Unicode
(zawgyi below)
Taeyong's POV
၁ ဂိတ်စာအကွာအဝေးလောက်ကိုမနည်းတွဲလာရတဲ့သူ့ခန္ဓာကိုယ်ကြီးကို အခန်းထဲရောက်မှာ အိပ်ရာပေါ်ကိုပစ်ချလိုက်နိုင်တယ်
"Taeyong"
အိပ်ရာပေါ်တင်ပေးပြီး ခဏထလိုက်တဲ့ကျနော့်ကိုသူခေါ်လိုက်တယ်
"ဘယ်သွားမလို့လဲ?"
"မသွားပါဘူး"
"ငါ့နားခဏလာထိုင်ဦး ပျင်းလို့"
သူ့အလိုကြောင့်ကျနော်လည်းပက်လက်လှဲနေတဲ့ Jaehyun နားမှာသွားထိုင်လိုက်တယ်
"မင်းအမူးပြေပြီလား"
"အစကတည်းကလည်းအရမ်းကြီးမမူးပါဘူး"
"ဟမ်!!! ဒါဆို.."
"ငါတစ်ယောက်တည်းလမ်းလျှောက်ရမှာပျင်းလို့မင်းတွဲပေးတာကိုအသာလေးခိုပြီးလိုက်လာတာ"
ကျနော့်မျက်နှာတွေချက်ချင်းပူသွားတယ်
သူအရမ်းမူးနေတယ်ထင်ပြီး တွဲပေးခဲ့တုန်းကဝုန်းဒိုင်းကြဲခဲ့ရတဲ့ကျနော့်ရင်ခုန်သံတွေကိုသူမရိပ်မိလောက်ပါဘူးနော်?
သိသွားမှာစိုးရိမ်လိုက်တာ
"နောက်ဆို မင်းအဲ့လောက်အများကြီးမသောက်နဲ့"
မဆီမဆိုင်စကားကိုကျနော်ပြောကာ ငြိမ်နေလိုက်တယ်
"ဪကွာာာ အောင်ပွဲခံတာပဲကို"
"အဲ့လိုပျော်ပါးမှဝမ်းမြောက်နိုင်တာလား"
"မဟုတ်ပါဘူးကွာ လူမှုရေးအရပါ"
"......"
"ဒါဆို မင်းကငါ့အောင်ပွဲအတွက်တစ်ခုခုလုပ်ပေးလေ ငါ့ကိုတကယ်ဝမ်းမြောက်စေချင်တယ်ဆိုရင်"
"ဘာလုပ်ပေးရမှာလဲ"
"မင်းငါ့ရဲ့အောင်သွယ်တော်လုပ်ပေး"
ကျနော်ကျောပြင်မတ်ခနဲဖြစ်သွားတယ်
ရင်ထဲကိုအပူလှိုင်းမုန်တိုင်းတစ်ခုဖြတ်သွားတယ်
ကျနော်သိလိုက်ရတာက ကျနော့်နှုတ်ခမ်းတွေက မြေသြဇာမရှိတော့တဲ့ချယ်ရီသီးအကိုင်းတစ်ခုလိုပဲအောက်ကိုငုံ့ကျသွားတာပဲ
"ဘယ်သူနဲ့လဲ"
အားတင်းပြီးမေးလိုက်တဲ့ ဒီမေးခွန်းတိုလေးမှာ ကျနော့်ရဲ့အသံတုန်ခါမှုတွေကိုသူများရိပ်မိသွားသလား
"Yeri"
ကျနော့်နှလုံးသားသွေးအိုင်နက်နက်တစ်ခုထဲမှာမြုပ်ကျသွားတယ်
ကျောပေးထားတဲ့သူ့မျက်နှာမှာ သေချာတာကတော့မျှော်လင့်ချက်အပြုံးတစ်ခုရှိနေလိမ့်မယ်
ကျနော့်နှုတ်ခမ်းမှာ ပက်ကြားတွေအက်နေတဲ့အထိခြောက်သွေ့နေလိမ့်မယ်
ဒါပေမယ့် အသိစိတ်မမဲ့သေးတဲ့ကျနော်ဟာဆက်ပြီးဟန်ဆောင်ရလိမ့်မယ်
"ငါ့သူငယ်ချင်းနဲ့ပဲ"
"အေး ဟူတ်တယ်ကွ! ငါသူ့ကိုစိတ်ဝင်စားနေတာကြာပြီ ဒါပေမယ့်သူက ငါ့လိုပဲသူဌေးမျိုးနွယ်ကဆိုတော့မာနခဲလေးကွ အပေါင်းအသင်းကပေါတာမဟုတ်။ ရက်ပိုင်းလောက်စောင့်ကြည့်မှ မင်းနဲ့အပေါင်းအသင်းလုပ်တာကိုငါတွေ့ရတာ။ ငါတောင်စဉ်းစားကြည့်မိသေးတယ်။ ငါ့လို EC တောင်မှ နာမည်နဲ့လူတွဲမမှတ်မိနိုင်လောက်အောင် ငြိမ်ငြိမ်သက်သက်နေတဲ့မင်းနဲ့မှရွေးပြီးပေါင်းတယ်ဆိုတော့ငါတောင်အံ့သြခဲ့သေးတာ"
<<ငါ့နားချဉ်းကပ်ခဲ့တာ Yeri ကြောင့်လို့သာပွင့်ပွင့်လင်းလင်းပြောလိုက်ပါတော့ကွာာာာ>>
ကျနော့်နှလုံးသားကတဆတ်ဆတ်တုန်နေပြီ
ကျနော့်ရဲ့အပြင်ပိုင်းအမူအရာတွေမတုန်လှုပ်ဖို့ကျနော်အတတ်နိုင်ဆုံးကြိုးစားရမယ်
သူတောင်ကျနော့်ကိုရင်းနှီးမှုကိုအသုံးချပြီးဟန်ဆောင်ခဲ့သေးတာပဲ ကျနော်လည်းဆက်ဟန်ဆောင်နိုင်ရမယ်လေ
"ဟေ့ကောင် ဘာလို့ငြိမ်နေရတာလဲ"
"ပြောလေ ဘာပြောမလို့လဲ"
"ပြောရမှာကမင်းကွ။ ငါအောင်သွယ်လုပ်ပေးမယ်လို့မင်းကပြောရမှာ!!!! လုပ်ပါကွာာာ!!! ငါ Yeri နဲ့ရည်းစားဖြစ်သွားရင် မင်းကျေးဇူးမမေ့ဘူး"
"အေးပါ"
တစ်ခါတလေမှာ အရမ်းချစ်တတ်တဲ့နှလုံးသားက ဟန်ဆောင်မှုကြောင့်သွေးအေးလွန်းတဲ့စကားတို့ကိုပြောတတ်ရမယ်
ဒါပေမယ့်ကျနော်အဲ့ပညာရပ်ကိုမကျွမ်းကျင်သေးဘူး
"Yessss! ဒါ့ကြောင့်မင်းကိုငါခင်နေရတာ"
သူ့ကိုနောက်ကျောပေးထိုင်နေတဲ့ ကျနော်ကိုယ်လုံးလေးအရှေ့ကိုယိုင်သွားတဲ့အထိသူကျနော့်ကိုအနောက်ကနေဝမ်းသာအားရနဲ့လှမ်းဖက်တယ်
တော်သေးတာပေါ့
သူ့ကိုကျောပေးပြီးထိုင်နေမိလို့
ငိုက်ခနဲညှိုးသွားတဲ့ကျနော့်နှုတ်ခမ်းကိုသူမမြင်လိုက်ရတာကိုပဲ ဒီလိုကံအဆိုးဆုံးညအတွက် ကံအကောင်းဆုံးအချိန်ခဏလေးလို့သတ်မှတ်ရမယ်
"မင်းမှာရော အဲ့လိုမျိုးရင်ထဲကနေတိတ်တခိုးချစ်နေရတဲ့သူမရှိဘူးလား"
"အင်း ရှိတာပေါ့"
"ဘယ်သူလဲ?"
"ကျောင်းကငါ့သူငယ်ချင်းတစ်ယောက်ပါ.."
အေးစက်စက်နဲ့အက်ကွဲလာတဲ့ကျနော့်အသံတွေကိုသူသတိမထားမိရင် ဒီညရဲ့နတ်မင်းတွေကိုကျနော်ကျေးဇူးတင်မိမှာ..
"ဖွင့်မပြောသေးဘူးလား?"
"မပြောတော့ဘူး"
"wae?"
"သူက...."
"ဘာဖြစ်တုန်း"
"သူက... ပိုင်ရှင်ရှိလာတော့မှာ..."
"မင်းကလက်မှမမြန်တာ"
"ငါလက်မမြန်တာမဟုတ်ပါဘူး!"
"မင်းလက်မမြန်လို့မှမဟုတ်ရင်ဘာ့ကြောင့်တုန်း"
" ငါဆိုတဲ့လူနဲ့မတွေ့ခင်ကတည်းကသူ့ရင်ထဲမှာငါမဟုတ်တဲ့လူတစ်ယောက်ရှိနှင့်ပြီးသားဖြစ်နေလို့"
သူမေးသမျှကိုကျနော်တစ်ခွန်းမှမလိမ်ခဲ့ဘူး
ကျနော်အားလုံးကိုအမှန်အတိုင်းဖြေခဲ့တယ်
"မင်းနှယ့်ကွာ အချစ်ရေးကံကလည်းခေလိုက်တာ"
"မခေပါဘူးကွာ! ငါချစ်တဲ့လူတစ်ယောက်ရဲ့အချစ်ကိုပြန်မရရုံလေးပါ...ငါသူ့ကိုချစ်နေရရုံနဲ့တင်ငါ့အချစ်ရေးကံကောင်းနေပါပြီ...."
"မင်းသူ့ကိုတော်တော်ချစ်တာပဲ"
"အင်း!! ကဲ ကဲ အိပ်တော့ ငါလည်းအိပ်တော့မယ် Good night"
"ok! good night"
သူ့ကိုကျနော်ကျောခိုင်းထားဆဲ
အခန်းမီးပိတ်ပြီး သူ့ဘေးမှာပဲဘေးစောင်းလဲချရင်းအိပ်လိုက်တယ်
အိပ်မပျော်ဘူး
အချိန်တော်တော်ကြာတော့ကျနော်ကျောခိုင်းထားတဲ့သူကအိပ်ပျော်သွားခဲ့တယ်
ကျနော်မျက်လုံးတွေဖန်စပ်လာတဲ့အထိ ကျနော်ပါးစပ်ကိုလက်နဲ့အုပ်ကာငိုနေမိတယ်
အသံထွက်ငိုခွင့်မရတဲ့မျက်ရည်တွေဟာ မြစ်သဖွယ်စီးစီးကျလာတယ်
Yeri သာကျနော့်သူငယ်ချင်းမဖြစ်ခဲ့ရင်.....
ဆိုတဲ့အတွေးကလေးကို ကံကောင်းခြင်းအဖြစ်နဲ့ကျနော့်အတိတ်ထဲကိုပြန်ထည့်ချင်လိုက်တာ Yeri သာကျနော့်သူငယ်ချင်းမဟုတ်ခဲ့ရင် ကျနော်ချစ်ရသူစတေးတဲ့ရင်နှီးမှုဆိုတာလည်းကျနော့်ဆီရောက်လာခဲ့မှာမဟုတ်သလို အခုလိုလည်း ဟက်တက်ကွဲနေတဲ့အသည်းနဲ့သူ့ကိုကြည့်နေရမှာလည်းမဟုတ်ဘူး
သူနဲ့အတူကုန်ဆုံးခဲ့တဲ့ Busan ကကျနော့်ရဲ့အသည်းကွဲညကို
ကျနော်မှန်တစ်ချပ်လို ပစ်ချပေါက်ခွဲလိုက်လို့ရရင်သိပ်ကောင်းခဲ့မှာ......
##############
Taeyong's POV
After 1 week
"Taeyong ငါနင့်ကိုမေးမလို့! နင်နဲ့ Jaehyun တွေ့တာကို ဘာလို့ငါ့ကိုပါခေါ်ရတာလဲ?"
ညနေခင်းလေအေးကကျနော့်ရင်ဘတ်ကိုကြမ်းကြမ်းတမ်းတမ်း brush နဲ့ပွတ်တိုက်နေတယ်
Yeri ရဲ့အမေးစကားက ကျနော်ခပ်အေးအေးပဲပြန်ဖြေလိုက်သည်
"အရင်ကငါ့မှာ သူငယ်ချင်းတစ်ယောက်ပဲရှိတာလေ အခုကနှစ်ယောက်ရှိလာပြီလေ တစ်စုတစ်စည်းတည်းနေချင်လို့ပေါ့ နင်နဲ့သူခင်ရင် ငါလည်းနေရတာပိုပျော်တာပေါ့"
"အေးပါဟာာ နင်ကတော့ အမြဲတမ်းဂေါက်ကြောင်အတွေးပါပဲ"
"haha"
အသက်မဲ့သောရယ်သံသည်ဟန်ဆောင်မှုကင်းမဲ့သည့်မာယာတစ်ခုအဖြစ်ထွက်ပေါ်လာသည်။
မှောင်ရီစပျိုးနေတာမို့ အပြန်နောက်ကျလျှင်ကျနော် Yeri ကိုအိမ်ပြန်လိုက်ပို့ဖို့လိုတယ်။ ဘာပဲဖြစ်ဖြစ်သူဟာကျနော့်ရဲ့သူငယ်ချင်းမလေးပဲလေ။ သူနဲ့အပြင်ထွက်တိုင်းအပြန်မှောင်လာရင်သူ့ကိုကျနော်အိမ်ပြန်လိုက်ပို့ပေးနေကျ
ချိန်းထားတဲ့ စားသောက်ဆိုင်ကိုကျနော်တို့လှမ်းမြင်နေရတယ်
ခမ်းခမ်းနားနားစားသောက်ဆိုင်မဟုတ်ဘဲ ပကာသနတွေကင်းရှင်းပြီးခင်မင်မှုတွေပိုတိုးအောင်ဆိုပြီး ကိုရီးယားနိုင်ငံရဲ့သဘာဝအတိုင်း ဆိုဂျူနဲ့ငါးအူပြုတ်တို့ တော့ပိုကီတို့ရောင်းရာ လမ်းဘေးဆိုင်လေးတစ်ခုမှာသာ ချိန်းဆိုမှုကို Jaehyun ကလုပ်ခဲ့သည်။
Yeri နဲ့ပတ်သက်ပြီးသူကအဲ့လောက်ထိကြိုးစားထားတာကိုမြင်ရတော့ကျနော့်ရင်ထဲမချိလိုက်တာ
Yeri ဘက်ကဝမ်းသာပေးရမလို၊ ကျနော့်ဘက်ကအသည်းကွဲတာကိုကိုယ်တိုင်ခံစားပေးရမလို ဖြစ်နေခဲ့တယ်
ဟုတ်တယ်
Jaehyun က Yeri အတွက်အရမ်းကြိုးစားပေးခဲ့တယ်။ Yeri အတွက်နဲ့ အေးတိအေးစက်နိုင်ပြီး လူအများကပစ်ပယ်ထားတဲ့ကျနော့်ရဲ့ခင်မင်မှုကိုသူရအောင်ယူခဲ့တယ်။ အိမ်ကိုခေါ်ပြီးဆေးထည့်ပေးတာမျိုး၊ သူ့အင်္ကျီကိုပေးဝတ်လိုက်တာမျိုး ၊ နောက်ဆုံး ကျနော့်ပထွေးကိုရှင်းထုတ်ပေးလိုက်တာမျိုးတွေနဲ့ ကျနော့်ခင်မင်မှုတွေ အချစ်တွေကိုလှည့်ဖြားပြီးယူခဲ့တယ်
လှမ်းမြင်နေရတဲ့ဆိုင်ကလေးမှာ ကြိုရောက်နေပြီဖြစ်တဲ့ Jaehyun ကကျနော်တို့ကိုမြင်တော့လက်လှမ်းပြတယ်။
"ကြိုပြီးအစားအသောက်တွေမှာထားတယ် အေးနေပြီလားတောင်မသိဘူး"
ကျနော့်နှလုံးသားကိုဝန်ချီစက်နဲ့ကြိတ်ချလိုက်တဲ့သူ့ရဲ့အပြုံးလှလှတွေကို သူ Yeri ဆီပုံအောပြီးပေးနေခဲ့တာ
"အတော်ပဲ! ငါလည်းဒီလိုအစားအစာမျိုးတွေမစားရတာကြာပြီ စားလိုက်ဦးမယ်"
Jaehyun မှာထားတဲ့ တော့ပိုကီပွဲထဲက Yeri ကရောက်ရောက်ချင်းအမြန်နှိုက်စားလိုက်တော့ ကျနော်နှမြောသော သူ့အပြုံးဟာ အလဲအလှယ်ပေးစရာမရှိဘဲပွင့်လန်းလာပြန်တယ်
ဟုတ်ပါတယ်လေ
Yeri ကလှတယ်
ကျနော်မပိုင်တဲ့ Jaehyun ရဲ့နှလုံးသားကိုဖမ်းစားနိုင်တာလည်းဆန်းတာမဟုတ်
မာနကြီးတဲ့ Yeri ရဲ့အလှ နဲ့ ဇွဲရှိရှိချဉ်းကပ်လာတဲ့ Jaehyun ရဲ့ကြိုးစားမှု ကြားမှာမြေဇာပင်ဖြစ်ခဲ့ရတာကလွဲလို့ ကျနော်ဘာမှလက်ကိုင်ဖမ်းဆုပ်ခွင့်မရခဲ့ဘူး
"Yeri နင်နည်းနည်းသောက်မလား"
"အေး မှာလိုက်လေ! ဒီနေ့လည်းနည်းနည်းအေးတာကို"
"arjuma ဆိုဂျူ ၂ ပုလင်း...."
"၃ပုလင်းမှာလိုက်"
Jaehyun ကဆိုဂျူမှာနေချိန် ကျနော်ကကြားဖြတ်ပြောလိုက်တာကြောင့် Jaehyun ရော Yeri ရောကျနော့်ကိုလှည့်ကြည့်လာတယ်
"နင်မသောက်တတ်ဘူးဆို?"
"ငါတို့ ၃ယောက်တစ်စုတစ်စည်းတည်းဖြစ်တဲ့နေ့အတွက်အထိမ်းအမှတ်အနေနဲ့တော့သောက်သင့်တယ်မလား"
Yeri ကိုကျနော်ပြုံးရင်းပြောလိုက်တယ်
အမှတ်မရှိတဲ့မျက်ရည်တွေကိုသာပိုင်ဆိုင်သူ ကျနော်ဟာ ကိုယ်ချစ်ရသူကို အခြားသူလက်ထဲအပိုင်အပ်နှင်းဖို့တာဝန်ရှိလာတဲ့အချိန်မှာ မပီပြင်တဲ့အပြုံးတွေကို အဓိပ္ပာယ်ရှိရှိပြုံးတတ်လာခဲ့တယ်
ဘဝဟာတစ်ခါတစ်လေတော့ ယုတ်ညံ့တဲ့မာယာနဲ့ဟန်ဆောင်မှုတွေကိုထုတ်သုံးဖို့သင်ပေးလေ့ရှိတယ်
ကျနော်က ငါးအူပြုတ်ကိုအချိန်ဖြုန်းတဲ့အနေနဲ့စားနေတဲ့အချိန်မှာ Jaehyun က Yeri နဲ့စကားတွေရေပက်မဝင်အောင်ပြောနေခဲ့တယ်
စကားတစ်ခွန်းပြောတိုင်း အချစ်ရိပ်တို့သန်းနေတဲ့ Yeri မျက်နှာပေါ်က Jaehyun ရဲ့အကြည့်တွေကိုကျနော်တစ်ချိန်လုံးမြင်နေခဲ့ရတယ်။
ဘေးမှာမှာရှိတဲ့ ဆိုဂျူပုလင်းကိုကျနော်မော့သောက်လိုက်တယ်။
စူးရှလွန်းလို့လျှာပေါက်ပြီတောင်ထင်ရတဲ့ဒီအရသာဟာကျနော့်ပထွေးအတွက်အမြဲဝယ်ပေးနေကျဆိုဂျူအရသာ သာဖြစ်တယ်။ အခုတော့ကျနော်ကိုယ်တိုင် ခံစားဖူးခဲ့ပြီ
တစ်ပုလင်းတောင်မကူန်ခင် မှောက်ကျချင်သလိုဖြစ်လာတဲ့ကျနော်က ကျနော့်ဘေးနားကလူ၂ယောက်ရဲ့အီတီတီအပြောတို့ကိုဥပေက္ခာပြုနိုင်ခဲ့တယ်
"Taeyong နင်အဆင်ပြေရဲ့လား"
"ရတယ် ဘာမှမဖြစ်ဘူး"
"ငါတို့ပြန်လိုက်ပို့ရမလား"
"နေပါဟာ။ Yeri ရယ် ငါကသာနင့်ကိုလိုက်ပို့ရမှာ"
"Yeri ကိုငါလိုက်ပို့လိုက်မယ်"
ကြားဖြတ်ဝင်လာတဲ့အသံဟာ ကျနော်ရော Yeri ရောမဟုတ်တဲ့သူ
ကျနော်အပြုံးမျက်နှာဖုံးတစ်ခုကိုကောက်တပ်လိုက်တယ်။
"အေး အေး ဒါဆို ငါပြန်ပြီ"
"ok ငါတို့ရောပဲ ပြန်ပြီ"
ကျနော်ပြန်ရမယ့်လမ်းကညာဘက် ၊ သူတို့ကဘယ်ဘက်
ကျနော်ဝေဝါးနေတဲ့ကျနော့်ခြေလှမ်းတွေကိုတစ်လှမ်းချင်းသေချာကြည့်နေမိတယ်
"တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ်"
ဆယ်လှမ်းပြည့်တဲ့အချိန်မှာ ကျနော့်နောက်ကျောကိုလှည့်ကြည့်လိုက်တယ်
ကျနော်အရမ်းရင်းနှီးရတဲ့လူ၂ယောက်ရဲ့ကျောပြင်ဟာပူးကပ်နေခဲ့တယ်
ကျောပြင်နှစ်ခုကိုမြင်ပြီးနောက်ကျနော်ချက်ချင်းပဲအရှေ့ကိုပြန်လှည့်လိုက်တယ်
"ဆယ့်တစ် ဆယ့်နှစ်........ နှစ်ဆယ့်ငါး"
ခြေလှမ်း ၂၅ လှမ်းပြည့်တဲ့အချိန်မှာ
ကျနော်အဆောက်အအုံတစ်ခုရဲ့နံရံကိုမှီချလိုက်တယ်
"ahhhhhhh နာတယ် အရမ်းနာတယ်!!!!!!!!! Jeong Jaehyun ဆိုတဲ့နာမည်က........ ဘာ့ကြောင့်များ...... ငါကို ဒီလောက်ထိနာကျင်ရအောင်....... wae??? waeeeee?????"
ကောင်းကင်ကိုမော့ကြည့်မိတော့ကြယ်ကင်းမဲ့တဲ့ညဟာ အဲ့ညဖြစ်နေခဲ့တယ်
အမှတ်မရှိဒလဟောစီးကျလာရပြန်တဲ့မျက်ရည်တို့ဟာ ကျနော့်ပါးပြင်ပေါ်မှာ နှလုံးသားအပူနဲ့တောင် မခြောက်သွေ့နိုင်တဲ့ဆည်ကို တည်ဆောက်ခဲ့ပြန်တယ်
အိမ်ကိုရောက်အောင်မနည်းထိန်းပြန်လာခဲ့ရတယ်
"ဟာ ကောင်လေး ဒါကဘယ်လိုဖြစ်လာရတာလဲ"
"ဪ ဦးလေး"
အိမ်နီးချင်းဦးလေးကြီးကကျနော့်ရဲ့ဖြစ်ပျက်နေပုံကိုလှမ်းမြင်လိုက်တာကြောင့် ကျနော့်ကိုမေးလာခြင်းဖြစ်သည်။
"မသောက်စဖူးသောက်လို့ပါလားကွာ"
"အင်း စိတ်ညစ်စရာလေးရှိလို့"
"အေးကွာ သတိနဲ့တော့သောက်ကွ မဟုတ်ရင်မင်းပထွေးလို အရက်သမားလုံးလုံးဖြစ်သွားလိမ့်မယ်"
"အာ အဲ့လိုတော့မဖြစ်စေရပါဘူး အထဲဝင်တော့မယ်နော် ဦးလေး"
"အေး အေး"
အိမ်နီးချင်းဦးလေးကြီးကိုတောင်မနည်းနှုတ်ဆက်ကာအိမ်ထဲမနိုင်မနင်းနဲ့ဝင်ရတယ်
"ငါ.....ငါရူးနေပြီ.... အများကသတ်မှတ်သလို ငါက"gay" တစ်ယောက်မဟုတ်ဘူး ဒါပေမယ့်......"
"ဒါပေမယ့်......ငါ့အချစ်ကမင်းဆီကိုရောက်သွားခဲ့တယ်....."
ဆက်တိုက်ကျလာတဲ့မျက်ရည်တွေကြောင့် ကျနော်မျက်လုံးကိုစုံမှိတ်ကာ လက်နဲ့အုပ်လိုက်တယ်
"အဲ့အချိန်ကတည်းက Love is Blind ဆိုတာကိုငါအကြွင်းမဲ့....ယုံကြည်ခဲ့တယ်......အခုတော့ .....ငါမယုံနိုင်တော့ဘူး Jaehyun ရယ်......."
"ငါတကယ်ယုံသွားခဲ့တာက...... Love makes people blind......"
ဒီနေ့မှ ရင်ဖွင့်စရာကြယ်တွေမရှိလို့ ကျနော်အရူးတစ်ယောက်လို အနားမှာရှိတဲ့ကျနော့်ကိုယ်ပွားဝိဉာဉ်ကိုသာရင်ဖွင့်စကားတွေပြောနေခဲ့ရတယ်
Taeyong's POV end
#################
Zawgyi ver
Taeyong's POV
၁ ဂိတ္စာအကြာအေဝးေလာက္ကိုမနည္းတြဲလာရတဲ့သူ႔ခႏၶာကိုယ္ႀကီးကို အခန္းထဲေရာက္မွာ အိပ္ရာေပၚကိုပစ္ခ်လိုက္ႏိုင္တယ္
"Taeyong"
အိပ္ရာေပၚတင္ေပးၿပီး ခဏထလိုက္တဲ့က်ေနာ့္ကိုသူေခၚလိုက္တယ္
"ဘယ္သြားမလို႔လဲ?"
"မသြားပါဘူး"
"ငါ့နားခဏလာထိုင္ဦး ပ်င္းလို႔"
သူ႔အလိုေၾကာင့္က်ေနာ္လည္းပက္လက္လွဲေနတဲ့ Jaehyun နားမွာသြားထိုင္လိုက္တယ္
"မင္းအမူးေျပၿပီလား"
"အစကတည္းကလည္းအရမ္းႀကီးမမူးပါဘူး"
"ဟမ္!!! ဒါဆို.."
"ငါတစ္ေယာက္တည္းလမ္းေလွ်ာက္ရမွာပ်င္းလို႔မင္းတြဲေပးတာကိုအသာေလးခိုၿပီးလိုက္လာတာ"
က်ေနာ့္မ်က္ႏွာေတြခ်က္ခ်င္းပူသြားတယ္
သူအရမ္းမူးေနတယ္ထင္ၿပီး တြဲေပးခဲ့တုန္းကဝုန္းဒိုင္းျကဲခဲ့ရတဲ့က်ေနာ့္ရင္ခုန္သံေတြကိုသူမရိပ္မိေလာက္ပါဘူးေနာ္?
သိသြားမွာစိုးရိမ္လိုက္တာ
"ေနာက္ဆို မင္းအဲ့ေလာက္အမ်ားႀကီးမေသာက္နဲ႔"
မဆီမဆိုင္စကားကိုက်ေနာ္ေျပာကာ ၿငိမ္ေနလိုက္တယ္
"ဪကြာာာ ေအာင္ပြဲခံတာပဲကို"
"အဲ့လိုေပ်ာ္ပါးမွဝမ္းေျမာက္ႏိုင္တာလား"
"မဟုတ္ပါဘူးကြာ လူမႈေရးအရပါ"
"......"
"ဒါဆို မင္းကငါ့ေအာင္ပြဲအတြက္တစ္ခုခုလုပ္ေပးေလ ငါ့ကိုတကယ္ဝမ္းေျမာက္ေစခ်င္တယ္ဆိုရင္"
"ဘာလုပ္ေပးရမွာလဲ"
"မင္းငါ့ရဲ႕ေအာင္သြယ္ေတာ္လုပ္ေပး"
က်ေနာ္ေက်ာျပင္မတ္ခနဲျဖစ္သြားတယ္
ရင္ထဲကိုအပူလႈိင္းမုန္တိုင္းတစ္ခုျဖတ္သြားတယ္
က်ေနာ္သိလိုက္ရတာက က်ေနာ့္ႏႈတ္ခမ္းေတြက ေျမၾသဇာမရွိေတာ့တဲ့ခ်ယ္ရီသီးအကိုင္းတစ္ခုလိုပဲေအာက္ကိုငုံ႔က်သြားတာပဲ
"ဘယ္သူနဲ႔လဲ"
အားတင္းၿပီးေမးလိုက္တဲ့ ဒီေမးခြန္းတိုေလးမွာ က်ေနာ့္ရဲ႕အသံတုန္ခါမႈေတြကိုသူမ်ားရိပ္မိသြားသလား
"Yeri"
က်ေနာ့္ႏွလုံးသားေသြးအိုင္နက္နက္တစ္ခုထဲမွာျမဳပ္က်သြားတယ္
ေက်ာေပးထားတဲ့သူ႔မ်က္ႏွာမွာ ေသခ်ာတာကေတာ့ေမွ်ာ္လင့္ခ်က္အျပံဳးတစ္ခုရွိေနလိမ့္မယ္
က်ေနာ့္ႏႈတ္ခမ္းမွာ ပက္ၾကားေတြအက္ေနတဲ့အထိေျခာက္ေသြ႕ေနလိမ့္မယ္
ဒါေပမယ့္ အသိစိတ္မမဲ့ေသးတဲ့က်ေနာ္ဟာဆက္ၿပီးဟန္ေဆာင္ရလိမ့္မယ္
"ငါ့သူငယ္ခ်င္းနဲ႔ပဲ"
"ေအး ဟူတ္တယ္ကြ! ငါသူ႔ကိုစိတ္ဝင္စားေနတာၾကာၿပီ ဒါေပမယ့္သူက ငါ့လိုပဲသူေဌးမ်ိဳးႏြယ္ကဆိုေတာ့မာနခဲေလးကြ အေပါင္းအသင္းကေပါတာမဟုတ္။ ရက္ပိုင္းေလာက္ေစာင့္ၾကည့္မွ မင္းနဲ႔အေပါင္းအသင္းလုပ္တာကိုငါေတြ႕ရတာ။ ငါေတာင္စဥ္းစားၾကည့္မိေသးတယ္။ ငါ့လို EC ေတာင္မွ နာမည္နဲ႔လူတြဲမမွတ္မိႏိုင္ေလာက္ေအာင္ ၿငိမ္ၿငိမ္သက္သက္ေနတဲ့မင္းနဲ႔မွေရြးၿပီးေပါင္းတယ္ဆိုေတာ့ငါေတာင္အံ့ၾသခဲ့ေသးတာ"
<<ငါ့နားခ်ဥ္းကပ္ခဲ့တာ Yeri ေၾကာင့္လို႔သာပြင့္ပြင့္လင္းလင္းေျပာလိုက္ပါေတာ့ကြာာာာ>>
က်ေနာ့္ႏွလုံးသားကတဆတ္ဆတ္တုန္ေနၿပီ
က်ေနာ့္ရဲ႕အျပင္ပိုင္းအမူအရာေတြမတုန္လႈပ္ဖို႔က်ေနာ္အတတ္ႏိုင္ဆုံးႀကိဳးစားရမယ္
သူေတာင္က်ေနာ့္ကိုရင္းႏွီးမႈကိုအသုံးခ်ၿပီးဟန္ေဆာင္ခဲ့ေသးတာပဲ က်ေနာ္လည္းဆက္ဟန္ေဆာင္ႏိုင္ရမယ္ေလ
"ေဟ့ေကာင္ ဘာလို႔ၿငိမ္ေနရတာလဲ"
"ေျပာေလ ဘာေျပာမလို႔လဲ"
"ေျပာရမွာကမင္းကြ။ ငါေအာင္သြယ္လုပ္ေပးမယ္လို႔မင္းကေျပာရမွာ!!!! လုပ္ပါကြာာာ!!! ငါ Yeri နဲ႔ရည္းစားျဖစ္သြားရင္ မင္းေက်းဇူးမေမ့ဘူး"
"ေအးပါ"
တစ္ခါတေလမွာ အရမ္းခ်စ္တတ္တဲ့ႏွလုံးသားက ဟန္ေဆာင္မႈေၾကာင့္ေသြးေအးလြန္းတဲ့စကားတို႔ကိုေျပာတတ္ရမယ္
ဒါေပမယ့္က်ေနာ္အဲ့ပညာရပ္ကိုမကၽြမ္းက်င္ေသးဘူး
"Yessss! ဒါ့ေၾကာင့္မင္းကိုငါခင္ေနရတာ"
သူ႔ကိုေနာက္ေက်ာေပးထိုင္ေနတဲ့ က်ေနာ္ကိုယ္လုံးေလးအေရွ႕ကိုယိုင္သြားတဲ့အထိသူက်ေနာ့္ကိုအေနာက္ကေနဝမ္းသာအားရနဲ႔လွမ္းဖက္တယ္
ေတာ္ေသးတာေပါ့
သူ႔ကိုေက်ာေပးၿပီးထိုင္ေနမိလို႔
ငိုက္ခနဲညွိဳးသြားတဲ့က်ေနာ့္ႏႈတ္ခမ္းကိုသူမျမင္လိုက္ရတာကိုပဲ ဒီလိုကံအဆိုးဆုံးညအတြက္ ကံအေကာင္းဆုံးအခ်ိန္ခဏေလးလို႔သတ္မွတ္ရမယ္
"မင္းမွာေရာ အဲ့လိုမ်ိဳးရင္ထဲကေနတိတ္တခိုးခ်စ္ေနရတဲ့သူမရွိဘူးလား"
"အင္း ရွိတာေပါ့"
"ဘယ္သူလဲ?"
"ေက်ာင္းကငါ့သူငယ္ခ်င္းတစ္ေယာက္ပါ.."
ေအးစက္စက္နဲ႔အက္ကြဲလာတဲ့က်ေနာ့္အသံေတြကိုသူသတိမထားမိရင္ ဒီညရဲ႕နတ္မင္းေတြကိုက်ေနာ္ေက်းဇူးတင္မိမွာ..
"ဖြင့္မေျပာေသးဘူးလား?"
"မေျပာေတာ့ဘူး"
"wae?"
"သူက...."
"ဘာျဖစ္တုန္း"
"သူက... ပိုင္ရွင္ရွိလာေတာ့မွာ..."
"မင္းကလက္မွမျမန္တာ"
"ငါလက္မျမန္တာမဟုတ္ပါဘူး!"
"မင္းလက္မျမန္လို႔မွမဟုတ္ရင္ဘာ့ေၾကာင့္တုန္း"
" ငါဆိုတဲ့လူနဲ႔မေတြ႕ခင္ကတည္းကသူ႔ရင္ထဲမွာငါမဟုတ္တဲ့လူတစ္ေယာက္ရွိႏွင့္ၿပီးသားျဖစ္ေနလို႔"
သူေမးသမွ်ကိုက်ေနာ္တစ္ခြန္းမွမလိမ္ခဲ့ဘူး
က်ေနာ္အားလုံးကိုအမွန္အတိုင္းေျဖခဲ့တယ္
"မင္းႏွယ့္ကြာ အခ်စ္ေရးကံကလည္းေခလိုက္တာ"
"မေခပါဘူးကြာ! ငါခ်စ္တဲ့လူတစ္ေယာက္ရဲ႕အခ်စ္ကိုျပန္မရ႐ုံေလးပါ...ငါသူ႔ကိုခ်စ္ေနရ႐ုံနဲ႔တင္ငါ့အခ်စ္ေရးကံေကာင္းေနပါၿပီ...."
"မင္းသူ႔ကိုေတာ္ေတာ္ခ်စ္တာပဲ"
"အင္း!! ကဲ ကဲ အိပ္ေတာ့ ငါလည္းအိပ္ေတာ့မယ္ Good night"
"ok! good night"
သူ႔ကိုက်ေနာ္ေက်ာခိုင္းထားဆဲ
အခန္းမီးပိတ္ၿပီး သူ႔ေဘးမွာပဲေဘးေစာင္းလဲခ်ရင္းအိပ္လိုက္တယ္
အိပ္မေပ်ာ္ဘူး
အခ်ိန္ေတာ္ေတာ္ၾကာေတာ့က်ေနာ္ေက်ာခိုင္းထားတဲ့သူကအိပ္ေပ်ာ္သြားခဲ့တယ္
က်ေနာ္မ်က္လုံးေတြဖန္စပ္လာတဲ့အထိ က်ေနာ္ပါးစပ္ကိုလက္နဲ႔အုပ္ကာငိုေနမိတယ္
အသံထြက္ငိုခြင့္မရတဲ့မ်က္ရည္ေတြဟာ ျမစ္သဖြယ္စီးစီးက်လာတယ္
Yeri သာက်ေနာ့္သူငယ္ခ်င္းမျဖစ္ခဲ့ရင္.....
ဆိုတဲ့အေတြးကေလးကို ကံေကာင္းျခင္းအျဖစ္နဲ႔က်ေနာ့္အတိတ္ထဲကိုျပန္ထည့္ခ်င္လိုက္တာ Yeri သာက်ေနာ့္သူငယ္ခ်င္းမဟုတ္ခဲ့ရင္ က်ေနာ္ခ်စ္ရသူစေတးတဲ့ရင္ႏွီးမႈဆိုတာလည္းက်ေနာ့္ဆီေရာက္လာခဲ့မွာမဟုတ္သလို အခုလိုလည္း ဟက္တက္ကြဲေနတဲ့အသည္းနဲ႔သူ႔ကိုၾကည့္ေနရမွာလည္းမဟုတ္ဘူး
သူနဲ႔အတူကုန္ဆုံးခဲ့တဲ့ Busan ကက်ေနာ့္ရဲ႕အသည္းကြဲညကို
က်ေနာ္မွန္တစ္ခ်ပ္လို ပစ္ခ်ေပါက္ခြဲလိုက္လို႔ရရင္သိပ္ေကာင္းခဲ့မွာ......
##############
Taeyong's POV
After 1 week
"Taeyong ငါနင့္ကိုေမးမလို႔! နင္နဲ႔ Jaehyun ေတြ႕တာကို ဘာလို႔ငါ့ကိုပါေခၚရတာလဲ?"
ညေနခင္းေလေအးကက်ေနာ့္ရင္ဘတ္ကိုၾကမ္းၾကမ္းတမ္းတမ္း brush နဲ႔ပြတ္တိုက္ေနတယ္
Yeri ရဲ႕အေမးစကားက က်ေနာ္ခပ္ေအးေအးပဲျပန္ေျဖလိုက္သည္
"အရင္ကငါ့မွာ သူငယ္ခ်င္းတစ္ေယာက္ပဲရွိတာေလ အခုကႏွစ္ေယာက္ရွိလာၿပီေလ တစ္စုတစ္စည္းတည္းေနခ်င္လို႔ေပါ့ နင္နဲ႔သူခင္ရင္ ငါလည္းေနရတာပိုေပ်ာ္တာေပါ့"
"ေအးပါဟာာ နင္ကေတာ့ အၿမဲတမ္းေဂါက္ေၾကာင္အေတြးပါပဲ"
"haha"
အသက္မဲ့ေသာရယ္သံသည္ဟန္ေဆာင္မႈကင္းမဲ့သည့္မာယာတစ္ခုအျဖစ္ထြက္ေပၚလာသည္။
ေမွာင္ရီစပ်ိဳးေနတာမို႔ အျပန္ေနာက္က်လွ်င္က်ေနာ္ Yeri ကိုအိမ္ျပန္လိုက္ပို႔ဖို႔လိုတယ္။ ဘာပဲျဖစ္ျဖစ္သူဟာက်ေနာ့္ရဲ႕သူငယ္ခ်င္းမေလးပဲေလ။ သူနဲ႔အျပင္ထြက္တိုင္းအျပန္ေမွာင္လာရင္သူ႔ကိုက်ေနာ္အိမ္ျပန္လိုက္ပို႔ေပးေနက်
ခ်ိန္းထားတဲ့ စားေသာက္ဆိုင္ကိုက်ေနာ္တို႔လွမ္းျမင္ေနရတယ္
ခမ္းခမ္းနားနားစားေသာက္ဆိုင္မဟုတ္ဘဲ ပကာသနေတြကင္းရွင္းၿပီးခင္မင္မႈေတြပိုတိုးေအာင္ဆိုၿပီး ကိုရီးယားႏိုင္ငံရဲ႕သဘာဝအတိုင္း ဆိုဂ်ဴနဲ႔ငါးအူျပဳတ္တို႔ ေတာ့ပိုကီတို႔ေရာင္းရာ လမ္းေဘးဆိုင္ေလးတစ္ခုမွာသာ ခ်ိန္းဆိုမႈကို Jaehyun ကလုပ္ခဲ့သည္။
Yeri နဲ႔ပတ္သက္ၿပီးသူကအဲ့ေလာက္ထိႀကိဳးစားထားတာကိုျမင္ရေတာ့က်ေနာ့္ရင္ထဲမခ်ိလိုက္တာ
Yeri ဘက္ကဝမ္းသာေပးရမလို၊ က်ေနာ့္ဘက္ကအသည္းကြဲတာကိုကိုယ္တိုင္ခံစားေပးရမလို ျဖစ္ေနခဲ့တယ္
ဟုတ္တယ္
Jaehyun က Yeri အတြက္အရမ္းႀကိဳးစားေပးခဲ့တယ္။ Yeri အတြက္နဲ႔ ေအးတိေအးစက္ႏိုင္ၿပီး လူအမ်ားကပစ္ပယ္ထားတဲ့က်ေနာ့္ရဲ႕ခင္မင္မႈကိုသူရေအာင္ယူခဲ့တယ္။ အိမ္ကိုေခၚၿပီးေဆးထည့္ေပးတာမ်ိဳး၊ သူ႔အက်ႌကိုေပးဝတ္လိုက္တာမ်ိဳး ၊ ေနာက္ဆုံး က်ေနာ့္ပေထြးကိုရွင္းထုတ္ေပးလိုက္တာမ်ိဳးေတြနဲ႔ က်ေနာ့္ခင္မင္မႈေတြ အခ်စ္ေတြကိုလွည့္ျဖားၿပီးယူခဲ့တယ္
လွမ္းျမင္ေနရတဲ့ဆိုင္ကေလးမွာ ႀကိဳေရာက္ေနၿပီျဖစ္တဲ့ Jaehyun ကက်ေနာ္တို႔ကိုျမင္ေတာ့လက္လွမ္းျပတယ္။
"ႀကိဳၿပီးအစားအေသာက္ေတြမွာထားတယ္ ေအးေနၿပီလားေတာင္မသိဘူး"
က်ေနာ့္ႏွလုံးသားကိုဝန္ခ်ီစက္နဲ႔ႀကိတ္ခ်လိုက္တဲ့သူ႔ရဲ႕အျပံဳးလွလွေတြကို သူ Yeri ဆီပုံေအာၿပီးေပးေနခဲ့တာ
"အေတာ္ပဲ! ငါလည္းဒီလိုအစားအစာမ်ိဳးေတြမစားရတာၾကာၿပီ စားလိုက္ဦးမယ္"
Jaehyun မွာထားတဲ့ ေတာ့ပိုကီပြဲထဲက Yeri ကေရာက္ေရာက္ခ်င္းအျမန္ႏႈိက္စားလိုက္ေတာ့ က်ေနာ္ႏွေျမာေသာ သူ႔အျပံဳးဟာ အလဲအလွယ္ေပးစရာမရွိဘဲပြင့္လန္းလာျပန္တယ္
ဟုတ္ပါတယ္ေလ
Yeri ကလွတယ္
က်ေနာ္မပိုင္တဲ့ Jaehyun ရဲ႕ႏွလုံးသားကိုဖမ္းစားႏိုင္တာလည္းဆန္းတာမဟုတ္
မာနႀကီးတဲ့ Yeri ရဲ႕အလွ နဲ႔ ဇြဲရွိရွိခ်ဥ္းကပ္လာတဲ့ Jaehyun ရဲ႕ႀကိဳးစားမႈ ၾကားမွာေျမဇာပင္ျဖစ္ခဲ့ရတာကလြဲလို႔ က်ေနာ္ဘာမွလက္ကိုင္ဖမ္းဆုပ္ခြင့္မရခဲ့ဘူး
"Yeri နင္နည္းနည္းေသာက္မလား"
"ေအး မွာလိုက္ေလ! ဒီေန႔လည္းနည္းနည္းေအးတာကို"
"arjuma ဆိုဂ်ဴ ၂ ပုလင္း...."
"၃ပုလင္းမွာလိုက္"
Jaehyun ကဆိုဂ်ဴမွာေနခ်ိန္ က်ေနာ္ကၾကားျဖတ္ေျပာလိုက္တာေၾကာင့္ Jaehyun ေရာ Yeri ေရာက်ေနာ့္ကိုလွည့္ၾကည့္လာတယ္
"နင္မေသာက္တတ္ဘူးဆို?"
"ငါတို႔ ၃ေယာက္တစ္စုတစ္စည္းတည္းျဖစ္တဲ့ေန႔အတြက္အထိမ္းအမွတ္အေနနဲ႔ေတာ့ေသာက္သင့္တယ္မလား"
Yeri ကိုက်ေနာ္ျပံဳးရင္းေျပာလိုက္တယ္
အမွတ္မရွိတဲ့မ်က္ရည္ေတြကိုသာပိုင္ဆိုင္သူ က်ေနာ္ဟာ ကိုယ္ခ်စ္ရသူကို အျခားသူလက္ထဲအပိုင္အပ္ႏွင္းဖို႔တာဝန္ရွိလာတဲ့အခ်ိန္မွာ မပီျပင္တဲ့အျပံဳးေတြကို အဓိပၸာယ္ရွိရွိျပံဳးတတ္လာခဲ့တယ္
ဘဝဟာတစ္ခါတစ္ေလေတာ့ ယုတ္ညံ့တဲ့မာယာနဲ႔ဟန္ေဆာင္မႈေတြကိုထုတ္သုံးဖို႔သင္ေပးေလ့ရွိတယ္
က်ေနာ္က ငါးအူျပဳတ္ကိုအခ်ိန္ျဖဳန္းတဲ့အေနနဲ႔စားေနတဲ့အခ်ိန္မွာ Jaehyun က Yeri နဲ႔စကားေတြေရပက္မဝင္ေအာင္ေျပာေနခဲ့တယ္
စကားတစ္ခြန္းေျပာတိုင္း အခ်စ္ရိပ္တို႔သန္းေနတဲ့ Yeri မ်က္ႏွာေပၚက Jaehyun ရဲ႕အၾကည့္ေတြကိုက်ေနာ္တစ္ခ်ိန္လုံးျမင္ေနခဲ့ရတယ္။
ေဘးမွာမွာရွိတဲ့ ဆိုဂ်ဴပုလင္းကိုက်ေနာ္ေမာ့ေသာက္လိုက္တယ္။
စူးရွလြန္းလို႔လွ်ာေပါက္ၿပီေတာင္ထင္ရတဲ့ဒီအရသာဟာက်ေနာ့္ပေထြးအတြက္အၿမဲဝယ္ေပးေနက်ဆိုဂ်ဴအရသာ သာျဖစ္တယ္။ အခုေတာ့က်ေနာ္ကိုယ္တိုင္ ခံစားဖူးခဲ့ၿပီ
တစ္ပုလင္းေတာင္မကူန္ခင္ ေမွာက္က်ခ်င္သလိုျဖစ္လာတဲ့က်ေနာ္က က်ေနာ့္ေဘးနားကလူ၂ေယာက္ရဲ႕အီတီတီအေျပာတို႔ကိုဥေပကၡာျပဳႏိုင္ခဲ့တယ္
"Taeyong နင္အဆင္ေျပရဲ႕လား"
"ရတယ္ ဘာမွမျဖစ္ဘူး"
"ငါတို႔ျပန္လိုက္ပို႔ရမလား"
"ေနပါဟာ။ Yeri ရယ္ ငါကသာနင့္ကိုလိုက္ပို႔ရမွာ"
"Yeri ကိုငါလိုက္ပို႔လိုက္မယ္"
ၾကားျဖတ္ဝင္လာတဲ့အသံဟာ က်ေနာ္ေရာ Yeri ေရာမဟုတ္တဲ့သူ
က်ေနာ္အျပံဳးမ်က္ႏွာဖုံးတစ္ခုကိုေကာက္တပ္လိုက္တယ္။
"ေအး ေအး ဒါဆို ငါျပန္ၿပီ"
"ok ငါတို႔ေရာပဲ ျပန္ၿပီ"
က်ေနာ္ျပန္ရမယ့္လမ္းကညာဘက္ ၊ သူတို႔ကဘယ္ဘက္
က်ေနာ္ေဝဝါးေနတဲ့က်ေနာ့္ေျခလွမ္းေတြကိုတစ္လွမ္းခ်င္းေသခ်ာၾကည့္ေနမိတယ္
"တစ္ ႏွစ္ သုံး ေလး ငါး ေျခာက္ ခုနစ္ ရွစ္ ကိုး တစ္ဆယ္"
ဆယ္လွမ္းျပည့္တဲ့အခ်ိန္မွာ က်ေနာ့္ေနာက္ေက်ာကိုလွည့္ၾကည့္လိုက္တယ္
က်ေနာ္အရမ္းရင္းႏွီးရတဲ့လူ၂ေယာက္ရဲ႕ေက်ာျပင္ဟာပူးကပ္ေနခဲ့တယ္
ေက်ာျပင္ႏွစ္ခုကိုျမင္ၿပီးေနာက္က်ေနာ္ခ်က္ခ်င္းပဲအေရွ႕ကိုျပန္လွည့္လိုက္တယ္
"ဆယ့္တစ္ ဆယ့္ႏွစ္........ ႏွစ္ဆယ့္ငါး"
ေျခလွမ္း ၂၅ လွမ္းျပည့္တဲ့အခ်ိန္မွာ
က်ေနာ္အေဆာက္အအုံတစ္ခုရဲ႕နံရံကိုမွီခ်လိုက္တယ္
"ahhhhhhh နာတယ္ အရမ္းနာတယ္!!!!!!!!! Jeong Jaehyun ဆိုတဲ့နာမည္က........ ဘာ့ေၾကာင့္မ်ား...... ငါကို ဒီေလာက္ထိနာက်င္ရေအာင္....... wae??? waeeeee?????"
ေကာင္းကင္ကိုေမာ့ၾကည့္မိေတာ့ၾကယ္ကင္းမဲ့တဲ့ညဟာ အဲ့ညျဖစ္ေနခဲ့တယ္
အမွတ္မရွိဒလေဟာစီးက်လာရျပန္တဲ့မ်က္ရည္တို႔ဟာ က်ေနာ့္ပါးျပင္ေပၚမွာ ႏွလုံးသားအပူနဲ႔ေတာင္ မေျခာက္ေသြ႕ႏိုင္တဲ့ဆည္ကို တည္ေဆာက္ခဲဲ့ျပန္တယ္
အိမ္ကိုေရာက္ေအာင္မနည္းထိန္းျပန္လာခဲ့ရတယ္
"ဟာ ေကာင္ေလး ဒါကဘယ္လိုျဖစ္လာရတာလဲ"
"ဪ ဦးေလး"
အိမ္နီးခ်င္းဦးေလးႀကီးကက်ေနာ့္ရဲ႕ျဖစ္ပ်က္ေနပုံကိုလွမ္းျမင္လိုက္တာေၾကာင့္ က်ေနာ့္ကိုေမးလာျခင္းျဖစ္သည္။
"မေသာက္စဖူးေသာက္လို႔ပါလားကြာ"
"အင္း စိတ္ညစ္စရာေလးရွိလို႔"
"ေအးကြာ သတိနဲ႔ေတာ့ေသာက္ကြ မဟုတ္ရင္မင္းပေထြးလို အရက္သမားလုံးလုံးျဖစ္သြားလိမ့္မယ္"
"အာ အဲ့လိုေတာ့မျဖစ္ေစရပါဘူး အထဲဝင္ေတာ့မယ္ေနာ္ ဦးေလး"
"ေအး ေအး"
အိမ္နီးခ်င္းဦးေလးႀကီးကိုေတာင္မနည္းႏႈတ္ဆက္ကာအိမ္ထဲမႏိုင္မနင္းနဲ႔ဝင္ရတယ္
"ငါ.....ငါ႐ူးေနၿပီ.... အမ်ားကသတ္မွတ္သလို ငါက"gay" တစ္ေယာက္မဟုတ္ဘူး ဒါေပမယ့္......"
"ဒါေပမယ့္......ငါ့အခ်စ္ကမင္းဆီကိုေရာက္သြားခဲ့တယ္....."
ဆက္တိုက္က်လာတဲ့မ်က္ရည္ေတြေၾကာင့္ က်ေနာ္မ်က္လုံးကိုစုံမွိတ္ကာ လက္နဲ႔အုပ္လိုက္တယ္
"အဲ့အခ်ိန္ကတည္းက Love is Blind ဆိုတာကိုငါအႂကြင္းမဲ့....ယုံၾကည္ခဲ့တယ္......အခုေတာ့ .....ငါမယုံႏိုင္ေတာ့ဘူး Jaehyun ရယ္......."
"ငါတကယ္ယုံသြားခဲ့တာက...... Love makes people blind......"
ဒီေန႔မွ ရင္ဖြင့္စရာၾကယ္ေတြမရွိလို႔ က်ေနာ္အ႐ူးတစ္ေယာက္လို အနားမွာရွိတဲ့က်ေနာ့္ကိုယ္ပြားဝိဉာဥ္ကိုသာရင္ဖြင့္စကားေတြေျပာေနခဲ့ရတယ္
Taeyong's POV end
#################