သို့.....ချစ်​​သောဗီလိန်​...[...

By td_rosy

264K 23.2K 3K

မာနတရားနှင့်​ စတင်​ကာ ကြမ်းတမ်းခက်​ထန်​မှုအတိနှင့်​ပြီး​သော ဗီလိန်​တစ်​​ယောက်​ရဲ့ အချစ်​.... More

ဗီလိန်​အဖြစ်​ခံယူခြင်း
ဗီလိန်​၏ ပထမ​ခြေလှမ်း
ဗီလိန်​၏ ဒုတိယ​ခြေလှမ်း
ဗီလိန်​၏ တတိယ​ခြေလှမ်း
ဗီလိန်​၏စတုတ္ထ​ခြေလှမ်း
ဗီလိန်ကို တွန်းလှန်​ရန်​.......
ဗီလိန်​၏ ပဉ္စမ ​ခြေလှမ်း...
ဗီလိန်​၏ ဆဌမ​ခြေလှမ်း
ဗီလိန်ကို....​မေ့ပစ်​​ရန်​...
ဗီလိန်​၏ သတ္တမ​ခြေလှမ်း
ဗီလိန်​၏၀ဋ်​လည်​ခြင်း
ဗီလိန်​၏ ယုံကြည်​ချက်
ဗီလိန်​၏ အဌမ​ခြေလှမ်း
ဗီလိန်​၏ န၀မ​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များပျက်​စီးခြင်း..
ဗီလိန်​ကို ရင်​ဆိုင်​ရန်​...သို့​သော်​...
ဗီလိန်​၏ သက်​​သေပြချက်
ဗီလိန်​၏ပြိုင်​ဘက်​....
ဗီလိန်​၏ ဒဿမ​ခြေလှမ်း​နောက်​ကွယ်​နှင့်​..
ဗီလိန်​၏ လျို့ ဝှက်​ချက်​နှင့်​...
ဗီလိန်​(သို့)Hun အ​ခေါ် Xiao Lu..
ဗီလိန်​မဟုတ်​​​လောက်​သော Xiao Lu
ဗီလိန်​၏လျို့ ဝှက်​ချက်​​နောက်​ကွယ်
ဗီလိန်​မျက်​နှာဖုံး၏...​နောက်​ကွယ်
ဗီလိန်ရဲ့.....အတိတ်
ဗီလိန်​၏ ​နောက်​ဆုံး​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များ​ ထာဝရတည်​မြဲခြင်း
ချစ်​​သော ဗီလိန်​.....
ကျေးဇူးတင်​ခြင်း..
တမ်းတခြင်း

ဗီလိန်​၏ ဒသမ​ခြေလှမ်း နှင့်​......

6K 672 111
By td_rosy

"​သြော်​......မင်း​ရောက်​လာပြီလား...."

သူမက ကျ​နော်နဲ့မျက်နှာချင်းဆိုင်​ခုံမှာ...
ဝင်​ထိုင်​​လိုက်​သည်​......

ခုနကတင်​ ​ဖျော်​ခဲ့​သော ​ကော်​ဖီပူပူကို....
မော့​သောက်​ရင်း.....
သူမကို ကြည့်​​နေလိုက်​သည်​.....

"ဧည့်​ခံစရာ​တော့....ဘာမှမရှိဘူး...
ဒီအတိုင်း အဆင်​​ပြေတယ်​မလား...."

ကျ​နော်​ကိုယ်​တိုင်​ ​ဖျော်​သည့်​ ​ကော်​ဖီကို...
သူမကို....​ပေးမ​သောက်​ချင်​ပါ....

ညက Accident ဖြစ်​ထားလို့ထင်​ပါ့....
ခြေ​ထောက်​မှာ...ပတ်​တီးနဲ့.....

"Hun.....ဘယ်​မှာလဲ....."

သူမက အပူတပြင်း​မေးသည်​.....

"က​လေး...အိပ်​​နေတယ်​....မနိုး​သေးဘူး...
ညက ပင်​ပန်းထားလို့....ထင်​တယ်​...."

နှုတ်​ခမ်း ကို တင်းတင်းကိုက်​ထားတဲ့သူမက
မျက်​လုံး...အ​ရောင်​​ပါ​ပြောင်​သွားတယ်​...
လက်​​တွေပါ...
တဆတ်​ဆတ်​တုန်​​နေသလားလို့....

"​သြော်​.....ပင်​ပန်းတယ်​ဆိုတာ....
သောက်​တာများသွားတာကို​ပြောတာ....
အင်း....မင်းသိမလား​တော့မသိဘူး...
က​လေးက သိပ်​မ​သောက်​နိုင်​ဘူး....
၎ခွက်​​လောက်​နဲ့တင်​ 
မှောက်​တတ်​တယ်​...."

သူမ ဘာမှဆက်​မ​ပြော......
သူမနှလုံးသားကို အများဆုံးထိခိုက်​​စေမည့်
စကားလုံးတို့ကို...ကျ​နော်​ရှာ​ဖွေ​နေမိသည်​..

"ဒါနဲ့....ညက.....
က​လေးဖုန်း​ပြောသံကြားတယ်​....
မင်း...Accident ဖြစ်​လို့ဆို....
သက်​သာရဲ့လား......."

"............."

သူမ မသက်​သာမှန်းကျ​နော်​သိပြီးသား....
ဆေးရုံမှာနာရီပိုင်း​လောက်
သတိ​မေ့ခဲ့တဲ့သူက....
Hun အ​ကြောင်းအစချီလိုက်​တာနဲ့....
ချက်​ချင်း...​ဆေးရုံကဆင်းပြီး....​..
ချက်​ချင်းရောက်​လာ​တာ.....

"ကိုယ်​လည်း....ညက
က​လေးကိုမင်းဆီသွားခိုင်းပါတယ်​....
ဒါ​ပေမယ့်​.....
အဲ့ဒီ အ​ကောင်​​ပေါက်​​လေးက...
မူးလာရင်​....စကားနားမ​ထောင်​ဘူး...
သိပ်​ဆိုးတယ်​.....
ဘယ်​လိုမှ သွားခိုင်းလို့မရဘူး.....
အဲ့ဒါနဲ့.....ကိုယ်​​လည်း...သူ့သ​ဘောအတိုင်း
ဒီမှာ...အိပ်​ခိုင်းလိုက်​တယ်​....."

ဘာပြန်​​ပြောရမလဲ​တောင်​မသိတဲ့....
သူမပုံစံက
တကယ်​သ​ဘောကျဖို့​ကောင်းတယ်​......

ကျ​နော်​....
အတတ်​နိုင်​ဆုံးပြုံးထားလိုက်​​ရင်း...
သူမရဲ့ကျရှုံးခန်းကို ကြည့်​​နေလိုက်​သည်

"ရှင်​......သူ့ကို.....
ဘာ.......လုပ်.....​​ထား.....​သေးလဲ.."

မိနစ်​ပိုင်း​လောက်​...ထပ်​စဉ်းစားပြီး...
ပြောလိုက်​တဲ့....သူမ စကားက...ဘာတဲ့...
Hun ကို...ဘာလုပ်​ထား​သေးလဲ....တဲ့....

ထိုင်​​နေရတာ​တောင်​.....နာကျင်​​နေ​သေးတဲ့
ခန္ဓာကိုယ်​​အောက်​ပိုင်း...ကို​တွေးမိ​တော့...
သူမ ​မေးခွန်းက....တကယ်​ရယ်​စရာ....

ဒီလို......သူမ​မေးလိုက်​တာက...
သူ့​သေ​တွင်း....သူ​တူး​လိုက်​တာပဲ....

"အိုး.....ကိုယ်​တို့...ရိုးရိုးသားသားပါ....
ဒါနဲ့....မင်း​ပြော​တော့....Sehun ကို
ယုံတယ်​ဆို....
ဘာလို့...ခုကျ ဒီလို​မေးရတာလဲ...."

အကျပ်​ရိုက်​သွား​သောသူမ.....

"ရှင်​....ရှင်​.....စကားနာထိုးမ​နေနဲ့....
ကျွန်​မ​မေးတာပဲ​ဖြေ.....ရှင်​တို့......."

နောက်​ဆုံး....အဆုံးသတ်​မှာ....
အသံတိုးလျစွာ....​သူမက​ပြောသည်​....

ကျ​နော်​ပြုံးလိုက်​သည်​.....

"ကိုယ်​....စကားနာမထိုးရဲပါဘူး.....
ဘာလို့လဲဆို​တော့.....
မင်းဟို​နေ့က​ပြောသလိုပဲ....
ကိုယ်​က Sehun ကိုမယုံရဲ​တော့ဘူး​လေ
အဲ့ဒါ​ကြောင့်​...အတိတ်​ကို​တောင်
ချီး​ခြောက်​​ရေနှူးသလို
ထည့်​မ​ပြော​တော့ဘူးလို့....
တွေးထားတာ.....
ဘယ်​လိုလုပ်​မလဲ......
ကိုယ်​​ကြောက်​လာတယ်​သိလား....
Sehun ကိုယ့်​ကိုမချစ်​​တော့ဘူးထင်​တယ်"

ကျ​နော်​ ပြုံး​နေရင်းမှ.....ချက်​ချင်း....တည်​လို့
ငိုမဲ့မဲ့ပုံစံဖြင့်​​ပြောလိုက်​တယ်​.....

သူမရဲ့....
လက်​သီးဆုပ်​​တွေဆတ်​ဆတ်​တုန်​​နေတယ်

"ရှင်​....ရှင့်​ကို....ကျွန်​မ မယုံတာ...."

ကျ​နော်​.....သူမကိုစိုက်​ကြည့်​လိုက်​သည်​....

"ဒါ....ဘယ်​လိုအ​ခြေအ​နေကြီးလဲကွာ...
မင်းနဲ့...Sehun ၂​လ ​ကျော်​​လောက်​..
နေ့​ရောညပါ အတူတူ​နေခဲ့တာ​တောင်​...
ကိုယ်​ဘယ်​လိုမှ မသင်္ကာမဖြစ်​ခဲ့ဘူး....
အခုကျ...ကိုယ်​နဲ့ Sehun က တစ်​ညပဲ
အတူတူ​နေရ​သေးတယ်​.....
မင်းကမယုံဘူး....ဖြစ်​​နေပြီ.....
ဘာကွာလို့ပါလိမ့်​......"

ကွာတာက....ငါတို့​ပေါ်မှာထားတဲ့
Sehun ရဲ့ ခံစားချက်​​တွေပဲ.........
သူက ငါ့ကိုချစ်​​ပေမယ့်​....မင်းကိုမှမချစ်​တာ.

ကိုယ့်​ဘာသာ.....
.စိတ်ထဲတွင်​​​ဖြေလိုက်​မိသည်​.....
သူမလည်း....သ​ဘော​ပေါက်​မှာပါ.....

ကျ​နော့်​စကားဆုံးသည်​နှင့်​....
မျက်​ရည်​၀ဲလာ​သောသူမက......
တိတ်​​နေသည်​.......

အရှုံးက....နှုတ်​ဆိတ်​​စေသည်​ထင့်​......

"မင်း....Sehun ကို မယုံဘူးလား......
လက်​ထပ်​ထားတဲ့....ဇနီးရဲ့...
ယုံကြည်​မှု​တောင်​မရတဲ့.....
ငါ့က​လေး​လေး"

ကျ​နော်​.....တမင်​တကာပင်​.....
မျက်​နှာငယ်​နှင့်​​ပြော၍......
ကိုယ်​​ပေါ်က.....ရှပ်​အဖြူ ပါးပါးကို....
လက်​ဖြင့်​ပြုပြင်​လိုက်​သည်​.....

လည်​ပင်းက.....​ဆေးထည့်​ထား​သော
ဒဏ်​ရာကို.....ထိကိုင်​သလိုလိုနှင့်​....
အင်္ကျီစကို....နဲနဲ ဆွဲချလိုက်​သည်​.....

နဂိုတည်းက.....မြင်​လားမသိ​ပေမယ့်​....
အခုလို....လုပ်​လိုက်​တဲ့အချိန်​မှာ....
သူမမျက်​လုံးများက......
တစ်​စွန်းတစ်​​စ​ပေါ်​နေတဲ့
ကျ​နော့်​ရင်​ဘတ်​ဆီမှာ.........

အမှတ်​အသား​တွေကို......မြင်​သွားလို့ထင်​ပါ့
သူမ ငို​နေပြီ.........

ထိုစဉ်​...ကျ​နော်​မျက်​နှာမူထားရာမှာ....
ရုတ်​တရက်​ပွင့်​လာ​သော...
အိပ်​ခန်းတံခါးနှင့်​အတူ....လူရိပ်​တစ်​ခု.....

အ​ရှေ့မှာ.....ငို​နေ​သော....သူမ....
ခြေ​ထောက်​က....ပတ်​တီး​ဖွေး​ဖွေး......
လက်​မှာရှိ​နေ​သော....ပွန်းရာပဲ့ရာ.....

အကုန်​လုံး....ခြုံငုံ​တွေးလိုက်​သည့်​ခဏ......

ကျ​နော်​.....ဆုံးဖြတ်​တစ်​ချက်တစ်​ခုကို...
သုံးစက္ကန့်​အတွင်း...ချပြီး....
သူမ​ရှေ့......ဒူး​ထောက်​ထိုင်​ချလိုက်​သည်​....

ဒူး​ထောက်​တိုင်းရှုံးတာမှမဟုတ်​ဘဲ.....
အလဲထိုးဖို့....အားယူ​နေတာလို့....
ကျ​နော်​မှတ်​ယူလိုက်​သည်​......

သူ့ကို....တည့်​မကြည့်​​ပေမယ့်​.....
မျက်​လုံးစွန်း​ထောင့်​မှာ....မြင်​​​နေရသည်​က
မတ်​တပ်​​ကြောင်​ကြည့်​​နေ​သော...က​လေး..

ဒီအချိန်​မှာ.....
က​​လေး...ကျ​နော့်​ကို...စိတ်​​ကောက်​သွားလို့မဖြစ်​......

က​လေးက ဟိုတစ်ခါကလည်း...
စိတ်ေ​​ကာက်​ဖူးတယ်​​လေ.....
ပြီး​တော့....
ပြော​သေး.......
မိန်းက​လေးတစ်​​ယောက်​ကို.....
ကြမ်းကြမ်းတမ်းတမ်းမဆက်​ဆံသင့်​ဘူးတဲ့

က​လေးက ကျ​နော်​အပြစ်​​တွေလုပ်​မှာလည်း
မ​ကြိုက်​ဘူး​လေ.......

အခု​တော့.....က​လေးအလိုကျ.....
နေ​ပေးလိုက်​မယ်​......

က​လေးက.....သိပ်​အားနာတတ်​တာ....
အခုလည်း......
အားနာစိတ်​နဲ့....ဟိုမိန်းမကို....
မစွန့်​လွှတ်​နိုင်​ပဲဖြစ်​​နေတာ.......

အဲ့ဒီ​တော့.....ကိုယ်​က...အဲ့ဒီ့စိတ်​ကို...
ဖြတ်​​ပေးရမှာ​ပေါ့......

အဲ့ဒီမိန်းမသာ...မရှိရင်​ပြီးပြီ.......

ကျ​နော်​.....ဥာဏ်​သုံးသင့်​ပြီ​ပေါ့.....

"​တောင်းပန်​ပါတယ်......Shinmi.....
မငိုပါနဲ့......ကိုယ်​တို့လို လူ​တွေအတွက်
မငိုပါနဲ့......
ကိုယ်​......​တောင်းပန်​ပါတယ်​......
မင်းကို....အသုံးချသလိုဖြစ်​သွားတယ်​.....
ကိုယ်​တကယ်​ရှက်​မိပါတယ်​.....
ဒီလို....အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​မှုကြီးကို
ကျူးလွန်​မိ​စေတဲ့အတွက်​......
တောင်းပန်​ပါတယ်​.....
ပြီး​တော့.....ဒါ​တွေ..အကုန်​လုံးက....
ကိုယ့်​အပြစ်​​တွေပါ....Sehun က....
ဒီအတိုင်း......ကိုယ့်​အကြံအစည်​ကို...
မလွန်​ဆန်​နိုင်​တာပဲရှိခဲ့တာ......."

တစ်​ဆက်​တည်းမှာပဲ.....
က​လေးရဲ့ အရှိုက်​တည့်​တည့်​​ကို
ထိခတ်​​စေမယ့်​........ရိုက်​ချက်​တစ်​ခုကို
ပြင်​ဆင်​​ပေးပို့လိုက်​သည်​......

က​လေး....ကိုယ့်​ကိုကိုယ်​ သိသင့်​ပြီ.....
က​လေး...အခု......
ဘာအ​ခြေအ​နေဖြစ်​​နေပြီလဲဆိုတာ.....
သိသင့်​ပြီ.....

ကျ​နော်​​ခေါင်းကိုငုံ့လို့....အသံတိုး​ဖျော့စွာ
ပြော​နေ​ပေမယ့်​....က​လေးကြားမှာပါ.....

ရုတ်​တရက်​......
ငိုပြီးထပြန်​သွားတဲ့....အဲ့ဒီ့မိန်းမ​နောက်​ကို
အ​ပြေးလိုက်​သွား​သော....က​လေး.....

ကျ​နော်​....ဒီတစ်​ခါ...က​လေးကို...
မတား​တော့ပါ.....
ကျ​နော်​ရည်​မှန်းထားတဲ့.......
ရည်​ရွယ်​ချက်​တစ်​ခု......​အောင်​မြင်​သွားပြီမို့

မကြာခင်​.....က​လေးကိုယ့်​ဆီပြန်​လာမှာပါ

က​လေးက....ကိုယ့်​ကိုပဲ...ချစ်​တယ်​ဆိုတာ..
လူ​တွေ....အကုန်​သိ​တော့မှာပါ......

"ဟုတ်​တယ်​.....ငါက......
Oh Sehun တစ်​​ယောက်​တည်းအတွက်​..
ဗီလိန်​......"
.
.
..
..
.
.
..
.
.
.​ထော့နဲ့ ​ထော့နဲ့...
လျှောက်​သွားတဲ့...Shinက....
ကျ​နော်​ တွဲတာကို.....လက်​မခံ......
အိမ်​ထဲ​ရောက်​တဲ့အထိ.....တစ်​ခွန်း​မှမဟ

ကျ​နော်​ပါးရိုက်​ခံရရင်​​တောင်​...
ဖြေသာဦးမည်​.....
ဒါ​ပေမယ့်​....အခု အ​ခြေအ​နေကြီးက....

"Shin....​တောင်းပန်​ပါတယ်​....ကိုယ်​..."

သူမက​တော့.....အိပ်​ခန်းထဲဝင်​သွားသည်​...

ကျ​နော်​​တောက်​​လျှောက်​လိုက်​လို့....
သူမလက်​ကိုဖမ်းဆွဲထားလိုက်​သည်​.....

ရုန်း​နေတာမို့.....ဆွဲဖက်​ချူ ပ်​ထားလိုက်​သည်

"​တောင်းပန်​ပါတယ်​......
ကိုယ့်​ကို...သတ်​ချင်​သတ်​ပါ......
ဒီလိုမ​နေပါနဲ့......ကိုယ်​.....ကိုယ်​....
တကယ့်​စိတ်​ရင်းနဲ့​တောင်းပန်​ပါတယ်​..."

"​ပျော်​လား......."

ငြိမ်​​နေရာမှ....
ပထမဆုံးဖွင့်​လာ​သောစကား...

"Shin....."

"မ​တောင်းပန်​ပါနဲ့.....​မေးတာပဲ​ဖြေပါ....
Hun ​ပျော်​လား.....သူနဲ့အတူတူရှိ​နေရင်​..
ပျော်​လား....."

ကျ​နော်​သူမကို....ဖက်​ထားရာမှခွာလို့
သူမ ပခုံးနှစ်​ဖက်​ကိုကိုင်​ကာ
မျက်​နှာချင်းဆိုင်​လိုက်​သည်​....

ဒဏ်​ရာ ​တွေရ ထား​သောသူမ....
ရှိုက်​ကြီးတငင်​ငို​နေသည်​....
ကျ​နော်​....ဘာ​ကြောင့်​များ......
ဒီလို....သနားစရာမိန်းက​လေးကို....
ပစ်​ထားခဲ့ပါသလဲ.....

ဒေါသကို​တောင်​....မဖွင့်​ထုတ်တဲ့သူမ....

"​ဖြေပါ.....Luhan နဲ့....အတူရှိချိန်​ဆို...
ပျော်​လား..."

ကျ​နော်​.....​သေချာစဉ်းမိ​တော့....
ကျ​နော်​ Luhan နဲ့ ရှိချိန်​တိုင်း...
မ​ပျော်​ရွှင်​ခဲ့တာအမှန်​.....
တစ်​ချိန်​ကနဲ့....ကွဲပြားစွာ...
အခုချိန်​မှာ......နာကျင်​​နေရသည်​မို့.....

"ကိုယ်​......ကိုယ်​......မ​ပျော်​ဘူး.....
အမြဲ....စိတ်​ရှုပ်​ရတယ်​......"

ကျ​နော်​..........
စိတ်​ရင်းမှန်​ကိုဖွင့်​ဟပစ်​လိုက်​​တော့
သူမမျက်​၀န်း​တွေ.....
နည်းနည်း​တောက်​ပလာသလားလို့.....

"Hun....သူ့ဆီ...
ပြန်​....သွားချင်​လား.....ဟင်​....."

ဒီတစ်​ခါ....သူမမျက်​၀န်းမှာ....
မျှော်​လင့်​ကြီးစွာ.......

"ကိုယ်​.....ကိုယ်​..
ပြန်​မသွားဖို့....ကြိုးစား​နေတယ်​....."

"ဒါဆို.....Shin တို့​တွေ......
Hun ရဲ့ Appa ဆီမှာ....
သွား​နေကြမယ်​​နော်​....."
.
.
.
.
.
.
.
.

.သူ့ဆီ......ပြန်​မသွားချင်​ဘူးလို့.....
သွယ်​၀ိုက်​​ပြော​နေတဲ့သူ......

ကျွန်​မနဲ့မှ....ပို​ပျော်​ပါတယ်​လို့....
သွယ်​၀ိုက်​​ပြော​နေတဲ့သူ.....

ဒီလိုလူ တစ်​​ယောက်​​ကြောင့်​....
ကျွန်​မဟာ ထပ်​ရူးမိုက်​ဖို့.....
အင်​အားအပြည့်​..........

မျက်​စိစုံမှိတ်​လို့.......
ထပ်​ယုံကြည်​ခွင့်​ပြုပါ ချစ်​သူ.......

မင်းအတွက်......​​​ပျော်​​ရွှင်​မှု​တွေကို....
ထပ်​​ဖန်တီးေ​ပးခွင့်​ပြုပါချစ်​သူ........

မင်းတစ်​​ယောက်​တည်းအတွက်​.....
ကိုယ့်​နှလုံးသားကို.....
ထပ်​ထိခိုက်​နာကျင်​​စေခွင့်​ပြုပါချစ်​သူ.....

နာကျင်​မှု​တွေထဲက....မင်းလွတ်​​မြောက်​ဖို့
ကို​ယ်​ ပါရမီဖြည့်​မယ်​.....ချစ်​ရသူ........

.
.
.
.
.
.
.Shin ရဲ့ ​တောင်းဆိုချက်​ကို....
လက်​ခံလိုက်​တယ်​.....
ဒါဟာ....ခင်​ဗျားနဲ့​ဝေးဖို့......
အ​ကောင်းဆုံးနည်းလမ်း.......

အရမ်းအတ္တကြီးတဲ့ခင်​ဗျားကို......
ကျ​နော်​စွန့်​ခွာ​တော့မယ်​......

ဒီတစ်​ခါ...ကျောခိုင်းချန်​ရစ်​သွားတဲ့သူဟာ...
ခင်​ဗျားမဟုတ်​ပဲ....ကျ​နော်​ဖြစ်​ချင်​တယ်​....

ကျ​နော်​ ခင်​ဗျားကို....
မှတ်​ဥာဏ်​​ထဲက​နေ.....
ထုတ်​ပစ်​ဖို့ကြိုးစားရမယ်​......ဗီလိန်​.....

ကျ​နော်​.....ခင်​ဗျား....ဆီ....ပြန်​လာရမှာ...
ကြောက်​တယ်​........

မိန်းမတစ်​​ယောက်​ကို.......
ဒူး​ထောက်​​တောင်းပန်​​နေ​ပေမယ့်​.....
ခင်​ဗျား..စိတ်​ရင်းမှမပါတာ.....

ကျ​နော့်​....ဘ၀...ကို......ဒုက္ခ​ပေးဖို့.....
မာနကို​တောင်​...ချခင်းရဲတဲ့ခင်​ဗျား.....

ယောက်ျားတန်​မဲ့.....
မူယာမာယာများတဲ့ခင်​ဗျား......

အစွမ်းကုန်​.....ချစ်​ခဲ့​ပေးခဲ့တုန်းက....
ကျ​နော့်​အချစ်​ကို.....အမှိုက်​နဲ့တန်းတူ
သ​ဘောထားခဲ့တဲ့ခင်​ဗျား......

အခုလည်း ...... ကျ​နော့်​ဘ၀ကို....
ထပ်​​လောင်းလို့.....ဖျက်​ဆီးချင်​​နေတဲ့ခင်​ဗျား

ကျ​နော့်​....နာကျင်​မှု​တွေကို....မြင်​ရမှ
ကျေနပ်​တဲ့....ခင်​ဗျား......

အဲ့ဒီလို....ယုတ်​မာတဲ့....ဗီလိန်​လိုခင်​ဗျားဆီ
ကျ​နော်​ဘယ်​​တော့မှပြန်​မလာ​တော့ဘူး....

ခင်​ဗျားအမှိုက်​လို့....သတ်​မှတ်​​နေတဲ့
ကျ​နော့်​အချစ်​.....ကျ​နော့်​နှလုံးသားကို....

အခြားတစ်​​ယောက်​က.....ရတနာတစ်​ပါးလို
တန်​ဖိုးထား​ပေး​နေမှ​တော့......

ကဲ......ကျ​နော်​......လွှဲ​ပြောင်း​ပေးဖို့....
မကြိုးစားကြည့်​သင့်​ဘူးလားလို့.......

"ခင်​ဗျား ....သိပ်​​ကောက်​ကျစ်​တယ်​..ဗီလိန်​"

..........................TBC............................

ဟုတ်​ကဲ့....
ဖတ်​​ပေးတာ....​ကျေးဇူးပါ...

နှလုံးသားဖြင့်​...စာ​ရေးချင်​သူ...

#TD
#Hunhan-is-my-heart.

Continue Reading

You'll Also Like

570K 49.5K 29
Taekook Fanfiction Jeon Kim Own creation
3M 264K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
77.4K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."