူး ...သခင် ခုမှသတိရ လာတာ "
"ငါ့ အခြေအနေကို ငါသိတယ် .. ရာစုသစ်
ငါ လက်စားမချေရသေးသ၍ မသေသေးဘူး "
" ဒါဆိုလဲ နေကောင်းတဲ့အထိ နေလေ ဘာလို့
ဆေးရုံက ဆင်းချင်ရတာလဲ ခင်ဗျားလက်စားချေမယ်ဆို
ခင်ဗျားကိုခင်ဗျား ကောင်းအောင်အရင်လုပ် "
" မင်းအမိန့်ပေးစရာမလိုဘူး .. ငါဆင်းမယ်ဆို
ဆင်းမယ်ပဲ .. just ဆေးရုံဆင်းဖို့ သွားလုပ် "
" ok ..နေ ဒါပေမယ့် နတ်စ် ငှါးမှာတော့
ခွင့်ပြု "
" မလိုဘူး ...အဲ့လောက်ဆင်းချင်နေရင် ဆင်းရမယ်
နတ်စ်မလိုဘူး ..သူ့နားမှာ ကျနော်ရှိတယ် "
ပြောပြောဆိုဆို လက်မှာ သွင်းထားဆဲ ဆေးပိုက်ကို
ဆွဲဖြုတ်ပစ်လိုက်ပီး ..
သခင့်ကို ကောက်ပွေ့လိုက်သည်...။
" ရာစုသစ်..မင်း ..ဘာလုပ် "
" ခင်ဗျား ငြိမ်ငြိမ်မနေရင် ဒဏ်ရာ ပိုဆိုးသွားလိမ့်မယ်
ငြိမ်ငြိမ်နေ "
" မင်း ဘာတွေ လုပ်နေတာလဲ "
" ခင်ဗျားကို ပွေ့ချီထားတာလေ ..ခုအိမ်ပြန်မယ်"
" ငါ့တိုက်ခန်းပဲ ပြန်ပို့ပေး "
" ဘယ်သူက ခင်ဗျားတိုက်ခန်းကို လိုက်ပို့မယ်
ပြောလဲ...စောနက ခင်ဗျားလုပ်ချင်တာ လုပ်ပီးပြီ..
ဒီတစ်ခါ ကျနော့်အလှည့် "
" ရာစုသစ်..မင်း "
သခင်လေးကို ပွေ့ချီကာ ခြေလှမ်းကျဲတွေနဲ့ ထွက်သွားတာကို
ကြောင်ငေးကြည့်နေပီးမှ သတိဝင်ကာ ပစ္စည်းတွေ
သိမ်းရသည်...ခုထက်ထိ မတ်တပ်မေ့နေသော သားဖြစ်သူ
ပခုံးကို ပုတ်ရင်း....
" Just သွားဆေးရုံဆင်းဖို့ လုပ်တော့လေ အမြန် "
" ဟင်...အင်း "
ဆေးရုံဆင်းဖို့ကို ကိုယ်က သွားလုပ်ပေးမယ်
လုပ်တုန်းရှိသေး နေ့ကို ပွေ့ချီကာ ထွက်သွားသူကို
မျက်စိတဆုံး ကြောင်ငေးကြည့်နေမိသည်....
ငါ့ဘဝမှာ နေ့စီက အမိန့်တစ်ခုပဲ နာခံရမယ် ထင်တာ
ခု နောက်ထပ် အမိန့်ပေးမယ့်သူပါ ပေါ်လာတာပဲ...
hk .. okပါတယ် သူမနာကျင်သရွေ့ ကိုယ်နာခံယုံပေါ့...။
.....................................................................
ဝါသနာအရ ရေးတာမှန်ပေမယ့် ကိုယ်ကိုတိုင်လဲ
ပညာမပြည့်စုံသေးမှန်း သိပေမယ့် တချို့နေရာတွေ
တချို့အပိုဒ်တွေ ပြန်ဖက်တိုင်း တစ်ခုခု လိုအပ်နေသလို
ခံစားရတယ်...ဖက်ပေးကြတဲ့ reader လေးတွေကိုလဲ
တကယ်ပဲ အားနာရပါတယ်..ကိုယ့်ကိုယ်ကိုလဲ အတတ်နိုင်ဆုံး ပြင်ဆင်နေပါတယ်ဗျာ ခက်တာက ကျနော့်က
တည့်တိုးသမားဆိုတော့ ဇာတ်ကောင်တွေ အနုစိတ်ညွှန်းရ
မယ့်နေရာတွေ ရောက်ရင် အသေခက်တာ ...
စာရိုက်ပျင်းတာလဲပါတယ် ..အဲ့အတွက် တကယ်ပဲ
တောင်းပန်ပါတယ် ..ကျေးဇူးလဲတင်ပါတယ် တကယ်ပါ
ကျနော် အားကျရတဲ့ မမွန်-ဆုမြတ်-ညမွှေး- တို့သာ
ဒီficလေးကို ရေးမယ်ဆိုရင် ပိုပီး အသက်ဝင် ကောင်းမွန်
မှာအသေချာပဲ ..ခက်တာက ကျနော်က
သူတို့လောက် နှလုံးသားမနူးညံ့တာဗျ .. အဲ့ဒါကြောင့်
စကားလုံးတွေကို ကြိုးစားနူးညံပေမယ့် မာတောင့်တောင့်ကြီး
ဖြစ်နေစဲပဲ...ပြောချင်တာကတော့ ကျနော် ကြိုးစားနေပါတယ် တဖြေးဖြေးချင်း ပြောင်းလဲနိုင်အောင်..
ကျနော်ficလေးကို ခုချိန်ထိ အားပေးဖက်ရှုပေးခဲ့ကြတာကိုလဲ
ကျေးဇူးတင်ပါတယ်...
👇👇အရင် acc လေး fic နှစ်ခုမပီးသေးတဲ့ ကာလ
အနည်းငယ်မှာ followers တွေ များလာနေပီး တိုးနေဆဲပဲ
နှမျောလဲနှမျော လွမ်းလဲလွမ်းတယ်ဗျာ😭
စာတွေ ပြန်မစစ်ထားဘူးနော် ဖြည့်ဖက်ပေးဖို့
တောင်းဆိုပါတယ် 😁
Thank you so much all💚💚