Alright Alright {SeKai}

MiChocoTNS88 tarafından

5.2K 380 33

Forever With You... အမြဲ...ထာဝရ...မင်းနဲ့အတူ... #Kaihun #Sekai [Two Shot] 11.10.17 ~ 23.10.17 Daha Fazla

< I Like You >

< Thank You >

2.2K 179 12
MiChocoTNS88 tarafından


Thank you for loving me...

Thank you for worrying about me...

Thank you for taking care of me...

Thank you for making me feel like this...

~🐻❤🐥~

ငါ့ကိုချစ်​​ပေးတဲ့အတွက်​ ကျေးဇူးပါပဲ...

ငါ့ကိုစိတ်​ပူပေးတဲ့အတွက်​ ​ကျေးဇူးပါပဲ...

ငါ့ကိုဂရုစိုက်​​ပေးတဲ့အတွက်​ ​ကျေးဇူးပါပဲ...

ဒီလိုမျိုးခံစားချက်​မျိုး​​​တွေရရှိ​စေတဲ့အတွက်​ ​ကျေးဇူးပါပဲ...

~🐻❤🐥~

Kim Jong ❤ Oh Sehun

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Sehun...ya..."

"​ပြော...Nini..."

"hun...ya...hun...lol..."

"ဘာလဲ....ဗိုက်​ဆာလို့လား...မနက်​ကတင်​ကြက်​​ကြော်​စားထားတာ​တောင်​​လေ..."

နှုတ်​ခမ်း​ထော်​၍ပြန်​​ပြော​သည်​က

"No...ဟုတ်​ဝူး"

"အင်း...ဒါဆိုဘာဖြစ်​ပြန်​ပြီလဲ..."

"ပျင်းရယ်​လို့..."

အော်​ကိုယ်​​တော်​​လေးကပျင်း​နေလို့ကျ​တော်​နာမည်​​ခေါ်​နေတာ​ပေါ့

"ဘာလုပ်​​ပေးရမလဲ...ပျင်း​နေ​တော့..."

"သီချင်းဆိုပြ..."

"ဘာ..."

"ဟီး..."

"ဘာမှမဟီးနဲ့...ဒါ​တော့မလုပ်​​ပေးနိုင်​ဘူး..."

"မလုပ်​​ပေးလဲ​နေ​ပေါ့...ဟင့်​..."

မလုပ်​​ပေးဘူးဆိုပြန်​​တော့လည်းနှုတ်​ခမ်းကတလန်​​လောက်​ဆူထွက်​ပြီးဟိုဘက်​ကိုလှည့်​သွား​လေရဲ့
မ​နေနိုင်​သူကြီးကျ​တော်​မျိုးက​နေမှ

"Nini...ရာ...တခြားဟာလုပ်​ရ​အောင်​ပျင်းရင်​...game​ဆော့ကြမလား..."

"game..."

"အင်း...​ဆော့မယ်​မှတ်​လား...ငယ်​ငယ်​တုန်းကလို​ပေါ့...ရှုံးတဲ့သူခိုင်းတာလုပ်​​ပေး​​ကြေး...ဘယ်​လိုလဲ"

"ပြီး​ရော​လေ...သိပ်​​ဆော့ချင်​လို့​တော့မဟုတ်​ဘူး​နော်​...hun ...hun...တ​ယောက်​တည်းပျင်း​နေမှာဆိုးလို့ ...Niniကဝိုင်း​ဆော့​ပေးမှာ"

အော်​တ​စ်​​ယောက်​တည်းပျင်း​နေမှာဆိုးလို့ပဲရှိရ​သေးတယ်​Niniရယ်
ဒါဆိုအမြဲတမ်းအတူလာ​နေပါလားလို့​ပြောလိုက်​ချင်​တယ်​ တစ်​​ယောက်​တည်းပျင်း​နေမှာစိတ်​ပူရင်​​ပေါ့

မိနစ်30ခန့်​​လောက်​​တွင်​​ဧည့်​ခန်းလေး၌

"ဟာ...hun...ဟိုဘက်​နည်းနည်းတိုး​လေ!!!...ဒီမှာနှိပ်​လို့မရ​တော့ဘူးခလုတ်​က!!!...ဟာ...ပစ်​ကွင်းကမရှင်းဘူး...နည်းနည်းပါးပါးအ​လျော့​ပေးမယ်​မရှိဘူး​!!!...ဟာ...ဟင်​...hunက...hun...အကျင့်​ပုတ်​!!!..."

အရာရာတိုင်းအ​လျော့​ပေးထားပြီးတာကိုမသိ​လေ​ရော့လားNiniရယ်
ခဏကြာ​တော့အသံမကြားရ​တော့လှည့်​ကြည့်​လိုက်​​တော့ မျက်​ရည်​​တွေရစ်​ဝိုင်းပြီးငို​နေပြန်​​ရော gameက​တော့ဘယ်​စီ​နေမှန်းမသိ​တော့ ဟူး...ဘာ​တွေ​တွေးပြီးဝမ်းနည်း​နေပြန်​တာလဲ

"ဟာ...ဘာလို့ငို​နေတာလဲ...ဘာလဲgame​ရှုံး​တော့မနိုင်​​တော့လို့လုပ်​ခိုင်းတာမလုပ်​ချင်​လို့မှတ်​လား"

ကျ​တော်​​ပြောမှသတိဝင်​လာသူလို

"မျက်​ရည်​​တွေသုတ်​ရင်း...ဟုတ်​တယ်​...hunကအရမ်းခန့့်​မှန်းတတ်​တာပဲ...ဟီး..."

ဟန်​​ဆောင်​ပြီးမရယ်​ပြပါနဲ့Nini...Niniဘယ်​လို​တွေခံစား​နေရမှန်​hunသိ​နေတာ​ပေါ့ ဒါပင်​မဲ့ ကိုယ်​စီမှာရှိ​နေချိန်​​တော့​ပျော်​​အောင်​ထားရမှာကိုယ့်​တာဝန်​မို့

"ဘာမှမဟီးပြနဲ့မရဘူး...ကဲခုGameရှုံးပြီ​ဆို​တော့ကာ..."

"ဆို​တော့ကာ...ဆက်​​ပြော​လေHunရဲ့...Hunဖြစ်​ချင်​တာလုပ်​​ပေးမယ်​...Niniက"

"တကယ်​​ဖြစ်​ချင်​တာတောင်းဆိုရင်​လုပ်​​ပေးမှာလား..."

"အမ်​...ဒါက​တော့Hunအ​ဖြေ​ပေါ်မူတည်​တာ​ပေါ့..."

တကယ်​ကိုယ်​​ဖြစ်​ချင်​တာတောင်းဆိုရင်​Niniမ​ပေးနိုင်​ဘူးNiniရဲ့

"အင်း...Hun...Niniရဲ့..."

ကျ​တော်​​ပြောမှာ​ကိုမျက်​လုံး​လေးပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ရင်းနား​ထောင်​​နေ​လေရဲ့
စိတ်​ချပါNiniအခက်​​တွေ့​အောင်​Hunဘယ်​​တော့မှမလုပ်​ဘူးဆိုတာ

"Niniရဲ့...ပိုက်​ပိုက်​နဲ့...ဒီ​နေ့Hunစားချင်​တာ​​တွေ...လုပ်​ချင်​တာ​တွေလုပ်​​ပေးရမယ်​"

"ဒါမြန်း...Ok...ဒါပင်​မဲ့...Niniအပြင်​မသွားချင်​ဘူးhun"

"မရဘူး​နော်​...အနိုင်​ရသူအလိုကျ​နေ​ပေးရမဲ့တာဝန်​Niniမှာရှိတယ်​နော်​...ထထအပြင်​သွားမယ်​...အဝတ်​အစားသွားလဲမယ်​...အပျင်းတစ်​မ​နေနဲ့..."

~~~~~~~~

"ဟမ်​...Hunကဒီဆိုင်​မှာစားမလို့လား..."

"ဟုတ်​တယ်​​လေ...Niniပဲ​ခေါက်​ဆွဲ​အေးစားချင်​တယ်​ဆိုလို့...မှတ်​မိလားဒီဆိုင်​ကို"

"မှတ်​မိတာ​ပေါ့...​ကျောင်းတက်​တုန်းကHunနဲ့လာစား​နေကြဆိုင်​ကို"

"အရင်​တုန်းကလို...ဘယ်​သူအရင်​ကုန်​လဲပြိုင်​မလား..."

"Ok"

"​ရေး...ကုန်​သွားပြီ!!!..."

"Hunငါနိုင်​တယ်​​နော်​..."

"ဟုတ်​ပါပြီ...ပါးစပ်​နားမှာ​ပေကျံ​နေတာပဲ...လာသုတ်​​ပေးမယ်​..."

"​Hunသာ...အ​ကောင်းဆုံး...​ရော့...ဘယ်​နား​ပေး​နေတာလဲသုတ်​​ပေး​နော်​..."

~~~~~~~~

"Hun...အိမ်​မပြန်​ဘူးလား..."

"အပြင်​​ရောက်​တုန်း...ပန်းခြံမှာစက်​ဘီးသွားစီးမယ်​​လေ..."

"အင်း..."

"Hun...နှစ်​စီး​တောင်​ဘာလုပ်​မလို့လဲ..."

"Nini တစီး...Hun...တစီး​လေ"

"ဟာ...မရပါဘူး...Niniကမနင်းဘူး​နော်​"

"အမ်​...ဒါဆို..."

"Hun​နောက်​ကပဲလိုက်​စီးမှာ...မနင်းချင်​ဘူး..."

"ဒါဆိုလဲပြီး​ရော​လေ...တက်​​တော့​နော်​...စထွက်​ပါ​တော့မယ်​"

"​ရေး....!!!"

"အင့်​..."

စလဲထွက်​​ရောခါးကိုတင်းကျပ်​စွာဖက်​လိုက်​​သောလက်​တစ်​စုံ မတွန်းဖယ်​မိ ပြုံးရွှင်စွာနဲ့ပဲအလိုကျ ဘယ်​နှစ်​​ခေါက်​မှန်းမသိလှည့်​ပတ်​​နင်း​နေလိုက်​သည်

"Hun...​နောက်​တစ်​​ခေါက်​!!!..."

"​နောက်​တစ်​​ခေါက်​!!!...Hun"

"​နောက်​တစ်​​ခေါက်​!!!...Hun"

ကျ​တော်အတွက်​​တော့သူ​ပျော်​ရင်​ကျ​တော်​​ပျော်​သလိုပဲ ခံစားရ​သော​ကြောင့်​သူ့အလိုကျ

~~~~~~~~

"Gym..."

"ဟုတ်​တယ်​​လေ...​လေ့ကျင့်​ခန်း​လေးဘာ​လေးလုပ်​ရမှာ​ပေါ့...တ​နေ့​တ​နေ့စား​သောက်​​နေတာနဲ့...ဝိတ်​တက်​မှာမ​ကြောက်​ဘူးလား..."

"Niniကဘာစားစား...မဝပါဘူး​နော်​...hunသိရဲ့သားနဲ့..."

"သိပါတယ်​...ခန္ဓာကိုယ်​​လေးကို...လန်းဆန်းသွား​အောင်​နည်းနည်း​လေးလုပ်​ကြရ​အောင်​​လေ"

"ပြီး​ရော...Hunတ​ယောက်​တည်းအ​ဖော်​မရှိမှာဆိုးလို့လုပ်​​ပေးတာ​နော်​..."

"ဟုတ်​ကဲ့ပါဗျာ..."

~
~
~

"ဟူး..."

"ပင်​ပန်းသွားပြီလား..."

"မပင်​ပန်းပဲ​နေမလား...အားလုံးကိုအမြန်​လုပ်​ခိုင်းမှာ​တော့"

"ဟား...ဟား..."

"မရယ်​နဲ့...Hunစုတ်​"

"ဟား...ဟား..."

"အင့်​...ဟာ...ရယ်​ပဲရယ်​​​နေ"

ချွေးသုတ်​ထားတဲ့ ပုဝါနဲ့​ကောက်​​ပေါက်​ပြီးထွက်​​ပြေး​သွား​လေရဲ့
ဒီNini​တော့စိတ်​ရှိလက်​ရှိထွက်​​ပြေးသွားတဲ့ကိုယ်​​လေးကိုဆွဲဖက်​ထားချင်​ပါရဲ့
ဒါပင်​မဲ့လဲ...

~~~~~~~~

"ဟူး...ပျင်းလိုက်​တာ​နော်​"

တိတ်ဆိတ်​​နေတဲ့အေ​ခြအ​​နေကို ​​ကျ​တော်​စကားစလိုက်​​တယ်
ခုကျ​တော်​တို့နှစ်​​ယောက်​​တ​​နေကုန်​လုပ်​ချင်​တာလုပ်​ပြီး ခု​ရေကူးကန်​​ဘေးမှာထိုင်​​နေ​​လေသည်
Niniက​တော့​ရေထဲ​ခြေ​ထောက်​​လေးချပြီး ​ခြေ​ထောက်​နဲ့​ရေ​တွေကိုယက်​​ဆော့​နေ​လေရဲ့ အမှန်​​ပြောရရင်​​တော့ သူ​တွေး​နေတာပါ
ကျ​တော်​လည်းစကားစပြီး​ရေထဲခုန်​ဆင်းလိုက်​​ရော Niniကို​ရေ​တွေစင်​သွားမှ အသံ​လေးထွက်​လာ​လေရဲ့

"ဟာ...Hun...အင်္ကျီ​တွေ​ ရေ​တွေစိုကုန်​ပြီ"

ပြောပြီး ​ရေထဲမှ​ခြေ​ထောက်​ကိုဆွဲထုတ်​ပြီး ​ရေကန်​​ဘောင်​​ပေါ်ထွက်​​ပြေးမို့လုပ်​​နေတုန်း ကျ​တော်​သူ့လက်​ကိုဆွဲပြီး ​ရေထဲဆွဲချ​တော့

"မလုပ်​နဲ့ ...Hun...ငါ​ရေမစိုချင်​ဘူး...တကယ်​မစိုချင်​ဘူး...မဆွဲချနဲ့..."

အတင်းရုန်းကန်​​တော့လွှတ်​​ပေးလိုက်​​တော့ Niniက​ဘောင်​​ပေါ်မှာကပ်​ရပ်​​လေးငုတ်​တုတ်​ထိုင်​​လေသည်

ကျ​တော်​လည်း​ဘောင်​​ပေါ် လက်​​လေး​တင်​ပြီး​ အဲ့လက်​​ပေါ်​ခေါင်းလေးကို​စောင်းတင်​ပြီး Niniကိုကြည့်​​နေလိုက်​သည်

Niniက ကျ​တော်​ကိုပြန်​ပြုံးပြ​နေသည်

"​ကောင်းကင်​ကြီးကဒီ​နေ့မှကြယ်​တွေများပြီး ပိုလှ​နေသလိုပဲ​နော်​...Hun..."

ကျ​နော်​ဘာမှပြန်​မ​ပြောခဲ့ဘူး ဘာလို့ဆို သူ​ပြောတဲ့​ကောင်းကင်​ကြီးထက်​သူ့ကပိုပြီး​တော့...လှ​နေခဲ့တာ​ကြောင့်

ကျ​တော်​Niniကသူပြုံးရင်​ ​ကောင်းကင်​မှာလင်းလက်​​နေတဲ့ ကြယ်​​တွေထက်​​တောင်​ ​သူ့အပြုံးကပို​တောက်​ပ​နေတာ သူ့ကိုတန်​ဖိုးထားချစ်​တဲ့သူတိုင်းသိရင်​​ကောင်းမယ်

"Nini"

"ဟင်​..."

"Hunတို့စ​တွေ့တုန်းကအချိန်​ကိုမှတ်​မိ​သေးလား..."

"မှတ်​မိတာ​ပေါ့...Hunကလည်း...ကစားကွင်းမှာ ommaတို့နဲ့ကွဲသွားလို့ငို​နေတုန်း Hunကို​တွေ့ခဲ့တာ​လေ"

"ဟုတ်​ပါ့ရဲ့​နော်​...လက်​ထဲက ဝက်​ဝံရုပ်​ကိုကျစ်​ကျစ်​ပါ​အောင်​...စုပ်​ကိုင်​ပြီးငို​နေခဲ့တာဘယ်​​ကောင်​​လေးလဲ မသိပါ ဘူးရယ်​"

"Hun...​နော်​...မစနဲ့​တော့...ဒါမဲ့...Hun​ကြောင့်​... Niniဆက်​မငိုခဲ့ပါဘူး​နော်​..."

ဟုတ်​ပါရဲ့အဲ့ချိန်​ကကစားကွင်းမှာ သူ့ommaနဲ့လူစု ကွဲသွားပြီး တစ်​​ယောက်​တည်းငို​နေတဲ့Niniကိုစ​တွေ့ခဲ့တာ ဘယ်​လို​ချော့​ချော့အငိုမရပ်​လို့ မြှားပစ်​ကစားတုန်းကရခဲ့တဲ့ နှင်းဆီနီတစ်​ပွင့်​ကို​ပေးရင်း ကျ​တော်​​ချော့ခဲ့ရတာNiniကို 

အဲ့ချိန်​တည်းက...Nini က...Hun အတွက်​​တော့...Hunရဲ့နှလုံးသားတစ်​ခုလုံးကို အပိုင်​သိမ်း​သွားခဲ့ တာ
ကျ​တော်​ရဲ့ အရာအားလုံး...အချိန်​အားလုံးကိုNiniနဲ့ပဲကုန်​ဆုံးခဲ့တာ
ကျ​တော်​ရဲ့...ပထမဆုံး​ဦးစား​ပေးနေရာမှာ...Niniကရပ်​တည်​ခဲ့တာ

Nini အတွက်​...Hunက​ရော ဘယ်​​နေရာမှရှိမလဲ​နော်​ ​မေးချင်​တယ်​...ကြားရမဲ့အ​ဖြေကိုလည်း​ကြောက်​တယ်

ဒါပင်​မဲ့ Oh Sehunမင်းစဉ်းစားကြည့်​ဒီခါမှမ​ပြောရင်​ မင်းဘယ်​ခါ​ပြောမလဲ မင်းNiniကို ထာဝရလက်​လွှတ်​နိုင်​လို့်လား ဟင့်​အင်း ကျ​တော်​အဲ့လိုမျိုး​တော့မလုပ်​နိုင်​ဘူး မဖြစ်​ဘူး Niniကိုခုပဲဖွင့်​​ပြောလိုက်​​တော့မယ်

"Nini"

ပြုံးပြီးပဲလှည့်​ကြည့်​တယ်​ ကျ​တော်​​ကိုဆက်​​ပြော​လေ ဆိုသည့်​သ​ဘောနဲ့ကြည့်​​နေ​လေသည်

"Niniကို...Hun..​ပြောစရာရှိတယ်​...Niniကို​လေ... Hun...စ​တွေ့တည်းက..."

ကျ​တော်​​လေး​လေးနက်​နက်​စိုက်​ကြည့်​ရင်း​ပြောမို့ပြင်​​နေရင်းမှ Niniကပြုံး​နေတဲ့မျက်​နှာကိုတည်​လိုက်​ရင်း ထိုင်​​နေရာမှထရပ်​ကာ

"Hun...အ​အေး​တွေပတ်​​တော့မှာပဲ...​ရေထဲအကြာကြီးမ​နေနဲ့​နော်​...Niniချမ်းလာလို့ဝင်​နှင့်​​တော့မယ်​"

ကျောခိုင်းထွက်​သွားတဲ့Niniကိုပဲကြည့်​​နေရင်း...​တွေးလိုက်​မိသည်​က Niniကကျ​တော်​​ပြောမဲ့စကားကိုသိ​နေလို့မြန်းတားလိုက်​တာလား...သူ့ခုပုံစံကသူကျ​တော်​​ပြောမှာ​တွေအားလုံးသိ​နေသလိုပဲလို့ကျ​တော်​ဘာလို့ထင်​​နေရတာလဲ

Hun...
Hun​ပြောမှာ​တွေအားလုံးကိုNiniသိတယ်​...ဒါ​ကြောင့်​ တားလိုက်​ရတာပါ...Hunသာ​ပြောလိုက်​ရင်​Nini ဘာဆက်​လုပ်​ရမလဲမသိဖြစ်​သွားမှာဆိုးလို့ပါ 

~~~~~~~~

ကျ​တော်​​ရေချိုးပြီးအဝတ်​လဲပြီး အိပ်​ရာ​ပေါ်တက်​အိပ်​​တော့ Niniကတစ်​ဖက်​လှည့်​ပြီး​မျက်​လုံး​တွေ​တော့မှိတ်​ထားပင်​မဲ့ မအိပ်​​သေးတာ​တော့ကျ​တော်​သိတာ​ပေါ့ အရင်​လိုရင်​ခွင်​ထဲ​တော့မတိုးဝင်​လာခဲ့ဘူး​လေ

"Hun..."

"••••••"
ကျ​နော်​ဘာမှပြန်​မ​ပြောခဲ့...သူကကျ​တော်​အိပ်​​နေပြီ အထင်​နဲ့စကား​တွေအများကြီး​ပြောခဲ့တယ်

"မအိပ်​​သေးဘူးမှတ်​လား...နား​ထောင်​​နေလား...အိပ်​သွားပြီလား...​သူနဲ့ငါဘာဖြစ်​ခဲ့လဲသိလား... သူကhunနဲ့ Niniကိုအထင်​လွဲ​နေတာ​လေ...Niniမှာလည်းငယ်​ငယ်​တည်းကHunအပြင်​သူငယ်​ချင်းမရှိလို့လို့​ပြော​တော့လည်းသူက​ပြောတယ်​သူငယ်​ချင်းအချင်းချင်းဒီလိုမ​နေဘူးတဲ့... Hunသိလား... သူအရင်​တစ်​​ခေါက်​​တွေထက်​ ဒီတခါ ပိုဆိုးတယ်​ သူလည်းချစ်​လို့သဝန်​တိုမှန်းသိပင်​မဲ့...သူအတည်​ကြီးလမ်းခွဲသွားရင်​ဘယ်​လိုလုပ်​မလဲ... ငါအဆင်​မ​ပြေ​လောက်​ဘူးထင်​တယ်​... Nini... Hunကို လည်းချစ်​တယ်​...ဒါပင်​မဲ့သူ့ကိုပိုပြီး...
တောင်းပန်​ပါ​တယ်ပြီး​တော့...​ကျေးဇူးပါပဲ...အရာ အားလုံးအတွက်​..."

"ဒီတိုင်း​လေးပဲ​​​ကောင်းပါတယ်​...Hunရာ...
ဟူး....Good Night ​နော်​ Hun...အိပ်​မက်​လှလှမက်​ပါ​စေ"

ကိုယ့်​အိပ်​မက်​​တွေမလှပ​လောက်​ဘူး...Nini

~
~
~

ကျ​တော်​တ​ရေးနိုးလာ​တော့ဘေးကို​စောင်းကြည့်​​တော့Niniမရှိခဲ့ ပြီး​တော့မှ ဝရံတာဘက်​ကတံခါးပွင့်​​နေပြီး စိတ်​တိုသံလို ငိုသံလိုအသံ​တွေကြား​နေခဲ့တယ်​ သူအဲ့မှာရှိမှန်းကျ​တော်​သိသည်​ ဘာ​ကြောင့်​ဆို
သူခုမကိုင်​မဲ့ဖုန်းကိုအတင်း​ခေါ်​နေမှာ​လေ အရင်​ည​တွေကလည်း သူကျ​တော်​ရင်​ခွင်​ထဲက​နေထွက်​ပြီး ခုလိုပဲလုပ်​​နေကြ​လေ ​မေးချင်​တယ်​ အဲ့​လောက်​​တောင်​ချစ်​လား

သူပြန်​ဝင်​လာ​တော့ကျ​တော်​အိပ်​ချင်​​ယောင်​​ဆောင်​​နေလိုက်​တယ်​ ​ဘေးနားဝင်​လှဲပြီး ငိုသံကြားမှာဆိုးလို့ထင်​ပါရဲ့ မျက်​နှာကို​ခေါင်းအုံးထဲနှစ်​ပြီး ငို​နေ​လေရဲ့ ခဏ​နေ​တော့ ဘာသံမှမကြားလို့ကြည့်​လိုက်​​တော့ အိပ်​​ပျော်​​နေပြီ ဒါပင်​မဲ့ မျက်​ရည်​​တွေကျတုန်းပဲ မျက်​ရည်​​တွေကိုကျ​တော်​ညင်​သာ စွာသုတ်​​ပေးလိုက်​ပြီး

သူ​ပျော်​ရွှင်​ဖို့အတွက်​...သူ​ဝေခွဲရမခက်​​စေရန်​...
ကျ​တော်​phကို​​ကောက်​ကိုင်​လိုက်​ပြီး နံပါတ်​တစ်​ခုစီသို့...

~~~~~~~~

မနက်​နှိုး​တော့​ဘေး​နေရာ​လေးကကွက်​လပ်​​လေး...
အိပ်​ရာ​ဘေးကခုံမှာ​ထောင်​ထားတဲ့ photo​လေး ​ကောင်​​လေးနှစ်​​ယောက်​တစ်​ဖက်​စီကိုလက်​​မြှောက်​ပြီး အသဲပုံ​ဖော်​ထားတဲ့ ပြုံးရွှင်​စွာနဲ့ပုံ​ဖော်​ထားတဲ့photo​လေး တစ်​​ယောက်​​သော​ကောင်​​လေးလက်​ထဲမှာနှင်းဆီနီတစ်​ပွင့်​ကိုင်​ထား​လေရဲ့...

ထိုဓာတ်​ပုံ​ဘေးမှာ​တော့ noteစာရွတ်​​လေးတစ်​ရွတ်​...

Hun...ya...သူစိတ်​ဆိုး​ပြေသွားပြီသိလား...
မနက်​အ​စောကြီးလာ​ခေါ်လို့ပြန်​လိုက်​သွားပြီ...
Hunကအိပ်​​နေ​တော့မနှိုးရက်​တာနဲ့ပဲ...
အရမ်းအားလုံးအတွက်​...​ကျေးဇူးပါပဲ...

Nini ချစ်​တဲ့ Hun

မှား​နေတယ်​Nini...
Nini...ချစ်တာHunမှမဟုတ်​တာ
Hun...ချစ်​တာသာ...Niniပါ...

~~~~~~~~

၁လခန့်​ကြာပြီး​နောက်​...

📱I like you ...I really like you...I want to give...📱

"Hello..."

"Hun..."

"Nini..."

"အင်း...Nini...Hunကအိပ်​​နေတာလား...ဘယ်​ချိန်​ရှိ​သေးလို့လဲ...မနက်​ပဲရှိ​သေးတာကို"

"မနက်​..."
အိပ်​ချင်​​နေတာ​တောင်​​ပြေသွားတယ်​နာရီကိုကြည့်​လိုက်​​တော့ မနက်​၂နာရီကြီး Niniနဲ့​တော့

"Nini ခုမှမနက်​၂..."

"မှားလို့...Koreaအချိန်​နဲ့..."

"ဟင်​...Niniကခုဘယ်​ကဆက်​​နေတာလဲ..."

"ဟီး...Romeကဆက်​​နေတာ"

"ဘယ်​လို"

"Taeနဲ့အတူလာတာ​လေ"

"​အော်​..."

"Video call​ခေါ်လိုက်​လို့ရလားHun"

"အင်း..."

Video callရ​တော့​ပေါ်လာတဲ့ အသံ​လေး...

"ဒန်​ တန့်​ တန်း...ကြည့်​ဦးhun...လှလား"

ကျ​တော်​ကြည့်​လိုက်​​တော့ ဘယ်​ဘက်​လက်​သန်းကြွယ်​မှာဝတ်​ထားတဲ့ လက်​စွပ်​​လေးတစ်​ကွင်း

"အင်း..."

"Tae ကငါ့ကို propose လုပ်​ပြီ..."

"​အင်း..."

"Hunက ဂုဏ်​​တောင်​မပြုဘူးလား​...ဒါနဲ့ wedding ကြလာခဲ့ရမယ်​​နော်​"

အော်​...Niniရယ်​ ဂုဏ်​ပြုပြီး weddingထိ​တောင်​လာရဦးမှာလား

"ဘယ်​မှာလုပ်​မှာလဲ...ဘယ်​ရက်​လဲ"

"Taeက​တော့...ဂျပန်​မှာသူ့​ဆွေမျိုး​တွေရှိတဲ့အတွက်​အဲ့မှာလုပ်​ချင်​တာတဲ့...အဲ့တာလဲသူ့သ​ဘောပါ...ရက်​​တော့​မသတ်​မှတ်​​သေးဘူး...​နောက်​၃လ​လောက်​​​​နေရင်​လုပ်မယ် လို့ခန့်​မှန်းထားတယ်​"

"အင်း​...​ပျော်​လား..."

"​ပျော်​တာ​ပေါ့...ဖုန်းချလိုက်​​တော့မယ်​​နော်​...အပြင်​​လျှောက်​လည်​မို့Tae​ခေါ်​နေပြီ"

"တီ....."

ကျ​တော်​ပြန်​​ပြောစကား​တောင်​နားမ​ထောင်​ပဲချသွား​လေရဲ့ Nini​ပျော်​ရင်​ပဲ hun​ကျေနပ်​ပါပြီ

~
~
~
~
~
~
~
~
~
~

"Bell....."

"Bell....."

"Bell...."

ဟွာကွာဘယ်​သူbellကိုအကြိမ်​​ရေမနည်းတီး​နေတာလဲ... အိမ်ကိုလာစရာလူလည်းမရှိ...ရှိတဲ့လူကလည်း ဒီ​နေ့က သူ့ရဲ့ wedding​နေ့ ...ကိုယ့်​ကိုဖိတ်​ပင်​မဲ့ အဲ့​ကိုသွားရ​လောက်​တဲ့အထိအသည်းကမမာနိုင်​ အ​ဝေးက​နေပဲ Nini​​​ပျော်​တာကိုကြည့်​​နေပါရ​စေ

"Bell...."

"လာပြီ!!!...အတင်းတီးမ​နေနဲ့...လာပြီ!!!"

စိတ်​ရှုပ်​စွာနဲ့ဖွင့်​လိုက်​​တော့...မြင်​လိုက်​ရသူက....

~
~
~
~
~
~
~
~
~
~
~
~

ဒီမှာရှိ​နေရမည့်​သူမဟုတ်​...

~
~
~
~
~
~
~
~
~
~
~
~
Hun....ya...

Nini....
~
~
~
~
~
~
~
~

~~~~~~~~~~~~

~ THE_END ~

~ ဆက်​ရန်​မရှိ ~

#AN
ပျောက်​​နေတဲ့KJIကို​မြင်​ရပြီဆို​တော့...
up dateလိုက်​ပါသည်​...
















#MiChoco
11.10.2017↔↔23.10.2017





























Okumaya devam et

Bunları da Beğeneceksin

23.8K 1.9K 9
အချစ်က သိပ်ဆန်းကြယ်တယ်
722K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
25.9K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️