စတုဂံလွင်ပြင်

By minsetwai

2.1K 133 6

မင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ More

ကြွေ
မင်းသမီး
Lotusအတွက်​ကဗျာတစ်​ပုဒ်
🚶 လူ🚶
နားလည်ခြင်းထဲမှာ သံယောဇဉ်တွေပေါင်းထည့်ကြည့်
**၅၂၈ အလွမ်း**
လူနဲ့လမ်း
အနောက်အရပ်ကတိမ်တိုက်တွေအကြောင်း
ကဝေပျိုခိုတဲ့အသည်း
လမိုင်းမမိ တဲ့ ပိုး
ဖတ်လို့မကောင်းတဲ့ ကဗျာ
မိုး ခါး တေး ကို စို့ နင့် နင့် သီ ကျူး ခြင်း
ဆေးဆိုးထားသောအမှိုက်များ
ကြက်ခြေခတ်ထားတဲ့အက်ဆေး
နှလုံးသွေးဖြင့် အသက်ရှင်ခြင်း
ကမ္ဘာမြေပေါ်မှ မျှော်လင့်ဆုတောင်းသံ
မှော်ဆန်လွန်းတဲ့အချစ်
**မီးစုန်းကပ်တဲ့ ပင်လယ်**
ခွင့်
***မျော.......***
ဖြတ်
နွေဦး
အချဉ်ပေါက်သွားတဲ့စိတ်
ငါ မသိခဲ့ဘူးဆိုပါစို့
အစာမကြေခြင်း
ပြန်လမ်းမရှိပစ္စုပ္ပန်မှာနေထိုင်ခြင်း
ပန်းဆီရောင်အလွဲများ
ကဗျာဟုတ်​သည်​ဖြစ်​​စေ ၊မဟုတ်​သည်​ဖြစ်​​စေ
ကဗျာလူသား
နှင်တံကလေးရဲ့ကျေးကျွန်
ထိုမြို့ဟောင်း၌ကျွန်မစောင့်နေသည်
ပြန်မဆုံချင်တဲ့သူ
အိပ်မက်သည်
ဝမ်းတစ်ထွာရဲ့ကျောရိုး
အဲဒီနေ့က ငါ ဘုရားကျောင်းမတက်ဖြစ်ခဲ့ဘူး... ရိုဇီ
လေးလံထိုင်းမှိုင်းခြင်းရဲ့ကဗျာ
ဥေပကၡာဓား
ဒီကဗျာမှာ ကျွန်တော် ဒါတွေမပြောဘူး
ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်
ဖိတ် ကြား ခြင်း
မန္တလေးကညတစ်ည
အလွမ်းည
လွမ်းစိမ့်စိမ့်
အိပ်မက်ကိုခူးဆွတ်ခြင်း
လွမ်းချင်းရဲ့လွမ်းချင်း

ဒီမြို့ပြ

17 2 0
By minsetwai

ဒီမြို့ပြ

*****

တနင့်တပိုး
ဆာလောင်နေတဲ့
ဒီမြို့ပြ...

အသောမတတ်နိုင်တဲ့
လောဘတွေနဲ့
ဒီမြို့ပြ...

ရောင်စုံတွေနဲ့ပေကျံနေတဲ့
မောဟတွေနဲ့
ဒီမြို့ပြ...

ကစဉ်းကလျားပြေးလွှားနေတဲ့
ဒေါသတွေနဲ့
ဒီမြို့ပြ...

ကလေးလုပ်အားတွေနဲ့
တန်ဆာဆင်ထားတဲ့
ဒီမြို့ပြ...

အသက်မပါတဲ့
အပြုံးတွေဝေဆာနေတဲ့
ဒီမြို့ပြ...

သူစိမ်းဆန်တဲ့
မိသားစုတွေနဲ့
ဒီမြို့ပြ...

တိုင်းတစ်ပါးယဉ်ကျေးမှုတွေနဲ့
ရှက်ကြိုးပြတ်နေတဲ့
ဒီမြို့ပြ...

တချုံးချုံးကျနေတဲ့
စိတ်ဓာတ်တွေနဲ့
ဒီမြို့ပြ...

နီယွန်မီးရောင်အောက်မှာ
မှောင်နေတဲ့ဘ၀တွေများစွာနဲ့
ဒီမြို့ပြ...

မိုးထိမြင့်အထပ်များစွာကြား
ကျူးကျော်တဲများစွာနဲ့
ဒီမြို့ပြ...

အကာလှလှနဲ့ကွပ်ထားတဲ့
အနှစ်ဗလာ
ဒီမြို့ပြ...

ဟန်ဆောင်ကောင်းလွန်းတဲ့
မေတ္တာတုတွေထုံမွှမ်းထားတဲ့
ဒီမြို့ပြ...

ဒီ...မြို့...ပြ... တဲ့
မန်းမှုတ်စရာမလိုဘူး
မီးခွက်ပွတ်စရာမလိုဘူး
နတ်တင်စရာမလိုဘူး
ဂါထာရွတ်စရာမလိုဘူး

ဒီမြို့ပြကြီး
တရိပ်ရိပ်နဲ့
အသွင်ပြောင်းနေလိုက်တာများ.....

Snow Hninn
30 March 2016
5:23PM

Continue Reading

You'll Also Like

3.1K 124 3
Credit to all Author and Translator sweswexlaingဆိုတဲ့accမှာ ဒါလေးကို 50ထိပြန်ထားပြီးသားပါ Accပျက်သွားလို့ ကိုယ်ဒီကနေပဲ ဆက်ပြန်ပေးမယ်နော်
282K 47.9K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီ...
481K 166 1
幻想农场| Fantasy Farm Author: Xī Zǐxù ||西子绪 Genre :Comedy Horror Mystery Slice of Life Supernatural Yaoi Year :2018 Total chapters :117 Chapters + 3 Ext...
48.3K 7.7K 5
Original Author - Lu Tianyi Total -4 chapters (Completed) #I don't own the story. Just fun translation from english to myanmar.Credit to original ar...