Zawgyi
*******
တည္ၿငိမ္စြာေသာ ကန္ေရျပင္သည္ လွပသည္။
တိုးတိတ္စြာေသာ ေလေျပငယ္သည္ ႏူးညံ့သည္။
က်ယ္ျပန္႔စြာေသာ ေကာင္းကင္ႀကီးသည္ ျပာလဲ့သည္။
အခ်စ္.......ႏူးညံ့ျခင္းမမည္ လွပျခင္းမဆို။
အခ်စ္.......ေပးဆပ္ျခင္းသတ္သတ္သာ အမွီျပဳသည္။
တစ္ခ်ိန္မွာေတာ့အခ်စ္သည္ ႏူးညံ့ပါေစ လွပပါေစ။
ေနေရာင္၀င္တိုးျခင္းမ႐ွိေသာ မနက္ခင္းကို သတိရမိေတာ့ ကြၽန္ေတာ္အိပ္ခန္းအျပင္ဘက္က ဆိုဖာေပၚမွာ အိပ္ခဲ့ရေၾကာင္း သတိ၀င္လာသည္။ မ်က္လံုးပင္ ေသခ်ာမဖြင့္ရေသး ေက်ာထဲထိကို စိမ့္ခနဲ၀င္လာေသာ ေဆာင္းရာသီရဲ႕ အခ်မ္းဓာတ္။ အခန္းတြင္းပင္ ျဖစ္ေသာ္ျငားလည္း ခႏၶာကိုယ္မွာ အကာအကြယ္မ႐ွိသည္မို႔ ခ်မ္းလွသည္။
မေန႔ည အိမ္ျပန္ေရာက္ေတာ့ ဟိုေပါက္စနေကာင္က အခန္းကို lockခ်ထားေလရဲ႕။ ေနာက္က်လြန္းသည့္ အခ်ိန္လည္း မဟုတ္ေသးတာမို႔ အျပင္ဘက္မွာ ထိုင္ရင္း TV ထိုင္ၾကည့္ေနလိုက္သည္။
ဒါနဲ႔ပင္ ဒီေနရာမွာ အိပ္ေပ်ာ္သြားခဲ့သည္ ဆိုပါေတာ့။ ေတာ္ေတာ္အၾကင္နာတရားမ႐ွိတဲ့ေကာင္။
"ဟတ္ခ်ိဳး.....အား..ခ်မ္းလိုက္တာ"
လက္ေမာင္းရင္းႏွစ္ဖက္ကို ဖက္ကိုင္ရင္း အခန္းတံခါးဆြဲဖြင့္ၾကည့္ေတာ့ တံခါးကခတ္ထားတုန္း။ လူက တုန္တက္ေနၿပီ။
"Kim Tae Hyung တံခါးဖြင့္!!!"
တဒုန္းဒုန္းနဲ႔ထုေနရင္း အနည္းငယ္ၾကာမွ ဂ်ေလာက္ဆိုၿပီး တံခါးပြင့္လာသည္။ အိပ္မႈန္စုတ္ဖြား႐ုပ္နဲ႔ မ်က္လံုးႀကီးကို ပြတ္သပ္ေနေလသည္။ သူ႔ကိုလည္း မၾကည့္အား အခန္းထဲက အိပ္ယာႏွင့္ေစာင္ႀကီးဆီသာ လူက ဒိုင္းခနဲပင္။ ေစာင္ထဲလံုးေထြးၿပီးေနမွ ကြၽန္ေတာ္ အေတာ္ေလးေႏြးသြားရသည္။
"Jeon Jung Kook ငါ အိပ္ေနတာေလကြာ ဖယ္!!!!"
အာျပဲစိန္ရဲ႕ ေအာ္သံေတြလည္း ကြၽန္ေတာ္ မၾကားေတာ့ မ်က္လံုးမ်ား တျဖည္းျဖည္းေမွးစင္း သြားေလၿပီ။ အေကာင္စုတ္ေလး ဒင္းကေတာ့ ဒီလိုေႏြးေႏြးေထြးေထြးအိပ္ေနၿပီး ဒီကလူမွာေတာ့ ခဲၿပီးမေသသြားတာပဲ ကံေကာင္းရမည္ထင္ပါရဲ႕။
အိတ္ကပ္ထဲမွ မထုတ္ရေသးေသာ ဖုန္းဟာ တဒူဒူျမည္လာမွ ကြၽန္ေတာ္ႏိုးလာမိသည္။
နံပါတ္ကိုလည္းမၾကည့္မိ ကိုင္လိုက္သည္။
တဖက္ကစကားသံကိုၾကားမွ မ်က္လံုးမ်ား ျပဴးခနဲ။
"ဘာ!!! အဲ့ဒါကို အခုမွေျပာရလား ေနာက္က်ေတာ့မွာပဲ"
အိပ္ရာမွ ကုန္း႐ုန္းထလိုက္ရင္း ေရပင္မခ်ိဳးႏိုင္ေတာ့ အ၀တ္လဲကာ ေအာက္သို႔ဆင္းလာခဲ့သည္။ မီးဖိုခန္းထဲမွ ေခါက္ဆြဲပန္းကန္ႀကီးကိုင္ကာ ထြက္လာေသာ ေပါက္စနေကာင္။ ကြၽန္ေတာ့္ကိုေတြ႕ေတာ့ မ်က္ေစာင္းထိုးကာ ပခံုးကိုသက္သက္မဲ့၀င္တိုက္ သြားလိုက္ေသးသည္။ ေဟာဗ်ာ.......။
ကိုယ့္အလုပ္ႏွင့္ကိုယ္မအားႏိုင္တာမို႔ ဒီတိုင္းထားကာ ထြက္လာခဲ့သည္။
လူက ေအးစိမ့္စိမ့္ႏွင့္မို႔ အေႏြးထည္ေနာက္တစ္ထပ္၀တ္ဖို႔ စိတ္ကူးမိေသာ္လည္း အစည္းအေ၀းအခ်ိန္နီးေနတာေၾကာင့္ လက္႐ွိအတိုင္းသာ သြားဖို႔ျပင္လိုက္သည္။
ဟတ္ခ်ိဳး.............။
အစည္းအေ၀းခန္းထဲတြင္ ေခါင္းထိုးကိုက္လြန္းလို႔ အာရံုပင္မစိုက္ႏိုင္ခဲ့။
ထူးထူးျခားျခားလည္း မ႐ွိသည္မို႔ မန္ေနဂ်ာအား ႐ွိသမွ်အလုပ္အကုန္လႊဲကာ အိမ္သို႔ျပန္လာခဲ့သည္။ ေနလို႔ထိုင္လို႔လည္းမေကာင္းေတာ့ ေခါင္းကကိုက္ ႏွာကေစး ေခ်ာင္းကဆိုးခ်င္ေသး။
ဟိုမေလာက္ေလးမေလာက္စားေကာင္ရဲ႕ ႏွိပ္စက္ခ်က္က မိုးပင္ၿပိဳႏိုင္ရဲ႕။
ကားပင္မနည္းေမာင္းကာ အိမ္သို႔ ႀကိဳးစားျပန္ခဲ့ရသည္။
ကားတိုက္ေသရင္ေတာ့ တရားခံက အိမ္ကအေကာင္။
အိမ္ထဲ၀င္၀င္ခ်င္း ေတြ႕လိုက္ရသည့္ ျမင္ကြင္းက ဧည့္ခန္းထဲမွာ မုန္႔ထုပ္ေပါင္းေသာင္းေျခာက္ေထာင္ႏွင့္ မုန႔္ခြံေတြအျပည့္ျဖစ္ေနေသာ စားပြဲ။ အလယ္ထဲမွာ ေခါင္းအံုးတစ္လံုးႏွင့္ သာသာယာယာႏွပ္ေနေသာ ေပါက္စနေကာင္။
ကိုက္လာသမွ်ေခါင္းကို တူနဲ႔အားပါပါ ထုခ်လိုက္သလို ျမင္ကြင္းဟာ ေသြးတက္ခ်င္စရာပင္။
"ေအာ္!!!"
ေခါင္းအံုးႀကီးကိုဖက္ကာ ေခါင္းေထာင္ၾကည့္ၿပီး
ကြၽန္ေတာ့္ကိုျမင္ေတာ့ 'ေအာ္' တဲ့။
တအံ့တၾသႏွင့္ မ်က္လံုးေလးျပဴးေၾကာင္ျပဴးေၾကာင္ ျဖစ္ေနပံုကို ၾကည့္ၿပီး သက္ျပင္းခ်လိုက္မိသည္။
ကိုယ္တိုင္ကလည္း ေနမေကာင္းတာေၾကာင့္ ေျပာမေနေတာ့ပဲ အေပၚထပ္သို႔သာ တက္လာခဲ့သည္။ အခန္းထဲေရာက္ေတာ့ မဟန္ႏိုင္ေတာ့သည္မို႔ ခုတင္ေပၚေခြေခါက္ကာ အိပ္ရေတာ့သည္။
"Jung Kook! Jeon Jung Kook!"
ခပ္စူးစူးအသံငယ္ႏွင့္တကြ လက္ေမာင္းရင္းဘက္မွ တလႈပ္လႈပ္။
ေလးလံေနတဲ့မ်က္လံုးမ်ားကို အားယူဖြင့္ၾကည့္ေတာ့ ေပါက္စနေကာင္က ေဘးနားမွာ။
"အဲ့ေလာက္မွ အဖ်ားႀကီးေနတာကို ဒီတိုင္းႀကီး လွဲေနတာလား?"
အားမ႐ွိအင္မ႐ွိလူကို ေအာ္ဖို႔ေငါက္ဖို႔ေလာက္သာ ေတြးမိသည့္ ထိုအေကာင္ကို စိတ္ပ်က္ခ်င္လာသည္။
"ထ.....အ၀တ္လဲၿပီး ေရပတ္တိုက္ရမွာေပါ့
ေနမေကာင္းရင္လည္း ေျပာေလ ဒီတိုင္းႀကီးအိပ္ေနရလား"
ျဗစ္ေတာက္ျဗစ္ေတာက္ႏွင့္ မိန္းမႀကီးလို ေျပာေနေသာ အေကာင္ေလးအား ၾကည့္ရင္း ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။
ပုခံုးစြန္းႏွင့္ လက္ေမာင္းကိုလာကိုင္တာေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ 'ထေလ' တဲ့။
ဘယ္အရာက ကြၽန္ေတာ့္ရင္ကို လႈပ္ခတ္သြားေစလည္းေတာ့ မသိခဲ့ပါ။ ေသခ်ာတာက ထိုအခိုက္အတန္႔ေလးတစ္ခုမွာ ကြၽန္ေတာ့္ရင္ဘတ္ထံမွ တဒုတ္ဒုတ္ဟူေသာ အသံကို အတိုင္းသားၾကားခဲ့ရျခင္းပင္။
"ေခြၽးေတြလည္းထြက္လို႔.....မင္း အ၀တ္ေတြလဲမွ ျဖစ္မယ္ ခနေလးေစာင့္"
အခန္းထဲမွထြက္ေကာ့ေတာ့ေကာ့ေတာ့ႏွင့္ ထြက္သြားေလသည္။ ေခါင္းအံုးအား ေက်ာမွီခ်ရင္း ခနျပန္မွိန္းေနလိုက္သည္။
တေရးအိပ္လိုက္ရလို႔ထင္ပါ့ ေခါင္းကိုက္ေနတာေတာ့ သက္သာသြားသလို။
သိပ္မၾကာလိုက္ အခန္းထဲသို႔ ခြက္တစ္လံုးႏွင့္ သဘတ္ကိုင္ကာ ၀င္လာေလသူ။
ကြၽန္ေတာ့္ေဘးသို႔ တေစာင္း၀င္ထိုင္ကာ
ေရစိုသဘတ္ေလးအား နဖူးေပၚ ခပ္သာသာ အုပ္မိုးေပးလာသည္။ သူ႔လက္တစ္ဖက္က ပါးျပင္ေပၚက်ေရာက္လာေတာ့ လူပင္ တုန္တက္သြားခ်င္မိသည္။
"အဖ်ားႀကီးေနတာပဲကို ဆရာ၀န္ေခၚမွ ျဖစ္မယ္"
"မေခၚခ်င္ပါဘူး ဒီတိုင္းအိပ္လိုက္ရင္ အဆင္ေျပသြားလိမ့္မယ္"
"Jeon Jung Kook မင္း ေခါင္းမမာခ်င္စမ္းပါနဲ႔ ေခၚဆိုေခၚေပါ့"
ေဒါသသံလည္းမဟုတ္တဲ့ ခပ္စူးစူးေအာ္သံငယ္ ေနာက္မွာ ကြ်န္ေတာ္တစ္ေယာက္ ဘာရယ္မဟုတ္ ႏႈတ္ပိတ္ေနမိသည္။
အခုခ်ိန္ဆို အရိပ္အကဲနားမလည္ေသာ ရင္ဘတ္ႀကီးက ထထခုန္လို႔ ႀကိဳးျဖင့္စည္းထားရမည္။
႐ုတ္တရက္ဆန္လြန္းေသာ သူ႔အျပဳအမူေၾကာင့္ ကြၽန္ေတာ္ မ်က္လံုးမ်ားပင္ျပဴးခနဲ။
အက်ႌၾကယ္သီးမ်ားအားျဖဳတ္ေပးေနသည့္ သူ႔ပံုစံသည္ ကြၽန္ေတာ့္အား အေၾကာင္းတရားမဲ့ ဆြဲေဆာင္ေနသေယာင္။ ေခါင္းသြက္သြက္ခါၿပီး
ေပါက္စနေကာင္အား မ်က္ႏွာလႊဲမိသည္။
သို႔ေသာ္လည္း မေနႏိုင္ ျပန္ၾကည့္မိေတာ့
သူ႔မ်က္ႏွာဟာ သိသာစြာ ပ်က္ယြင္းေနသည္။
ဒီေကာင္ေလး ႐ွက္ေနသည္လား။ ေလးဆင့္ေျမာက္ေသာ ၾကယ္သီးအေရာက္မွာ တြန္႔ဆုတ္ေနေသာ သူ႔လက္မ်ား။
မ်က္ႏွာေလးမွာလည္း ခရမ္းခ်ဥ္သီးႏွင့္ နင္လားငါလား ျဖစ္ပ်က္ေနသည္။
ထိုသို႔ေသာ ေပါက္စနေကာင္၏ မ်က္ႏွာကို ၾကည့္ရင္း ရယ္ခ်င္စိတ္က ထိန္းမရေတာ့ ခြိခနဲအသံျမည္ေအာင္ရယ္မိသည္။
"ဘာရယ္တာလဲ?"
"ၾကယ္သီးျဖဳတ္မရရင္ ငါ ျဖဳတ္ေပးရမလား"
"မလိုပါဘူး"
ကြၽန္ေတာ့္စကားေၾကာင့္ ႐ွက္သြားေသာ ေကာင္ေလးသည္ ေဇာက္ခနဲေဇာက္ခနဲေနေအာင္ ၾကယ္သီးမ်ားကို
ျဖဳတ္ၿပီး ေရစို၀တ္ႀကီးအား ရင္ဘတ္ေပၚ ဘုတ္ခနဲျမည္ေအာင္ ပစ္ခ်သြားေလသည္။
"ကိုယ့္ကိုယ္ လုပ္ေတာ့ ငါ ဆရာ၀န္သြားေခၚ အံုးမယ္"
"လုပ္မွမလုပ္ႏိုင္တာကို"
"ရေအာင္လုပ္"
ေဘးမွထသြားကာ ဖုန္းေျပာေနပံုအရေတာ့ ဆရာ၀န္ေခၚေနျခင္းျဖစ္ရမည္။
႐ႈပ္႐ႈပ္ယွက္ယွက္...။
ရင္ဘတ္ေပၚမွ အ၀တ္စိုစိုအား ဟိုတို႔ဒီတို႔ႏွင့္ ဘာလုပ္ရမွန္းမသိ။ အၾကင္နာတရားမ႐ွိတဲ့အေကာင္ သူလုပ္သြားၿပီး အခုမွ မသိခ်င္ေယာင္ေဆာင္ၿပီး ထားသြားသည္။
ထိုအ၀တ္စိုအား လက္ညိႇဳးႏွင့္လက္မၾကားညႇပ္ၿပီး
ေဘးမွ စားပြဲေပၚပစ္တင္လိုက္သည္။
ေခြၽးထြက္မ်ားတာေၾကာင့္ အ၀တ္မ်ားကလည္း
ကပ္ေစးေစးနဲ႔ အနံ႔အသက္လည္း မေကာင္းေတာ့တာမို႔ ကိုယ့္ကိုယ့္ကိုယ္ ႏွာေခါင္းရံႈ႕မိသည္။ အားမ႐ွိအင္မ႐ွိႏွင့္ အက်ႌအားလဲရန္ ျပင္လိုက္သည္။
႐ွပ္အက်ႌကိုခြၽတ္ၿပီးမွ ျပန္လဲဖို႔အ၀တ္မ႐ွိမွန္း သိလိုက္ရသည္။ ဟိုအေကာင့္ကို ယူခိုင္းဖို႔ ေျပာခ်င္ေပမယ့္ ေလေၾကာ႐ွည္ေနတာေၾကာင့္ ကိုယ္တိုင္ထယူရအံုးမည္။
အိပ္ရာမွထၿပီး အ၀တ္ဗီ႐ိုနားသြားေတာ့ ေပါက္စနေကာင္က ေက်ာေပးၿပီးေျပာေနသည္ေလ။
လဲ၀တ္ဖို႔အ၀တ္ယူေနတုန္း ေနာက္ေက်ာ္ဘက္မွ စူးခနဲေအာ္သံနက္ႀကီး။
"အား!!!!!!"
အိမ္ႀကီးပင္ လႈပ္ခါသြားေလာက္ေသာ အသံႏွင့္ အာျပဲစိန္။
"Kim Tae Hyung ဘာျဖစ္တာလဲ"
"မင္း...မင္းက ဘာလို႔ အက်ႌခြၽတ္ႀကီးနဲ႔ ရပ္ေနတာလဲ"
"အက်ႌလဲမလို႔ေလ"
"ဘာေကာင္မွန္းမသိဘူး"
မ်က္ႏွာေလးပင္မက နားရြက္ဖ်ားေတြပါ နီရဲကုန္သည္အထိ။ ကိုယ္တိုင္ျပန္ငံု႔ၾကည့္မွ အားေတာင္နာခ်င္သြားသည္။ ကြၽန္ေတာ့္ရဲ႕
ခပ္ေတာင့္ေတာင့္ခႏၶာကိုယ္ေၾကာင့္ ေညႇာင့္စိေကာင္ ႐ွက္သြားရသည္မွာ ျဖစ္ႏိုင္ပါသည္။ ကြၽန္ေတာ္ကိုယ္တိုင္က သိပ္ကို ျပည့္စံုလြန္းေနခဲ့သည္ကိုး။
ေဆးမထိုးရခင္မွာ အဖ်ားေပ်ာက္သြားသိလို ခံစားလိုက္ရတာေတာ့ အမွန္။
ဆရာ၀န္ေရာက္လာေတာ့ ေဆးထိုးေပးသြားေသးသည္။ ဒါေတာင္ ဟိုေပါက္စနေကာင္က အခန္းထဲမွာ မ႐ွိ။
ဒီေလာက္ထိ ႐ွက္စရာေကာင္းသြားမွန္း မသိခဲ့ပါ။
႐ုတ္တရက္တံခါးဖြင့္သံေၾကာင့္ သူမွန္းသိလိုက္ပါေသာ္လည္း ထၾကည့္လွ်င္ ႐ွက္ေနအံုးမည္စိုး၍ ဒီတိုင္းသာ ေမွးေနလိုက္သည္။
"Jung Kook ထအံုး"
"ဟင္.."
သူ႔ဘက္က စကားစမွ အလိုက္သင့္ေလး ေနေပးလိုက္သည္။ စလို႔ေကာင္းလြန္းလို႔ ထပ္စခ်င္ေသးသည္။
"ဆန္ျပဳတ္ ထစားအံုး ၿပီးရင္ေဆးေသာက္"
အခုမွ သူ႔လက္ထဲမွာ ကိုင္ထားေသာ အေငြ႕တေထာင္းေထာင္းႏွင့္ ပန္းကန္ေလးကို သတိထားမိသည္။
ကြၽန္ေတာ့္ကို ထူၿပီး ကုတင္စြန္းနားထိုင္ကာ ဆန္ျပဳတ္အား တဖူးဖူးျမည္ေအာင္ မႈတ္ေပးေနေသာ သူကိုၾကည့္ေနရျခင္းက ကြၽန္ေတာ္မုန္းေနခဲ့ရတဲ့သူတဲ့လား။
မထင္မိဘူးေနာ္ ဒီလိုလူက ဂ႐ုစိုက္တတ္လိမ့္မယ္လို႔။ တကယ္ဆို သူကြၽန္ေတာ့္ကို ပစ္ထားရမွာ မဟုတ္လား။
ဒီေနရာမွာ ေသခ်င္ေသဆိုၿပီးေလ။ ဘာလို႔မ်ား လူကို စိတ္ေထြျပားေအာင္ လုပ္ေနရတာလဲ Kim Tae Hyung ရယ္။
အသိစိတ္တခ်ိဳ႕ကို ေမ့ထားၿပီး ၀န္ခံျခင္းဆို
ကြၽန္ေတာ္သူ႔ကို သေဘာက်မိမယ္ထင္။
အခုေရာ...အင္း သေဘာက်သည္ဟု မဆိုေသာ္လည္း အရင္ကလိုေတာ့ မမုန္းမိေတာ့။ သူ႔ကိုျပန္ၾကည့္မိတိုင္း ေလေတြမႈတ္မႈတ္ထုတ္ေနတဲ့ ခပ္ရဲရဲႏႈတ္ခမ္းေလးဆီကိုပဲ အာရံုေရာက္ေနမိေတာ့ အၾကည့္ေတြ လြဲလြဲမိသည္။ Shit.....ခုန္ခုန္လာတဲ့ ႏွလံုးသားႀကီးကို ဓားနဲ႔ႏုတ္ႏုတ္စင္းခ်င္မိ။
"Tae Hyung ငါ အိပ္ေတာ့မယ္"
"ဟင္...အင္း အိပ္ေတာ့ေလ"
ေစာင္ေတြကို အေသအခ်ာပင္ ျခံဳေပးေနေသာ သူ႔မ်က္ႏွာကို ေတြေတြေလးသာ ေငးေနမိသည္။
ေျဖာင့္စင္းခြၽန္ျမေသာ ႏွာတံစင္းစင္းေလးရဲ႕ ထိပ္ေပၚမွာ မွဲ႕ကေလး။ ခ်စ္စရာေကာင္းသည္။
အခုသူ႔ကို ကြၽန္ေတာ္ ခ်စ္စရာေကာင္းသည္ဟု သတ္မွတ္မိလိုက္သည္တဲ့လား။
တကယ္ဆို ဒီေကာင္ေလးက ေျပေျပျပစ္ျပစ္ လွပေနျခင္းသာ။
"ငါ့ေဘးနားလာအိပ္ေပး"
"ဟင္!!"
"ဟို ငါေျပာခ်င္တာက ေနမေကာင္းေတာ့..."
စကားပင္ မဆံုးေသး ကြၽန္ေတာ့္ေဘးသို႔ ၀င္လွဲလာေသာ ခႏၶာကိုယ္ငယ္ေလး။
ေက်နပ္စြာ တခ်က္ျပံဳးလိုက္မိသည္။
ေက်ာေပးကာ အိပ္ေနေသာ ေနာက္ေက်ာျပင္ငယ္ေလးက အေၾကာင္းရင္းမရွိ
ကြၽန္ေတာ့္ကို ႏွလံုးေရာဂါရေအာင္ ျပဳစားႏိုင္လြန္းသည္။ ကြၽန္ေတာ္ Jeon Jung Kook ရဲ႕ လက္႐ွိအေျခအေနရ ဘယ္စိတ္က အစိုးရေနမွန္း နားမလည္ႏိုင္ေတာ့။
ခ်စ္ေနတာ......ဟင့္အင္း မျဖစ္ႏိုင္ပါဘူး ကြၽန္ေတာ္ဟာ သူ႔အေပၚ အခ်စ္ဟူေသာအရာ သက္ေရာက္ႏိုင္စြမ္းမ႐ွိပါ။ ခပ္သင္းသင္း ကိုယ္သင္းနံ႔အား ႐ွဴ႐ႈိက္ၿပီး အိပ္ႏိုင္ဖို႔ အနားနားမွ ကိုယ္ေသးေသးေလးအား တစ္ညတာ ဖက္တြယ္ထားမိေသာ ကြၽန္ေတာ့္လက္မ်ား။
ေနမေကာင္းတဲ့ ဒီခႏၶာေၾကာင့္ ႏွလံုးသားေလးပါ အဆစ္ပါၿပီး ႐ူးေၾကာင္ေၾကာင္ျဖစ္သြားျခင္းကို ကြၽန္ေတာ္လက္ခံႏိုင္ရအံုးမည္။
~~အသိမ႐ွိခ်ိန္မွာ အခ်စ္ဟာ ေမြးဖြားခဲ့ၿပီ~~
___________________________TBC
ျပန္ေရာက္ၿပီ!!! ဒါက လက္ေဆာင္!!
LOVE YOU ALL❤❤❤❤
*Nun
______________________________
Unicode
********
တည်ငြိမ်စွာသော ကန်ရေပြင်သည် လှပသည်။
တိုးတိတ်စွာသော လေပြေငယ်သည် နူးညံ့သည်။
ကျယ်ပြန့်စွာသော ကောင်းကင်ကြီးသည် ပြာလဲ့သည်။
အချစ်.......နူးညံ့ခြင်းမမည် လှပခြင်းမဆို။
အချစ်.......ပေးဆပ်ခြင်းသတ်သတ်သာ အမှီပြုသည်။
တစ်ချိန်မှာတော့အချစ်သည် နူးညံ့ပါစေ လှပပါစေ။
နေရောင်ဝင်တိုးခြင်းမရှိသော မနက်ခင်းကို သတိရမိတော့ ကျွန်တော်အိပ်ခန်းအပြင်ဘက်က ဆိုဖာပေါ်မှာ အိပ်ခဲ့ရကြောင်း သတိဝင်လာသည်။ မျက်လုံးပင် သေချာမဖွင့်ရသေး ကေျာထဲထိကို စိမ့်ခနဲဝင်လာသော ဆောင်းရာသီရဲ့ အချမ်းဓာတ်။ အခန်းတွင်းပင် ဖြစ်သော်ငြားလည်း ခန္ဓာကိုယ်မှာ အကာအကွယ်မရှိသည်မို့ ချမ်းလှသည်။
မနေ့ည အိမ်ပြန်ရောက်တော့ ဟိုပေါက်စနကောင်က အခန်းကို lockချထားလေရဲ့။ နောက်ကျလွန်းသည့် အချိန်လည်း မဟုတ်သေးတာမို့ အပြင်ဘက်မှာ ထိုင်ရင်း TV ထိုင်ကြည့်နေလိုက်သည်။
ဒါနဲ့ပင် ဒီနေရာမှာ အိပ်ပျော်သွားခဲ့သည် ဆိုပါတော့။ တော်တော်အကြင်နာတရားမရှိတဲ့ကောင်။
"ဟတ်ချိုး.....အား..ချမ်းလိုက်တာ"
လက်မောင်းရင်းနှစ်ဖက်ကို ဖက်ကိုင်ရင်း အခန်းတံခါးဆွဲဖွင့်ကြည့်တော့ တံခါးကခတ်ထားတုန်း။ လူက တုန်တက်နေပြီ။
"Kim Tae Hyung တံခါးဖွင့်!!!"
တဒုန်းဒုန်းနဲ့ထုနေရင်း အနည်းငယ်ကြာမှ ဂျလောက်ဆိုပြီး တံခါးပွင့်လာသည်။ အိပ်မှုန်စုတ်ဖွားရုပ်နဲ့ မျက်လုံးကြီးကို ပွတ်သပ်နေလေသည်။ သူ့ကိုလည်း မကြည့်အား အခန်းထဲက အိပ်ယာနှင့်စောင်ကြီးဆီသာ လူက ဒိုင်းခနဲပင်။ စောင်ထဲလုံးထွေးပြီးနေမှ ကျွန်တော် အတော်လေးနွေးသွားရသည်။
"Jeon Jung Kook ငါ အိပ်နေတာလေကွာ ဖယ်!!!!"
အာပြဲစိန်ရဲ့ အော်သံတွေလည်း ကျွန်တော် မကြားတော့ မျက်လုံးများ တဖြည်းဖြည်းမှေးစင်း သွားလေပြီ။ အကောင်စုတ်လေး ဒင်းကတော့ ဒီလိုနွေးနွေးထွေးထွေးအိပ်နေပြီး ဒီကလူမှာတော့ ခဲပြီးမသေသွားတာပဲ ကံကောင်းရမည်ထင်ပါရဲ့။
အိတ်ကပ်ထဲမှ မထုတ်ရသေးသော ဖုန်းဟာ တဒူဒူမြည်လာမှ ကျွန်တော်နိုးလာမိသည်။
နံပါတ်ကိုလည်းမကြည့်မိ ကိုင်လိုက်သည်။
တဖက်ကစကားသံကိုကြားမှ မျက်လုံးများ ပြူးခနဲ။
"ဘာ!!! အဲ့ဒါကို အခုမှပြောရလား နောက်ကျတော့မှာပဲ"
အိပ်ရာမှ ကုန်းရုန်းထလိုက်ရင်း ရေပင်မချိုးနိုင်တော့ အဝတ်လဲကာ အောက်သို့ဆင်းလာခဲ့သည်။ မီးဖိုခန်းထဲမှ ခေါက်ဆွဲပန်းကန်ကြီးကိုင်ကာ ထွက်လာသော ပေါက်စနကောင်။ ကျွန်တော့်ကိုတွေ့တော့ မျက်စောင်းထိုးကာ ပခုံးကိုသက်သက်မဲ့ဝင်တိုက် သွားလိုက်သေးသည်။ ဟောဗျာ.......။
ကိုယ့်အလုပ်နှင့်ကိုယ်မအားနိုင်တာမို့ ဒီတိုင်းထားကာ ထွက်လာခဲ့သည်။
လူက အေးစိမ့်စိမ့်နှင့်မို့ အနွေးထည်နောက်တစ်ထပ်ဝတ်ဖို့ စိတ်ကူးမိသော်လည်း အစည်းအဝေးအချိန်နီးနေတာကြောင့် လက်ရှိအတိုင်းသာ သွားဖို့ပြင်လိုက်သည်။
ဟတ်ချိုး.............။
အစည်းအဝေးခန်းထဲတွင် ခေါင်းထိုးကိုက်လွန်းလို့ အာရုံပင်မစိုက်နိုင်ခဲ့။
ထူးထူးခြားခြားလည်း မရှိသည်မို့ မန်နေဂျာအား ရှိသမျှအလုပ်အကုန်လွှဲကာ အိမ်သို့ပြန်လာခဲ့သည်။ နေလို့ထိုင်လို့လည်းမကောင်းတော့ ခေါင်းကကိုက် နှာကစေး ချောင်းကဆိုးချင်သေး။
ဟိုမလောက်လေးမလောက်စားကောင်ရဲ့ နှိပ်စက်ချက်က မိုးပင်ပြိုနိုင်ရဲ့။
ကားပင်မနည်းမောင်းကာ အိမ်သို့ ကြိုးစားပြန်ခဲ့ရသည်။
ကားတိုက်သေရင်တော့ တရားခံက အိမ်ကအကောင်။
အိမ်ထဲဝင်ဝင်ချင်း တွေ့လိုက်ရသည့် မြင်ကွင်းက ဧည့်ခန်းထဲမှာ မုန့်ထုပ်ပေါင်းသောင်းခြောက်ထောင်နှင့် မုန့်ခွံတွေအပြည့်ဖြစ်နေသော စားပွဲ။ အလယ်ထဲမှာ ခေါင်းအုံးတစ်လုံးနှင့် သာသာယာယာနှပ်နေသော ပေါက်စနကောင်။
ကိုက်လာသမျှခေါင်းကို တူနဲ့အားပါပါ ထုချလိုက်သလို မြင်ကွင်းဟာ သွေးတက်ချင်စရာပင်။
"အော်!!!"
ခေါင်းအုံးကြီးကိုဖက်ကာ ခေါင်းထောင်ကြည့်ပြီး
ကျွန်တော့်ကိုမြင်တော့ 'အော်' တဲ့။
တအံ့တသြနှင့် မျက်လုံးလေးပြူးကြောင်ပြူးကြောင် ဖြစ်နေပုံကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
ကိုယ်တိုင်ကလည်း နေမကောင်းတာကြောင့် ပြောမနေတော့ပဲ အပေါ်ထပ်သို့သာ တက်လာခဲ့သည်။ အခန်းထဲရောက်တော့ မဟန်နိုင်တော့သည်မို့ ခုတင်ပေါ်ခွေခေါက်ကာ အိပ်ရတော့သည်။
"Jung Kook! Jeon Jung Kook!"
ခပ်စူးစူးအသံငယ်နှင့်တကွ လက်မောင်းရင်းဘက်မှ တလှုပ်လှုပ်။
လေးလံနေတဲ့မျက်လုံးများကို အားယူဖွင့်ကြည့်တော့ ပေါက်စနကောင်က ဘေးနားမှာ။
"အဲ့လောက်မှ အဖျားကြီးနေတာကို ဒီတိုင်းကြီး လှဲနေတာလား?"
အားမရှိအင်မရှိလူကို အော်ဖို့ငေါက်ဖို့လောက်သာ တွေးမိသည့် ထိုအကောင်ကို စိတ်ပျက်ချင်လာသည်။
"ထ.....အဝတ်လဲပြီး ရေပတ်တိုက်ရမှာပေါ့
နေမကောင်းရင်လည်း ပြောလေ ဒီတိုင်းကြီးအိပ်နေရလား"
ဗြစ်တောက်ဗြစ်တောက်နှင့် မိန်းမကြီးလို ပြောနေသော အကောင်လေးအား ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ပုခုံးစွန်းနှင့် လက်မောင်းကိုလာကိုင်တာကြောင့် မော့ကြည့်လိုက်တော့ 'ထလေ' တဲ့။
ဘယ်အရာက ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေလည်းတော့ မသိခဲ့ပါ။ သေချာတာက ထိုအခိုက်အတန့်လေးတစ်ခုမှာ ကျွန်တော့်ရင်ဘတ်ထံမှ တဒုတ်ဒုတ်ဟူသော အသံကို အတိုင်းသားကြားခဲ့ရခြင်းပင်။
"ချွေးတွေလည်းထွက်လို့.....မင်း အဝတ်တွေလဲမှ ဖြစ်မယ် ခနလေးစောင့်"
အခန်းထဲမှထွက်ကော့တော့ကော့တော့နှင့် ထွက်သွားလေသည်။ ခေါင်းအုံးအား ကျောမှီချရင်း ခနပြန်မှိန်းနေလိုက်သည်။
တရေးအိပ်လိုက်ရလို့ထင်ပါ့ ခေါင်းကိုက်နေတာတော့ သက်သာသွားသလို။
သိပ်မကြာလိုက် အခန်းထဲသို့ ခွက်တစ်လုံးနှင့် သဘတ်ကိုင်ကာ ဝင်လာလေသူ။
ကျွန်တော့်ဘေးသို့ တစောင်းဝင်ထိုင်ကာ
ရေစိုသဘတ်လေးအား နဖူးပေါ် ခပ်သာသာ အုပ်မိုးပေးလာသည်။ သူ့လက်တစ်ဖက်က ပါးပြင်ပေါ်ကျရောက်လာတော့ လူပင် တုန်တက်သွားချင်မိသည်။
"အဖျားကြီးနေတာပဲကို ဆရာဝန်ခေါ်မှ ဖြစ်မယ်"
"မခေါ်ချင်ပါဘူး ဒီတိုင်းအိပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်"
"Jeon Jung Kook မင်း ခေါင်းမမာချင်စမ်းပါနဲ့ ခေါ်ဆိုခေါ်ပေါ့"
ဒေါသသံလည်းမဟုတ်တဲ့ ခပ်စူးစူးအော်သံငယ် နောက်မှာ ကွျန်တော်တစ်ယောက် ဘာရယ်မဟုတ် နှုတ်ပိတ်နေမိသည်။
အခုချိန်ဆို အရိပ်အကဲနားမလည်သော ရင်ဘတ်ကြီးက ထထခုန်လို့ ကြိုးဖြင့်စည်းထားရမည်။
ရုတ်တရက်ဆန်လွန်းသော သူ့အပြုအမူကြောင့် ကျွန်တော် မျက်လုံးများပင်ပြူးခနဲ။
အကျႌကြယ်သီးများအားဖြုတ်ပေးနေသည့် သူ့ပုံစံသည် ကျွန်တော့်အား အကြောင်းတရားမဲ့ ဆွဲဆောင်နေသယောင်။ ခေါင်းသွက်သွက်ခါပြီး
ပေါက်စနကောင်အား မျက်နှာလွှဲမိသည်။
သို့သော်လည်း မနေနိုင် ပြန်ကြည့်မိတော့
သူ့မျက်နှာဟာ သိသာစွာ ပျက်ယွင်းနေသည်။
ဒီကောင်လေး ရှက်နေသည်လား။ လေးဆင့်မြောက်သော ကြယ်သီးအရောက်မှာ တွန့်ဆုတ်နေသော သူ့လက်များ။
မျက်နှာလေးမှာလည်း ခရမ်းချဉ်သီးနှင့် နင်လားငါလား ဖြစ်ပျက်နေသည်။
ထိုသို့သော ပေါက်စနကောင်၏ မျက်နှာကို ကြည့်ရင်း ရယ်ချင်စိတ်က ထိန်းမရတော့ ခွိခနဲအသံမြည်အောင်ရယ်မိသည်။
"ဘာရယ်တာလဲ?"
"ကြယ်သီးဖြုတ်မရရင် ငါ ဖြုတ်ပေးရမလား"
"မလိုပါဘူး"
ကျွန်တော့်စကားကြောင့် ရှက်သွားသော ကောင်လေးသည် ဇောက်ခနဲဇောက်ခနဲနေအောင် ကြယ်သီးများကို
ဖြုတ်ပြီး ရေစိုဝတ်ကြီးအား ရင်ဘတ်ပေါ် ဘုတ်ခနဲမြည်အောင် ပစ်ချသွားလေသည်။
"ကိုယ့်ကိုယ် လုပ်တော့ ငါ ဆရာဝန်သွားခေါ် အုံးမယ်"
"လုပ်မှမလုပ်နိုင်တာကို"
"ရအောင်လုပ်"
ဘေးမှထသွားကာ ဖုန်းပြောနေပုံအရတော့ ဆရာဝန်ခေါ်နေခြင်းဖြစ်ရမည်။
ရှုပ်ရှုပ်ယှက်ယှက်...။
ရင်ဘတ်ပေါ်မှ အဝတ်စိုစိုအား ဟိုတို့ဒီတို့နှင့် ဘာလုပ်ရမှန်းမသိ။ အကြင်နာတရားမရှိတဲ့အကောင် သူလုပ်သွားပြီး အခုမှ မသိချင်ယောင်ဆောင်ပြီး ထားသွားသည်။
ထိုအဝတ်စိုအား လက်ညှိုးနှင့်လက်မကြားညှပ်ပြီး
ဘေးမှ စားပွဲပေါ်ပစ်တင်လိုက်သည်။
ချွေးထွက်များတာကြောင့် အဝတ်များကလည်း
ကပ်စေးစေးနဲ့ အနံ့အသက်လည်း မကောင်းတော့တာမို့ ကိုယ့်ကိုယ့်ကိုယ် နှာခေါင်းရှုံ့မိသည်။ အားမရှိအင်မရှိနှင့် အကျႌအားလဲရန် ပြင်လိုက်သည်။
ရှပ်အကျႌကိုချွတ်ပြီးမှ ပြန်လဲဖို့အဝတ်မရှိမှန်း သိလိုက်ရသည်။ ဟိုအကောင့်ကို ယူခိုင်းဖို့ ပြောချင်ပေမယ့် လေကြောရှည်နေတာကြောင့် ကိုယ်တိုင်ထယူရအုံးမည်။
အိပ်ရာမှထပြီး အဝတ်ဗီရိုနားသွားတော့ ပေါက်စနကောင်က ကျောပေးပြီးပြောနေသည်လေ။
လဲဝတ်ဖို့အဝတ်ယူနေတုန်း နောက်ကျော်ဘက်မှ စူးခနဲအော်သံနက်ကြီး။
"အား!!!!!!"
အိမ်ကြီးပင် လှုပ်ခါသွားလောက်သော အသံနှင့် အာပြဲစိန်။
"Kim Tae Hyung ဘာဖြစ်တာလဲ"
"မင်း...မင်းက ဘာလို့ အကျႌချွတ်ကြီးနဲ့ ရပ်နေတာလဲ"
"အကျႌလဲမလို့လေ"
"ဘာကောင်မှန်းမသိဘူး"
မျက်နှာလေးပင်မက နားရွက်ဖျားတွေပါ နီရဲကုန်သည်အထိ။ ကိုယ်တိုင်ပြန်ငုံ့ကြည့်မှ အားတောင်နာချင်သွားသည်။ ကျွန်တော့်ရဲ့
ခပ်တောင့်တောင့်ခန္ဓာကိုယ်ကြောင့် ညှောင့်စိကောင် ရှက်သွားရသည်မှာ ဖြစ်နိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင်က သိပ်ကို ပြည့်စုံလွန်းနေခဲ့သည်ကိုး။
ဆေးမထိုးရခင်မှာ အဖျားပျောက်သွားသိလို ခံစားလိုက်ရတာတော့ အမှန်။
ဆရာဝန်ရောက်လာတော့ ဆေးထိုးပေးသွားသေးသည်။ ဒါတောင် ဟိုပေါက်စနကောင်က အခန်းထဲမှာ မရှိ။
ဒီလောက်ထိ ရှက်စရာကောင်းသွားမှန်း မသိခဲ့ပါ။
ရုတ်တရက်တံခါးဖွင့်သံကြောင့် သူမှန်းသိလိုက်ပါသော်လည်း ထကြည့်လျှင် ရှက်နေအုံးမည်စိုး၍ ဒီတိုင်းသာ မှေးနေလိုက်သည်။
"Jung Kook ထအုံး"
"ဟင်.."
သူ့ဘက်က စကားစမှ အလိုက်သင့်လေး နေပေးလိုက်သည်။ စလို့ကောင်းလွန်းလို့ ထပ်စချင်သေးသည်။
"ဆန်ပြုတ် ထစားအုံး ပြီးရင်ဆေးသောက်"
အခုမှ သူ့လက်ထဲမှာ ကိုင်ထားသော အငွေ့တထောင်းထောင်းနှင့် ပန်းကန်လေးကို သတိထားမိသည်။
ကျွန်တော့်ကို ထူပြီး ကုတင်စွန်းနားထိုင်ကာ ဆန်ပြုတ်အား တဖူးဖူးမြည်အောင် မှုတ်ပေးနေသော သူကိုကြည့်နေရခြင်းက ကျွန်တော်မုန်းနေခဲ့ရတဲ့သူတဲ့လား။
မထင်မိဘူးနော် ဒီလိုလူက ဂရုစိုက်တတ်လိမ့်မယ်လို့။ တကယ်ဆို သူကျွန်တော့်ကို ပစ်ထားရမှာ မဟုတ်လား။
ဒီနေရာမှာ သေချင်သေဆိုပြီးလေ။ ဘာလို့များ လူကို စိတ်ထွေပြားအောင် လုပ်နေရတာလဲ Kim Tae Hyung ရယ်။
အသိစိတ်တချို့ကို မေ့ထားပြီး ဝန်ခံခြင်းဆို
ကျွန်တော်သူ့ကို သဘောကျမိမယ်ထင်။
အခုရော...အင်း သဘောကျသည်ဟု မဆိုသော်လည်း အရင်ကလိုတော့ မမုန်းမိတော့။ သူ့ကိုပြန်ကြည့်မိတိုင်း လေတွေမှုတ်မှုတ်ထုတ်နေတဲ့ ခပ်ရဲရဲနှုတ်ခမ်းလေးဆီကိုပဲ အာရုံရောက်နေမိတော့ အကြည့်တွေ လွဲလွဲမိသည်။ Shit.....ခုန်ခုန်လာတဲ့ နှလုံးသားကြီးကို ဓားနဲ့နုတ်နုတ်စင်းချင်မိ။
"Tae Hyung ငါ အိပ်တော့မယ်"
"ဟင်...အင်း အိပ်တော့လေ"
စောင်တွေကို အသေအချာပင် ခြုံပေးနေသော သူ့မျက်နှာကို တွေတွေလေးသာ ငေးနေမိသည်။
ဖြောင့်စင်းချွန်မြသော နှာတံစင်းစင်းလေးရဲ့ ထိပ်ပေါ်မှာ မှဲ့ကလေး။ ချစ်စရာကောင်းသည်။
အခုသူ့ကို ကျွန်တော် ချစ်စရာကောင်းသည်ဟု သတ်မှတ်မိလိုက်သည်တဲ့လား။
တကယ်ဆို ဒီကောင်လေးက ပြေပြေပြစ်ပြစ် လှပနေခြင်းသာ။
"ငါ့ဘေးနားလာအိပ်ပေး"
"ဟင်!!"
"ဟို ငါပြောချင်တာက နေမကောင်းတော့..."
စကားပင် မဆုံးသေး ကျွန်တော့်ဘေးသို့ ဝင်လှဲလာသော ခန္ဓာကိုယ်ငယ်လေး။
ကျေနပ်စွာ တချက်ပြုံးလိုက်မိသည်။
ကျောပေးကာ အိပ်နေသော နောက်ကေျာပြင်ငယ်လေးက အကြောင်းရင်းမရှိ
ကျွန်တော့်ကို နှလုံးရောဂါရအောင် ပြုစားနိုင်လွန်းသည်။ ကျွန်တော် Jeon Jung Kook ရဲ့ လက်ရှိအခြေအနေရ ဘယ်စိတ်က အစိုးရနေမှန်း နားမလည်နိုင်တော့။
ချစ်နေတာ......ဟင့်အင်း မဖြစ်နိုင်ပါဘူး ကျွန်တော်ဟာ သူ့အပေါ် အချစ်ဟူသောအရာ သက်ရောက်နိုင်စွမ်းမရှိပါ။ ခပ်သင်းသင်း ကိုယ်သင်းနံ့အား ရှူရှိုက်ပြီး အိပ်နိုင်ဖို့ အနားနားမှ ကိုယ်သေးသေးလေးအား တစ်ညတာ ဖက်တွယ်ထားမိသော ကျွန်တော့်လက်များ။
နေမကောင်းတဲ့ ဒီခန္ဓာကြောင့် နှလုံးသားလေးပါ အဆစ်ပါပြီး ရူးကြောင်ကြောင်ဖြစ်သွားခြင်းကို ကျွန်တော်လက်ခံနိုင်ရအုံးမည်။
~~အသိမရှိချိန်မှာ အချစ်ဟာ မွေးဖွားခဲ့ပြီ~~
___________________________TBC
ပြန်ရောက်ပြီ!!! ဒါက လက်ဆောင်!!
LOVE YOU ALL❤❤❤❤
*Nun