Unicode
(zawgyi below)
Jaehyun's POV
Do Young ရဲ့ရှင်းပြချက်ကိုကြားလိုက်တဲ့အခါမှာ ကျနော် အလုပ်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်
ကျနော့်ရဲ့တွေဝေမှုတွေက Taeyong အသက်ကိုကယ်ဖို့ငွေလိုတယ် ဆိုတဲ့အကြောင်းရင်းအောက်မှာပျောက်ကွယ်ခဲ့ရတယ်
Do Young နောက်ကိုကျနော်ရဲရဲရင့်ရင့်လိုက်လာခဲ့တယ် ကျနော်တို့စီးလာတဲ့ကားလေးက ဓာတ်တိုင်မီးအောက်မှာတရိပ်ရိပ်နဲ့ဖြတ်သန်းလာခဲ့တယ်
ဒီလို အလုပ်မျိုးကိုလက်ခံလိုက်ရအောင်ကိုကျနော်ကရူးမိုက်လွန်းနေတာလား
မဟူတ်ဘူး Taeyong နဲ့ပတ်သက်ရင် ကျနော်ကိုယ့်ကိုယ်ကိုမနှမြောတော့တာ
ကားရပ်တဲ့နေရာမှာကျနော်တို့ဆင်းလိုက်တယ်
မှောင်မည်းနေတဲ့တိုက်ခန်းထဲကိုကျနော်တို့ဝင်သွားတယ်
"အကို ကျနော်လူတစ်ယောက်ခေါ်လာတယ်"
အမှောင်ချထားတဲ့အခန်းထဲမှာ လူနည်းစုတစ်အုပ်ဘီယာသောက်နေလေရဲ့
အမှောင်ချထားတဲ့အခန်းထဲမှာ ဆိုဖာပေါ်မှာအခန့်သားထိုင်နေတဲ့ လူတစ်ယောက်ရဲ့မျက်နှာက်ုဝေဝေဝါးဝါးတွေ့လိုက်ရတယ် ချောမောပြေပြစ်တဲ့ရုပ်ရည်ပိုင်ဆိုင်ထားတဲ့ယောကျ်ားတစ်ယောက်
"သေချာရဲ့လား? သူလက်ခံရဲ့လား"
"သူ့စိတ်ဆုံးဖြတ်ချက်ကြောင့်ကျနော်ခေါ်လာတာပါ"
"ok လေ သူနဲ့ဆွေးနွေးရအောင်"
ကျနော် လည်းခေါင်းဆောင်လို့ထင်ရတဲ့လူရဲ့ဆိုဖာရှေ့မှာထိုင်လိုက်တယ်
"အကို့နာမည်က Yuta ပါ မင်းကိုခေါ်လာတဲ့ Do Young ကအကိုတို့ရဲ့ထုံးစံကိုရှင်းပြထားရောပေါ့"
"ရှင်းပြထားပါတယ် ကျနော့်နာမည် Jaehyun ပါ"
"သူရှင်းပြထားပေမယ့် အကိုထပ်ပြောမယ် အကိုက ဒီကလူတွေကိုမှောင်ခိုစျေးကွက်နဲ့အတွင်းအင်္ဂါအစိတ်အပိုင်းကိုဝယ်တယ် ပြီးရင်ဂျပန်တို့ တရုတ်တို့ဘက်ကိုရောင်းတယ် ငါ့ညီစိတ်ပြောင်းပြီလား"
"မပြောင်းပါဘူး ကျနော်ကငွေတကယ်လိုနေတာပဲလေ"
ကျနော်ရဲ့ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းကိုဂရုမစိုက်ရအောင်ကို မနှမြောတော့တာ
အားလုံးက Taeyong အတွက်ပဲလေ
"အကိုဘာလိုချင်တာလဲ"
ကျနော်ကသွေးအေးစွာပြတ်သားအောင်မေးလိုက်တော့ အားလုံးကအံ့သြနေကြတယ်
ကျနော့်လို ကိုယ့်ကိုယ်ကိုမနှမြောတဲ့လူမျိုးသူတို့တွေ့ဖူးဦးမှာမဟူတ်ဘူးလေ
"ကျောက်ကပ်လိုချင်တယ်"
တစ်ခွန်းတည်းသောစကားနဲ့ထွက်လာတဲ့ အတွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုနာမည်
ကျနော့်အတွက်ကျောက်ကပ်တစ်လုံးထုတ်ရောင်းလိုက်ရတာကဘာမှမဟုတ်ပါဘူး
ကျနော်သတ်မှတ်ထားတဲ့ Taeyong ကိုကယ်ရမယ့်သစ္စာအဓိဋ္ဌာန်အောက်မှာ Taeyong ကလွဲပြီးဘာမှအရေးကြီးမနေတော့ဘူးလေ သစ္စာအဓိဋ္ဌာန်ဆိုတဲ့အဓိပ္ပာယ်က အရာတစ်ခုကိုသာဦးစားပေးပြီး အဲ့အရာကိုပဲရှေ့တန်းတင်ပြီး ကိုယ့်အသက်ကိုယ်စွန့်တဲ့အထိ သူ့ကိုကယ်တင်တာမျိုးလေ
"ကျနော်ငွေဘယ်လောက်ရနိုင်မလဲ"
"သိန်း ၅၀"
"ကောင်းပြီလေ ကျနော်လက်ခံတယ်"
"လက်ခံရင် အခုပဲလုပ်ငန်းစချင်တယ်"
"အခုပဲခွဲစိတ်ခန်းဝင်ရမှာလား"
"စိတ်တော့မရှိပါနဲ့ အကိုတို့ကမြန်တာပဲကြိုက်လို့ပါ"
"ကျနော့်ကိုတစ်ခုလောက်ကူညီပေးမလား"
"ဘာများလဲ"
"ကျနော်ခွဲစိတ်ပြီးအနားယူနေတုန်း ကျနော့်အကိုကိုစောင့်ရှောက်ပေးပါ နောက်ပြီး ကျနော်ရတဲ့ငွေ သိန်း၅၀ ကိုလည်း ကျနော့်အကိုရဲ့ဆေးစရိတ်အတွက်သေချာသုံးပေးထားပါ ကျနော်ခွဲစိတ်ပြီးအနားယူလို့ပြီးမှကျန်ငွေကိုကျနော့်ကိုလက်ငင်းပေးပါ"
"okလေ အဲ့လောက်တော့ရပါတယ်"
"အခုခွဲစိတ်ခန်းမဝင်ခင် ကျနော်ဆေးရုံပြန်ပြီး ကျနော့်အကိုမျက်နှာကြည့်ချင်တယ် ဒါတော့ခွင့်ပြုပေးပါ ခင်ဗျားကျနော့်ကိုမယုံရင် Do Young ကိုပါထည့်ပေးလိုက်လို့ရတယ်"
"ok မင်းဒီစာချုပ်မှာလက်မှတ်ထိုးပေးပါ"
Yuta ပေးတဲ့စာချုပ်ကိုကျနော်ကြည့်လိုက်တော့ ကိုယ့်ဆန္ဒအလျောက် အတွင်းအင်္ဂါအစိတ်အပိုင်းရောင်းမှုဆိုတဲ့စာသားကိုထင်းခနဲတွေ့လိုက်ရတယ် ရောင်းမည့်အတွင်းအင်္ဂါဆိုတဲ့နေရာမှာကျနော်ကျောက်ကပ်လို့ဖြည့်လိုက်တယ်
form ဖြည့်ပြီးအောက်ဆုံးမှာကျနော့်ရဲ့ကိုယ်ပိုင်လက်မှတ်ထိုးလိုက်တယ်
"ရပြီ Do Young သူနဲ့လိုက်သွားလိုက်ပါ"
"nae"
"ဒါနဲ့....."
ကျနော်ထမယ့်အချိန်Yuta ကစကားစလို့ကျနော်သူ့ကိုလှမ်းကြည့်လိုက်တယ်
"ကိုယ့်ရဲ့အတွင်းအင်္ဂါထုတ်ရောင်းတဲ့အထိ ဆေးကုစရိတ်ရှာတယ်ဆိုတော့ မင်းစိုးရိမ်နေတဲ့လူနာက မင်းအကိုရောဟူတ်ရဲ့လား"
ကျနော်ခေါင်းငုံ့နေလိုက်တယ်
"hak ဟုတ်မနေဘူးပဲ ငါနားလည်ပါတယ် အရာအားလုံးကအချစ်ကြောင့်ဖြစ်လာတာပဲလေ အထူးသဖြင့်ဒီလိုမျိုး လူတွေသြချရလောက်တဲ့ပေးဆပ်မှုတွေကအချစ်ကြောင့်ဖြစ်လာတဲ့ အဖြူရောင်ပေးဆပ်ခြင်းတွေပဲလေ"
"ဒါပေမယ့်... ကျနော့်အချစ်ကပေးဆပ်ခြင်းသက်သက်ပဲ.... ကျနော်ပေးဆပ်သလောက်သူ့အချစ်ကိုကျနော်ပြန်မရဘူး ကျနော်သွားတော့မယ်"
Yuta ကိုကျနော်နှုတ်ဆက်ပြီး Do Young နဲ့အတူဆေးရုံကိုပြန်လာလိုက်တယ်
ဆေးရုံရောက်တော့ လူနာခန်းရှေ့မှာမတ်တပ်ရပ်နေတဲ့ကျနော်ကတော့ငေးငေးငိုင်ငိုင်နဲ့
"Ya သူ့ကိုသွားတွေ့မှာမလား? အခန်းထဲမဝင်ဘဲဘာရပ်လုပ်နေတာလဲ?
Do Young ကမေးလာတော့ ကျနော်သက်ပြင်းချမိပါရဲ့
"သူကငါ့ကိုမမြင်ချင်လောက်အောင်မုန်းနေတာ ငါသူ့မျက်နှာတွေ့ချင်ပေမယ့် ငါအတွေ့ခံလို့မှမဖြစ်တာ"
"ဘာာ? ကိုယ့်ကိုအဲ့လောက်ထိစိမ်းစိမ်းကားကားရက်စက်နေတဲ့လူကို မင်းကဘဝရောအသက်ပါပေးပြီးချစ်နေရတာလား အရူးပဲ အရူးတကာ့အရူးထဲမှာ မင်းလိုအချစ်ရူးတွေကဘယ်တော့မှအသိတရားဝင်မှာမဟုတ်ဘူး"
ကျနော့်ရဲ့လက်တွေကို လက်သီးသဖွယ်တင်းကြပ်စွာဆုပ်ထားမိတယ်
"သြော် အကို"
ရုတ်တရက်ပွင့်လာတဲ့လူနာခန်းတံခါးကထွက်လာတဲ့ nurse ရဲ့ခေါ်သံကြောင့်ကျနော် လန့်သွားတယ်
"Taeyong ဘာလုပ်နေလဲဟင်"
"အိပ်နေတယ်"
"ahh nae gomawo"
သူအိပ်နေတယ်ဆိုတဲ့တိကျတဲ့သတင်းကြောင့်ကျနော်လူနာခန်းတံခါးကိုဖြည်းဖြည်းလေးဖွင့်ပြီးဝင်သွားလိုက်တယ် Do Young ကတော့အခန်းရှေ့မှာပဲစောင့်နေတယ်
အခန်းထဲရောက်တော့ လူနာအကျီအပွအပြာနုရောင်လေးနဲ့ဘေးတစောင်းအိပ်နေတဲ့ Taeyong ကိုကျနော်တွေ့လိုက်ရတယ်
ချယ်ရီသီးစားထားတဲ့သူ့ heart shaped lip လေးကိုကျနော်ငေးကြည့်နေရုံမှအပ ကျန်တာဘာမှမလုပ်နိုင်ဘူးလေ ကလေးကြီးတစ်ယောက်လိုချိုမြိန်နေတဲ့သူ့မျက်နှာလေးကချောင်ကျနေတာမြင်ရတော့ အသည်းထိအောင်နာရတယ်
"ချစ်တယ် Hyung"
သူမကြားလောက်တဲ့လေသံလေးနဲ့ သူမကြားချင်တဲ့ကျနော်ရဲ့ချစ်ခြင်းရင်ခုန်သံစကားကိုပြောခဲ့တယ်
သူ့နှလုံးသားကကျနော့်အသက်ပဲ
သူ့ရဲ့အားအင်ချိနဲ့နှလုံးသားရဲ့ရောဂါကိုမြင်နေရရင်ကျနော်အသက်ရှူရပ်ရတယ်
သူနှလုံးကကျနော်အသက်ရှင်ဖို့အတွက်ခုန်နေရတာပါ
ကျနော်အခန်းထဲကပြန်ထွက်လာတော့ Do Young ကအခန်းဝမှာရပ်စောင့်နေတုန်း
"တွေ့ပြီးပြီလား"
"အင်း"
"ဒါဆိုလာ သွားရအောင်"
*********
In operation room
ခွဲစိတ်ချိန်အတွင်းနှလုံးခုန်နှုန်းကိုကြည့်ဖို့ စက်တပ်ပေးတဲ့ nurse တချို့က ကျနော့်ကိုထူးထူးဆန်းဆန်းကြည့်နေကြတယ်
မှောင်ခိုကိုယ်တွင်းအင်္ဂါအရောင်းအဝယ်မို့လို့ ဆေးရုံတွေမှာခွဲစိတ်လို့မရလို့သူတို့ကိုယ်ပိုင်ခွဲစိတ်ခန်းလေးထဲမှာခွဲစိတ်ရတယ် ခွဲစိတ်တဲ့သူတွေကလည်း Yuta ငှားထားတဲ့ကျွမ်းကျင်ဆရာဝန်တွေပါပဲ
"မောင်လေး မေ့ဆေးပေးတော့မယ်နော်"
"nae"
မေ့ဆေးပေးနေတဲ့အချိန်လေးမှာ ကျနော်ဝိဉာဉ်လွင့်နေခဲ့မယ်ဆိုရင် Taeyong နားကိုကျနော်သွားချင်ပါတယ်
အသားထဲ အကြောထဲကိုစူးခနဲစိုက်ဝင်သွားတဲ့ဆေးထိုးအပ်ပြွန်ကနေမေ့ဆေးတွေကကျနော့်ခန္ဓာကိုယ်ထဲကိုစီးဝင်သွားတယ်
ခွဲစိတ်ခန်းကုတင်ပေါ်မှာကျနော်ပက်လက်လှန်လှဲနေတုန်း ကျနော့်အပေါ်ကအရမ်းလင်းလက်နေတဲ့မီးဆိုင်းကကျနော့်ကိုကြယ်တွေအလားထင်မှတ်စေရတယ်
"အားလုံးက မင်းအတွက်ပါပဲ... Taeyong... ချစ်တယ်"
နှုတ်ကရေရွတ်မိလိုက်တဲ့စကားတို့အဆုံးမှာ ကျနော့်အပေါ်ကမီးဆိုင်းတွေလည်းပျောက်ကွယ်သွားတယ် ကျနော့်ကိုယ်ထဲရောက်နေတဲ့မေ့ဆေးကစတင်အလုပ်လုပ်ခဲ့ပြီလေ
အရမ်းလှပတဲ့ Heather ပန်းခင်းကြီးထဲကျနော်ရောက်နေပြန်ပြီ
ကျနော်အတိတ်ကိုအိပ်မက်အဖြစ်လည်ပတ်နေတာများလား
မဟုတ်ဘူး
ကျနော် ၁၀ နှစ်သားမဟုတ်ဘဲ အခုလက်ရှိအသက်အရွယ်နဲ့ရောက်ခဲ့ဖူးတဲ့ Scotland က Heather ပန်းခင်းထဲကိုထပ်ရောက်နေတာ
"Hyung"
ကျနော့်အရှေ့မှာ ကျောခိုင်းထားပြီးသူ့လမ်းသူလျှောက်နေတဲ့ Taeyong ကိုတွေ့လိုက်ရတော့သူ့နောက်ကိုကျနော်ပြေးလိုက်မိတယ်
ဒီတခါတော့ ငယ်ငယ်ကလိုပဲသူထွက်သွားတာကိုငေးကြည့်မနေနိုင်တော့ဘူးလေ
ကျနော် Taeyong ကိုအနောက်ကနေသိုင်းဖက်လိုက်တယ်
"Jaehyun!"
"ကျနော့်ကိုထားပြီးဘယ်ကိုသွားဦးမလို့လဲ ထပ်ပြီးဒီ ပန်းခင်းထဲမှာမထားခဲ့ပါနဲ့ ကျနော် Heather ပန်းရဲ့အဓိပ္ပာယ်ကိုမသိချင်တော့ဘူး"
ကျနော်သူ့ကိုအနောက်ကနေသိုင်းဖက်ထားရာကလွှတ်လိုက်တော့သူကျနော့်ဘက်ကိုလှည့်လာတယ်
"အရာအားလုံးက တစ်ခုခုရဲ့အဆုံးအဖြတ်ကြောင့်အစီအစဉ်တကျဖြစ်လာတာ ငါ့နှလုံးသားရဲ့အဆုံးအဖြတ်ကြောင့် မင်းအထီးကျန်နေရတာမလား မင်း Heather ရဲ့အဓိပ္ပာယ်ကိုမသိချင်လို့မရဘူးလေ"
"ဟင့်အင်း သိနေပေမယ့်မသိချင်ယောင်ဆောင်ထားချင်တယ်"
"မင်းအချစ်က ဒီပန်းခင်းလောက်တောင် ခန့်ညားလို့လား"
"ဟင့်အင်း ကျနော်အချစ်ကမခန့်ညားဘူး ဒါပေမယ့်ပေးဆပ်မှုအပြည့်နဲ့ဟာကွက်မရှိတဲ့အချစ်ပဲလေ မခန်းညားပေမယ့်ပြည့်စုံတယ်"
"ငါတို့တွေကမတူညီတဲ့လမ်းကိုလျှောက်ရမှာ ငါလျှောက်လှမ်းမယ့်လမ်းကို အတူလျှောက်ဖို့ ငါနှလုံးသားကရွေးချယ်လိုက်တဲ့လူကမင်းမဟုတ်ဘူး Jaehyun"
အဝေးမှာတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ Taeyong ရဲ့ပုံရိပ်လေးကကျနော့်ရဲ့ မေ့ဆေးပြယ်ပြီးအပြင်လောကနဲ့အဆက်အသွယ်ပြန်ရချိန်မှာပျောက်ကွယ်သွားခဲ့တယ်....
Jaehyun's POV End
Zawgyi ver
Jaehyun's POV
Do Young ရဲ႕ရွင္းျပခ်က္ကိုၾကားလိုက္တဲ့အခါမွာ က်ေနာ္ အလုပ္လုပ္မယ္လို႔ စိတ္ပိုင္းျဖတ္ခဲ့တယ္
က်ေနာ့္ရဲ႕ေတြေဝမႈေတြက Taeyong အသက္ကိုကယ္ဖို႔ေငြလိုတယ္ ဆိုတဲ့အေၾကာင္းရင္းေအာက္မွာေပ်ာက္ကြယ္ခဲ့ရတယ္
Do Young ေနာက္ကိုက်ေနာ္ရဲရဲရင့္ရင့္လိုက္လာခဲ့တယ္ က်ေနာ္တို႔စီးလာတဲ့ကားေလးက ဓာတ္တိုင္မီးေအာက္မွာတရိပ္ရိပ္နဲ႔ျဖတ္သန္းလာခဲ့တယ္
ဒီလို အလုပ္မ်ိဳးကိုလက္ခံလိုက္ရေအာင္ကိုက်ေနာ္က႐ူးမိုက္လြန္းေနတာလား
မဟူတ္ဘူး Taeyong နဲ႔ပတ္သက္ရင္ က်ေနာ္ကိုယ့္ကိုယ္ကိုမႏွေျမာေတာ့တာ
ကားရပ္တဲ့ေနရာမွာက်ေနာ္တို႔ဆင္းလိုက္တယ္
ေမွာင္မည္းေနတဲ့တိုက္ခန္းထဲကိုက်ေနာ္တို႔ဝင္သြားတယ္
"အကို က်ေနာ္လူတစ္ေယာက္ေခၚလာတယ္"
အေမွာင္ခ်ထားတဲ့အခန္းထဲမွာ လူနည္းစုတစ္အုပ္ဘီယာေသာက္ေနေလရဲ႕
အေမွာင္ခ်ထားတဲ့အခန္းထဲမွာ ဆိုဖာေပၚမွာအခန႔္သားထိုင္ေနတဲ့ လူတစ္ေယာက္ရဲ႕မ်က္ႏွာက္ုေဝေဝဝါးဝါးေတြ႕လိုက္ရတယ္ ေခ်ာေမာေျပျပစ္တဲ့႐ုပ္ရည္ပိုင္ဆိုင္ထားတဲ့ေယာက်္ားတစ္ေယာက္
"ေသခ်ာရဲ႕လား? သူလက္ခံရဲ႕လား"
"သူ႔စိတ္ဆုံးျဖတ္ခ်က္ေၾကာင့္က်ေနာ္ေခၚလာတာပါ"
"ok ေလ သူနဲ႔ေဆြးေႏြးရေအာင္"
က်ေနာ္ လည္းေခါင္းေဆာင္လို႔ထင္ရတဲ့လူရဲ႕ဆိုဖာေရွ႕မွာထိုင္လိုက္တယ္
"အကို႔နာမည္က Yuta ပါ မင္းကိုေခၚလာတဲ့ Do Young ကအကိုတို႔ရဲ႕ထုံးစံကိုရွင္းျပထားေရာေပါ့"
"ရွင္းျပထားပါတယ္ က်ေနာ့္နာမည္ Jaehyun ပါ"
"သူရွင္းျပထားေပမယ့္ အကိုထပ္ေျပာမယ္ အကိုက ဒီကလူေတြကိုေမွာင္ခိုေစ်းကြက္နဲ႔အတြင္းအဂၤါအစိတ္အပိုင္းကိုဝယ္တယ္ ၿပီးရင္ဂ်ပန္တို႔ တ႐ုတ္တို႔ဘက္ကိုေရာင္းတယ္ ငါ့ညီစိတ္ေျပာင္းၿပီလား"
"မေျပာင္းပါဘူး က်ေနာ္ကေငြတကယ္လိုေနတာပဲေလ"
က်ေနာ္ရဲ႕ခႏၶာကိုယ္အတြင္းအစိတ္အပိုင္းကိုဂ႐ုမစိုက္ရေအာင္ကို မႏွေျမာေတာ့တာ
အားလုံးက Taeyong အတြက္ပဲေလ
"အကိုဘာလိုခ်င္တာလဲ"
က်ေနာ္ကေသြးေအးစြာျပတ္သားေအာင္ေမးလိုက္ေတာ့ အားလုံးကအံ့ၾသေနၾကတယ္
က်ေနာ့္လို ကိုယ့္ကိုယ္ကိုမႏွေျမာတဲ့လူမ်ိဳးသူတို႔ေတြ႕ဖူးဦးမွာမဟူတ္ဘူးေလ
"ေက်ာက္ကပ္လိုခ်င္တယ္"
တစ္ခြန္းတည္းေသာစကားနဲ႔ထြက္လာတဲ့ အတြင္းအဂၤါအစိတ္အပိုင္းတစ္ခုနာမည္
က်ေနာ့္အတြက္ေက်ာက္ကပ္တစ္လုံးထုတ္ေရာင္းလိုက္ရတာကဘာမွမဟုတ္ပါဘူး
က်ေနာ္သတ္မွတ္ထားတဲ့ Taeyong ကိုကယ္ရမယ့္သစၥာအဓိ႒ာန္ေအာက္မွာ Taeyong ကလြဲၿပီးဘာမွအေရးႀကီးမေနေတာ့ဘူးေလ သစၥာအဓိ႒ာန္ဆိုတဲ့အဓိပၸာယ္က အရာတစ္ခုကိုသာဦးစားေပးၿပီး အဲ့အရာကိုပဲေရွ႕တန္းတင္ၿပီး ကိုယ့္အသက္ကိုယ္စြန႔္တဲ့အထိ သူ႔ကိုကယ္တင္တာမ်ိဳးေလ
"က်ေနာ္ေငြဘယ္ေလာက္ရႏိုင္မလဲ"
"သိန္း ၅၀"
"ေကာင္းၿပီေလ က်ေနာ္လက္ခံတယ္"
"လက္ခံရင္ အခုပဲလုပ္ငန္းစခ်င္တယ္"
"အခုပဲခြဲစိတ္ခန္းဝင္ရမွာလား"
"စိတ္ေတာ့မရွိပါနဲ႔ အကိုတို႔ကျမန္တာပဲႀကိဳက္လို႔ပါ"
"က်ေနာ့္ကိုတစ္ခုေလာက္ကူညီေပးမလား"
"ဘာမ်ားလဲ"
"က်ေနာ္ခြဲစိတ္ၿပီးအနားယူေနတုန္း က်ေနာ့္အကိုကိုေစာင့္ေရွာက္ေပးပါ ေနာက္ၿပီး က်ေနာ္ရတဲ့ေငြ သိန္း၅၀ ကိုလည္း က်ေနာ့္အကိုရဲ႕ေဆးစရိတ္အတြက္ေသခ်ာသုံးေပးထားပါ က်ေနာ္ခြဲစိတ္ၿပီးအနားယူလို႔ၿပီးမွက်န္ေငြကိုက်ေနာ့္ကိုလက္ငင္းေပးပါ"
"okေလ အဲ့ေလာက္ေတာ့ရပါတယ္"
"အခုခြဲစိတ္ခန္းမဝင္ခင္ က်ေနာ္ေဆး႐ုံျပန္ၿပီး က်ေနာ့္အကိုမ်က္ႏွာၾကည့္ခ်င္တယ္ ဒါေတာ့ခြင့္ျပဳေပးပါ ခင္ဗ်ားက်ေနာ့္ကိုမယုံရင္ Do Young ကိုပါထည့္ေပးလိုက္လို႔ရတယ္"
"ok မင္းဒီစာခ်ဳပ္မွာလက္မွတ္ထိုးေပးပါ"
Yuta ေပးတဲ့စာခ်ဳပ္ကိုက်ေနာ္ၾကည့္လိုက္ေတာ့ ကိုယ့္ဆႏၵအေလ်ာက္ အတြင္းအဂၤါအစိတ္အပိုင္းေရာင္းမႈဆိုတဲ့စာသားကိုထင္းခနဲေတြ႕လိုက္ရတယ္ ေရာင္းမည့္အတြင္းအဂၤါဆိုတဲ့ေနရာမွာက်ေနာ္ေက်ာက္ကပ္လို႔ျဖည့္လိုက္တယ္
form ျဖည့္ၿပီးေအာက္ဆုံးမွာက်ေနာ့္ရဲ႕ကိုယ္ပိုင္လက္မွတ္ထိုးလိုက္တယ္
"ရၿပီ Do Young သူနဲ႔လိုက္သြားလိုက္ပါ"
"nae"
"ဒါနဲ႔....."
က်ေနာ္ထမယ့္အခ်ိန္Yuta ကစကားစလို႔က်ေနာ္သူ႔ကိုလွမ္းၾကည့္လိုက္တယ္
"ကိုယ့္ရဲ႕အတြင္းအဂၤါထုတ္ေရာင္းတဲ့အထိ ေဆးကုစရိတ္ရွာတယ္ဆိုေတာ့ မင္းစိုးရိမ္ေနတဲ့လူနာက မင္းအကိုေရာဟူတ္ရဲ႕လား"
က်ေနာ္ေခါင္းငုံ႔ေနလိုက္တယ္
"hak ဟုတ္မေနဘူးပဲ ငါနားလည္ပါတယ္ အရာအားလုံးကအခ်စ္ေၾကာင့္ျဖစ္လာတာပဲေလ အထူးသျဖင့္ဒီလိုမ်ိဳး လူေတြၾသခ်ရေလာက္တဲ့ေပးဆပ္မႈေတြကအခ်စ္ေၾကာင့္ျဖစ္လာတဲ့ အျဖဴေရာင္ေပးဆပ္ျခင္းေတြပဲေလ"
"ဒါေပမယ့္... က်ေနာ့္အခ်စ္ကေပးဆပ္ျခင္းသက္သက္ပဲ.... က်ေနာ္ေပးဆပ္သေလာက္သူ႔အခ်စ္ကိုက်ေနာ္ျပန္မရဘူး က်ေနာ္သြားေတာ့မယ္"
Yuta ကိုက်ေနာ္ႏႈတ္ဆက္ၿပီး Do Young နဲ႔အတူေဆး႐ုံကိုျပန္လာလိုက္တယ္
ေဆး႐ုံေရာက္ေတာ့ လူနာခန္းေရွ႕မွာမတ္တပ္ရပ္ေနတဲ့က်ေနာ္ကေတာ့ေငးေငးငိုင္ငိုင္နဲ႔
"Ya သူ႔ကိုသြားေတြ႕မွာမလား? အခန္းထဲမဝင္ဘဲဘာရပ္လုပ္ေနတာလဲ?
Do Young ကေမးလာေတာ့ က်ေနာ္သက္ျပင္းခ်မိပါရဲ႕
"သူကငါ့ကိုမျမင္ခ်င္ေလာက္ေအာင္မုန္းေနတာ ငါသူ႔မ်က္ႏွာေတြ႕ခ်င္ေပမယ့္ ငါအေတြ႕ခံလို႔မွမျဖစ္တာ"
"ဘာာ? ကိုယ့္ကိုအဲ့ေလာက္ထိစိမ္းစိမ္းကားကားရက္စက္ေနတဲ့လူကို မင္းကဘဝေရာအသက္ပါေပးၿပီးခ်စ္ေနရတာလား အ႐ူးပဲ အ႐ူးတကာ့အ႐ူးထဲမွာ မင္းလိုအခ်စ္႐ူးေတြကဘယ္ေတာ့မွအသိတရားဝင္မွာမဟုတ္ဘူး"
က်ေနာ့္ရဲ႕လက္ေတြကို လက္သီးသဖြယ္တင္းၾကပ္စြာဆုပ္ထားမိတယ္
"ေၾသာ္ အကို"
႐ုတ္တရက္ပြင့္လာတဲ့လူနာခန္းတံခါးကထြက္လာတဲ့ nurse ရဲ႕ေခၚသံေၾကာင့္က်ေနာ္ လန႔္သြားတယ္
"Taeyong ဘာလုပ္ေနလဲဟင္"
"အိပ္ေနတယ္"
"ahh nae gomawo"
သူအိပ္ေနတယ္ဆိုတဲ့တိက်တဲ့သတင္းေၾကာင့္က်ေနာ္လူနာခန္းတံခါးကိုျဖည္းျဖည္းေလးဖြင့္ၿပီးဝင္သြားလိုက္တယ္ Do Young ကေတာ့အခန္းေရွ႕မွာပဲေစာင့္ေနတယ္
အခန္းထဲေရာက္ေတာ့ လူနာအက်ီအပြအျပာႏုေရာင္ေလးနဲ႔ေဘးတေစာင္းအိပ္ေနတဲ့ Taeyong ကိုက်ေနာ္ေတြ႕လိုက္ရတယ္
ခ်ယ္ရီသီးစားထားတဲ့သူ႔ heart shaped lip ေလးကိုက်ေနာ္ေငးၾကည့္ေန႐ုံမွအပ က်န္တာဘာမွမလုပ္ႏိုင္ဘူးေလ ကေလးႀကီးတစ္ေယာက္လိုခ်ိဳၿမိန္ေနတဲ့သူ႔မ်က္ႏွာေလးကေခ်ာင္က်ေနတာျမင္ရေတာ့ အသည္းထိေအာင္နာရတယ္
"ခ်စ္တယ္ Hyung"
သူမၾကားေလာက္တဲ့ေလသံေလးနဲ႔ သူမၾကားခ်င္တဲ့က်ေနာ္ရဲ႕ခ်စ္ျခင္းရင္ခုန္သံစကားကိုေျပာခဲ့တယ္
သူ႔ႏွလုံးသားကက်ေနာ့္အသက္ပဲ
သူ႔ရဲ႕အားအင္ခ်ိနဲ႔ႏွလုံးသားရဲ႕ေရာဂါကိုျမင္ေနရရင္က်ေနာ္အသက္ရွဴရပ္ရတယ္
သူႏွလုံးကက်ေနာ္အသက္ရွင္ဖို႔အတြက္ခုန္ေနရတာပါ
က်ေနာ္အခန္းထဲကျပန္ထြက္လာေတာ့ Do Young ကအခန္းဝမွာရပ္ေစာင့္ေနတုန္း
"ေတြ႕ၿပီးၿပီလား"
"အင္း"
"ဒါဆိုလာ သြားရေအာင္"
*********
In operation room
ခြဲစိတ္ခ်ိန္အတြင္းႏွလုံးခုန္ႏႈန္းကိုၾကည့္ဖို႔ စက္တပ္ေပးတဲ့ nurse တခ်ိဳ႕က က်ေနာ့္ကိုထူးထူးဆန္းဆန္းၾကည့္ေနၾကတယ္
ေမွာင္ခိုကိုယ္တြင္းအဂၤါအေရာင္းအဝယ္မို႔လို႔ ေဆး႐ုံေတြမွာခြဲစိတ္လို႔မရလို႔သူတို႔ကိုယ္ပိုင္ခြဲစိတ္ခန္းေလးထဲမွာခြဲစိတ္ရတယ္ ခြဲစိတ္တဲ့သူေတြကလည္း Yuta ငွားထားတဲ့ကြၽမ္းက်င္ဆရာဝန္ေတြပါပဲ
"ေမာင္ေလး ေမ့ေဆးေပးေတာ့မယ္ေနာ္"
"nae"
ေမ့ေဆးေပးေနတဲ့အခ်ိန္ေလးမွာ က်ေနာ္ဝိဉာဥ္လြင့္ေနခဲ့မယ္ဆိုရင္ Taeyong နားကိုက်ေနာ္သြားခ်င္ပါတယ္
အသားထဲ အေၾကာထဲကိုစူးခနဲစိုက္ဝင္သြားတဲ့ေဆးထိုးအပ္ႁပြန္ကေနေမ့ေဆးေတြကက်ေနာ့္ခႏၶာကိုယ္ထဲကိုစီးဝင္သြားတယ္
ခြဲစိတ္ခန္းကုတင္ေပၚမွာက်ေနာ္ပက္လက္လွန္လွဲေနတုန္း က်ေနာ့္အေပၚကအရမ္းလင္းလက္ေနတဲ့မီးဆိုင္းကက်ေနာ့္ကိုၾကယ္ေတြအလားထင္မွတ္ေစရတယ္
"အားလုံးက မင္းအတြက္ပါပဲ... Taeyong... ခ်စ္တယ္"
ႏႈတ္ကေရ႐ြတ္မိလိုက္တဲ့စကားတို႔အဆုံးမွာ က်ေနာ့္အေပၚကမီးဆိုင္းေတြလည္းေပ်ာက္ကြယ္သြားတယ္ က်ေနာ့္ကိုယ္ထဲေရာက္ေနတဲ့ေမ့ေဆးကစတင္အလုပ္လုပ္ခဲ့ၿပီေလ
အရမ္းလွပတဲ့ Heather ပန္းခင္းႀကီးထဲက်ေနာ္ေရာက္ေနျပန္ၿပီ
က်ေနာ္အတိတ္ကိုအိပ္မက္အျဖစ္လည္ပတ္ေနတာမ်ားလား
မဟုတ္ဘူး
က်ေနာ္ ၁၀ ႏွစ္သားမဟုတ္ဘဲ အခုလက္ရွိအသက္အ႐ြယ္နဲ႔ေရာက္ခဲ့ဖူးတဲ့ Scotland က Heather ပန္းခင္းထဲကိုထပ္ေရာက္ေနတာ
"Hyung"
က်ေနာ့္အေရွ႕မွာ ေက်ာခိုင္းထားၿပီးသူ႔လမ္းသူေလွ်ာက္ေနတဲ့ Taeyong ကိုေတြ႕လိုက္ရေတာ့သူ႔ေနာက္ကိုက်ေနာ္ေျပးလိုက္မိတယ္
ဒီတခါေတာ့ ငယ္ငယ္ကလိုပဲသူထြက္သြားတာကိုေငးၾကည့္မေနႏိုင္ေတာ့ဘူးေလ
က်ေနာ္ Taeyong ကိုအေနာက္ကေနသိုင္းဖက္လိုက္တယ္
"Jaehyun!"
"က်ေနာ့္ကိုထားၿပီးဘယ္ကိုသြားဦးမလို႔လဲ ထပ္ၿပီးဒီ ပန္းခင္းထဲမွာမထားခဲ့ပါနဲ႔ က်ေနာ္ Heather ပန္းရဲ႕အဓိပၸာယ္ကိုမသိခ်င္ေတာ့ဘူး"
က်ေနာ္သူ႔ကိုအေနာက္ကေနသိုင္းဖက္ထားရာကလႊတ္လိုက္ေတာ့သူက်ေနာ့္ဘက္ကိုလွည့္လာတယ္
"အရာအားလုံးက တစ္ခုခုရဲ႕အဆုံးအျဖတ္ေၾကာင့္အစီအစဥ္တက်ျဖစ္လာတာ ငါ့ႏွလုံးသားရဲ႕အဆုံးအျဖတ္ေၾကာင့္ မင္းအထီးက်န္ေနရတာမလား မင္း Heather ရဲ႕အဓိပၸာယ္ကိုမသိခ်င္လို႔မရဘူးေလ"
"ဟင့္အင္း သိေနေပမယ့္မသိခ်င္ေယာင္ေဆာင္ထားခ်င္တယ္"
"မင္းအခ်စ္က ဒီပန္းခင္းေလာက္ေတာင္ ခန႔္ညားလို႔လား"
"ဟင့္အင္း က်ေနာ္အခ်စ္ကမခန႔္ညားဘူး ဒါေပမယ့္ေပးဆပ္မႈအျပည့္နဲ႔ဟာကြက္မရွိတဲ့အခ်စ္ပဲေလ မခန္းညားေပမယ့္ျပည့္စုံတယ္"
"ငါတို႔ေတြကမတူညီတဲ့လမ္းကိုေလွ်ာက္ရမွာ ငါေလွ်ာက္လွမ္းမယ့္လမ္းကို အတူေလွ်ာက္ဖို႔ ငါႏွလုံးသားကေ႐ြးခ်ယ္လိုက္တဲ့လူကမင္းမဟုတ္ဘူး Jaehyun"
အေဝးမွာတျဖည္းျဖည္းေပ်ာက္ကြယ္သြားတဲ့ Taeyong ရဲ႕ပုံရိပ္ေလးကက်ေနာ့္ရဲ႕ ေမ့ေဆးျပယ္ၿပီးအျပင္ေလာကနဲ႔အဆက္အသြယ္ျပန္ရခ်ိန္မွာေပ်ာက္ကြယ္သြားခဲ့တယ္....
Jaehyun's POV End