သို့.....ချစ်​​သောဗီလိန်​...[...

By td_rosy

264K 23.2K 3K

မာနတရားနှင့်​ စတင်​ကာ ကြမ်းတမ်းခက်​ထန်​မှုအတိနှင့်​ပြီး​သော ဗီလိန်​တစ်​​ယောက်​ရဲ့ အချစ်​.... More

ဗီလိန်​အဖြစ်​ခံယူခြင်း
ဗီလိန်​၏ ပထမ​ခြေလှမ်း
ဗီလိန်​၏ ဒုတိယ​ခြေလှမ်း
ဗီလိန်​၏ တတိယ​ခြေလှမ်း
ဗီလိန်​၏စတုတ္ထ​ခြေလှမ်း
ဗီလိန်ကို တွန်းလှန်​ရန်​.......
ဗီလိန်​၏ ပဉ္စမ ​ခြေလှမ်း...
ဗီလိန်​၏ ဆဌမ​ခြေလှမ်း
ဗီလိန်ကို....​မေ့ပစ်​​ရန်​...
ဗီလိန်​၏ သတ္တမ​ခြေလှမ်း
ဗီလိန်​၏၀ဋ်​လည်​ခြင်း
ဗီလိန်​၏ ယုံကြည်​ချက်
ဗီလိန်​၏ အဌမ​ခြေလှမ်း
ဗီလိန်​၏ န၀မ​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များပျက်​စီးခြင်း..
ဗီလိန်​၏ သက်​​သေပြချက်
ဗီလိန်​၏ ဒသမ​ခြေလှမ်း နှင့်​......
ဗီလိန်​၏ပြိုင်​ဘက်​....
ဗီလိန်​၏ ဒဿမ​ခြေလှမ်း​နောက်​ကွယ်​နှင့်​..
ဗီလိန်​၏ လျို့ ဝှက်​ချက်​နှင့်​...
ဗီလိန်​(သို့)Hun အ​ခေါ် Xiao Lu..
ဗီလိန်​မဟုတ်​​​လောက်​သော Xiao Lu
ဗီလိန်​၏လျို့ ဝှက်​ချက်​​နောက်​ကွယ်
ဗီလိန်​မျက်​နှာဖုံး၏...​နောက်​ကွယ်
ဗီလိန်ရဲ့.....အတိတ်
ဗီလိန်​၏ ​နောက်​ဆုံး​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များ​ ထာဝရတည်​မြဲခြင်း
ချစ်​​သော ဗီလိန်​.....
ကျေးဇူးတင်​ခြင်း..
တမ်းတခြင်း

ဗီလိန်​ကို ရင်​ဆိုင်​ရန်​...သို့​သော်​...

6.1K 633 103
By td_rosy


"Hun......."

သတိရလာ​သော Shin က ​ဖျော့​တော့​သော အသံဖြင့်​....​ခေါ်၏......

"ဟင်​.....Shin....သက်​သာရဲ့လား.....
လည်​ပင်း​ရော.....ဘယ်​လို​နေလဲ....."

ကျ​နော်​​မေး​တော့....
သူမက...သူမလည်​ပင်းအားလက်​နဲ့စမ်း၏

"ဟင်​...အင်း...သက်​သာပါတယ်​.....
သိပ်​မနာပါဘူး.....
Shin ဘာသာ လန့်​ပြီး​မေ့သွားတာ....."

သူမက ​ဖြေသိမ့်​ကာ​ပြောေ​နပေမယ့်​....
ကျ​နော်​.....စိတ်​ပူသည်​....
လည်​ပင်းဖြူ ဖြူ မှာ...လက်​ရာကထင်း​နေတာ

ကျ​နော်​ မျက်​နှာမပြရဲ​လောက်​​အောင်​ကို...
အားနာမိပါသည်​....

ကျ​နော်​မ​ကောင်းလို့......

"Hun .....​ဘယ်​လို​ရောက်​လာတာလဲ...."

"မီဒီယာ သမား...အတုအ​ကြောင်း
ကိုယ်​​သိသွားလို့......သူ့ဆီလာတာ..."

သူမက လှဲ​နေရာမှ ထထိုင်​သည်​.....

"​တောင်းပန်​ပါတယ်​......Shin....
ကိုယ်​....မျက်​နှာ...မပြ၀ံ့ပါဘူး.....
ကိုယ့်​​ကြောင့်​....Shin ထိခိုက်​ရပြန်​ပြီ...."

"ကိုယ့်​​ကြောင့်​.....ကိုယ်​မ​ကောင်းလို့....
ကိုယ်​...ကိုယ်​..ဘာပြန်​လုပ်​​ပေးရမလဲဟင်​"

ကျ​နော်​ သူမကို
ထပ်​ခါထပ်​ခါ ​တောင်းပန်​သည့်​တိုင်​.....
သူမကငြိမ်​​နေသည်​မို့.....
ကျ​နော်​စိတ်​ပူလှပါသည်​...
သူမ.....ကျ​နော့်​ကို..အထင်​​သေးသွားပြီလား

"Shin ရယ်​ ဒီလိုကြီးငြိမ်​မ​နေပါနဲ့....
ပြောပါ...ကိုယ့်​ကို.....အပြစ်​​ပြောပါ....
ဒါမှမဟုတ်​...
ကိုယ့်​ကို တစ်​ခုခုပြန်​လုပ်​ပါ...."

ကျ​နော်​ ​နေမရ ထိုင်​မရဖြစ်​လာသည်​....
သူမ ကျ​နော့်​ကို အပြစ်​​ပြော​တော့မည်​လား..
သူမကျ​နော့်​ကို...
ဆိုးရွားတဲ့တစ်​ခုခုပြန်​တုံ့ပြန်​ရင်​​တောင်​..
ကျ​နော်​.......​ကျေနပ်​မိဦးမည်​.....
အခုလိုကြီးကျ.....ကျ​နော်​ပိုအားနာလာသည်

တကယ်​ဆို.....ဖြစ်​ခဲ့သမျှ....
ကျ​နော့်​အပြစ်​​တွေချည်း......

ကျ​နော်​......ထိုအပြစ်​တို့ကို...
မည်​သို့...​ချေဖျက်​ရမည်​နည်း....

ကြံရာမရ ဖြစ်​လာသည်​မို့.....
သူမလက်​ကိုသာ...ဆွဲကိုင်​လျက်​....
ကျ​နော့်​လည်​ပင်း​ပေါ် ထိကိုင်​​စေလိုက်​သည်

"​တောင်း.....​တောင်း...ပန်​ပါတယ်​.....
ကိုယ့်​​ကြောင့်​....ကိုယ်​မ​ကောင်းလို့....
ဟင်​....Shin ခွင့်​မလွှတ်​နိုင်​ရင်​...
ကိုယ့်​ကို ထိခိုက်​​အောင်​ပြန်​လုပ်​​လေ​နော်​"

ကျ​နော်​ က​လေးဆန်​သွားမလား....
ရူး​ကြောင်​​ကြောင်​ဖြစ်​​နေမလား...
မ​တွေး​နိုင်​တော့ပါ....
ဖြစ်​ချင်​ရာဖြစ်​.....
သူမကို​တောင်းပန်​ဖို့သာအဓိကမလား.....
ဒါ​ပေမယ့်​....
သူမက ပြာပြာသလဲတားသည်​....

"Hun.....မ​တောင်းပန်​ပါနဲ့....
Hun အပြစ်​မဟုတ်​ဘူး.....
Shin မှားတာ.....Shin....သူ့ကို..
ရန်​စသလိုဖြစ်သွား​​တာ......
Hun နဲ့မဆိုင်​တာမို့...
မ​တောင်းပန်​ပါနဲ့​နော်​........."

အသက်​ကိုထိခိုက်​မလိုဖြစ်​တာ​တောင်​....
အေး​ဆေးဖြစ်​​နေ​သောသူမက...
ကျ​နော့်​ကိုဘယ်​​လောက်​ထိချစ်​ပါသလဲ....
ကျ​နော်​...ပထမဆုံးအကြိမ်​....သိချင်​မိသည်

"မ...ဟုတ်​.....ဘူး..
Shin..ဒါ​တွေ အကုန်​...ကိုယ့်​​ကြောင့်​...."

ကျ​နော့်​စကားမဆုံးလိုက်​ပါ....
သူမက .....ကျ​နော့်​ကို....
ရုတ်​တရက်​...လှမ်းလို့...
သိုင်းဖက်​လိုက်​သည်​မို့.....

"ဟင့်​အင်း.....မ​တောင်းပန်​ပါနဲ့​တော့.....
Hun.....​တောင်းပန်​ရင်​.....
Shin...ပိုဝမ်းနည်းတယ်​....."

"ဟင်​....."

ကျ​နော်​...သူမ​ပြောတာ...
သ​ဘောမ​ပေါက်​သည်​မို့.....
သူမခါးကိုကိုင်​လို့....
ဆွဲခွာ​ဖို့ကြိုးစားမိသည်​......

သူမမျက်​နှာကိုကြည့်​၍..​မေးမြန်းရန်..​​​....
ကြိုးပမ်း​နေမိသည်​....
သို့​သော်​လည်း.....မရပါ...

သူမကတင်းတင်းဖက်​လို့....
ကျ​နော့်​ ပုခုံး​ပေါ်...မျက်​နှာ​မှောက်​ထားဆဲ...
ပခုံး​ပေါ်က စိုစွတ်​လာတာမို့....
သူမငို​နေပြီ.....

"ဟုတ်​တယ်​....
Hunအဲ့လို​တောင်းပန်​​နေရင်​...
Shin...ပိုနာကျင်​တယ်​.....
တောင်းပန်​ပါတယ်​.....Shin...​ကြောင့်​...
အဟင့်​.....Shin ​ကြောင့်​....
Hun....လည်းနာကျင်​​နေရပြီ.....
Shin....​ကြောင့်​....
Hun ကိုယ် ​Hun အပြစ်​ရှိသလို...
ခံစား​နေရတာ...."

ကျ​နော်​....ဘယ်​လိုစကားလုံးတို့ဖြင့်​.....
ဖော်​ပြသင့်​လဲ...မသိ​အောင်​အထိကို...
တွေ​ဝေရသည်​.....

ဘယ်​လို​မှန်းမသိ​သော....
ခံစားမှုတို့က.....ရင်​ထဲ နှလုံးသားထဲထိ
တိုးဝင်​.....စိုးမိုး​နေသည်​....

"ဘာ​တွေ​ပြော​နေပြန်​တာလဲ...Shin ရယ်​"

ခပ်​တိုးတိုး ညည်းမိရုံသာ....
ကျ​နော်​တတ်​စွမ်းနိုင်​၏.....
သူမကို ​ချော့ဖို့လည်း...ကျ​နော်​မသိ.....

"ဟုတ်​တယ်​.....
Hunကို...
အမြဲ အားနာပြီး...အပြစ်​ရှိသလို...
ခံစား​နေရ​အောင်​.....လုပ်​မိတဲ့အတွက်​...
တောင်းပန်​ပါတယ်​......
တကယ်​ဆို...Shin..သူ့ဆီမသွားသင့်​ဘူး..
သူ့​ဒေါသကိုလည်း မဆွလိုက်​သင့်​ဘူး...
Shin မှားတာ.....Shin...မှားတာ..."

ကျ​နော်​.....ဘာစကားမှမထွက်​​တော့ပဲ...
သူမ​ကျောပြင်​ကိုသာ......
တဖွဖွပုတ်​​ပေးမိသည်​.....

"Shin....ရယ်​....."

ကျ​နော်​ ခပ်​တိုးတိုးသာ ဆိုလိုက်​​တော့....
သူမက ဖက်​ထားရာမှ ခွာလို့.......
ကျ​နော့်​ကို....ပြန်​ကြည့်​ပြန်​သည်​.....

"အားလုံးက​လေ...Shin အမှား​တွေမို့...
Hun ဘာမှမခံစားပါနဲ့....
ပြီး​တော့....Luhan....သူ....သူ...
ဒီ့ထက်​ဆိုးတာ​တွေ...လုပ်​လိမ့်​မယ်​....
Hun နဲ့ပုံ​တွေကို...သူ public မှာ..
ဖွင့်​ဟပြမယ်​တဲ့....."

မျက်​လုံးများဝိုင်းလို့.......
အလန့်​တကြား​ပြော​သောသူမ.....

Xiao Luhan ခင်​ဗျားက...
ထပ်​ခြိမ်း​ခြောက်​လိုက်​ပြန်​ပြီ....
ခင်​ဗျား....ဘယ်​လောက်​ထိ......
ကျ​နော့်​ကို....ဒုက္ခ​ပေးမှာလဲဟင်​.....

"လုပ်​​ပ​စေ....Shin...ကိုယ်​အခု...
ဘာမှမ​ကြောက်​​တော့ဘူး....
သူ​တောင်းဆိုတာ....လိုက်​​လျောမိရင်​....
ကိုယ်​တို့...အမြဲ​ကြောက်​​နေရလိမ့်​မယ်​....."

သူမက ကျ​နော့်​လက်​တို့အား....
လာ​ရောက်​ဆုပ်​ကိုင်​သည်​.....

"ကြုံလာသမျှကိစ္စ​တွေကို.....
Hun နဲ့ အတူ ရင်​ဆိုင်​ခွင့်​​ပေးပါ​နော်​...."

"Shin...စိတ်​မပျက်​ဘူးဆိုရင်​....
ကိုယ့်အနားမှာ....​​နေပါ.​...
နေချင်​သ​လောက်​..."

"Hun......
Shin ကိုလိုအပ်​မယ့်​အချိန်​ထိ...နေမှာ...."

"Shin.....ရယ်​....."

အားတက်​သ​ရော​ပြော​နေတဲ့....သူမကို...
စကားတစ်​ခွန်းသာ....တုံ့ပြန်​မိသည်​....

XiaoLuhan...ခင်​ဗျား...
ဘာထပ်​လုပ်​ဦးမှာလဲ.....

ကျ​နော့်​ကို..ရက်​စက်​တုန်းက.....
ရက်​စက်ခဲ့​​ပြီး.....
အခုမှ.....ဘာလို့.....
ဘာ​တွေထပ်​ပြီး....ရက်​စက်​မလို့.....
ကျ​နော့်​ကို....
အသည်းအသန်​ ပြန်​​ခေါ်ချင်​​နေလဲ......

ခင်​ဗျားဟာ...တကယ့်​နတ်​ဆိုး.....ပဲ...

ခင်​ဗျားကို....ကျ​နော်​မုန်းမိ​တော့မယ်​...

ကျ​နော်​​ကြောက်​ပါသည်​....
ကျ​နော့်​အတိတ်​ကို.....လူ​တွေသိမှာ...
ကြောက်​ပါသည်​.....
လူ​တွေ လက်​ညှိုးထိုးတာခံရမှာလည်း
ကြောက်​ပါသည်​....

အသိုင်းအ၀ိုင်းကြားမှာ...
ကျ​နော်​ အရှက်​ကွဲမှာလည်း....
ကြောက်​ပါသည်​....
ကျ​နော့်​ကို....ရက်​စက်​ဖူးတဲ့....
သူ့ကိုလည်း....​ကြောက်​ပါသည်​...

ဒါ​ပေမယ့်​.....အခု...​ကြောက်​​နေလို့မဖြစ်​...
ကျ​နော်
တစ်​​ယောက်​တည်းမှမဟုတ်​​တော့တာ...

ကျ​နော့်​​နောက်​မှာ.....အင်း....တကယ်​ဆို...
ကျ​နော့်​​ဘေးမှာ....သူမရှိ​နေပြီ.....

ကျ​နော်​ကာကွယ်​​ပေးနိုင်​ဖို့....
ကြိုးပမ်းရ​တော့မည်​.......

ကျ​နော်​ ခင်​ပွန်း​ကောင်း....​..
ယောက်ျား​ကောင်းပီသချင်​ပါသည်​.....

ကျ​နော်​....ခင်​ဗျားကို....တစ်​ခါ​လောက်​​တော့
နိုင်​ဖူးချင်​ပါသည်​.....

.
.
.
.
.
.
.
.
.
.

.တင်းကျပ်​စွာ....ဖက်​ထား​သော...
သူ့လက်​များသည်​....ကျွန်​မအား..
အားအင်​များ..ဖန်​တီး​ပေး၏.....

ကျွန်​မ....ခိုဝင်​​နေ​သော....
သူ့ရင်​ခွင်ကျယ်​ကလည်း.....
ကျွန်​မကို......
အရာရာစိတ်​သက်​သာရာရ​စေသည်​....

တကယ်​​တော့......
ကျွန်​မသိပ်​​ကြောက်​​နေခဲ့တာ.....

Luhan ကိုလည်း...မဟုတ်​ဘူး....
သေမှာကိုလည်း.....မဟုတ်​ဘူး.....
Hun နဲ့​ဝေးမှာကို​ကြောက်​တာ....
Hun...ကျွန်​မကို မလိုချင်​​တော့မှာ.....
ထားခဲ့မှာကို​ကြောက်​တာ....

အခု​တော့....ကျွန်​မ
အနည်းငယ်​စိတ်​သက်​သာရာရ​နေပြီဖြစ်​ပါသည်​.....

Hun က သူ့အနားမှာ....​နေဖို့...
တရားဝင်​ခွင့်​ပြုလိုက်ပြီ​မို့.....

စာရွက်​စာတမ်း အရ....မဟုတ်​ဘဲ....
သူ့စိတ်​သ​ဘော သူကိုယ်​တိုင်​.....
ခွင့်​ပြု​ပေးလိုက်​သည်​မို့.....
ကျွန်​မ ​ပျော်​မိပါသည်​.....

တကယ်​ဆို...Luhan ​ခိုင်းသမျှ....
လိုက်​လုပ်​​ပေးမယ့်​...ခပ်​တုံးတုံးမိန်းမ...
ကျွန်​မ မဖြစ်​ချင်​ပါ....

ိHun ကို ဒုက္ခ​ရောက်​​စေဖို့...
ကြိုးပမ်း​တော့မည့်​ Luhan...ကို
ကျွန်​မ တားလိုက်​နိုင်​ပြီထင်​ပါသည်​....

သူ့​ဒေါသတို့အား....ကျွန်​မအ​ပေါ်..
သွန်​ချ​စေလိုက်​ခြင်းဖြင့်​လည်း​ကောင်း....

Hun ဆီ...သူချိန်​သည့်​ မြှားဦးတို့အား.....
ကျွန်​မကိုယ်​တိုင်​....ကျွန်​မဆီ....
ဆွဲယူ ချိန်​ဆ​စေခြင်းဖြင့်​လည်း​ကောင်း....

Hun ရဲ့ သိက္ခာတရားတို့ကို...
ကျွန်​မအသက်​ကိုသုံး၍....
ကာကွယ်​​ပေးလိုက်​နိုင်​ပြီဖြစ်​သည်​မို့....
ကျွန်​မ....၀မ်းသာမိပါသည်​.....

ကျွန်​မကိုယ်​တိုင်​.....ဖန်​တီးယူလိုက်​သည့်​...
ထိခိုက်​မှုတို့အတွက်​....
Hun က သူ့အပြစ်​လို့....ယူဆ​နေသည်​ကို
ကျွန်​မ....တကယ်​...အားနာလှပါသည်​....

ကျွန်​မအသက်​ထက်​....Hun အနားမှာ..
နေရဖို့က....ပိုအ​ရေးပါသည်​မို့.....

Hun ​ရဲ့ နှလုံးသား​တွေ...နာကျင်​ခဲ့ရ​သော
အတိတ်​တို့ကို....​ဖျောက်​ဖျက်​ရာမှာ....
အတတ်​နိုင်​ဆုံး...ကူညီ​ပေးချင်​တာမို့....
ဆက်​လက်​လို့ တွယ်​ကပ်​​နေပါရ​စေ....

Hun နဲ့အတူ...အရာရာရင်​ဆိုင်​ရင်း.....
တကယ်​ဆို.......
အတတ်​နိုင်​ဆုံးကျွန်​မသာ အနစ်​နာခံရင်း...
သူ့​​ဘေးမှာ...အမြဲ​နေချင်​ပါသည်​.....

အများတကာရဲ့......
ချီးကျူးခံရဖို့လည်းမလိုချင်​.......
Hun သနားတာကိုလည်း......မလိုချင်​....

ရယူလိုခြင်းကင်းမဲ့စွာ
ပေးဆပ်​​နေရတယ်​လို့လည်း....
ခေါင်းစဉ်​မတပ်​၀ံ့ပါ....

လောဘမရှိဘူးရယ်​လို့လည်း....
ကြွားလုံးမထုတ်​ချင်​ပါ....

Hun အချစ်​ကို လိုချင်​လို့....​...
ပေးဆပ်​​နေတာမို့.....
ကျွန်​မသည်​လည်း......
စိတ်​ထားဖြူ စင်​သူမဟုတ်​ပါ....

Hun....
ကျွန်​မကို....ချစ်​ဖို့..
ကြိုးစား​ပေးမယ်​မလားဟင်​......

ကျွန်​မ​မျှော်​လင့်​​နေပါရ​စေ.....

Luhan....ဆီ...
Hun.....ပြန်​မသွားချင်​​သေးသ​ရွေ့....
ဒီပွဲမှာ....
ဗီလိန်​ကို..ကျွန်​မနိုင်ေ​​လာက်ပါ​တယ်​....

.............................................................

Company ကို....ကျ​နော်​၀င်​လာသည့်​အခါ
လူ​တွေ အကြည့်က...ကျ​နော့်​ဆီပြုံလာသည်

တစ်​ခုခုကို.....​ပြော​နေသလို....
ရွံရှာသလို....မျက်​၀န်း​တွေ.....

ကျ​နော်​...အမြင်​မှားတာ​နေမှာပါလို့...
ဖြေသိမ့်​၍သာ...
ဆက်​​လျှောက်​လာလိုက်​ပါသည်​.....

၀န်​ထမ်းများဝင်​​နေ​သော..
ဓာတ်​​လှေကားထဲဝင်​ဖို့ပြင်​လိုက်​သည်​....
ဒါ​ပေမယ့်​.....မရပါ.....
အထဲက....တစ်​​ယောက်​က....
ကျ​နော့်​ကို တွန်းထုတ်​လိုက်​သည်​....

လက်​​အောက်​ငယ်​သားကများ......
ရာရာစစ......

ကျ​နော်​ပြန်​​ပြောဖို့ပြင်​လိုက်​​ပေမယ့်​....
သူတို့တုံ့ပြန်​​သော..စကား​ကြောင့်​....
ဘာမှဆက်​မ​ပြောလိုက်နိုင်​​ပါ.....

"အ​ခြောက်​ကများ.....
ငါတို့ ဥက္ကဌ လုပ်​​နေ​သေးတယ်​.....
ယောက်ျားတစ်​​ယောက်​နဲ့....
ဖြစ်​ချင်​တိုင်းဖြစ်​​ထားပြီး...
အခုမှလူ​ကောင်း​ယောင်​​ဆောင်​​နေ​သေးတယ်​...."

ဟင်​.....ဘယ်​လို...အ​ခြောက်​.....
ကျ​နော်​.....ကျ​နော်​......

"မဟုတ်​...ဘူး.....မဟုတ်​ဘူး....
ငါအ​ခြောက်​မဟုတ်​ဘူး....မစွပ်​စွဲနဲ့...."

ကျ​နော်​....အလန့်​တကြား.....
စွတ်​ကန်​​အော်​လို့ငြင်းပစ်​သည်​...

သို့​သော်​...သူတို့က....ကျ​နော့်​မျက်​နှာဆီ
တစ်​စုံတစ်​ရာတို့နှင့်​...​ကောက်​​ပေါက်​သည်

သေချာကြည့်​မိ​တော့.....ဓာတ်​ပုံများ...
အ၀တ်​မပါ​သော....ကျ​နော်​နှင့်​...သူရဲ့..
အိပ်​ရာ​ပေါ်မှ.....ပုံများ.....

ဒါ​တွေ...ဒါ​တွေကို....
အားလုံး...မြင်​ဖူးပြီးသွားပြီလား......

ကျ​နော်​......​ခေါင်း​တွေမူးလာသည်​....
ခြေ​​ထောက်​​တွေက
ရုတ်​တရက်​တုန်​လာတာမို့....
ပစ်​လှဲထိုင်​ချခြင်းဖြင့်​....သက်​သာ​စေသည်

"ဟမ်​.....
ဒီ​လောက်​သက်​​သေ​တွေရှိတာ​တောင်
မဟုတ်​ဘူးတဲ့...."

"....အ​ခြောက်​.....ထွက်​သွားစမ်း...."

"ဟုတ်​တယ်​....
ထွက်​သွား....ထွက်​သွား..."

ကျ​နော်​....ဘာလုပ်​ရမည်​မသိ....
ဘာလုပ်​သင့်​သည်​...ကျ​နော်​မသိ.....

"မ....ဟုတ်​ .....ဘူး......"

ကုန်းရုံး​အော်​လို့ ငြင်းဆန်​မိ​သော်​လည်း
ဘာမှ အရာမထင်​ပါ........

"အ​ခြောက်​....ထွက်​သွားစမ်း...."

"ထွက်​သွား....."

တဖြည်းဖြည်း......
ကျ​နော့်​​ရှေ့တိုးလာ​သောလူအုပ်​......

အားလုံးပြော​နေကြ​သော...စကားလုံးတို့က
အ​ခြောက်​...ဟူသည့်​....
စကားလုံးတစ်​လုံးတည်း....

ကျ​နော်​....ငြင်းဆန်​ဖို့...အင်​အားမရှိ....

ကြောက်​တာ​ရော....ရှက်​တာ​ရော...
ရော​ထွေး​နေသည့်​ ခံစားချက်​တို့​ကြောင့်​....
ကျ​နော်​....ဘာမှမ​တွေးနိုင်​.....

ဘာ....လုပ်​...ရမလဲ....
ကျ​နော့်​ အမြင်​​တွေေ၀၀ါးလာသည်​မှာ...
တကယ်​အမှန်​ပင်​......

ဘာလုပ်​သင့်​လဲ.....

ထွက်​​ပြေးရမယ်​.....ဟုတ်​တယ်​...
ဒါ​တွေ...မကြားရ​အောင်​....
ဒီလူ​တွေနဲ့....​ဝေးရာကို....​ပြေးရမယ်​...

ကျ​နော်​ထဖို့ကြိုးစားသည်​....
သို့​သော်​.....မရ...

အ​ရေးထဲ....ဒီ​ခြေ​ထောက်​​တွေကကွာ....

ခြေ​ထောက်​ကို....
အားပြုကာရပ်​ဖို့ကြိုး​စား​နေရင်းမှ....

ကျ​နော့်​ကိုလက်​ညှိုးထိုး၍...
ကျ​နော်​မကြားချင်​ဆုံးစကားကို...​ပြောရင်း...
ကျ​နော့်​​ရှေ့တိုးလာ​သော လူ​တွေ​ကြောင့်​....

ကျ​နော်​....ဖင်​တရွတ်​ဆွဲကာ...
နောက်​ဆုတ်​ရသည်​....

ကျ​နော်​ဘာပုံဖြစ်​​နေပြီလဲ...မသိ​တော့....
ကျ​နော်​....ဘာမှမမှု​တော့.....
ကျ​နော်​သိတာ...သူတို့နဲ့​ဝေးသွားဖို့....

နောက်​ဆုတ်​ရင်းပဲ....
နံရံဆီ​ကျောကပ်​သွားတဲ့အခါ...
ကျ​နော့်​မှာ​ပြေးစရာလမ်းမရှိ.....

ပြေးလမ်းရှာစဉ်​.....
ရုတ်​တရက်​....ကျ​နော့်​​ပေါ်ကျလာ​သော...
ကြက်​ဥများ​ကြောင့်​....
ကျ​နော့်​တစ်​ကိုယ်​လုံး....
ကြက်​ဥ အခွံ​တွေ​ရော....အနှစ်​​တွေ​ရော...
ပေကျံသွားသည်​....

ကျ​နော်​ ​ကြောက်​တယ်​.....
မား....ကျ​နော်​​ကြောက်​တယ်​....
မားသာ ကျ​နော့်​နားရှိရင်​....
မားက.....ကာကွယ်​​ပေးဦးမှာ....

ခု​တော့......ကျ​နော်​​ကြောက်ေ​နတယ်​....မား

ကျ​နော့်​​ရှေ့မှာ​လေ.....
ကင်​မရာ​တွေနဲ့ချိန်​ကာ....
ဟားတိုက်​ ​လှောင်​လို့.....
ရက်​စက်​​နေ​သောလူအုပ်​....

ကျ​နော်​ ​သေချင်​တယ်​ ​သေချင်​တယ်​....
ကျ​နော်​​ပျောက်​ကွယ်​သွားချင်​တယ်​.....

ပြေးလို့လည်းမရ.ပါ...
တစ်​ကိုယ်​လုံး....ဆတ်​ဆတ်​တုန်​​နေသည်​...

ဘာမှမတတ်​နိုင်​တာမို့....
ဒူးနှစ်​ဖက်​ကို...ပိုက်​လို့သာ....
ခေါင်းငုံ့၍ ငို​နေမိသည်​.....

အဆက်​မပြတ်​ကျလာ​သော....
ကြက်​ဥတို့ဒဏ်​ကို ခံရင်း​ပေါ့.....

ထိုစဉ်​....​ခေါင်းငုံ့ထား​သော.....
ကျ​နော့်​မျက်​နှာ​ရှေ့ကို....
ကမ်းလင့်​ကျ​ရောက်​လာ​သော......
လက်​တစ်​ဖက်​....

ဆွဲထူပေး​နေသည့်​သ​ဘော....

Shin....ဟုတ်​တယ်​....သူမဖြစ်​မယ်​....

ကျ​နော်​ချက်ချင်းဆုပ်​ကိုင်​လို့...​မော့အကြည့်

"ဟင်​......L.....u....h...a....n....."

ကျ​နော်​လက်​ကို ချက်​ချင်းပြန်​ရုတ်​မိသည်​...
ကျ​နော်​...သူ့ကို​ကြောက်​တယ်​....

ကျ​နော်​​ကြောက်​​နေ​သော်​ငြား.....
သူက​တော့....ကျ​နော့်​​ရှေ့လာထိုင်​လို့....
ကျ​နော့်​အား....ငုံ့ကြည့်​​နေသည်​....

ထို့​နောက်​.....
သူ့လက်​​ချောင်းသွယ်​သွယ်​တို့က....
ကျ​နော့်​​မေးဖျားကို ကိုင်​လို့​​မော့​စေသည်​...

ကျ​နော့်​​ခေါင်းမှ ဆီးကျလာ​သော
ကြက်​ဥ အနှစ်​တို့​ကြောင့်​....
သူ့လက်​ပါ ​ပေသွားသည်​....

ထို့​ကြောင့်​ သူက သူ့လက်​ကိုပြန်​ရုတ်​ရင်း...

"ကဲ....က​လေးမှတ်​ပြီလား....
က​လေး....ကိုယ့်​ကို...စွန့်​ခွာရင်​...
ဘယ်​လိုဖြစ်​မလဲ...က​လေးသိပြီလား....
ကိုယ်​လည်း ဒီ​လောက်​ထိ မဖြစ်​​စေချင်​ပါဘူး
ခု​တော့....ဒါ​တွေလုပ်​​နေရပြီ
အခု​တွေ့လား.....
က​လေးချစ်​တယ်​ဆိုတဲ့....
ဟို​ကောင်​မ​တောင်​ က​လေးဆီမလာဘူး...
မြင်​ပြီလား...
တကယ့်​တကယ်​ဆို...က​လေးနားမှာ..
ကိုယ်​ကလွဲပြီး..
ဘယ်​သူမှမရှိဘူးဆိုတာ...."

သူက​ အမြင်​ကပ်​ဖွယ်​...
ကျ​နော့်​အား​ပြောလို့....ဆွဲထူရန်ြ​ပင်​သည်​....

ဒါပေမယ့်​.....ကျ​နော်​ လက်​မခံပါ....

"ခင်​.....ဗျား....မလာနဲ့....
ကျ​နော့်​ဆီ....မလာနဲ့....
ကျ​နော်​​ကြောက်​တယ်​....
မလာနဲ့....မလာနဲ့...​နော်​...."

ကျ​နော်​အားရှိသမျှသုံးကာ....
သူ့လက်​မှ​လွတ်​​အောင်​ ​ရှောင်​သည်​....
သူကြားနိုင်​​အောင်​....​အော်​သည်​.......

သူက​တော့.....ပြုံးကာဖြင့်​သာ...
ကျ​နော့်​ကို...မရမက...ဆွဲထူသည်​...

သူကျ​နော့်​ကို ထိ​လေ....ကျ​နော်​​အော်​​လေ...

"တစ်​​လောကလုံးမှာ ခင်​ဗျားက....
အယုတ်​မာဆုံးပဲ....ဗီလိန်​......."

............................TBC..........................

ဟုတ်​ကဲ့....
ဖတ်​​ပေးတာ...​ကျေးဇူးပါ.....

Next ep is ဗီလိန်​၏ သက်​​သေပြချက်

ကြာ​လေချာ​လေမို့....သည်းခံ​ပေးကြပါလို့...

နှလုံးသားဖြင့်​...စာ​ရေးချင်​သူ...

#TD
#Hunhan-is-my-heart.





Continue Reading

You'll Also Like

320K 32K 27
♣အနာဂတ်​ကို ဖန်​တီးယူခဲ့တာမဟု​တ်​ပါဘူး....ကြိုတွက်​ချက်​ကြည့်​မိရုံပါ♣ ♠မ​သေချာတဲ့ အရာ​တွေ အ​ကောင်​အထည်​​ဖော်​လို့မရတဲ့ အရာ​တွေ လက်​​တွေ့မဆန်​တာ​တွေက...
11.6K 640 50
#ကြိုပြောချင်တာက..ဒီဇာတ်အိမ်ဟာ..အချိုးအကွေ့နည်းနည်းများပါမယ်နော် ဒီမှာ..ဦးခေတ်သိဖို့က ကျွန်တော်က ဂေးမဟုတ်ဖူး...ခင်များနဲ့ကြမှ ထိန်းမနိုင်သိမ်းမရ ကွေ...
128K 9.5K 42
(Uni) သောင်အိုခေတ်ကတည်းက ကွယ်ပျောက်သွားပြီဖြစ်သောမိမိရဲ့သခင်ကို ပြန်လည်မွေးဖွားလာမလားဟု မျှော်လင့်ချက်နှင့်စောင့်မျှော်ခဲ့ရသော werewolfတစ်ကောင်ရဲ့ စိ...
571K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...