ပိုချစ်သောသူ ရှုံးပါစေ [Chanb...

By oohsehunkuco

63.8K 6.8K 534

ခိုင်မာတဲ့သက်သေတချို့ရှိနေပေမဲ့ လူတွေအသိမှားနေကြတဲ့ အမှန်တရားတွေအများကြီး။ အမှန်တရားတွေဟာ အသစ်ပေါ်ပေါက်နိုင်တ... More

၁၀
၁၁ (ဇာတ်သိမ်း)

5.5K 706 136
By oohsehunkuco

"Yeol အေတာ္ပဲ.. ဟိုတစ္ေယာက္ မင္းကိုေမွ်ာ္ေနတာ"

ေရာက္ေရာက္ခ်င္းအစခံလိုက္ရတာေၾကာင့္ သူ စိတ္ညစ္သြားသည္။ ဟိုတစ္ေယာက္ ဆိုတာ သူဖမ္းေခၚလာသည့္ေကာင္ေလးကိုရည္ၫႊန္းမွန္းသိေတာ့ ပိုဆိုးသည္။

အခန္းတံခါးကိုတြန္းဖြင့္လိုက္ေတာ့ ကုတင္ေပၚမွာ ဒူးႏွစ္ဖက္ကိုပိုက္ရင္း ထိုင္ေနသည့္ေကာင္ေလးက သူ႔ကိုလွမ္းၾကည့္သည္။ သူမွန္းလည္းသိေရာ ခ်က္ခ်င္းကုတင္ေပၚက ထေျပးလာတာမို႔ အျပင္ကလူေတြ ထပ္ၿပီးမေနာက္ခင္ သူျမန္ျမန္တံခါးပိတ္ပစ္လိုက္၏..

"ကိုကို"

အ့ဲလိုအေခၚခံရတိုင္း တစ္ကိုယ္လံုးဖိန္းတိန္းရွိန္းတိန္းျဖစ္လာသလိုေပမ့ဲ သူ သေဘာက်သည္။ ရင္ခြင္ထဲေရာက္လာသည့္ ခႏၶာကိုယ္ေသးေသးေလးကို တြန္းမဖယ္ခ်င္တာမို႔ အသာၿငိမ္ေနမိေသာ္လည္း စကၠန္႔ပိုင္းေလာက္ၾကာေတာ့ ေကာင္ေလးက သူ႔ကို ဆတ္ခနဲေဆာင့္တြန္းပစ္သည္..။

"ခင္ဗ်ားဘယ္သူလဲ"

ခုနကတင္ ကိုကို လို႔ေခၚေနၿပီးမွ အခုဘယ္သူလဲလို႔ ျပန္ေမးေတာ့ သူ နည္းနည္းေတာ့ ေဒါသထြက္သြားသည္ကေတာ့ အမွန္ပင္ျဖစ္သည္။ ဒီတိုင္း႐ိုး႐ိုးေမးတာလည္းမဟုတ္.. သူ႔ကို စူးစူးရဲရဲႀကီး စိုက္ၾကည့္ၿပီး အံႀကိတ္ကာေမးတာမို႔ စိတ္ထဲ ပိုခံျပင္းမိပါရဲ႕..

"ဘာအထာလဲ အ့ဲဒါ"

"ခင္ဗ်ားက ကိုကိုနဲ႔သိပ္တူတယ္.. ဒါေပမ့ဲ ကိုကိုမဟုတ္ဘူး"

သူ မ်က္ေမွာင္ၾကံဳ႕မိသည္။ ဆက္စပ္ေတြးႏိုင္ျခင္းမရွိေၾကာင္း ဦးေႏွာက္က သတင္းျပန္ပို႔ေတာ့ ပိုၿပီး မ်က္ေမွာင္ၾကံဳ႕မိလိုက္သည္ထင္၏။

"ကိုကို႔ ကိုယ္သင္းနံ႔နဲ႔လည္းမတူဘူး.. စကားေျပာတာလည္း ႐ိုင္းေသးတယ္.."

မယံုႏိုင္သလို တစ္ခ်က္ခ်င္းေထာက္ျပေနၿပီး တျဖည္းျဖည္းေနာက္ဆုတ္သြားေသာ ေကာင္ေလးဟာ ေမွ်ာ္လင့္ခ်က္မ့ဲသြားသေယာင္ အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်ပစ္သည္။

"ကိုကိုမဟုတ္ဘူး.. ဒါဆို ခင္ဗ်ားက ဘယ္သူလဲ"

"ငါ့နာမည္ Yeol"

"မလိမ္စမ္းပါနဲ႔!"

စူးခနဲေအာ္သံေၾကာင့္ သူနားညည္းသြားေသာ္လည္း ထိုေကာင္ေလးကို အားနဲ႔မာန္နဲ႔ ျပန္မတုန္႔ျပန္ခ်င္ေပ။ ေနာက္ၿပီး အခန္းက ေလ့က်င့္ရန္လုပ္ထားသည့္ အသံလံုခန္းျဖစ္ေနတာေၾကာင့္ သူ လႊတ္ထားေပးလိုက္သည္။

"မင္းကိုလိမ္ေတာ့ ငါ့ကိုဘယ္သူက ပိုက္ဆံလာေပးမွာလဲ"

"ခင္ဗ်ား ကြ်န္ေတာ့္ ကိုကို ကိုသိတယ္မဟုတ္လား.. သူ႔ဆီ ကြ်န္ေတာ့္ကိုပို႔ေပးပါ.. ေက်းဇူးျပဳၿပီး"

ခုနက ေအာ္ဟစ္ေနတာသူမဟုတ္သလိုပဲ အခုက်ေတာ့လည္း ေျခေထာက္ဖက္မတတ္ ေတာင္းဆိုေနျပန္သည္။ မ်က္ရည္ေတြ ရစ္ဝိုင္းလာၿပီး နႈတ္ခမ္းထက္က မွဲ႔ေလးပင္ တဆတ္ဆတ္တုန္ယင္ေနသလား ဟု သူ ထင္မိသည္။ ဒါေပမ့ဲ သူ ဒီလို အေလွ်ာ့ေပးေန၍ မျဖစ္ပါ...

"က်စ္.. ေ-ာက္ေရးမပါတာေတြ ေျပာေနမ့ဲအစား အခ်ိန္ရတုန္း လုပ္စရာရွိတာလုပ္"

သူ တကယ္ေဒါသထြက္ေနၿပီျဖစ္သည္.. ဘာမဟုတ္တ့ဲ ေယာက္်ားေလးတစ္ေယာက္အေပၚမွာ သာယာေနခ့ဲမိသလားလို႔ ေမးခြန္းျပန္ထုတ္ရေလာက္ေအာင္ ေကာင္ေလးရဲ႕ စိမ္းကားမႈက သူ႔ကိုေဒါသထြက္ေစသည္။

"ဘာလုပ္ရမွာလဲ"

"သင္စရာရွိတာ သင္ရမယ္ေလ.. ဘာမွမတတ္ပဲ ခႏၶာကိုယ္ေလးတစ္ခုနဲ႔ ေဂးဘားမွာ ေလလံအတင္ခံရရင္ ႏွစ္ျပားတစ္ပဲေစ်းေလာက္ေပးၿပီး ဝိုင္းအလုပ္ခံရတာနဲ႔တင္ အသက္ပါေသလိမ့္မယ္"

သူေျပာရင္းနဲ႔ အေပၚအက်ႌကိုခြ်တ္ပစ္ၿပီး ခပ္ေဝးေဝးလႊင့္ပစ္လိုက္ေတာ့ ေကာင္ေလးက နံရံေထာင့္ေျပးကပ္သည္။ တစ္ခါမွ အ့ဲေလာက္ စိတ္ရွည္ရွည္နဲ႔ စကားမေျပာဖူးတာ ဒီကိုစေရာက္ကတည္းက.. မိန္းကေလးေတြကိုေတာင္ ႏူးႏူးညံ့ညံ့ဆက္ဆံခ့ဲတာမဟုတ္ပဲ ဒီေကာင္ေလးက်မွ..

"က်စ္"

တကယ္ေတာ့ ျဖဴႏုႏုေကာင္ေလးကို ၾကမ္းၾကမ္းရမ္းရမ္း မဆြဲလြဲရက္သည့္ ကိုယ့္ဘာသာကိုယ္ အားမလိုအားမရျဖစ္တာပင္။

"မလုပ္ပါနဲ႔.. ကြ်န္ေတာ္က လက္ထပ္ၿပီးသား"

"မင္းမိန္းမက အခုေလာက္ဆို ေနာက္ေယာက္်ားယူေလာက္ၿပီ"

"မိန္းမ မဟုတ္ဘူး.."

"ပိုေတာင္ေကာင္းေသးတယ္"

ေပြ႕ခ်ီလိုက္ေတာ့လည္း ေပါ့ေပါ့ေလးပင္။ ေမြ႕ယာေပၚကိုပစ္ခ်လိုက္ေတာ့ မ႐ုန္းကန္ပဲ ရႈိက္၍ငိုသည္.. သူ႔မ်က္ရည္ေတြကို ၾကည့္ေနရသည့္လူပါ စိတ္မေကာင္းျဖစ္လာေအာင္ သနားစရာေကာင္းစြာ ငိုေႂကြးေနတာျဖစ္သည္။ တလိမ့္လိမ့္ဆင္းသြားသည့္ မ်က္ရည္ၾကည္ေတြကိုၾကည့္ရင္း ဘာေၾကာင့္မွန္းမသိ သူ အသက္ရွဴမဝျဖစ္လာသည္။ ေကာင္ေလးဆီက တဟင့္ဟင့္ ငိုေႂကြးေနသံကို မၾကားခ်င္ပါ။ အ့ဲအသံၾကားရင္ ပိုၿပီး အသက္ရွဴရခက္လာသလိုပင္..

"မငိုနဲ႔"

သူ႔ေလသံမာထန္ထန္နဲ႔ မ်က္ရည္သြားသုတ္ေပးမိတ့ဲ အျပဳအမူတို႔က ဆန္႔က်င္ဘက္ပင္ျဖစ္ပါလိမ့္မည္။ ဒါေပမ့ဲ ထိန္းမေနခ်င္ေတာ့..။ ကိုယ့္ကိုယ္ကိုေတာင္ ဘာျဖစ္ေနမွန္းမသိသည့္ အေျခအေနဆိုေပမ့ဲ တစ္ခါတစ္ေလေတာ့လည္း စိတ္႐ူးေပါက္စြာပင္ ျဖစ္ခ်င္ရာျဖစ္ဟူ၍ လႊတ္ေပးထားလိုက္ခ်င္သည္။

ေနာက္ဆံုးေတာ့လည္း အေလွ်ာ့ေပးရသူက သူ ပဲျဖစ္ကာ ေကာင္ေလးအေပၚမွ အုပ္မိုးထားရာကေန ေမြ႕ယာေဘးကို လွိမ့္ဆင္းလိုက္သည္။ တစ္ေယာက္အိပ္ ေမြ႕ယာက်ဥ္းက်ဥ္းေလးျဖစ္သည့္အျပင္ သူ႔အရပ္ႏွင့္ မဆံ့တာမို႔ ဒူးႏွစ္ဖက္ကို ေထာင္ထားၿပီး တရႈံ႕ရႈံ႕ငိုေနဆဲျဖစ္သည့္ ေကာင္ေလးကို လွည့္ၾကည့္မိသည္။

"အခု ငိုတာရပ္လိုက္ရင္ မင္းကိုငါ လက္ဖ်ားနဲ႔ေတာင္ မထိဘူး"

တိခနဲရပ္က်သြားသည့္ ရႈိက္သံေၾကာင့္ သူ မေက်မနပ္ပင္ ျဖစ္သြားရသည္။ ဘယ့္ႏွယ္.. ဒီလိုမ်ိဳးက်ေတာ့ တကယ္ တစ္ခြန္းဆိုတစ္ခြန္း။

"မင္း ကိုကို ဆိုတာ ဘယ္သူ႔ကိုေျပာေနမွန္း ငါမသိဘူး"

"ခင္ဗ်ားနဲ႔ သိပ္တူတာ"

"မင္းေတာင္ ကိုယ့္ေယာက္်ားကိုယ္ေတာင္ မွားတ့ဲအထိ ႐ုပ္တူတယ္ေပါ့ေလ"

"ကြ်န္ေတာ္ သိပ္ညံ့တာပဲ.. ကိုကို႔ ကို ခင္ဗ်ားလို ေယာက္်ားတစ္ေယာက္နဲ႔ မွားရတယ္လို႔"

ၾကားရတဲ့သူ နင့္ခနဲျဖစ္သြားေအာင္ ေျပာတတ္လိုက္တ့ဲ ပါးစပ္ေလး ေနာက္မွ ေရႊခ်ထားရမည္ဟု ေတြးလိုက္ေပမ့ဲ သူ ဘာမွေတာ့ ထုတ္မေျပာျဖစ္လိုက္။ ေကာင္ေလး ဆက္ေျပာတာကိုသာ နားေထာင္ေနမိသည္။

"ခင္ဗ်ားေနာက္ကို လိုက္ခ့ဲတာလည္း ခင္ဗ်ားကို ကိုကိုလို႔ထင္မိခ့ဲလို႔.. ကိုကိုမဟုတ္မွန္းသိရင္ လမ္းမလယ္ေခါင္ ထန္ေနတ့ဲခင္ဗ်ားကို ေသေသေၾကေၾက ပစ္ထားခ့ဲမွာဗ်"

ၾကည့္စမ္း..။ ေရာက္ေနေတာ့ျဖင့္ သူ႔ပိုင္နက္ထဲမွာ.. ေျပာေတာ့လည္း စကားက ေထာင့္မက်ိဳး။

"ဟိတ္.. အ့ဲဒါေတြ ျပန္လာေျပာၿပီး မခနဲ႔ေနနဲ႔.. ငါလည္း ၾကည္ႏူးၿပီး ရင္ထဲပန္းေတြပြင့္ေနတာမဟုတ္ဘူး"

"ကြ်န္ေတာ္ အခု အေရာင္းစားခံရမွာကို ေၾကာက္ေနရမ့ဲအစား ဘာလို႔ အရည္မရအဖတ္မရေတြ ေျပာေနသလဲ မသိဘူး"

"အေၾကာက္လြန္သြားရင္လည္း အ့ဲလိုျဖစ္တတ္တယ္.. အသက္ရွင္ဖို႔ကလြဲၿပီး က်န္တာကို ဂ႐ုမစိုက္ေတာ့တ့ဲအခါမ်ိဳးဆိုရင္ေပါ့"

"ကြ်န္ေတာ့္မွာ အသက္ရွင္ရမ့ဲအေၾကာင္းျပခ်က္ဆိုလို႔ ကိုကိုပဲရွိေတာ့တာ"

"မင္း... ငါ့ကို မရြံဘူးလား..."

လမ္းလြဲသြားသည့္ေမးခြန္းအတြက္ ျပန္ေျဖသံမရွိပဲ ခဏတိတ္ဆိတ္သြားတာမို႔ သူ ျပံဳးလိုက္မိသည္ ထင္ပါရဲ႕..။

*   *   *

ေဘာပင္ႏွင့္ စားပြဲထိ႐ိုက္သံ တေဒါက္ေဒါက္ကလြဲလို႔ ၿငိမ္သက္ေနတ့ဲ စစ္ေဆးေမးျမန္းခန္းထဲမွာ Minwoo ရဲ႕ သက္ျပင္းခ်သံက က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာ၏။ သူ႔ေရွ႕က မလႈပ္မယွက္ ၿငိမ္ေနဆဲ လူသားကေတာ့ ေက်ာက္႐ုပ္အလား။

သူ ဘာမွမေျပာပဲ ဒီအတိုင္းထိုင္ေနတာ ငါးနာရီေက်ာ္ေနၿပီ။

"Park Chanyeol ssi.. ခင္ဗ်ား ဒီလိုပဲ ေရငံုနႈတ္ပိတ္ေနရင္ တရားရံုးအထိေရာက္သြားလိမ့္မယ္ေနာ္"

သူ႔ကိုတစ္ခ်က္ေတာင္ ေမာ့မၾကည့္လာတာမို႔ Minwoo စိတ္ပင္ပန္းစြာျဖင့္ အက်ႌအေပၚၾကယ္သီးတစ္လံုးကို ျဖဳတ္ပစ္လိုက္သည္။

"ခင္ဗ်ားလက္က တက္တူးေလး လွသားပဲ"

စကားလမ္းေၾကာင္းလႊဲလိုက္ေတာ့ Chanyeol ရဲ႕ မ်က္လံုးေတြက သူ႔ဘယ္ဘက္လက္သူႂကြယ္ဆီသို႔ ေရာက္သြားသည္။ B.B.H ဟု အဂၤလိပ္စာလံုးသံုးလံုးတည္းနဲ႔ သပ္သပ္ရပ္ရပ္ေလး ၾကည့္ေကာင္းေနသည့္ တက္တူးခပ္ေသးေသးေလးကိုၾကည့္ၿပီး သူျပံဳးသည္။

"သူ႔အတြက္ ေမြးေန႔လက္ေဆာင္ေလ"

Minwoo ဘုရားပင္ တ လိုက္မိသလားမသိပါ။ အမႈကိစၥနဲ႔ပတ္သက္ၿပီး ေမးသမွ် ျပန္မေျဖပဲ ငါးနာရီေလာက္ၾကာၿပီးမွ ပထမဆံုးၾကားရသည့္စကားက သိပ္ကို ေပါ့ပါးလြန္းေနသည္။

"ခင္ဗ်ား တက္တူးထိုးရတာႀကိဳက္လား"

"သူက ကြ်န္ေတာ့္အသားနာတာ မႀကိဳက္ဘူးေလ.. ဒါ ပထမဆံုးနဲ႔ ေနာက္ဆံုးတစ္ခုပဲ"

လိမ္ေနတာမဟုတ္မွန္း သူ သိသည္။ ဘာလို႔လဲဆိုေတာ့ ခုနကတည္းက မ်က္ျမင္သက္ေသေကာင္ေလး ေျပာတ့ဲ ခါးနားတစ္ဝိုက္က တက္တူးဆိုတာကို Chanyeol ရဲ႕ ကိုယ္မွာ Minwoo ရွာၾကည့္ၿပီးၿပီ။ ဒါေပမ့ဲ တစ္ကိုယ္လံုးမွာ ဘယ္ဘက္လက္သူႂကြယ္ကလြဲ၍ တက္တူးနဲ႔တူတာဆိုလို႔ ေဘာပင္ရာတစ္ခုေတာင္မရွိ။

"Baekhyun ssi ကို ေတာ္ေတာ္ခ်စ္ပံုပဲေနာ္"

"ခ်စ္ရံုပဲလားဗ်ာ.. ျဖစ္ႏိုင္ရင္ ဘယ္သူမွမျမင္ေအာင္ ဖန္ပုလင္းေလးထဲထည့္ သိမ္းထားခ်င္တာ"

ေတာက္ပေနသည့္မ်က္ဝန္းတို႔ႏွင့္ ျပံဳးေယာင္သန္းေနသည့္ နႈတ္ခမ္းတို႔က ကဗ်ာဆန္ေပမ့ဲ သူေျပာလိုက္သည့္ စကားေၾကာင့္ Minwoo မ်က္ေမွာင္ၾကံဳ႕သြားသည္။ ဘာမွန္းမသိသည့္ ခံစားခ်က္တစ္ခုက သံသယတခ်ိဳ႕ကို လမ္းခင္းေပးသည္။

"ခင္ဗ်ားလည္း နားခ်င္မွာေပါ့.. ေနာက္ေန႔မွဆက္ေမးပါေတာ့မယ္"

အမႈနဲ႔ပတ္သက္တ့ဲဖိုင္တြဲေတြကို ေကာက္သိမ္းၿပီး စစ္ေမးခန္းထဲကေန Minwoo ထြက္လာလိုက္သည္။ အျပင္မွာ အသင့္ေစာင့္ေနသည့္ ဂ်ဴနီယာႏွစ္ေယာက္က သူ ထြက္လာေတာ့ ထိတ္ထိတ္ပ်ာပ်ာျဖင့္ သူ႔ေနာက္က လိုက္လာေလသည္။

"စိတ္က်န္းမားေရးေတာ့ စစ္ေဆးၾကည့္ရမယ္ထင္တယ္"

"သူက ထူးဆန္းတ့ဲစကားေတြေျပာေနလို႔လား စီနီယာ?"

"ထူးဆန္းတယ္လို႔ ငါ ခံစားေနရလို႔"

စံုေထာက္တစ္ေယာက္က အေတြ႕အၾကံဳရင့္လာတာနဲ႔အမွ် အမႈနဲ႔ပတ္သက္ၿပီး ခံစားခ်က္ေတြကို လ်စ္လ်ဴရွဳလို႔မရတာ ကိုယ္ေတြ႕မို႔ ဂ်ဴနီယာေတြလည္း ဘာမွထပ္မေျပာၾကေတာ့။

"ေနာက္ၿပီး.."

မႈခင္းဌာနရဲ႕ စိတ္က်န္းမာေရးဆရာဝန္ဆီ ဆက္သြယ္မလို႔လုပ္ေနသည့္ ဂ်ဴနီယာႏွစ္ေယာက္က သူ႔ဆီလွမ္းၾကည့္သည္။

"Park Chanyeol မွာ အႁမြာညီအစ္ကိုေတြ ဘာေတြရွိလား စံုစမ္း"

"ဟုတ္က့ဲ.. ေနာက္ၿပီး စီနီယာ.. ဒီအပတ္ကုန္လို႔မွ သူ႔ဘက္က ဘာမွမေျပာဘူးဆိုရင္ ရံုးတင္စစ္ေဆးရမယ္လို႔ အထက္က အမိန္႔က်လာတယ္.. ဒီအမႈက သူဖြင့္ထားတာဆိုေတာ့ ေပ်ာက္ဆံုးသူဘက္ကေန တာဝန္ယူၿပီး ဌာနက အမႈထပ္ဖြင့္မယ္ေျပာတယ္"

"ဒီၾကားထဲ တစ္ခုခုထူးပါေစလို႔ ဆုေတာင္းရမွာပဲ"

*   *   *

"ကိုကို.. ကြ်န္ေတာ္ေခ်ာ္လဲရင္ ကိုကိုထမ္းသြားရမွာေနာ္"

"မလဲေစရဘူး စိတ္ခ်.."

သူ႔မ်က္လံုးႏွစ္ဖက္ကို Chanyeol က လက္ျဖင့္အုပ္ထားသည္မို႔ မေက်မနပ္ျဖင့္ တဗ်စ္ေတာက္ေတာက္ ေျပာေနျခင္းျဖစ္သည္။ အလကား အာေပတူးေလး.. သူ႔ေမြးေန႔သူေတာင္ ေမ့ေနၿပီးမ်ား။

"ဒီေန႔က ဘာေန႔မို႔- ဟင္!"

"တန္ဒန္႔ဒန္"

အိမ္ဧည့္ခန္းတစ္ခုလံုးကို ပူေဖာင္းေတြနဲ႔အလွဆင္ထားၿပီး ၾကမ္းျပင္ေပၚမွာ ႏွင္းဆီပြင့္ဖတ္ေတြ ေႁခြခ်ထားတာေၾကာင့္ ေကာင္ေလးက တအံ့တၾသ ေရရြတ္သည္။ သူ ကိုယ္တိုင္ ဂ်ံဳလံုးအျဖစ္ခံၿပီး ဖုတ္ထားရသည့္ ကိတ္မုန္႔ေလးက မလွမပေပမ့ဲ အရသာေတာ့ရွိမည္ ထင္ပါသည္။

"လက္ေဆာင္ေရာ?"

ေမြးေန႔ကို မွတ္မိသြားပံုရသည့္ေကာင္ေလးက သူ႔ရင္ခြင္ထဲတိုးေဝွ႕ခြ်ဲႏြဲ႕ၿပီး ေျပာင္စပ္စပ္ျဖင့္ ေျပာလာသည္။ ရင္ခြင္ထဲကေကာင္ေလးကို တင္ပါးကေန ဆတ္ခနဲ ဆြဲခ်ီလိုက္ေတာ့ အာေမဋိတ္သံ ခပ္တိုးတိုးျဖင့္ ေမြးေန႔ရွင္ေလးက သူ႔လည္ပင္းကိုသိုင္းဖက္လာ၏။

"ဒီမွာၾကည့္"

ေဆာင္းတြင္းမဟုတ္ပါပဲႏွင့္ လက္အိတ္ဝတ္ထားသည့္ သူ႔ကို အခုမွသတိထားမိသည့္ပံုျဖင့္ ေကာင္ေလးက မ်က္လံုးျပဴးၾကည့္သည္။ ေနာက္ေတာ့ သိုးေမြးလက္အိတ္ေလးကို ဆြဲခြ်တ္ၿပီး ခဏၿငိမ္က်သြားသည္။

"အစစ္ႀကီးလား"

သူ႔လက္ေခ်ာင္းေပၚက အသစ္စက္စက္တက္တူးေလးကို ခပ္ဖြဖြကိုင္ၾကည့္ရင္း တိုးတိုးေလးေမးလာေလ၏။

"အင္းေပါ့ ကိုယ့္အသည္းေလးနာမည္ကို ကိုယ္က ခဏတျဖဳတ္နဲ႔ အေရာင္ျပယ္သြားမ့ဲဟာမ်ိဳး လုပ္စရာလား.. တစ္သက္လံုး ထင္းေနမွာပဲ လုပ္မွာေပါ့"

"နာမွာေပါ့ ကိုကိုရာ.."

နႈတ္ခမ္းေလးစူၿပီး မေက်မနပ္ေျပာလာေတာ့ သူ ဖ်တ္ခနဲ ငုံ႔နမ္းပစ္လိုက္သည္။

"နာတာေပါ့.. နာလြန္းလို႔ အခုေတာင္ဖ်ားခ်င္လာၿပီ"

ခ်က္ခ်င္းပဲ ေမ့လဲေတာ့မလို သူလုပ္ျပေတာ့ ေကာင္ေလးက သူ႔ရင္ဘတ္ကို ထုရင္း တခစ္ခစ္ ရယ္လာသည္။

"ဒါေပမ့ဲ ကိုကိုရယ္.. ေနာက္ တက္တူးမထိုးပါနဲ႔.. ကြ်န္ေတာ္ ကိုကို႔အသားနာတာမႀကိဳက္ဘူး"

ဒီကေလးငယ္ကို သူခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရပါ့မလဲ...

"ဟုတ္ၿပီး အခု ကိတ္ခြဲမယ္ လာ"

"ကိတ္က လွလည္းလွဘူး"

"ဪ လွတာမက္ေတာ့ ညစာခက္မွာေပါ့ ကေလးရဲ႕.."

"ဘာမွမဆိုင္ဘူး"

"ဆိုင္တာေပါ့.. ကေလး ညစာငတ္မွာစိုးလို႔ ကိုယ္က တမင္လွေအာင္ မလုပ္ခ့ဲတာ.. အားအင္ေတြ စုေဆာင္းထားတာ.. ေတာ္ၾကာ ကိတ္မုန္႔ကို အလွဆံုးရေအာင္ ဖုတ္ၿပီး ကိုယ္ အားမရွိရင္ ဘယ့္ႏွယ္လုပ္မလဲ"

"ႏွာဘူးႀကီး!"

"ခ်စ္လို႔ကြာ ဘာျဖစ္လဲ"

ေကာင္ေလးရဲ႕ မ်က္ႏွာႏုႏုအႏွံ႔ကို သူ ဖြဖြေလးနမ္းလိုက္ၿပီး ေကာင္ေလးကို ဆိုဖာေပၚမွာ ေသခ်ာထိုင္ခိုင္းလိုက္သည္။ ပိရမစ္ပံု ေမြးေန႔ဦးထုပ္ခြ်န္ေလးကို ေဆာင္းေပးလိုက္ေတာ့ ေပ်ာ္ေနသည့္ေကာင္ေလးကိုၾကည့္ရင္း ေႂကြရျပန္သည္။

"ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစ ကေလး"

"ေက်းဇူးပါ ကိုကို"

သူျပံဳးေနမိရင္း ေအးစိမ့္ေနသည့္ၾကမ္းျပင္ကို လက္ေထာက္မိမွ အသိျပန္ဝင္လာ၏။ သူရွိေနသည့္အခ်ဳပ္ခန္းႏွင့္ကပ္လ်က္အခန္းေတြထဲက အခ်ဳပ္က်ေနသူေတြ တိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တစ္ဖံု ညည္းညဴေနၾကေပမ့ဲ သူ ကေတာ့ အေတြးထဲေမ်ာေနခ့ဲသည္မို႔ အေအးဓာတ္ကို သိပ္မခံစားမိလိုက္။

ထို႔အတူ လက္သူႂကြယ္က တက္တူးခပ္ေသးေသးကို အၾကည့္ေရာက္ေတာ့ မဖိတ္ေခၚပဲ ျပည့္လွ်ံလာသည့္ မ်က္ရည္တို႔က မ်က္ဝန္းအိမ္ထဲ အျပည့္..။ ရင္ဘတ္ထဲ နာက်င္လြန္းေနသျဖင့္ အသက္ရွဳအပင္မဝေသာ္လည္း ကိုယ့္ကိုယ္ကို မေသခ်ာေသးသည့္ အေျဖတစ္ခုအတြက္ သူ ႀကိဳးစားအေျဖရွာေနရဆဲျဖစ္သည္။

မငိုဘူးဟု ထိန္းထားေသာ္လည္း လက္ဖမိုးေပၚ ခုန္ေပါက္ေျပးဆင္းသြားသည္က မ်က္ရည္တစ္စက္။

"တကယ္ပဲ ကိုယ္သာဆိုရင္ ကိုယ့္ကိုယ္ကို ခြင့္လႊတ္ႏိုင္မွာ မဟုတ္ဘူး ကေလးရယ္..."

*   *   *

ဆက္ရန္။

"Yeol အတော်ပဲ.. ဟိုတစ်ယောက် မင်းကိုမျှော်နေတာ"

ရောက်ရောက်ချင်းအစခံလိုက်ရတာကြောင့် သူ စိတ်ညစ်သွားသည်။ ဟိုတစ်ယောက် ဆိုတာ သူဖမ်းခေါ်လာသည့်ကောင်လေးကိုရည်ညွှန်းမှန်းသိတော့ ပိုဆိုးသည်။

အခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ဒူးနှစ်ဖက်ကိုပိုက်ရင်း ထိုင်နေသည့်ကောင်လေးက သူ့ကိုလှမ်းကြည့်သည်။ သူမှန်းလည်းသိရော ချက်ချင်းကုတင်ပေါ်က ထပြေးလာတာမို့ အပြင်ကလူတွေ ထပ်ပြီးမနောက်ခင် သူမြန်မြန်တံခါးပိတ်ပစ်လိုက်၏..

"ကိုကို"

အဲ့လိုအခေါ်ခံရတိုင်း တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်လာသလိုပေမဲ့ သူ သဘောကျသည်။ ရင်ခွင်ထဲရောက်လာသည့် ခန္ဓာကိုယ်သေးသေးလေးကို တွန်းမဖယ်ချင်တာမို့ အသာငြိမ်နေမိသော်လည်း စက္ကန့်ပိုင်းလောက်ကြာတော့ ကောင်လေးက သူ့ကို ဆတ်ခနဲဆောင့်တွန်းပစ်သည်..။

"ခင်ဗျားဘယ်သူလဲ"

ခုနကတင် ကိုကို လို့ခေါ်နေပြီးမှ အခုဘယ်သူလဲလို့ ပြန်မေးတော့ သူ နည်းနည်းတော့ ဒေါသထွက်သွားသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဒီတိုင်းရိုးရိုးမေးတာလည်းမဟုတ်.. သူ့ကို စူးစူးရဲရဲကြီး စိုက်ကြည့်ပြီး အံကြိတ်ကာမေးတာမို့ စိတ်ထဲ ပိုခံပြင်းမိပါရဲ့..

"ဘာအထာလဲ အဲ့ဒါ"

"ခင်ဗျားက ကိုကိုနဲ့သိပ်တူတယ်.. ဒါပေမဲ့ ကိုကိုမဟုတ်ဘူး"

သူ မျက်မှောင်ကြုံ့မိသည်။ ဆက်စပ်တွေးနိုင်ခြင်းမရှိကြောင်း ဦးနှောက်က သတင်းပြန်ပို့တော့ ပိုပြီး မျက်မှောင်ကြုံ့မိလိုက်သည်ထင်၏။

"ကိုကို့ ကိုယ်သင်းနံ့နဲ့လည်းမတူဘူး.. စကားပြောတာလည်း ရိုင်းသေးတယ်.."

မယုံနိုင်သလို တစ်ချက်ချင်းထောက်ပြနေပြီး တဖြည်းဖြည်းနောက်ဆုတ်သွားသော ကောင်လေးဟာ မျှော်လင့်ချက်မဲ့သွားသယောင် အရုပ်ကြိုးပြတ်ထိုင်ချပစ်သည်။

"ကိုကိုမဟုတ်ဘူး.. ဒါဆို ခင်ဗျားက ဘယ်သူလဲ"

"ငါ့နာမည် Yeol"

"မလိမ်စမ်းပါနဲ့!"

စူးခနဲအော်သံကြောင့် သူနားညည်းသွားသော်လည်း ထိုကောင်လေးကို အားနဲ့မာန်နဲ့ ပြန်မတုန့်ပြန်ချင်ပေ။ နောက်ပြီး အခန်းက လေ့ကျင့်ရန်လုပ်ထားသည့် အသံလုံခန်းဖြစ်နေတာကြောင့် သူ လွှတ်ထားပေးလိုက်သည်။

"မင်းကိုလိမ်တော့ ငါ့ကိုဘယ်သူက ပိုက်ဆံလာပေးမှာလဲ"

"ခင်ဗျား ကျွန်တော့် ကိုကို ကိုသိတယ်မဟုတ်လား.. သူ့ဆီ ကျွန်တော့်ကိုပို့ပေးပါ.. ကျေးဇူးပြုပြီး"

ခုနက အော်ဟစ်နေတာသူမဟုတ်သလိုပဲ အခုကျတော့လည်း ခြေထောက်ဖက်မတတ် တောင်းဆိုနေပြန်သည်။ မျက်ရည်တွေ ရစ်ဝိုင်းလာပြီး နှုတ်ခမ်းထက်က မှဲ့လေးပင် တဆတ်ဆတ်တုန်ယင်နေသလား ဟု သူ ထင်မိသည်။ ဒါပေမဲ့ သူ ဒီလို အလျှော့ပေးနေ၍ မဖြစ်ပါ...

"ကျစ်.. ေ-ာက်ရေးမပါတာတွေ ပြောနေမဲ့အစား အချိန်ရတုန်း လုပ်စရာရှိတာလုပ်"

သူ တကယ်ဒေါသထွက်နေပြီဖြစ်သည်.. ဘာမဟုတ်တဲ့ ယောက်ျားလေးတစ်ယောက်အပေါ်မှာ သာယာနေခဲ့မိသလားလို့ မေးခွန်းပြန်ထုတ်ရလောက်အောင် ကောင်လေးရဲ့ စိမ်းကားမှုက သူ့ကိုဒေါသထွက်စေသည်။

"ဘာလုပ်ရမှာလဲ"

"သင်စရာရှိတာ သင်ရမယ်လေ.. ဘာမှမတတ်ပဲ ခန္ဓာကိုယ်လေးတစ်ခုနဲ့ ဂေးဘားမှာ လေလံအတင်ခံရရင် နှစ်ပြားတစ်ပဲဈေးလောက်ပေးပြီး ဝိုင်းအလုပ်ခံရတာနဲ့တင် အသက်ပါသေလိမ့်မယ်"

သူပြောရင်းနဲ့ အပေါ်အင်္ကျီကိုချွတ်ပစ်ပြီး ခပ်ဝေးဝေးလွှင့်ပစ်လိုက်တော့ ကောင်လေးက နံရံထောင့်ပြေးကပ်သည်။ တစ်ခါမှ အဲ့လောက် စိတ်ရှည်ရှည်နဲ့ စကားမပြောဖူးတာ ဒီကိုစရောက်ကတည်းက.. မိန်းကလေးတွေကိုတောင် နူးနူးညံ့ညံ့ဆက်ဆံခဲ့တာမဟုတ်ပဲ ဒီကောင်လေးကျမှ..

"ကျစ်"

တကယ်တော့ ဖြူနုနုကောင်လေးကို ကြမ်းကြမ်းရမ်းရမ်း မဆွဲလွဲရက်သည့် ကိုယ့်ဘာသာကိုယ် အားမလိုအားမရဖြစ်တာပင်။

"မလုပ်ပါနဲ့.. ကျွန်တော်က လက်ထပ်ပြီးသား"

"မင်းမိန်းမက အခုလောက်ဆို နောက်ယောက်ျားယူလောက်ပြီ"

"မိန်းမ မဟုတ်ဘူး.."

"ပိုတောင်ကောင်းသေးတယ်"

ပွေ့ချီလိုက်တော့လည်း ပေါ့ပေါ့လေးပင်။ မွေ့ယာပေါ်ကိုပစ်ချလိုက်တော့ မရုန်းကန်ပဲ ရှိုက်၍ငိုသည်.. သူ့မျက်ရည်တွေကို ကြည့်နေရသည့်လူပါ စိတ်မကောင်းဖြစ်လာအောင် သနားစရာကောင်းစွာ ငိုကြွေးနေတာဖြစ်သည်။ တလိမ့်လိမ့်ဆင်းသွားသည့် မျက်ရည်ကြည်တွေကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ သူ အသက်ရှူမဝဖြစ်လာသည်။ ကောင်လေးဆီက တဟင့်ဟင့် ငိုကြွေးနေသံကို မကြားချင်ပါ။ အဲ့အသံကြားရင် ပိုပြီး အသက်ရှူရခက်လာသလိုပင်..

"မငိုနဲ့"

သူ့လေသံမာထန်ထန်နဲ့ မျက်ရည်သွားသုတ်ပေးမိတဲ့ အပြုအမူတို့က ဆန့်ကျင်ဘက်ပင်ဖြစ်ပါလိမ့်မည်။ ဒါပေမဲ့ ထိန်းမနေချင်တော့..။ ကိုယ့်ကိုယ်ကိုတောင် ဘာဖြစ်နေမှန်းမသိသည့် အခြေအနေဆိုပေမဲ့ တစ်ခါတစ်လေတော့လည်း စိတ်ရူးပေါက်စွာပင် ဖြစ်ချင်ရာဖြစ်ဟူ၍ လွှတ်ပေးထားလိုက်ချင်သည်။

နောက်ဆုံးတော့လည်း အလျှော့ပေးရသူက သူ ပဲဖြစ်ကာ ကောင်လေးအပေါ်မှ အုပ်မိုးထားရာကနေ မွေ့ယာဘေးကို လှိမ့်ဆင်းလိုက်သည်။ တစ်ယောက်အိပ် မွေ့ယာကျဉ်းကျဉ်းလေးဖြစ်သည့်အပြင် သူ့အရပ်နှင့် မဆံ့တာမို့ ဒူးနှစ်ဖက်ကို ထောင်ထားပြီး တရှုံ့ရှုံ့ငိုနေဆဲဖြစ်သည့် ကောင်လေးကို လှည့်ကြည့်မိသည်။

"အခု ငိုတာရပ်လိုက်ရင် မင်းကိုငါ လက်ဖျားနဲ့တောင် မထိဘူး"

တိခနဲရပ်ကျသွားသည့် ရှိုက်သံကြောင့် သူ မကျေမနပ်ပင် ဖြစ်သွားရသည်။ ဘယ့်နှယ်.. ဒီလိုမျိုးကျတော့ တကယ် တစ်ခွန်းဆိုတစ်ခွန်း။

"မင်း ကိုကို ဆိုတာ ဘယ်သူ့ကိုပြောနေမှန်း ငါမသိဘူး"

"ခင်ဗျားနဲ့ သိပ်တူတာ"

"မင်းတောင် ကိုယ့်ယောက်ျားကိုယ်တောင် မှားတဲ့အထိ ရုပ်တူတယ်ပေါ့လေ"

"ကျွန်တော် သိပ်ညံ့တာပဲ.. ကိုကို့ ကို ခင်ဗျားလို ယောက်ျားတစ်ယောက်နဲ့ မှားရတယ်လို့"

ကြားရတဲ့သူ နင့်ခနဲဖြစ်သွားအောင် ပြောတတ်လိုက်တဲ့ ပါးစပ်လေး နောက်မှ ရွှေချထားရမည်ဟု တွေးလိုက်ပေမဲ့ သူ ဘာမှတော့ ထုတ်မပြောဖြစ်လိုက်။ ကောင်လေး ဆက်ပြောတာကိုသာ နားထောင်နေမိသည်။

"ခင်ဗျားနောက်ကို လိုက်ခဲ့တာလည်း ခင်ဗျားကို ကိုကိုလို့ထင်မိခဲ့လို့.. ကိုကိုမဟုတ်မှန်းသိရင် လမ်းမလယ်ခေါင် ထန်နေတဲ့ခင်ဗျားကို သေသေကြေကြေ ပစ်ထားခဲ့မှာဗျ"

ကြည့်စမ်း..။ ရောက်နေတော့ဖြင့် သူ့ပိုင်နက်ထဲမှာ.. ပြောတော့လည်း စကားက ထောင့်မကျိုး။

"ဟိတ်.. အဲ့ဒါတွေ ပြန်လာပြောပြီး မခနဲ့နေနဲ့.. ငါလည်း ကြည်နူးပြီး ရင်ထဲပန်းတွေပွင့်နေတာမဟုတ်ဘူး"

"ကျွန်တော် အခု အရောင်းစားခံရမှာကို ကြောက်နေရမဲ့အစား ဘာလို့ အရည်မရအဖတ်မရတွေ ပြောနေသလဲ မသိဘူး"

"အကြောက်လွန်သွားရင်လည်း အဲ့လိုဖြစ်တတ်တယ်.. အသက်ရှင်ဖို့ကလွဲပြီး ကျန်တာကို ဂရုမစိုက်တော့တဲ့အခါမျိုးဆိုရင်ပေါ့"

"ကျွန်တော့်မှာ အသက်ရှင်ရမဲ့အကြောင်းပြချက်ဆိုလို့ ကိုကိုပဲရှိတော့တာ"

"မင်း... ငါ့ကို မရွံဘူးလား..."

လမ်းလွဲသွားသည့်မေးခွန်းအတွက် ပြန်ဖြေသံမရှိပဲ ခဏတိတ်ဆိတ်သွားတာမို့ သူ ပြုံးလိုက်မိသည် ထင်ပါရဲ့..။

*   *   *

ဘောပင်နှင့် စားပွဲထိရိုက်သံ တဒေါက်ဒေါက်ကလွဲလို့ ငြိမ်သက်နေတဲ့ စစ်ဆေးမေးမြန်းခန်းထဲမှာ Minwoo ရဲ့ သက်ပြင်းချသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာ၏။ သူ့ရှေ့က မလှုပ်မယှက် ငြိမ်နေဆဲ လူသားကတော့ ကျောက်ရုပ်အလား။

သူ ဘာမှမပြောပဲ ဒီအတိုင်းထိုင်နေတာ ငါးနာရီကျော်နေပြီ။

"Park Chanyeol ssi.. ခင်ဗျား ဒီလိုပဲ ရေငုံနှုတ်ပိတ်နေရင် တရားရုံးအထိရောက်သွားလိမ့်မယ်နော်"

သူ့ကိုတစ်ချက်တောင် မော့မကြည့်လာတာမို့ Minwoo စိတ်ပင်ပန်းစွာဖြင့် အင်္ကျီအပေါ်ကြယ်သီးတစ်လုံးကို ဖြုတ်ပစ်လိုက်သည်။

"ခင်ဗျားလက်က တက်တူးလေး လှသားပဲ"

စကားလမ်းကြောင်းလွှဲလိုက်တော့ Chanyeol ရဲ့ မျက်လုံးတွေက သူ့ဘယ်ဘက်လက်သူကြွယ်ဆီသို့ ရောက်သွားသည်။ B.B.H ဟု အင်္ဂလိပ်စာလုံးသုံးလုံးတည်းနဲ့ သပ်သပ်ရပ်ရပ်လေး ကြည့်ကောင်းနေသည့် တက်တူးခပ်သေးသေးလေးကိုကြည့်ပြီး သူပြုံးသည်။

"သူ့အတွက် မွေးနေ့လက်ဆောင်လေ"

Minwoo ဘုရားပင် တ လိုက်မိသလားမသိပါ။ အမှုကိစ္စနဲ့ပတ်သက်ပြီး မေးသမျှ ပြန်မဖြေပဲ ငါးနာရီလောက်ကြာပြီးမှ ပထမဆုံးကြားရသည့်စကားက သိပ်ကို ပေါ့ပါးလွန်းနေသည်။

"ခင်ဗျား တက်တူးထိုးရတာကြိုက်လား"

"သူက ကျွန်တော့်အသားနာတာ မကြိုက်ဘူးလေ.. ဒါ ပထမဆုံးနဲ့ နောက်ဆုံးတစ်ခုပဲ"

လိမ်နေတာမဟုတ်မှန်း သူ သိသည်။ ဘာလို့လဲဆိုတော့ ခုနကတည်းက မျက်မြင်သက်သေကောင်လေး ပြောတဲ့ ခါးနားတစ်ဝိုက်က တက်တူးဆိုတာကို Chanyeol ရဲ့ ကိုယ်မှာ Minwoo ရှာကြည့်ပြီးပြီ။ ဒါပေမဲ့ တစ်ကိုယ်လုံးမှာ ဘယ်ဘက်လက်သူကြွယ်ကလွဲ၍ တက်တူးနဲ့တူတာဆိုလို့ ဘောပင်ရာတစ်ခုတောင်မရှိ။

"Baekhyun ssi ကို တော်တော်ချစ်ပုံပဲနော်"

"ချစ်ရုံပဲလားဗျာ.. ဖြစ်နိုင်ရင် ဘယ်သူမှမမြင်အောင် ဖန်ပုလင်းလေးထဲထည့် သိမ်းထားချင်တာ"

တောက်ပနေသည့်မျက်ဝန်းတို့နှင့် ပြုံးယောင်သန်းနေသည့် နှုတ်ခမ်းတို့က ကဗျာဆန်ပေမဲ့ သူပြောလိုက်သည့် စကားကြောင့် Minwoo မျက်မှောင်ကြုံ့သွားသည်။ ဘာမှန်းမသိသည့် ခံစားချက်တစ်ခုက သံသယတချို့ကို လမ်းခင်းပေးသည်။

"ခင်ဗျားလည်း နားချင်မှာပေါ့.. နောက်နေ့မှဆက်မေးပါတော့မယ်"

အမှုနဲ့ပတ်သက်တဲ့ဖိုင်တွဲတွေကို ကောက်သိမ်းပြီး စစ်မေးခန်းထဲကနေ Minwoo ထွက်လာလိုက်သည်။ အပြင်မှာ အသင့်စောင့်နေသည့် ဂျူနီယာနှစ်ယောက်က သူ ထွက်လာတော့ ထိတ်ထိတ်ပျာပျာဖြင့် သူ့နောက်က လိုက်လာလေသည်။

"စိတ်ကျန်းမားရေးတော့ စစ်ဆေးကြည့်ရမယ်ထင်တယ်"

"သူက ထူးဆန်းတဲ့စကားတွေပြောနေလို့လား စီနီယာ?"

"ထူးဆန်းတယ်လို့ ငါ ခံစားနေရလို့"

စုံထောက်တစ်ယောက်က အတွေ့အကြုံရင့်လာတာနဲ့အမျှ အမှုနဲ့ပတ်သက်ပြီး ခံစားချက်တွေကို လျစ်လျူရှုလို့မရတာ ကိုယ်တွေ့မို့ ဂျူနီယာတွေလည်း ဘာမှထပ်မပြောကြတော့။

"နောက်ပြီး.."

မှုခင်းဌာနရဲ့ စိတ်ကျန်းမာရေးဆရာဝန်ဆီ ဆက်သွယ်မလို့လုပ်နေသည့် ဂျူနီယာနှစ်ယောက်က သူ့ဆီလှမ်းကြည့်သည်။

"Park Chanyeol မှာ အမြွာညီအစ်ကိုတွေ ဘာတွေရှိလား စုံစမ်း"

"ဟုတ်ကဲ့.. နောက်ပြီး စီနီယာ.. ဒီအပတ်ကုန်လို့မှ သူ့ဘက်က ဘာမှမပြောဘူးဆိုရင် ရုံးတင်စစ်ဆေးရမယ်လို့ အထက်က အမိန့်ကျလာတယ်.. ဒီအမှုက သူဖွင့်ထားတာဆိုတော့ ပျောက်ဆုံးသူဘက်ကနေ တာဝန်ယူပြီး ဌာနက အမှုထပ်ဖွင့်မယ်ပြောတယ်"

"ဒီကြားထဲ တစ်ခုခုထူးပါစေလို့ ဆုတောင်းရမှာပဲ"

*   *   *

"ကိုကို.. ကျွန်တော်ချော်လဲရင် ကိုကိုထမ်းသွားရမှာနော်"

"မလဲစေရဘူး စိတ်ချ.."

သူ့မျက်လုံးနှစ်ဖက်ကို Chanyeol က လက်ဖြင့်အုပ်ထားသည်မို့ မကျေမနပ်ဖြင့် တဗျစ်တောက်တောက် ပြောနေခြင်းဖြစ်သည်။ အလကား အာပေတူးလေး.. သူ့မွေးနေ့သူတောင် မေ့နေပြီးများ။

"ဒီနေ့က ဘာနေ့မို့- ဟင်!"

"တန်ဒန့်ဒန်"

အိမ်ဧည့်ခန်းတစ်ခုလုံးကို ပူဖောင်းတွေနဲ့အလှဆင်ထားပြီး ကြမ်းပြင်ပေါ်မှာ နှင်းဆီပွင့်ဖတ်တွေ ခြွေချထားတာကြောင့် ကောင်လေးက တအံ့တသြ ရေရွတ်သည်။ သူ ကိုယ်တိုင် ဂျုံလုံးအဖြစ်ခံပြီး ဖုတ်ထားရသည့် ကိတ်မုန့်လေးက မလှမပပေမဲ့ အရသာတော့ရှိမည် ထင်ပါသည်။

"လက်ဆောင်ရော?"

မွေးနေ့ကို မှတ်မိသွားပုံရသည့်ကောင်လေးက သူ့ရင်ခွင်ထဲတိုးဝှေ့ချွဲနွဲ့ပြီး ပြောင်စပ်စပ်ဖြင့် ပြောလာသည်။ ရင်ခွင်ထဲကကောင်လေးကို တင်ပါးကနေ ဆတ်ခနဲ ဆွဲချီလိုက်တော့ အာမေဋိတ်သံ ခပ်တိုးတိုးဖြင့် မွေးနေ့ရှင်လေးက သူ့လည်ပင်းကိုသိုင်းဖက်လာ၏။

"ဒီမှာကြည့်"

ဆောင်းတွင်းမဟုတ်ပါပဲနှင့် လက်အိတ်ဝတ်ထားသည့် သူ့ကို အခုမှသတိထားမိသည့်ပုံဖြင့် ကောင်လေးက မျက်လုံးပြူးကြည့်သည်။ နောက်တော့ သိုးမွေးလက်အိတ်လေးကို ဆွဲချွတ်ပြီး ခဏငြိမ်ကျသွားသည်။

"အစစ်ကြီးလား"

သူ့လက်ချောင်းပေါ်က အသစ်စက်စက်တက်တူးလေးကို ခပ်ဖွဖွကိုင်ကြည့်ရင်း တိုးတိုးလေးမေးလာလေ၏။

"အင်းပေါ့ ကိုယ့်အသည်းလေးနာမည်ကို ကိုယ်က ခဏတဖြုတ်နဲ့ အရောင်ပြယ်သွားမဲ့ဟာမျိုး လုပ်စရာလား.. တစ်သက်လုံး ထင်းနေမှာပဲ လုပ်မှာပေါ့"

"နာမှာပေါ့ ကိုကိုရာ.."

နှုတ်ခမ်းလေးစူပြီး မကျေမနပ်ပြောလာတော့ သူ ဖျတ်ခနဲ ငုံ့နမ်းပစ်လိုက်သည်။

"နာတာပေါ့.. နာလွန်းလို့ အခုတောင်ဖျားချင်လာပြီ"

ချက်ချင်းပဲ မေ့လဲတော့မလို သူလုပ်ပြတော့ ကောင်လေးက သူ့ရင်ဘတ်ကို ထုရင်း တခစ်ခစ် ရယ်လာသည်။

"ဒါပေမဲ့ ကိုကိုရယ်.. နောက် တက်တူးမထိုးပါနဲ့.. ကျွန်တော် ကိုကို့အသားနာတာမကြိုက်ဘူး"

ဒီကလေးငယ်ကို သူချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ...

"ဟုတ်ပြီး အခု ကိတ်ခွဲမယ် လာ"

"ကိတ်က လှလည်းလှဘူး"

"ဪ လှတာမက်တော့ ညစာခက်မှာပေါ့ ကလေးရဲ့.."

"ဘာမှမဆိုင်ဘူး"

"ဆိုင်တာပေါ့.. ကလေး ညစာငတ်မှာစိုးလို့ ကိုယ်က တမင်လှအောင် မလုပ်ခဲ့တာ.. အားအင်တွေ စုဆောင်းထားတာ.. တော်ကြာ ကိတ်မုန့်ကို အလှဆုံးရအောင် ဖုတ်ပြီး ကိုယ် အားမရှိရင် ဘယ့်နှယ်လုပ်မလဲ"

"နှာဘူးကြီး!"

"ချစ်လို့ကွာ ဘာဖြစ်လဲ"

ကောင်လေးရဲ့ မျက်နှာနုနုအနှံ့ကို သူ ဖွဖွလေးနမ်းလိုက်ပြီး ကောင်လေးကို ဆိုဖာပေါ်မှာ သေချာထိုင်ခိုင်းလိုက်သည်။ ပိရမစ်ပုံ မွေးနေ့ဦးထုပ်ချွန်လေးကို ဆောင်းပေးလိုက်တော့ ပျော်နေသည့်ကောင်လေးကိုကြည့်ရင်း ကြွေရပြန်သည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ကလေး"

"ကျေးဇူးပါ ကိုကို"

သူပြုံးနေမိရင်း အေးစိမ့်နေသည့်ကြမ်းပြင်ကို လက်ထောက်မိမှ အသိပြန်ဝင်လာ၏။ သူရှိနေသည့်အချုပ်ခန်းနှင့်ကပ်လျက်အခန်းတွေထဲက အချုပ်ကျနေသူတွေ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ညည်းညူနေကြပေမဲ့ သူ ကတော့ အတွေးထဲမျောနေခဲ့သည်မို့ အအေးဓာတ်ကို သိပ်မခံစားမိလိုက်။

ထို့အတူ လက်သူကြွယ်က တက်တူးခပ်သေးသေးကို အကြည့်ရောက်တော့ မဖိတ်ခေါ်ပဲ ပြည့်လျှံလာသည့် မျက်ရည်တို့က မျက်ဝန်းအိမ်ထဲ အပြည့်..။ ရင်ဘတ်ထဲ နာကျင်လွန်းနေသဖြင့် အသက်ရှုအပင်မဝသော်လည်း ကိုယ့်ကိုယ်ကို မသေချာသေးသည့် အဖြေတစ်ခုအတွက် သူ ကြိုးစားအဖြေရှာနေရဆဲဖြစ်သည်။

မငိုဘူးဟု ထိန်းထားသော်လည်း လက်ဖမိုးပေါ် ခုန်ပေါက်ပြေးဆင်းသွားသည်က မျက်ရည်တစ်စက်။

"တကယ်ပဲ ကိုယ်သာဆိုရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ကလေးရယ်..."

*   *   *

ဆက်ရန်။

Continue Reading

You'll Also Like

63.8K 6.8K 11
ခိုင်မာတဲ့သက်သေတချို့ရှိနေပေမဲ့ လူတွေအသိမှားနေကြတဲ့ အမှန်တရားတွေအများကြီး။ အမှန်တရားတွေဟာ အသစ်ပေါ်ပေါက်နိုင်တယ်။ ချစ်တယ်ဆိုတဲ့သက်သေ ရင်ခုန်သံတွေကို သ...
221K 24.3K 70
{Zawgyi} အခ်စ္တစ္ခုကိုလြယ္ကူစြာ ေျပာင္းလဲေဆာ့ကစားႏိုင္တဲ႔သီအိုရီကို ကိုယ္တိုင္ကိုယ္က် ဖန္တီး တီထြင္အသုံးျပဳလာခဲ႔တဲ႔ Byun Baekhyun... အခ်စ္တစ္ခုကို...
7.9K 411 4
🍉ပထမဆုံး OneShortလေးအမှတ်တရတွေအများကြီးနဲ့ OneShort လေး 🍉 🍉ပထမဆံုး OneShortေလးအမွတ္တရေတြအမ်ားႀကီးနဲ႔ OneShort ေလး 🍉
44.6K 3.1K 72
ဖတ်ကြည့်နော်😉😉