♕Joker & Harley♕
❦Chapter Twenty-One:Part One❦
ChanBaek BaekYeol
Yaoi
{Warning : rated mature
ေသြးထက္သံယိုေတြ ပါတာေၾကာင့္ပါ}
ေနေရာင္ျခည္ အနည္းငယ္မွ်ကလြဲ အျခားမည္သို႕ေသာ အလင္းေရာင္မ်ိဳးမွ ရွိမေနေသာ အခန္းငယ္ထဲ လူရွစ္ေယာက္မွာ ထိုင္ခံု၌ ၾကိဳးတုပ္လ်က္သား ရွိေနသည္။
ေသြးအလိမ္းလိမ္းျဖင့္ မ်က္ႏွာတို႕က ေအာက္သို႕ ငိုက္စိုက္က်ေနသည္မွာ ႏွိပ္စက္ညွင္းပန္းျခင္းဒဏ္ကို အလူးအလဲ ခံထားရမွန္း သိသာသည္။
သူတို႕ႏွင့္ မနီးမေဝး၌မူ လူေျခာက္ေယာက္က သူတို႕ကို ေစာင့္ၾကပ္လ်က္ရွိ၏။
ရုတ္တရက္ ဖုန္းသံတစ္ခု ထြက္ေပၚလာေသာအခါ ေစာင့္ၾကပ္ေနသည့္ လူေျခာက္ေယာက္အနက္ တစ္ေယာက္က အိပ္ကပ္ထဲရွိ ဖုန္းကို ထုတ္ကိုင္လိုက္သည္။
'ဟုတ္ကဲ႔' တစ္ခြန္းကလြဲ က်န္ဘာစကားတစ္ခြန္းမွ မဆိုေသာ ထိုလူသည္ ဖုန္းကို အိပ္ကပ္ထဲ ျပန္ထည့္လိုက္ျပီး အခန္းတံခါးဆီ ေလွ်ာက္သြားကာ တံခါးဖြင့္ေပးေလ၏။
"Look what we have here~"
တံခါးဖြင့္ကာ ၾကိဳဆိုျခင္း ခံရသူသည္ စကားကို ျဖည္းျဖည္းခ်င္းဆြဲကာ ဆိုရင္း အခန္းထဲ ဝင္ေရာက္လာသည္။
ဂိုဏ္းေခါင္းေဆာင္ ေရာက္ရွိလာမႈေၾကာင့္ လက္ေအာက္ခံဂိုဏ္းသားမ်ား တညီတညြတ္တည္း ဦးညြတ္အရိုအေသျပဳၾကသည္ႏွင့္အတူ ဖမ္းထားခံရသူတို႕မွာလည္း ထိတ္လန္႔မႈေၾကာင့္ ဆတ္ခနဲ ျဖစ္သြား၏။
ဘာဆိုဘာမွ မလုပ္ရေသးပါပဲ ထိုသူ၏ တည္ရွိေနမႈကပင္ ၾကက္သီးထဖြယ္ အေငြ႕အသက္တို႕အား ျဖစ္တည္ေစသလို...။
မ်က္ႏွာထက္ ေဆးေရာင္ျခယ္ထားသည္မို႔ နဂိုျပံဳးေနဟန္ မ်က္ႏွာရွိေနသလို သူကိုယ္တိုင္ကလည္း ႏႈတ္ခမ္းကို တြန္႔ခ်ိဳးကာ ျပံဳးလ်က္ရွိသည္။
"မင္းကို ဖမ္းထားခဲ႔တဲ႔ လူေတြက ဒီလူေတြ ဟုတ္လား honey ~??"
'honey' ဟု ေခၚေဝၚျခင္း ခံရသူ...
ပန္းေလးတစ္ပြင့္လို ပါးလႊာျပီး ျဖဴ စင္ဟန္ ပံုရိပ္ရွိသည့္ Byun BaekHyun မည္ေသာ ေကာင္ေလးက ဖမ္းထားခံရသူ ရွစ္ေယာက္ကို ေသခ်ာၾကည့္ျပီးေနာက္ ေလးေယာက္ကိုသာ လက္ညိွဳးထိုးျပလာသည္။
"သူတို႕ေလးေယာက္ပါပဲ.."
"က်န္တဲ႔သူေတြကို တျခားတစ္ေနရာ ပို႕ထားလိုက္.. ျပီးေတာ့ JinHyuk ကို ဟိုဘက္ခန္းထဲ ခဏထား,ထားလိုက္"
ေခါင္းေဆာင္ျဖစ္သူ Mr.J a.k.a ChanYeol ၏ ေစခိုင္းမႈေၾကာင့္ အေျပာင္းအေရႊ႕လုပ္ရသည္မွာ အနည္းငယ္မွ် ျပာယာခတ္သြားၾကသည္။
အခ်ိန္အနည္းငယ္မွ် ၾကာေသာအခါ ဖမ္းထားခံရသူ ရွစ္ေယာက္အနက္ ေလးေယာက္သာ က်န္ရစ္ခဲ႔၏။
"Mr.J! ေတာင္းပန္ပါတယ္။ အသက္ကို ခ်မ္းသာေပးပါ။ တကယ္ေတာင္းပန္ပါတယ္"
ၾကိဳးမ်ားသာ ျဖည္ေပးလိုက္လွ်င္ သူ၏ ေျခရင္း၌ ဝပ္တြားခယေနမည္မွာ ေသခ်ာေနေသာ ထိုလူ႕နား ChanYeol ေလွ်ာက္သြားလိုက္ကာ ထိုလူ႕မ်က္ႏွာကို လက္ျဖင့္ အသာပင့္ထားလိုက္သည္။
"ေသမွာ ဒီေလာက္ေတာင္ပဲ ေၾကာက္ရသလား ကိုယ့္လူ"
"ေတာင္းပန္ပါတယ္.. အသက္ခ်မ္းသာေပးပါ"
"blah~ blah~ blah~"
နားထင္၌ ေသနတ္ကို ေတ႔ခ်ိန္ထားျခင္း ခံရသည္ႏွင့္ ထိုလူမွာ တစ္ကိုယ္လံုး တုန္ယင္လာေတာ့၏။
မ်က္စိေရွ႕ တဆတ္ဆတ္တုန္ေနသည့္ ထိုသူ၏ ေၾကာက္ရြံ႕တုန္လႈပ္မႈသည္ ChanYeol အျပံဳးတို႕ကုိ ပို၍ပင္ ေတာက္ပလာေစသလို။
"ေကာင္ေလးတစ္ေယာက္ကို ဖမ္းေခၚထားျပီး ဒုစရိုက္ေလာကမွာ ေသာင္းက်န္းခ်င္တိုင္း ေသာင္းက်န္းေနတဲ႔ ဂ်ိဳကာေကာင္နဲ႕ အေပးအယူလုပ္ဖို႕ ၾကိဳးစားေနတဲ႔အခ်ိန္ကေရာ... ေသမွာ မေၾကာက္ခဲ႕ဘူးလား ကိုယ့္လူရာ"
သာမန္အားျဖင့္ အျပံဳးတစ္ခုသည္ ခင္မင္ရင္းႏွီးလြယ္ေစျခင္း၊ ႏွစ္လိုဖြယ္ေကာင္းျခင္းတို႕ကို ျဖစ္ေပၚေစေသာ္လည္း...
ChanYeol မ်က္ႏွာထက္က အျပံဳးတို႕မွာမူ နတ္ဆိုးတစ္ေကာင္၏ အျပံဳးလိုမ်ိဳး ဆင္တူသည္။
မၾကာခင္မွာ မေကာင္းသည့္၊ အႏၲရာယ္ရွိႏိုင္သည့္ ျဖစ္ရပ္တစ္ခု ျဖစ္လာေတာ့မွာလိုမ်ိဳး။
"honey... ဒီလူေတြထဲမွာ ဘယ္သူ မင္းကို ကိုယ္ထိလက္ေရာက္ အႏိုင္က်င့္ေသးလဲ"
ေမးခြန္းအဆံုး ခုနက ေတာင္းပန္ခယေနေသာ သူ၏ တုန္ယင္ေနမႈသည္ ပိုဆိုးလာေလသည္။
BaekHyun ၏ အၾကည့္တို႕က ထိုေလးေယာက္အနက္ ႏွစ္ေယာက္ဆီမွာသာ ထပ္တလဲလဲ ဝဲလ်က္ ရွိေန၏..။
"အဲ႔ဒီလူက ကြ်န္ေတာ့္မ်က္ႏွာကို ထိုးတယ္.. ျပီးေတာ့ ဆံပင္ကို ဆြဲတယ္~"
"ေတာင္းပန္ပါတယ္!! ေတာင္းပန္ပါတယ္!! ခ်မ္း... ခ်မ္းသာေပးပါ!"
ကေလးငယ္တစ္ေယာက္က ျပန္တိုင္ေနသကဲ႔သို႕ BaekHyun သည္ သူ႕ကို ထိုသူ လုပ္ခဲ႔သမွ် ChanYeol အား ျပန္ေျပာသည္။
ထို႕ေနာက္ ေတာင္းပန္ခယေနေသာ ထိုလူ႔မ်က္ႏွာကို တစ္ခ်က္ၾကည့္ကာ မဲ႕ျပံဳးျပံဳးေလ၏။
"အားးးးးးးး!!"
ငရဲခံေနရသူတစ္ေယာက္ကဲ႔သို႕ ဝမ္းေခါင္းသံၾကီး ထြက္ေပၚလာသည္။
အမွန္တကယ္လည္း ငရဲခံေနရျခင္း ျဖစ္၏။
မီးအပူတိုက္ထားသည္မို႕ အေငြ႕တို႕ ထြက္ေနေသာ ဓားတစ္ေခ်ာင္းသည္ လက္တြင္ စိုက္ဝင္ေနျပီး ေသြးပြက္ပြက္က်လ်က္ ရွိသည္။
ထိုဓားေပၚ၌ ChanYeol က လက္တင္ထားျပီး နက္သထက္ နက္နက္ဝင္သြားေအာင္ ဖိခ်ကာ ဓားကို ႏွဲ႔ေန၏။
ထို႕ေနာက္ ဆတ္ခနဲ ျပန္လည္ ႏႈတ္ယူလိုက္သည္။
ေသြးထြက္သံယို ျမင္ကြင္းအား မျမင္လိုစြာ BaekHyun က ေခါင္းကို တစ္ဖက္သို႕ လွည့္ထား၏။
ေပ်ာ့ညံ့သည့္ စိတ္ဓာတ္မွသည္ ၾကံ႕ခိုင္ေသာ စိတ္ဓာတ္မ်ိဳးျဖစ္ေအာင္ ဘယ္ေလာက္ပင္ ၾကိဳးစားေနေသာ္ျငား ဒီလိုေသြးထြက္သံယို ႏွိပ္စက္မႈမ်ိဳးကိုမူ မၾကည့္ႏိုင္ေသး။
ခုနက ဓားစိုက္ထားခဲ႔ေသာ ေနရာကိုပင္ ထပ္ျပီး ဓားေျမွာင္ႏွင့္ ထပ္စိုက္လိုက္ျပန္သည္။
ႏွိပ္စက္ခံေနရေသာ ထိုလူ၏ မ်က္ႏွာတြင္ ေသြးမ်ား၊ ေခြ်းမ်ားႏွင့္ မ်က္ရည္တို႕ ေရာျပြမ္းလ်က္ ရွိ၏။
အသက္ရဲ႕ရဲ႕သာ ရွိေတာ့သလိုမ်ိဳး ထိုလူသည္ သူ႕အား အဆံုးသတ္ေပးပါရန္ အားယူ၍ ေတာင္းဆိုလို႕ ေနသည္။
သိပ္မၾကာလိုက္ခင္ ChanYeol သည္ ဓားထက္ထက္ တစ္လက္ကို ေျမွာက္လိုက္သည္ႏွင့္အတူ ထိုလူ၏ လက္တစ္ဖက္သည္လည္း ျပတ္ထြက္ကာ ၾကမ္းျပင္ေပၚသို႕ ျပဳတ္က်သြား၏။
လက္အျဖတ္ခံလိုက္ရေသာ ထိုလူသည္ နာက်င္မႈဒဏ္ကို အလူးအလဲခံစားေနရကာ ရိႈက္ငိုလ်က္ ရွိသည္။
"သနားေတာင္ သနားလာသလိုပဲ.."
ထို႕ေနာက္ လည္ပင္းအေရွ႕ကေန အေနာက္ကို ထုတ္ခ်င္းေပါက္သည္အထိ ထိုးထည့္လိုက္ကာ ထိုလူ၏ ဘဝကို ChanYeol အဆံုးသတ္ေပးလိုက္သည္။
ပထမဆံုးလူ၏ အဆံုးသတ္ကို ၾကည့္ျပီး က်န္လူမ်ားလည္း ေၾကာက္ဒူးတုန္လ်က္ ရွိ၏။
"ေနာက္ မင္းကို ဘယ္သူ ဘာလုပ္ေသးလဲ honey ~"
"အဲ႔ဒီလူ.. နာမည္က LuKa"
LuKa အမည္ရွိ လူကို ၾကည့္ေနသည့္ BaekHyun ၏ မ်က္လံုးထဲ၌ နာၾကည္းရိပ္ျဖင့္ ျပည့္ႏွက္ေနသည္။
ဤသည္ကို ChanYeol သတိထားမိ၏..။
"သူ.. သူ ကြ်န္ေတာ့္ကို ေသနတ္နဲ႔ ဟိုဟာ ..."
ႏႈတ္ခမ္းတစ္ဖက္ တစ္ခ်က္စီ၌ ျပံဳးေနဟန္ တြန္႕ေကြးေနေအာင္ ေဆးျခယ္ထားေသာ္လည္း ChanYeol ၏ ႏႈတ္ခမ္းတို႕သည္ တင္းတင္းေစ႔လ်က္ ရွိသည္။
BaekHyun သည္လည္း ရုတ္တရက္ ျပန္လည္ သတိရသြားခဲ႔ေသာ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရမႈတစ္ခုေၾကာင့္ လက္သီးတုိ႕ကို တင္းတင္းဆုပ္ထား၏။
LuKa သည္ BaekHyun ကို sex slave အျဖစ္ မေရာင္းစားပစ္ခင္က sexual harassment လုပ္ခဲ႔သည္။ (အရင္ Chapter မ်ားတြင္ ထည့္ေဖာ္ျပထားျခင္း မရွိ)
အနားသို႕ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာေသာ Mr.J(ChanYeol)ကို ၾကည့္ေနရင္း ေသမင္းက မိမိအနားသို႕ တိုးကပ္လာသကဲ႔သို႕ LuKa ခံစားရေလသည္။
ခပ္တင္းတင္းေစ႔ပတ္ထားေသာ ႏႈတ္ခမ္းတို႔က ေဒါသအရိပ္အေယာင္တို႕ကို ျပေနသလို။
ဆံပင္တို႕ကို ေဆာင့္ဆြဲခံလိုက္ရသည္ႏွင့္အတူ LuKa ေခါင္းကို ေမာ႔ထားရသည္။
ခု ChanYeol ႏႈတ္ခမ္းတို႕ ျပံဳးေနျပန္၏။
"သူ႕ကို ငါ ပိုင္တာ~"
ျဖည္းညွင္းစြာ ခပ္ေလးေလး ေျပာလာေသာ စကားေၾကာင့္ LuKa ၾကက္သီးထလာသည္။
"ငါတစ္ေယာက္တည္း ပိုင္တာ..."
"ေတာင္း.. ေတာင္းပန္ပါတယ္ Mr.J!"
"HOW DARE YOU!"
LuKa ၏ လက္ေမာင္းရင္းမွေန၍ လက္ဖမိုးထိ အသားတို႕ကို ဓားျဖင့္ ဆြဲခ်ကာ ခြဲပစ္ေနေသာ ChanYeol ဟာ လံုးဝနတ္ဆိုးတစ္ေကာင္လို။
ေသြးမ်ား ျမင္မေကာင္းထြက္က်ေနျပီး နာက်င္မႈေၾကာင့္ ေအာ္ဟစ္ေနေသာ LuKa ၏ ပံုရိပ္က သူ႕အား စိတ္ေက်နပ္မႈကို ေပးႏိုင္ပံုရသည္။
မေကာင္းဆိုးဝါးတစ္ေကာင္လိုမ်ိဳး ChanYeol ကို ျမင္ရသည္ကိုေတာင္ စက္ဆုပ္ရြံရွာျခင္း၊ ေၾကာက္ရြံ႕ထိတ္လန္႔ျခင္း မျဖစ္မိသည့္ ကိုယ့္ကိုကိုယ္ BaekHyun အံ႔ၾသေနသည္။
ChanYeol အေပၚ ထားေသာ အခ်စ္တို႕သည္ သူ၏ အသိဥာဏ္ႏွင့္ လူသားဆန္မႈကို ဖ်က္ဆီး၏။
"မွားသြားပါတယ္.. မွားသြားပါတယ္ Mr.J! ဒီအတိုင္း ကြ်န္ေတာ့္ကို ေသခြင့္ျပဳပါ။ ေတာင္းပန္ပါတယ္"
"ဒီလို လြယ္လြယ္ အရံႈးမေပးနဲ႔ဦးေလ.. မင္း ခႏၶာကိုယ္ကို အပိုင္းပိုင္း ျဖတ္ဦးမွာ"
ေပါင္တစ္ဖက္၌ စူးနစ္ဝင္သြားသည့္ ဓားသြားထက္ထက္။
ဒီအတိုင္း ထိုးစိုက္ထားသည္မဟုတ္ပဲ ဓားကို ဟိုသည္ႏွဲ႕ကာ ေမႊေႏွာက္ေနသျဖင့္ နာက်င္မႈကို အသည္းခိုက္မတတ္။
ဒီပံုအတိုင္းဆို အနာရွိန္ေၾကာင့္ေရာ၊ ေသြးထြက္လြန္တာေၾကာင့္ပါ ေသဖို႕ အခ်ိန္သိပ္မၾကာေလာက္။
ChanYeol သည္ ဘယ္ဘက္ေပါင္မွ ဓားကို ႏႈတ္ကာ ညာဘက္ေပါင္သို႕ ထိုးစိုက္ေနျပန္သည္။
BaekHyun သည္လည္း ChanYeol ၏ ေသြးေအးရက္စက္မႈတို႕ကို ဒီအတိုင္း ရပ္ၾကည့္ေနရံုကလြဲ မတတ္ႏိုင္။
သို႕ေပမယ့္ LuKa အေပၚကိုေတာ့ သနားစိတ္နည္းနည္းေလးပင္ မဝင္မိ။
"သူ႕လက္ႏွစ္ဖက္လံုးကို ျဖတ္ပစ္လိုက္!"
ေအးစက္စက္ ေျပာျပီး အခန္းထဲကေန ထြက္သြားေသာအခါ BaekHyun သည္လည္း ေနာက္က လိုက္ရသည္။
သူတို႕၏ ေနာက္ဦးတည္ရာက JinHyuk ရွိေနသည့္ အခန္း...။
♕Joker & Harley♕
Chapter Twenty-One : Part One ends~
ဒီထက္ပိုျပီး ရက္စက္ခိုင္းမလို႕ ဆိုေပမယ့္ ChanYeol ကို အရမ္းရက္စက္ေသြးဆိုးတဲ႔ လူအျဖစ္ျမင္ျပီး reader ေတြ ေၾကာက္ကုန္မွာစိုးလို႔ 😁
ဒီေန႕အတြင္းပဲ Part Two ကို ထပ္ update ေပးပါ့မယ္ေနာ္ 😊
#ChanBaekLove
#EternalChanBaek
Unicode
{Warning : rated mature
သွေးထက်သံယိုတွေ ပါတာကြောင့်ပါ}
နေရောင်ခြည် အနည်းငယ်မျှကလွဲ အခြားမည်သို့သော အလင်းရောင်မျိုးမှ ရှိမနေသော အခန်းငယ်ထဲ လူရှစ်ယောက်မှာ ထိုင်ခုံ၌ ကြိုးတုပ်လျက်သား ရှိနေသည်။
သွေးအလိမ်းလိမ်းဖြင့် မျက်နှာတို့က အောက်သို့ ငိုက်စိုက်ကျနေသည်မှာ နှိပ်စက်ညှင်းပန်းခြင်းဒဏ်ကို အလူးအလဲ ခံထားရမှန်း သိသာသည်။
သူတို့နှင့် မနီးမဝေး၌မူ လူခြောက်ယောက်က သူတို့ကို စောင့်ကြပ်လျက်ရှိ၏။
ရုတ်တရက် ဖုန်းသံတစ်ခု ထွက်ပေါ်လာသောအခါ စောင့်ကြပ်နေသည့် လူခြောက်ယောက်အနက် တစ်ယောက်က အိပ်ကပ်ထဲရှိ ဖုန်းကို ထုတ်ကိုင်လိုက်သည်။
'ဟုတ်ကဲ့' တစ်ခွန်းကလွဲ ကျန်ဘာစကားတစ်ခွန်းမှ မဆိုသော ထိုလူသည် ဖုန်းကို အိပ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး အခန်းတံခါးဆီ လျှောက်သွားကာ တံခါးဖွင့်ပေးလေ၏။
"Look what we have here~"
တံခါးဖွင့်ကာ ကြိုဆိုခြင်း ခံရသူသည် စကားကို ဖြည်းဖြည်းချင်းဆွဲကာ ဆိုရင်း အခန်းထဲ ဝင်ရောက်လာသည်။
ဂိုဏ်းခေါင်းဆောင် ရောက်ရှိလာမှုကြောင့် လက်အောက်ခံဂိုဏ်းသားများ တညီတညွတ်တည်း ဦးညွတ်အရိုအသေပြုကြသည်နှင့်အတူ ဖမ်းထားခံရသူတို့မှာလည်း ထိတ်လန့်မှုကြောင့် ဆတ်ခနဲ ဖြစ်သွား၏။
ဘာဆိုဘာမှ မလုပ်ရသေးပါပဲ ထိုသူ၏ တည်ရှိနေမှုကပင် ကြက်သီးထဖွယ် အငွေ့အသက်တို့အား ဖြစ်တည်စေသလို...။
မျက်နှာထက် ဆေးရောင်ခြယ်ထားသည်မို့ နဂိုပြုံးနေဟန် မျက်နှာရှိနေသလို သူကိုယ်တိုင်ကလည်း နှုတ်ခမ်းကို တွန့်ချိုးကာ ပြုံးလျက်ရှိသည်။
"မင်းကို ဖမ်းထားခဲ့တဲ့ လူတွေက ဒီလူတွေ ဟုတ်လား honey ~??"
'honey' ဟု ခေါ်ဝေါ်ခြင်း ခံရသူ...
ပန်းလေးတစ်ပွင့်လို ပါးလွှာပြီး ဖြူ စင်ဟန် ပုံရိပ်ရှိသည့် Byun BaekHyun မည်သော ကောင်လေးက ဖမ်းထားခံရသူ ရှစ်ယောက်ကို သေချာကြည့်ပြီးနောက် လေးယောက်ကိုသာ လက်ညှိုးထိုးပြလာသည်။
"သူတို့လေးယောက်ပါပဲ.."
"ကျန်တဲ့သူတွေကို တခြားတစ်နေရာ ပို့ထားလိုက်.. ပြီးတော့ JinHyuk ကို ဟိုဘက်ခန်းထဲ ခဏထား,ထားလိုက်"
ခေါင်းဆောင်ဖြစ်သူ Mr.J a.k.a ChanYeol ၏ စေခိုင်းမှုကြောင့် အပြောင်းအရွှေ့လုပ်ရသည်မှာ အနည်းငယ်မျှ ပြာယာခတ်သွားကြသည်။
အချိန်အနည်းငယ်မျှ ကြာသောအခါ ဖမ်းထားခံရသူ ရှစ်ယောက်အနက် လေးယောက်သာ ကျန်ရစ်ခဲ့၏။
"Mr.J! တောင်းပန်ပါတယ်။ အသက်ကို ချမ်းသာပေးပါ။ တကယ်တောင်းပန်ပါတယ်"
ကြိုးများသာ ဖြည်ပေးလိုက်လျှင် သူ၏ ခြေရင်း၌ ဝပ်တွားခယနေမည်မှာ သေချာနေသော ထိုလူ့နား ChanYeol လျှောက်သွားလိုက်ကာ ထိုလူ့မျက်နှာကို လက်ဖြင့် အသာပင့်ထားလိုက်သည်။
"သေမှာ ဒီလောက်တောင်ပဲ ကြောက်ရသလား ကိုယ့်လူ"
"တောင်းပန်ပါတယ်.. အသက်ချမ်းသာပေးပါ"
"blah~ blah~ blah~"
နားထင်၌ သေနတ်ကို တေ့ချိန်ထားခြင်း ခံရသည်နှင့် ထိုလူမှာ တစ်ကိုယ်လုံး တုန်ယင်လာတော့၏။
မျက်စိရှေ့ တဆတ်ဆတ်တုန်နေသည့် ထိုသူ၏ ကြောက်ရွံ့တုန်လှုပ်မှုသည် ChanYeol အပြုံးတို့ကို ပို၍ပင် တောက်ပလာစေသလို။
"ကောင်လေးတစ်ယောက်ကို ဖမ်းခေါ်ထားပြီး ဒုစရိုက်လောကမှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ ဂျိုကာကောင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတဲ့အချိန်ကရော... သေမှာ မကြောက်ခဲ့ဘူးလား ကိုယ့်လူရာ"
သာမန်အားဖြင့် အပြုံးတစ်ခုသည် ခင်မင်ရင်းနှီးလွယ်စေခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်းတို့ကို ဖြစ်ပေါ်စေသော်လည်း...
ChanYeol မျက်နှာထက်က အပြုံးတို့မှာမူ နတ်ဆိုးတစ်ကောင်၏ အပြုံးလိုမျိုး ဆင်တူသည်။
မကြာခင်မှာ မကောင်းသည့်၊ အန္တရာယ်ရှိနိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ်လာတော့မှာလိုမျိုး။
"honey... ဒီလူတွေထဲမှာ ဘယ်သူ မင်းကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်သေးလဲ"
မေးခွန်းအဆုံး ခုနက တောင်းပန်ခယနေသော သူ၏ တုန်ယင်နေမှုသည် ပိုဆိုးလာလေသည်။
BaekHyun ၏ အကြည့်တို့က ထိုလေးယောက်အနက် နှစ်ယောက်ဆီမှာသာ ထပ်တလဲလဲ ဝဲလျက် ရှိနေ၏..။
"အဲ့ဒီလူက ကျွန်တော့်မျက်နှာကို ထိုးတယ်.. ပြီးတော့ ဆံပင်ကို ဆွဲတယ်~"
"တောင်းပန်ပါတယ်!! တောင်းပန်ပါတယ်!! ချမ်း... ချမ်းသာပေးပါ!"
ကလေးငယ်တစ်ယောက်က ပြန်တိုင်နေသကဲ့သို့ BaekHyun သည် သူ့ကို ထိုသူ လုပ်ခဲ့သမျှ ChanYeol အား ပြန်ပြောသည်။
ထို့နောက် တောင်းပန်ခယနေသော ထိုလူ့မျက်နှာကို တစ်ချက်ကြည့်ကာ မဲ့ပြုံးပြုံးလေ၏။
"အားးးးးးးး!!"
ငရဲခံနေရသူတစ်ယောက်ကဲ့သို့ ဝမ်းခေါင်းသံကြီး ထွက်ပေါ်လာသည်။
အမှန်တကယ်လည်း ငရဲခံနေရခြင်း ဖြစ်၏။
မီးအပူတိုက်ထားသည်မို့ အငွေ့တို့ ထွက်နေသော ဓားတစ်ချောင်းသည် လက်တွင် စိုက်ဝင်နေပြီး သွေးပွက်ပွက်ကျလျက် ရှိသည်။
ထိုဓားပေါ်၌ ChanYeol က လက်တင်ထားပြီး နက်သထက် နက်နက်ဝင်သွားအောင် ဖိချကာ ဓားကို နှဲ့နေ၏။
ထို့နောက် ဆတ်ခနဲ ပြန်လည် နှုတ်ယူလိုက်သည်။
သွေးထွက်သံယို မြင်ကွင်းအား မမြင်လိုစွာ BaekHyun က ခေါင်းကို တစ်ဖက်သို့ လှည့်ထား၏။
ပျော့ညံ့သည့် စိတ်ဓာတ်မှသည် ကြံ့ခိုင်သော စိတ်ဓာတ်မျိုးဖြစ်အောင် ဘယ်လောက်ပင် ကြိုးစားနေသော်ငြား ဒီလိုသွေးထွက်သံယို နှိပ်စက်မှုမျိုးကိုမူ မကြည့်နိုင်သေး။
ခုနက ဓားစိုက်ထားခဲ့သော နေရာကိုပင် ထပ်ပြီး ဓားမြှောင်နှင့် ထပ်စိုက်လိုက်ပြန်သည်။
နှိပ်စက်ခံနေရသော ထိုလူ၏ မျက်နှာတွင် သွေးများ၊ ချွေးများနှင့် မျက်ရည်တို့ ရောပြွမ်းလျက် ရှိ၏။
အသက်ရဲ့ရဲ့သာ ရှိတော့သလိုမျိုး ထိုလူသည် သူ့အား အဆုံးသတ်ပေးပါရန် အားယူ၍ တောင်းဆိုလို့ နေသည်။
သိပ်မကြာလိုက်ခင် ChanYeol သည် ဓားထက်ထက် တစ်လက်ကို မြှောက်လိုက်သည်နှင့်အတူ ထိုလူ၏ လက်တစ်ဖက်သည်လည်း ပြတ်ထွက်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။
လက်အဖြတ်ခံလိုက်ရသော ထိုလူသည် နာကျင်မှုဒဏ်ကို အလူးအလဲခံစားနေရကာ ရှိုက်ငိုလျက် ရှိသည်။
"သနားတောင် သနားလာသလိုပဲ.."
ထို့နောက် လည်ပင်းအရှေ့ကနေ အနောက်ကို ထုတ်ချင်းပေါက်သည်အထိ ထိုးထည့်လိုက်ကာ ထိုလူ၏ ဘဝကို ChanYeol အဆုံးသတ်ပေးလိုက်သည်။
ပထမဆုံးလူ၏ အဆုံးသတ်ကို ကြည့်ပြီး ကျန်လူများလည်း ကြောက်ဒူးတုန်လျက် ရှိ၏။
"နောက် မင်းကို ဘယ်သူ ဘာလုပ်သေးလဲ honey ~"
"အဲ့ဒီလူ.. နာမည်က LuKa"
LuKa အမည်ရှိ လူကို ကြည့်နေသည့် BaekHyun ၏ မျက်လုံးထဲ၌ နာကြည်းရိပ်ဖြင့် ပြည့်နှက်နေသည်။
ဤသည်ကို ChanYeol သတိထားမိ၏..။
"သူ.. သူ ကျွန်တော့်ကို သေနတ်နဲ့ ဟိုဟာ ..."
နှုတ်ခမ်းတစ်ဖက် တစ်ချက်စီ၌ ပြုံးနေဟန် တွန့်ကွေးနေအောင် ဆေးခြယ်ထားသော်လည်း ChanYeol ၏ နှုတ်ခမ်းတို့သည် တင်းတင်းစေ့လျက် ရှိသည်။
BaekHyun သည်လည်း ရုတ်တရက် ပြန်လည် သတိရသွားခဲ့သော လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတစ်ခုကြောင့် လက်သီးတို့ကို တင်းတင်းဆုပ်ထား၏။
LuKa သည် BaekHyun ကို sex slave အဖြစ် မရောင်းစားပစ်ခင်က sexual harassment လုပ်ခဲ့သည်။ (အရင် Chapter များတွင် ထည့်ဖော်ပြထားခြင်း မရှိ)
အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသော Mr.J(ChanYeol)ကို ကြည့်နေရင်း သေမင်းက မိမိအနားသို့ တိုးကပ်လာသကဲ့သို့ LuKa ခံစားရလေသည်။
ခပ်တင်းတင်းစေ့ပတ်ထားသော နှုတ်ခမ်းတို့က ဒေါသအရိပ်အယောင်တို့ကို ပြနေသလို။
ဆံပင်တို့ကို ဆောင့်ဆွဲခံလိုက်ရသည်နှင့်အတူ LuKa ခေါင်းကို မော့ထားရသည်။
ခု ChanYeol နှုတ်ခမ်းတို့ ပြုံးနေပြန်၏။
"သူ့ကို ငါ ပိုင်တာ~"
ဖြည်းညှင်းစွာ ခပ်လေးလေး ပြောလာသော စကားကြောင့် LuKa ကြက်သီးထလာသည်။
"ငါတစ်ယောက်တည်း ပိုင်တာ..."
"တောင်း.. တောင်းပန်ပါတယ် Mr.J!"
"HOW DARE YOU!"
LuKa ၏ လက်မောင်းရင်းမှနေ၍ လက်ဖမိုးထိ အသားတို့ကို ဓားဖြင့် ဆွဲချကာ ခွဲပစ်နေသော ChanYeol ဟာ လုံးဝနတ်ဆိုးတစ်ကောင်လို။
သွေးများ မြင်မကောင်းထွက်ကျနေပြီး နာကျင်မှုကြောင့် အော်ဟစ်နေသော LuKa ၏ ပုံရိပ်က သူ့အား စိတ်ကျေနပ်မှုကို ပေးနိုင်ပုံရသည်။
မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး ChanYeol ကို မြင်ရသည်ကိုတောင် စက်ဆုပ်ရွံရှာခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်မိသည့် ကိုယ့်ကိုကိုယ် BaekHyun အံ့သြနေသည်။
ChanYeol အပေါ် ထားသော အချစ်တို့သည် သူ၏ အသိဉာဏ်နှင့် လူသားဆန်မှုကို ဖျက်ဆီး၏။
"မှားသွားပါတယ်.. မှားသွားပါတယ် Mr.J! ဒီအတိုင်း ကျွန်တော့်ကို သေခွင့်ပြုပါ။ တောင်းပန်ပါတယ်"
"ဒီလို လွယ်လွယ် အရှုံးမပေးနဲ့ဦးလေ.. မင်း ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ဦးမှာ"
ပေါင်တစ်ဖက်၌ စူးနစ်ဝင်သွားသည့် ဓားသွားထက်ထက်။
ဒီအတိုင်း ထိုးစိုက်ထားသည်မဟုတ်ပဲ ဓားကို ဟိုသည်နှဲ့ကာ မွှေနှောက်နေသဖြင့် နာကျင်မှုကို အသည်းခိုက်မတတ်။
ဒီပုံအတိုင်းဆို အနာရှိန်ကြောင့်ရော၊ သွေးထွက်လွန်တာကြောင့်ပါ သေဖို့ အချိန်သိပ်မကြာလောက်။
ChanYeol သည် ဘယ်ဘက်ပေါင်မှ ဓားကို နှုတ်ကာ ညာဘက်ပေါင်သို့ ထိုးစိုက်နေပြန်သည်။
BaekHyun သည်လည်း ChanYeol ၏ သွေးအေးရက်စက်မှုတို့ကို ဒီအတိုင်း ရပ်ကြည့်နေရုံကလွဲ မတတ်နိုင်။
သို့ပေမယ့် LuKa အပေါ်ကိုတော့ သနားစိတ်နည်းနည်းလေးပင် မဝင်မိ။
"သူ့လက်နှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်!"
အေးစက်စက် ပြောပြီး အခန်းထဲကနေ ထွက်သွားသောအခါ BaekHyun သည်လည်း နောက်က လိုက်ရသည်။
သူတို့၏ နောက်ဦးတည်ရာက JinHyuk ရှိနေသည့် အခန်း...။
♕Joker & Harley♕