Zawgyi
******
"Kim Tae Hyung ရာ မင္းတကယ္ကို ဒီပံုစံအတိုင္းလုပ္မယ္ေပါ့?"
"အဲ့ေတာ့ ဘာျဖစ္လဲ?"
စားပြဲေပၚမွာ တင္ထားေသာ ေကာ္ဖီခြက္ကို ၾကည့္ရင္း သူေရရြတ္လာသည္။
မနက္ေစာေစာထၿပီး ေဖ်ာ္ထားေပးရတာကို ေစတနာေလးမွ အားမနာ ေျပာရဲတယ္။
ႏွာေခါင္းႀကီးကို ရံႈ႕လို႔ မ်က္လံုးႀကီးကြၽတ္က်မတတ္ စူးရဲစြာ စိုက္ၾကည့္လာေတာ့ ေသာက္လက္စ ေရေလးပင္ သီးသြားရသည္။
"Kim Tae Hyung မင္းကြာ!!"
ထိုင္ခံုေပၚ ဘုန္းခနဲျမည္ေအာင္ ထိုင္ခ်ၿပီး ေခါင္းကိုေမာ့ကာ သက္ျပင္းတမွ်မွ်ခ်ေနေသာ သူ႔ကို ေၾကာင္အစြာေလးသာ ေငးၾကည့္ေနခဲ့မိသည္။ ေကာ္ဖီေလးတစ္ခြက္ေဖ်ာ္ထားေပးတာ အဲ့ေလာက္ထိမ်ား အျပစ္ႀကီးသြားရလား။
နည္းနည္းမွ စာနာစိတ္မ႐ွိတဲ့လူ။
"မေသာက္ဘူးလား?"
မ်က္လံုးကိုသာ ကြၽန္ေတာ့္ဆီေ၀ွ႕ၾကည့္ၿပီး ေခါင္းတြင္တြင္ခါကာ စားပြဲေပၚမွာ တင္ထားေသာ ေကာ္ဖီခြက္အား တစ္က်ိဳက္ထဲ ေမာ့ၿပီး အိတ္ကိုဆြဲကာ ထြက္သြားေလသည္။
'သြားၿပီ' ဟု တစ္ခြန္းပင္ မေျပာဘဲနဲ႔ေပါ့။
မနက္ေစာေစာမွာ မနက္စာအတြက္ စိတ္ဆိုးတာ ၾကားေကာင္းေသးရဲ႕လားဗ်ာ။
ဒါေတာင္ ေခါက္ဆြဲျပဳတ္နဲ႔မညားတာ ဒင္းကံေကာင္းလွၿပီမွတ္။
စိတ္႐ႈပ္႐ႈပ္နဲ႔ အိမ္ေပၚတက္ကာ ေရခ်ိဳးခန္းထဲတြင္ ဇိမ္နဲ႔ေရခ်ိဳးေနခဲ့သည္။
ေအးစိမ့္စိမ့္ေရေၾကာင့္ ေက်ာထဲသို႔ စိမ့္ခနဲ။
ေရေအးေအးျဖင့္သာ ခ်ိဳးတတ္ေသာ အက်င့္ေၾကာင့္လည္း အခက္သား။
ဆံပင္အားခပ္သာသာ သုတ္ၿပီး ၀တ္ရမည့္ အက်ႌအား ထုတ္ေနစဥ္ တဂြင္ဂြင္ျမည္လာေသာ ကြၽန္ေတာ့္ဖုန္း။ တျခားသူေတာ့မဟုတ္ Park Jimin အခ်စ္ေတာ္ Yoon Jiha ။
"အင္း ေျပာ Jiha"
"ဟဲ့ ေတြ႕ေနက်ဆိုင္ကို လာခဲ့အံုး ေျပာစရာ႐ွိလို႔"
"႐ႈပ္႐ႈပ္ယွက္ယွက္ ေျပာစရာ႐ွိရင္ ငါ့ဆီလာပါလား"
"ဟိတ္ေကာင္ ေခၚေနရင္ လာခဲ့ကြာ ဒါဘဲ"
ေဘးနားမွ လွမ္းေအာ္ေသာ Jimin အသံေၾကာင့္ သူတို႔အတူ႐ွိေနမွန္းသိလိုက္သည္။ ဒီရည္းစားႏွစ္ေယာက္နဲ႔ေတာ့ အေတာ္ခက္သည္။ တစ္ေယာက္မဟုတ္တစ္ေယာက္ေတာ့ ဒုကၡေပးရမွ။ အင္းေလ သူတို႔ကို ကြၽန္ေတာ္ ဒုကၡေပးခဲ့သည္မွာလည္း နည္းနည္းေနာေနာမွ မဟုတ္ခဲ့ဘဲ။
ထိုင္ေနက် ဆိုင္ေလးသို႔ ကြၽန္ေတာ္ျပင္ဆင္ၿပီး ထြက္လာခဲ့သည္။
ေထာင့္က်က်စားပြဲ၀ိုင္းေလးမွာ ထိုင္ေနၾကေသာ ႏွစ္ေယာက္က ကြၽန္ေတာ့္ကို ေတြ႕သည္ႏွင့္ လက္လွမ္းျပကာ လာခဲ့ဖို႔ ေခၚေနသည္ေလ။
သူတို႔ ေ႐ွ႕တည့္တည့္မွ ခံုေပၚ၀င္ထိုင္ၿပီး စားပြဲေပၚမွာတင္ထားေသာ ေရခြက္အား ယူၿပီး ေသာက္လိုက္သည္။
"ငါတို႔ႏွစ္ေယာက္ လက္ထပ္ေတာ့မွာ ဟီး"
သြား၃၂ေပၚေအာင္ ျပံဳးၿဖီးေနေသာ Jiha ေၾကာင့္ Jimin ကို လွမ္းၾကည့္လိုက္ေတာ့ ကိုယ္ေတာ္ကလည္း ထိုနည္းလည္းေကာင္းပင္။
ေတာ္ေတာ္ကို လိုက္ဖက္ညီတဲ့ စံုတြဲ။
"တကယ္ေပါ့"
"ဟုတ္ပါတယ္ဆိုကြာ မင္းကလည္း"
"အႀကီးႀကီး ဂုဏ္ျပဳပါတယ္ကြာ"
သူတို႔ႏွစ္ေယာက္ကို ၾကည့္ရင္းနဲ႔ပင္ ကြၽန္ေတာ္ေပ်ာ္မိပါသည္။ အရမ္းခ်စ္ၾကတဲ့ သူတို႔ႏွစ္ေယာက္မဟုတ္ပါလား။
ေ႐ွ႕ေလွ်ာက္သူတို႔ႏွစ္ေယာက္ အဆင္ေျပဖို႔ကိုသာ ဆုေတာင္းေပးလ်က္ပါ။
အတားအဆီးေတြကိုလည္း ေက်ာ္ျဖတ္ႏိုင္ေစေပါ့။
"ေအးပါ အကူညီ လိုရင္လည္းေျပာ အခုေတာ့ ငါသြားစရာေလး႐ွိေသးလို႔"
ေျပာစရာစကားကို လက္စသတ္ၿပီး ထိုဆိုင္ထဲမွ ထြက္ခဲ့သည္။ ေထြေထြထူးထူးေျပာစရာမ႐ွိ၍
ခပ္သုတ္သုတ္သာ စကားျဖတ္လိုက္ေသာ္လည္း
သြားစရာေနရာကမ႐ွိ။
အိမ္...အိမ္ျပန္မည္ဆိုပါက ေမေမတို႔ ခရီးသြားခဲ့သည္တဲ့ေလ။
အိမ္ယာမဲ့လူလိုပဲ လမ္းေပၚမွာ တစ္ေယာက္ထဲ ဟိုသြားဒီသြား။
႐ုတ္တရက္ ေရာက္႐ွိေနေသာ အေဆာက္အဦးကို ေမာ့ၾကည့္လိုက္ေတာ့
Jeon Jung Kook ႐ွိရာ ေနရာႀကီး။
၀င္သြားသင့္ပါရဲ႕လား။ သူႏွင့္ပတ္သတ္သူ မဟုတ္ပါလား ကြၽန္ေတာ္သြားလည္း ျပသနာမ႐ွိသည္မို႔။ ခပ္တည္တည္နဲ႔သာ ၀င္သြားမိေသာ္လည္း သိပ္ကို ေကာင္းမြန္လြန္းေသာ ဒင္းလံုျခံဳေရးမ်ားက သူခိုးဖမ္းသလို။
"ဘယ္သူနဲ႔ေတြ႕ခ်င္လို႔ပါလဲ?"
လက္ကိုတစ္ဖက္စီခ်ဳပ္ထားရင္း အေမးအျမန္းက ထူေနေသး။ က်စ္တစ္ခ်က္စုတ္သတ္ၿပီး......
"Jeon Jung Kook"
"ဗ်ာ!! သူေဌးနဲ႔!"
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ေခါင္းကုတ္သူကကုတ္ႏွင့္။ ကြၽန္ေတာ့္ကို ေခါင္းစေျခဆံုး အေပၚၾကည့္ေအာက္ၾကည့္ လုပ္သူကလုပ္။ ႏွာေခါင္းကရံႈ႕သြားေသး။
သူတို႔ၾကည့္မွ ကိုယ့္ကိုယ္ကိုယ္ ျပန္ငံု႔ၾကည့္ေတာ့ အဆင္ေျပပါတယ္။ သေဘာက်လြန္းလို႔ ၀တ္ေနက် ေဘာင္းဘီအမဲပြပြႏွင့္ hoddie အျပာေရာင္ႀကီးကို လိုက္ဖက္ညီစြာ ၀တ္ထားသည္ကိုး။
"ငါ့ကို လႊတ္စမ္း!!! Jung Kook အဲ့ေကာင္ ဘယ္လိုလူေတြကို အလုပ္ခန္႔ထားလဲ မသိဘူး"
ခ်ဳပ္ထားေသာ သူတို႔လက္ထဲမွ အတင္း႐ုန္းၿပီး အက်ႌကို ဟိုခါဒီခါ။ နဂါးမ်က္ေစာင္းကို အၾကည့္တစ္ခ်က္ေၾကာင့္ ကြၽန္ေတာ့္ကို ဒင္းတို႔ေမာ္ေတာင္ မၾကည့္ရဲ။
"သူေဌးနဲ႔ ႀကိဳခ်ိန္းထားတာမ်ား ႐ွိလို႔လား"
"တကယ္ ခက္တဲ့ေကာင္ေတြ!Kim Tae Hyung လို႔ မင္းတို႔ သူေဌးကို သြားေျပာလိုက္"
"Kim Tae Hyung!!"
ေခါင္းကုတ္ကာ တစ္ခုခုကို အေလးအနက္ စဥ္းစားေနေသာ ပံုမ်ိဳးႏွင့္ ထိုနလပိန္းတံုး ႏွစ္ေကာင္အား ျဖတ္႐ိုက္လိုက္ခ်င္မိသည္။
ဘယ္သူဘယ္၀ါမွန္း သိသြားၾကည့္ တုန္ဆင္းၿပီး ေၾကာက္ေနၾကအုံးမွာ ျမင္ေယာင္ေသး။
"အာ!! ေတာင္းပန္ပါတယ္ သူေဌးေလး
ကြၽန္ေတာ္တို႔ မသိလိုက္လို႔ပါ"
"အဟင္း!! ေအးေအး"
"သူေဌး သူ႔ရံုးခန္းထဲမွာ႐ွိပါတယ္ ခဗ်!"
ေလသံေလးေတြကအစ ေျပာင္းလဲသြားတာ။
႐ုပ္ေတြကိုက အခ်ိဳးကိုမေျပဘူး။
မလာစဖူးေလး လာပါတယ္ တစ္ခုမွကို အဆင္ေျပတာ မ႐ွိဘူး။ Jeon Jung Kook နဲ႔ေတြ႕ၿပီးမွ ဒီေကာင္ေတြကို အလုပ္ျဖဳတ္ခိုင္းရမယ္။
တံခါးကိုအသာဖြင့္ၿပီး ၀င္သြားေတာ့ တစ္ေယာက္တည္း အလုပ္႐ႈပ္ေနပံုရသည္။
ေခါင္းေတာင္ မေမာ့ၾကည့္အားဘူး။
သူ႔ကိုသတ္သြားရင္ေတာင္ ဘယ္သူသတ္မွန္း သိမွာမဟုတ္ဘူး။
"လုပ္စရာ႐ွိရင္ ထားခဲ့လိုက္ေလ"
ခ်စ္စရာေလးေနာ္..........။
"အဟင္း!"
"ဟင္!! Tae Hyung?"
ကြၽန္ေတာ့္ကိုေတြ႕မွ မ်က္လံုးေလးျပဴးသြားသူ။
ဘာလုပ္လို႔လုပ္ရမွန္း မသိတာေၾကာင့္ ၃၂ေခ်ာင္းေသာသြားမ်ားေပၚေအာင္ ၿဖီးျပေတာ့ သူ႔ရဲ႕ ပါးခ်ိဳင့္လိုလို ပါးခြက္လိုလို အရာႀကီး ေပၚေအာင္ ျပန္ျပံဳးျပေတာ့ ရင္ႀကီးက ဒိန္းခနဲ ပစ္ခုန္ေရာ။ ေသနာႀကီး အဲ့လို ျပံဳးျပရလား။
"ဘာလာလုပ္တာလဲ?"
"ဟို...ဒီလိုပါပဲ လမ္းၾကံဳလို႔ ၀င္လာတာ"
"Coffee ေသာက္မယ္မလား သြားေဖ်ာ္ေပးမယ္ ခနေစာင့္"
ထူးထူးဆန္းဆန္းရယ္။ စကားကို ခ်ိဳခ်ိဳသာသာနဲ႔ အျပဳအမူေတြကအစ အရင္ကနဲ႔မတူ ေျပာင္းလဲလို႔။ တခါတေလ လူကို ရစ္ေၾကာထတာေလးက လြဲရင္ အခ်ိဳးေတြက သိသိသာသာေျပာင္းလာခဲ့သည္။
ေျပာင္းလာရမွာေပါ့ သူကကြၽန္ေတာ့္ကို အဟင္း.....ေတာ္ပါၿပီ ထိုအေၾကာင္း ျပန္ေတြးရင္ မ်က္ႏွာပူရလြန္းလို႔။
သူ႔ေနရာမွာ ၀င္ထိုင္ၿပီး စာရြက္စာတမ္းတစ္ခိ်ဳ႕ကို ယူၾကည့္လိုက္ေတာ့ ႏွစ္ခ်ဳပ္စာရင္းမွာ သူလက္မွတ္ထိုးေနေၾကာင္းသိရသည္။
သူ႔လက္မွတ္က အေတာ္ေတာ့လွသား။
စာရြက္တစ္ရြက္ယူၿပီး သူ႔လက္မွတ္ထိုးၾကည့္ေတာ့ ကြၽန္ေတာ္က ေတာ္လိုက္တာ။ ေတာ္ေတာ္ေလးကို တူတယ္။
ေစတနာႏွင့္ လက္မွတ္ေလး ကူထိုးေပးေသာ္လည္း အဆူခံရမယ္မွန္းသိရင္ မလုပ္ခဲ့ဘူးရယ္။
"Tae Hyung ဘာလုပ္ေနတာလဲ?"
"Jung Kook ဒီမွာၾကည့္ မင္းလက္မွတ္နဲ႔ တူတယ္မလား ဟီးဟီး"
"Kim Tae Hyung!!"
အေျပးတစ္ပိုင္းႏွင့္ ကြၽန္ေတာ့္လက္ထဲမွ စာရြက္ကိုယူၿပီး ဟိုလွန္ဒီလွန္လုပ္ကာ စစ္ေဆးေနသည္။ ျပသနာမ႐ွိမွန္းသိေတာ့မွ ဟူးခနဲသက္ျပင္းခ်ကာ ကြၽန္ေတာ့္ကို မ်က္လံုးေစြကာ ၾကည့္လာသည္။ အခုခ်ိန္ ကြၽန္ေတာ့္မ်က္ႏွာမွာ ဇီးျဖဴသီးေလာက္ပင္ က်န္ေတာ့မည္မွာ အေသအခ်ာ။
တကယ္ကို ေစတနာနဲ႔ လုပ္ေပးမိတာကို။
"Tae Hyung!"
ကြၽန္ေတာ့္မ်က္ႏွာ ညိႇဳးသြားမွန္းသိေတာ့ စားပြဲမွာ သူခ်ထားတဲ့ ေကာ္ဖီခြက္ေလးကို လွမ္းေပးၿပီး ျပံဳးျပေနျပန္သည္။
"မင္းေဖ်ာ္တာေလာက္ေတာ့ မေကာင္းဘူးေပါ့"
"မေသာက္ခ်င္ေတာ့ဘူး"
ဒီလို ခပ္ေၾကာင္ေၾကာင္ အက်င့္ႀကီးက ငယ္ငယ္ထဲက။ တစ္ခုခုကို စိတ္ထင့္သြားရင္ မရယ္ႏိုင္မျပံဳးႏိုင္ ဘာမွမလုပ္ႏိုင္ေတာ့။
"တကယ္လား?"
ခံုကို သူ႔လက္ႏွစ္ဖက္ျဖင့္ ေထာက္လိုက္ေတာ့
ကြၽန္ေတာ့္ေပၚ အုပ္မိုးၿပီးသား ျဖစ္ေနေသာ သူ႔ကုိယ္ႀကီး။ မ်က္ႏွာေ႐ွ႕သို႔ နီးကပ္လာေသာ သူ႔မ်က္ႏွာေၾကာင့္ မ်က္လံုးက အသင့္ပိတ္မိၿပီးသား။ ႏွာေခါင္းထိပ္ခ်င္း ထိေတြ႕ေနမႈေၾကာင့္ သူ႔ထံမွ အသက္႐ွဴေငြ႕ေႏြးေႏြးေလးကို ခံစားရသည္။
ဒီခ်ိန္မွာ အတားအဆီးမဲ့ ရင္ခုန္ေနေၾကာင္း မျငင္းဆန္လို။ လစ္လပ္သြားေသာ ကြၽန္ေတာ့္မ်က္ႏွာမွာ ၾကားခံနယ္ေလဟာျပင္ ျပန္လည္၀င္ေရာက္လာမႈေၾကာင့္ ေအးစိမ့္သြားသလို ခံစားမႈမ်ိဳး။ ပိတ္ထားေသာ မ်က္လံုးတို႔ ျပန္ဖြင့္ၾကည့္မိေတာ့ ျပံဳးစိစိႏွင့္ လူကို ၾကည့္ေနေသာ အေကာင္ထြားႀကီး။
႐ွက္လြန္းလို႔ မ်က္ႏွာမ်ား နီရဲလို႔ပူထူလွၿပီ။
"Gentleman မဆန္တဲ့ လူႀကီး"
"ဘာေျပာလိုက္တာ?"
"ဘာမွမေျပာပါဘူး"
ႏႈတ္ခမ္းဆူကာ ေ႐ွ႕မွ ေကာ္ဖီခြက္ကို ေမာ့ခ်လိုက္သည္။ ႐ွက္စရာေကာင္းလိုက္တာ Kim Tae Hyung ရာ။
႐ုတ္တရက္ဆန္စြာ ပါးအတြင္းသို႔ နစ္၀င္လာေသာ ႏႈတ္ခမ္းဖ်ားတစ္စံု။
ေကာ္ဖီခြက္ကိုင္ထားေသာ လက္မ်ားလည္း တုန္ခါလာသလို။ မ်ိဳမက်ေသးေသာ ေကာ္ဖီမ်ားထြက္က်ခ်င္သလို။
"အဟြတ္ အဟြတ္!"
တစ္႐ွဴးလိပ္ႀကီးဆြဲယူကာ ထိုေနရာမွ ေျပးအထြက္ သစၥာေဖာက္ေသာ ေျခေထာက္က ဘာမွ႐ွိမေနေသာ ၾကမ္းျပမ္မွာ ေ႐ွာခနဲ။ အေနာက္ျပန္ဖင္ထို္င္ရက္ႀကီးလဲက်ေတာ့ တစ္႐ွက္မွႏွစ္႐ွက္။
"Tae အဆင္ေျပလား"
အေျပးအလႊားေလးလာထူ႐ွာေသာ သူ႔ကို ေအာင့္သက္သက္ေလးတစ္ခ်က္ျပံဳးျပရသည္။
ခံုေလးေပၚသူခ်ေပးၿပီး အလုပ္စားပြဲေပၚ ူတစ္ျခမ္းေစာင္းကာ သူထိုင္လိုက္သည္။
သူ႔မ်က္ႏွာကို မၾကည့္ရဲေသာ ကြၽန္ေတာ္ကေတာ့ မ်က္လံုးမ်ားဂနာမၿငိမ္။ သူကေတာ့ျဖင့္ ကြၽန္ေတာ့္မ်က္ႏွာကို တစိမ့္စိမ့္ၾကည့္လို႔။
ကြၽန္ေတာ့္မ်က္ႏွာႀကီး မီးထေတာက္ေတာ့မလားလို႔။
"Tae ေနာက္ဆို ဒီလိုအက်ႌေတြ၀တ္မလာနဲ႔"
ဟထားေသာ အက်ႌဇစ္ကို လည္ပင္းနားထိ ဆြဲတင္လိုက္ရင္း သူေျပာသည္။
Jeon Jung Kook ဆိုတာ ဒီလိုလူပဲ။
ရင္ခုန္ခ်စ္စရာတစ္စက္ေလးမွ မေကာင္းတဲ့လူ။
"ဘာလဲ....မင္းက ႐ွက္လို႔လား?"
ဟက္ခနဲသူရယ္ခ်ၿပီး ေခါင္းခါကာ မ်က္ႏွာအား စူးစိူက္စြာ သူၾကည့္ရင္း.......
"အက်ႌက ဟိုက္ေတာ့ သူမ်ားၾကည့္မွာေပါ့"
ကြၽန္ေတာ္ ထိုေနရာ ထိုအခ်ိန္မွာ အသက္မဲ့စြာ..။
___________________________TBC
Love You All❤❤❤❤❤
*Nun
Chapter 10 is coming soon
______________________________
Unicode
*******
"Kim Tae Hyung ရာ မင်းတကယ်ကို ဒီပုံစံအတိုင်းလုပ်မယ်ပေါ့?"
"အဲ့တော့ ဘာဖြစ်လဲ?"
စားပွဲပေါ်မှာ တင်ထားသော ကော်ဖီခွက်ကို ကြည့်ရင်း သူရေရွတ်လာသည်။
မနက်စောစောထပြီး ဖျော်ထားပေးရတာကို စေတနာလေးမှ အားမနာ ပြောရဲတယ်။
နှာခေါင်းကြီးကို ရံှု့လို့ မျက်လုံးကြီးကျွတ်ကျမတတ် စူးရဲစွာ စိုက်ကြည့်လာတော့ သောက်လက်စ ရေလေးပင် သီးသွားရသည်။
"Kim Tae Hyung မင်းကွာ!!"
ထိုင်ခုံပေါ် ဘုန်းခနဲမြည်အောင် ထိုင်ချပြီး ခေါင်းကိုမော့ကာ သက်ပြင်းတမျှမျှချနေသော သူ့ကို ကြောင်အစွာလေးသာ ငေးကြည့်နေခဲ့မိသည်။ ကော်ဖီလေးတစ်ခွက်ဖျော်ထားပေးတာ အဲ့လောက်ထိများ အပြစ်ကြီးသွားရလား။
နည်းနည်းမှ စာနာစိတ်မရှိတဲ့လူ။
"မသောက်ဘူးလား?"
မျက်လုံးကိုသာ ကျွန်တော့်ဆီဝှေ့ကြည့်ပြီး ခေါင်းတွင်တွင်ခါကာ စားပွဲပေါ်မှာ တင်ထားသော ကော်ဖီခွက်အား တစ်ကျိုက်ထဲ မော့ပြီး အိတ်ကိုဆွဲကာ ထွက်သွားလေသည်။
'သွားပြီ' ဟု တစ်ခွန်းပင် မပြောဘဲနဲ့ပေါ့။
မနက်စောစောမှာ မနက်စာအတွက် စိတ်ဆိုးတာ ကြားကောင်းသေးရဲ့လားဗျာ။
ဒါတောင် ခေါက်ဆွဲပြုတ်နဲ့မညားတာ ဒင်းကံကောင်းလှပြီမှတ်။
စိတ်ရှုပ်ရှုပ်နဲ့ အိမ်ပေါ်တက်ကာ ရေချိုးခန်းထဲတွင် ဇိမ်နဲ့ရေချိုးနေခဲ့သည်။
အေးစိမ့်စိမ့်ရေကြောင့် ကျောထဲသို့ စိမ့်ခနဲ။
ရေအေးအေးဖြင့်သာ ချိုးတတ်သော အကျင့်ကြောင့်လည်း အခက်သား။
ဆံပင်အားခပ်သာသာ သုတ်ပြီး ဝတ်ရမည့် အကျႌအား ထုတ်နေစဉ် တဂွင်ဂွင်မြည်လာသော ကျွန်တော့်ဖုန်း။ တခြားသူတော့မဟုတ် Park Jimin အချစ်တော် Yoon Jiha ။
"အင်း ပြော Jiha"
"ဟဲ့ တွေ့နေကျဆိုင်ကို လာခဲ့အုံး ပြောစရာရှိလို့"
"ရှုပ်ရှုပ်ယှက်ယှက် ပြောစရာရှိရင် ငါ့ဆီလာပါလား"
"ဟိတ်ကောင် ခေါ်နေရင် လာခဲ့ကွာ ဒါဘဲ"
ဘေးနားမှ လှမ်းအော်သော Jimin အသံကြောင့် သူတို့အတူရှိနေမှန်းသိလိုက်သည်။ ဒီရည်းစားနှစ်ယောက်နဲ့တော့ အတော်ခက်သည်။ တစ်ယောက်မဟုတ်တစ်ယောက်တော့ ဒုက္ခပေးရမှ။ အင်းလေ သူတို့ကို ကျွန်တော် ဒုက္ခပေးခဲ့သည်မှာလည်း နည်းနည်းနောနောမှ မဟုတ်ခဲ့ဘဲ။
ထိုင်နေကျ ဆိုင်လေးသို့ ကျွန်တော်ပြင်ဆင်ပြီး ထွက်လာခဲ့သည်။
ထောင့်ကျကျစားပွဲဝိုင်းလေးမှာ ထိုင်နေကြသော နှစ်ယောက်က ကျွန်တော့်ကို တွေ့သည်နှင့် လက်လှမ်းပြကာ လာခဲ့ဖို့ ခေါ်နေသည်လေ။
သူတို့ ရှေ့တည့်တည့်မှ ခုံပေါ်ဝင်ထိုင်ပြီး စားပွဲပေါ်မှာတင်ထားသော ရေခွက်အား ယူပြီး သောက်လိုက်သည်။
"ငါတို့နှစ်ယောက် လက်ထပ်တော့မှာ ဟီး"
သွား၃၂ပေါ်အောင် ပြုံးဖြီးနေသော Jiha ကြောင့် Jimin ကို လှမ်းကြည့်လိုက်တော့ ကိုယ်တော်ကလည်း ထိုနည်းလည်းကောင်းပင်။
တော်တော်ကို လိုက်ဖက်ညီတဲ့ စုံတွဲ။
"တကယ်ပေါ့"
"ဟုတ်ပါတယ်ဆိုကွာ မင်းကလည်း"
"အကြီးကြီး ဂုဏ်ပြုပါတယ်ကွာ"
သူတို့နှစ်ယောက်ကို ကြည့်ရင်းနဲ့ပင် ကျွန်တော်ပျော်မိပါသည်။ အရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်မဟုတ်ပါလား။
ရှေ့လျှောက်သူတို့နှစ်ယောက် အဆင်ပြေဖို့ကိုသာ ဆုတောင်းပေးလျက်ပါ။
အတားအဆီးတွေကိုလည်း ကျော်ဖြတ်နိုင်စေပေါ့။
"အေးပါ အကူညီ လိုရင်လည်းပြော အခုတော့ ငါသွားစရာလေးရှိသေးလို့"
ပြောစရာစကားကို လက်စသတ်ပြီး ထိုဆိုင်ထဲမှ ထွက်ခဲ့သည်။ ထွေထွေထူးထူးပြောစရာမရှိ၍
ခပ်သုတ်သုတ်သာ စကားဖြတ်လိုက်သော်လည်း
သွားစရာနေရာကမရှိ။
အိမ်...အိမ်ပြန်မည်ဆိုပါက မေမေတို့ ခရီးသွားခဲ့သည်တဲ့လေ။
အိမ်ယာမဲ့လူလိုပဲ လမ်းပေါ်မှာ တစ်ယောက်ထဲ ဟိုသွားဒီသွား။
ရုတ်တရက် ရောက်ရှိနေသော အဆောက်အဦးကို မော့ကြည့်လိုက်တော့
Jeon Jung Kook ရှိရာ နေရာကြီး။
ဝင်သွားသင့်ပါရဲ့လား။ သူနှင့်ပတ်သတ်သူ မဟုတ်ပါလား ကျွန်တော်သွားလည်း ပြသနာမရှိသည်မို့။ ခပ်တည်တည်နဲ့သာ ဝင်သွားမိသော်လည်း သိပ်ကို ကောင်းမွန်လွန်းသော ဒင်းလုံခြုံရေးများက သူခိုးဖမ်းသလို။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ?"
လက်ကိုတစ်ဖက်စီချုပ်ထားရင်း အမေးအမြန်းက ထူနေသေး။ ကျစ်တစ်ချက်စုတ်သတ်ပြီး......
"Jeon Jung Kook"
"ဗျာ!! သူဌေးနဲ့!"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းကုတ်သူကကုတ်နှင့်။ ကျွန်တော့်ကို ခေါင်းစခြေဆုံး အပေါ်ကြည့်အောက်ကြည့် လုပ်သူကလုပ်။ နှာခေါင်းကရှုံ့သွားသေး။
သူတို့ကြည့်မှ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်တော့ အဆင်ပြေပါတယ်။ သဘောကျလွန်းလို့ ဝတ်နေကျ ဘောင်းဘီအမဲပွပွနှင့် hoddie အပြာရောင်ကြီးကို လိုက်ဖက်ညီစွာ ဝတ်ထားသည်ကိုး။
"ငါ့ကို လွှတ်စမ်း!!! Jung Kook အဲ့ကောင် ဘယ်လိုလူတွေကို အလုပ်ခန့်ထားလဲ မသိဘူး"
ချုပ်ထားသော သူတို့လက်ထဲမှ အတင်းရုန်းပြီး အကျႌကို ဟိုခါဒီခါ။ နဂါးမျက်စောင်းကို အကြည့်တစ်ချက်ကြောင့် ကျွန်တော့်ကို ဒင်းတို့မော်တောင် မကြည့်ရဲ။
"သူဌေးနဲ့ ကြိုချိန်းထားတာများ ရှိလို့လား"
"တကယ် ခက်တဲ့ကောင်တွေ!Kim Tae Hyung လို့ မင်းတို့ သူဌေးကို သွားပြောလိုက်"
"Kim Tae Hyung!!"
ခေါင်းကုတ်ကာ တစ်ခုခုကို အလေးအနက် စဉ်းစားနေသော ပုံမျိုးနှင့် ထိုနလပိန်းတုံး နှစ်ကောင်အား ဖြတ်ရိုက်လိုက်ချင်မိသည်။
ဘယ်သူဘယ်၀ါမှန်း သိသွားကြည့် တုန်ဆင်းပြီး ကြောက်နေကြအုံးမှာ မြင်ယောင်သေး။
"အာ!! တောင်းပန်ပါတယ် သူဌေးလေး
ကျွန်တော်တို့ မသိလိုက်လို့ပါ"
"အဟင်း!! အေးအေး"
"သူဌေး သူ့ရုံးခန်းထဲမှာရှိပါတယ် ခဗျ!"
လေသံလေးတွေကအစ ပြောင်းလဲသွားတာ။
ရုပ်တွေကိုက အချိုးကိုမပြေဘူး။
မလာစဖူးလေး လာပါတယ် တစ်ခုမှကို အဆင်ပြေတာ မရှိဘူး။ Jeon Jung Kook နဲ့တွေ့ပြီးမှ ဒီကောင်တွေကို အလုပ်ဖြုတ်ခိုင်းရမယ်။
တံခါးကိုအသာဖွင့်ပြီး ဝင်သွားတော့ တစ်ယောက်တည်း အလုပ်ရှုပ်နေပုံရသည်။
ခေါင်းတောင် မမော့ကြည့်အားဘူး။
သူ့ကိုသတ်သွားရင်တောင် ဘယ်သူသတ်မှန်း သိမှာမဟုတ်ဘူး။
"လုပ်စရာရှိရင် ထားခဲ့လိုက်လေ"
ချစ်စရာလေးနော်..........။
"အဟင်း!"
"ဟင်!! Tae Hyung?"
ကျွန်တော့်ကိုတွေ့မှ မျက်လုံးလေးပြူးသွားသူ။
ဘာလုပ်လို့လုပ်ရမှန်း မသိတာကြောင့် ၃၂ချောင်းသောသွားများပေါ်အောင် ဖြီးပြတော့ သူ့ရဲ့ ပါးချိုင့်လိုလို ပါးခွက်လိုလို အရာကြီး ပေါ်အောင် ပြန်ပြုံးပြတော့ ရင်ကြီးက ဒိန်းခနဲ ပစ်ခုန်ရော။ သေနာကြီး အဲ့လို ပြုံးပြရလား။
"ဘာလာလုပ်တာလဲ?"
"ဟို...ဒီလိုပါပဲ လမ်းကြုံလို့ ဝင်လာတာ"
"Coffee သောက်မယ်မလား သွားဖျော်ပေးမယ် ခနစောင့်"
ထူးထူးဆန်းဆန်းရယ်။ စကားကို ချိုချိုသာသာနဲ့ အပြုအမူတွေကအစ အရင်ကနဲ့မတူ ပြောင်းလဲလို့။ တခါတလေ လူကို ရစ်ကြောထတာလေးက လွဲရင် အချိုးတွေက သိသိသာသာပြောင်းလာခဲ့သည်။
ပြောင်းလာရမှာပေါ့ သူကကျွန်တော့်ကို အဟင်း.....တော်ပါပြီ ထိုအကြောင်း ပြန်တွေးရင် မျက်နှာပူရလွန်းလို့။
သူ့နေရာမှာ ဝင်ထိုင်ပြီး စာရွက်စာတမ်းတစ်ချို့ကို ယူကြည့်လိုက်တော့ နှစ်ချုပ်စာရင်းမှာ သူလက်မှတ်ထိုးနေကြောင်းသိရသည်။
သူ့လက်မှတ်က အတော်တော့လှသား။
စာရွက်တစ်ရွက်ယူပြီး သူ့လက်မှတ်ထိုးကြည့်တော့ ကျွန်တော်က တော်လိုက်တာ။ တော်တော်လေးကို တူတယ်။
စေတနာနှင့် လက်မှတ်လေး ကူထိုးပေးသော်လည်း အဆူခံရမယ်မှန်းသိရင် မလုပ်ခဲ့ဘူးရယ်။
"Tae Hyung ဘာလုပ်နေတာလဲ?"
"Jung Kook ဒီမှာကြည့် မင်းလက်မှတ်နဲ့ တူတယ်မလား ဟီးဟီး"
"Kim Tae Hyung!!"
အပြေးတစ်ပိုင်းနှင့် ကျွန်တော့်လက်ထဲမှ စာရွက်ကိုယူပြီး ဟိုလှန်ဒီလှန်လုပ်ကာ စစ်ဆေးနေသည်။ ပြသနာမရှိမှန်းသိတော့မှ ဟူးခနဲသက်ပြင်းချကာ ကျွန်တော့်ကို မျက်လုံးစွေကာ ကြည့်လာသည်။ အခုချိန် ကျွန်တော့်မျက်နှာမှာ ဇီးဖြူသီးလောက်ပင် ကျန်တော့မည်မှာ အသေအချာ။
တကယ်ကို စေတနာနဲ့ လုပ်ပေးမိတာကို။
"Tae Hyung!"
ကျွန်တော့်မျက်နှာ ညှိုးသွားမှန်းသိတော့ စားပွဲမှာ သူချထားတဲ့ ကော်ဖီခွက်လေးကို လှမ်းပေးပြီး ပြုံးပြနေပြန်သည်။
"မင်းဖျော်တာလောက်တော့ မကောင်းဘူးပေါ့"
"မသောက်ချင်တော့ဘူး"
ဒီလို ခပ်ကြောင်ကြောင် အကျင့်ကြီးက ငယ်ငယ်ထဲက။ တစ်ခုခုကို စိတ်ထင့်သွားရင် မရယ်နိုင်မပြုံးနိုင် ဘာမှမလုပ်နိုင်တော့။
"တကယ်လား?"
ခုံကို သူ့လက်နှစ်ဖက်ဖြင့် ထောက်လိုက်တော့
ကျွန်တော့်ပေါ် အုပ်မိုးပြီးသား ဖြစ်နေသော သူ့ကိုယ်ကြီး။ မျက်နှာရှေ့သို့ နီးကပ်လာသော သူ့မျက်နှာကြောင့် မျက်လုံးက အသင့်ပိတ်မိပြီးသား။ နှာခေါင်းထိပ်ချင်း ထိတွေ့နေမှုကြောင့် သူ့ထံမှ အသက်ရှူငွေ့နွေးနွေးလေးကို ခံစားရသည်။
ဒီချိန်မှာ အတားအဆီးမဲ့ ရင်ခုန်နေကြောင်း မငြင်းဆန်လို။ လစ်လပ်သွားသော ကျွန်တော့်မျက်နှာမှာ ကြားခံနယ်လေဟာပြင် ပြန်လည်ဝင်ရောက်လာမှုကြောင့် အေးစိမ့်သွားသလို ခံစားမှုမျိုး။ ပိတ်ထားသော မျက်လုံးတို့ ပြန်ဖွင့်ကြည့်မိတော့ ပြုံးစိစိနှင့် လူကို ကြည့်နေသော အကောင်ထွားကြီး။
ရှက်လွန်းလို့ မျက်နှာများ နီရဲလို့ပူထူလှပြီ။
"Gentleman မဆန်တဲ့ လူကြီး"
"ဘာပြောလိုက်တာ?"
"ဘာမှမပြောပါဘူး"
နှုတ်ခမ်းဆူကာ ရှေ့မှ ကော်ဖီခွက်ကို မော့ချလိုက်သည်။ ရှက်စရာကောင်းလိုက်တာ Kim Tae Hyung ရာ။
ရုတ်တရက်ဆန်စွာ ပါးအတွင်းသို့ နစ်ဝင်လာသော နှုတ်ခမ်းဖျားတစ်စုံ။
ကော်ဖီခွက်ကိုင်ထားသော လက်များလည်း တုန်ခါလာသလို။ မျိုမကျသေးသော ကော်ဖီများထွက်ကျချင်သလို။
"အဟွတ် အဟွတ်!"
တစ်ရှူးလိပ်ကြီးဆွဲယူကာ ထိုနေရာမှ ပြေးအထွက် သစ္စာဖောက်သော ခြေထောက်က ဘာမှရှိမနေသော ကြမ်းပြမ်မှာ ရှောခနဲ။ အနောက်ပြန်ဖင်ထို်င်ရက်ကြီးလဲကျတော့ တစ်ရှက်မှနှစ်ရှက်။
"Tae အဆင်ပြေလား"
အပြေးအလွှားလေးလာထူရှာသော သူ့ကို အောင့်သက်သက်လေးတစ်ချက်ပြုံးပြရသည်။
ခုံလေးပေါ်သူချပေးပြီး အလုပ်စားပွဲပေါ် ူတစ်ခြမ်းစောင်းကာ သူထိုင်လိုက်သည်။
သူ့မျက်နှာကို မကြည့်ရဲသော ကျွန်တော်ကတော့ မျက်လုံးများဂနာမငြိမ်။ သူကတော့ဖြင့် ကျွန်တော့်မျက်နှာကို တစိမ့်စိမ့်ကြည့်လို့။
ကျွန်တော့်မျက်နှာကြီး မီးထတောက်တော့မလားလို့။
"Tae နောက်ဆို ဒီလိုအကျႌတွေဝတ်မလာနဲ့"
ဟထားသော အကျႌဇစ်ကို လည်ပင်းနားထိ ဆွဲတင်လိုက်ရင်း သူပြောသည်။
Jeon Jung Kook ဆိုတာ ဒီလိုလူပဲ။
ရင်ခုန်ချစ်စရာတစ်စက်လေးမှ မကောင်းတဲ့လူ။
"ဘာလဲ....မင်းက ရှက်လို့လား?"
ဟက်ခနဲသူရယ်ချပြီး ခေါင်းခါကာ မျက်နှာအား စူးစိူက်စွာ သူကြည့်ရင်း.......
"အကျႌက ဟိုက်တော့ သူများကြည့်မှာပေါ့"
ကျွန်တော် ထိုနေရာ ထိုအချိန်မှာ အသက်မဲ့စွာ..။
___________________________TBC

Love You All❤❤❤❤❤
*Nun
Chapter 10 is coming soon