Zawgyi
*******
ရင္ခုန္ျခင္းဆိုတာ ေယာက်္ားတစ္ေယာက္က မိန္းမတစ္ေယာက္အေပၚမွာသာ သက္ေရာက္သည္ဆိုေသာ ကိုယ္ပိုင္ခံယူခ်က္ႀကီးဟာ မွားယြင္းခဲ့သည္ေလာ။ ေယာက်္ားမိန္းမဟူေသာ ခံစားခ်က္မ႐ွိသည့္ ႏွလံုးသားႀကီးသည္ ထိုေပါက္စနေကာင္ႏွင့္ေတြ႕ေတာ့ အသည္းအတန္ ခုန္ေပါက္လာသည္ကို ျပန္ေတြးမိတိုင္း ၾကက္သီးျဖန္းျဖန္းထရသည္။
ရည္ရြယ္မ႐ွိပါဘဲ ေကာက္ေပြ႕လိုက္ေသာ ခႏၶာကို္ယ္ငယ္သည္ လက္ထဲမွာ ေစြ႕ခနဲ ပါလာခ်ိန္မွစၿပီး ရင္ထဲမွာ ကုလားဘုရားပြဲလွည့္ေနသည့္အလား။ အုံးဒိုင္းအံုးဒိုင္းႏွင့္ခုန္ေပါက္ေနေသာ ႏွလံုးသားကိုမွ အားမနာ ခနခန၀င္၀င္ေဆာင့္သည့္ အေကာင္ေသးေလးရဲ႕ မ်က္ႏွာျပင္။ ဘုရားေရ....ကြၽန္ေတာ္ ထိုအခ်ိန္ခနေလးမွာ ေပါက္စနေကာင္ကို ရင္ခုန္သြားတာတဲ့လား။ အဲ့လိုျဖစ္လို႔ မရဘူးေလေနာ္။ မခုန္ရပါဘူး အဲ့ေထာင့္မက်ိဳးေကာင္ကို။
ထိုကိစၥကို ျပန္ေတြးမိတိုင္း ကြၽန္ေတာ္ ရင္ေတြစြတ္ခုန္ေနေပမယ့္ ဟိုအေကာင္ေတာ့ ဘယ္လိုေနမယ္မသိ။ ဂ႐ုစိုက္ပံုမ်ားေတာ့ ဒရမ္မာတစ္ကားကို စိတ္၀င္တစားၾကည့္ေနေလရဲ႕။ ကြၽန္ေတာ္တစ္ေယာက္ထဲ ေနမသ္ိထိုင္မသာ ျဖစ္ေနရတာ နည္းနည္းေတာ့ ခံျပင္းတယ္။
ကြၽန္ေတာ္ သူ႔ကိုေတာ့ အေလ်ာ့မေပးႏိုင္ပါဘူး။
ထားပါေလ ဒီပြဲအစမွာကတည္းက အႏိုင္အ႐ႈံးဆိုတာ သတ္မွတ္ၿပီးသားစည္းတစ္ခုပဲ။
ေအာင္ႏိုင္သူက ဘယ္သူလည္းမေမးပါနဲ႔ ဒီက ကြၽန္ေတာ္ Jeon Jung Kook ပဲေပါ့။
ဒီအေၾကာင္းကို ဆက္ေတြးေနရင္ ႏွလံုးေရာဂါ ရေတာ့မွာ အေသအခ်ာပင္မို႔ သူ႔မ်က္ႏွာကိုလည္း မေတြ႕ခ်င္ေတာ့။ အခန္းထဲ၀င္ၿပီး ေစာေစာအိပ္ဖို႔ ခုတင္ေပၚလွဲေနလိုက္သည္။ ေက်ာေအာက္ကခံေနတဲ့ အရာတစ္ခုေၾကာင့္ အိပ္ေနရာက ထၿပီး ထိုအရာကို ယူၾကည့္ေတာ့ ကြၽန္ေတာ့္ရဲ႕Diaryစာအုပ္ေလး။
OhJinHee အတြက္ ခံစားခ်က္မွတ္စုဆို ပိုမွန္လိမ့္မယ္။ ဘာအေၾကာင္းေၾကာင့္နဲ႔ ဒီေပၚေရာက္ေနရတာလဲ။ မဟုတ္မွလြဲေရာ ဟိုေပါက္စနေကာင္......။
"Kim Tae Hyung!!"
သေကာင့္သားေလးက ဇာတ္ကားၾကည့္ေနရာကေန တစ္ခ်က္ေတာင္ လွည့္မၾကည့္ဘဲ 'ဟင္' တဲ့။
ထသတ္ခ်င္စရာေကာင္းေလာက္ေသာ ပံုစံမ်ိဳးႏွင့္။
"ဒီ စာအုပ္က ဘာလဲ.....မင္း ယူဖတ္ထားတာလား"
"အင္းေလ....ဘာျဖစ္လို႔လဲ"
ေအးစက္စက္ႏိုင္လြန္းေသာ သူ႔စကားေတြက ကြၽန္ေတာ့္ေဒါသပိုၿပီး ဆြေပးေနသလို။
"KimTaeHyung ဒီဖက္ကို ၾကည့္ၿပီး စကားေျပာ"
"ဘာလဲကြာ!!! ဒီမွာ ၾကည့္ေနတာကို"
"ေစာက္ေရးမပါတာေတြ သိပ္မလုပ္နဲ႔"
သူၾကည့္ေနေသာ TV အားပိတ္ကာ ေ႐ွ႕တည့္တည့္သို႔ ေရာက္သြားေသာအခါ မ်က္ေမွာင္က်ံဳ႕ကာ ကြၽန္ေတာ့္အားလွမ္းၾကည့္ေနသည္။
"ငါ့ပစၥည္းေတြကို ထိလို႔ရတယ္လို႔ ေျပာမိလို႔လား"
" Jung Kook ငါ တမင္လုပ္တာလဲ မဟုတ္ဘူး"
"အဲ့ဒါကို ငါဂ႐ုမစိုက္ဘူး ဒါေပမယ့္ မင္းကငါ့ပစၥည္းေတြကို ခြင့္ျပဳခ်က္မ႐ွိဘဲ ကိုင္တာေလ"
ကြၽန္ေတာ့္ကို လွည့္ၾကည့္ေသာ သူ႔မ်က္၀န္းမွာ မ်က္ရည္မ်ားဆို႔ေနသလားလို႔။ မျဖစ္ႏိုင္ပါဘူး။
"သူ႔ကို အဲ့ေလာက္ထိ ခ်စ္တာလား"
"ဟင္..."
ဟက္ခနဲ သူတစ္ခ်က္ရယ္ၿပီး ကြၽန္ေတာ့္ကိုၾကည့္ကာ 'မင္း ငါ့ကိုညာေနတာ' ဆုိၿပီး တစ္ခြန္းတည္းေျပာသြားကာ ထြက္သြားေလရဲ႕။ နားမလည္ႏိုင္ေသာ သူ႔ရဲ႕စကားတစ္ခြန္းဟာ ကြၽန္ေတာ့္အတြက္ ပေဟဠိဆန္လြန္းသည္။လွည့္ထြက္သြားေသာ ေက်ာျပင္ငယ္အား ေၾကာင္ေတာင္ေတာင္ ေငးၾကည့္ေနမိသည္။ ကြၽန္ေတာ့္အမွားလား သူ႔အမွားလား ခြဲျခားမသိခင္ ထိုေကာင္ေလးမွာ အိမ္အျပင္သို႔ေရာက္ႏွင့္ေနခဲ့ေလၿပီ။
ကြၽန္ေတာ္ကိုယ္တိုင္လည္း မတားဆီးႏိုင္ခဲ့။
ခုတင္ေပၚဟိုလိမ့္ဒီလိမ့္ႏွင့္ အိပ္ဖို႔ႀကိဳးစားၾကည့္ေသာ္လည္း ႐ွင္းလင္းေနေသာ ခုတင္ေဘးတစ္ေနရာသို႔ စိတ္ကေရာက္ေရာက္သြားျပန္သည္။
ဒီေကာင္ေလးႏွယ္ ညနက္ေနၿပီ ဘယ္ေလွ်ာက္သြားေနလည္း မသိ။ စိတ္ဆိုးတာလည္းဆိုးေပါ့ အခုဟာက အခ်ိန္လြန္ေနၿပီ။ ဒီတိုင္းေနလို႔ေတာ့ မျဖစ္ေသးပါ။ သူ႔အိမ္ကို ဖုန္းဆက္ၾကည့္ရမလား။ သူမ႐ွိပါဘူးဆိုမွ ဒုကၡ။
သူ႔ဖုန္းကို ဆက္ၾကည့္ျပန္ေတာ့လည္း မကိုင္။
မကိုင္ဆိုမွ အခန္းေ႐ွ႕မွာ တဒူဒူျမည္ေနေသာ သူ႔ဖုန္း။ ဒီေကာင္ ဖုန္းလည္းမယူသြားျပန္ဘူး။
စိတ္ပူေအာင္ လုပ္တတ္တာေတာ့အမွန္။
႐ုတ္တရက္ျမည္လာေသာ ကြၽန္ေတာ့္ဖုန္းေၾကာင့္ တုန္ခနဲ။ Jimin ဆီကပဲ။
"အင္းေျပာ"
"အင္းေျပာလုပ္မေနနဲ႔....မင္းတို႔ ရန္ျဖစ္ထားတာလား"
"ဟမ္...ဘာျဖစ္လို႔လဲ"
"ဘာျဖစ္ရမွာလဲ ဒီမွာ TaeHyung မူးၿပီး ငါ့ဆီေရာက္လာတယ္"
တကယ့္ အ႐ႈပ္ထုပ္ေကာင္။ ငါ့ဆီပဲ ႐ႈပ္တာမဟုတ္ ႐ွိသမွ်သူငယ္ခ်င္း ပတ္႐ႈပ္တဲ့ေကာင္။
"ငါအခုလာခဲ့မယ္"
အိမ္ေအာက္ထပ္သို႔ ေျပးဆင္းၿပီး ကားကိုအ႐ွိန္ျပင္းျပင္းျဖင့္ ေမာင္းလာခဲ့သည္။
ဒီေကာင္ေၾကာင့္ ျပသနာေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး။
Jiminအိမ္ကိုလိုက္သြားၿပီး အိမ္ေ႐ွ႕အေရာက္မွာ ေတြ႕လိုက္ရပါၿပီ ငမူးေကာင္။ ေခြေခါက္ၿပီးJiminကို ရစ္ေၾကာထေနတာေသခ်ာတယ္။
"Kim Tae Hyung"
ဘယ္လိုေတာင္ေသာက္ထားရတာလဲ ငမူးရယ္။
မ်က္လံုးအၾကည့္ေတြကအစ ကြၽန္ေတာ့္ကို ၾကည့္ေနတာမ်ားဟုတ္ရဲ႕လား။
"အင္....ဘယ္သူလဲလို႔ ဟိုအေကာင္ႀကီး..."
အာေလးလွ်ာေလးသူ႔အသံမွာ တစ္ခြန္းထြက္တိုင္း အနံ႔ကေဟာင္လို႔။
"Tae Hyung ျပန္ရေအာင္"
"ျပန္၀ူး...မင္းနဲ႔ လံုး၀ျပန္မလိုက္၀ူး"
ဘယ္လိုေတာင္ထိန္းမႏိုင္သိန္းမႏိုင္တာလဲေမး။
ေနာက္တစ္ခါထပ္ၿပီး ေပြ႕ေခၚသြားလိုက္လို႔လည္း မျဖစ္ျပန္။
ဖ႐ိုဖရဲ သူ႔ပံုစံကိုလည္း ၾကည့္အံုး။
႐ွပ္လက္႐ွည္ပါးပါးတစ္ထည္ကိုသာ ၀တ္ထားၿပီး ပုခံုးနားထိ ေလွ်ာက်ေနေသး။
ၾကည့္ေနရင္းကို ကြၽန္ေတာ္တံေတြးၿမိဳခ်မိသည္။
ဒီိလိုပါပဲ ေရဆာလို႔။
"Tae Hyung လာ.."
"ေတြ႕လား...မင္း အဲ့လိုေတြျဖစ္ေနလို႔ JinHee က မင္းကို ျပန္မႀကိဳက္တာ"
"ဘာ!!! Kim Tae Hyung"
စကားသံႏွင့္ထပ္တူက်သြားေသာ ခပ္ျပင္းျပင္း လက္သီးတစ္ခ်က္က ထိုငမူးေကာင္ မ်က္ႏွာေပၚ အပီအျပင္။ ဘာအေၾကာင္းမွကို မသိ႐ွာေသာ Park Jimin တစ္ေယာက္ကေတာ့ ကြၽန္ေတာ့္ကိုၾကည့္လိုက္ လဲက်ေနတဲ့ ငမူးေကာင္ကိုၾကည့္လိုက္နဲ႔။
မဆိုင္းမတြမွာပါ ကြၽန္ေတာ့္မ်က္ႏွာေပၚ ေရာက္လာေသာ လက္သီး။ အားလားလား... ဒီေကာင္ လူေကာင္ကသာ ေသးညႇပ္ညႇပ္ လက္စကအေတာ္ေတာ့ျပင္းသည္။
ငမူးေကာင္ရဲ႕ လက္သီးကိုေတာင္ ကြၽန္ေတာ္ မေ႐ွာင္ႏိုင္မိ။
"မင္းတို႔ ေတာ္ေတာ့ ေတာ္ေတာ့"
Tae Hyung ကိုတစ္ဖက္ ကြၽန္ေတာ့္ကို တစ္ဖက္ဆြဲကာ ၾကားထဲက တားေနရေသာ Jimin။ ႏွစ္ေကာင္လံုးထက္ လူေကာင္ကေသးေတာ့ တားရင္ေတာင္ သူပါအဆစ္ခံရမည့္ပံုမ်ိဳး။
"Sorry ကြာ Jimin ငါသူ႔ကို ေခၚသြားလိုက္ေတာ့မယ္"
"ေအးေအး အဲ့ေကာင္ကလည္း ငါ့အိမ္ပဲ ေရာက္လာတယ္ အိပ္ခ်င္ပါတယ္ဆို ၀ါး..."
ထိုသို႔ခ်စ္စရာေကာင္းလြန္းေသာ သူငယ္ခ်င္းမွာ အခန္းထဲ၀င္ကာ ျပန္အိပ္သြား႐ွာေလၿပီ။
"အိမ္ျပန္မယ္"
"မျပန္ဘူး"
တစ္ခ်က္ေလာက္ထိုးလိုက္တာ အမူးေျပသြားတယ္ ထင္ရ။ အသံေလးေတြက နည္းနည္းပီသလာတယ္။ ေနာက္တစ္ခ်က္ ထပ္ထိုးလိုက္ရင္ေတာ့ အေကာင္းတိုင္း ျပန္ျဖစ္သြားေလာက္ရဲ႕။
"သြားမယ္"
လက္ကိုသာအတင္းႀကီးဆြဲေခၚခဲ့ရသည္။
ဒါေတာင္ ငမူးက မလိုက္ဘူး မျပန္ဘူး ဆိုၿပီး အေနာက္ကေန ဘူးခံျငင္းကာ ဆြဲေခၚရာပါလာခဲ့သည္။ ေနာက္တစ္ေခါက္ေတာ့ ထပ္မခ်ီႏိုင္ေတာ့။
သူ႔ကို ကြၽန္ေတာ္ ဘာလုပ္မိမယ္မွန္း ေသခ်ာမသိလို႔။
"အား...အ...နာတယ္"
"မနာပါဘူးကြာ ခနပဲ"
ကြၽန္ေတာ္ထိုးလိုက္လို႔ ေပါက္သြားတဲ့ သူ႔ႏႈတ္ခမ္းေထာင့္ကို ေဆးရည္သုတ္ထားေသာ ဂြမ္းစေလးႏွင့္ ဖိမိတာကို အကဲပိုၿပီး တအီးအီး တအားအားေအာ္ေနေသးသည္။
ကြၽန္ေတာ့္ထက္ သူ႔လက္စပိုျပင္းတယ္ဆိုတာ မသိလို႔ပါ။
"ေတာ္ၿပီကြာ မထည့္နဲ႔ေတာ့"
"စကားမေျပာနဲ႔ ၿငိမ္ၿငိမ္ေနစမ္းပါ"
တလႈပ္လႈပ္နဲ႔ေျပာေနေသာ သူ႔ႏႈတ္ခမ္းအား ၾကည့္မိရင္း အာေခါင္ေျခာက္လာသလိုလို ေရဆာလာသလိုလိုနဲ႔။ တံေတြးခနခနသပ္မိတာေတာ့ အေသအခ်ာ။
မိန္းကေလးလည္း မဟုတ္ပါဘဲ ဒီေကာင့္ႏႈတ္ခမ္းက နီရဲရဲနဲ႔။ ႏႈတ္ခမ္းဆီေတြမ်ား သံုးလားမသိ။
"မင္း ႏႈတ္ခမ္းနီ ဆိုးထားတာလား"
"Jeon Jung Kook ငါ့ကို ဘာေကာင္မ်ား ထင္ေနလို႔လဲ"
ကပ္ကပ္လန္ေအာင္ စြာတာ။ မ်က္ေစာင္းကလည္း ထိုးလိုက္ေသး။ ဘာေကာင္မွန္းမသိဘူး။ အလိုက္ကန္းဆိုးမသိေသာ ႏွလံုးသားႀကီးဟာ မၿပီးႏိုင္မစီးႏိုင္ ထထခုန္လာေတာ့ သူၾကားသြားမွာေတာင္ စိုးရိမ္ရသည္။
ဒီေန႔တစ္ရက္ သူဘာလုပ္လုပ္ လွတယ္လို႔ ကြၽန္ေတာ္ျမင္မိတယ္။ လွတယ္...အင္း လွတယ္။ ေယာက်္ားေလးတစ္ေယာက္ကို လွတယ္ လို႔ မသံုးႏႈန္းသင့္မွန္း သိေသာ္လည္း ထိုေကာင့္ကို ကြၽန္ေတာ္ လွသည္ ဟု ထင္မိသည္။
"ဘာလို႔ထိုးလဲ သိလား"
"JinHeeက အာ့မို႔ မင္းကို မႀကိဳက္...."
"ေနာက္တစ္ေခါက္ ထပ္အထိုးခံခ်င္တာလား"
ျပဴးေၾကာင္ေၾကာင္ႏွင့္ ၾကည့္ေနေသာ သူ႔ကို ကြၽန္ေတာ္ ခနေလာက္ ေငးေနမိလားလို႔။
အၾကည့္တို႔ကို မ်က္ႏွာလႊဲလိုက္ရင္း.....
"ေနာက္တစ္ခါ JinHee လို႔ မင္းပါးစပ္က ထြက္ရင္ ထပ္ထိုးမွာ"
"မင္းက်ေတာ့ေရာ အဲ့စာအုပ္ေလး ငါထိတာနဲ႔.."
"ဒါကေတာ့ ငါ့ပစၥည္းေတြကို မင္းက ဘာမွမေျပာဘဲ ကိုင္တာကိုး ငါက အဲ့လိုေတြ မႀကိဳက္ဘူးေလ"
"ေအး sorry sorry ေနာ္ ေနာက္ဘယ္ေတာ့မွလည္း မင္းနဲ႔ပတ္သတ္တာ မွန္သမွ် မထိေတာ့ဘူး မကိုင္ေတာ့ဘူး!!"
High note နီးနီးေအာ္ကာ အိပ္ရာေပၚ လွဲအိပ္ကာ ေစာင္ႀကီးေခါင္းၿမီးျခံဳသြားေလသည္။
ဒါကေရာ စိတ္ဆိုးသြားျပန္တာတဲ့လား။
ဒင္းလုပ္လို႔အညိဳအမဲစြဲသြားတဲ့ မ်က္ႏွာေလးကို နည္းနည္းေလးေတာင္ ဂ႐ုစိုက္ပံုမရ။
စကားေတာင္မနည္းေျပာရေလာက္တဲ့အထိ။
အဲ့လက္ကေလးနဲ႔ထိုးတာ ေတာ္ေတာ့္ကို ေအာင့္သြားတာ။ အတြင္းအားေတြနဲ႔မ်ား ထည့္ထိုးသလား ေအာက္ေမ့ရတယ္။
အိပ္ၿပီလားလို႔ သူျခံဳထားတဲ့ေစာင္ကို ေအာက္ေလးနည္းနည္းဆြဲခ်လိုက္ေတာ့ ျပန္ယူဆြဲသြားေလသည္။
"ဒါ မင္းေစာင္လား"
ေစာင္ၾကားထဲ ေခါင္းေလးပဲ ေဖာ္ကာ ေမးလာတဲ့သူ႔ကို 'အင္း' ဆိုၿပီး ျပန္ေျဖေတာ့....
"ဒါဆို မျခံဳဘူး"
ကြၽန္ေတာ္ထိုင္ေနတဲ့ ေဘးက ေခါက္ထားတဲ့ ေစာင္ကို ဆြဲယူၿပီး ျပန္အိပ္သြားေလသည္။
ေယာက်္ားေလးေတြ စိတ္ေကာက္တာ ဒါမ်ိဳးကိုး။
မ်က္ႏွာကိုေဆးထည့္ေပးဖို႔ ေနေနသာသာ ကြၽန္ေတာ္ျခံဳတဲ့ေစာင္ေတာင္ မထိခ်င္ပါဘူးဆိုတဲ့ အေပါက္မ်ိဳးခ်ိဳးသြားတာ။
ေနာက္တစ္ခါဆို ႏႈတ္ခမ္းေပါက္ယံုပဲ မဟုတ္ဘဲ ခုတင္ေပၚက မထႏိုင္ေအာင္ လုပ္ပစ္အံုးမွာ။
ဆြဲထိုးတာကိုသာ ရည္ရြယ္ၿပီး ေျပာျခင္းပါ။
__________________________TBC
Love You All❤❤❤❤❤
*Nun😪
______________________________
Unicode
*******
ရင်ခုန်ခြင်းဆိုတာ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်အပေါ်မှာသာ သက်ရောက်သည်ဆိုသော ကိုယ်ပိုင်ခံယူချက်ကြီးဟာ မှားယွင်းခဲ့သည်လော။ ယောကျ်ားမိန်းမဟူသော ခံစားချက်မရှိသည့် နှလုံးသားကြီးသည် ထိုပေါက်စနကောင်နှင့်တွေ့တော့ အသည်းအတန် ခုန်ပေါက်လာသည်ကို ပြန်တွေးမိတိုင်း ကြက်သီးဖြန်းဖြန်းထရသည်။
ရည်ရွယ်မရှိပါဘဲ ကောက်ပွေ့လိုက်သော ခန္ဓာကို်ယ်ငယ်သည် လက်ထဲမှာ စွေ့ခနဲ ပါလာချိန်မှစပြီး ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေသည့်အလား။ အုံးဒိုင်းအုံးဒိုင်းနှင့်ခုန်ပေါက်နေသော နှလုံးသားကိုမှ အားမနာ ခနခနဝင်ဝင်ဆောင့်သည့် အကောင်သေးလေးရဲ့ မျက်နှာပြင်။ ဘုရားရေ....ကျွန်တော် ထိုအချိန်ခနလေးမှာ ပေါက်စနကောင်ကို ရင်ခုန်သွားတာတဲ့လား။ အဲ့လိုဖြစ်လို့ မရဘူးလေနော်။ မခုန်ရပါဘူး အဲ့ထောင့်မကျိုးကောင်ကို။
ထိုကိစ္စကို ပြန်တွေးမိတိုင်း ကျွန်တော် ရင်တွေစွတ်ခုန်နေပေမယ့် ဟိုအကောင်တော့ ဘယ်လိုနေမယ်မသိ။ ဂရုစိုက်ပုံများတော့ ဒရမ်မာတစ်ကားကို စိတ်ဝင်တစားကြည့်နေလေရဲ့။ ကျွန်တော်တစ်ယောက်ထဲ နေမသ်ိထိုင်မသာ ဖြစ်နေရတာ နည်းနည်းတော့ ခံပြင်းတယ်။
ကျွန်တော် သူ့ကိုတော့ အလျော့မပေးနိုင်ပါဘူး။
ထားပါလေ ဒီပွဲအစမှာကတည်းက အနိုင်အရှုံးဆိုတာ သတ်မှတ်ပြီးသားစည်းတစ်ခုပဲ။
အောင်နိုင်သူက ဘယ်သူလည်းမမေးပါနဲ့ ဒီက ကျွန်တော် Jeon Jung Kook ပဲပေါ့။
ဒီအကြောင်းကို ဆက်တွေးနေရင် နှလုံးရောဂါ ရတော့မှာ အသေအချာပင်မို့ သူ့မျက်နှာကိုလည်း မတွေ့ချင်တော့။ အခန်းထဲဝင်ပြီး စောစောအိပ်ဖို့ ခုတင်ပေါ်လှဲနေလိုက်သည်။ ကျောအောက်ကခံနေတဲ့ အရာတစ်ခုကြောင့် အိပ်နေရာက ထပြီး ထိုအရာကို ယူကြည့်တော့ ကျွန်တော့်ရဲ့Diaryစာအုပ်လေး။
OhJinHee အတွက် ခံစားချက်မှတ်စုဆို ပိုမှန်လိမ့်မယ်။ ဘာအကြောင်းကြောင့်နဲ့ ဒီပေါ်ရောက်နေရတာလဲ။ မဟုတ်မှလွဲရော ဟိုပေါက်စနကောင်......။
"Kim Tae Hyung!!"
သကောင့်သားလေးက ဇာတ်ကားကြည့်နေရာကနေ တစ်ချက်တောင် လှည့်မကြည့်ဘဲ 'ဟင်' တဲ့။
ထသတ်ချင်စရာကောင်းလောက်သော ပုံစံမျိုးနှင့်။
"ဒီ စာအုပ်က ဘာလဲ.....မင်း ယူဖတ်ထားတာလား"
"အင်းလေ....ဘာဖြစ်လို့လဲ"
အေးစက်စက်နိုင်လွန်းသော သူ့စကားတွေက ကျွန်တော့်ဒေါသပိုပြီး ဆွပေးနေသလို။
"KimTaeHyung ဒီဖက်ကို ကြည့်ပြီး စကားပြော"
"ဘာလဲကွာ!!! ဒီမှာ ကြည့်နေတာကို"
"စောက်ရေးမပါတာတွေ သိပ်မလုပ်နဲ့"
သူကြည့်နေသော TV အားပိတ်ကာ ရှေ့တည့်တည့်သို့ ရောက်သွားသောအခါ မျက်မှောင်ကျုံ့ကာ ကျွန်တော့်အားလှမ်းကြည့်နေသည်။
"ငါ့ပစ္စည်းတွေကို ထိလို့ရတယ်လို့ ပြောမိလို့လား"
" Jung Kook ငါ တမင်လုပ်တာလဲ မဟုတ်ဘူး"
"အဲ့ဒါကို ငါဂရုမစိုက်ဘူး ဒါပေမယ့် မင်းကငါ့ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ ကိုင်တာလေ"
ကျွန်တော့်ကို လှည့်ကြည့်သော သူ့မျက်ဝန်းမှာ မျက်ရည်များဆို့နေသလားလို့။ မဖြစ်နိုင်ပါဘူး။
"သူ့ကို အဲ့လောက်ထိ ချစ်တာလား"
"ဟင်..."
ဟက်ခနဲ သူတစ်ချက်ရယ်ပြီး ကျွန်တော့်ကိုကြည့်ကာ 'မင်း ငါ့ကိုညာနေတာ' ဆိုပြီး တစ်ခွန်းတည်းပြောသွားကာ ထွက်သွားလေရဲ့။ နားမလည်နိုင်သော သူ့ရဲ့စကားတစ်ခွန်းဟာ ကျွန်တော့်အတွက် ပဟေဠိဆန်လွန်းသည်။လှည့်ထွက်သွားသော ကျောပြင်ငယ်အား ကြောင်တောင်တောင် ငေးကြည့်နေမိသည်။ ကျွန်တော့်အမှားလား သူ့အမှားလား ခွဲခြားမသိခင် ထိုကောင်လေးမှာ အိမ်အပြင်သို့ရောက်နှင့်နေခဲ့လေပြီ။
ကျွန်တော်ကိုယ်တိုင်လည်း မတားဆီးနိုင်ခဲ့။
ခုတင်ပေါ်ဟိုလိမ့်ဒီလိမ့်နှင့် အိပ်ဖို့ကြိုးစားကြည့်သော်လည်း ရှင်းလင်းနေသော ခုတင်ဘေးတစ်နေရာသို့ စိတ်ကရောက်ရောက်သွားပြန်သည်။
ဒီကောင်လေးနှယ် ညနက်နေပြီ ဘယ်လျှောက်သွားနေလည်း မသိ။ စိတ်ဆိုးတာလည်းဆိုးပေါ့ အခုဟာက အချိန်လွန်နေပြီ။ ဒီတိုင်းနေလို့တော့ မဖြစ်သေးပါ။ သူ့အိမ်ကို ဖုန်းဆက်ကြည့်ရမလား။ သူမရှိပါဘူးဆိုမှ ဒုက္ခ။
သူ့ဖုန်းကို ဆက်ကြည့်ပြန်တော့လည်း မကိုင်။
မကိုင်ဆိုမှ အခန်းရှေ့မှာ တဒူဒူမြည်နေသော သူ့ဖုန်း။ ဒီကောင် ဖုန်းလည်းမယူသွားပြန်ဘူး။
စိတ်ပူအောင် လုပ်တတ်တာတော့အမှန်။
ရုတ်တရက်မြည်လာသော ကျွန်တော့်ဖုန်းကြောင့် တုန်ခနဲ။ Jimin ဆီကပဲ။
"အင်းပြော"
"အင်းပြောလုပ်မနေနဲ့....မင်းတို့ ရန်ဖြစ်ထားတာလား"
"ဟမ်...ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ ဒီမှာ TaeHyung မူးပြီး ငါ့ဆီရောက်လာတယ်"
တကယ့် အရှုပ်ထုပ်ကောင်။ ငါ့ဆီပဲ ရှုပ်တာမဟုတ် ရှိသမျှသူငယ်ချင်း ပတ်ရှုပ်တဲ့ကောင်။
"ငါအခုလာခဲ့မယ်"
အိမ်အောက်ထပ်သို့ ပြေးဆင်းပြီး ကားကိုအရှိန်ပြင်းပြင်းဖြင့် မောင်းလာခဲ့သည်။
ဒီကောင်ကြောင့် ပြသနာတွေ တစ်မျိုးပြီးတစ်မျိုး။
Jiminအိမ်ကိုလိုက်သွားပြီး အိမ်ရှေ့အရောက်မှာ တွေ့လိုက်ရပါပြီ ငမူးကောင်။ ခွေခေါက်ပြီးJiminကို ရစ်ကြောထနေတာသေချာတယ်။
"Kim Tae Hyung"
ဘယ်လိုတောင်သောက်ထားရတာလဲ ငမူးရယ်။
မျက်လုံးအကြည့်တွေကအစ ကျွန်တော့်ကို ကြည့်နေတာများဟုတ်ရဲ့လား။
"အင်....ဘယ်သူလဲလို့ ဟိုအကောင်ကြီး..."
အာလေးလျှာလေးသူ့အသံမှာ တစ်ခွန်းထွက်တိုင်း အနံ့ကဟောင်လို့။
"Tae Hyung ပြန်ရအောင်"
"ပြန်ဝူး...မင်းနဲ့ လုံးဝပြန်မလိုက်ဝူး"
ဘယ်လိုတောင်ထိန်းမနိုင်သိန်းမနိုင်တာလဲမေး။
နောက်တစ်ခါထပ်ပြီး ပွေ့ခေါ်သွားလိုက်လို့လည်း မဖြစ်ပြန်။
ဖရိုဖရဲ သူ့ပုံစံကိုလည်း ကြည့်အုံး။
ရှပ်လက်ရှည်ပါးပါးတစ်ထည်ကိုသာ ဝတ်ထားပြီး ပုခုံးနားထိ လျှောကျနေသေး။
ကြည့်နေရင်းကို ကျွန်တော်တံတွေးမြိုချမိသည်။
ဒီိလိုပါပဲ ရေဆာလို့။
"Tae Hyung လာ.."
"တွေ့လား...မင်း အဲ့လိုတွေဖြစ်နေလို့ JinHee က မင်းကို ပြန်မကြိုက်တာ"
"ဘာ!!! Kim Tae Hyung"
စကားသံနှင့်ထပ်တူကျသွားသော ခပ်ပြင်းပြင်း လက်သီးတစ်ချက်က ထိုငမူးကောင် မျက်နှာပေါ် အပီအပြင်။ ဘာအကြောင်းမှကို မသိရှာသော Park Jimin တစ်ယောက်ကတော့ ကျွန်တော့်ကိုကြည့်လိုက် လဲကျနေတဲ့ ငမူးကောင်ကိုကြည့်လိုက်နဲ့။
မဆိုင်းမတွမှာပါ ကျွန်တော့်မျက်နှာပေါ် ရောက်လာသော လက်သီး။ အားလားလား... ဒီကောင် လူကောင်ကသာ သေးညှပ်ညှပ် လက်စကအတော်တော့ပြင်းသည်။
ငမူးကောင်ရဲ့ လက်သီးကိုတောင် ကျွန်တော် မရှောင်နိုင်မိ။
"မင်းတို့ တော်တော့ တော်တော့"
Tae Hyung ကိုတစ်ဖက် ကျွန်တော့်ကို တစ်ဖက်ဆွဲကာ ကြားထဲက တားနေရသော Jimin။ နှစ်ကောင်လုံးထက် လူကောင်ကသေးတော့ တားရင်တောင် သူပါအဆစ်ခံရမည့်ပုံမျိုး။
"Sorry ကွာ Jimin ငါသူ့ကို ခေါ်သွားလိုက်တော့မယ်"
"အေးအေး အဲ့ကောင်ကလည်း ငါ့အိမ်ပဲ ရောက်လာတယ် အိပ်ချင်ပါတယ်ဆို ၀ါး..."
ထိုသို့ချစ်စရာကောင်းလွန်းသော သူငယ်ချင်းမှာ အခန်းထဲဝင်ကာ ပြန်အိပ်သွားရှာလေပြီ။
"အိမ်ပြန်မယ်"
"မပြန်ဘူး"
တစ်ချက်လောက်ထိုးလိုက်တာ အမူးပြေသွားတယ် ထင်ရ။ အသံလေးတွေက နည်းနည်းပီသလာတယ်။ နောက်တစ်ချက် ထပ်ထိုးလိုက်ရင်တော့ အကောင်းတိုင်း ပြန်ဖြစ်သွားလောက်ရဲ့။
"သွားမယ်"
လက်ကိုသာအတင်းကြီးဆွဲခေါ်ခဲ့ရသည်။
ဒါတောင် ငမူးက မလိုက်ဘူး မပြန်ဘူး ဆိုပြီး အနောက်ကနေ ဘူးခံငြင်းကာ ဆွဲခေါ်ရာပါလာခဲ့သည်။ နောက်တစ်ခေါက်တော့ ထပ်မချီနိုင်တော့။
သူ့ကို ကျွန်တော် ဘာလုပ်မိမယ်မှန်း သေချာမသိလို့။
"အား...အ...နာတယ်"
"မနာပါဘူးကွာ ခနပဲ"
ကျွန်တော်ထိုးလိုက်လို့ ပေါက်သွားတဲ့ သူ့နှုတ်ခမ်းထောင့်ကို ဆေးရည်သုတ်ထားသော ဂွမ်းစလေးနှင့် ဖိမိတာကို အကဲပိုပြီး တအီးအီး တအားအားအော်နေသေးသည်။
ကျွန်တော့်ထက် သူ့လက်စပိုပြင်းတယ်ဆိုတာ မသိလို့ပါ။
"တော်ပြီကွာ မထည့်နဲ့တော့"
"စကားမပြောနဲ့ ငြိမ်ငြိမ်နေစမ်းပါ"
တလှုပ်လှုပ်နဲ့ပြောနေသော သူ့နှုတ်ခမ်းအား ကြည့်မိရင်း အာခေါင်ခြောက်လာသလိုလို ရေဆာလာသလိုလိုနဲ့။ တံတွေးခနခနသပ်မိတာတော့ အသေအချာ။
မိန်းကလေးလည်း မဟုတ်ပါဘဲ ဒီကောင့်နှုတ်ခမ်းက နီရဲရဲနဲ့။ နှုတ်ခမ်းဆီတွေများ သုံးလားမသိ။
"မင်း နှုတ်ခမ်းနီ ဆိုးထားတာလား"
"Jeon Jung Kook ငါ့ကို ဘာကောင်များ ထင်နေလို့လဲ"
ကပ်ကပ်လန်အောင် စွာတာ။ မျက်စောင်းကလည်း ထိုးလိုက်သေး။ ဘာကောင်မှန်းမသိဘူး။ အလိုက်ကန်းဆိုးမသိသော နှလုံးသားကြီးဟာ မပြီးနိုင်မစီးနိုင် ထထခုန်လာတော့ သူကြားသွားမှာတောင် စိုးရိမ်ရသည်။
ဒီနေ့တစ်ရက် သူဘာလုပ်လုပ် လှတယ်လို့ ကျွန်တော်မြင်မိတယ်။ လှတယ်...အင်း လှတယ်။ ယောကျ်ားလေးတစ်ယောက်ကို လှတယ် လို့ မသုံးနှုန်းသင့်မှန်း သိသော်လည်း ထိုကောင့်ကို ကျွန်တော် လှသည် ဟု ထင်မိသည်။
"ဘာလို့ထိုးလဲ သိလား"
"JinHeeက အာ့မို့ မင်းကို မကြိုက်...."
"နောက်တစ်ခေါက် ထပ်အထိုးခံချင်တာလား"
ပြူးကြောင်ကြောင်နှင့် ကြည့်နေသော သူ့ကို ကျွန်တော် ခနလောက် ငေးနေမိလားလို့။
အကြည့်တို့ကို မျက်နှာလွှဲလိုက်ရင်း.....
"နောက်တစ်ခါ JinHee လို့ မင်းပါးစပ်က ထွက်ရင် ထပ်ထိုးမှာ"
"မင်းကျတော့ရော အဲ့စာအုပ်လေး ငါထိတာနဲ့.."
"ဒါကတော့ ငါ့ပစ္စည်းတွေကို မင်းက ဘာမှမပြောဘဲ ကိုင်တာကိုး ငါက အဲ့လိုတွေ မကြိုက်ဘူးလေ"
"အေး sorry sorry နော် နောက်ဘယ်တော့မှလည်း မင်းနဲ့ပတ်သတ်တာ မှန်သမျှ မထိတော့ဘူး မကိုင်တော့ဘူး!!"
High note နီးနီးအော်ကာ အိပ်ရာပေါ် လှဲအိပ်ကာ စောင်ကြီးခေါင်းမြီးခြုံသွားလေသည်။
ဒါကရော စိတ်ဆိုးသွားပြန်တာတဲ့လား။
ဒင်းလုပ်လို့အညိုအမဲစွဲသွားတဲ့ မျက်နှာလေးကို နည်းနည်းလေးတောင် ဂရုစိုက်ပုံမရ။
စကားတောင်မနည်းပြောရလောက်တဲ့အထိ။
အဲ့လက်ကလေးနဲ့ထိုးတာ တော်တော့်ကို အောင့်သွားတာ။ အတွင်းအားတွေနဲ့များ ထည့်ထိုးသလား အောက်မေ့ရတယ်။
အိပ်ပြီလားလို့ သူခြုံထားတဲ့စောင်ကို အောက်လေးနည်းနည်းဆွဲချလိုက်တော့ ပြန်ယူဆွဲသွားလေသည်။
"ဒါ မင်းစောင်လား"
စောင်ကြားထဲ ခေါင်းလေးပဲ ဖော်ကာ မေးလာတဲ့သူ့ကို 'အင်း' ဆိုပြီး ပြန်ဖြေတော့....
"ဒါဆို မခြုံဘူး"
ကျွန်တော်ထိုင်နေတဲ့ ဘေးက ခေါက်ထားတဲ့ စောင်ကို ဆွဲယူပြီး ပြန်အိပ်သွားလေသည်။
ယောကျ်ားလေးတွေ စိတ်ကောက်တာ ဒါမျိုးကိုး။
မျက်နှာကိုဆေးထည့်ပေးဖို့ နေနေသာသာ ကျွန်တော်ခြုံတဲ့စောင်တောင် မထိချင်ပါဘူးဆိုတဲ့ အပေါက်မျိုးချိုးသွားတာ။
နောက်တစ်ခါဆို နှုတ်ခမ်းပေါက်ယုံပဲ မဟုတ်ဘဲ ခုတင်ပေါ်က မထနိုင်အောင် လုပ်ပစ်အုံးမှာ။
ဆွဲထိုးတာကိုသာ ရည်ရွယ်ပြီး ပြောခြင်းပါ။
__________________________TBC
Love You All❤❤❤❤❤
*Nun😪