ဆူး

By akyinnamon

2.1M 212K 13.2K

(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ More

Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)

Part 3

31.3K 3.2K 181
By akyinnamon

"ရှိုင်းထွဋ်.."

"မေ.."

"ဘာမေလဲ..ကဲဟာ.."

ဖြောင်းခနဲနေအောင် အရိုက်ခံလိုက်ရသောကြောင့် ရှိုင်းထွဋ် ကျောကော့သွားသည်။ ပြောင်လိုက်သည့် လက်သံ။ သူ့မိခင် ဒေါ်မိမိတင်သည် လက်ကတိုသလောက် အရိုက်ကသန်သည်။ တစ်ချက်၊ တစ်ချက် သူ့ကျောကို ရိုက်လိုက်လျှင် အဆုတ်ကွာမလား ထင်ရသည်။ အခုလည်းကြည့်။ ကျောင်းအုပ်ရုံးခန်းထဲသို့ရောက်သည်နှင့် ဘာဖြစ်သည်လဲ မမေး။ ဘယ်သူစလဲ မသိချင်။ သူ့ကိုဆော်ဖို့သာ နားလည်သည်။

"ထွဋ်ထွဋ်.. နင် ဒီဒီ့ကို ဘာလုပ်ပြန်ပြီလဲ။"

"သူ အရင်စတာ မေမေရ။"

"ဘာလဲ ဒီဒီက နင့်ကို ဘယ်တုန်းကမှ ရန်မရှာဘူး။ နင်ပဲ ခွေးရူးအရိုးမြင်သလို ဒီဒီ့တွေ့တိုင်း ရန်လိုနေတာ။"

ဒေါ်မိမိတင်သည် လုံးလုံးပြည့်ပြည့်ဖြစ်သည်။ အ၀ကြီးတော့မဟုတ်။ အရပ်က ပုသောကြောင့်သာ တုတ်တုတ်ခိုင်ခိုင်လို ထင်ရခြင်းဖြစ်သည်။ အလှအပမကြိုက်။ သနပ်ခါးတောင် သူမ စိတ်ပါမှလိမ်းတတ်သည်။ ဆံပင်ကိုလည်း အသက်ကြီးမှ အသိမိတ်ဆွေတွေ ၀ိုင်းပြောလွန်း၍ ဆံထုံးထုံး၍ရလောက်အောင်သာ ခပ်ရှည်ရှည်ထားခြင်းဖြစ်သည်။

"မဟုတ်ပါဘူး မမမိရယ်။ ဒီကောင်လေး ဆိုးလို့ပါ။ သူ သွားစတာ သေချာတယ်။ သား ရှိုင်းက ဘယ်တုန်းကမှ မလိုဘဲ မလုပ်ဘူး။ အခုခံရတာ နည်းတောင်နည်းသေး။"

ဒါက ဒေါ်မြလေး။ ဒီမိုးယံ၏ မိခင်။ အသက် လေးဆယ်ကျော်နေတာတောင် မိန်းမပျိုတစ်ယောက်လို လှတုန်း၊ နုတုန်း။ ချပ်ရပ်သော ကိုယ်မှာ အ၀တ်အစားမတောက်ပြောင်ပေမယ့် ယဉ်ယဉ်လေးနှင့် ချစ်ဖို့ကောင်းသည်။ စကားပြောလျှင်လည်း ဘယ်တော့မှ အလောမကြီးသလို အလျှင်မလို။ လေသံအေးအေးလေးနှင့် နားဝင်ချိုအောင် ပြောတတ်သည်။

ဒီလိုမိခင်မျိုးကိုရထားသော ဒီမိုးယံကို ရှိုင်းထွဋ် မနာလိုဖြစ်မိသည်။ ဖြစ်နိုင်လျှင် သူ့မိခင် ဒေါ်မိမိတင်နှင့် လဲလိုက်ချင်သည်။

"ဘယ်ကလာ မြလေးရယ်။ ထွဋ်ထွဋ်ကြောင့်ပါ။ ကြည့်ပါဦး.. ကလေး မျက်နှာတစ်ခြမ်းလုံး ဖူးရောင်နေတာပဲ။"

ဒီမိုးယံ၏ မေးစေ့ကို ဘုရားတင်ရမည့် ပန်းတစ်ပွင့်လို ဒေါ်မိမိတင် တယုတယကိုင်မကာ ဟိုဘက်သည်ဘက် လှည့်ကြည့်နေသည်။ ကောင်စုတ်လေးကလည်း အခုမှ သေခါနီးလူနာတစ်ယောက်လို မျက်နှာကို သနားစရာကောင်းအောင် ညှိုးပြနေသည်။ အခုနက တစ်ချိန်လုံးရှိနေသည့် ပြောင်စပ်စပ်မျက်နှာကို အစပင် ရှာမရတော့။ တအားအား၊ တကျွတ်ကျွတ်ဖြင့် စုတ်သပ်နေသည်မှာ ရုပ်ရှင်ကားကြီးတစ်ကား၏ ဇာတ်ဝင်ခန်းဆိုလျှင် အကယ်ဒမီ ရလောက်သည်။

ဖြစ်နိုင်လျှင် ကောင်းနေသည့် ပါးတစ်ဖက်ကို သူ နောက်တစ်ကြိမ် ထ ထိုးလိုက်ချင်သည်။

"သနားပါတယ်ကွယ်။ ဒီလောက်ချောတဲ့ မျက်နှာလေးကို နင်မို့လုပ်ရက်တယ်။"

"ဖြောင်း.."

"အား.. ရား.. မေကြီးရ.. နာတယ်ဗျ။"

"သူများကိုလုပ်တော့ မနာရဘူးလားဟင်။"

ဒေါ်မိမိတင်မှာ ရှိုင်းထွဋ်ကို ပြောလည်းပြော၊ ဗိုက်ခေါက်ကိုလည်းဆွဲလိမ်သည်။ ပြုတ်တူတစ်ချောင်းထက်သန်သော လက်များကြောင့် ရှိုင်းထွဋ်တစ်ယောက် တီကောင်ဆားပက်ခံရသလို တွန့်လိမ်နေတော့သည်။

သူ့မှာ ဒီမိုးယံကို တစ်ခါသာ ထိုးရသည်။ သူ့အမေ သူ့ကို ပြန်ဆော်နေသည်မှာ နှစ်ခါရှိပြီမို့ သိပ်တော့မသက်သာ။ ဒါကလည်း ထုံးစံပဲဖြစ်သည်။ ဒီမိုးယံဆိုလျှင် မိမိသားအရင်းမဟုတ်ပေမယ့် ဒေါ်မိမိတင် အလွန်ချစ်သည်။ အခြားသူများနှင့် ရန်ဖြစ်၍ ဒေါ်မြလေးကဆူလျှင်၊ ရိုက်လျှင်ပင် သူမက ဒီမိုးယံရှေ့မှာ ကာပေးနေကြ။

"သားရှိုင်းကြောင့်မဟုတ်ပါဘူး မမမိရယ်။ မြ ကိုယ့်သားအကြောင်းကိုယ်သိပါတယ်။ ဒီဒီကသာ ရန်သွားစတာ။"

"ထွဋ်ထွဋ်ကြောင့်ပါ မြရယ်။"

"အဟမ်း.. အဟမ်း..."

ဒေါ်ဝင်းကြည် ချောင်းဟန့်ရင်း ရုံးခန်းထဲတွင် သူမလည်းရှိသေးကြောင်း အသိပေးရသည်။ ရောက်လာကတည်းက ကိုယ့်သားကိုယ် အပြစ်ပြောနေသော ဒေါ်မိမိတင်နှင့် ဒေါ်မြလေးတို့ကြားတွင် သူမ စကားတစ်ခွန်းမှ မစရသေး။

သားနှစ်ယောက်က မတည့်သလောက် မိခင်နှစ်ယောက်က ညီအစ်မများလား ထင်ရအောင် တစ်ယောက်နှင့်တစ်ယောက် ချစ်လွန်းသည်။ တစ်ခါတစ်ရံ သူ့သားကို ကိုယ့်သားထက် ပိုချစ်သလားဟုပင် ဒေါ်ဝင်းကြည် သံသယ၀င်ရသည်အထိ။ ဒီမိုးယံအမေ ဒေါ်မြလေးက ရှိုင်းထွဋ်ကို ချစ်လွန်းသလောက် ရှိုင်းထွဋ်အမေ ဒေါ်မိမိတင်မှာ ဒီမိုးယံကို ဘယ်တော့မှ အပြစ်မမြင်ခဲ့။

ဒီအတိုင်းဆက်လွှတ်ထားလို့တော့ မရတော့။ သူမလည်း စကားလေးဘာလေး ၀င်ပြောမှဖြစ်မည်။ ကျောင်းအုပ်ဆရာမကြီးသိက္ခာကို အကျခံ၍မဖြစ်။

"မိမိ... မြလေး.. ငါ ညည်းတို့ကိုခေါ်တာ..."

ဒေါ်ဝင်းကြည် စကားမဆုံးလိုက်။ ရုံးခန်းပေါက်ဝမှ ရှိုင်းထွဋ်၏ဖခင်ဦးမင်းမင်းနှင့် ဒီမိုးယံဖခင်ဖြစ်သူ ဦးကျော်ဇောတို့ပါ ၀င်လာသည်။ ဒေါ်ဝင်းကြည်မျက်လုံးပြူးသွားသည်။ ဘယ့်နှယ် မိစုံဖစုံ ပေါ်လာကြသည်မသိ။

"ထွဋ်ထွဋ်ရေ... ငါ့သားကတော့ လုပ်ချလိုက်ပြန်ပြီကွာ။ ဟား ဟား.."

ဦးမင်းမင်းက မိမိသားကို ၀မ်းသာအားရ အားပေးရေရွတ်တော့ ဒေါ်မြလေးကပြုံးသည်။ ဒေါ်မိမိတင်က ယောက်ျားဖြစ်သူကို မျက်စောင်းထိုးသည်။

ဦးမင်းမင်းက ဒေါ်မိမိတင်ထက် အသက်ဆယ်ငါးနှစ်ကျော်ပိုကြီးသည်။ ဒါပေမယ့် ရပ်ကွက်ထဲတွင် ခန့်ချောကြီးဟု အပြောခံရလောက်အောင် မိမိကိုယ်ကို ဂရုစိုက်သည်။ အ၀တ်အစားဆိုလျှင် မီးပူတိုက်ပြီးမှ၊ ဖိနပ်ဆိုလျှင် ဖုန်စင်အောင်သုတ်ပြီးမှ ၀တ်လေ့၊ စီးလေ့ရှိသည်။ ဆံပင်ဖြူကိုလည်း အမည်းရောင်ဆေးဆိုးရမှနေတတ်သည်။

ပျော်ပျော်နေတတ်ပေမယ့် အိမ်နီးချင်းဖြစ်သူ ဒီမိုးယံ၏ဖခင်ဖြစ်သူ ဦးကျော်ဇောနှင့်မတည့်။ သားဖြစ်သူ ရှိုင်းထွဋ်က ဒီမိုးယံကိုချတိုင်း သူက ၀မ်းသာနေတတ်သည်။ ဒီမိုးယံကို နာစေချင်၍တော့မဟုတ်။ ဦးကျော်ဇောကို နိုင်လိုက်ရသည်ဟု ခံယူထားသောကြောင့်ဖြစ်သည်။ အခုလည်း မျက်နှာပျက်နေသော ဦးကျော်ဇောကိုကြည့်ရင်း ဦးမင်းမင်း အကျေနပ်ကြီးကျေနပ်နေသည်။

ဦးကျော်ဇောသည် ဦးမင်းမင်းထက် အသက်အများကြီးငယ်ပေမယ့် ပိုရင့်သည်။ ညနေစောင်းတိုင်း တစ်ခွက်တစ်လေပါဆိုကာ သောက်လေ့သောက်ထရှိသော အရက်ခွက်များဒဏ်လည်းပါမည်။ ဆံပင်တွေရော မုတ်ဆိတ်တွေပါ အဖြူနှင့်အမည်းရောကာ ဖိုးရိုးဖားရားနှင့် ကြည့်ရဆိုးသည်။ အကျီင်္လည်ပင်းပေါက်မှ မြင်နေရသော အမွှေးအမျှင်များသည်ပင် ဖြူနေပြီဖြစ်သည်။ ပိန်လှီသောလက်ဖျံနှင့် လက်မောင်းများမှ အကြောများမှာ ထင်းနေပြီး ခေါင်းဖြူဆံကျွတ်အဘိုးကြီးငယ်တစ်ယောက်ပုံ ပေါက်နေသည်။

"ဆရာမကြီးရာ.. အမိမိုက်တော့နှုတ်ကြမ်း.. အဖမိုက်တော့လက်ရမ်းတဲ့။ ကလေးကို အဖေက မဆုံးမမှတော့ ဒါမျိုးခဏခဏဖြစ်တာ မထူးဆန်းပါဘူး။"

"ဦးကျော်ဇောရယ်.. ဆိုရိုးက အမိယုတ်နှုတ်ကြမ်း အဖယုတ်လက်ကြမ်းပါ။"

ဒေါ်ဝင်းကြည် စိတ်ပျက်လက်ပျက်ဆိုသည်။ ဦးမင်းမင်းကတော့ ကြားလိုက်ရသည့်စကားကြောင့် အမြီးနင်းခံလိုက်ရသည့် မြွေဟောက်တစ်ကောင်လို ပါးပြင်းထောင်သွားသည်။

"ကျုပ်က မဆုံးမလို့ ဟုတ်လား ဦးကျောဇော။ ဒီမယ်.. ကျုပ်သားကို ကျုပ် အမြဲဆုံးမတယ်။ ယောက်ျားဆိုရင် ခိုးကြောင်ခိုးဝှက် လုပ်နေစရာမလိုဘူး။ ပြောစရာရှိရင် သတ္တိရှိရှိ ပြော။ လုပ်စရာရှိရင် သတ္တိရှိရှိ ပေါ်တင်လုပ်လို့ အမြဲဆုံးမတယ်။"

"ခင်ဗျား ဘာစကားပြောတာလဲ။"

"ရှင်းပါတယ်။ ကျုပ်ခြံထဲမှာ အမှိုက်တွေလာပစ်ထားတာ ခင်ဗျားမဟုတ်ဘူးလား။"

"ခင်ဗျားမျက်စိနဲ့မြင်လို့စွပ်စွဲနေတာလား။"

"မြင်စရာမလိုဘူး။ ခင်ဗျားလုပ်မှန်း လူတိုင်းသိတယ်။ ယောက်ျားရင့်မကြီးဖြစ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ဗျာ။"

"ဟား ဟား.. သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါပဲ။ ကျုပ်သရက်ပင်က သရက်သီးတွေကို ညကြီးမိုးချုပ် လာခိုးခူးတာ ဘယ်သူလဲဗျ ဦးမင်းမင်း။ ဟင်.. ပြောစမ်းပါ။"

"ဒါကတော့ ခင်ဗျားသရက်ကိုင်းက ကျုပ်ခြံထဲရောက်နေတာကို။"

"အပင်က ကျုပ်အပင်ဗျ။ ပင်စည်ရော အမြစ်ရော ကျုပ်ခြံထဲမှာ။"

"သေချာလို့လား။ သရက်ပင်အမြစ်တွေ ကျုပ်ခြံထဲမှာလည်းရှိတယ်။ မြေကြီးအောက်မှာ ရှိတဲ့အမြစ်တွေ ဘယ်ခြံမှာရှိလဲ ဖော်ကြည့်မလား။"

"တော်ကြစမ်း။ ဘယ့်နှယ် ရှင်တို့အရှုပ်တွေကိုရှင်းဖို့ ကျွန်မခေါ်ထားတာမဟုတ်ဘူး။"

ဒေါ်ဝင်းကြည် ကြိမ်လုံးဖြင့် စားပွဲကို တဖုန်းဖုန်းရိုက်ရပြန်သည်။ လူကြီးနှစ်ယောက်က ကလေးနှစ်ယောက်ထက်ပိုဆိုးတော့ သူမမှာ ကလေးတွေကိုဆူဖို့ထက် လူကြီးတွေကို တရားပြရတော့မလို ဖြစ်နေပြီဖြစ်သည်။

"တီချယ့်ကို အားနာလိုက်တာ။ မြလေးသားကိုသာ ကျောင်းထုတ်တော့ တီချယ်ရေ။ မဟုတ်ရင် သားရှိုင်းတစ်ယောက် စာမေးပွဲတောင်ကောင်းကောင်းဖြေနိုင်ပါ့မလား မသိဘူး။ ဒီကောင်လေးက အမြဲလိုက်နှောင့်ယှက်နေတာ။ သူကတော့ ဒေါင်ကျကျ ပြားကျကျ ဘာမှဂရုစိုက်မယ့်ကောင်လေး မဟုတ်ဘူး။ လမ်းဘေးမှာပဲ ကွမ်းယာသွားရောင်းခိုင်းရမယ်။"

ဒေါ်မြလေးက အပြုံးချိုချိုနှင့်ဝင်ပြောတော့ ဒေါ်မိမိတင်မှာ အားကျမခံ။

"တီဝင်းရယ်.. ဒီကောင်ထွဋ်ထွဋ်ကိုသာ ကျောင်းကထုတ်ပစ်လိုက်စမ်းပါ။ အိမ်မှာလည်း ဘာမှအားကိုးရတာမဟုတ်ဘူး။ ဆန်ကုန်မြေလေးတာပဲ အဖတ်တင်တယ်။ ကျောင်းမှာလည်း ဒီဒီ့ကိုပဲ တစ်ချိန်လုံး ထိုးလိုက် ကြိတ်လိုက်နဲ့။ လူငယ်စောင့်ရှောက်​​ရေးဂေဟာသာ ပို့လိုက်ချင်တော့တာပဲ။"

ဒီလိုဆိုတော့လည်း ဒေါ်ဝင်းကြည် မနေနိုင်။ ဘယ့်နှယ့် သူ့မြေးနှစ်ယောက်ကို ပြောနေကြတာ ရစရာမရှိတော့။ ၀မ်နင်ပေးမယ်၊ ဘာညာဆိုပြီး မိဘခေါ်ရသည့်အကြောင်းကို မေ့သွားသည်။

"တော်ကြပါတော့ဟယ်။ ညည်းတို့နှစ်ယောက်ကလည်း ကိုယ့်သားသမီးကို ပြောရက်ကြတာ။ နှစ်ယောက်စလုံး သူ့ဘာသာသူ တော်တာလေးတွေရှိပါတယ်။ ဒီဒီဆို ညည်းဘယ်လောက်အားကိုးရလဲ မြလေးရယ်။ မနက်တိုင်း ဆိုင်ဖွင့်ဖို့ သူ့မှာ ကူပေးနေတာ။"

ဒေါ်မြလေးတို့က အိမ်ရှေ့တွင် မုန့်ဟင်းခါးဆိုင်လေးကို မနက်တိုင်းဖွင့်ရောင်းသည်။ အပွဲ ခြောက်ဆယ်၊ ခုနှစ်ဆယ်ထက် မပိုသော ဆိုင်ဖြစ်ရုံမည်ကာမတ်တပ် လုပ်ငန်းလေးတစ်ခုသာ။ ဒါကို ဒီမိုးယံက မနက်တိုင်း ကျောင်းမလာခင် ဆိုင်ဖွင့်ဖို့ ကူညီပေးတတ်တာ ဒေါ်ဝင်းကြည်သိနေသည်။

"မိမိတင်.. ညည်းကလည်း ထွဋ်ထွဋ်ဆိုရင် ပြောမယ်ဆိုတာချည်းပဲ။ ဒီလပတ်စာမေးပွဲမှာ အဆင့် ငါးတောင် ရတာပါဟယ်။ ဆန်ကုန်မြေလေး မဟုတ်ပါဘူး။"

ဆူရမည့်သူက ပြန်ပြီးကာကွယ်ပေးနေတော့ ကျေးဇူးရှင်လေးနှစ်ယောက်မှာ ပြုံးစိစိနှင့်။ မတတ်နိုင်။ ဒေါ်ဝင်းကြည်တို့ အမှတ်မရှိသည်မှာ ယခုမှမဟုတ်။

နှစ်ယောက်သား ခဏခဏ ပြဿနာတက်လွန်း၍ အခန်းခွဲထားဖို့တော့ ကြိုးစားဖူးသည်။ အခန်းခွဲစမှာ ရှိုင်းထွဋ်ကလည်း ပျော်နေသည်။ ဒီမိုးယံကလည်း အေးအေးပင်။ ဂရုပင်မစိုက်။ ဒါပေမယ့် အခန်းခွဲထားပြီး တစ်လအကြာမှာ ဒီမိုးယံပြောင်းသွားသည့် အခန်းထဲမှ ကျောင်းသားတစ်ဝက်နီးပါး အခန်းပြောင်းချင်သွားကြသည်။ ဒီလိုဆိုတော့ ဒေါ်ဝင်းကြည် ဘာလုပ်ရမလဲ မသိတော့။ ဒီမိုးယံနှင့် ရှိုင်းထွဋ်သာ တစ်ခန်းတည်းဆိုလျှင် သူတို့နှစ်ယောက် အချင်းချင်း ချနေကြသည်နှင့် အခြားကျောင်းသားများ ချမ်းသာခွင့်ရသည်။ ဒီတော့ ဒီနှစ်ယောက်ကို တစ်ခန်းထဲ အတူတူထားရုံမှတပါး အခြားရွေးစရာမရှိ။ မျှော်လင့်ချက်ကြီးစွာ ပြက္ခဒိန်ကိုသာ လှမ်းကြည့်မိတော့သည်။

ဆယ်တန်းစာမေးပွဲနေ့ကို အမြန်ရောက်စေချင်ပြီဖြစ်သည်။

.............................................

author @myhearthunhan7 ကို ကျေးဇူးအများကြီးတင်ပါတယ်။

ဆူး ဆိုတဲ့နာမည်နဲ့ ဒီ wattpad မှာ ၀တ္တုတစ်ပုဒ်ရှိပြီးသားဆိုတာကို မသိလို့ နာမည်ဆင်တူလိုမျိုး ခေါင်းစဉ်ပေးမိသွားတာကို အားနာလိုက်တာ။ ရပါတယ်။ နားလည်ပါတယ်ဆိုလို့လည်း ကျေးဇူးအများကြီး တင်ပါတယ် ညီမလေး။😍😍

Continue Reading

You'll Also Like

397K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
2.6M 40.8K 10
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
1.5M 104K 41
ချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်း...