သို့.....ချစ်​​သောဗီလိန်​...[...

By td_rosy

264K 23.2K 3K

မာနတရားနှင့်​ စတင်​ကာ ကြမ်းတမ်းခက်​ထန်​မှုအတိနှင့်​ပြီး​သော ဗီလိန်​တစ်​​ယောက်​ရဲ့ အချစ်​.... More

ဗီလိန်​အဖြစ်​ခံယူခြင်း
ဗီလိန်​၏ ပထမ​ခြေလှမ်း
ဗီလိန်​၏ ဒုတိယ​ခြေလှမ်း
ဗီလိန်​၏ တတိယ​ခြေလှမ်း
ဗီလိန်​၏စတုတ္ထ​ခြေလှမ်း
ဗီလိန်ကို တွန်းလှန်​ရန်​.......
ဗီလိန်​၏ ပဉ္စမ ​ခြေလှမ်း...
ဗီလိန်​၏ ဆဌမ​ခြေလှမ်း
ဗီလိန်ကို....​မေ့ပစ်​​ရန်​...
ဗီလိန်​၏ သတ္တမ​ခြေလှမ်း
ဗီလိန်​၏၀ဋ်​လည်​ခြင်း
ဗီလိန်​၏ ယုံကြည်​ချက်
ဗီလိန်​၏ အဌမ​ခြေလှမ်း
ဗီလိန်​၏ န၀မ​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များပျက်​စီးခြင်း..
ဗီလိန်​ကို ရင်​ဆိုင်​ရန်​...သို့​သော်​...
ဗီလိန်​၏ ဒသမ​ခြေလှမ်း နှင့်​......
ဗီလိန်​၏ပြိုင်​ဘက်​....
ဗီလိန်​၏ ဒဿမ​ခြေလှမ်း​နောက်​ကွယ်​နှင့်​..
ဗီလိန်​၏ လျို့ ဝှက်​ချက်​နှင့်​...
ဗီလိန်​(သို့)Hun အ​ခေါ် Xiao Lu..
ဗီလိန်​မဟုတ်​​​လောက်​သော Xiao Lu
ဗီလိန်​၏လျို့ ဝှက်​ချက်​​နောက်​ကွယ်
ဗီလိန်​မျက်​နှာဖုံး၏...​နောက်​ကွယ်
ဗီလိန်ရဲ့.....အတိတ်
ဗီလိန်​၏ ​နောက်​ဆုံး​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များ​ ထာဝရတည်​မြဲခြင်း
ချစ်​​သော ဗီလိန်​.....
ကျေးဇူးတင်​ခြင်း..
တမ်းတခြင်း

ဗီလိန်​၏ သက်​​သေပြချက်

6.3K 645 63
By td_rosy

"မလာနဲ့.....သွားဆို..မလာပါနဲ့....
ထွက်​သွား..."

ကျ​နော်​​ကြောက်​တယ်​....
ခင်​ဗျားကို....ကျ​နော်​​ကြောက်​တယ်​.....

"Lu....han.....ခင်​ဗျား...မလာနဲ့...."

ကျ​နော်​ရုန်းရင်းကန်​ရင်း.......
အော်​ရင်း....ဟစ်​ရင်း....အားသုံး​​​ကာ
ကျ​နော့်​ခန္ဓာကိုယ်​ကို လှုပ်​ရှားမိ​တော့...
အသိစိတ်​ ရှိသွားတယ်​ခဏ.....

ကျ​နော့်​မျက်​လုံး​တွေကို...
ဖွင့်​ပစ်​လိုက်​တဲ့ခဏ.....
ကျ​နော်ကြုံ​တွေ့​နေရတဲ့...အဖြစ်​အပျက်​များမှ
ကင်းလွတ်​သွားတဲ့ တဒင်္ဂမှာ....

ကျ​နော်​ဟာ....အိပ်​ယာထက်​မှာ.....
ကျ​နော့်​မြင်​လိုက်​ရတာက......
မျက်​နှာကျက်​ဖြူ ဖြူ .......

ကျ​နော်​အိပ်​မက်​မက်​​နေတာပဲ....
ဘုရား...ဘုရား....ဒီလိုအိပ်​မက်​ဆိုးမျိုးကို...

"က​လေးက....အိပ်​မက်​ထဲထိ....ကိုယ့်​ကို
ထည့်​မက်​​နေတာလား....."

စိတ်​ကိုတည်​ငြိမ်​​အောင်​ထားရင်း.....
အသက်​၀၀ရှူ ​နေစဉ်
ရုတ်​တရက်​ကြားလိုက်​​သော....အသံ....
ကျ​နော်​ ဆတ်​ကနဲထထိုင်​မိလိုက်​တယ်​...

ဒါ......ဒါ.....
အသံကြားရာ...လှည့်​ကြည့်​လိုက်​​တော့....
ကုတင်​နဲ့ မလှမ်းမကမ်းခုံမှာ.......
ဝိုင်​​​ခွက်​ကိုကိုင်​ရင်း...​..
ခြေချိတ်​လို့ထိုင်​​နေတဲ့သူ......

"ခင်​...ခင်​ဗျား.....ဘယ်​လိုလုပ်​......"

အိပ်​မက်​ဆိုးကနိုးလာလို့ထင်​ပါရဲ့....
ကျ​နော့်​အသံ​တွေ တုန်​​နေတယ်​...

ရင်​​တွေတုန်​​နေတာလည်း....မ​ပျောက်​.....

သူက​တော့....မျက်​ခုံးကို....
ပင့်​လို့.....နား​ထောင်​​နေသည်​.....

"ဘယ်​လို.......ဒီ​.....ရောက်​​နေတာလဲ"

"ဟားဟား ဟားဟား.. .."

သူက ၀ိုင်​​ခွက်​ကို.......
ပြန်​ချရင်း​ ရယ်​လိုက်​သည်​.....

"ကေ​လးရယ်....ကိုယ်​အိမ်​ပါဆို....
ကိုယ်​ရှိတာ....ဘယ်​ဆန်းမလဲ....."

သူ့အိမ်​.....ကျ​နော်​လှည့်​ပတ်​ကြည့်​မိ​တော့..
နံရံ တစ်​ဖက်​မှာ....ချိတ်​ထား​သော
သူနဲ့...ကျ​နော့်​ပုံ.....
အင်း....အရင်​ကပုံ.....
သူက ကျ​နော့်​​မေးဖျားကို
လက်​ဖြင့်​ ထိကိုင်​ထား၍......
ကျ​နော်​က....နှစ်​ခြိုက်​စွာရယ်​​နေတဲ့ပုံ.....
ဒါ​ပေမယ့်​...ဒါသူ့အိမ်​မှမဟုတ်​ပဲ.....

"ခင်​ဗျား....
ဘာ​တွေလျှောက်​လုပ်​​နေတာလဲ...
ကျ​နော်​က​ရော ....
ဘာလို့..ဒီကို​ရောက်​​နေတာလဲ....."

Bathrobe ၀တ်​ထားတဲ့သူက....
ခြေကို ​ဘေးနဲ့ညာ​ပြောင်းချိတ်​လိုက်​တာမို့...
လှစ်​ခနဲ​ပေါ်သွားတဲ့....
ပေါင်​သား​ဖွေး​ဖွေးများက...ထင်းခနဲ...

ကျ​နော်​မျက်​နှာလွှဲလိုက်​သည်​.....
ကျ​နော့်​စိတ်​ထဲ....
အခုချိန်​....အိပ်​မက်​ဆိုးဆိုတာမရှိ​တော့.....
ကျ​နော့်​အာရုံက....သူ့ဆီမှာ....

တကယ်​​တော့....
ကျ​နော့်​အိပ်​မက်​ဆိုး​တွေကို..
ဖန်​ဆင်း​ပေးတာလည်း.....ခင်​ဗျားပဲ.....
ဖျက်​ဆီး​ပေးတာလည်းခင်​ဗျားပဲ....

သူက.....ခပ်​ပြုံးပြုံးကြည့်​​နေပြန်​သည်​....

"ဒါက......ကိုယ်​တို့လက်​ထပ်​ပြီးရင်​​နေဖို့...
ဝယ်​ထားတဲ့တိုက်ခန်း​​လေ.....
ပေကျင်းမှာလည်း....တစ်​လုံး..ရှိတယ်​..
က​လေးကြိုက်​ရဲ့လား...ကိုယ်​တို့အိမ်​ကို."

ကျ​နော်​​ဒေါသထွက်​ရသည်​....
ကျ​နော့်​စကားကို...​အ​ရေးမလုပ်​တဲ့
သူ့အကျင့်​​ကြောင့်​.....

"Tsk...ခင်​ဗျား...
အရူးလိုလိုက်​​ပြောမ​နေနဲ့..
ကျ​နော့်​ကို....ခင်ဗျား...
ဘယ်​လို​ခေါ်လာတာလဲ...."

"က​လေးပဲ....ကိုယ့်​ကိုလာ​ခေါ်ဆို....
မူး​နေလို့....လာ​ခေါ်ပါ​ဆို...."

မူး​နေတာ...ကျ​နော်​က....

သေချာပြန်​စဉ်းစားမိ​တော့မှ.....

ကျ​နော်​...ည​နေက...Share ၀င်​​တွေနဲ့...
ဘား​ရောက်​သွားတာပဲ......

အရမ်း​သောက်​မိသွားတာလား...
မူးသွားရင်​.....
အသိစိတ်​​ပျောက်​လွယ်​တဲ့....ကျ​နော်​က....
တွေ့ရာနံပါတ်​​လျှောက်​​ခေါ်မိထားပုံပဲ....

ကျွတ်​...စိတ်​ပျက်​စရာ.....

ဒါနဲ့.......
ဘယ်​အချိန်​ရှိပြီမသိ......
အိမ်​မှာ....Shin ​စောင့်​​နေ​ရော့မယ်​.....
ကျ​နော်​ပြန်​ဖို့....ကုတင်​​ပေါ်က
ဆင်းလိုက်​သည်​.....

ညက အရှိန်​နဲ့မလို့လားမသိ....
ခေါင်းထဲ..ရိပ်​ခနဲဖြစ်​​နေ​သေးသည်​....

သေချာကြည့်​မိ​တော့မှ....
ကျ​နော်​၀တ်​ထားတာ......
ကျ​နော့်​အင်္ကျီမှမဟုတ်​ပဲ....

ဒါ...သူ့လက်​ချက်​​နေမယ်​....

"ကျ​နော့်​အင်္ကျီ ဘယ်​မှာလဲ....."

"ဘာလို့လဲ....က​လေးရယ်​.....
ဒါကိုယ်​က​လေးအတွက်​၀ယ်​​ပေးထားတဲ့
အင်္ကျီ​လေ.....၀တ်​ထားပါ...
ကြည့်​​ကောင်းပါတယ်​....."

သူက...ကျ​နော့်​ ခန္ဓာကိုယ်​ကိုကြည့်​လို့
ပြော​နေသည်​....

"အ​ရေးမပါတာ​တွေ....
ခင်​ဗျားဆီက....ကျ​နော်​..ဘာမှမလိုချင်​ဘူး..
ပေး....ကျ​နော့်​အင်္ကျီ.. ...."

ကိုယ်​​ပေါ်က အင်္ကျီကို.....
ကျ​နော်.....ဆွဲ​ချွတ်​ပစ်​လိုက်​သည်​....
သူနဲ့ပက်​သက်​သမျှကို...
ဘာမှမလိုချင်​သည်​မို့.....

ဒါကို​တောင်​သူက....

"က​လေးရယ်​...ကိုယ့်​​ရှေ့မှာ...
ဘာ​တွေလာလုပ်​​နေတာလဲ....
ကိုယ့်​ကို မြှူ ဆွယ်​​နေတာလား...."

ကျ​နော်​....သူ့ကို....အရမ်းစိတ်​ကုန်​တာပဲ....

"ခင်​ဗျား....ေxာက်​ရစ်​​တွေ...ရှည်​မ​နေနဲ့...
ပေး....ကျ​နော့်​အင်္ကျီ.. ....."

ကျ​နော်​လှည့်​ပတ်​ရှာ​နေသည်​.....

"က​လေးရယ်​...
ဟို​နေ့ကကိစ္စကိုစိတ်​ဆိုးတုန်းလား....
ကိုယ်​​အဲ့ဒီ့​နေ့က....စိတ်​အရမ်းဆိုးသွားလို့ပါ
Sorry ​နော်​...
ဒါနဲ့.....က​လေးကကိုယ်​အမှားလုပ်​မှာကို"
အရမ်းစိုးရိမ်​​နေတယ်​​နော်​....."

ဘာရယ်​.....လူတစ်​​ယောက်​လုံး....​သေမလို
ဖြစ်​သွားတဲ့....ကိစ္စကို.....
သူက sorry တစ်​လုံးတည်းနဲ့....
လာ​ဖြေသိမ့်​​နေတယ်​.....

ပြီး​တော့....ဘာရယ်​.....
Shin....ကို သူသတ်ဖို့ကြိုးစား​နေတာကို
လာတားမိတဲ့...ကျ​နော်​က...
သူ​ထောင်​ကျမှာကို....စိတ်​ပူ​နေတာဆိုပဲ...
ခင်​ဗျား....ေxာက်​ရူးပဲ....

"ခင်​ဗျား......"

ကျ​နော်​....ပြန်​လည်​...​ချေပဖို့ပြင်​လိုက်​စဉ်
ရုတ်​တရက်​မြည်​လာ​သော...
ကျ​နော့်​ဖုန်းသံ......
ကုတင်​​ပေါ်မှအသံမို့.....​..
စောင်​များကြားသွားပြန်​ရှာမိသည်​.....

ဖုန်းကို ကြည့်​မိ​တော့....
Unknown number နဲ့....

"Hello...."

ကြားလိုက်​ရတာ...မိန်းမတစ်​​ယောက်​အသံ

"Hello....Sehun shi...
ကျွန်​မက Shin သူငယ်​ချင်း...
Mary ပါ.."

Shin သူငယ်​ချင်းဆိုတဲ့....
သူမကဘာလို့....ကျ​နော့်​ဆီ....

"Shin...က
အခု​ ကျွန်မတို့​ 
ဆေးရုံမှာ​ရောက်​​နေတယ်​........
သူ....Accident ဖြစ်​ထားလို့...."

သူမက စိတ်​ပူသံနှင့်​ဆိုသည်​....
ဖုန်းက နာရီကိုကြည့်​မိ​တော့....ည 12:30
ဘာ....ဒီချိန်​ကြီး.......

"ဟင်​...​တော်​​တော်​ထိခိုက်​သွားလား...
ဘယ်​လိုဖြစ်​တာလဲ....ကျ​နော်​လာခဲ့မယ်​.."

"​လော​လောဆယ်​...
သတိ​တော့​မေ့​နေတယ်.......
ကျွန်​မအလုပ်​လုပ်​​နေတဲ့
ဆေးရုံ​ကိုရောက်​လာမှ...
ကျွန်​မလည်းသိတာ......."

ဆက်​​မေး​နေလို့မဖြစ်​​တော့....
လူကိုယ်​တိုင်​သွားမှဖြစ်​မည်​.....

"ကျ​နော်​....လာခဲ့မယ်​.....
ခဏကြည့်​​ပေးထားပါ....
ဒါနဲ့....​ဆေးရုံက...ဘယ်​မှာ....."

ကျ​နော်​​မေး​နေရင်းမှ....
ဖုန်းကို ဆတ်​ကနဲ..လုယူခြင်းခံလိုက်​ရသည်

"ခင်​ဗျား....ဒါ...ဘာလုပ်​တာလဲ....
ပြန်​​ပေး....."

ကျ​နော်​​ပြော​နေသည့်​ကြားမှ.....
သူက...ဖုန်းကို ​ဘေးနံရံဆီ..​လှမ်း​ပေါက်​လို့
ခွဲပစ်​လိုက်​သည်​.....

ကျ​နော်​​ဒေါသထွက်​ရသည်​.....

"ခင်​....ဗျား....ဒါ....ဘာလုပ်​တာလဲ...."

သူက...မထီမဲ့မြင်​ပြု​နေသည်​....

"ရှင်းရှင်း​လေးပဲ....
မသွား​စေချင်​လို့​လေ...."

ဟိုမှာက....
ဘယ်​​လောက်​ထိခိုက်​ထားလဲ
ဲမသိတာ​တောင်​....
သူက....အ​ရေးမပါတာ​တွေ.....
လာ​ပြော​နေ​သေးတယ်​.....

"ခင်​ဗျား....ေxာက်​ရူးပဲ....
ခင်​ဗျားနဲ့....ကျ​နော်​ဘာမှမဆိုင်​​ဘူး..
နေရာတကာ...မပါနဲ့....."

"ဆိုင်​တာ​ပေါ့........
က​လေး...ကိုယ့်​ကို...ချစ်​​နေ​သေးသ​ရွေ့....
ဆိုင်​တယ်​....
တစ်​သက်​လုံးအတွက်​ဆိုင်​တယ်​...."

ယုံကြည်​မှုရှိစွာ....​ပြော​နေတဲ့သူက....
ပိတ်​ထိုးချင်​စရာ.....

"ခင်​ဗျား....ရူး​နေလား....ဟမ်​.....
ခင်​ဗျားကိုကျ​နော်
ချစ်​​နေ​သေးတယ်​ထင်​​နေရင်​....
လဲ​သေလိုက်​​တော့....."

ကျ​နော့်​ လှည့်​ထွက်​ရန်​....ပြင်​လိုက်​​တော့...
သူက လက်​တစ်​ဖက်​ကို
ဖမ်းဆွဲထားပြန်​သည်​.....

"Oh Sehun....မသွားနဲ့.....
မသွားရဘူး....ဒီည တစ်​ည ဒီမှာ​နေ......."

သူက ပြန်​​အော်​​ငေါက်​သည်​....

"အဟက်​.....သွားမှာ.....
ကျ​နော့်​မိန်းမဆီ....
ကျ​နော်​သွားတာဘာဖြစ်​လဲ......
စိတ်​ပူလို့ကို...သွားမှာ...."

သူခံပြင်း​အောင်​....မဟုတ်​​သေး....
သူအမှန်​သိ​အောင်​....ကျ​နော်​​ပြောလိုက်​ကာ
သူ့လက်​ကို...ကျ​နော်​ပုတ်​ထုတ်​လို့....
ရှေ့ဆက်​လှမ်းသည်​......

"Oh Sehun.....မင်းကို....
မသွားနဲ့....လို့....​ပြော​နေတယ်​​နော်​...."

ကျယ်​​လောင်​စွာ....ထွက်​​ပေါ်လာ​သော
သူ့အသံ.....

ကျ​နော်​ဂရုမစိုက်​ပါ....
Shin ကို စိတ်​ပူ​နေတာမို့...
သူ့ကို...အ​လေးမထားနိုင်​....
တကယ်​ဆို...
သူနဲ့ကျ​နော်​က ဘာမှဆိုင်​သည်​မှမဟုတ်​ပဲ

ကျ​နော်​ အခန်းပြင်​ထွက်​ဖို့ပြင်​လိုက်​​တော့.....

"ခွမ်း......"

ကျယ်​​လောင်​စွာထွက်​​ပေါ်လာ​သော...
အသံ​ကြောင့်​....
မထင်​မှတ်​ပဲ...​..နောက်​လှည့်​ကြည့်​မိစဉ်​......

ဖန်​ခွက်​ကွဲစကို.......လက်​မှာကိုင်​လျက်​...
လည်​ပင်းတွင်​​ထောက်​ထားသူ....

"ဒီလို....ဆိုရင်​ရော....မင်းသွားမှာလား...."

"ခင်​ဗျား.....ဘာလို့....ဒီ​လောက်​ထိ...."

သူသပ်​သပ်​ဟန်​လုပ်​​နေတာ
ကျ​နော်​သိတာ​ပေါ့....

"သွား​လေ....သွား....
မသွားခင်​စဉ်းစားစမ်း....
အဲ့​ကောင်မနဲ့...ငါနဲ့....
ဘယ်​သူက အ​ရေးကြီးလဲ...."

တစ်​ခါအလိမ်​ခံဖူးတဲ့ကျ​နော့်​ကို
Drama ​တွေ လာမချိုးစမ်းနဲ့ခင်​ဗျားရယ်
ရွံဖို့​ကောင်းတယ်​......

"ကျ​နော့်​မိန်းမက အ​ရေးကြီးတာ​ပေါ့.....
ခင်​ဗျားကို...ကျ​နော်​မုန်းလွန်းလို့...."

ကျ​နော်​​ရှေ့ဆက်​တိုးလိုက်​​တော့...
သူက​ရှေ့မှာ...လာပိတ်​ရပ်​ပြန်​တယ်​....

သူ့လည်​ပင်းကိုကြည့်​လိုက်​​တော့...
သွေးထွက်​စ ပြု​နေ​ပြီ....

သူ့အသားကို
နည်းနည်းထိလိုက်​မိရင်​​တောင်​....
မကြိုက်​တဲ့သူ....

သူ့အသားနာမှာကို...
သေ​အောင်​မုန်းတဲ့သူက....
ဘာလို့ ဒီ​လောက်​ထိ....ရဲတင်း​နေတာလဲ....

သူ့မျက်​၀န်းများကို.....
သေချာစိုက်​ကြည့်​မိ​တော့....
တကယ်​လုပ်​မည့်​ပုံ....

ခင်​ဗျား...ဘာဖြစ်​ချင်​​နေတာလဲ....

ကျ​နော်​ရပ်​​တန့်​​နေမိသည်​.....

"သွား​လေ....သွားစမ်းပါ....
ငါဘယ်​လို​ကောင်​လဲ..မင်းသိတယ်​​နော်​"

သူ့စိတ်​ကို
ကျ​နော်​ ​ကောင်း​ကောင်းသိတာ​ပေါ့.....
ဖြစ်​ချင်​တာကို မဖြစ်​ဖြစ်​​အောင်​.....
လုပ်​တတ်​တဲ့သူ.....

ခဏတာစဉ်းစား​တွေ​ဝေပြီးတဲ့​နောက်​.....
ကျ​နော်​ စဉ်းစားပြီး​......
ဆုံးဖြတ်​ချက်ချရ​တော့သည်​....

ခြေလှမ်း​တွေကို....
နောက်​ပြန်​ဆုတ်​ပစ်​လိုက်​ရသည်​မှာ...
လူတစ်​​ယောက်​ကို...ကျ​နော့်​​ကြောင့်
မ​သေ​စေချင်​တာမို့......

"ဟာကွာ......."

သူ့အိမ်​ခန်းရှိ.....ပန်းအိုးများကို....
ပေါက်​ခွဲကာ.....
ကျ​နော်​​ဒေါသ​ဖြေချပစ်​သည်​.....
သူချိတ်​ဆွဲထား​သော....ဓာတ်​ပုံကလည်း..
ကြမ်းပြင်​​ပေါ်မှာ...တစ်​စစီ.......

ဘာလို့လဲ.....ဟမ်​....ဘာလို့လဲ....
ကျ​နော်​.....
ဘာလို့သူခိုင်းတာအမြဲလုပ်​​နေရတာလဲ.....
အမြဲ...သူ့စိတ်​အတိုင်း.....
ဘာလို့​နေ​နေရတာလဲ.....
ခင်​ဗျား...တကယ်​ပဲ.....
ကျ​နော့်​ကို ဒုက္ခ​ပေး​နေတာ......

ကျ​နော်​ ​သောင်းကျန်းပစ်​လိုက်​ပြီး​တော့မှ...
ြွကမ်းပြင်​​ပေါ်ထိုင်​ချပစ်​လိုက်​သည်​.....
မောဟိုက်​စွာ....နာကြည်းစွာ..​ကြေကွဲစွာ.

ထိုစဉ်​....ရုတ်​တရက်​....​ကျောဘက်​ကို
သိုင်းဖက်​လာ​သော.....သူ.....

"က​လေးမြင်​ပြီလား.....ဟင်​....
က​လေး....ကိုယ့်​ကိုပဲ...​ချစ်​တယ်​ဆိုတာ..."

ကျ​နော်​ရယ်​မိသည်​....သို့​သော်​...​နာကျင်​စွာ

"အဟက်​.....
ခင်​ဗျားတကယ်​ထင်​​နေတာလား...အဲ့ဒီလို"

"အခုသိပြီမလား....က​လေးစိတ်​ကို​လေ....
က​လေး...အဲ့ဒီ​ကောင်​မကိုမချစ်​တာ..
ကိုယ်​သိတာ​ပေါ့.....
ဟို​နေ့က.....ကိုယ့်​ကိုစိတ်​ဆိုးတုန်းမို့....
က​လေး..​ပြောသွားတာ.....
ကိုယ်​သိတာ​ပေါ့..."

သူက....ကျ​နော့်​ဂုတ်​ကို....
တစ်​ချက်​ကိုက်​ဆွဲလို့ ​ပြောလိုက်​သည်​....
ကျ​နော်​....မရုန်းထွက်​မိ​တော့ပါ......
အရာရာကို စိတ်​ကုန်​လာသည်​မို့.....
ဘာမှမလှုပ်​ရှားချင်​......

ခင်​ဗျားကို....ကျ​နော်​မုန်းလိုက်​တာ....

လူ့အသက်​တစ်​​ချောင်းကို....
ကိုယ့်​ကြောင့်​ မဆုံးရှုံးရ​အောင်​.....
ကျ​နော်​လိုက်​​လျောလိုက်​တယ်​ဆိုတာ...
ခင်​ဗျားသိဖို့​ကောင်းတယ်​......

ကျ​နော်​စိတ်​​ပျော့တာကို....
သိ​နေ​တဲ့....ခင်​ဗျားက...
ကျ​နော့်​ကို...အသုံးချ​နေတာ.....

"ခင်​ဗျား.....သိပ်​တရားမလွန်​ဘူးလား...
ဟို​နေ့ကလည်း.....အာ့......"

ကျ​နော်​ စကားမဆက်​နိုင်​​တော့သည်​မှာ....
ကျ​နော့်​​ပေါင်​ကြားထဲ​ရောက်​လာ​သော
သူ့လက်​တစ်ဖက်​​နှင့်​အတူ.......
ကျောပြင်​တစ်​​လျှောက်​ ပွတ်​ဆွဲသွား​သော...
သူ့နှုတ်​ခမ်းများ​ကြောင့်​ဖြစ်​သည်​......

ကျ​နော့်​ကို....ချစ်​လို့မဟုတ်​ပဲ....
သူလာ​ရောက်​ကပ်​တွယ်​​နေရခြင်းက....
ဒါကို....အလိုရှိ​နေတာ....

ခင်​ဗျား....သိပ်​​တောင့်​တ​နေတယ်​​ပေါ့....

ကျ​နော်​....အရွဲ့တိုက်​ချင်​လာသည်​.....
ပြီး​တော့.......
ကျ​နော်​....သူ့ကို....အနိုင်​ကျင့်​ချင်​သည်​....
တစ်​နည်းမဟုတ်​...တစ်​နည်းဖြင့်​....
ထိခိုက်​နာကျင်​​စေချင်​သည်​.....

ဖြစ်​ချင်​ရာဖြစ်​​တော့ဟု
စိတ်​ဆုံးဖြတ်​ပြီး​နောက်​.....
ကျ​နော့်​ရည်​ရွယ်​ချက်​က....သူနာကျင်​​စေဖို့...

ကျ​နော်​...ချာကနဲ....လှည့်​လို့...
သူ့ကို ကြမ်းပြင်​​ပေါ်ဆွဲလှဲချလိုက်​သည်​....
တကယ်​ဆို တွန်းလှဲပစ်​လိုက်​သည်​...

ရုတ်​တရက်​မို့....ဟန်​ချက်​မထိန်းနိုင်​ပဲ....
လဲသွား​သောသူက....ကြမ်းပြင်​​ပေါ်ဖရိုမရဲ.
ကျော​တော့​အောင့်​သွားမည်​......

ကျ​နော်​....သူ့​ပေါ်ကို...အုပ်​မိုးလို့.....
သူ့လက်​နှစ်​ဖက်​အား.......
ကြမ်းပြင်​နှင့်​ကပ်​ကာ....
ဆွဲချူ ပ်ထားလိုက်​သည်​.....

"ခင်​ဗျား...ကျ​နော့်​ဆီကလိုချင်​​နေတာ
ဒါမလား.....ဟမ်​....
ခင်​ဗျား....သိပ်​မက်​​မော​နေလား....
ဒါကို​တောင့်​​တ​နေတာလား......
ဗိုက်​မကြီးတိုင်း...​ပေးအပ်​ချင်​​နေတဲ့...
ခင်​ဗျား....ခန္ဓာကိုယ်​က
တကယ့်​ ​ပေါ​ပေါပဲပဲ...ဆိုတာ...သိရဲ့လား..
ဟမ်​......."

ကျ​နော်​ အရိုင်းစိုင်းဆုံးစကားတို့ကိုသာ...
ရွေး​ပြောပစ်​သည်​......
သူက​တော့.....အထူးအဆန်းမလုပ်​​နေပါ...
ပိုပြီး​တောင်​....တက်​ကြွ​နေသလို.....

သူအဲ့လို​တွေ...လုပ်​​လေ​လေ...
ကျ​နော်​ပိုနှိပ်​စက်​ချင်​လာ​လေ​လေ....

သူ့ကိုယ်​​ပေါ်မှာဖရိုဖရဲဖြစ်​​နေ​သော.... Bathrobe ကို...
ကျ​နော်​..ဆွဲချွတ်​ပစ်​​​လိုက်​သည်​..........

ထို့​နောက်​.....
သွေးစနည်းနည်းထွက်​​နေ​သော....
သူ့လည်​ပင်းနားကို.....ငုံခဲပစ်​လိုက်​သည်​....
သွားစွယ်​နဲ့....ထပ်​ဖိကိုက်​လိုက်​​တော့.....
သူ့တွန့်​သွားသည်​......

အဟက်​....ခင်​ဗျားအလှည့်​ကျနာတတ်​လား
ကျ​နော့်​ခန္ဓာကိုယ်​ကိုလည်း...
သူ့ကိုယ်​​ပေါ်....ပိုဖိထားပစ်​လိုက်​သည်​......

"Se....Sehun....ငါ....နာ..နာ​နေပြီ...
လည်​ပင်းက....Emmmm.....
ပြီး​တော့..ငါ့.....ငါ့ကိုယူ....ပါ...​တော့......"

ဘာရယ်​....
ဒီ​လောက်​...အသားနာ​နေတာ​တောင်​....
သာယာ​နေ​သေးတဲ့သူ.....
ခင်​ဗျား....သိပ်​ရမ္မက်​ကြီးတာပဲ....

ဒါဆို...ကျ​နော်​က​ရော......
အင်း....ကျ​နော်​က​တော့.......
သူ့ကို....နှိပ်​စက်​ချင်​​နေတာဖြစ်​သည်​.....

လည်ပင်း​​ကို လွှတ်​ဖို့​ပြော​နေ​ပေမယ့်​...
ကျ​နော်​နားမ​ထောင်​ပါ......
ဒဏ်​ရာရှိ​နေ​သော သူ့လည်​ပင်း​နေရာကို...
ခဏကြာ​အောင်​....ထပ်​ဖိကိုက်​ပြီးမှ.....
လွှတ်​​ပေးလိုက်​သည်​.....
ထို့​နောက်​....သူ့ရင်​ဘတ်အနှံ့ကို...
နမ်းတာနဲ့လားလားမှမဆိုင်​​အောင်​....
နာကျင်​​စေဖို့...ရည်​ရွယ်​လျက်​....
လိုက်​ကိုက်​ပစ်​လိုက်​သည်​.......

နာကျင်​​နေတာမို့....
အံကျိတ်​ထားသည့်​သူ့ကိုမြင်​ရတာ..
တကယ်​စိတ်​ချမ်းသာစရာ....

ကျ​နော်​....ဘာကိစ္စမှ စိတ်​ထဲမရှိတော့ပါ
ဒီအချိန်​မှာ....တစ်​ခြားအရာ​တွေထက်​...
သူ့အသားနာ​အောင်​လုပ်​ဖို့က....
ပိုအားသာ​နေသည်​မို့.......

နောက်​ပြီး..မ၀န်​ခံချင်​​သော.အမှန်​တရားက
အချိန်​အကြာကြီး......
စောင့်​ထိန်း​ခဲ့ရသည့်​....စိတ်​တို့ကို...
အခုမှ...လွှတ်​ချပစ်​လိုက်​မိသည်​မို့......

ထိုညက.....အကြိမ်​​ပေါင်းမျ၊ားစွာ.....
သူ့ကို...ဘက်​စုံ​ထောင့်​စုံမှ.....
နာကျင်​​စေပါသည်​....
နေရာမလပ်​....
ထိခိုက်​နာကျင်​​စေခဲ့​ပါသည်​.....

ကျ​နော်​ကိုယ်​တိုင်​လိုချင်​၍ပဲလား
သူကိုယ်​တိုင်​ကပဲ...​ပေးအပ်​​နေ၍ပဲလား....
မသိ​တော့သည့်​....
အ​ကြိမ်​​​ပေါင်းများစွာမှာ
သူ့ကို....အကြမ်းတမ်းဆုံး.....
နှိပ်​စက်​ပစ်​လိုက်​ပါသည်​.....

သေချာတာတစ်​ခုက​တော့....
သူ့နှုတ်​ခမ်းသားများကို....
ကျ​နော်​အတတ်​နိုင်​ဆုံး....ရှောင်​ပစ်​ခဲ့သည်

အနမ်းမပါသည့်​.....တစ်​ညတာဟာ...
ခင်​ဗျားစိတ်​ကို....တစ်​နည်းတစ်​ဖုံ....
ထိခိုက်​​စေဖို့ရည်​ရွယ်​လျက်​......

"ခင်​ဗျားကို.....တစ်​ခါ​လောက်​​တော့....
နာကျင်​​စေဖူးချင်​တယ်​.....
ကျ​နော်​ကလည်း....ကလဲ့စား​ချေဖို့ဆို....
နည်းလမ်း မ​ရွေးတတ်​ဘူး...ဗီလိန်​....."
.
.
.
.
.
.
.
.
.
.
.
.မနက်​မိုးလင်း....အိပ်​ရာနိုး​တော့....
ဘေးမှာသူမရှိ......
ကုတင်​​ဘေးက....စားပွဲ​ပေါ်မှာ...
မ​နေ့က...ကျ​နော့်​အင်္ကျီ.. ......

ဟာ.....Shin......
ကျ​နော်​​မေ့​နေခဲ့သည်​ပဲ.....
Accident.....ဖြစ်​ထား​သောသူမကို....
အခုမှ.....စိတ်​ပူမိတာ...

ကျ​နော်​ရူးများသွားသလား....
ညက.....​ကျ​နော်​....ဘာ​တွေလုပ်​ခဲ့တာလဲ...
ညက ​ဒေါသ ​ဇောနဲ့လုပ်​ချင်​ရာလုပ်​ခဲ့​ပေမယ့်
အခုအ​ခြေအ​နေကြီးက......

ဟာကွာ.......
ကျ​နော်​.....အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​သူ
ဖြစ်​သွားပြီလားဟင်​......

ဒါ​တွေခဏထားလို့....
ကျ​နော်​....အင်္ကျီကို အမြန်​​ကောက်​၀တ်​ကာ
အပြင်​ထွက်​ဖို့...ပြင်​လိုက်​သည်​.....

အခန်းပြင်​​ရောက်​​တော့.....
ဧည့်​ခန်းထဲက...
Luhan ရဲ့စကား​ပြောသံကိုကြားရသည်​....

ဘယ်​သူ....​ရောက်​​နေတာလဲ........

ကျ​နော်​အမြန်​ထွက်​ကြည့်​မိသည်......

မြင်​ကွင်းက....ကျ​နော့်​စိတ်​တို့အား...
က​ယောက်​ကယက်​ဖြစ်​​စေပါသည်​.....

အ​ကြောင်းမှာ.....

ကျ​နော့်​ဘက်​ကို
ကျော​ပေးထိုင်​​နေသည်​...Shin...

ရုတ်​တရက်​.....
သူမ​ရှေ့ကို.....ဒူး​ထောက်​ထိုင်​ချလိုက်​သူက
ကျ​နော့်​နဲ့....မျက်​နှာချင်းဆိုင်​မှ...Luhan...

"ခင်​ဗျား.....သိက္ခာမရှိဘူးလား...ဗီလိန်​...."

............................TBC..........................

အ​နော်​ Rated မ​ရေးရဲပါဘူး
လိုအပ်​လာလို့...နည်းနည်း​ရေးတာ​တောင်
မျက်​နှာ​တွေပူပါတယ်

ဟုတ်​...
ဖတ်​​ပေးတာ...​ကျေးဇူးပါ​နော်​....

နှလုံးသားဖြင့်​....စာ​ရေးချင်​သူ...

#TD
#Hunhan-is-my-heart.


Continue Reading

You'll Also Like

16.6K 1.8K 6
Chinese Theme Love Story (Own Creation) Collabration of NatpanKalay and Heather Bell
33.4K 3.9K 24
"Yukina ! ကြယ်​​တွေအပြည့်​နဲ့ ​ကောင်းကင်​က အရမ်းလှတာပဲ​နော်​" "Yukina ! ကြယ်​​တွေ​ကြွေရင်​ ဆု​တောင်း ! ပြည့်​တယ်​တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း...
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
320K 32K 27
♣အနာဂတ်​ကို ဖန်​တီးယူခဲ့တာမဟု​တ်​ပါဘူး....ကြိုတွက်​ချက်​ကြည့်​မိရုံပါ♣ ♠မ​သေချာတဲ့ အရာ​တွေ အ​ကောင်​အထည်​​ဖော်​လို့မရတဲ့ အရာ​တွေ လက်​​တွေ့မဆန်​တာ​တွေက...