Lollipop
Por 7-Mo-M4
952K 64.6K 8.8K
OH SEHUN ♡ LUHAN "" မရဘူး မရဘူး! Oh Sehun တို့က Xiao lu ဆို ​လေနဲ့လည်းသဝန်​ကတိုတယ်​! အဲ့ဒီ ​လေဆိုတဲ့ Oxygen... Más
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
September-14
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Final
Monday, 6 November
Extra-1
Extra-2
Extra-3
Extra-4
Extra-6
New Year Special
Valentine Day Special
OhSehun's Birthday Special
A Birthday Gift Special
LuHan's Birthday Special
ByunBaekHyun's Birthday Special
HunHan Day Special
Extra-7
Christmas Special
Extra-5
14.3K 1.1K 212
Por 7-Mo-M4
သူတို့်၏ ချစ်​စံအိမ်​​လေးသို့ ပြန်​ရာလမ်း​ပေါ်တွင်​ ​ရွေ့လျား​နေသည်​...
ChanHyun​လေး ပါလာသည်​...
"ငြိမ်​ငြိမ်​​နေ!! "
ရုန်းပြန်​သည်​...
အ​ပေါ်နှုတ်​ခမ်းပါးပါး​လေးက အ​ပေါ်ကိုချွန်​တက်​လာပြီး ​နှာ​ခေါင်း​လေးရှုံ့ကာ ​မေးစိ​လေးမှာလည်း အတွန့်​​လေး​တွေ​ပေါ်လာသည်​ထိ မဲ့လျက်​ သနားစဖွယ်​လှမ်းကြည့်​​လေသည်​...
မဖြစ်​​တော့..။
"ကား​မောင်း​နေတာကို ဘယ်​လို​ပွေ့မလို့တုန်း?!! "
သွားထုတ်​​နေသည်​...
Sehun​မေးလိုက်​​တော့
လိုက်​​ငေး​နေ​လေသည်​...
Sehun ပြုံးလိုက်​ကာ
"Gomoyor ရုဟန်​ "
"Sehun... "
"Hmm? "
Xiao lu မ​ကျေနပ်​​သေးပါ...
"အခု ကျ​နော့်​ကိုသစ်​​ပေး "
ကျန်းးးကျန်းးး
သူများတူကို ​ပွေ့ပြီး ​ရေခ်ျိုးခန်းထဲကထွက်​သွားတာများ...Xiao lu ကို လှည့်​​တောင်​မကြည့်​...
"Hyun​လေးက ငယ်​​သေး​တော့ တခြားအခန်းမှာသိပ်​လို့လည်းမရဘူး...ကိုယ်​တို့နဲ့ဘဲ သိပ်​လိုက်​မယ်​...ကုတင်​လည်းကျယ်​ပါ​တယ်​..ရတယ်​မလားXiao lu? "
Sehun က မအိပ်​​သေးဘဲ
ကြည့်​ကာ ပြုံး​နေ​သည်​...
ဘာလဲဟ...။
မရပါဘူး...။
ChanHyun​လေးသည်​ Xiao luနဲ့ အကျင့်​တူတယ်​ဆိုတာ ဖြစ်​နိုင်​သည်​...
အိပ်​ပုတ်​ကြီးချက်​က သူ့ကို ဆွဲ​ပွေ့တာ​တောင်​ အင့်​ခနဲအသံမမြည်​...ပါးစပ်​​လေး ဟကာ အိပ်​​ပျော်​​နေဆဲ​ပင်​...
"ဒါ..ကျ​နော့်​ ​နေရာ.. "
Xiao lu ကိုကြည့်​လိုက်
ရယ်​မိလိုက်​​တော့သည်​...
ငြိမ်​ကျသွားသည်​...
"Xiao lu...Hyun​လေးကို အလည်​မှာသိပ်​လိုက်​ပါ..ကုတင်​အစွန်​မှာဆို​တော့ ပြုတ်​ကျသွားလိမ့်​မယ်​... "
Xiao luက​တော့ ပြန်​ပြုံးမပြနိုင်​ပါ
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
Unicode
Xiao Lu တို့ ကားအဖြူလေးသည်
သူတို့၏ ချစ်စံအိမ်လေးသို့ ပြန်ရာလမ်းပေါ်တွင် ရွေ့လျားနေသည်...
ကားရှေ့ခန်း lover seat ပေါ်တွင်
ထိုင်နေသော Xiao lu၏ ရင်ခွင်ထဲတွင်
ChanHyunလေး ပါလာသည်...
Omma Tao တို့အိမ်မှအပြန်တွင်
ကလေးလေးအား တစ်ခါတည်း ထည့်ပေးလိုက်ကြသည်...နောက်ရက်မှဆိုလျှင် လာမခေါ်နိုင်မှာ လာမပို့နိုင်မှာစိုး၍ အပြန်ခါ တစ်ခါတည်း အိမ်ခေါ်လာရတော့သည်...
ကားပေါ်မှ အလှတင်အရုပ်ကလေးတွေ
တို့လို့တန်းလန်းလေးတွေကို လှမ်းဆွဲကာ
အငြိမ်မနေဘဲ လှုပ်စိလှုပ်စိလုပ်နေသော
ChanHyunလေးကို Xiao lu စိတ်သိပ်မရှည်တော့...
"ငြိမ်ငြိမ်နေ!! "
တချက်ပိတ်ဟောက်လိုက်ပြီး
လက်တစ်တစ်ကလေးတွေကို ကြက်ခြေခတ် ဆွဲချုပ်ထားလိုက်သည်...
ChanHyun လေးက ချုပ်ထားတာမကြိုက်တော့
ရုန်းပြန်သည်...
Xiao lu ကလွှတ်မပေးဘဲ ပိုပြီးတင်းတင်းကျပ်ကျပ်ချုပ်ထားလေသည်...
ထိုအခါ ChanHyunလေးဆီမှ တအိအိတအုအု
အသံလေးနဲ့ Xiao lu၏ ဟင်းခနဲဟင်းခနဲ
နှာမှုတ်သံကြီးက ကားခေါင်းထဲ လွင့်ပျံ့လာတော့သည်...
Sehun ကားမောင်းနေရင်းမှ
ဘေးက နှစ်ယောက်အခြေအနေကိုလည်း
လှည့်ကြည့်လှည့်ကြည့်လုပ်ရသည်...
ရွှေရောင်ဆံပင်အုပ်အုပ်ကလေးနဲ့
သူ့အသဲနှလုံးပိစိလေးက အခုတော့ ကလေးတစ်ယောက်ကိုပိုက်ထားလျက် နှုတ်ဆိတ်ကာထိုင်နေသည်...ကလေးထိန်းဖို့ခေါ်လာရလို့ စိတ်ထဲကအခုထိကျေနပ်သေးပုံမပေါ်...ဆူပုတ်နေသည်...
ChanHyun လေး နှင့် Xiao lu တို့
အသံတိတ်တိုက်ပွဲဆင်နေတာကိုsehunရိပ်မိတော့
မီးပွင့်ကမီးနီပြတာနဲ့ Xiao lu ကိုပြောလိုက်သည်...
"Hyunလေးကို အရမ်းချုပ်မထားနဲ့လေ Xiao lu "
ChanHyunလေးကတော့ သူ့ကိုကယ်ပါဦး ဆိုတယ့် မျက်နှာငယ်လေးနဲ့ sehun ကို အားကိုးတကြီးလှမ်းကြည့်ရှာလေသည်...
အပေါ်နှုတ်ခမ်းပါးပါးလေးက အပေါ်ကိုချွန်တက်လာပြီး နှာခေါင်းလေးရှံ ု့ကာ မေးစိလေးမှာလည်း အတွန့်လေးတွေပေါ်လာသည်ထိ မဲ့လျက် သနားစဖွယ်လှမ်းကြည့်လေသည်...
"Hyunလေး နာနေပြီထင်တယ်လေ Xiao lu "
"ငြိမ်ငြိမ်မှ မနေတာကိုးးး!!ကျနော်ကဘယ်လိုလုပ်ထားရမှာလဲ?!! "
ကျောက်ရုပ်ကြီးလို ငြိမ်နေရာမှ
ရုတ်တရက် sehun ဘက်လှည့်ကာ အော်လိုက်သည်ကြောင့် sehun ပင်လန့်သွားရသည်...
ဘာလို့များ အဲ့လောက် ဒေါသထွက်နေရပါလိမ့်??
ChanHyunလေးကတော့ ပိုလန့်သွားသည်ထင်သည်...မျက်ရည်လေးပါဝိုင်းပြီးလှမ်းကြည့်လေသည်...
မဖြစ်တော့..။
"ပေးပေး...ကိုယ့်ကို ကလေးပေး "
"ကားမောင်းနေတာကို ဘယ်လိုပွေ့မလု့ိတုန်း?!! "
ထိုစဉ် မီးပွိုင့်က မီးစိမ်းပြသွားသဖြင့်
Sehun ဘာမှ အတွန့်တက်ချိန်မရဘဲ
ကားကိုဆက်မောင်းလိုက်ရသည်...
Xiao lu ဘက်ကိုတချက်လှည့်ကြည့်လိုက်တော့
ChanHyunလေးကို စောနကလောက်ချုပ်မထားတော့...
ChanHyunလေးကတော့ တော်တော့်ကိုငြိမ်သွားကာ ခေါင်းလေးငုံ့ကာပုံ့ပုံ့လေးထိုင်လိုက်လာတော့သည်...
အိမ်ရောက်တော့ Argima ပြင်ပေးထားသော
ညစာကအဆင်သင့်ဖြစ်နေပြီ...
ChanHyun လေး လည်း ညစာမစားခဲ့ရတာမို့
အတူတူစားရန် ခုံပေါ်ကိုပွေ့တင်ပေးလိုက်သည်...
Xiao lu ကတော့ ဘာစကားမှမပြောဘဲ
သူသောက်မယ့်Juiceကို ရေခဲသေတ္တာထဲက
သွားထုတ်နေသည်...
"Hyunလေး...ဘာကြိုက်တတ်မှန်း ဦးဦးကသေချာမသိဘူး...Hyunလေး ဘာစားချင်လဲ ပြော... "
Sehunမေးလိုက်တော့
ChanHyunလေးက မေးစိလေးကိုလက်ညှိုးလေးနဲ့ထောက်ကာ စားပွဲပေါ်က ဟင်းခွက်တွေကို
လိုက်ငေးနေလေသည်...
နောက်တော့...ချိုချဉ်ကြော်ကိုရွေးလိုက်သည်...
"အော်...အဲ့တာကြိုက်တာလား "
ChanHyun လေးက ပြုံးကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်...
"အိမ်က ပူတူတူးလေးနဲ့ အကြိုက်ချင်းတူတာဘဲကိုးး "
Xiao lu Orange Juice ကို ဖန်ခွက်ထဲပြောင်းထည့်နေရင်းကနေ sehun ကိုမျက်လုံးလှန်ကြည့်လေသည်...
မျက်ဝန်းများက ကြည့်ရသလောက် ကြည်နူးရိပ်မသန်းဘဲ မီးတောက်မီးလျှံထင်နေတာမို့
Sehun ဆက်ပြီး မနောက်တော့...
ChanHyun လေးကို ထမင်းပန်းကန်လုံးထဲ
ဇွန်းတပ်ပေးကာ စားဖို့ပြင်ပေးလိုက်သည်...
ထမင်းစားနေရင်းမှ ChanHyunလေးက မျက်နှာချင်းဆိုင်မှာထိုင်နေသောXiao lu ကိုခိုးခိုးကြည့်နေတာကို sehun တွေ့လိုက်သည်...
"Hyunလေး...ဘာထပ်စားချင်သေးလဲ? "
Sehun ကိုပြန်မဖြေပေးဘဲ
Xiao luရဲ့လက်ထဲက Juice ဖန်ခွက်ကိုဘဲ ငေးနေကာ ပြောရခက်နေသလို ဖြစ်နေသည်...
"Juiceသောက်ချင်လို့လား? "
ခေါင်းလေးမသိမသာငြိမ့်ပြလေသည်...
Sehun ပြုံးလိုက်ကာ
Xiao lu ကို ကလေးအတွက်ထည့်ပေးရန် ပြောလိုက်သည်...
"Gomoyor ရုဟန် "
Juiceထည့်ပေးတုန်းကတော့ အကောင်းဘဲ
သူ့ကို ရုဟန် လို့လည်းခေါ်လိုက်ရော
မျက်လုံးကြီးပြူးကာကြည့်လေသည်...
ChanHyunလေးကလည်း လည်သည်...
သူ့ဦးလေး ဒေါသထွက်တာကိုသိတာနဲ့ sehun ဘက်လှည့်ကာ Juice ကိုမော့သောက်နေလေသည်...
Xiao lu ကတော့ ပြောမရတယ့် သူ့တူကို
ဆက်မပြောတော့ဘဲ ထမင်းစား စားပွဲမှထသွားတော့သည်...
Xiao lu သွားတိုက်နေရင်းမှ
Sehunနဲ့ChanHyun ကိုပြန်တွေးကာ ရှံ ု့မဲ့နေသည်...ဘာရယ်မဟုတ်...သူ့ကို sehun ပစ်ထားသည်ဟုတောင်ခံစားသည်...အိမ်ကထွက်လာကတည်းက Hyunလေးဆိုတာ ပါးစပ်ကမချ...ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ဘာစားချင်လဲ နဲ့ သူ့ကိုဂရုမစိုက်သလိုတောင်ခံစားရသည်...အရင်ကဆို Xiao lu Xiao luနဲ့ တလုထဲလုနေတာမဟုတ်လား..။...Sehun နှုတ်က တခြားသူနာမည်ထွက်လာတာကို သိပ်သဘောမကျ...အရင်ကလည်း မကြာဖူးခဲ့လို့ဖြစ်ရမည်...ကိုယ့်တူလေးကို ချစ်တာ ဂရုစိုက်တာတောင် ကိုယ်က သဝန်တိုနေတာလား ဒေါသထွက်နေတာလား ဟု တွေးကာ ကိုယ့်ခေါင်းကို နာနာရိုက်လိုက်သည်...
Xiao lu တော့ Oh Sehunကြောင့် ရူးပြီ...
ပါးလုတ်ကျင်းပြီး မျက်နှာသစ်မည်လုပ်တော့
ရေချိုးခန်းထဲကို sehun နဲ့ ChanHyunတို့ ဝင်လာသည်...sehun က ဘယ်တုန်းက သွားဝယ်လိုက်မှန်းမသိတယ့် သွားတိုက်တံအသစ်လေးကို
သွားတိုက်ဆေးတင်ပေးကာ ChanHyunလေးကို
ပေးလေသည်...ပြီးတော့လည်း သူကပါ ChanHyunရဲ့အရပ်နဲ့ညီအောင် ငုတ်တုပ်ထိုင်ပြီး
သွားစိကာ ဟိုလိုတိုက် ဒီလိုတိုက်နဲ့ သင်ပြနေသေးသည်...
ရေချိုးခန်းထဲမှာ Xiao luရှိတာကိုရော မြင်ပါတယ်နော် ဟု တွေးလိုက်သည်...တဆက်ထဲ
Xiao lu အတွေးပေါက်ကာ sehun ကိုပြောလိုက်သည်...
"Sehun... "
"Hmm? "
တွေ့လား? ထူးတာတောင် Xiao lu ကိုတည့်တည့်လှည့်ကြည့်ပြီးမထူးဘူး!!
" ကျနော့်ကိုမျက်နှာသစ်ပေး"
Xiao lu ပူဆာကြည့်လိုက်သည်...
သို့သော် sehun ကလှည့်ပင်မကြည့်
သူ့တူနဲ့အလုပ်ရှုပ်လျက်ကပင်ပြောသည်...
" Xiao luရယ်...ကိုယ့်ဘာသာသစ်လိုက်ပါ...ကိုယ်Hyunလေးကို မျက်နှာသစ်ပေးရဦးမယ်လေ..."
Xiao lu ကို ကျ လုပ်မပေးဘူး..
သူ့တူကျ မျက်နှာသစ်ပေးနေလေသည်..
Xiao lu မကျေနပ်သေးပါ...
ChanHyunကို သစ်ပေးပြီးသည်ထိ ရပ်စောင့်လိုက်သည်...ပြီးမှ ထပ်ပူဆာလိုက်သည်...
"အခု ကျနော့်ကိုသစ်ပေး "
"Xiao lu ရယ်...ကိုယ့်ဘာသာသစ်လိုက်ပါကွာ...ကိုယ်Hyunလေး အိပ်ဖို့လုပ်ပေးရဦးမယ်.. "
ကျန်းးးကျန်းးး
သူများတူကို ပွေ့ပြီး ရေချိုးခန်းထဲကထွက်သွားတာများ...Xiao lu ကို လှည့်တောင်မကြည့်...
တော်ပီ..တော်ပီ.. စိတ်လျှော့ Xiao lu..ဟူးးဟူးး
ကလေးနဲ့ပြိုင်ဖြစ်ရအောင် မင်း ကလေးမဟုတ်ဖူး...
စိတ်လျှော့....စိတ်လျှော့....
Xiao lu ခြေလက်ဆေးပြီးထွက်လာတော့
Xiao luတို့ ကုတင်ပေါ်တွင်
အလည်ခေါင်တည့်တည့်ကနေ ကျကျနနအိပ်နေသူကိုတွေ့လိုက်ရသည်...
"Hyunလေးက ငယ်သေးတေ့ာ တခြားအခန်းမှာသိပ်လို့လည်းမရဘူး...ကိုယ်တို့နဲ့ဘဲ သိပ်လိုက်မယ်...ကုတင်လည်းကျယ်ပါတယ်..ရတယ်မလားXiao lu? "
Sehun က ကလေးနိုးသွားမှာကြောက်၍
လေသံတိုးတိုးနဲ့ လာပြောလေသည်...
Xiao lu ဘာမှမပြောဘဲ ညအိပ်အင်္ကျီသွားလဲနေလိုက်သည်...
Sehun က အခန်းအပူချိန်ကို ကလေးနဲ့သင့်တော်အောင်ညှိနေပြီးမှ ကုတင်ဘေးကအစွန်တနေရာကိုဝင်အိပ်လေသည်...
Xiao lu လည်း ChanHyunလေး ဘေးက အစွန်မှာ ဝင်လှဲလိုက်သည်...
Sehun က မအိပ်သေးဘဲ
အလည်ထဲက ပိုးတုံးလုံးကောင်လေးကို
ကြည့်ကာ ပြုံးနေသည်...
ChanHyun လေးက လုံးတုံးတုံးလေးနဲ့
Sehunဘက်ကိုစောင်းကာအိပ်ပျော်နေလေသည်...ဆံပင်လေးတွေကလည်း ပျော့စင်းနေသည်...
Xiao lu ကတော့ ပြုံးနေတယ့်
Sehun မျက်နှာကိုသာ အသံတိတ်ငေးနေမိသည်..
ဘာလို့များ အဲ့လောက် ကလေးချစ်နေရတာလဲ?
ခဏနေတော့ sehun က ထိုပိုးတုံးလုံး ChanHyunလေးကို သူ့ဘက်ဆွဲယူလိုက်ကာ သူ့ရင်ခွင်နဲ့ကပ်သည်ထိ ဖက်ထားလေသည်...
Xiao lu ခေါင်းအုံးပေါ်ကနေ ခေါင်းလွတ်သွားသည်ထိ ခေါင်းထောင်ကာ ကြည့်လိုက်မိသည်...
ဘာလဲဟ...။
မရပါဘူး...။
ChanHyun ကိုဖက်ထားတယ့်Sehunလက်တွေကို ခွာချကာ ChanHyunလေးကို သာသာလေးဆွဲထုတ်ပြီးပွေ့လိုက်သည်...
Sehun က သူလုပ်နေတာကို နားမလည်သလိုလေးကြည့်နေသည်...
ChanHyunလေးသည် Xiao luနဲ့ အကျင့့်တူတယ်ဆိုတာ ဖြစ်နိုင်သည်...
အိပ်ပုတ်ကြီးချက်က သူ့ကို ဆွဲပွေ့တာတောင် အင့့်ခနဲအသံမမြည်...ပါးစပ်လေး ဟကာ အိပ်ပျော်နေဆဲပင်...
Xiao lu ကလေးကိုပွေ့လျက် အလည်ကိုရွေ့လိုက်သည်...နောက်တော့ ChanHyun ကို စောနက
Xiao luအိပ်နေတယ့် ကုတင်အစွန်မှာ ချပေးလိုက်သည်...
Xiao luလုပ်သမျှအားလုံးကို sehun က လိုက်သာ ကြည့်နေသည်...
ကလေးကိုလည်း တဖက်မှာ နေရာချပေးပြီးတာနဲ့
Xiao lu က sehun ရင်ခွင်ထဲဝင်ကာ အိပ်လိုက်သည်...
Sehun ကတော့ အူကြောင်ကြောင် ပုံလေးနဲ့
Xiao luကိုငုံ့ကြည့်နေဆဲ...
Xiao lu လည်း သူ့ရင်ခွင်နဲ့ကပ်နေသည်ကိုပင်
ရင်ခွင်ထဲထိုးဖောက်သွားမတတ်
ခွေးလေးတစ်ကောင်လို တိုးဝှေ့ဝင်ကာ ပြောလိုက်သည်...
"ဒါ..ကျနော့် နေရာ.. "
Sehun အခုထိဘာမှမဆိုနိုင်သေး...။
Xiao lu ကိုကြည့်လိုက်
ကုတင်အစွန်က ChanHyunလေးကိုကြည့်လိုက်ဖြင့်...
လေပေါ်မြောက်နေသော Sehun လက်ကိုလည်း
Xiao luက ဆွဲယူကာ သူ့ကိုယ်လုံးပေါ်တင်ပေးပြီး
Sehun ကိုလည်း ပိုတိုးဖက်ကာ
"ဒီရင်ခွင်ကကျနော့်အပိုင်...ဘယ်သူမှနေလို့မရဘူး...ကလေး အစ ခွေးအဆုံး...ဘယ်သူ့မှမဖက်နဲ့... "
Sehun သွားစွယ်လေးများပေါ်အောင်ပင်
ရယ်မိလိုက်တော့သည်...
Xiao lu က ရင်ခွင်ထဲက နေ ခေါင်းမော့ကြည့်ရင်း
စက္ကန့်အနည်းငယ်ကြာ အကြည့်ချင်းဆုံနေကြပြီးနောက် တိုးတိုးလေးပြောသည်...
" မနမ်းဘူးလား?...ဒီချိန်မှ မနမ်းရင် ဘယ်ချိန်နမ်းမှာလဲ?..."
Sehun ထပ်ပြုံးမိသည်...သူ့အသဲနှလုံးလေးက
ဘာဆေးတွေမှားစားထားသည်မသိ...ဒီနေ့မှ့သဘောတွေကောင်းလွန်းနေပုံရသည်...
Sehun Xiao lu ကိုယ်လေးကို ခပ်တင်းတင်းဖက်ကာ တိုးတိုးလေးပြောလိုက်သည်...
"ဘယ်လိုလုပ်မလဲ? ကိုယ်က နမ်းရုံနဲ့ တင်းတိမ်မှာ မဟုတ်ဖူး...တော်ကြာ အဆင့်တွေတက်နေတုန်း Hyunလေး နိုးသွားလိမ့်မယ် "
အဆင့်တွေ ဘာတွေ ပါလာတော့
Xiao lu ဘာမှစကားဆက်မပြောဘဲ
ငြိမ်ကျသွားသည်...
Sehun ကုတင်စွန်းက ပိုးတုံးလုံးလေးကို
လှမ်းကြည့်ရင်း Xiao luကိုချော့ပြောလိုက်သည်..
"Xiao lu...Hyunလေးကို အလည်မှာသိပ်လိုက်ပါ..ကုတင်အစွန်မှာဆိုတော့ ပြုတ်ကျသွားလိမ့့်မယ်... "
Xiao lu ဘာမှပြန်မဖြေ...အိပ်ချင်ယောင်များဆောင်နေလားမသိ...
"နော်...ကိုယ့်အချစ်က လိမ္မာပါတယ်ကွာ...ကလေးလေးကို အလည်ကသိပ်လိုက်ပါ...ကိုယ် ဖက်မအိပ်ပါဘူး... "
Xiao lu သူ့နောက်ကျောဘက်ကChanHyunလေးကို တချက်လှမ်းကြည့်လိုက်သည်...
ကုတင်စွန်းမှာ တစောင်းလေးအိပ်ပျော်နေလေသည်...ဒီလိုကျတော့လည်း ကမ္ဘာကြီးနှစ်ခြမ်းကွဲပြီး ChanHyunလေးက တခြမ်းမှာ ကျန်ရစ်ကာ အထီးကျန်နေသလိုလို...စိတ်ထဲသနားသွားတာကြောင့် ကလေးကို ပြန်ပွေ့ယူကာ အလည်မှာ သိပ်လိုက်သည်...
Sehun က ပြုံးကာကြည့်လေသည်...
Xiao luကတေ့ာ ပြန်ပြုံးမပြနိုင်ပါ
စောင်ဆွဲခြုံပြီး ကျောပေးကာအိပ်လိုက်သည်...
Sehun ကလေးတစ်ယောက်မလိုချင်တော့ပါ...
သူ့မှာ သိပ်ချစ်ရတယ့် ကလေးဆိုးလေးတစ်ယောက်ရှိနေပြီးသားမဟုတ်လား...။
ChanHyunလေးကတော့ အပူအပင်ကင်းမဲ့စွာဘဲ သူတို့နှစ်ယောက်ရဲ့ အလည်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်...။
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
Moတော့ ချောင်းတွေဆိုးနေပြီ 😖
အတျဲတွေလည်း ဂရုစိုက်ကြပါ 😓
Thz For Your Votes and Fbs😙😙😙
Seguir leyendo
También te gustarán
20K 2K 22
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
21.4K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
104K 5K 26
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+
47.3K 2.6K 41
កាលពីកន្លងមកគេចាត់ទុកយើងត្រឹមតែជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ជុងហ្គុក ចនអេនឡាក់ដែលជាកូនប្រុសទោលតែម្នាក់នៅក្នុងវង្សត្រកូលចន នាយសង្ហាម្នាក់នេះគ្មានចិត្តប្...