သို့.....ချစ်​​သောဗီလိန်​...[...

By td_rosy

264K 23.2K 3K

မာနတရားနှင့်​ စတင်​ကာ ကြမ်းတမ်းခက်​ထန်​မှုအတိနှင့်​ပြီး​သော ဗီလိန်​တစ်​​ယောက်​ရဲ့ အချစ်​.... More

ဗီလိန်​အဖြစ်​ခံယူခြင်း
ဗီလိန်​၏ ပထမ​ခြေလှမ်း
ဗီလိန်​၏ ဒုတိယ​ခြေလှမ်း
ဗီလိန်​၏ တတိယ​ခြေလှမ်း
ဗီလိန်​၏စတုတ္ထ​ခြေလှမ်း
ဗီလိန်ကို တွန်းလှန်​ရန်​.......
ဗီလိန်​၏ ပဉ္စမ ​ခြေလှမ်း...
ဗီလိန်​၏ ဆဌမ​ခြေလှမ်း
ဗီလိန်ကို....​မေ့ပစ်​​ရန်​...
ဗီလိန်​၏ သတ္တမ​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်
ဗီလိန်​၏ အဌမ​ခြေလှမ်း
ဗီလိန်​၏ န၀မ​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များပျက်​စီးခြင်း..
ဗီလိန်​ကို ရင်​ဆိုင်​ရန်​...သို့​သော်​...
ဗီလိန်​၏ သက်​​သေပြချက်
ဗီလိန်​၏ ဒသမ​ခြေလှမ်း နှင့်​......
ဗီလိန်​၏ပြိုင်​ဘက်​....
ဗီလိန်​၏ ဒဿမ​ခြေလှမ်း​နောက်​ကွယ်​နှင့်​..
ဗီလိန်​၏ လျို့ ဝှက်​ချက်​နှင့်​...
ဗီလိန်​(သို့)Hun အ​ခေါ် Xiao Lu..
ဗီလိန်​မဟုတ်​​​လောက်​သော Xiao Lu
ဗီလိန်​၏လျို့ ဝှက်​ချက်​​နောက်​ကွယ်
ဗီလိန်​မျက်​နှာဖုံး၏...​နောက်​ကွယ်
ဗီလိန်ရဲ့.....အတိတ်
ဗီလိန်​၏ ​နောက်​ဆုံး​ခြေလှမ်း
ဗီလိန်​၏ ယုံကြည်​ချက်​များ​ ထာဝရတည်​မြဲခြင်း
ချစ်​​သော ဗီလိန်​.....
ကျေးဇူးတင်​ခြင်း..
တမ်းတခြင်း

ဗီလိန်​၏၀ဋ်​လည်​ခြင်း

6.8K 687 114
By td_rosy

Party ပွဲ တစ်​ခုတွင်​ဖြစ်​သည်​.....
ကျ​နော့်​ရဲ့မိတ်​ဆွေ ​လည်းဖြစ်​ပြီး....
လုပ်​ငန်းရှင်​တစ်​ဦးလည်းဖြစ်​သည့်
ဥက္ကဌ Lee ၏ ​မွေး​နေ့ပွဲမို့...
ကျ​နော်​တို့ ဇနီး​မောင်​နှံနှစ်​​ယောက်​လုံး
တက်ေ​​ရာက်လာ​ခြင်းပင်​.....

"လာ​ပေးတာ ​ကျေးဇူးတင်​ပါတယ်
Shinmi ​ရောပဲ......"

"ရပါတယ်​ ဥက္ကဌ နဲ့ ကျ​နော်​က...
ပြောရမယ့်​လူ​တွေလား...."

"ဟုတ်​ပါပြီ.....
ဒါနဲ့.....ဘယ်​​တော့....
သတင်း​ကောင်းကြားရမှာလဲ....."

ရုတ်​တရက်​​ကြောင်​သွား​သော...ကျ​နော်​....
Shin ကိုကြည့်​လိုက်​​တော့လည်း...
အိုးတိုးအမ်းတမ်း....

ကိုယ့်​အ​ကြောင်းနဲ့....ကိုယ်​မို့....
ကျ​နော်​ကပဲ....
စကားလမ်း​ကြောင်း လွှဲမိသည်​.....

"အင်း......
ဒါနဲ့.....လူ​တွေလာတာများသားပဲ......
ဘာလို့ အိမ်​မှာ မလုပ်​ဘဲ
ဟိုတယ်​မှာ လုပ်​တာလဲ....."

ဥက္ကဌ က ပြုံးသည်​.....

"အိမ်​မှာက....အဘွားကြီးရှိတယ်​​လေ....
ဒီမှာက စကီ​လေး​တွေနဲ့....."

ကျ​နော်​က​တော့...
သူ့အ​ကြောင်းသိပြီးသားမို့
မထူးဆန်း​နေ​တော့ပါ.....

Shinက​တော့....ခုမှသိသူမို့....
မျက်​နှာပျက်​​နေသည်​.....

"ဒါနဲ့ ဥက္ကဌ ဒီပွဲကျင်းပတာ
သူ​ဌေးက​တော်​သိသွားရင်​​ရော...."

ရုတ်​တရက်​ထ​မေးလာ​သော Shin.....

"​သြော်​....ဒါများကွာ...
မိန်းမ​တွေက ​ယောက်ျား​တွေလှိမ့်​သမျှ
ခံရရှာတာပါ....
ယုံ​အောင်​​ပြောလိုက်ရင်​​​...ပြီးတာပဲ....."

ကျ​နော့်​မှာ​...ကြားထဲက
အားနာလာသည်​.....

Shin က​တော့ မျက်​နှာပျက်​၍...
အံသြ​နေသလို.....

"ဒါနဲ့....မင်းခင်​ပွန်းကိုလည်း...မယုံ​နေနဲ့ဦး
သေချာ​စောင့်​ကြည့်​ထား....
ယောက်ျားဆိုတာယုံရတာမဟုတ်​ဘူး..."

Lee ​ပြောတဲ့စကားက...
အရှိုက်​ထိထိမှန်​သည်​.....
ကျ​နော်​ ဘယ်​လို​နေရမယ်​မသိ​ပေ....
ပြသနာ​တွေ ဖြစ်​​နေပါတယ်​ဆိုမှ.....

သူမက​တော့....ချက်ချင်း​​​ပြန်​ပြုံးပါသည်​....

"ကျွန်​မက ကျွန်​မခင်​ပွန်းကို
အပြည့်​အ၀ယုံပါတယ်​...."

"Haaaaaaa
ဟုတ်​ပါပြီဗျာ....
ကျ​နော်​တို့က​တော့....အပြင်​မှာ
ကျင်​လည်​ပါများ​တော့....
အိမ်​က အဘွားကြီးကို
ထိ​တောင်​မထိချင်​​တော့ဘူး....."

Shin က အားတုံ့အားနာပြန်​ပြုံး​ပြပြီး....
ဘာမှဆက်​မ​ပြော​တော့သည်​မို့.....
စကားဝိုင်းကတိတ်​သွားသည်​.....

Birthday party က မစ​သေးတာမို့....
အားလုံး စား​သောက်​တုန်းရှိ​သေးသည်​....

ထိုစဉ်​.....

"ဟာ....အစ်​မ ​တောင်းပန်​ပါတယ်​ဗျာ..
မမြင်​လို့ပါ....."

ကျ​နော်​တို့​ဘေးမှ.... ဖြတ်​သွား​သော
ဧည့်​သည်​​ကောင်​​လေးတစ်​​ယောက်​က
Shin ကိုတိုက်​မိသွားသဖြင့်​....
တောင်းပန်​​နေခြင်း...ဖြစ်​သည်​....

ထို​ကောင်​​လေး လက်​ထဲမှ.၀ိုင်​ခွက်​​ကြောင့်​..
Shin ရဲ့ ဂါဝန်​အဖြူ လည်း...
ပေသွားသည်​.....

"ရတယ်​...​မောင်​​လေး...ရတယ်
မ​တော်​တဆပဲဟာ..."

ချက်​ချင်း....မဆိုင်းမတွ......
.ပြန်​​ပြောသူShin.....

ကျ​နော်​ Shin ကို
သ​ဘောကျတဲ့ အချက်​ထဲတွင်​...
သူမရဲ့ စိတ်​ဓာတ်​လည်းပါသည်​.....

သူမ၀တ်​ထား​သော ဂါဝန်​သည်​....
တန်​ဖိုးကြီးလွန်းလှသည်​.....

ဂါဝန်​မှာ အဖြူ စွတ်​စွတ်​မို့...
လျှော်​ရင်
ပြောင်​မှာ​မ​သေချာ​သော်​လည်း....
ထို​ကောင်​​လေးကို 
ဒေါသမထွက်​​သောသူမသည်​ 
လေးစားဖွယ်​ပင်​.....

ထိုစိတ်​ဓာတ်​မျိုးသည်​...​တော်​ရုံလူတွင်​မရှိ...
ယုတ်​ဆွအဆုံး...
ကျ​နော့်​ Ma တွင်​​တောင်​မရှိခဲ့​ပေ....

"Shin ဘယ်​လိုလုပ်​မလဲ.....
ကျ​နော်​ အသစ်​ယူလာခိုင်းလိုက်​ရမလား.."

ဝင်​​ရောက်​ကူညီလို့​ မေး​ပေးသူ ဥက္ကဌ Lee

"ရပါတယ်​...မလဲ​တော့ဘူး....
ဒါနဲ့ .....ဥက္ကဌ.. ...
ကျွန်​မ​တို့​စော​စောပြန်​လို့ရမလား...
ကျွန်​မ ၀ိုင်​နည်းနည်း​သောက်​ပြီး....
မူးသလိုဖြစ်​လာလို့...."

အားနာ​ဟန်​ဖြင့်​...နှုတ်​ဆက်​​သောသူမ...

"အာ....Shin သက်​သာရဲ့လား....
အဲ့ဒါဆို...ပြန်​​လေ​နော်​...."

"ဟုတ်​ကဲ့....ဥက္ကဌ Lee
ကျ​နော်​တို့ပြန်​​တော့မယ်​...
အားလည်းနာပါတယ်
Happy Birthday ပါ...."

ကျ​နော်​ပါ ၀င်​​ရောက်​နှုတ်​ဆက်​လိုက်​သည်​..

တကယ်​ဆို Shin က ၀ိုင်​ခွက်​ကို
ထိ​တောင်​ ထိ​သေးတာမဟုတ်​.....

သူမ ဒီမှာ မ​နေချင်​​တော့တာ
ကျ​နော်​သိသည်​.....

ဥက္ကဌ Lee ကို သူမ မနှစ်​သက်​တာဖြစ်​မည်

ကျ​နော်​​တောင်​ အလုပ်​ကိစ္စနဲ့မို့...
မဖြစ်​မ​နေပက်​သက်​​နေရခြင်း​.....

"No problem
ပြန်​လို့ရပါတယ်​....Shin
ဒါ​ပေမယ့်​....ကိုယ်​ မင်းခင်​ပွန်းကို
လူတစ်​​ယောက်​နဲ့....
မိတ်​ဆက်​​ပေးချင်​​သေးတယ်​....
China က Deer Company ရဲ့...
တစ်​ဦးတည်း​သော....​မွေးစားသားနဲ့​လေ....
သူ့ကို ဘယ်​သူမှ ​မသိဘူး...မမြင်​ဖူးဘူး...
သူကလူလုံးမပြဖူးဘူ.....
ခုပွဲ​တောင်​...
ကိုယ်​မနည်းဖိတ်​လို့လာ​ပေးတာ...
သူဒီ​ရောက်​​နေတာ​ကြောင့်​လည်းပါတယ်​...
သူနဲ့ရင်းနှီးသွားလို့ရှိရင်​....
မင်းတို့လုပ်​ငန်းအတွက်​....
အလားအလာ​ကောင်း​တွေအများကြီးပဲ...."

ဒီအ​ကြောင်းအရာ​တွေအားလုံးကို
ကျ​နော်​ သိပြီးသား.ပါ......

ဒါ​ပေမယ့်​...သူကျ​နော့်​ကို...
နေခဲ့​စေချင်​လို့....
Shin ကို ပြန်​​ပြောပြ​နေခြင်းဖြစ်​မည်​....

Shin ပုံစံမှာလည်း....
ကျ​နော့်​ကို မထားခဲ့ချင်​ပုံ​ပေါ်သည်​....
ဒါ​ပေမယ့်​....သ​ဘောထားကြီး​သူမို့....

"အဲ့ဒါဆို..Hun.....​နေခဲ့​လေ....
Shin ပြန်​နှင့်​မယ်​....."

"ဖြစ်​ရဲ့လား...."

"ဖြစ်​ပါတယ်​....
စော​စောပြန်​လာခဲ့​နော်​....
သိပ်​မ​သောက်​နဲ့ဦး...."

"အင်းပါ....."
.
.
.
.
.
.
.ကျ​နော်​ သူမ ကို Taxi ​ပေါ်တင်​​ပေးလို့
Party ဆီ ပြန်​လာခဲ့ပါသည်​​.....

ညဘက်​မို့....သူမကို...စိတ်​မချ​သော်​လည်း
ကျ​နော်​ပြန်​လိုက်​လို့မဖြစ်​​သေးပါ....

ဥက္ကဌ Lee မျက်​နှာလည်းရှိ​သေးတာမို့....
.
.
.
.
Party ​ရောက်​​တော့.....
ဥက္ကဌ Lee က
အခြားဧည့်​သည်​​တွေနဲ့.....
စကား​ပြော​နေတာမို့....
ကျ​နော်​....ခုံတစ်​ခုံမှာထိုင်​​နေလိုက်​ပါသည်​...

"ဥက္ကဌ Oh ....
ဒီမှာ....မိတ်​ဆက်​​ပေးမယ်​..."

ဥက္ကဌ Lee အသံကြားတာမို့....
လှည့်​ကြည့်​ကာ...မတ်​တပ်​ရပ်​လိုက်​​တော့...
သူ့​ဘေးကပါလာတာ.....သူ.....သူ....သူ....

ဟုတ်​တယ်​.....Xiao Luhan.....

အဖြူ ​ရောင်​ရှပ်​ကို ၀တ်​ထား​ပြီး.....
လက်​​တွေက ကြယ်​သီး​တွေကို
ဖြုတ်​ထားသည်​.....
ကြယ်​သီးကိုလည်း အပြည့်​မတပ်​ထားတာမို့
ရင်​ဘတ်​သား​ဖွေး​ဖွေးတို့က....အထင်းသား
ခါး နားက ကြယ်​သီးကိုပါ
မတပ်ထား​တာ​ကြောင့်​....
ကိုယ်​​နေထား နည်းနည်း​ပြောင်းလိုက်​တာနဲ့
အတွင်းခံ​ဘောင်းဘီရဲ့ ခါးစည်းက...
နည်းနည်း​ပေါ်လာသည်​......

အင်္ကျီ ကကျယ်​လွန်းပြီးပါးတာ​ကြောင့်
မီး​ရောင်​ဟပ်​လိုက်​တာနဲ့....
အတွင်းသားတို့က ထင်းကနဲမြင်​သာစွာ...

ကျွတ်​.......ဒီလိုပွဲကို....ဘာလို့..ဒီ​လောက်
မျက်​စိ​နောက်​စရာ​တွေ ၀တ်​လာတာလဲ....
သူက Lee နဲ့ ဘယ်​လိုသိတာလဲ....
မဟုတ်​မှလွဲ​ရော......

"ဒါ Xiao Luhan တဲ့....
ကိုယ်​​ပြောတဲ့တစ်​​ယောက်​​လေ...."

ကျ​နော့်​အာရုံ​တွေ ခုမှ စကားဝိုင်းဆီ
ပြန်​လာသည်​...

သြော်​...ဒါဆို.....သူ ဒီကထွက်​သွားပြီး...
မွေးစားခံလိုက်​ရတာ​ပေါ့....

ချမ်းသာတဲ့ဘ၀မှာ....​အေး​ဆေးမ​နေဘဲ...
ကျ​နော့်​ဆီ...ပြန်​လာပြီး....
ဗီလိန်​ဆန်​​နေတာ​ပေါ့သူက.....

ကျ​နော်​...အံ့သြသွား​ပေမယ့်​...
သူ့ပုံစံကို စိတ်​ပျက်​မိလို့....
ရှုံ့မဲ့မဲ့ဖြစ်​​နေလို့ထင့်​....

"ဟာ....ဥက္ကဌ Oh
Mr.Xiao ကို သိ​နေတာလား....
အံ့သြပုံလည်းမရှိဘူး...."

ဝင်​​ရောက်​ ​ပြောလာသူက ဥက္ကဌ Lee...

ကျ​နော်​ဘာမှမ​ပြောနိုင်​ခင်​မှာ...
Luhan က ကျ​နော့်​အား...
တစ်​ချက်​စိုက်​ကြည့်​လို့ မျက်​နှာလွှဲသည်​...ပြီးမှ....

"Mr.Lee....
ကျ​နော်​သူ့ကို ရင်းရင်းနှီးနှီးသိသလိုပဲ....
ဘယ်​​မှာ..မြင်​ဖူးပါလိမ့်​...
လည်​ပင်းကမှဲ့ပါတာ​ရော....
ကျ​နော်​သိသလိုပဲ......"

အ​နှောင့်​အသွားမလွတ်​စွာ....​ပြောလာသူ...
ခင်​ဗျား......ဘာ​တွေကို......
ဖောင်​​ကောင်​လုပ်​ချင်​​နေတာလဲ....
ဒီ​နေရာမှာ​တော့....
ကျ​နော့်​သိက္ခာမချပါနဲ့ ခင်​ဗျားရာ...
ကျ​နော်​သတ်​မိလိမ့်​မယ်​...ခင်​ဗျားကို...

"လူမှားတာ​နေမှာပါ..
ကျ​နော်​ကတော့..မသိပါဘူး.
.Mr.Xiao..."

ကျ​နော်​ ဇွတ်​ကန်​ငြင်းလိုက်​​တော့...
သူ့မျက်​နှာ​ပေးက....ပြုံးစိစိ....

"ဟုတ်​လား....အမည်​တူ လူတူ မရှားဘူးပ"

ရွဲ့​ပြော​​နေတာသူ.....

"ဥက္ကဌ Oh ​တော့ မသိဘူး....
ကျ​နော်​​တော့ Mr.Xiao ကိုမြင်​ပြီး....
အံ့သြ သွားတာ​လေ....
Deer ရဲ့ ဆက်​ခံသူက...
ဒီ​လောက်​​ချော​နေမယ်​မထင်​လို့....
ဟားဟားဟား.. ..."

ပြောရင်းဆိုရင်း.....
သူ့​ကျောကို လက်​ဖြင့်​...ပွတ်​ဆွဲ​နေ​သော
Lee ကို မြင်​ရတာ....
ကျ​နော်​ သ​ဘောမကျလှ....

သူကလည်း....
Lee ကို ကြည့်​လို့ ပြုံး​နေသည်​......

ခင်​ဗျား​တော်​​တော်​သာယာ​နေလား..ဟမ်​....
အဲ့လူက ဘယ်​လိုလူစားလဲသိလို့လား....
ယောက်ျားမ​ရွေး....မိန်းမမ​ရှောင်​.....
ဘူးထ​နေတဲ့.....တဏှာရူးကြီး​လေ...

အဲ့လိုလူကို .....ခင်​ဗျားမို့.....မ​ရှောင်​တယ်​....
ကျ​နော်​စိတ်​ထဲမှာ...​ပြောရင်း....
ဒေါသကိုမြို ချရသည်​....

တကယ်ဆို....​Xiao Luhan ကို...
ကျ​နော်​ပူပန်​စရာမှမလိုဘဲ.....​နော်
.
.
.
.
.
.
.
သုံး​ယောက်​ထိုင်​​နေကာ......
လုပ်​ငန်းအ​ကြောင်း....​ရောက်​တတ်​ရာရာ
ပြော​နေရင်း....သူမြန်​မြန်​ထွက်​သွားဖို့...
ကျ​နော်​ဆု​တောင်း​နေရသည်​....

တကယ်​​ပြော​နေတာက သူတို့နှစ်​​ယောက်​...
ကျ​နော်​က​တော့....ကိုယ့်​အပူနဲ့ကိုယ်​မို့....
တိတ်​တိတ်​သာ​နေမိသည်​.....

ရိုက်​လားပုတ်​လား
စကား​ပြော​နေတဲ့Leeနဲ့....
အဲ့လူ ပြုသမျှငြိမ်​​နေ​​သောသူ့ကိုမြင်​ရတာ..
စိတ်​မချမ်းသာသလိုဖြစ်​​နေတဲ့ကြားကပင်​....

ကျ​နော့်​မျက်​နှာချင်းဆိုင်​မှာ...ထိုင်​​နေတဲ့....
သူ့​ခြေ​ထောက်​က
ကျ​နော့်​ ​ပေါင်​ကြားသို့ရောက်​လာတာမို့...
ကျ​နော်​ အသက်​ပင်​၀၀မရှူ နိုင်​....

သူများ​တွေ​တွေ့သွားရင်​....
ခင်​ဗျား....ဗျာ....ဒီ​လောက်​ထိ....

ကျ​နော်​ လက်​သီးသာ
တင်းတင်းဆုပ်​ထားမိသည်​....

ကျ​နော်​.....​ပြေးထွက်​ချင်​လာ​သော်​လည်း..
.အ​ကြောင်း​ပေါင်းများစွာကို
ထောက်​ရှုလို့....ငြိမ်​​နေရသည်​.....

ဒီချိန်​မှာ....ကျ​နော်​ အ​ငွေ့​တွေလို ပျံပြီး
ပျောက်​သွားချင်​လိုက်​တာ....

လူ​တွေကိုလည်း...လိုက်​ကြည့်​ရ​င်း
မသိမသာ​ရှောင်​ထွက်​​သော်​လည်းမရ....
သူ့ဖိနပ်​ဦးက....​နေရာမ​ရွေ့ပါ....

ကျ​နော်​ကသာ ပြာယာ​နေတာ...
သူက​တော့...သူမဟုတ်​သလို..
ခပ်​တည်​တည်​.....ပြုံးရွှင်​လို့.....

ခင်ဗျားကမျက်​နှာ​ပြောင်​တိုက်​လွန်းတဲ့
...ဗီလိန်​.....

ထိုစဉ်​......

"ဦး......Happy Birthday ​နော်​...."

ရုတ်​တရက်​​ရောက်​လာ​သော....
ဥက္ကဌ Lee ရဲ့ အသိ
မိန်းမ​တွေထဲက တစ်​​ယောက်​​ကြောင့်​....

သူ​သတိလွတ်​လို့....​မော့ကြည့်​​လိုက်​စဉ်​...
ကျ​နော်​ မတ်​တပ်ထ​​ရပ်​လိုက်​သည်​....

"အိုး.....Rosy....​Thks ကွာ....."

"yep...."

ခပ်​ချွဲချွဲနဲ့ ပလီပလာ လုပ်​​နေ​သောသူမက
Luhan ကို တစ်​ချက်​ကြည့်​ကာ....

"၀ိုး...ဦး....
ဒါ ဘယ်​သူ​လေးလဲ.....
ဦး လိုင်း​ပြောင်းသွားတာလား....ခိခိ.."

ဘာ​ပြောလိုက်​တာ...ဒီမိန်းမ...
ကျ​နော်​ကသာ...စိတ်​တိုလို့..
ပြေးကန်​ချင်​​နေတာ....
သူက​တော့ဖြီး​နေသလိုပင်​.....

"ဒီမှာ........Lady....
မင်းကိုယ့်​ကိုဘယ်​လိုထင်​​နေတာလဲ..."

ရုတ်​တရက်​ မတ်တပ်ရပ်​​​ထကာ....
ထိုမိန်းမရဲ့လက်​ထဲ က ၀ိုင်​ခွက်​ကို
ဆွဲယူလို့....​ပစ်​ချခွဲလိုက်​​သောသူ......

"အိုး.....ယူက အလာကြီးပဲ....."

"ဟားဟားဟား Rosy
မင်းမြင်​ပြီလား.....
ကိုယ့်​မိတ်​​ဆွေက ကျား​နော်​..."

"ကျားလား​ကြောင်​လားဆိုတာ...
တို့ကိုပြနိုင်​လား....."

သူမက Luhan ရဲ့ ရင်​ဘတ်​ကို
လက်​ညှိုးနဲ့ထိုးလို့ ကညုတုတု​ပြော​နေသည်

ဘယ်​လိုမိန်းမလဲကွာ....
ဟိုတစ်​​ယောက်​ကလည်း......ငြိမ်​ခံ​နေတာ
သူလည်း....အလိုတူ အလိုပါကိုး.....

တကယ်​​တော့သူဘာဖြစ်​ဖြစ်​....
ကျ​နော်​နဲ့မဆိုင်​ပါ....

သို့​ပေမယ့်​.....
ပတ်​၀န်းကျင်​က
.အော်​ဂလီဆန်​စရာဖြစ်​လာတာမို့....
ကျ​နော်​ ဆက်​မ​နေချင်​​တော့ပါ....
ကျွတ်​.....မုန်းစရာ.....

"ဥက္ကဌ Lee
ကျ​နော်​ ပြန်​​တော့မယ်​.....
အိမ်​မှာ....Shin ​စောင့်​​နေ​တော့မယ်​...."

Shin..အမည်​ကို
တမင်​ထည့်​​ပြောလိုက်​ခြင်းဟာ...
ကျ​နော့်​ကိုယ်​ ကျ​နော်​သတိ​ပေးခဲ့ခြင်းလား
သူ့ကိုပဲ သတိ​ပေးခဲ့ခြင်းလားမ​သေချာပါ...

"​အော်​...အင်း...အင်း...ပြန်​​လေ...."

ဥက္ကဌ Lee က ​ခေါင်းညိတ်​ရင်း ခွင့်​ပြုသည်

"​ကောင်း​ကောင်းသွားပါ....Sehun..."

ကျ​နော့်​အား....
ရုတ်​တရက် ​နှုတ်​ဆက်​လို့...ပြုံးပြ​နေသူက
ဟိုမိန်းမရဲ့....
လက်​ချိတ်​ထားခြင်းကိုခံ​နေရပြီးပြီ...

မြင်​ရတာ.....ရွံတယ်​....ခင်​ဗျားလိုလူကို....

ကျ​နော်​ ဘာမှမ​ပြောဘဲ.....
လှည့်ထွက်​လာခဲ့ပါသည်​.....

ဒီရွံစရာ​ကောင်းတဲ့မြင်​ကွင်းမှ...​ဝေးရာဆီ....
.
.
.
.
.
."ဟဲ့....မိန်မ​တွေ....
Rosy ​ဘေးက ဘဲကိုကြည့်​စမ်း....
လုံးဝအမိုက်​စား...."

"ဖြူ နု​နေတာပဲ....​ဘောစိဖြစ်​မယ်​....
Rosy ကံ​ကောင်း​နေချက်​....ဟယ်​....."

"သူ အဲ့ဘဲကို ဒီည အပိုင်​ဖမ်းမယ်​တဲ့...."

"တို့ Rosy ​တော့
ဒီတစ်​ခါ
တရားဝင်​လင်​ရ​တော့မယ်​ထင်​တယ်​..
....ခ်​ခ်​ခ်​ခ်​..."

"ဟဲ့....​သေချာကြည့်​....
ဟိုက...မူးသွားရင်ပွဲ​​ပြီးပြီပဲ....."

"ဟုတ်​ပဟုတ်​ပ....
ဟို Lee အဘိုးကြီးကလည်း....
ဒီဟိုတယ်ရဲ့....
ဒုတိယအထပ်​ တစ်​ထပ်​လုံးက
ဘယ်​အခန်းကိုမဆို
.ဒီည ကြိုက်​တာသုံးတဲ့....."

"​အေး​ဆေးပဲ​လေ​နော....."

"ဟားဟား ဟားဟား ဟားဟား "

ကျ​နော်​ပြန်​ထွက်​လာ​သောအခါ.......
ပွဲနဲ့ ခပ်​လှမ်းလှမ်း သီးသန့်​တစ်​၀ိုင်းမှ....
Rosy ဆိုတဲ့မိန်းမရဲ့ အ​ပေါင်းအပါများ
ပြော​နေ​သောစကားများက....
ကျ​နော့်​နားထဲ ရှင်းလင်းစွာ ၀င်​လာသည်​.....

မသိမသာ ရပ်​၍ နား​ထောင်​​နေခဲ့မိခြင်းဟာ
အ​ကြောင်းပြချက်​မရှိပါ....

သူ့ကိုလှည့်​ကြည့်​မိ​တော့.....
ဟိုမိန်းမ....အတင်းတိုက်​​နေသမျှဝိုင်​​တွေကို
တစ်​ခွက်​ပြီးတစ်​ခွက်​​သောက်​​နေသည်​....
ဥက္ကဌ Lee က​တော့ မရှိ​တော့ပါ....

သူ​သောက်​နိုင်​တာသိ​ပေမယ့်​....
ဆေး​တွေဘာ​တွေ ခပ်​ထားရင်​...
သူလွယ်​မှာမဟုတ်​​ပေ.....

ကျ​နော်​....ဘာလုပ်​သင့်​သည်​လဲ.....

တကယ်​ဆို
သူ့ကို ကျ​နော်​နဲ့ မပက်​သက်​ဖို့​ပြောတာ...
ကျ​နော်​ ကိုယ်​တိုင်​ပင်​.....

သူက ဗီလိန်​သက်​သက်​ပဲ....
ကျ​နော့်​ကို အမျိုးမျိုးလှည့်​စားပြီး...
ဒုက္ခ ​ပေးခဲ့ဖူးသူ...
ဒုက္ခ ​ပေး​နေဆဲသူ....

ဟုတ်​တယ်
သူဘာဖြစ်​ဖြစ်​...ကျ​နော်​နဲ့.မဆိုင်​ဘူး.......
ကျ​နော်​ဂရုမစိုက်​သင့်​ဘူး....

ကျ​နော်​ဂရုစိုက်​ရမှာက....
Shinဆိုတဲ့....ကျ​နော့်​ဇနီး.....

ကျ​နော့်​ကို ဖြူ စင်​စွာချစ်​မြတ်​နိုး​ပြီး
သူ့လိုမ​ကောက်​ကျစ်​တတ်​​သော ဇနီး....

ဟုတ်​တယ်​....ကျ​နော်​နဲ့မဆိုင်​ဘူး....

ခံစားကြည့်​လိုက်​ Xiao Luhan....

ကျ​နော့်​ကို....
အမြဲ ​ကောက်​ကျစ်​ ယုတ်​မာတတ်​တဲ့ခင်​ဗျား
ဒီတစ်​ခါ​တော့....
အခြားတစ်​​ယောက်​ ယုတ်​မာတာ
ပြန်​ခံစားကြည့်​စမ်း.....
ကိုယ်​ချင်းစာကြည့်​စမ်း....
ဝဋ်​ လည်​ဖူးကြည့်​စမ်း.....

ကျ​နော်​ဆုံးဖြတ်​ချက်​ချလို့....
ကားဆီသာ....
ဆက်​​လျှောက်​သွားလိုက်​ပါ​တော့သည်​.....

"ခင်​ဗျားထိုက်​နဲ့ ခင်​ဗျားကံမို့
ခံလိုက်​ပါ...ဗီလိန်​....."

...........................TBC.........................

ဟုတ်​ကဲ့
ဖတ်​​ပေးလို့...​ကျေးဇူးပါ....

နှလုံးသားဖြင့်​...စာ​ရေးချင်​သူ...

#TD
#Hunhan-is-my-heart.

Continue Reading

You'll Also Like

11.6K 640 50
#ကြိုပြောချင်တာက..ဒီဇာတ်အိမ်ဟာ..အချိုးအကွေ့နည်းနည်းများပါမယ်နော် ဒီမှာ..ဦးခေတ်သိဖို့က ကျွန်တော်က ဂေးမဟုတ်ဖူး...ခင်များနဲ့ကြမှ ထိန်းမနိုင်သိမ်းမရ ကွေ...
320K 32K 27
♣အနာဂတ်​ကို ဖန်​တီးယူခဲ့တာမဟု​တ်​ပါဘူး....ကြိုတွက်​ချက်​ကြည့်​မိရုံပါ♣ ♠မ​သေချာတဲ့ အရာ​တွေ အ​ကောင်​အထည်​​ဖော်​လို့မရတဲ့ အရာ​တွေ လက်​​တွေ့မဆန်​တာ​တွေက...
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
4.8K 563 7
Unicode ရှင်းသန့်၏ ဘဝတွင် ဘာဘီအရုပ်တစ်ရုပ်ကို ဆရာတင်ရမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပါ။ ပိုဆိုးသည်က အနှီဘာဘီရုပ်ထဲရှိလူမှာ ယောကျ်ားတစ်ယောက်ဖြစ်နေလိမ်...