သို့.....ချစ်​​သောဗီလိန်​...[...

By td_rosy

264K 23.2K 3K

မာနတရားနှင့်​ စတင်​ကာ ကြမ်းတမ်းခက်​ထန်​မှုအတိနှင့်​ပြီး​သော ဗီလိန်​တစ်​​ယောက်​ရဲ့ အချစ်​.... More

ဗီလိန်​အဖြစ်​ခံယူခြင်း
ဗီလိန်​၏ ပထမ​ခြေလှမ်း
ဗီလိန်​၏ ဒုတိယ​ခြေလှမ်း
ဗီလိန်​၏ တတိယ​ခြေလှမ်း
ဗီလိန်​၏စတုတ္ထ​ခြေလှမ်း
ဗီလိန်ကို တွန်းလှန်​ရန်​.......
ဗီလိန်​၏ ပဉ္စမ ​ခြေလှမ်း...
ဗီလိန်​၏ ဆဌမ​ခြေလှမ်း
ဗီလိန်ကို....​မေ့ပစ်​​ရန်​...
ဗီလိန်​၏ သတ္တမ​ခြေလှမ်း
ဗီလိန်​၏၀ဋ်​လည်​ခြင်း
ဗီလိန်​၏ ယုံကြည်​ချက်
ဗီလိန်​၏ အဌမ​ခြေလှမ်း
ဗီလိန်​၏ န၀မ​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များပျက်​စီးခြင်း..
ဗီလိန်​ကို ရင်​ဆိုင်​ရန်​...သို့​သော်​...
ဗီလိန်​၏ သက်​​သေပြချက်
ဗီလိန်​၏ ဒသမ​ခြေလှမ်း နှင့်​......
ဗီလိန်​၏ပြိုင်​ဘက်​....
ဗီလိန်​၏ လျို့ ဝှက်​ချက်​နှင့်​...
ဗီလိန်​(သို့)Hun အ​ခေါ် Xiao Lu..
ဗီလိန်​မဟုတ်​​​လောက်​သော Xiao Lu
ဗီလိန်​၏လျို့ ဝှက်​ချက်​​နောက်​ကွယ်
ဗီလိန်​မျက်​နှာဖုံး၏...​နောက်​ကွယ်
ဗီလိန်ရဲ့.....အတိတ်
ဗီလိန်​၏ ​နောက်​ဆုံး​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များ​ ထာဝရတည်​မြဲခြင်း
ချစ်​​သော ဗီလိန်​.....
ကျေးဇူးတင်​ခြင်း..
တမ်းတခြင်း

ဗီလိန်​၏ ဒဿမ​ခြေလှမ်း​နောက်​ကွယ်​နှင့်​..

6.5K 675 156
By td_rosy

Shin ကိုသာ....ပါပါးဆီ သွား​နေကြဖို့...
သ​ဘောတူထား​ပေမယ့်​....
တကယ်​​တော့.....အဆင်​မ​ပြေလှ......

စိတ်​ထဲမှာ....တစ်​ခုခုကိုနောက်​ဆံတင်း​နေသည်​......

အလုပ်​​တွေဆိုတာလည်း....အခြားတစ်​​ယောက်​ကိုလွှဲ​ပြောင်း​ပေးဖို့က...
ရုတ်​တရက်​အဆင်​မ​ပြေ......

ကျောင်းပြီးတည်းက.....
အ​ရေး​ပေါ်ဦးစီးလိုက်​ရတာမို့........
အခုချိန်​ကျမှ အခြားတစ်​​ယောက်​ကို
လွှဲအပ်​ဖို့ဆိုတာ...အဆင်​မ​ပြေလှပါ....

ချက်​ချင်း...​ပြောင်းဖို့...ဆိုတာ.
မဖြစ်​နိုင်​တာမို့.....
ဖြည်းဖြည်းချင်း.....
ရာထူးလွှဲ​ပြောင်း​ပေးဖို့စီစဉ်​ရ​တော့မည်​.....

ပါပါးက​တော့.....
သူယုံကြည်​ရတဲ့ မန်​​နေဂျာ Song ကို...
လွှတ်​​ပေးမည်​ဟု ​ပြောထားသည်​....

မန်​​နေဂျာ Song ဆိုတာ....
အခြား​သူ​တော့မဟုတ်​ပါ....
ငယ်​ငယ်က​တည်းက......
ကျ​နော်​တို့အိမ်​မှာ​နေသည့်​...
ပါပါးရဲ့...လက်​ရုံး​တော်​ပင်​ဖြစ်​ပါသည်​....

ကျ​နော်​ အထက်​တန်း​လောက်​တည်းက...
ကုမ္ပဏီ စီမံခန့်​ခွဲ​ရေးနဲ့..ပက်​သက်​လို့....
မန်​​နေဂျာ Song ကပင်
အရာရာသင်​​ပေးခဲ့သည်​.......

စီးပွား​ရေးသိတတ်​​၍.....
အရာရာကို...​စေ့စပ်​​သေချာ​သော...
မားနဲ့ ပါပါးတို့​ကြောင့်​....
ကျ​နော်​ဟာ...အထက်​တန်းတည်းက...
ကုမ္ပဏီ စီမံခန့်​ခွဲ​ရေးနဲ့
ရင်းနှီးခဲ့တာဖြစ်​သည်​......

တကယ်​​တော့......
ပါပါးဆီသွား​နေကြမယ်​သာ....
Shin က​ပြောတာ...

U.S မှာက.....ကျ​နော့်​မိသားစုအပြင်​...
သူမ မိသားစု ပါ​နေထိုင်​​နေတာပင်​.....

ကျ​နော်​တို့နှစ်​​ယောက်​သာ....
ဒီမှာ...ကျန်​ရစ်​တာဖြစ်​သည်​.....

မွေးရပ်​​မြေကို...
မစွန့်​လွှတ်​နိုင်​တာကတစ်​​ကြောင်း.....
အင်း.....
စိတ်​က ဒီ​မြေကို လုံးဝမပြတ်​​သေးတာက တစ်​​ကြောင်းမို့.....
မစွန့်​ခွာပစ်​​ပေ......

ခုချိန်​မှာ​တော့.....​ပြောင်းရမယ့်​.....
အ​ခြေအ​နေ​တွေက...ဖန်​လာ​လေပြီ......

Shin ကေ​​ပြာင်းချင်​​နေပြီဆိုတာမို့.....
နှစ်​ဖက်​မိဘ​တွေကလည်း...
အမြန်​လာဖို့ တိုက်​တွန်း​နေသည်​......

နောက်​ဆုံး​တော့လည်း.....
စွန့်​ခွာရ​တော့မည်​​ပေါ့..........
ဘယ်​တတ်​နိုင်​မှာလဲ.....
ကံတရားက ဖန်​လာပြီမဟုတ်​လား......

ကိုရီးယားကို စွန့်​ခွာ​ရ​တော့မည်​လို့...
တွေးမိ​တော့.....
တစ်​စုံတစ်​ခု လစ်​ဟာသွားသလိုပင်​.....
ဘာမှန်းမသိ​သော......ခံစားချက်​က....
ရင်​ထဲ...တစ်​​နေရာကို....မွန်းကြပ်​....
ထိရှ​နေစေသည်​......

ကျ​နော်​ဆိုတဲ့....လူမျိုးက...
မွေးလာတည်းက.....
တစ်​စုံတစ်​​ယောက်​ထံပါးမှာ....
ရှုံးဖို့များလာ​လေ....

နာကျင်​ထိရှ​နေသည်​....
နှ​မြောတဿ.    ဖြစ်​နေ​​သလို
ိုခံစားချက်​​နဲ့အတူ....
တစ်​စုံတစ်​​ယောက်​ရဲ့.....မျက်​နှာက
ကျ​နော့်​အ​တွေးထဲဝင်​​ရောက်​လာသည်​...

ကျ​နော့်​အ​တွေးတို့က.....
အပြာ​ရောင်​ခြယ်​မှုန်းထား​သော...
ညတစ်​ညဆီ....​ခြေဆန့်​မိ၏......

ကျ​နော်​ ကြမ်းတမ်းသမျှ ကို.....
မငြူ စူပဲ....သည်းခံ​နေ​ပေးသူ.....
သူ့ကို...ရက်​စက်​လို့...ရက်​စက်​မှန်းမသိ....
မမှီမကမ်း....ကျ​နော့်​နှုတ်​ခမ်းများကို...
လိုက်​ဖမ်း​နေ​သေးရဲ့.....

အနမ်းတစ်​ပွင့်​​တောင်​....မစွန့်​ကြဲပဲ...
ပြုမှု ကြမ်းတမ်းခဲ့တာ​တောင်​...
အမှတ်​မရှိ....ရင်​ခွင်​ထဲ......
တိုးဝင်​အိပ်​ချင်​​နေ​သေးတာမို့........
တွန်းထုတ်​လို့......ဖယ်​ရှားမိလိုက်​​သေးသည်​...

တစ်​ခါ​လောက်​​တော့...
ကျ​နော်​လည်း.........​နောင်​တမရှိဘဲ....
ခင်​ဗျားလို....ရက်​စက်​ဖူးချင်​လိုက်​တာ.......
ဘုရား​ရေ....
ကျ​နော့်​သူ့ကိုသနား​နေမိတာလား......

အ​တွေးတို့....​ဟို​ရောက်​ဒီ​ရောက်​...
ဖြစ်​​နေကာ.......meeting room ထဲမှ..
ပြန်​ထွက်​လာတဲ့အထိ...
အ​တွေးစတို့မပြတ်​​သေး.....

Meeting Room ထဲမှာ....
ငေးငိုင်​​နေမိတာမို့......
ကော်​ဖီ​သောက်​ရင်း....
ကိုယ်​​ပေါ်ဖိတ်​သွား​သေးသည်​........

ဟာ......Oh Sehun ရာ...
မင်းဘယ်​လို​တွေ.....ဖြစ်​ပျက်​​နေသလဲ....
တကယ်​ဆို.....သူ့ကို....
မင်းစိတ်​နာသင့်​တယ်​မလား......
မင်းအ​ပေါ် ရက်​စက်​ခဲ့တဲ့သူ....
ဒူး​ထောက်​လို့.....​ခြေသလုံးဖက်လုနီးပါး​​...
ပြန်​​ဆွဲထားတာ​တောင်​....
တစ်​ချက်​မှ.....လှည့်​မကြည့်​ခဲ့တဲ့သူ​လေ.....

အခုလည်း....ဘာရည်​ရွယ်​ချက်​နဲ့လဲမသိ
ပြန်​​ရောက်​လာပြီး......
မင်းမိသားစုကို.....ဖျက်​ဆီးချင်​​နေတဲ့သူ......

အပြစ်​လုပ်​ထားတာ​တောင်​.....
တစ်​စက်​မှ....​နောင်​တမရဘဲ....
ထပ်​လှည့်​ဖျားတဲ့သူ​လေ......

တစ်​ခါ​သေလု​မျောပါး.....ခံစားခဲ့ရတဲ့...
ဒီနှလုံးသားကို....မညှင်းဆဲပါနဲ့​တော့.......

နောက်​တစ်​ကြိမ်​ဆို.....
မင်း​သေသွားလိမ့်​မယ်​........

ဟူး.......ဘယ်​လိုပဲဖြစ်​ဖြစ်​.....
အခု....အကုန်​ပြီးဆုံး​တော့မှာပဲ.....
ကိုယ်​လည်း.....ကိုယ့်​ဘ၀နဲ့ကိုယ်​...
ဖြစ်​တည်​​တော့မှာမဟုတ်​လား......

ကိုယ့်​စိတ်​ကိုယ်​....ပြင်​ဆင်​လို့......
အခန်းထဲသာ....ပြန်​၀င်​လာ​တော့သည်​....
.
.
.
.
.
.
.
.
.ရုံးအခန်းထဲ​ရောက်​သည်​နှင့်
သီးသန့်​ထားသည့်​.....အ​နောက်​ဘက်​မှ.....
နား​နေခန်း​လေးထဲဝင်​လို့.....
အ၀တ်​လဲဖို့ပြင်​ရ​တော့သည်​......

အ၀တ်​လဲပြီး​ပေမယ့်​....
စိတ်​ထဲ....​နောက်​ကျိကျိနဲ့မို့....
ခဏလှဲ​နေလိုက်​​တော့.....​မှေးခနဲ....
အိပ်​​ပျော်​သွားသည်​......

အထိအ​တွေ့တစ်​ခု......
ဟုတ်​တယ်​......နှုတ်​ခမ်းမှာ...
လာ​ရောက်​ထိ​တွေ့လာတဲ့....
အိစက်​စက်​အရာ...
တဖြည်းဖြည်း....စုပ်​ယူခံလိုက်​ရ​သေးသလို

ပြီး​တော့.....ခပ်​ပြင်းပြင်း.....
နာကျင်​မှုတစ်​ခုက.....နှုတ်​ခမ်းထက်​..
ခစားပြန်​​လေတာမို့......

ကျ​နော်​လည်း......
အိပ်​စက်​ခြင်းနှင့်​အဆက်​အသွယ်​ပြတ်​လို့....
ဆတ်​ခနဲ....ထထိုင်​မိ​လိုက်​​တော့တယ်​.......

တွေ့ရပါပြီ......
နှုတ်​ခမ်းကို....ကိုက်​လိုက်​တဲ့တရားခံ...

ဟင်​......သူ......သူ.....
ကျ​နော့်​ကုတင်​​ပေါ်..သူကလာထိုင်​လို့

"ခင်​.....ခင်​ဗျား....
ဘယ်​လို​ရောက်​လာတာလဲ......"

သူက....ဘာမှမဖြစ်​သလို.....အေး​ဆေး.....

"အခန်းဝက....​ကောင်​မ​လေးကို
ပြောပြီး....၀င်​လာတာ​လေ......"

ကျ​နော်​....ဘာမှဆက်​မ​ပြောလို​တော့.....
အမြဲတမ်း ​ပေါ့ပျက်​ပျက်​နဲ့သူ....
အင်း​လေ....လူ​တွေရဲ့နှလုံးသားကို​တောင်
ဘာမှမဟုတ်​သလို......
ပေါ့ပျက်​ပျက်​သ​ဘောထားတဲ့လူပဲမလား

ဟိုထိ ဒီထိ လာလုပ်​​နေတဲ့သူ​ကြောင့်​.....
ကျ​နော်​.....ကုတင်​မှဆင်းကာ.....
အခန်းပြင်​ထွက်​ဖို့ပြင်​ရ​တော့သည်​....

"ခင်​ဗျားနဲ့.....ကျ​နော်​.....
တွေ့စရာအ​ကြောင်းမရှိဘူး......
ကျ​နော်​...အလုပ်​လုပ်​ရဦးမယ်​.....
ပြန်​​တော့......"

ခပ်​ပြတ်​ပြတ်​​ပြောလို့.....
အခန်းတံခါးကို....ဆွဲဖွင့်​လိုက်​​တော့....

"​သြော်​....က​လေးရယ်​....
ကိုယ်​​ပြောစရာရှိလို့....လာခဲ့တာ...
အခုလို.......စိတ်​​ကောက်​​နေ​​တော့မှာလား
ပြီး​တော့.....က​လေးက....အပြင်​မှာ...
စကား​ပြောချင်​တာလား......."

တော်​​တော်​....အမြင်​ကပ်​စရာသူ.....
ကျ​နော်​အခန်းထဲသာပြန်​၀င်​လို့....
ခုံတစ်​ခုံမှာ....၀င်​ထိုင်​လိုက်​ရပါ​တော့သည်​..
ဒီအခန်းက အသံလုံတာမို့ဖြစ်​ပါသည်​....

ပြီး​တော့.....သူကမ​ထော်​မနန်း​တွေ..
သိပ်​​ပြောတာမို့....
သူများကြားသွားရင်​ဒုက္ခ.......
အိပ်​မက်​ထဲကလို.....လူ​တွေသိသွားရင်​..

ကျ​နော်​​တွေးကြည့်​ရုံနဲ့တင်​.....
တစ်​ကိုယ်​လုံး.....အားအင်​ချိနဲ့လာပြီဖြစ်​ပါသည်​.....

"ကဲ​ပြော....."

ကျ​နော်​....ခပ်​မာမာ​ပြော​တော့....
သူက....ရယ်​သည်​........

"က​လေးရယ်​......
ဟို​ညက.....မရလိုက်​တဲ့...
က​လေးအနမ်းကို
အခု.....အစားလာပြန်​ယူတာ....."

မြင်​ပြင်းကပ်​စရာ​ပြော​နေပြန်​ပြီ......
ည.....အဲ့ဒီည....အ​ကြောင်းက...
ဘာလို့....ပါလာပြန်​သလဲ.......

"အရစ်​​တွေ မရှည်​​နေနဲ့....
ခင်​ဗျားနဲ့....ကျ​နော်​....ဘာကိစ္စမှမရှိဘူး..
ပြန်​​တော့......"

ကျ​နော်​မတ်​တပ်​ထရပ်​လိုက်​​တော့....
သူက စာရွက်​လိပ်​တစ်​ခုကို....
ကျ​နော့်​ဆီလှမ်းပစ်​​ပေးသည်​....

"ဒါ.....ဒါ......ဘာအတွက်​......"

ကျ​နော်​တအံ့တသြ ဖြစ်​ယူရသည်​......

"ကွာရှင်းစာချူ ပ်​​လေ.....
က​လေးတို့ကွာဖို့......ကိုယ်​ယူလာတာ...
က​လေးတို့...ကွာရှင်းခြင်းအတွက်​...
ကိုယ်​က
စာချူ ပ်​ sponser ​ပေးတယ်​ထား"

တောက်​.......ကျ​နော်​ ​ဒေါသထွက်​ရသည်​...

သူက....ဘာအ​ကြောင်း​ကြောင့်​.....
ကျ​နော့်​ဘ၀ကိုလာ​ရောက်​ထိပါး​နေရသလဲ

"ခင်​ဗျား......အ​ရေးမပါတာ​တွေ....မ​ပြောနဲ့
ဘယ်​​တော့မှ.....ခင်​ဗျား​မျှော်​လင့်​သလို....
ဖြစ်​လာမှာမဟုတ်​လို့.....
စိတ်​ကူးနဲ့ရူးမ​နေနဲ့..... "

သူက....ခပ်​ဟဟရယ်​သည်​.....
ကုတင်​​ပေါ်က ​ခေါင်းအုံးကို....ဆွဲယူလို့...
တရှိုက်​မက်​မက်​...နမ်း​သေး၏....
တကယ့်ေxာက်​ပို.....
မာယာများ​နေပြန်​ပြီ.....

"ဟုတ်​လား.....
ဒါ​ပေမယ့်​​လေ......
သုံးရက်​​လောက်​.....
ထသွားထလာ...အဆင်​မ​ပြေ​အောင်​ထိ.....
အကြမ်းခံခဲ့ရတဲ့ကိုယ်​က....
စိတ်​ကူးထဲမှာပဲ.....ရူးမိုက်​ခဲ့ရုံ​တော့...
မဟုတ်​ဘူးထင်​တယ်​......"

ကျ​နော့်​အရှိုက်​ကို....
စကားလုံးတို့ဖြင့်​....ထိုးနှက်​၏....
မဟုတ်​​သေးဘူး​လေ.....
အဲ့ဒီညက.......ကျ​နော်​....သူ့ကို...
နှိပ်​စက်​ချင်​ယုံ....သက်​သက်​နဲ့ကို.....

သူက ဆက်​​ပြောပြန်​ပါ၏......

"က​လေး.....ခဏခဏ​ပြော​နေတဲ့....
ဘာမှမဆိုင်​ဘူးဆိုတဲ့စကား....
သေချာစဉ်းစားပြီးမှ.....​ပြော​​......
ကိုယ်​တို့......ဘယ်​အ​ခြေအ​နေထိ.....
ဖြစ်​ခဲ့တယ်​.....ဆိုတာ....
က​လေးအသိဆုံး​နော်​....."

သူကအခုမှ....ဒါကို..​ရေးကြီးခွင်​ကျယ်​.....

"အဲ့ဒီ​တော့.....ခင်​ဗျားက....
တာဝန်​ယူခိုင်း​နေတဲ့သ​ဘောလား....
သေချာစဉ်းစား​နော်​.....
ခင်​ဗျားက.....ဗိုက်​ကြီးတတ်​တဲ့....
မိန်းမ မဟုတ်​ဘူး....."

ကျ​နော်​.....လက်​သီးကိုတင်းတင်းဆုပ်​လို့...
ခွန်းတုံ့ပြန်မိ​သည်​......
ကျ​နော်​....နိုင်​ချင်​တယ်​....ဗီလိန်​......

"Oh မဟုတ်​ဘူးက​လေး....
ကိုယ်​အဲ့​လောက်​​က​လေးမဆန်​ဘူး....
က​လေးကို ဒါ​တွေ.....​ပြော​နေတာက....
က​လေးသိဖို့.....အမှတ်​ရဖို့....
က​လေး....ကိုယ့်​ကို....ချစ်​တုန်းပဲဆိုတာ..."

ကျ​နော်​....ဟားတိုက်​ရယ်​ချပစ်​လိုက်​သည်​...

"ဘာသက်​​သေနဲ့လဲ.....
ဘာ​ကြောင့်​...တပ်​အပ်​​ပြော​နေတာလဲ...."

"က​လေး.....ကတိ​ပေးဖူးတယ်​​လေ...
ကိုယ့်​ကို...တစ်​သက်​လုံးချစ်​မယ်​ဆိုတဲ့ကတိ
ကိုယ့်​အဲ့ကတိကိုယုံတယ်​....
က​လေးက...ကတိတည်​တဲ့သူမလား....."

ချည်​ပြီးတုပ်​ပြီး...​အ​ပြောနဲ့သူ....
ဒါ​ပေမယ့်​.....ဘယ်​လိုလုပ်​မလဲ....
ကျ​နော်​ကြိုး​ဖြေတတ်​​နေပြီ......

"ဒါဆို....ခင်​ဗျား....က​ရော.....
ခင်​ဗျားက​ရော ဘာလို့..
ကျ​နော့်​ကို...စွန့်​ပစ်​ခဲ့တာလဲ"

သူတစ်​ချက်​ပြုံးသည်​.....

"ကိုယ်​ကတိ​ပေးခဲ့လို့လား....
ကိုယ်​ က​လေးအနားမှာ...
တစ်​သက်​လုံး​နေမယ်​လို့.....
ကတိ​ပေးခဲ့ဖူးလား...."

သူ့စကားက.....ဒီရင်​ခွင်​ကို...
ဓားဖြင့်​ထိုးစိုက်​ကာ​မွှေသလို....
နာကျင်​​စေ၏....

"တကယ်​ဆို....ကိုယ်​က​လေးကို....
ဘာ​မျှော်​လင့်​ချက်​မှ မ​ပေးခဲ့ဘူး​လေ...
က​လေးဘာသာ..ကိုယ့်​ကို......
အရူးအမူးဖြစ်​သွားတာမလား......"

ကျ​နော်​....​အော်​ရယ်​ချင်​မိသလို.....
အော်​ငိုချင်​မိသည်​......

ကျ​နော်​ပဲ....မှားတာ​ပေါ့....ဟုတ်​လား.....
သူ​ပြောသလိုဆို....
ကျ​နော်​က....အချစ်​ကို...ကိုးကွယ်​လို့...
ရူးမိုက်​​နေတဲ့....​ကောင်​......

ကျ​နော်​....ဘယ်​အဆင့်​ထိ.....
ဖြစ်​သွားပြီလဲ....

"ဟင်​....​သေချာ​တွေးပါ....က​လေးရဲ့.....
က​လေးပဲ....ကိုယ်​မ​တောင်းခဲ့တဲ့...
ကတိ​တွေ....ဇွတ်​​ပေးခဲ့တာ​လေ....
အခု....အဲ့ကတိကို...မတည်​ချင်​လို့....
လှည့်​ပတ်​​ပြေး​နေတာ...
သိပ်​မဟုတ်​​သေးဘူး​နော်​...."

ဘာ....ကျ​နော်​က..ဘယ်​လို​ကောင်​တဲ့လဲ.....
သူ့စိတ်​ထဲမှာ...ကျ​နော်​က....
သူဘာလုပ်​လုပ်​ခံမယ့်​​ကောင်​.....
အရူးအ​ပေါကြီးဖြစ်​ခဲ့တာလား...

ဘာမှေxာက်​သုံးမကျဘဲ.....
Xiao Luhan ဆိုတဲ့....သူကို...
တမ်းတမ်းစွဲဖြစ်​​နေတဲ့....
အရူးကောင်​ဖြစ်​သွားတာလား.....

ကျ​နော့်​ကိုယ်​မှာ.... တန်​ဖိုးအကြီးဆုံးလို့..
သတ်မှတ်​ထားတဲ့..........နှလုံးသားက...
သူ့အတွက်​​တော့.....လမ်း​ဘေးမှာ....
အတင်းထိုး​ရောင်း​နေတဲ့....
ခပ်​​ပေါ​ပေါ....ပစ္စည်းတစ်​ခုလိုလား....

ကျ​နော်​....တခုပ်​တရ.....​ပေးအပ်​​လိုက်​တဲ့...
အချစ်​ဆိုတာက....သူ့အတွက်​​တော့....
အားနာပါးနာနဲ့...ယူလိုက်​ရတဲ့.....
တန်​ဖိုးမဲ့....ပစ္စည်းတစ်​ခုလိုလား.......

ကျ​နော်​....သူ့လိုလူကို.....ဘာ​ကြောင့်​များ....

နာတယ်​....နာကျင်​တယ်​....
ဒီနှလုံးသားက...​သေမတတ်​နာကျင်​တယ်

အခု​တောင်​....ဒီ​လောက်​ဖြစ်​​နေရင်​...
နောင်​များဆို.....

"ဘာလို့..တိတ်​သွားလဲ....က​လေး....
ဘာလဲ....အတိတ်​ကို..လွမ်းသွားလား
ကိုယ်​တို့​ပျော်​ခဲ့တဲ့အတိတ်​ကို...
သတိရသွားသလား...ဟင်​....
ကိုယ့်​က​လေး....."

ကျ​နော်​မျက်​ရည်​၀ဲ​နေလို့ထင့်​.....
သူ​ချော့သလို​ပြောပြန်​၏.....
ခင်​ဗျား.....ကို....ကျ​နော်​......နိုင်​ပါရ​စေ​တော့

"ခင်​ဗျားက.....အဲ့တစ်​ချက်​နဲ့တင်​....
ခင်​ဗျားနဲ့...အတူ​နေခဲ့တာနဲ့တင်​....
ခင်​ဗျားကို....ချစ်​တယ်​လို့.....
ထင်​​နေပြန်​တယ်​​ပေါ့...."

သူ့မျက်​ခုံးများ....စုကုပ်​သွားခဲ့သည်​....
သူ့စကားနဲ့...မဆိုင်​​သော...
ကျ​နော့်​တုံ့ပြန်​စကား​ကြောင့်​....

တစ်​ခါ​လောက်​​တော့.....
လူတစ်​​ယောက်​ရဲ့.....အ​ရေးမလုပ်​ခြင်းကို
ခံစားကြည့်​စမ်းပါခင်​ဗျားရယ်​.....

"ဒါ​ပေါ့.....ချစ်​လို့....ဒီထိဖြစ်​တာ​ပေါ့....
အထိအ​တွေ့ဟာ....အချစ်​ရဲ့......
ဖော်​ညွှန်းချက်​တစ်​မျိုးပဲက​လေး....
က​​လေး​တောင်​ Shin ကို မချစ်​လို့.....
မထိ​တွေ့တာမလား...."

ကျ​နော်​....မဲ့ပြုံးပြုံးမိသည်​.....
မိန်းက​လေးတစ်​​ယောက်ကို​တောင်​...
ဒီလို​တွေ​ပြောထွက်​တယ်​လား......
ဒီစကားဝိုင်းက..Shin နဲ့ဆိုင်​တာမှမဟုတ်​..
နှမချင်းစာနာစမ်းပါ.....
ကျ​နော်​....ညှာတာစရာ......
အ​ကြောင်းမရှိ​တော့ပြီ......

"သူ့ကို...မထိ​တွေ့တာ....
တန်​ဖိုးထားလို့...."

ကွပ်​ခနဲပျက်​​သော...သူ့မျက်​နှာ....
ကျ​နော်​ အနိုင်​ရ​လောက်​​ကောင်းပါရဲ့.....

တစ်​ခါ​လောက်​ကိုယ်​ချင်းစာကြည့်​စမ်းပါ
ခင်​ဗျားရာ.......

"ဘာ...."

သူ​​ဒေါသတကြီး​အော်​သည်​.....

"ဟုတ်​တယ်​​လေ....
တန်​ဖိုးထားလို့....သူ့ကို...မထိတာ....
ကိုယ့်​ကိုကိုယ်​လည်းမသတီဘူး.....
ခင်​ဗျားနဲ့....လွန်​လွန်​ကြူးကြူးဖြစ်​ထားတဲ့..
ဒီခန္ဓာကိုယ်​ကို....မသတီလို့.....
Shin ကို....မထိတာ....
ခင်​ဗျားကိုကလည်း.....
ချစ်​လို့​မဟုတ်​ဘူး​နော်​.....
ခင်​ဗျားခန္ဓာကိုယ်​က ​ပေါ​ပေါပဲပဲမဟုတ်​လား
ကျ​နော့်​အတွက်​...အမြဲ...
အသင့်ဖြ​​စ်​​နေတာမလား....."

ကျ​နော့်​စကားလည်းဆုံး​ရော....
သူက....ကျ​နော့်​ဆီလာလို့.....
အင်္ကျီ​ကော်​လံစကို....လာဆုပ်​ကိုင်​သည်​...

သူ့မျက်​၀န်းများကလည်း....
မီးဝန်းဝန်း​တောက်​​တော့မလို.....

ကျ​နော်​​ကြောက်​ရွံ့​နေ​ပေမယ့်​.....
အားကိုတင်းထားသည်​......
ကျ​နော်​ကိုယ်​တိုင်​စ​မွှေးခဲ့တဲ့....
သူ့​ဒေါသမီးမလား.....

"ပြန်​​ပြောစမ်း....Oh Sehun ...
ပြန်​​ပြောစမ်း.......​ဟေ့​ကောင်​...."

သူက....ကျ​နော့်​​ကော်​လံကို....
ဆုပ်​ကိုင်​မြဲ .....ဆုပ်​ကိုင်​သည်​.....

ကျနော်​​ကြောက်​တယ်​....
သူ့​ဒေါသကို​ကြောက်​တယ်​....
သူ့ကိုလည်း.....​ကြောက်​တယ်​......
ဒါ​ပေမယ့်​.....သူ့ကို...ထပ်​မရှုံးချင်​​တော့ပါ..

ဒူးတုန်​​နေသည့်​ကြားမှ.....
သူ့လက်​ကို...ပြန်​ဆွဲကိုင်​လို့...
ရုန်းလိုက်​သည်​....
သူ့လက်​ကိုချူ ပ်​ကာလွှတ်​ချလိုက်တာမို့......
သူက....ခုံ​ပေါ်ကို....ဖရိုဖရဲ...ပစ်​ကျသည်​...

"ထပ်​ကြားချင်​တယ်​လား....
ထပ်​​ပြော​ပေးမယ်​​လေ....
ကျ​နော်​....Shin ကို....
တန်​ဖိုးထားတယ်​လို့"

သူ့တုံ့ပြန်​ချက်​က......
ကျ​နော်​ထင်​သလို ဖြစ်​မလာပါ.....

ခပ်​​အေး​အေး....မဲ့ကာ...ပြုံးလို့......
ခုနက လူဟာ...သူမဟုတ်​​တော့သလို....
မျက်​၀န်းရဲရဲများက​တော့....
အစကလို....​ဒေါသမီးလွှမ်းမိုး​နေဆဲ....

Xiao Luhan ဆိုတာ....
မျက်​နှာ အမူအရာအမျိုးမျိုးလည်း
တတ်ေ​​​မြာက်လေ​သေးသလို..
ဒေါသကိုလည်း....
ထိန်းချူ ပ်​နိုင်​​သေးရဲ့ထင်​ပါ့.....

"ကိုယ်​မှားသွားတယ်​.....
ကိုယ့်​က​လေးရဲ့....နှလုံးသားကို....
အ​မှောင်​ဖုံး​စေမယ့်​....အဲ့ဒီ့မိန်းမကို....
ဟိုညတည်းက....
အ​သေ သတ်​ခိုင်းလိုက်​ရမှာ....."

ဘာ......ဘယ်​လို.....သူဘာ​ပြောတာ....

"ခင်​ဗျား....ခင်​ဗျား....
ဘာ​ပြောလိုက်​တယ်​....."

သူက....ကျ​နော့်​ကိုမကြည့်​ဘဲ...​..
ရေရွတ်​​နေ၏......

"ဟုတ်​တယ်​....အ​သေ သတ်​ခိုင်းခဲ့ရမှာ....
အဲ့ဒါမှ.....
အ​နှောင့်​အယှက်​ကင်းသွားမှာ...."

မဟုတ်​မှလွဲ​ရော.....သူ......

"ခင်​....ခင်​ဗျား......ဟိုညက....
Accident....က...."

ကျ​နော်​စကားပင်​မဆုံးလိုက်​ပါ....
သူက....​အော်​ရယ်​သည်​.....

"က​လေးရယ်​....အထူးအဆန်းမှတ်​လို့...
ပိုက်​ဆံရှိရင်​.....
ဘာမဆိုဖြစ်​နိုင်​တဲ့...​ခေတ်​ကို...."

ဝန်​ခံလိုက်​​သော သူ့စကား.....
Shin ဖြစ်တဲ့...​accident ကို.....
သူစီမံတာလို့....​ပြော​နေတာ...

ကျ​နော်​က​တော့....ဒါကိုမသိပဲ...
သူဆင်​တဲ့...
အကွက်​ထဲ​ရောက်​တာ​တောင်​​မသိပဲ.....
သူနဲ့....အဲ့ဒီ့ညက.....

ကျ​နော့်​​ဒေါသတို့က....​ကြောက်​စိတ်​ကို
ဖယ်​ပျက်​​ပေးနိုင်​သည်​...ထင်​၏.....

ကျ​နော့်​သူ့နား
ဘယ်​လို​ရောက်​သွားတယ်​မသိ......
သူ့လည်​ပင်း.....​ကော်​လံစကို.....
ဆွဲကိုင်​လို့....မတ်​တပ်​မတ်​​စေသည်​.....

"ဟမ်​.....ဘာလို့.....ခင်​ဗျား....
ဒီ​လောက်​ထိ......မ​ကြောက်​မလန့်​...
လူတစ်​​ယောက်​ရဲ့...အသက်​ကို​တောင်​ထိပါးရဲတာလဲ..."

ကျ​နော်​ကသာ....ပြာယာထူပူ​နေတာ...
သူက​တော့.....တည်​ငြိမ်​စွာ....
ရုန်းလည်းမရုန်း....
မျက်​လုံးများ​မှေးစင်းလျက်​....ကြည့်​​နေသည်

"မုန်းလို့​လေ.....
သူရှိ​နေရင်​....က​လေးက...သူ့ကို..
ချစ်​​နေတယ်​လို့....အထင်​မှား​နေတာမို့လို့..
သူ့ကို ရှင်းပစ်​ချင်​ခဲ့တာ...ကိုယ်​မှားလား"

အေး​ဆေးစွာ....တုံ့ပြန်​လာ​သောသူ....
မှားလားတဲ့......

"မှားတာ​ပေါ့.....ခင်​ဗျားမှားတာ​ပေါ့....."

ကျ​နော်​မတုံ့မဆိုင်း...ဆိုမိသည်​.....

"ဘာ....မှားတယ်​ဟုတ်​လား.....
အဲ့​ကောင်​မအတွက်​....မင်းကငါ့ကို....
မှားတယ်​...လို့..သုံးသပ်​​နေတာလား"

အခုမှ.....သူကလှုပ်​လှုပ်​ရှားရှားဖြစ်​ကာ
ဒေါသတို့​ပေါက်​ကွဲလာသည်​....

ကျ​နော့်​လက်​ကို...ဆွဲခါ....ဖြုတ်​ချလို့.....

"​အေး...မှား​တော့....မင်းဘာလုပ်​မလဲ...
အဲ့အမှုအတွက်​...ရဲတိုင်​မလား....
ဟမ်​ ​.....​ပြော​လေ....တိုင်​ချင်​လား
ငါ့ကို​ထောင်​ထဲပို့ချင်​လား....
ဘာလို့ငြိမ်​​နေတာလဲ....Oh Sehun...
သက်​​သေမရှိလို့လား....ဟမ်​....."

သူက....ဖုန်းကိုထုတ်​လိုက်​သည်​....

"Oh Group သူ​ဌေးက​တော်
Shinmi ရဲ့ Car Accident အမှုကို...
နောက်​ကွယ်​ကကြံစည်​...စီမံသူဟာ
ကျ​နော်​ Xiao Luhanပါ..."

Recording လုပ်​ပြီး
ဖုန်းကို...ကျ​နော့်​ဆီလှမ်းပစ်​၏......
ကျ​နော်​က​တော့.....ကြမ်းပြင်​မှာ.....
ထိုင်​ချလျက်​သား.....

"အဲ့မှာ....သက်​​သေ....
သွား​လေ....သွားတိုင်​...သွား....
မင်းအဲ့ဒီမိန်းမကို....ချစ်​တယ်​ဆို....
သူ​သေမလိုဖြစ်​ခဲ့တာ......
မင်းမ​ကျေနပ်​ဘူးမလား.....သွား​လေ...
သွားတိုင်​ပါ....Oh Sehunရဲ့....."

သူ​အော်​ဟစ်​​ပေါက်​ကွဲသည့်​တိုင်​....
ကျ​နော်​...ဘာမှမတုံ့ပြန်​နိုင်​ပါ....
ရူး​ကြောင်​​ကြောင်​လူတစ်​ယောက်​လို....
နေရာမှာတင်​....ထိုင်​​နေမိသည်​......

အဲ့ညကသာ သူမ တစ်​ခုခုဖြစ်​ခဲ့ရင်
Luhan အပြစ်​ဆိုတာထက်​....
ကျ​နော့်​အပြစ်​က ပိုများမည်​....

ကျ​နော်​ဟာ...မိန်းမတစ်​​ယောက်​ကို....
ကာကွယ်​နိုင်​​လောက်​တဲ့အထိ....
အသုံးကျခဲ့သူ...မဟုတ်​ခဲ့ပါလား....
ထိုအသိက.....​သေမလိုနာကျင်​​စေချင်​သည်

ကျ​နော်​ဟာ Luhan အတွက်​သာမက...
Shin အတွက်​ပါ....
ဘာမှတန်​ဖိုးမရှိတဲ့​...
ကောင်​ဖြစ်သွားပြီလား....

ခြေ​တွေမခိုင်​​တော့တာမို့.....
ထဖို့လည်း....မကြိုးစားမိ....
နာကျင်​​နေတဲ့.....နှလုံးသား.....
စိုးရိမ်​​နေတဲ့....စိတ်​အစဉ်​ကိုသာ....
အသာ....ထိန်းချူ ပ်​​နေရ၏.......

ခင်​ဗျား....ကို....အနည်းဆုံး​တော့.....
လူသားဆန်​​စေခဲ့ချင်​တာ......

ခင်​ဗျားကို
တန်​ပြန်စကားနာထိုးဖို့​လေး​တောင်
ကျ​နော်​....မနည်း.....အားယူခဲ့ရတာ.......

ဒါ​တောင်​....ခင်​ဗျားက .....
မိန်းမသားတစ်​​ယောက်​ကို....သတ်​ဖို့အထိ..
မမှိတ်​မသုန်​ကြံစည်​ရဲတယ်​.....

နောက်​ပိုင်းဆို....ဒီ့ထက်​ဆိုးတာ​တွေ....
ဖြစ်​လာမလား​လေ....

ခင်​ဗျား....မိစ္ဆာ ဖြစ်​​နေပြီ.....Luhan.......

ကျ​နော်​....​ကြောက်​တယ်​.....
ခင်​ဗျားကို.....​ကြောက်​တယ်​.....

သူက​တော့....တောက်​တစ်​ချက်​​ခေါက်​လို့..
ထွက်​သွားခဲ့​ပေမယ့်​....
ကျ​နော်​က​တော့....​နေရာမှာ.....
မတုန်​မလှုပ်​ရဲခဲ့ပါ.....

ခင်​ဗျား.....သိပ်​ဆိုးတယ်​.. ....ဗီလိန်​.....

ခင်​ဗျားဆီမှာ....ကျ​နော့်​နှလုံးသားကို
ဒုတိယအကြိမ်​​မြောက်​.....
မထိ​ကြွေပါရ​စေနဲ့​တော့......
.
.
.
.
.
.
အိမ်​​ရောက်​​ရောက်​ချင်း....
Shin ကိုဖက်​လို့......
စကားတစ်​ခွန်း​ပြောမိသည်​.....

"ကိုယ်​တို့....အမြန်​ဆုံး...ဒီနိုင်​ငံက...
ထွက်​သွား ကြရ​အောင်​.....

အမြန်​ဆုံး.....သူနဲ့....ကင်းလွတ်​ရာကို...
သွားကြရ​အောင်​......."

သူမက​တော့....ဘာမှ​မေးခွန်းပြန်​မထုတ်​ပါ
တိုးတိတ်​စွာပင်​....လက်​ခံ၏......

စကားရဲ့အဆုံးသတ်​နဲ့...အတူ...
ကျဆင်းသွားတဲ့....
ကျ​နော့်​မျက်​ရည်​စက်​အ​ကြောင်းကိုမူ....
ကျ​နော်​.....နားမလည်​ပါရ​စေနဲ့​တော့.......

ထပ်​နာကျင်​ထိခိုက်​စရာ....နှလုံးသားအပို
မရှိ​တော့လေပြီ.....

ကျ​နော်​......ချစ်​ရမှာ....​ကြောက်​တယ်​......

သူ့အပါးခစားတဲ့....ခပ်​​ပေါ​ပေါတစ်​​ကောင်​..
ဖြစ်​မှာ​.....​ကြောက်​တယ်​........

သူလိုမှဖြည့်​ဆည်း​ပေးရတဲ့......
တန်​ဖိုးမရှိတဲ့......နှလုံးသားပိုင်​ရှင်​.....
မဖြစ်​ပါ​ရစေနဲ့​တော့..........

ဒုတိယအကြိမ်​​မြောက်​....
စွန့်​ပစ်​ခံအမှိုက်​တစ်​စ......
မဖြစ်​ပါရ​စေနဲ့​တော့....

ထားရစ်​ခံရမှာ​ကြောက်​လှတာမို့......
ကြိုတင်​လို့.....ထွက်​​ပြေးထားပါရ​စေ...

အချစ်​မှာ......
ကျန်​ရစ်​သူတိုင်းဟာ.....
ပိုနာကျင်​ရမယ်​ဆို​ရင်​​တောင်
မချစ်​ခဲ့တဲ့....ခင်​ဗျားက​တော့.....
နာကျင်​မှုရဲ့....ဧရိယာပြင်​ပမှာရှိ​နေမှာပါ....

"ကျ​နော်​...ခင်​ဗျားကို....
........သိပ်​​ကြောက်​တာပဲ....ဗီလိန်​......."

...............................TBC.......................

3291 words

ဟုတ်​ကဲ့....
ဖတ်​​ပေးတာ ​ကျေးဇူးပါ

နှလုံးသားဖြင့်​...စာ​ရေးချင်​သူ

#TD
#Hunhan-is-my-heart.

Continue Reading

You'll Also Like

82.1K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
128K 9.5K 42
(Uni) သောင်အိုခေတ်ကတည်းက ကွယ်ပျောက်သွားပြီဖြစ်သောမိမိရဲ့သခင်ကို ပြန်လည်မွေးဖွားလာမလားဟု မျှော်လင့်ချက်နှင့်စောင့်မျှော်ခဲ့ရသော werewolfတစ်ကောင်ရဲ့ စိ...
33.4K 3.9K 24
"Yukina ! ကြယ်​​တွေအပြည့်​နဲ့ ​ကောင်းကင်​က အရမ်းလှတာပဲ​နော်​" "Yukina ! ကြယ်​​တွေ​ကြွေရင်​ ဆု​တောင်း ! ပြည့်​တယ်​တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း...
11.6K 640 50
#ကြိုပြောချင်တာက..ဒီဇာတ်အိမ်ဟာ..အချိုးအကွေ့နည်းနည်းများပါမယ်နော် ဒီမှာ..ဦးခေတ်သိဖို့က ကျွန်တော်က ဂေးမဟုတ်ဖူး...ခင်များနဲ့ကြမှ ထိန်းမနိုင်သိမ်းမရ ကွေ...